+ pmjyefNyD; qufa&;zdkU
Page 3 of 3
FirstFirst 1 2 3
Results 21 to 23 of 23

Thread: [mm]w&kwfjynfolY vGwfajrmufa&; wyfrawmf taMumif; odaumif;p&m[/mm]

  1. #21
    Wannabe Cupid ASEAN Biggest Army   MMDW is on a distinguished road MMDW's Avatar
    Join Date
    Nov 2010
    Posts
    73
    Thanks
    17
    Thanked 974 Times in 73 Posts

    Default

    တရုပ်ရေတပ်၏ ငါးမန်းပျံ တိုက်ခိုက်ရေးလေယာဉ်

    တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြုတိုက်လေယာဉ် J-15 ဂျက်တိုက်လေယာဉ်အား ရေတပ်အလံပုံဖြင့် မကြာသေးသောကာလက တွေ့ကြရမည်ဖြစ်သည်။၎င်းမှာ ရုရှားနိုင်ငံ၏ အက်စ်ယူ-၃၃အား တရုပ်ပုံစံထုတ်လုပ်ထားခြင်း ပင်ဖြစ်သည်။အက်စ်ယူ-၃၃မှာ ရေတပ်တိုက်လေယာဉ်ဖြစ်၍ တရုပ်တိုက်လေယာဉ် ဂျေ-၁၅သည်လည်း မကြာမှီတရုပ်နိုင်ငံက အသုံးပြုတော့မည့်အလားတူ လေယာဉ်တင်သင်္ဘောပေါ်မှပင် ပျံတက်နိုင်ရန် ပုံစံထုတ်ထားသည်။

    တရုပ်ရေတပ် ဂျေ-၁၅ (ရုရှား၏ အက်စ်ယူ-၃၃ ကို ပုံစံယူထားသည်)

    တရုပ်နိုင်ငံက မိမိကိုယ်ပိုင် လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များကို ထုတ်လုပ်လျက်ရှိရာ ထိုလေယာဉ်များ အနေဖြင့် မကြာမီ ပင်လယ်ပြင်ထွက်၍ စမ်းသပ်မှုပြုလုပ်မည့် ဆိုဗီယက်လေယာဉ်တင်သင်္ဘော Varyag နှင့်အတူ ပူးပေါင်းပါဝင်မည်မဟုတ်ဟု ဆိုကြသည်။ထိုလေယာဉ်တင် သင်္ဘောကို ယခုအခါ Shi Lang ဟု အမည်ပေးထားသည်။
    တရုပ်ရေတပ် လေယာဉ်တင် သင်္ဘောကြီး

    ရုရှားရေတပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်

    ယင်းလေယာဉ်အစား ရုရှားနိုင်ငံလုပ် အက်စ်ယူ-၃၃ တိုက်လေယာဉ်သည် စမ်းသပ်မှုတွင် ပါဝင်မည်ဖြစ်သည်။အက်စ်ယူ-၃၃ မှာလည်း ဆူကိုင်း အက်စ်ယူ-၂၇မှ ထပ်ဆ့င်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဂျေ-၁၅တိုက်လေယာဉ်ကို ၂၀၀၉ ခုနှစ်ကပင် စမ်းသပ်ပျံသန်းခဲ့သည်ဖြစ်သော်လည်း လေယာဉ်တင်သင်္ဘောပေါ်မှ လုပ်ငန်းများဆောင်ရွက်ရေးမှာမှု အချိန်ယူ၍ လေ့ကျင့်ပြုပြင်မှု ပြုလုပ်ရဦးမည်ဖြစ်သည်။
    တရုပ်ရေတပ် ဂျေ-၁၅ ငါးမန်းပျံ တိုက်လေယာဉ်

    ဓါတ်ပုံပါ ဂျေ-၁၅၏ ခေါင်းပိုင်းတွင် နှစ်လုံးတွဲဘီးတပ်ဆင်ထားမှုက အဆင်းကိရီယာမှာ လေယာဉ်တင်သင်္ဘောအတွက် ရည်ရွယ်သည်ကို ပြလျက်ရှိသည်။လေယာဉ်တွင် အတောင်မှာ မြေပြင်အခြေဆိုက် အက်စ်ယူ-၂၇ ပုံစံလေယာဉ်ထက်ကြီး၍ တရုပ်နိုင်ငံ၏ ပျံသန်းရေး အီလက်ထရွန်နစ် နည်းပညာများ၊အာရုံခံကိရိယာများနှင့် လက်နက်များတပ်ဆင်ထားသည်။

