ဒီထဲမရေးတော့ဘူး ဆိုပေမယ့် ရေးလိုက်ပါဦးမယ်။ ကျွန်တော်ကတော့ ထေရဝါဒ ဗုဒ္ဓဘာသာကို အရမ်းသဘောကျတယ်။ဘာသာတွေထဲမှာ ဘုရားသခင် မရှိတဲ့ဘာသာ၊ မိမိကိုယ်သာ အားကိုးရာလို့ပြောတဲ့ဘာသာ၊ မိမိကိုယ်တိုင်စဉ်းစားဆုံဖြတ်ခွင့်ပေးထား တဲ့ ဘာသာ၊ အကြောင်းရှိလို့ အကျိုး ဖြစ်တယ်ဆိုပြီးပြောထားတဲ့ဘာသာ။
အခုပြောနေကြတယ်။ ဗုဒ္ဓဘာသာမကွယ်ပျောက်အောင် ဥပဒေ ထုတ်မယ်တဲ့။ အခု forum မှာကြည့်ပါ။ ပညာတက်လူတန်းစား ဗုဒ္ဓဘာသာတွေကို ဘာသာပြောင်းမလားမေးကြည့်ပါ။ မပြောင်းဘူးပြောမှာပဲ လို့ ထင်တယ်။ ဒီတော့ တကယ်လိုတာက ပညာတက်ဖို့ပါ။ ပညာတက်ဖို့ စဉ်းစားတက်ဖို့ သင်ပေးရင် မငတ်အောင် ပြည်သူတွေကိုထားပေးရင် ဘယ်သူများ ဘာသာပြောင်းမလဲ အရမ်းသိချင်တယ်။
အရင်က ဘုန်းတော်ကြီး ပညာသင်ကျောင်းရှိတယ် ။ အသုံးလုံးသ်ငပေးတဲ့ သူတွေရှိတယ်။ စာကြည့်တိုက်တွေရှိမယ် ဆိုရင် ကိုယ်တိုင်ဖတ် ကိုယ်တိုင် ဗုဒ္ဓဘာသာကိုနားလည်ပြီး အသက်ပေးတောင်ကာကွယ်လိမ့်ဦးမယ်။ အခုတော့ ဥပဒေတဲ့။ ဒါကို သမ္မတရုံးကလည်း campaign လုပ်နေတဲ့သူကို ကာကွယ်သလိုလိုနဲ့ ပြောပေးတယ်။ ဥပမာတွေ မပေးတော့ဘူး။ အပေးခံရမယ့်သူက သင်္ကန်းစည်းထားတော့ သိပ်မပြောချင်ဘူး သင်္ကန်း မျက်နှာကြောင့်။
ဘုန်းတော်ကြီးတွေက ရဟန်းစာချရုံတင်မကဘူး ဗုဒ္ဓရဲ့ တွေးခေါ်မှုတွေပါ သင်ပေးရင် ဗုဒ္ဓဘာသာဆိုတာ မကွယ်ရုံ မကဘူး မြန်မာဆိုတာ အရမ်းစဉ်းစားတက်တယ်။ အတွေးအရမ်းကောင်းတယ် ဆိုပြီး ကမ္ဘ္ဘမှာတောင် လက်မထောင်နိုင်ဦးမယ်။
နောက်ဆုံးတော့ burma chronicle book ထဲကလို ဦးနေဝင်းကစပြီး စာဖ်သူကြီးအထိ လက်ညိုးထိုး ယိုးမယ်ဖွဲ့ လိုက်ချင်တယ်။
YTN