+ pmjyefNyD; qufa&;zdkU
Page 34 of 34
FirstFirst ... 24 32 33 34
Results 331 to 334 of 334

Thread: [mm]taz:rsm;eJY [dk[dk'D'D[/mm]

  1. #331
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Tokyo- Meiji Jingu

    ကျူးပစ်ကြီးရေ မင်္ဂလာပါ။

    မြန်မာမှာတာဝန်ကျနေတုန်းက မှန်မှန်ဝင်ဖတ်ဖို့ တောင် အနိုင်နိုင်ဖြစ်နေရပြီး၊ အခုတော့ ဝန်ထမ်းသဘာဝ နောက်တစ်နေရာ ရောက်ရပြန်ပြီမို့  အလုပ်သဘာဝ နည်းနည်းကွာတာနဲ့  စာနည်းနည်း ပြန်ရေးနိုင်မယ်ထင်ပါတယ်။

    ပြင်သစ်ကို ရောက်ခဲ့တာကလဲ တော်တော်ကြာခဲ့ပြီမို့  တော်တော် ပြန်စဉ်းစားရတာမို့  စာရေးရတာ ခရီးမတွင်ဖြစ်နေရပါတယ်။ အဲဒါနဲ့  အခုရောက်နေတဲ့ ဂျပန် ခရီးတွေ အကြောင်းပဲ ရေးရင် ကောင်းမယ်လို့  ထင်ပြီး ရေးလိုက်ပါတယ်။ပြင်သစ် အကြောင်းကတော့ နောက်မှ ပြန်ဆက်တာပေါ့နော်။

    အခုတော့ ဂျပန်ရောက်ရင် သွားတဲ့နေရာတစ်ခုဖြစ်တဲ့ Meiji Jingu ဆိုတဲ့ ဘုရားကျောင်း ရောက်ဖြစ်ခဲ့ပါတယ်။

    မဲအိဂျိဂျင်းဂုလို့ ဆိုတဲ့ ဘုရားကျောင်းက ဂျပန်ရိုးရာ ဘုရားကျောင်းဖြစ်ပြီး Yoyogi ပန်းခြံနားမှာ ရှိပါတယ်။အင်ပါယာ မဲအိဂျိနဲ့  သူရဲ့ပါရမီဖြည့်ဖက် ရှိုကင်ကို ရည်စူးပြီးဆောက်ထားတာတဲ့။ မိုးမျှော်တိုက်တွေ ဝိုင်းရံနေတဲ့ တိုကျိုမှာ နိုင်ငံအနှံ့ နဲ့  ပြည်ပမှာရောက်နေကြတဲ့ ဂျပန်လူမျိုးတွေက သစ်ပင် တစ်သိန်း နဲ့  စိမ်းစိုနေတဲ့ တောအုပ်တစ်ခုလုပ်ပြီး ဒီဘုရားကျောင်းကို ၁၉၂၀ မှာ ဆောက်ခဲ့တယ် ဆိုပါတယ်။ မူလကျောင်းကတော့ ဒုတိယကမ္ဘာစစ်မှာ မီးလောင်သွားပြီး အခုကျောင်းက ၁၉၅၈ မှာ ပြန်ဆောက်ထားတာပါတဲ့။










    ဝင် ဝင်ချင်းမှာ တိုအိလိုခေါ်တဲ့ မုဒ်ဦးကိုတွေ့ ရမှာပါ။ သစ်သားတိုင်လုံးကြီးတွေက ရှင်တိုဘုရားကျောင်းတွေရဲ့ အထိမ်းအမှတ်ပေါ့။ သစ်ပင်တွေကြားက တောတန်းလေးကို ဖြစ်ရင်း ဆာကေးစည်တွေ တန်းစီထားတာ တစ်ဖက်မှာတွေ့ ရသလို ပြင်သစ်က ဝိုင်စည်တွေကိုလည်း တစ်ဖက်မှာ တွေ့ ရပါတယ်။



