+ pmjyefNyD; qufa&;zdkU
Page 14 of 14
FirstFirst ... 4 12 13 14
Results 131 to 138 of 138

Thread: [mm]jrefrmYc&D;oGm;vrf;nTef[/mm]

  1. #131
      Liu86 is on a distinguished road
    Join Date
    Apr 2013
    Posts
    19
    Thanks
    57
    Thanked 143 Times in 19 Posts

    Default

    ကျနော် သွားချင်တာ နောင်ကားကျေးရွှာ ခင်ဗျ ၊ ပီအယ်လ်အို တွေဖက်ပါ ၊ ဘာရယ်မဟုတ်လေ.လာရေးပေါ့။
    Reply With Quote   

  2. toHk;0ifvSaom txufygpmydk'ftwGuf azmfjyyg rdwfaqGrS aus;Zl;wif&Sdygonf


  3. #132
    Cadet Cupid   zaw005 is on a distinguished road
    Join Date
    Apr 2006
    Location
    On the earth
    Posts
    378
    Thanks
    3,700
    Thanked 4,886 Times in 367 Posts

    Default

    uRefawmf.&Hk;u rdef;uav;wpfa,mufxJ ppfudkif;jrdK.udk tvkyfudwfpeJ.oGm;cdkif;zdk.&Sdygw,f/ tJ'g ppfudkif;jrdK.rSmrdef;uav;wpfa,mufxJ wnf;zdk.oif.awmfrJ. ymdkw,f udkodcsifygw,f/ bwf*sufu 30000avmufyg/ aus;Zl;wifygw,f/
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 2 OD;rS aus;Zl;wif&SdMuygonf


  5. #133
    Wannabe Cupid   cupid_boy is on a distinguished road
    Join Date
    Aug 2006
    Location
    ygn
    Posts
    95
    Thanks
    3,084
    Thanked 658 Times in 88 Posts

    Default

    လက်ရှိ ချောင်းသာ သွားဖူးတဲ့ လူများရှိတယ်. မက်ဟိုတည် အပြင် လက်ရှိဘယ်ဟိုတည်များ ကော်ငးလည်း သိချင်လို့ပါ။ လူက အနည်းဆုံး ၆ ယောက်လောက် မိသားစုအလိုက် သွားမှာဆိုတော့. ဈေးနှုန်းလေးတွေ မေးပြိး ယှဉ်ကြည့်ချင်လို့ပါ။ သိတဲ့လူများ ညွှန်းကျပါအုန်း.. ကျေးဇူး
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 4 OD;rS aus;Zl;wif&SdMuygonf


  7. #134
    Junior Cupid   MgLeo is on a distinguished road
    Join Date
    Apr 2006
    Location
    Mandalay
    Posts
    168
    Thanks
    284
    Thanked 1,642 Times in 157 Posts

    Default "ပုဂံသွားကြမလား"

    "ပုဂံသွားကြမလား"
    ဆောင်းတွင်းရောက်လာပြီဆိုတော့ ပိတ်ရက်ရှည်တွေနှင့် အလည်အပတ် ခရီးတွေထွက်ချိန်ရောက်လာပါပြီ။ ပုဂံသွားလည်ဖို့ စဉ်းစားနေသူတွေ၊ ဘော်ဒါတွေအတွက် လတ်တလော ပုဂံအတွေ့အကြုံလေးတွေ ရှယ်ချင်ပါတယ်။
    ထုံးစံအတိုင်း ဒီအချိန် ပုဂံသွားမယ်ဆိုတာနဲ့ ဟိုတယ်အခန်းရပါ့မလားဆိုတာ အရင်ဖြေရှင်းရပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ပုဂံမြို့သစ်ထဲမှာ ဟိုတယ်အသစ်လေးတွေ အများကြီးဖွင့်လှစ်တာတွေ့ရလို့ သိပ်ကောင်း၊ သိပ်တန်တာများရှိမလားဆိုပြီး လိုက်စုံစမ်းကြည့်တော့ အခန်းခဈေးနှုန်းတွေက ဟိုတယ်ကြီးတွေနီးပါးတောင်းနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်လောက်က ၃သောင်း ၊၄သောင်းလောက်တောင်းတဲ့ဟိုတယ်အလတ်စားတွေက အခုတော့ ၇သောင်းလောက်တောင်းနေကြပါပြီ။ ဟိုတယ်ပတ်ဝန်းကျင်မှာ ဘာမှဆွဲဆောင်မှုတွေမရှိဘဲ ဧည့်သည်တွေများတာကို အခွင့်ကောင်းယူပြီး ဈေးအများကြီးတောင်းနေကြတာကို မခံစားနိုင်လို့ မှားနိုင်စရာမရှိတဲ့ ပုဂံသံတဲဟိုတယ်မှာဘဲ တည်းဖြစ်ပါတယ်။