    ရေတပ်နှင့်လေတပ်တို့မှ S/VTOL ပြေးလမ်းတိုနှင့်တည့်မတ်စွာပျံသန်းဆင်းသက်နိုင် သည့် လေယာဉ်များကို အတွင်းမွန်းဂိုးလီးယား၏ လူသူမနီးသော ဒေသများတွင် စမ်းသပ်ပျံသန်းလျက်ရှိသည် ဆိုသည့် အချက်ကိုမှု တရုပ်အရာရှိများက ငြင်းဆိုခဲ့ကြဆဲဖြစ်သည်။
    ရုရှား၏ အက်စ်ယူ-၃၃ တိုက်လေယာဉ်

    တရုပ်နိုင်ငံ ခုန်တက်ပျံသန်းရေးဂျက် S/VTOL လေယာဉ်မှာ အက်စ်ယူ-၃၃ လေယာဉ်တွင် အခြေခံထားကြောင်း ကောလဟလများ ဖြစ်လျက်ရှိသည်။အက်စ်ယူ-၃၃ သည် ကြီးမားသည့် လေယာဉ်ဖြစ်၍ ယုံကြည်ရန်ခက်ခဲသည်။သို့ရာတွင် ယင်းတိုက်လေယာဉ်သည် စတီးခုန်စင်တပ်ဆင်ထားသည့် လေယာဉ်တင် သင်္ဘောပေါ်မှ လောက်လွှဲတွန်းအားပေးစနစ်မပါဘဲ ပျံတက်နိုင်ပါသည်။VTOL စွမ်းရည် ရရှိရေးမှာမှု လုပ်ဆောင်ရန် လိုအပ်ဦးမည့် ပုံစံဖြစ်ပါသည် ခင်ဗျာ...။
    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


  3. #22
    Wannabe Cupid ASEAN Biggest Army   MMDW is on a distinguished road MMDW's Avatar
    Join Date
    Nov 2010
    Posts
    73
    Thanks
    17
    Thanked 974 Times in 73 Posts

    Default

    တရုပ်လေတပ်ထုတ် ဂျေ-၁၈ တိုက်လေယာဉ်ထုတ်လုပ်ရေး စီမံကိန်း
    F-35 တိုက်လေယာဉ်

    J-18 V/STOL တည့်မတ်စွာပျံသန်းခြင်း သို့မဟုတ် ပြေးလမ်းတိုဖြင့် ပျံသက်ဆင်းသက်နိုင်သည့် လေယာဉ်စမ်းသပ်ပျံသန်းလျက်ရှိသည့် ကောလဟလများထွက်ပေါ်လာခဲ့သည်။ပထမတွင် တရုပ်နိုင်ငံက f-35 B joint Strike Fighter ပုံစံ V/STOL ဂျက်လေယာဉ်တည်ဆောက်လျက်ရှိကြောင်း သတင်းများထွက်လာသည်။
    နောက်ပိုင်းတွင် တရုပ်နိုင်ငံနှင့် ဆက်စပ်သည့် သတင်းများက V/STOL လေယာဉ်စမ်းသပ်ပျံသန်းကြောင်း ဖော်ပြခဲ့သော်လည်း F-35 နှင့် ပတ်သက်သည့် ဖော်ပြမှုများမပါဝင်ပေ။ယင်းဂျက်လေယာဉ်မှာ ဝန်ပြည့်သယ်ဆောင်ချိန်တွင် ပေါင် ၆၀၀၀၀ အထက်တွင် ရှိသည့် ရုရှား၏ အက်စ်ယူ-၃၃ လေယာဉ်တင် သင်္ဘောအခြေပြုတိုက်လေယာဉ်နှင့် အလားတူဖြစ်သည်ဟုဆိုကြသည်။ ထိုကြီးမားသည့် ဂျက်လေယာဉ်ကြီးသည် စကီးနှင့် လျှောသီးခုံ ပုံစံဖြစ်သောပြေးလမ်းကို အသုံးပြု၍ သာမန်ပုံစံ အတိုင်းပျံတက်နိုင်သည်။ထို အက်စ်ယူ-၃၃ လေယာဉ်မှာ ကြီးမားသည့် တိုက်လေယာဉ်ဖြစ်၍ ၎င်းအား V/STOL ဂျက်လေယာဉ် အဖြစ် ပြောင်းလည်းရေးမှာ များစွားခက်ခဲပေမည်။

    မည်သို့ပင်ဖြစ်စေ သတင်းဖော်ပြမှုတွင် ဂျေ-၁၈ တွင် ဂျေ-၁၅ နှင့် အလားတူသော ခေါက်ထားနိုင်သည့် တောင်ပံများရှိကြောင်းသာ ဖော်ပြထားသည်။ဂျေ-၁၅သည် ရုရှား၏ အက်စ်ယူ-၃၃ ကို တရုပ်ပုံစံ တပ်ဆင်ထားခြင်းဖြစ်သည်။လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များသည် အမြဲတမ်းနီးပါး ခေါက်ထားနိုင်သော အတောင်ပံများ တပ်ဆင်လေ့ရှိသည်။တရုပ်လေကြောင်းပျံသန်းရေး အရာရှိတို့ကမှု V/STOL တိုက်လေယာဉ်စီမံကိန်း ရှိသည်ကို ငြင်းပယ်ခဲ့ကြသည်။
    ထိုသို့ဆိုလျှင် V/STOL တိုက်လေယာဉ်လုပ်ကိုင်ရာတွင် ပေးကျင်းက ထိုကိစ္စအပေါ်တိတ်ဆိတ်လျက်ရှိသည် ဟုဆိုနိုင်သည်။တရုပ်ရေတပ်မတော် သို့မဟုတ် လေတပ်တို့က ကိုယ်ပျောက်ပူးပေါင်းတိုက်ခိုက်ရေး တိုက်လေယာဉ် JSF ပုံစံရှိသော တိုက်လေယာဉ်ကို ဂျေ-၂၀ လေယာဉ်အား ဖြည့်စွက်ရန် လိုအပ်၍လည်းဖြစ်နိုင်သည်။ဂျေ-၂၀ တိုက်လေယာဉ်မှာ အမြန်နှုန်းမြင့်မားသည့် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်ဖြစ်ဖွယ်ရှိ၍ ထိုးစစ်ဆင်မှု စနစ်ထက်ပိုသော လေယာဉ်တင်သင်္ဘောဖျက် လေယာဉ်လည်းဖြစ်နိုင်သည်။သို့မဟုတ် သတင်းအစအနကလေးများကို ပေါင်းစပ်၍ F-35 ဂျက်တိုက်လေယာဉ်နှင့် တူ၍ တည့်မတ်စွာ ပျံတက်နိုင်စွမ်းရှိပြီး ဂျေ-၂၀ ဂျက်တိုက်လေယာဉ်ကဲ့သို့ ကိုယ်ပျောက်တိုက်လေယာဉ်လည်း ဖြစ်နိုင်သည်။
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 4 OD;rS aus;Zl;wif&SdMuygonf


  5. #23
    Wannabe Cupid ASEAN Biggest Army   MMDW is on a distinguished road MMDW's Avatar
    Join Date
    Nov 2010
    Posts
    73
    Thanks
    17
    Thanked 974 Times in 73 Posts

    Default

    တရုပ်တပ်မတော် သံချပ်ကာ တိုက်ခိုက်ရေးယာဉ် အသစ်များ
    ယခုအခါ ပီအယ်လ်အေသည် ပြောင်းအချင်း ၁၂၂မမရှိ အမြောက်ကြီးများကို ပုံစံအသစ်ဖြင့် ထုတ်လုပ်လျက်ရှိသည်။ပီအယ်လ်အေ၏ ၁၂၂မမပါ သံချပ်ကာယာဉ်ပုံစံကို ပီအယ်လ်ဇက်-၀၇ဟုခေါ်သည်။
    အဆိုပါသံချပ်ကာယာဉ်၏ တည်ဆောက်ထားပုံမှာ သံချပ်ကာယာဉ်၏ ၁၂၂မမ အမြောက်တပ်ဆင်ထားသော ဆုံလည်သည် ၂၆၀ဒီဂရီလှည့်နိုင်ပြီး အမြောက်ပစ်ခတ်စဉ် မီးခိုးထွက်မှုနည်းနိုင်သမျှ နည်းစေရန် မီးခိုးထိန်း စနစ်ပါရှိပြီး တစ်တောင့်ချင်းအမြန်ပစ်ခတ်နိုင်သည့်စနစ် (ဆီမီးအော်တိုစနစ်) ဖြစ်သည်။
    ဇက်ဘီဒီ-၀၇ စစ်ယာဉ်

    အဆင့်မြင့်တင်ထားသည် အမျိုးအစား

    ဆုံလည်ပေါ်တွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရန်သူ့ကြားဖြတ်မှုကို တန်ပြန်တိုက်စစ်ဆင်နိုင်ရန်အတွက် ၇ယ.၆၂မမ(၀.၅လက်မ) စက်အမြောက်တစ်လက်ကို တပ်ဆင်ထားပါသည်။ထို့အပြင် သံချပ်ကာယာဉ်၏ ဆုံလည်ဘေးတချက်စီတွင် မီးခိုးဗုံးများလည်း တပ်ဆင်ထားပါသည်။ အဆိုပါသံချပ်ကာယာဉ်သည် ကြည်း၊ရေ နှစ်သွယ် သွားလားတိုက်ပွဲဝင်နိုင်ရန်လည်း ဖွဲ့စည်းတည်ဆောက်ထားပြီး ပီအယ်လ်အေအတွက် အစီးရေအတော်များများကို ထုတ်လုပ်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။
    ဇက်ဘီဒီ-၀၅

    ယခုပီအယ်လ်ဇက်-၀၇ ပုံစံအမြောက်နှင့် သံချပ်ကာယာဉ်မတိုင်မီက ဇက်ဘီဒီ-၂၀၀၀ ရှေ့ ပြေး ကြည်း၊ရေနှစ်သွယ်သွား အမြောက်နှင့် သံချပ်ကာယာဉ် အမျိုးအစား အစီး၄၀၀ကို နောရင်ကို ကထုတ်လုပ်ခဲ့သည်။ZBD-05 စစ်သည်တင်သံချပ်ကာယာဉ်နှင့် ZTD-05ပစ်ကူပေး အမြောက်နှင့် သံချပ်ကာများတွင် ၃၀မမ စ်အမြောက်တစ်လက်၊၇.၆၂မမ စက်လတ်တစ်လက်တပ်ဆင်ထားပါသည်။နောက်ဆုံးထုတ်လုပ်သ ည့် သံချပ်ကာများတွင် အဆိုပါလက်နက်များ အပြင် ရက်ဒ်အဲရိုး-၇၃ လမ်းညွန်ပဲ့ထိန်းပါ တင့်ဖျက်လက်နက်ကိုလည်း တပ်ဆင်ထားပါသည်။

    ပစ်ကူပေးZBD-2000 သံချပ်ကာယာဉ်၏ ဆုံလည်တွင် စစ်သည်၃ဦးလိုက်ပါနိုင်ပြီး ပြောင်းအချင်း ၁၀၅၄၄ အမြောက်ကြီးတစ်လက်နှင့် ၇.၆၂မမ စက်လတ်တစ်လက် တပ်ဆင်ထားရှိသည်။
    ယခုထုတ်လုပ်ထားသည့် ၁၂၂မမ ယာဉ်တင် အမြောက် သံချပ်ကာယာသ်သည် ခြေလျင်တပ်တိုက်ခိုက်ရေး သံချပ်ကာယာဉ်ဖြစ်ပြီး သံချပ်ကာယာဉ်၏ အတွင်းဘက် ဘေးတစ်ဖက်စီတွင်လည်း အမြောက်ဆံများထည့်သွင်းထားသည့် ယမ်းတိုက်ပါရှိသည်။ယာဉ်တစ်စီးလုံး၏ အလေးချိန်မှာ ၂၁တန်ဖြစ်သည်။
    PLA၏ ၁၂၂မမ အမြာက်များသည် ရုရှား၏ ၁၂၂မမ ဒီ-၃၀ ဟောင်ဝစ်ဇာဆွဲ အမြောက်ကဲ့သို့ စွမ်းရည်ရှိပြီး ယမ်းအား အမျိုးအစားအပေါ်မှုတည်ပြီး အမြောက်ဆံအား ၁၅.၃ ကီလိုမီတာ၊၁၈ ကီလိုမီတာ၊၂၂ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သော ယမ်းပြင်း (H.E)ဗုံးများကို လိုအပ်သလို တပ်ဆင်ပစ်ခတ်နိုင်သည်။
    ဇက်ဘီဒီ-၀၅ စစ်ယာဉ်

    ဇက်တီဒီ-၀၅ ပစ်ကူပေးအမြောက်ယာဉ်
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 5 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts