ပြင်ဆင်ချက် စာချုပ်အရ ရရှိလာမည့် အကျိုးအမြတ်များသည် နိုင်ငံတော်မှ ဓာတ်သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်နှင့် ခွဲဝေမှု အချိုးအပါအ၀င် ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wabbao Mining Ltd တို့မှ ၄၉ ရာခိုင်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိမှာဖြစ်ပြီး ၎င်းအပြင် လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး အဖွဲ့အစည်း၏ လူမှုရေး တာဝန်ယူမှု Corporate Social Responsibility- CSR လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြေးနီထုတ်လုပ်မှု လုပ်ငန်းများ အပြည့်အ၀ မဆောင်ရွက်မီ ကာလများအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းခန့်အား လည်းကောင်း၊ လုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်သည့် ကာလအတွင်း စာချုပ်ဝင်များ၏ အသားတင် အမြတ်၏ နှစ်ရာခိုင်နှုန်းအား လည်းကောင်း ထည့်ဝင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။
Credit to Eleven Media