    ဆာကေးစည်တွေ



    ဝိုင်စည်တွေ

    ဘုရားကျောင်းတွေရဲ့ထုံးစံ အဝင်ဝမှာ လက်ရေဆေးဖို့ နေရာလေးရှိပါတယ်။ ရေမှုတ်လေးနဲ့ ခတ် ဘယ်ဖက်ကို အရင်ဆေး၊ ပြီးရင်ညာဖက်၊ ပြီးရင် ဘယ်ဖက်လက်ထဲကို ရေထည့်ပြီး ပါးစပ် ကိုဆေး ( မှုတ်ထဲကရေနဲ့ တိုက်ရိုက်ပါးစပ်ကို မဆေးရပါ) အားလုံးပြီးရင် မှုတ်ကလေးကို ဆေးပေါ့။ များသောအားဖြင့် ဘယ်လို လုပ်ရမယ်ဆိုတာကို အစီအစဉ်တကျ ရေးပြီး ကပ်ထားတာ ရှိတယ်။





    အထဲကို ရောက်တဲ့အခါမှာတော့ အဓိက ကျောင်းဆောင်မှာ သွားရောက် ဂါရဝပြုနိုင်ပါတယ်။ ဂါရဝပြုပုံကတော့ အလှူခံပုံးထဲ အလှူငွေပစ်ထည့်ပြီး နှစ်ခါ ခါးကုန်း ခေါင်းငုံ့  အရိုအသေပေး၊ ပြီးရင် ခါးပြန်မတ်ပြီး စိတ်ထဲကဆုတောင်း၊ လက်ခုတ် နှစ်ချက်တီး ၊ ပြီးမှ တစ်ခါ ခါးကုန်းခေါင်းငုံ့  အရိုအသေပေးရပါတယ်။

    အဓိကကျောင်းဆောင်ရှေ့ မှာတော့ လာရောက်ဖူးသူတွေရဲ့ ဆုတောင်းစာ သစ်သားပြားလေးတွေ ချိတ်ထားတဲ့ သစ်ပင် ရှိပါတယ်။





    ဘေး တစ်ဖက်မှာတော့ မင်္ဂလာဆောင် မွေးနေ့  ကင်ပွန်းတပ် စတာတွေ လုပ်တဲ့ ခန်းမတစ်ခုရှိပါတယ်။





    တစ်ခေါက်မှာတော့ တိုက်တိုက်ဆိုင် ဂျပန် မင်္ဂလာဆောင်တစ်ခုနဲ့ ကြုံပါတယ်။ ရှင်တိုဘုန်းကြီးတွေ နှစ်ဖက်မိဘတွေ စုံစုံညီညီပေါ့။





    လဘ်ရွှင် ဘေးကင်း အဆောင်တွေ ရောင်းတာလဲ ရှိပါတယ်။ လက်ဆောင်အနေနဲ့ ပေးချင်ရင်တော့ သူနဲ့ ကိုက်တဲ့ အဆောင်ကို ဝယ်သွားသင့်ပါတယ်တဲ့။ ရမ်းသမ်း လက်ဆောင်မပေးသင့်ပါဘူး။

    ဒီဘုရားကျောင်းကို နိုင်ငံခြားက နိုင်ငံရေးခေါင်းဆောင်တွေ လာရောက်ကြပါတယ်တဲ့။ ထင်ရှားသူတွေက အမေရိကန် သမတဟောင်း ဂျော့ဘုသ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ ပါပဲ။

    မနက်စောစောကနေ ညနေ ၅ နာရီအထိဖွင့်ပြီး။ Meiji Jingu Harajuku မြေအောက်ဘူတာမှာ ဆင်းလို့ ရပါတယ်။ Harajuku ဆိုတာ တိုးရစ် တွေအတွက် လည်စရာတစ်နေရာဖြစ်တဲ့ နေရာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ဆို ဂျပန်မလေးတွေ ခေတ်ပေါ်၊ ခေတ်ဟောင်း ဝတ်စုံတွေနဲ့ ကာတွန်းဇာတ်ကောင်တွေလို ဝတ်ဆင်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး ဖက်ရှင်ဆိုင်တွေလည်း ရှိပါတယ်။ အချိန်နည်းနည်းပိုရင်တော့ ကပ်လျှက်မှာရှိတဲ့ Yoyogi ပန်းခြံမှာ အဲဒီကလေးတွေ တီးမှုတ် ကခုန် ပျော်ရွှင်နေတာ ဝင်ငေးနိုင်ပါတယ်။ ပန်းခြံ ဝင်ပေါက်မှာတော့ Rock အဖွဲ့ တစ်ဖွဲ့ ကခုန် နေတာကိုလည်း ခံစားရမှာပါ။




    ဂျပန်ရောက်ရင် သွားရမယ့် အမှတ်တရ နေရာတစ်ခု အကြောင်းတော့ ပြီးပါပြီ။ နောက်မှ အခြားနေရာတွေပေါ့။


    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


  3. #332
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default *sdKaqmif *rferf ESifh uifrcsD

    ခရီးတစ်ခုသွားဖို့ အစစအရာရာပြင်ဆင်ရတာ မလွယ်ကြောင်း အားလုံးသိပြီးသားပါ။ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ခရီးစဉ်တွေအပြင် မြန်မာနိုင်ငံသားပါတ်စပို့ ကိုင်ထားသူအတွက် ဗီဇာကိစ္စ က အပိုဆုပေါ့။ တကယ်တော့ ဗီဇာကိစ္စက ပထဆုံးစဉ်ကြုံတွေ့ ရမယ့်အရာပါဖြစ်ပြီး ကျွန်တော်ကတော့ သွားမယ့်နိုင်ငံရွေးပြီး တာနဲ့ အဲဒီဟာကို စပြီး စီစဉ်ရတာပါပဲ။

    ကိုရီးယားသွားကြမယ်လို့ဆုံးဖြတ်ပြီးတဲ့ အခါ ဗီဇာဘယ်လိုလျှောက်ရမလဲ အရင်လိုက်ဖတ်ရပါတယ်။ နောက်ဆုံးတော့ ကိုရီးယားသံရုံးမှာ ဗီဇာသွားတင်ရပါတယ်။ အားလုံးစနစ်တကျ နဲ့ ချောချောချူချူပါပဲ။ ရယ်စရာတစ်ခုကြုံရတာက အဲဒီက ဗီဇာလက်ခံသူက Family certificate တောင်းတော့ မပါဘူးလို့ပြောလိုက်တာပေါ့။ အဲဒီတော့ သူက မျက်နှာထားကြီးနဲ့ Why တဲ့။ သူတို့လိုအပ်ချက်ထဲမှာ ထည့်ရေးမထားတော့ ပါမသွားတာကို သူမေးပုံက ကျွန်တော်တို့ ဘာဖြေရမှန်းမသိတာတဲ့ I dont know if I need it. ဆိုတော့မှ ဘာမှပြန်မပြောတော့ပဲ ကျန်တာဆက်စစ်နေလေရဲ့။ အဲဒီနေ့ သံရုံးက အပြန်မှာတော့ အဲဒီ Why ဆိုတဲ့ မေးခွန်းပဲ ပြန်ကြားယောင် ရယ်နေမိတယ်။

    နောက်တော့ လက်မှတ်ဝယ်၊ ဟိုတယ် ဘွန်ကင်လုပ်ပေါ့။ ဒီလိုနဲ့ သွားရမယ့်နေ့မှာတော့ လေဆိပ်ကို ရထားနဲ့ထွက်ခဲ့ကြပါတယ်။ တကယ်တော့ ရှင်ဂျုဂုဘူတာက နာရီတာလေဆိပ်ကို တိုက်ရိုက်အမြန်ရထားစီးဖို့ စဉ်းစားထားပေမယ့် ပရိုမိုးရှင်းလက်မှတ်က ကြိုတင်ဝယ်ထားရမှာမို့ အစီအစဉ်ပြောင်းပြီး ရထား ၂ဆင့်လောက် ပြောင်းစီးသွားကြပါတယ်။ လေဆိပ်ကို စောစောရောက်သွားတာမို့ အေးအေးဆေးဆေးချက်ကင်ဝင်ပြီး လေဆိပ်ထဲ ဟိုငေးဒီငေးပေါ့။ ရာသီဥတုကတော့ သာသာယာယာပါပဲ၊
    ကျွန်တော်တို့လေယာဉ်က နေ့လည် ၂နာရီလောက်မှ ထွက်တာမို့ ဆိုးလ်က အင်ချင်လေဆိပ်ရောက်တဲ့အခါ ညနေ ၅ နာရီ နီးပါးရှိပါပြီ။ တကယ်တော့ ပိုစောတဲ့ လေယာဉ်နဲ့ သွားသင့်တာပါ။ ဒါပေမယ့် အစောကြီးရောက်ပြီး ဟိုတယ်ချက်ကင် ဝင်လို့မရမှာစိုးတာနဲ့ လေယာဉ်ချိန်အရွေးမှားသွားတယ်။ ကျွန်တော်တို့ ပစ္စည်းတွေ ရွေးပြီးတဲ့အချိန် အပြင်ထွက်လာတော့ အချိန်နည်းနေပြီပေါ့။ အပြင်ရောက်တော့လည်း တယ်လီဖုန်းငှားတဲ့ဆိုင်တွေ ဘာတွေ ရုတ်တရက်မတွေ့တော့ ဝိုင်ဖိုင်စက်ကလေးငှားသုံးမယ်ဆိုတာကို မေ့သွားရော။ မြို့ ထဲကို Express ရထားနဲ့ သွားဖို့ နေရာရှာရတာလည်း တမှောင့်ဆိုတော့ ဘာတွေရှိမှန်းတောင် သေသေချာချာမကြည့်မိခဲ့ဘူး။ ဒီလိုနဲ့ ရထားလက်မှတ်ကောင်တာရောက်သွားတော့ ၄ယောက်စာဆို ဝမ် ၂၄၀၀၀ တဲ့။ ကိုယ်ဖတ်ထားတာ က ဒစ်စ်ကောင့်နဲ့ဆို တယောက် ၆၉၀၀ ကျရမှာဆိုပြီး သက်သာတာလား၊ ပိုပေးရတာလားဆိုတာ ပြန်တွက်နေရတယ်။ ရထားအချိန်ကလည်း ကပ်နေတာနဲ့ လက်မှတ်ဝယ်ပြီး ရထားစီးရမယ့်နေရာကို တန်းပြေးရပြန်ပါတယ်။ ရထားနားရောက်တော့ ရထားထွက်ဖို့ ၁၀ မိနစ်အလိုပေါ့။ လက်မှတ်စစ်တဲ့ ကောင်မလေးက လက်မှတ်ဝယ်တဲ့ Receipt တောင်းတော့ အင်္ကျီအိပ်ထဲက မနည်းပြန်ရှာရတယ်။ အဲဒီမှာ တွဲနံပါတ် ထိုင်ခုံနံပါတ် ရေးထားမယ် ဘယ်ထင်မတုန်း။ တွဲမှားတက်ပြီး ကိုယ်ထိုင်ခုံနေရာမှာ ထိုင်နေတဲ့သူကို သွားဖယ်ခိုင်းမိတာတော့ မပြောတော့ ပါဘူးလေ။

    ကိုရီးယားခရီး ကတော့ အဲဒီလို အမှားများနဲ့ စခဲ့ပါတယ်။
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  5. #333
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Seoul Station, Myeong-Dong

    Airport Railroad Express (AREX) က ကားနဲ့သွားတာနဲ့စာရင်ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။ လက်မှတ်ဝယ်ပြီး တက်စီးသွားရုံပဲ။ ညနေပိုင်းရောက်နေတဲ့အတွက် အပြင်တော့ ဘာမှ မမြင်ရပါဘူး။ အပြန်မှာ အပြင်ကို မြင်ရပေမယ့်လည်း သိပ်ထူးခြားတဲ့ မြင်ကွင်းမျိုး မတွေ့ခဲ့ရဘူး။ ဒီလိုနဲ့ ဆိုးလ်ဘူတာရောက်ပါတယ်။ AREX လက်မှတ်က မြို့ တွင်းရထားလက်မှတ်တွေနဲ့ မတူတာမို့ သတ်သတ်ပြန်ထွက်ပြီး စတိုးဆိုင်က T-Money card ဝယ် ပိုက်ဆံဖြည့်ပြီး မြို့ တွင်းရထားတွေ ရှိရာဖက်ကို တက်ခဲ့ရပါတယ်။ ကျွန်တော်တို့က နံပါတ် ၄ ရထားစီးရမှာဆိုတော့ အဲဒီဖက် သွားရတာပေါ့။ အဲဒီမှာ တဆင့်ကိုတော့ စက်လှေခါးလေးစီး ပေါ့ပေါ့ပါးပါးဆင်းလာခဲ့ပြီး နောက်တဆင့်မျာတော့ စက်လှေခါးရော ဓာတ်လှေခါးပါ ရှာမတွေ့လို့ အထုတ်တွေ မပြီး လှေခါးကဆင်းရပါရော။ မောထှာ။ တကယ်တော့ နေရာတိုင်းမှာ စက်လှေခါး ဒါမှမဟုတ် ဓာတ်လှေခါးတော့ရှိမှာပဲထင်ထားတာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ရပါတယ်။
    ရထားခကတော့ ဂျပန်နဲ့ယှဉ်ရင် သက်သာတယ်ပြောလို့ရပါတယ်။ မြို့ တွင်းဘယ်စီးစီး ဝမ် ၁၂၅၀ ပဲကျတယ်။ မြန်မာငွေ ၁၂၅၀ ကျပ် ဝန်းကျင်ပေါ့။ ရထားစီးရတာကတော့ လွယ်ပါတယ်။ သိပ်လည်းမဝေးတော့ ၁၀မိနစ်လောက်နဲ့ မြောင်းဒုံးကို ရောက်ပါတယ်။ ရထား အဝင်အထွက်တွေက မှန်တွေနဲ့ ကာထားတော့ ဂျပန်က ဘူတာတွေနဲ့စာရင် ပိုပြီး လုံခြုံပါတယ်။ ရထားလမ်းပေါ် ပြုတ်မကျနိုင်တော့ ဘူးပေါ့။ ရထားပေါ်မှာကတော့ နောက်ဘူတာ အတွက် ကြေညာတဲ့ အသံကတိုးတော့ ကောင်းကောင်းမကြားရပါ။ ကလေးတွေကလည်းပြောတယ် တံခါးဘယ်ဖက်က ဖွင့်မလဲပြောတဲ့ English က Grammer မှားနေတယ်တဲ့။ ကိုယ်ကတော့ အရောက်ဖူးတဲ့နေရာမို့ ဘူတာနာမည်ပဲ အာရုံစိုက်မိပါတယ်။ ဒီလိုနဲ့ မြောင်ဒုံးကို ရောက်တဲ့အခါ ရထားကထွက် ဟိုတယ်ရှိရာ ခရီးဆက်ရပြန်ပါတယ်။ ဘူတာအထွက်ကလည်း စက်လှေခါးက တဆင့်ပဲ ရှိလို့ လက်နဲ့ မတင်ရသေးတယ်။ တကယ့်ကို မလွယ်။ ဂျပန်မှာတော့ ဘူတာတိုင်းမှာ ဓာတ်လှေခါးတစ်စင်း အနည်းဆုံးရှိတယ်။ လမ်းလျှောက်ရတာ ဝေးရင်ဝေးနိုင်ပေမယ့် အထုတ်တော့ မစရာမလိုဘူးပေါ့။

    ဘူတာကထွက်ပြီး ဟိုတယ်လမ်းညွှန်ကို ဖတ်ပြီး ဟိုတယ်ရှိရာ သွားတော့ ကိုရီဒယားဇာတ်လမ်းတွဲတွေကအတိုင်း တောင်ပေါ် လမ်းကျဉ်းလေးတွေဆီက တက်ရပြန်ပါတယ်။ ၁၅ မိနစ်လောက် မောမောပန်းပန်းလျှောက်ပြီးတော့ ဟိုတယ်ရောက်ပါတယ်။ ကျွန်တော်တို့ချက်ကင်အတွက် မန်နေဂျာက စောင့်နေလေရဲ့ အချိန်က နောက်ကျနေတာကိုး။ ရတဲ့အခန်းက ၃ ထပ်မှာ ဒီတစ်ခါတော့ သူက ကူသယ်ပေးလို့တော်ပါသေးရဲ့။ အခန်းရဲ့ ကြမ်းခင်းတွေက နွေးနေတာနဲ့ ထိုင်ပြီး ပြန်တောင်မထချင်ဖြစ်ရတယ်။ ဒါပေမယ့် ညစာစားဖို့ကလည်း လိုသေးတော့ အထုတ်တွေချပြီး အပြင်ပြန်ထွက်ပါတယ်။

    ဘူတာရဲ့ အခြားဖက်ခြမ်းကတော့ နာမည်ကြီး မြောင်ဒုံးပါ။ ရန်ကုန်တရုတ်တန်းပြန်ရောက်သလို လူတွေ တိုးမပေါက်အောင် စည်းကားနေလေရဲ့။ ကျွန်တော်တို့တွေလည်း ဗိုက်ဆာကြပြီမို့ မစားအသောက်ဆိုင်တွေသာ လိုက်ရျာကြရတာပေါ့။ ဒါပေမယ့် လမ်းတလျှောက် ဘေးတဖက်တချက်မှာရှိနေတာက အလှကုန်ပစ္စည်းဆိုင်တွေ မို့ တော်တော့်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရပါတယ်။ အထူးသဖြင့် ကိုရီးယားအလှကုန်တွေ ဈေးတန်ကြောင်း ကြားထားတဲ့ မဒမ်ကို ဆိုင်တွေထဲ မဝင်အောင် တားရဆီးရတာ တကယ်မလွယ်ပါ။ နောက်ဆုံးတော့ အပေါ်ထပ်မှာဖွင့်ထားတဲ့ ဆိုင်တဆိုင်ကို တက်ပြီး အဲဒီမှာ ရောင်းတဲ့ဟာတွေထဲက ကိုယ်နဲ့အဆင်ပြေမှာပဲ မှာစားလိုက်ရပါတယ်။ ကလေးတွေအတွက်ကတော့ ဂျပန်ထမင်းလိပ်လိုနဲ့ ဝက်သားကင် ကျွန်တော်တို့အတွက်ကတော့ ကင်ချီထမင်းသုတ်ပေါ့။ အရသာကတော့ သိပ်မဆိုးပါဘူး။
    စားသောက်ပြီး ဆိုင်တွေပတ်ကြည့်ပြီး မဒမ်အတွက် အလှကုန်တချို့ ဝယ်ကာပြန်ခဲ့ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ နောက်နေ့သွားရမယ့် နေရာတွေ အစီအစဉ်ဆွဲ ပြီး နွေးထွေးစွာ အိပ်ရာဝင်ကြပါတယ်။















    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 9 OD;rS aus;Zl;wif&SdMuygonf


  7. #334
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Gyeongbokgung Palace

    ဒုန်း . . . ဒုန်း . . . . . ဒုန်း . . . . အချက်မှန်မှန် တီးလိုက်တဲ့ ဘင်သံ၊ တွီ . . .တွီ . . . . တော် . . . တော် . . . ချွဲချွဲပစ်ပစ် မှုတ်လိုက်တဲ့ နှဲသံ တောင် . . . တောင် . . .တောင် . . . ဆိုပြီး ထွက်လာတဲ့ မောင်းသံတွေက မြေအောက်ဘူတာရုံကတက်လာတဲ့ ကျွန်တော်တို့ကို အမြန်သွားအောင် ဆွဲဆောင်နေပါတယ်။ ဆိုးလ်မြို့ ရဲ့ အထင်ကရ နန်းတော်ကြီး ၅ ခုထဲမှာ အပါအဝင်ဖြစ်တဲ့ ဂျုံဘုတ်ကုန်း နန်းတော်ကို အရောက် မှာ ကြားလိုက်ရတဲ့ အသံတွေပါ။
    ကြီးများလှတဲ့ မုဒ်ဦး နှစ်ခုကြား မြေကွက်လပ်ကြီးမှာ ကိုရီးယား နန်းတွင်းကားတွေမှာ မြင်နေကြ စစ်သူကြီးတွေ အလံကိုင်တပ်ဖွဲ့တွေက အတီးအမှုတ်တွေနဲ့ လှုပ်ရှားနေကြတာ တွေ့ပါတယ်။ သစ်သစ်လွင်လွင် အဝတ်အစားတွေနဲ့ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ခင်းကျင်းမှုဟာ Gwanghwamun Gate က အစောင့်တွေ လဲတဲ့ အခမ်းအနားပါပဲ။ နိုင်ငံခြားသားတွေ စောင့်ကြည့်ကြရာ နေရာတစ်ခုပေါ့။ သူတို့တွေ အစောင့်လဲပြီးတာနဲ့ ကျွန်တော်တို့လည်း လက်မှတ်ရုံရှိရာ သွားပြီး Combo ticket ဝယ်လိုက်ပါတယ်။ နန်းတော် ၅ ခုနဲ့ ဘုရားကျောင်းတစ်ခုအပါအဝင်မို့ အဆင်ပြေပါတယ်။
    လက်မှတ်ဝယ်ပြီးတော့ ကျွန်တော်တို့တွေ Heungnyemun Gate ကနန်းတော် အတွင်းဝင်ခဲ့ပါတယ်။ ကျောက်ခင်းလမ်းတွေနဲ့ နန်းတော် အဆောက်အဦဟာ ကျွန်တော့်အတွက် မစိမ်းလှပါဘူး။ ၁၃၉၅ခုနှစ်က ဆောက်ခဲ့တဲ့ ဒီ နန်းတော်ဟာ ဂျိုဆောင်ခေတ်မှာ ဘုရင်းများ စံရာ အစိုးရ ရုံးစိုက်ရာအဖြစ်ရှိခဲ့တာ ၁၅ရာစု ဂျပန်တွေ ကျူးကျော်ပြီး နန်းတော် မီးခတဲ့အထိပါပဲ။ အဲဒီနောက် နှစ် ၂၀၀ လောက် မသုံးခဲ့ပဲ ၁၉ရာစု အရောက် King Gojong ခေတ်မှာတော့ ပြန်လည်ထိမ်းသိမ်းပြုပြင် သုံးစွဲခဲ့တယ် ဆိုပါတယ်။ အခန်းပေါင်း ၇၇၀၀ ကျော်ကို ပြန်လည် ပြုပြင်ခဲ့တယ်တဲ့။ ၁၉၁၁ ခုနှစ် ဂျပန်လက်အောက်ခံ ကိုလိုနီ ဖြစ်အပြီးမှာတော့ နန်းတော်ကြီးကို ဂျပန်တွေက စနစ်တကျ ဖျက်စီးခဲ့ပြန်တယ်တဲ့။ ၁၉၁၆ ကနေ ၁၉၂၆ အထိ ဂျပန် အစိုးရ ရုံးကို နန်းတော်ဝင်းထဲမှာ ထားရှိခဲ့တယ်ဆိုပါတယ်။ ၁၉၈၉ လောက်မှာတော့ ကိုရီးယားအစိုးရက ပြန်လည်ပြုပြင်ရေး စတင်ခဲ့ပါတယ်။ အခုတော့ အဲဒီနေရာဟာ ပြတိုက်တခုဖြစ်နေပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးရာ ရောက်တဲ့ ခန်းခန်းနားနားပြတိုက်အကြောင်း နောက်မှ ဆက်ရေးပါမယ်။

    နန်းတော်အပေါ်ဖက်ကတော့ အစိမ်းရောင် အနီရောင်တွေလွှမ်းတဲ့ အမိုးတွေရှိပြီး အတွင်းဖက်ပိုင်းကလည်း အဲဒီအရောင်တွေလွှမ်းပါတယ်။ ရာဇပုလ္လင်ကတော့ ကျွန်တော်တို့ မြန်မာတွေလောက် မခန်းနားဘူးဆိုရမှာပဲ။ ဓာတ်ပုံလေးဘာလေးရိုက်ပြီး နောက်ဖက်ကို ထွက်လိုက်တော့ အဆောက်အဦတွေ ထပ်တွေ့ ရပြန်ပါတယ်။ နန်းတော်ဝန်းက အကျယ်ကြီးမို့ နေရာစုံအောင် ခပ်သွက်သွက် သွားကြည့်ကြရပါတယ်။

    Click image for larger version

Name:	korea2..jpg
Views:	39
Size:	101.2 KB
ID:	9604Click image for larger version

Name:	Korea1..jpg
Views:	39
Size:	88.3 KB
ID:	9605

    ရေကန်အလည်မှာ ရှိတဲ့ Gyeonghoeru (Pavilion) ကတော့ အေးချမ်းလှပရိုးရှင်းတဲ့ ကိုရီးယားစတိုင် အဆောက်အဦပါ။ အခုခေတ်ပိုက်ဆံ ဝမ် တစ်သောင်းပေါ်မှာ အမှတ်တရ ထည့်သွင်းထားပါတယ်။

    Click image for larger version

Name:	korea3..jpg
Views:	40
Size:	59.6 KB
ID:	9606Click image for larger version

Name:	korea4..jpg
Views:	39
Size:	85.9 KB
ID:	9607
    Reply With Quote   

  8. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts