-
VIMC
Wizard Cupid
HSH
-
toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf
2323,
Botazan,
flintz,
Jin_kaleat,
khanhlaing,
kokoko123,
MATRIX,
MNO.BN,
monsoon,
peace777,
PiNyat,
pucca
-
VIMC
Wizard Cupid
HSH
*sdKaqmif *rferf ESifh uifrcsD
ခရီးတစ်ခုသွားဖို့ အစစအရာရာပြင်ဆင်ရတာ မလွယ်ကြောင်း အားလုံးသိပြီးသားပါ။ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ခရီးစဉ်တွေအပြင် မြန်မာနိုင်ငံသားပါတ်စပို့ ကိုင်ထားသူအတွက် ဗီဇာကိစ္စ က အပိုဆုပေါ့။ တကယ်တော့ ဗီဇာကိစ္စက ပထဆုံးစဉ်ကြုံတွေ့ ရမယ့်အရာပါဖြစ်ပြီး ကျွန်တော်ကတော့ သွားမယ့်နိုင်ငံရွေးပြီး တာနဲ့ အဲဒီဟာကို စပြီး စီစဉ်ရတာပါပဲ။
ကိုရီးယားသွားကြမယ်လို့ဆုံးဖြတ်ပြီးတဲ့ အခါ ဗီဇာဘယ်လိုလျှောက်ရမလဲ အရင်လိုက်ဖတ်ရပါတယ်။ နောက်ဆုံးတော့ ကိုရီးယားသံရုံးမှာ ဗီဇာသွားတင်ရပါတယ်။ အားလုံးစနစ်တကျ နဲ့ ချောချောချူချူပါပဲ။ ရယ်စရာတစ်ခုကြုံရတာက အဲဒီက ဗီဇာလက်ခံသူက Family certificate တောင်းတော့ မပါဘူးလို့ပြောလိုက်တာပေါ့။ အဲဒီတော့ သူက မျက်နှာထားကြီးနဲ့ Why တဲ့။ သူတို့လိုအပ်ချက်ထဲမှာ ထည့်ရေးမထားတော့ ပါမသွားတာကို သူမေးပုံက ကျွန်တော်တို့ ဘာဖြေရမှန်းမသိတာတဲ့ I don’t know if I need it. ဆိုတော့မှ ဘာမှပြန်မပြောတော့ပဲ ကျန်တာဆက်စစ်နေလေရဲ့။ အဲဒီနေ့ သံရုံးက အပြန်မှာတော့ အဲဒီ Why ဆိုတဲ့ မေးခွန်းပဲ ပြန်ကြားယောင် ရယ်နေမိတယ်။
နောက်တော့ လက်မှတ်ဝယ်၊ ဟိုတယ် ဘွန်ကင်လုပ်ပေါ့။ ဒီလိုနဲ့ သွားရမယ့်နေ့မှာတော့ လေဆိပ်ကို ရထားနဲ့ထွက်ခဲ့ကြပါတယ်။ တကယ်တော့ ရှင်ဂျုဂုဘူတာက နာရီတာလေဆိပ်ကို တိုက်ရိုက်အမြန်ရထားစီးဖို့ စဉ်းစားထားပေမယ့် ပရိုမိုးရှင်းလက်မှတ်က ကြိုတင်ဝယ်ထားရမှာမို့ အစီအစဉ်ပြောင်းပြီး ရထား ၂ဆင့်လောက် ပြောင်းစီးသွားကြပါတယ်။ လေဆိပ်ကို စောစောရောက်သွားတာမို့ အေးအေးဆေးဆေးချက်ကင်ဝင်ပြီး လေဆိပ်ထဲ ဟိုငေးဒီငေးပေါ့။ ရာသီဥတုကတော့ သာသာယာယာပါပဲ၊
ကျွန်တော်တို့လေယာဉ်က နေ့လည် ၂နာရီလောက်မှ ထွက်တာမို့ ဆိုးလ်က အင်ချင်လေဆိပ်ရောက်တဲ့အခါ ညနေ ၅ နာရီ နီးပါးရှိပါပြီ။ တကယ်တော့ ပိုစောတဲ့ လေယာဉ်နဲ့ သွားသင့်တာပါ။ ဒါပေမယ့် အစောကြီးရောက်ပြီး ဟိုတယ်ချက်ကင် ဝင်လို့မရမှာစိုးတာနဲ့ လေယာဉ်ချိန်အရွေးမှားသွားတယ်။ ကျွန်တော်တို့ ပစ္စည်းတွေ ရွေးပြီးတဲ့အချိန် အပြင်ထွက်လာတော့ အချိန်နည်းနေပြီပေါ့။ အပြင်ရောက်တော့လည်း တယ်လီဖုန်းငှားတဲ့ဆိုင်တွေ ဘာတွေ ရုတ်တရက်မတွေ့တော့ ဝိုင်ဖိုင်စက်ကလေးငှားသုံးမယ်ဆိုတာကို မေ့သွားရော။ မြို့ ထဲကို Express ရထားနဲ့ သွားဖို့ နေရာရှာရတာလည်း တမှောင့်ဆိုတော့ ဘာတွေရှိမှန်းတောင် သေသေချာချာမကြည့်မိခဲ့ဘူး။ ဒီလိုနဲ့ ရထားလက်မှတ်ကောင်တာရောက်သွားတော့ ၄ယောက်စာဆို ဝမ် ၂၄၀၀၀ တဲ့။ ကိုယ်ဖတ်ထားတာ က ဒစ်စ်ကောင့်နဲ့ဆို တယောက် ၆၉၀၀ ကျရမှာဆိုပြီး သက်သာတာလား၊ ပိုပေးရတာလားဆိုတာ ပြန်တွက်နေရတယ်။ ရထားအချိန်ကလည်း ကပ်နေတာနဲ့ လက်မှတ်ဝယ်ပြီး ရထားစီးရမယ့်နေရာကို တန်းပြေးရပြန်ပါတယ်။ ရထားနားရောက်တော့ ရထားထွက်ဖို့ ၁၀ မိနစ်အလိုပေါ့။ လက်မှတ်စစ်တဲ့ ကောင်မလေးက လက်မှတ်ဝယ်တဲ့ Receipt တောင်းတော့ အင်္ကျီအိပ်ထဲက မနည်းပြန်ရှာရတယ်။ အဲဒီမှာ တွဲနံပါတ် ထိုင်ခုံနံပါတ် ရေးထားမယ် ဘယ်ထင်မတုန်း။ တွဲမှားတက်ပြီး ကိုယ်ထိုင်ခုံနေရာမှာ ထိုင်နေတဲ့သူကို သွားဖယ်ခိုင်းမိတာတော့ မပြောတော့ ပါဘူးလေ။
ကိုရီးယားခရီး ကတော့ အဲဒီလို အမှားများနဲ့ စခဲ့ပါတယ်။
-
toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf
Botazan,
flintz,
Grace,
HlaingKaLayThin,
hsumyatmoe,
Jin_kaleat,
kohtwe,
mgtanta,
MNO.BN,
monsoon,
PiNyat,
pucca,
THIHA,
ThunderHawk
-
VIMC
Wizard Cupid
HSH
-
toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 9 OD;rS aus;Zl;wif&SdMuygonf
-
VIMC
Wizard Cupid
HSH
-
toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf
Tags for this Thread
Posting Permissions
- You may not post new threads
- You may not post replies
- You may not post attachments
- You may not edit your posts
Forum Rules