    သံတဲဟော်တယ်ကတော့ အရင်နှစ်တွေကအတိုင်း အပြင်အဆင်၊ ဝန်ဆောင်မှုအဆင့်အတန်း ဘာမှမပြောင်းလဲတာ တွေ့ရပါတယ်။ ဒါပေမယ့် ဟိုတယ်တည်နေရာ ကောင်းမွန်မှုနဲ့ သင့်တင့်တဲ့ ဈေးနှုန်း၊ ဝန်ဆောင်မှုတွေကြောင့် နိုင်ငံခြားသားတွေနဲ့ ပြည့်နေတာတွေ့ခဲ့ရပါတယ်။ မနက်စာကို အမျိုးအစားစုံစုံလင်လင်နဲ့ ပိုလျှံနေအောင်ကျွေးတာကလဲ ဆွဲဆောင်မှုတစ်ခုထင်ပါတယ်။ ဧရာဝတီမြစ်ဘက်က River-side view အခန်းကို တစ်သိန်းနှစ်သောင်းပါ။ အခြားဟိုတယ်တစ်ခုက အဲဒီလို မြစ်ကမ်းဘေးကအခန်းမျိုးကို $280 တောင်းနေတာတွေ့ခဲ့ရပါတယ်။ မြစ်ကမ်းဘေးမဟုတ်တဲ့ အတွင်းဘက်က အခန်းတွေက ရှစ်သောင်းပါ။
    ပုဂံမှာ မြန်မာထမင်းဟင်းစားမယ်ဆိုရင်တော့ သိပ်ရွေးချယ်နေစရာမလိုပါဘူး။ မြန်မာထမင်းဆိုင်တွေက အားလုံးလိုလို ကောင်းကြပြီး တစ်ဆိုင်နှင့်တစ်ဆိုင် သိပ်ပြီးမကွာကြပါဘူး။ ဒါပေမယ့် အရင်နှစ်တွေလာတုန်းက သရပါ၊ အောင်မြန်မာဆိုင်တွေ နာမည်ထွက်ပြီး ဒီနှစ်တော့ မျိုးမျိုးဆိုတဲ့ဆိုင်မှာ လူများပြီး ကြိုက်တဲ့သူများတာတွေ့ခဲ့ပါတယ်။ မြန်မာထမင်းဟင်းမစားချင်ရင်တော့ နည်းနည်းအလုပ်ရှုပ်ပါတယ်။ ပုဂံမြို့သစ်မှာရော၊ မြို့ဟောင်းမှာပါ အနောက်တိုင်းအစားအသောက်မျိုးစုံရတယ်ဆိုပြီး ဈေးနှုန်းကလွဲလို့ ကျန်တာဘာမှအနောက်တိုင်းမဆန်တဲ့ဆိုင်တွေ အများကြီးပါ။ တစ်နေ့လုံး လူမဝင်တဲ့ ယိုးဒယားစားသောက်ဆိုင်တွေလဲရှိပါတယ်။

    ဒီတစ်ခေါက်တော့ မြို့ဟောင်းဘက်က Queen ဆိုတဲ့ စားသောက်ဆိုင်လေးမှာ တိုးရစ်တွေ ကျိတ်ကျိတ်တိုးနေတာတွေ့ရပါတယ်။ သွားစားကြည့်တော့ အစားအသောက်တွေ ဈေးနှုန်းသိပ်မကြီးဘဲ အရှေ့တိုင်း၊ အနောက်တိုင်းအစားမျိုးစုံ ရရှိနိုင်တာကြောင့်ရယ်၊ လူအပြည့်ဝင်နေချိန်မှာတောင် သိပ်ကြာကြာမစောင့်ရတာရယ်၊ အိမ်သာတွေကလည်း သိပ်ကိုသန့်ရှင်းတာကြောင့် စားသောက်သူတွေများနေတာလို့ ထင်မိပါတယ်။ မြန်မာအစားအသောက် ပုံးရည်ကြီးအသုတ်လိုမျိုးကစပြီး၊ ထိုင်း တရုတ်အစားအစာမျိုးစုံ ဘိုစာစားချင်ရင် စပါကတီ၊ ပီဇာ စသည်ဖြင့် အစုံရပါတယ်။ ဈေးမများတဲ့ Bagan Dream ၊ Bagan Punch ဆိုတဲ့ နာမည်ဆန်းလေးတွေနဲ့ ကောက်တေးမျိုးစုံရပါတယ်။ အပြိုင်အဆိုင်သိပ်ပြင်းထန်တဲ့ ဒီနေ့ခေတ်မှာ ကံကောင်းလို့အောင်မြင်တာဆိုတာ မရှိတော့ပါဘူး။ အောင်မြင်နေတဲ့လုပ်ငန်းတိုင်းမှာ စားသုံးသူကျေနပ်နှစ်သက်အောင် ဆွဲဆောင်နိုင်တဲ့အချက်တွေ အနည်းနှင့်အများတော့ရှိနေမှ ရေရှည်ရပ်တည်နိုင်ပါတော့တယ်။ မနှစ်က X'mas Eve ညမှာ မြို့သစ်က ဟိုတယ်သစ်တွေအများကြီးရှိတဲ့နေရာအနားက စားသောက်ဆိုင်တစ်ခုမှာ ကြုံခဲ့ရတာလေးကို ပြန်သတိရမိပါတယ်။ ခရစ်စမတ်ဦးထုပ်လေးတွေဆောင်းထားတဲ့ ဖော်ရိန်းနာတိုးရစ်တွေက အစားအသောက်တွေမှာပြီးစောင့်နေတာ ကျွန်တော်တို့ရောက်ပြီး နာရီဝက်လောက်အထိ သူတို့ဆီကို ဘာမှလာချပေးတာမတွေ့ရပါဘူး။ တိုးရစ်တွေကြည့်ရတာ ဒီလောက်ကြာအောင်စောင့်နေရပေမယ့် စိတ်ပျက်တဲ့ပုံစံ မတွေ့ရပါဘူး။ ခရစ်စမတ်အချိန်ခါမို့ စိတ်ကောင်းဝင်နေတာလား၊ ပုဂံရဲ့ ထုံးစံတွေကိုဘဲ ကြိုတင်ရင်းနှီးနေလို့လား မသိပါဘူး။ ဒါပေမယ့် ၄၅မိနစ်လောက်စောင့်ပြီးချိန်မှာတော့ မရသေးဘူးလား သိပ်ကြာနေပြီ ငါတို့က ခရစ်စမတ်အတွက် သီးသန့်အထိမ်းအမှတ်မို့လို့စောင့်နေတာ စသည်ဖြင့် အသံမျိုးစုံထွက်လာလို့ ကျွန်တော်တို့ကြားကဝင်ပြီးမျက်နှာပူနေခဲ့ရပါတယ် ။



    ဘုရားတွေ ဈေးသည်တွေကတော့ ဘာမှမပြောင်းလဲ ထူးမခြားနားပါဘဲ။ ညပိုင်းမှာတော့ နန်းတော်ရာပြတိုက်ထဲက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ဒဏ္ဍာရီဆိုတဲ့ ပြပွဲကို သွားကြည့်ပါတယ်။ အဲဒီပွဲကို ထိုင်းကနာမည်ကြီး Index Creation Village ကုမ္ပဏီက စီမံခန့်ခွဲတယ်လို့ကြားထားတာရယ်၊ အွန်လိုင်းပေါ်မှာ Unmissable Show in Bagan ဆိုပြီး အဲဒီပွဲရဲ့ကြော်ငြာအမိုက်စားတွေကိုမြင်ထားတာရယ်ကြောင့် တော်တော်ကြည့်ချင်နေတာပါ။ ဒီလိုနေရာမျိုးမှာ ဒီလိုပွဲမျိုးကိုလုပ်ခွင့်ရနိုင်တဲ့ ကုမ္ပဏီဟာ ဘယ်ကုမ္ပဏီဖြစ်မလဲ မှန်းကြည့်မိပေမယ့် ပြပွဲကြည့်ရတာ အရသာပျက်သွားမှာစိုးလို့ ဘာမှမမေးကြည့်ဘဲ လက်မှတ်ဝယ်လိုက်ပါတယ်။ ပြသချိန် တစ်နာရီနှင့် ဆယ်မိနစ်ဖြစ်ပါတယ်။ လက်မှတ်ပေါ်မှာ တစ်ယောက် $50 ရိုက်ထားပေမယ့် တကယ်တောင်းတာက ပြပွဲလက်မှတ်ခ တစ်ယောက်ကို နှစ်သောင်း(နှစ်ယောက်ကြည့်ရင် တစ်ယောက်အခမဲ့ ပရိုမိုးရှင်းနဲ့ဆိုတော့ တစ်ယောက်ကို တစ်သောင်းကျပ်ဖြစ်သွားပါတယ်)၊ ပွဲအပြီးမှာ ဘူဖေးညစာစားရင် တစ်သောင်းကျပ်ပါ။
    နန်းတော်ရာပြတိုက်ကြီးရဲ့နောက်ဘက်မှာ ဧရာမ LCD Screen ကြီးနဲ့တွဲထားတဲ့ ဇာတ်ခုံနဲ့ မီးအလင်းရောင်ကစားချက်တွေ၊ အသံစနစ်တွေကို အသုံးပြုထားပြီး ပုဂံရှုခင်းတွေကို နောက်ခံထားပြီး အင်္ဂလိပ်စကားပြောနှင့် ကြိုတင်အသံသွင်းထားတဲ့ ဇာတ်ကွက်တွေအတိုင်း ဖျော်ဖြေသူအယောက် ၅၀ လောက်က တင်ဆက်သွားတာပါ။ ကောင်းသလားဆိုတော့ ကြည့်လို့တော့ကောင်းပါတယ်။ ကိုယ့်ဘာသာမလုပ်နိုင်လို့ ထိုင်းတွေကို လုပ်ခိုင်းထားလို့ ဒီလိုလေးကြည့်ရတာဆိုတော့လဲ မကောင်းဘူးလို့ သိပ်မပြောရဲပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ မချင့်မရဲဖြစ်မိတာလေးတွေတော့ရှိပါတယ်။ (စိတ်ထဲမှာဖြစ်မိတယ်ဆိုပေမယ့် ပြပွဲအပြီးမှာ အဲဒီကုမ္ပဏီက အရာရှိပုံပေါက်တဲ့ ချာတိတ်တွေကို သွားပြီးရင်ဖွင့်ခဲ့ပြီးသားပါ) ဘာကြောင့်လဲဆိုတော့ ကြော်ငြာတွေမှာပြောထားတဲ့ The historical narrative about the ancient Bagan ဆိုတာနဲ့ တော်တော်ကွာနေတယ်လို့ ထင်လို့ပါ။ ပွဲမစခင် မျှော်လင့်ထားတာက ပုဂံရာဇဝင်နဲ့ ပတ်သတ်တဲ့ မြင်ကွင်းတွေကို ခမ်းခမ်းနားနားကြည့်ရတော့မယ်ပေါ့။ ပြပွဲစစချင်းမှာလည်း မြေးကို အဖိုးက ရှေးက ပုဂံရာဇဝင်တွေကို ပြောပြတော့မယ်ဆိုပြီး အစချီထားတာပါ။ ပြပွဲစတော့ နောက်ခံ LCD ကြီးမှာ ပုဂံတောအုပ်ရှုခင်းတွေပြထားပြီး၊ ထိုးကွင်းမင်ကြောင်နဲ့ လူတွေ ဓားတွေနဲ့ထွက်လာပြီး မီးပွားတွေဘာတွေထွက်အောင်ခုတ်ပြ၊ ချပြတော့ ဟာ၊ တယ်မိုက်ပါလားလို့ အထင်တွေကြီးသွားပါတယ်။ ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက (ကိုယ့်ဘာသာကို ပြဿနာလို့ ထင်နေတာလဲဖြစ်နိုင်ပါတယ်) မြန်မာပြည်ရဲ့ ပုဂံယဉ်ကျေးမှုတွေကို ထင်ဟပ်ပေါ်လွင်အောင်တင်ဆက်မယ်ဆိုတဲ့ culture show ဟာ မြန်မာမဆန် မြန်မာ့မာန်မပါဘဲ၊ သိပ်ပြီးတော့ ထိုင်းဆန်နေပါတယ်။ ဖျော်ဖြေသူတွေကို မိတ်ကပ်လိမ်းထားတာကအစ ဝတ်စားဆင်ယင်ပုံတွေ၊ ကပြပုံ သီဆိုပြောဆိုပုံတွေက သိပ်နုရွနေပြီး၊ ထိုင်းပြပွဲကြည့်နေရသလို ခံစားရပါတယ်။ အဓိက သရုပ်ဆောင်တွေက ထိုင်းတွေလို့ပြောပါတယ်။ ရှေးဘုရင်ရဲ့ အမှုထမ်းဖြစ်သူက ဟာသအဖြစ် ကပြတင်ဆက်ရာမှာ အိုပါဂန်းနားစတိုင် ကကွက်အချို့ပါဝင်နေတာမျိုး၊ ခြင်းလုံးခတ်ပြရာမှာ ခြင်းလုံးကိုယ်စီကိုင်ပြီး ယိမ်းကသလို အလှပြကြတာမျိုးတွေက myanmar culture show ခေါင်းစဉ်နဲ့ ကင်းလွတ်သွားတယ်လို့ ထင်မိပါတယ်။ အခုလို ဆက်တင်မျိုးနဲ့ဆိုရင် ပုဂံရဲ့ အနှစ်သာရကို ပေါ်လွင်စေမယ့် ၊ ပုဂံအရသာကို အများကြီးပေးနိုင်မယ့် မြန်မာဆန်ဆန်ပြကွက်တွေ အများကြီးလုပ်လို့ရပါလျက်နဲ့ ပေါ့ရွှတ်ရွှတ် musical show တစ်ခုကြည့်ရသလိုဖြစ်သွားပါတယ်။ မျက်စိအရသာခံရုံသက်သက်ဆိုရင်တော့ တန်ပါတယ်။ ကြည့်လို့ကောင်းရင်ပြီးတာဘဲ မဟုတ်လားလို့ပြောလို့ရပါတယ်။ ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ခရီးသွားဈေးကွက်မှာ အခြားပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့အတွက် မြန်မာဟာ ထိုင်းနဲ့ဘယ်လိုမတူတာ၊ ဗီယက်နမ်နဲ့ဘယ်လိုကွဲပြားတာဆိုတာကို ကောင်းကောင်းပြသပြီး National Branding ကောင်းကောင်းလုပ်ဖို့လိုအပ်ပါတယ်။ မလေးရှားနဲ့ ထိုင်းမှာ တစ်နှစ်ကို တိုးရစ်ဦးရေ ၂၅သန်းကျော်ဝင်နေချိန်၊ ဗီယက်နမ်မှာ တစ်နှစ်ကို ၇သန်းဝင်အောင် ဆွဲဆောင်နေတဲ့အချိန်မှာ ကိုယ်တွေက တစ်နှစ်ကို ၃သန်းနဲ့ကျေနပ်နေမယ်ဆိုရင်တော့ သိပ်စဉ်းစားစရာမလိုပါဘူး။ ဒါပေမယ့် အခုထက်ပိုပြီး တိုးရစ်တွေဝင်လာလည်ဖို့ဆိုရင်တော့ အခုလို မြန်မာလိုလို ထိုင်းလိုလိုပြပွဲမျိုးထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အဆင့်မြင့် national culture show တွေ ပြနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ပွဲအပြီးမှာကျွေးတဲ့ လူတစ်ယောက်ကို တစ်သောင်းတန်မြန်မာဘူဖေးညစာကတော့ စားလို့သိပ်မဆိုးပေမယ့် တစ်သောင်းကျပ်ကတော့ နည်းနည်းများနေတယ်ထင်ပါတယ်။ ဒါကြောင့် သွားကြည့်ပါ၊ သိပ်တော့ မမျှော်လင့်ထားပါနဲ့လို့ ပြောပါရစေ။


    Balloon over Bagan ဆိုတဲ့ တစ်နာရီကျော်ကျော်ကြာတဲ့ မီးပုံးပျံစီးတဲ့ခရီးစဉ်က မနက်စာအပါအဝင် တစ်ယောက်ကို $320 ၊ Premium ဆိုရင် $380 လို့ဆိုပါတယ်။ တော်တော်မိုက်မယ့် အတွေ့အကြုံပါ။ ဒါပေမယ့် မိသားစုရောဆိုရင် ၁၀သိန်းကျော်ကုန်မှာမို့ ခဏမျိုသိပ်ထားလိုက်ရပါတယ်။ အင်္ဂလန်လုပ် မီးပုံးပျံကြီးတွေကို နိုင်ငံခြားသားပိုင်းလော့တွေက လိုက်မောင်းနှင်ရတာမို့လို့ ဈေးများပုံပေါ်ပါတယ်။ နောက်တစ်ခါ ပုဂံကိုသွားလည်ရင် ပိုက်ဆံများများထည့်သွားကြပါ။


    အရင်နှစ်တွေက များများမတွေ့ရတဲ့ E-bike ဆိုတဲ့ ဘက်ထရီစက်ဘီးလေးတွေ အရမ်းအလုပ်ဖြစ်နေတာတွေ့ရပါတယ်။ မြင်းလှည်းတွေတော့ နည်းသွားတာ သတိထားမိပါတယ်။ ရန်ကုန်မှာ ဗိုက်ပူလို့ခေါ်တဲ့ စစ်အတွင်းက လက်ကျန်ဘတ်စ်ကားကြီးကို သေချာပြန်ပြုပြင်ပြီး အုပ်စုလိုက်လာတဲ့တိုးရစ်တွေကို ခရီးတိုတွေအတွက် ငှားစားနေတာတွေ့လို့ သိပ်သဘောကျမိပါတယ်။ တိုးရစ်တွေကို ဆွဲဆောင်နိုင်ဖို့ ကိုယ့်နိုင်ငံမှာသာ တွေ့နိုင်၊ရှိနေတဲ့ ဒီလိုအရာတွေကို ပေါ်လွင်ထင်ရှားအောင်ပြုလုပ်ဖို့လိုပါတယ်။


    ပုဂံကလူတွေဟာ ဆားဗစ်ပေးရာမှာ ဘာဘဲတောင်းဆိုတောင်းဆို မရဘူးဆိုတာမရှိစေရဘူး။ ဒီပုဂံက လူတွေဟာ ဘာကိုတောင်းဆိုတောင်းဆို Never say 'No' လို့ တိုးရစ်တွေက အသိအမှတ်ပြုထားတာပါ။ ဒီဓလေ့စရိုက်လေးတွေကို မပျောက်ပျက်သွားအောင် ဆက်လက်ထိန်းသိမ်းထားဖို့လိုတယ်ထင်ပါတယ်။ တိုးရစ်တွေကိုသာမက ပြည်တွင်းက လူတန်းစားမျိုးစုံကို လာရောက်လည်ပတ်အောင်ဆွဲဆောင်နိုင်ဖို့ ဘုရားလှည့်ဖူးတာအပြင် အခြားလုပ်နိုင်မယ့် ဧရာဝတီမြစ်ဘေးသောင်ပြင်ပေါ်မှာ လမ်းလျှောက်ဖို့နေရာတွေဖန်တီးပေးတာမျိုး၊ ညဘက်မှာ မီးပုံပွဲလုပ်တာမျိုးတွေရှိရင် စိတ်ဝင်စားစရာကောင်းမှာဘဲလို့ ထင်မိပါတယ်။
    Reply With Quote   

  8. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 29 OD;rS aus;Zl;wif&SdMuygonf


  9. #135
    Junior Cupid   MgLeo is on a distinguished road
    Join Date
    Apr 2006
    Location
    Mandalay
    Posts
    168
    Thanks
    284
    Thanked 1,642 Times in 157 Posts

    Default

    Me and my friend are going to take a trek near Hsipaw (Thibaw) for two days.

    Can somebody please recommend me some must-do things in Hsipaw?
    Reply With Quote   

  10. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 7 OD;rS aus;Zl;wif&SdMuygonf


  11. #136
    Junior Cupid   MgLeo is on a distinguished road
    Join Date
    Apr 2006
    Location
    Mandalay
    Posts
    168
    Thanks
    284
    Thanked 1,642 Times in 157 Posts

    Default "တောင်တက်ခရီးကြမ်းသွားရအောင်"

    ဘုရားဖူးခရီးတွေကို ပျင်းနေတဲ့သူတွေ၊ သမားရိုးကျ မြင်နေလေ့ရှိတဲ့မြင်ကွင်းတွေနဲ့ ကွဲပြားတဲ့နေရာတွေကို ခရီးထွက်ဖို့ စိတ်တူကိုယ်တူရှိတဲ့ သူငယ်ချင်းတွေအတွက် နေရာသစ်တစ်ခုကို မျှဝေချင်ပါတယ်။ မန္တလေးကနေ ၁၂၉ မိုင်သာဝေးတဲ့ ရှမ်းပြည်နယ်အတွင်းက သီပေါမြို့လေးပါ။
    သီပေါမြို့ဟာ ဘော်ကြိုဘုရားပွဲနဲ့ပတ်သတ်ပြီး လည်ပတ်စရာနေရာတစ်ခုအဖြစ် နာမည်ကြီးပေမယ့် သီပေါမြို့ပတ်ဝန်းကျင်မှာ တွေ့မြင်ခံစားနိုင်တဲ့ အလှအပတွေကိုတော့ ပြည်တွင်းခရီးသွားတွေ သိပ်မစိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် နိုင်ငံခြားသားတိုးရစ်တွေအကြားမှာတော့ သီပေါမြို့ဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုအဖြစ် နာမည်ကြီးနေပါတယ်။ ဒါကြောင့် သီပေါ မြို့ပတ်ဝန်းကျင်မှာ စက်ဘီးစီးရင်း၊ လမ်းလျှောက်ရင်း လှည့်ပတ်နေတဲ့တိုးရစ်တွေကို ရှောင်မလွတ်အောင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Lonely Planet နဲ့ Trip Advisor ဝပ်ဆိုက်တွေမှာ သီပေါမြို့ဝန်းကျင်က Trekking လုပ်ဖို့ သိပ်ကောင်းတဲ့နေရာတွေအဖြစ် နာမည်ကြီးနေပါတယ်။
    နိုင်ငံခြားသားတိုးရစ်တွေအကြားမှာ နာမည်ကြီးနေတဲ့ အဓိက စွဲဆောင်မှုရှိတဲ့နေရာတွေကတော့ သီပေါမြို့ရဲ့ မြို့ဧရိယာပြင်ပမှာ လက်ဖက်စိုက်ပျိုးတဲ့ တောင်ပေါ်က ပလောင်ရွာတွေဆီကိုသွားတဲ့ တောင်တက်ခရီးလမ်းတလျှောက်က သဘာဝတောတောင်ရှုခင်းတွေဖြစ်ပါတယ်။ သီပေါမြို့ကနေ ဘော်ကြိုဘုရားဘက်ကိုထွက်တဲ့လမ်းမှခွဲထွက်ပြီး မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့နေရာကနေ လှမ်းမြင်နေရတဲ့ ရှမ်းတောင်တန်းကြီးတွေဆီကို ဦးတည်သွားတဲ့ ရွာလမ်းလေးတွေ့ရမှာပါ။ အဲဒီရွာလမ်းအတိုင်းဆက်သွားလိုက်ရင် တောင်ခြေကရွာလေးကိုကျော်တာနဲ့ တောင်ပေါ်တက်တဲ့ မြေသားလမ်းအတိုင်း ရှမ်းရိုးမတောင်တန်းတွေပေါ်အထိ ဆက်ပြီးလမ်းလျှောက်သွားလို့ရပါတယ်။ တိုးရစ်တွေက အဲဒီလမ်းတလျှောက်မှာရှိတဲ့ ရှမ်းရွာ၊ ပလောင်ရွာတွေမှာ တစ်ည၊ နှစ်ည ညအိပ်ပြီး တောင်ပေါ်က တိုင်းရင်းသားတွေရဲ့ နေထိုင်မှုဓလေ့ထုံးစံတွေကို သွားလေ့လာကြတာပါ။ တောင်ပေါ်အမြင့်ကိုရောက်လေ သဘာဝအတိုင်းရှိနေဆဲဖြစ်တဲ့ တောတောင်ရှုခင်းတွေက ပိုပြီးသာယာလှပလေပါဘဲ။ မနက်သွားပြီး မြို့ပေါ်ကို ညအရောက်ပြန်ရင်တော့ တောင်နှစ်လုံးလောက်တက်ပြီးရင်ရောက်မယ့် ပန်ခမ်ရွာအထိ သွားပြီး ပြန်လာလို့ရပါတယ်။ ခရီးစတင်တဲ့မြေပြန့်မှ ပထမဆုံးတွေ့ရမှာဖြစ်တဲ့ ပန်ခမ်ရွာအထိ ၆-မိုင်ကျော်လောက်သာရှိပေမယ့် တောင်တက်ခရီးက တဖြည်းဖြည်းမတ်လာတာကြောင့် လမ်းလျှောက်လေ့မရှိသူတွေအတွက်တော့ စိမ်ခေါ်မှုပါတဲ့ ခရီးတစ်ခုဖြစ်ပါလိမ့်မယ်။ ရွာတွေကိုရောက်ရင်တော့ စားသောက်ဖို့ ရှမ်းထမင်းဟင်း၊ ညအိပ်တည်းခိုမယ့်နေရာတွေ အပြည့်အစုံရှိပါတယ်။ လက်ဖက်ခင်းတွေ၊ လက်ဖက်ထုတ်လုပ်ခြင်းတွေ လေ့လာလို့ရပါတယ်။ လက်ဖက်ကောင်းကောင်းတော့စားရဖို့တော့ မမျှော်လင့်ပါနဲ့။ လက်ဖက်အညွှန့်အနုလေးတွေအကုန်လုံးကို မန္တလေးက လက်ဖက်လုပ်ငန်းတွေက အကုန်ဝယ်သွားပါပြီ။
    တောင်တက်ခရီးစဉ်တလျှောက်မှာ စိတ်ဝင်စားစရာကောင်းတာတွေ အများကြီးရှိပါတယ်။ ပြည်တွင်းရေးရာတွေစိတ်ဝင်စားရင် အဲဒီနယ်မြေတဝိုက်မှာဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ SSA တို့ရဲ့ တိုက်ပွဲတွေအကြောင်း၊ ဒေသခံတွေရဲ့ တပ်မတော်အပေါ်အမြင်တွေကို လမ်းပြဂိုက်နဲ့ ဆွေးနွေးလို့ရတယ်။ တိုက်ပွဲတွေဖြစ်သေးလို့လားဆိုတော့ ပန်ခမ်ရွာထိပ်က ရှမ်းဘာသာနဲ့ရေးထိုးထားတဲ့ ကြိုဆိုပါ၏ဆိုတဲ့ ကျောက်တိုင်ကြီးမှာတောင် စိန်ပြောင်းဒဏ်ရာတွေရှိနေသေးတာ လမ်းပြဂိုက်ပြလို့ မြင်ခဲ့ရသေးတယ်။ ကံကောင်းလို့ စစ်ကြောင်းတွေနဲ့ထိပ်တိုက်တိုးရင် သေနတ်လွယ်ပြီး ဓာတ်ပုံရိုက်လို့ရသေးတယ်။
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတွေ စိတ်ဝင်စားရင် အရင်က လှည်းနဲ့သွားတဲ့ရွာသားတွေ အခုတော့ ဆိုင်ကယ်နဲ့ခရီးနှင်၊ ထော်လာဂျီနဲ့သွားလာနေကြလို့ တောတောင်တွေကို ဘယ်လိုသက်ရောက်မှုတွေဖြစ်လာတယ်ဆိုတာတွေကို လက်တွေ့လေ့လာနိုင်ပါတယ်။ ခရီးလမ်းတလျှောက်မှာရော၊ တောင်ပေါ်ရွာထဲမှာပါ နိုင်ငံခြားသားတိုးရစ်တွေ အများကြီးတွေ့ရပြီး၊ သူတို့ကိုကြည့်ရတာ သိပ်ကျေနပ်ပျော်ရွှင်နေပုံရပါတယ်။ ဒီခရီးစဉ်အပေါ် သူတို့ရဲ့အမြင်တွေကို အွန်လိုင်းမှာ ဖတ်ဖူးထားပြီးသားမို့ သိပ်မအံ့သြမိပါဘူး။
    တောင်တက်ခရီးတလျှောက်မှာ ကျွန်တော်စိတ်ဝင်စားတဲ့အချက်တစ်ခုက ပြောင်းဖူးစိုက်ခင်းတွေပါ။ တောင်ပေါ်ရွာတွေတဝိုက်မှာသာ လက်ဖက်စိုက်ခင်းတွေတွေ့ရပြီး၊ တောင်စောင်းတွေ တောင်အောက်မြေပြန့်တွေအားလုံး ရိတ်သိမ်းပြီးခါစ ပြောင်းဖူးခင်းတွေက နေရာအပြည့်ယူထားပါတယ်။ တောင်သူတွေအားလုံး ဘာကြောင့်အခြားသီးနှံမစိုက်တော့ဘဲ ပြောင်းဖူးကိုဘဲစိုက်ပျိုးကြသလဲဆိုတော့ တရုတ်က ဝင်လာတဲ့ ပြောင်းဖူးမျိုးစေ့ထုတ်တွေက အလွယ်ရတယ်၊ ပြောင်းဖူးပင်က အကြမ်းခံတော့ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေအတွက် အကုန်အကျမများဘဲ စိုက်ပျိုးနိုင်ပြီး၊ ထွက်လာသမျှပြောင်းဖူးစေ့အားလုံးကို တရုတ်က ဈေးကောင်းပေးပြီး (အခုအချိန်အထိတော့) အကုန်ဝယ်ပါတယ်။ ဘယ်လို ကောင်းကျိုး၊ဆိုးကျိုးသက်ရောက်စေတယ်လို့ထင်ပါသလဲ။ ကောင်းကျိုးက စိုက်ပျိုးစရိတ်သက်သာပြီး လွယ်လွယ်ရောင်းချလို့ရတဲ့ သီးနှံဖြစ်တဲ့အတွက် တောင်သူတွေ ဝင်ငွေတိုးပါတယ်။ ဆိုးကျိုးက ပြောင်းဖူးပင်ဆိုတဲ့အမျိုးက အများကြီးစိုက်မှ ပြောင်းဖူးစေ့နည်းနည်းသာရရှိတာဖြစ်လို့ ပြောင်းဖူးစိုက်သူတွေက စိုက်ပျိုးမြေနေရာများများရရှိဖို့ ရှိရှိသမျှ တောင်စောင်းတောင်ကုန်းက သစ်ပင်အကြီးအငယ်အားလုံးကို အပြောင်ရှင်းလိုက်ပါတော့တယ်။ ပြောင်းဖူးစိုက်ဖို့၊ ပြောင်းဖူးစေ့အိတ်တွေကို ထော်လာဂျီနဲ့သယ်ရတာ အဆင်ပြေအောင်လို့ လမ်းချဲ့ထွင်ရင်း သစ်ပင်အကြီး၊အငယ် အရွယ်မျိုးစုံကို ခုတ်လှဲထားတာတွေ့ရပါတယ်။
    မြို့ပြင်မှာ နောက်ထပ်လည်ပတ်စရာကတော့ သီပေါမြို့ကိုပတ်ပြီးစီးဆင်းနေတဲ့ ဒုတ္ထဝတီမြစ်တွင်းမှာ မော်တော်လေးနဲ့ မြစ်အထက်ပိုင်းကို ဆန်တက်ပြီး ရှမ်းရွာလေးတွေကို ဝင်လည်တဲ့ခရီးစဉ်ပါ။ မော်တော်စီးရင်း အေးအေးဆေးဆေး ရှုခင်းကြည့်ချင်သူတွေအတွက် သင့်လျော်မယ့် နေ့ဝက်ခရီးစဉ်ပါ။ ဘယ်မှသိပ်မသွားလာချင်တဲ့သူတွေကတော့ မြို့အထွက်က ရေပူစမ်းမှာ ရေစိမ်လိုက်၊ ရှမ်းခေါက်ဆွဲစားလိုက်လုပ်နေရတာကို ကြိုက်ကြမှာပါ။
    သီပေါမြို့တွင်းမှာ ကြည့်ရှုစရာတွေ ထူးထူးခြားခြားမရှိပေမယ့် မနက်စောစောမှာ မီးအိမ်လေးတွေထွန်းပြီးဈေးရောင်းတဲ့ ရှမ်းဈေးလေးတွေ၊ တရုတ်သုံးဘီးဆိုင်ကယ်ကြီးတွေမှာ အသီးအနှံ အသားငါးတွေကို အထုတ်လေးတွေတွဲချိတ်ထားပြီး လှည့်ပတ်ရောင်းချတဲ့ ရွေ့လျားဆိုင်လေးတွေနဲ့ ရှမ်းပြည်ထွက်ပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်ငယ်လေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ပြောင်းဖူးစေ့အိတ်တွေ အပြည့်တင်ထားတဲ့ကားကြီးတွေ တစ်မြို့လုံးအပြည့်သွားလာနေတာတွေ့ရပါတယ်။
    နောက်ထပ် စိတ်ဝင်စားစရာအတွေ့အကြုံတစ်ခုကတော့ အခြားဘယ်မြို့မှာမှ မရရှိနိုင်ပါဘူး။ သီပေါနယ်ရဲ့ နောက်ဆုံးရှမ်းစော်ဘွားဖြစ်သူ စောကြာဆိုင်ရဲ့ ဟော်နန်းစံအိမ် ဖြစ်ပါတယ်။ အဲဒီဟော်နန်းကို စော်ဘွားတစ်ဦးရဲ့ စံအိမ်ဟောင်းတစ်ခုအနေနဲ့ဘဲကြည့်ရင်တော့ ဘာမှသိပ်မထူးခြားသလို ထင်ရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစအချိန်မှာ ရှမ်းစော်ဘွားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ရှမ်းစော်ဘွားတွေအပေါ် အဲဒီအချိန်က အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်းရဲ့ တုန့်ပြန်မှုတွေ၊ နိုင်ငံရေးကစားကွက်တွေကြားမှာ ဘဝပျက်သွားရတဲ့ ကော်ရိုရာဒိုတက္ကသိုလ်ဘွဲ့ရ စောကြာဆိုင်နဲ့ သြစတြီးယားနိုင်ငံသူ အင်ဂါ (သို့) သုစန္ဒီ တို့မိသားစုအကြောင်းတွေကို လက်ရှိစံအိမ်ကိုစောင့်ရှောက်ထားတဲ့ အန်တီကြီးက အထက်တန်းကျကျ အင်္ဂလိပ်စကားလုံးတွေနဲ့ အင်္ဂလိပ်လိုရှင်းပြတာ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ စောကြာဆိုင် အဖမ်းခံရပြီးနောက် သမီးလေးနှစ်ယောက်နဲ့ သူ့နိုင်ငံကိုပြန်သွားရတဲ့ အင်ဂါရဲ့ Twilight over Burma စာအုပ်ကို ဖတ်ဖူးထားသူတွေအတွက်တော့ အလွမ်းဇာတ်လမ်းလေးထဲမှာ ဝင်ပါနေရသလို ခံစားနေရမှာပေါ့။ ဟော်နန်းထဲကပြန်ထွက်လာတော့ စောကြာဆိုင်နဲ့ အင်ဂါတို့ရဲ့ဇာတ်လမ်းကို ဒါရိုက်တာကောင်းကောင်းနဲ့ ရုပ်ရှင်ရိုက်လိုက်ရင်တော့ ထိုင်းက Anna and The King ဇာတ်ကားလို ကမ္ဘာကျော်သွားနိုင်တယ်လို့ စဉ်းစားမိပါတယ်။
    သီပေါမြို့လေးဟာ မြန်မာနိုင်ငံရဲ့ တိုးရစ်ဇင်လုပ်ငန်းနယ်ပယ်အတွက် အများကြီးအထောက်အကူပြုနေပေမယ့် သာမာန်လူတန်းစားဒေသခံတွေ သိပ်ပြီးအကျိုးမခံစားရဘဲ လုပ်ငန်းရှင်၂ဦး၊ ၃ဦးလောက်သာ (မိုနိုပိုလီလုပ်နိုင်သူတွေရဲ့ ထုံးစံအတိုင်း) ကောင်းကောင်းစီးပွားဖြစ်နေတာတွေ့ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကောင်းကောင်းပံ့ပိုးပေးနိုင်ရင် နယ်ခံလူထုအတွက် အများကြီးအကျိုးရှိမယ်ထင်ပါတယ်။
    ရှမ်းအစားအစာတွေဖြစ်တဲ့ နှမ်းထောင်းခေါပုတ်၊ ရှမ်းထမင်းချဉ်၊ ဝက်သားချဉ်၊ ပဲပုတ်တို့ကို နှစ်သက်ပြီး ကျိုက်ထီးရိုး၊ ပုဂံ၊ ချောင်းသာ၊ မေမြို့တို့ကို သွားလည်နေရတာငြီးငွေ့နေပြီဆိုရင်တော့ သီပေါမြို့လေးကို အလည်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
    Reply With Quote   

  12. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf


  13. #137
    Senior Cupid   adaptor is on a distinguished road
    Join Date
    Jan 2007
    Location
    Yangon
    Posts
    639
    Thanks
    16,652
    Thanked 11,522 Times in 610 Posts

    Default

    မနေ့ကပဲ ကို MgLeo ရဲ့ အောက်က ပိုစ့်ကို ဖတ်လိုက်ရတယ်...တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ သစ်ထူးလွင်မှာ အဲဒီစော်ဘွား အကြောင်း ရုပ်ရှင်ရိုက်ထားတယ်လို့ ပါလာတယ်
    http://www.thithtoolwin.com/2015/02/blog-post_80.html
    imdb မှာတော့ detail information မတွေ့သေးဘူး
    Reply With Quote   

  14. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  15. #138
    Junior Cupid   MgLeo is on a distinguished road
    Join Date
    Apr 2006
    Location
    Mandalay
    Posts
    168
    Thanks
    284
    Thanked 1,642 Times in 157 Posts

    Default

    Hay, Guys!
    Any tour plan for coming ThinGyan Holidays??
    Can you please suggest any interesting tour both in local and abroad?
    I am currently thinking about Vietnam........
    Reply With Quote   

  16. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 4 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts