+ pmjyefNyD; qufa&;zdkU
Page 32 of 34
FirstFirst ... 22 30 31 32 33 34 LastLast
Results 311 to 320 of 334

Thread: [mm]taz:rsm;eJY [dk[dk'D'D[/mm]

  1. #311
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    KL မှာဈေးဝယ်ထွက်တာက အမှန်ဆိုရင် ဘူးဂစ်ဘင်တန် ရောက်ရင် ကိစ္စပြတ်ပါတယ်။ အဝတ်အစားအတွက် အဲဒီနားတဝိုက် Pavallion, Sungei Wang , Lot 10, Fahrenheit 88 စတဲ့ရှော့ပင်းမောလ်တွေ အစုံ၊ အိုင်တီ ကွန်ပြူတာနဲ့ပါတ်သက်တာတွေက Plaza Low Yat အားလုံးဟာ တစ်ခုနဲ့တစ်ခု ခဲတစ်ပစ် အကွာအဝေးမှာချည်းပဲဆိုတော့ လျှောက်ရင်း ရောက်မှန်းမသိ ရောက်သွားပါတယ်။



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us

    ကလေးတွေအတွက်တော့ သိပ်မကောင်းဘူးပေါ့လေ။ လူကြီးတွေ ငမ်းသမျှ သူတို့မှာ စိတ်မဝင်စားပဲ လိုက်ရရှာတာ။ သူတို့တွေ ကစားဖို့ Time Square ဖက်ကို လက်ပို့ပေးရင် ရပေမယ့် သူတို့တွေကလည်း သိပ်စိတ်မပါဘူး ဆိုတာနဲ့ ဈေးဝယ်တဲ့အလုပ်ပဲ လုပ်ရတာပေါ့။

    ဟိုမောလ်ဝင်လိုက် ဈေးတွေ ကြည့်လိုက် ဒီမောလ်ဝင်လိုက် ဈေးတွေ ကြည့်လိုက်နဲ့ တော်တော် ပတ်ဖြစ်ပါတယ်။ ကေအယ်လ်မှာ ကျွန်တော်တို့ ကြိုက်တာကတော့ မိန်းကလေးစီးဖိနပ်နဲ့ လက်ကိုင်အိတ်တွေပါ။ ဈေးအသင့်အတင့်နဲ့ မလေးရှားထုတ် လက်ကိုင်အိတ်တွေက ရန်ကုန်မှာ ဝင်တဲ့ တရုတ်လက်ကိုင်အိတ်ဈေးလောက်ပဲ ပေးရပေမယ့် တော်တော် အသုံးခံတာ တွေရတော့ ဒီတစ်ခေါက်လည်း အဲဒါတွေ လိုက်ကြည့်ဖြစ်ပါတယ်။

    လက်ကိုင်အိတ်၊ လွယ်တဲ့အိတ် အကြီးအသေးအစုံ အမျိုးအစားအစုံကို ပရိုမိုးရှင်းချတဲ့နေရာမှာ ပုံထားတာ ဟီးထလို့၊ ကြိုက်သလောက်ဖွ ဘယ်သူမှ ညူစူစောင်းမြောင်းမယ့်သူ မရှိ၊ ယူမှာလား လိုက်မေးမယ့်သူ မရှိ၊ ၃၀ရာနှုန်းကနေ ၇၀ ရာနှုန်းအထိ ချထားတာတွေ ရှိတဲ့အတွက် ဈေးရယ်၊ ဒီဇိုင်းရယ်၊ ပစ္စည်းအမျိုးအစားရယ် ဘယ်ဟာတန်သလဲဆိုတာ အဖြေရှာဖို့ တော်တော် ဦးနှောက်စားရပါတယ် ( ကျွန်တော်တော့မဟုတ်ပါဘူး။ ဘယ်သူရှိမလဲ မိန်းမပေါ့ ) ကျွန်တော်ကတော့ ဈေးကို အမြန်အကဲဖြတ်ပြီး လှတယ် မလှဘူး အဖြေပေးဖို့ အလျှင်အမြန်တွက်ချက်ရပါတယ်။ ဈေးနည်းပြီး မလှတာကို လှတယ် မပြောမိဖို့ကလည်း လိုသေးတယ်။ အဲဒီလိုပြောမိလို့ ကိုယ့်ကို မတိုင်ပင်ပဲ လှတာတွေ စွတ်ဝယ်ရင် ကျွန်တော့်ကလည်း ATM မဟုတ်တော့ခံနိုင်မှာ မဟုတ်ဘူး ဆိုတော့ ဈေးသိပ်မဆိုးတဲ့ ဒီဇိုင်းကလည်း သူကြိုက်မယ်ထင်တဲ့ဟာတွေမှာ တိုက်တိုက်တွန်းတွန်းလေးနဲ့ အဖြေပေးရပါတယ်။ ( မကြာမီ အိမ်ထောင်ပြုမည့်သူများ အတွက် Tips ပေါ့ ). နာမည်ကြီး တံဆိပ်တွေလည်း ၅၀ ရာနှုန်းလောက် ဈေးချထားပါတယ်။ Gucci တို့ဘာတို့ပေါ့။ ဈေးချထားပေမယ့် တစ်လုံးကို မြန်မာငွေ တစ်သိန်းနီးပါးတော့ ကျပါသေးတယ်။ အဲဒီလို နာမည်ကြီး တံဆိပ်တွေက ယူအေအီးဖက်မှာ သိပ်ဈေးချလေ့ မရှိဘူး။

    အိတ်တွေက များလွန်းတော့ ဘာရွေးရမှန်း မသိဘူး ဖြစ်နေလို့ လှတယ်ထင်တာသာ ကောက်ယူဖို့ လောရသေးတယ်။ တစ်လုံးချင်း ကိုယ့်အိမ်မှာ ကိုယ်ကြည့်ရင်တော့ လှမှာပါ။ ဒါပေမယ့် အိတ်အများကြီး ထဲမှာတော့ တစ်ခုနဲ့ တစ်ခု သိပ်မကွာလှဘူးပေါ့။ နောက်ဆုံးတော့ သူ့အတွက်ရော အစ်မတွေအတွက်ပါ ၃-၄ လုံး ဝယ်ပြီး ပြန်ခဲ့ကြပါတယ်။ အိတ်ကိစ္စပြီးခါမှ အလှကုန်ဖက် လှည့်တယ်။ အဲဒါကတော့ ကျွန်တော်က လုံးဝအကြံမပေးတတ်တာကြောင့် ကျွန်တော့်အတွက် အဝတ်အစားတွေ လိုက်ကြည့်ရတယ်။ ယောက်ျားဝတ် ရှပ် အင်္ကျီ တံဆိပ်အမျိုးမျိုး ဈေးတွေ ချပါတယ်။ ၆၀ % လောက်ဆိုတော့ ဝယ်ပျော်တာပေါ့။ မလေးရှား က စင်္ကာပူလိုပါပဲ ၁၀၀% ကော်တွန် ရှပ်အင်္ကျီတွေ လူကြိုက်များတာပေါ့။ စတိုင် ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေလည်း ၅၀- ၆၀% ချတာတွေ တွေ့တာပါပဲ။ အာရှနိုင်ငံတွေဆိုတော့ ကိုယ့်ခါးဆိုဒ်နဲ့ အရှည်ကို အလွယ်တကူ ရှာလို့ရတယ်။ ယူအေအီး ဖက်မှာက ချတာတွေ့ရင် ခါးဆိုဒ်က ၃၈- ၄၀ ဆိုတော့ မဖြစ်သေးဘူး။

    ကျွန်တော့်အတွက်လည်း ဘောင်းဘီလေး တစ်ထည်နှစ်ထည်ရ၊ သူ့အတွက်လည်း အလှကုန် ပစ္စည်းတွေ ရတာမို့ ဒီနေ့ ရည်ရွယ်ချက်အောင်မြင်စွာ ပြီးဆုံးခဲ့တယ် ဆိုရမှာပေါ့။ ညဖက် ဟိုတယ် ပြန်ရောက်တော့ ပြည်တော်ပြန်ဖို့ အထုတ်အပိုး ပြင်ရပါတယ်။ အမျှော်အမြင်ကြီးကြီး အိတ်ပြော့တစ်လုံး ထည့်ယူလာခဲ့တာ ကံကောင်းသွားတယ်။ မဝယ်ြ့ဖစ်ဘူးဆိုပြီး အိတ်တွေ မဆံ့တော့တာကြောင့် အဲဒီ ယူလာတဲ့ အိတ်ထဲမျှထည့်ရတာပေါ့။ လူကြုံပေးကိုလည်း သယ်ရသေးတာမို့ အဲဒီအိတ်လည်း နောက်ဆုံး ဖောင်းကားသွားပါတော့တယ်။

    လေဆိပ်ဆင်းတဲ့အခါ ဟိုတယ်ရှေ့မှာ လာထိုးထားတဲ့ တက္ကစီကိုပဲ ငှားလိုက်ပါတယ်။ အဲဒီတက္ကစီက ဗင်ကားလိုမျိုးမို့ မိသားစုတွေအတွက် အဆင်ပြေတယ်။ အရင်လို ဆလွန်းဆိုရင် အထုတ်တွေနဲ့ မဆန့်တာမို့ တော်တော် ဒုက္ခရောက်ခဲ့တာကိုး။ လေဆိပ်ကို ရောက် ချက်ကင်နဲ့ အင်မီဂရေးရှင်း ဖြတ်ပြီးတဲ့ အခါ လေဆိပ် ဂျူတီဖရီးမှာ အလှကုန် ဝယ်ဖို့ ရှာသေးတယ်။ ဒါပေမယ့် မလေးရှားလေဆိပ်က စင်္ကာပူနဲ့ ထိုင်းလေဆိပ်တွေလောက် ဆိုင်မများဘူး။ ပစ္စည်းအမျိုးအမည်လည်း နည်းတာကြောင့် ဝယ်လို့မကောင်းဘူးလို့ မဒမ်က ညဉ်းပါတယ်။ ဝယ်လို့မကောင်းတော့လည်း ပိုက်ဆံ မကုန်တော့ဘူးပေါ့ဗျာ။

    ရန်ကုန်လေဆိပ်ရောက်ပြီး အိတ်တွေ ပြန်ရွေးတော့ ကျွန်တော်တို့ရဲ့ အိတ်တလုံးမှာ ဓားနဲ့ခွဲထားသလို ပြဲနေတာတွေ့ရလို့ လေဆိပ်မြေပြင် ဝန်ထမ်းတွေနဲ့ သွားပြောပြီး ဘာလုပ်ပေးမှာလည်း မေးရ ဖောင့်ဖြည့်ရပါသေးတယ်။ အိမ်ရောက်မှ စစ်ကြည့်တော့ အထဲမှာ ဘာမှမပျောက်ရှလို့ တော်ပါသေးရဲ့ အိတ်အကောင်းတစ်လုံးတော့ ပျက်စီးသွားတာပေါ့။ နောက်ရက်တွေမှာ မလေးရှားလေကြောင်းကို သွားပြတော့ သူတို့က ပြင်ပေးမယ်ဆိုပြီး ပြန်ပြင်ပေးပါတယ်။ ရုပ်သိပ်မဆိုးပေမယ့် အကောင်းအတိုင်းတော့ ဘယ်ဟုတ်ပါတော့မလဲ။

    အဲဒီအဖြစ်အပျက်လေးက လွဲလို့ အားလုံး အဆင်ပြေတဲ့ ခရီးတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။


    နောက်ခရီးတစ်ခုမှာ ပျော်ပျော်ပါးပါး ပြန်ဆုံကြသေးတာပေါ့။

    ရွှင်လန်းချမ်းမြေ့ကြပါစေ . . . . .
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  3. #312
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default xGufawmfrl eef;ucGm

    နှစ်နှစ်ကြာနေလာတဲ့နေရာတစ်ခုကနေ အပြီးအပိုင် ပြောင်းရွှေ့ဖို့ ပြင်ဆင်ရတော့ စိတ်ထဲမှာ ကိုယ့်အိမ်တစ်လုံးကို စွန့်ခွာရသလို ခံစားရမိရဲ့။

    အပြောင်းအလဲဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုမို့ ခံစားချက်တွေ ခဏမေ့ သိမ်းစရာရှိတာ သိမ်းထုတ်ပြီးတဲ့အခါ ရောက်လာခါစလို အိမ်ခန်းခွံတစ်ခုအဖြစ် ကျွန်တော်တို့ အခန်းလေးက ကျန်ခဲ့ပါတော့တယ်။ ဘာမှမရှိတော့တဲ့ အိမ်ခွံတစ်ခုမှာ ညအိပ်ဖို့ အဆင်မပြေတာမို့ ဒီတစ်ညတော့ နားခိုဖို့နေရာ လိုလာပြီပေါ့။ အဲဒါနဲ့ ကြိုတင်စီစဉ်ထားတဲ့ ဟိုတယ်တစ်ခုကို ကျွန်တော်တို့တွေ ထွက်လာခဲ့ကြပါတယ်။

    ဟိုတယ်က ရှော့ပင်းမောလ်နဲ့တွဲနေတာမို့ အချိန်တွေ ပိုနေမှာ မပူရဘူးပေါ့။ Beach Rotana မှာချက်ကင်လုပ်ပြီး အခန်းဝရန်တာက အပြင်ကို ကြည့်တော့ ဆောက်လုပ်ဆဲ ကျွန်းကလေးကို မြင်နေရတယ်။ နောက်တစ်ကြိမ်ရောက်လာခဲ့ရင် ဒီနေရာတွေဟာ လည်ပတ်လို့ကောင်းတဲ့ ဈေးဝယ်စင်တာ၊ လူနေအိမ်တွေ အဖြစ်တွေ့ရမှာ အသေအချာ။



    Uploaded with ImageShack.us

    ခဏနားကြပြီး ရှော့ပင်းမောလ်ဖက် ညစာစားထွက်ခဲ့ကြတယ်။ အဲဒီမှာ ညစာစားပြီး ဆိုင်တွေ လျှောက်ပတ်ကြည့် ညောင်းလာတော့ ပြန်ကြမယ်ဆိုပြီး ဟိုတယ်ပြန်လာကြတယ်။ အမှန်တော့ ညဖက် ဟိုတယ် ရေကူးကန်ဖက် ဆင်းကြည့်ရမှာ အခုတော့ ကလေးတွေက အိပ်ချင်တယ်ပြောတာနဲ့ ဘယ်မှ မဆင်းပဲ အခန်းထဲမှာတင် နားကြတာပေါ့။ အဲဒါက နောက်နေ့မှာ နောင်တရစရာ ဖြစ်ရော။

    နောက်တစ်နေ့ မနက်စာ ဟိုတယ်မှာ စားပြီး ရေကူးကန်ဖက်ထွက်ကြည့်တော့ မှ တော်တော် လှတာတွေ့ရတယ်။ ကိုယ်ပိုင် ကမ်းခြေလေးလည်း တွေ့တာမို့ ညကသာ ဆင်းကြည့်မိလို့ ဒီလိုမှန်းသိရင် မနက်စောစော ထ ကမ်းခြေမှာ ဆော့လို့ ရရဲ့ လို့ နောင်တ ရမိပါတယ်။



    Uploaded with ImageShack.us



    Uploaded with ImageShack.us

    ဒါကြောင့်လည်း ဒီဟိုတယ်က မြို့ထဲမှာ ရှိပြီး Beach လို့ထည့်မှည့်ထားတာပါလား ဆိုပြီး နားလည်လိုက်တယ်။ အခုတော့ ဟိုဟိုဒီဒီ လျှောက်ပြီး အချိန်မရတော့တာမို့ အခန်းကို ပြန်တက်လာခဲ့ကြရပါတယ်။



    Uploaded with ImageShack.us

    ဒီတစ်ခေါက် အိမ်အပြန်ခရီးက ဒူဘိုင်းလေဆိပ်က တဆင့် လေယာဉ်စီးမှာ မို့ ဒူဘိုင်းမှာ တစ်ညအိပ်ရ ဦးမှာပါ။ ပြီးတော့ ယူအေအီး ရောက်ရင် မသွားမဖြစ် သွားရမယ့် ခရီးစဉ်တစ်ခုလည်း စီစဉ်ထားတာမို့ နေ့လည်လောက်မှာ အဘူဒါဘီ က ဒူဘိုင်းကို ထွက်ခဲ့ ကြပါတယ်။


    နေရစ်ခဲ့တော့ အဘူဒါဘီရေ . . . . ကံမကုန်သေးရင် ပြန်ဆုံရ ဦးမှာပေါ့

    Reply With Quote   


  4. #313
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ကျွန်တော်တို့ကို ကြိုဆိုတဲ့ ဒူဘိုင်းဟာ ၄-၅လ အတွင်းဘာမှ မပြောင်းလဲသေးပါဘူး။ တောကနေ မြို့တက်သလို ခံစားရအောင် မိုးမျှော်အဆောက်အဦတွေ တသီတသန်းကြီးတွေ့ရတဲ့ ဒူဘိုင်းက နွေးနွေးထွေးထွေးကြိုနေပါတယ်။ ကြိုတင် ဘွတ်ခ်လုပ်ထားတဲ့ ဟိုတယ်ဆီ တန်းသွား ချက်ကင်လုပ်ပြီးတာနဲ့ ဖုန်းတွေ တောက်လျှောက် လိုက်ဆက်ရပါတယ်။ ဒီနေည ကျွန်တော်တို့တွေ Desert Safari သွားမှာကိုး။

    သူတို့နဲ့ အဆက်အသွယ်ရပြီးတဲ့နောက် နေ့လည်စာစားဖို့ အပြင်ခဏထွက်ခဲ့ကြပါတယ်။ နီးနီးနားနားဆိုင်မှာပဲ အရသာ သိပ်မရှိလှတဲ့ ပီဇာကို ပီဇာဟတ်ရဲ့ဈေးထက် ပိုပေးပြီး စားလိုက်ရပါတယ်။ ဆိုင်များများစားစား ရွေးစရာမှ မရှိပဲကိုး။ ကားဆရာက ကျွန်တော်တို့ကို လာခေါ်မယ့် အချိန်ထက်နောက်ကျတာမို့ ထပ်ပြီး ဖုန်းဆက်ရပြန်ပါတယ်။ ကားပိတ်နေလို့ဆိုတဲ့ အကြောင်းပြချက် နဲ့ဆိုတော့ ခွင့်လွှတ်ရတာပေါနော် . . . .

    စောင့်ရတဲ့သူက ပို ကြာတယ်ထင်တယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ တမေ့တမောစောင့်အပြီးမှာ ကားရောက်လာပါတယ်။ ရိုးရာဝတ်စုံနဲ့ ပျော်ရွှင်တတ်ပုံရတဲ့ ကားဆရာက Land cruiser ကားဖြူကြီးနဲ့ အင်္ဂလိပ်လူမျိုး စုံတွဲတစ်တွဲလည်း ကားထဲမှာ ရှိနေတယ်ဆိုတော့ ကျွန်တော်တို့ မိသားစုတက်အပြီးမှာ ကားကပြည့်သွားပြီပေါ့။ ကျွန်တော်က စုရပ်သွားပြီး ကားလဲမှာလားဆိုတော့ သူက တခါတည်းတန်းထွက်မှာတဲ့။ အိုမန်ဘက်ကို သွားတဲ့ အမြန်လမ်းမကြီးပေါ် ကီလို ၆၀ လောက်သွားပြီးတဲ့ အခါ သဲကန္တာရထဲ မဝင်ခင် နားတဲ့နေရာ ရောက်ပါတယ်။ အချိုအချဉ်ကစလို့ စားစရာ၊အသုံးအဆောင်တွေ ရောင်းတဲ့ဆိုင်ကလေးမှာ အပေါ့အပါး သွားပြီး ခဏနားကြပါတယ်။



    အဲဒီအချိန်ကျမှ ကျွန်တော်တို့လည်း ခရီးစဉ်အတွက် လက်မှတ်ဖိုးပေးရတယ်။ သူတို့က ဈေးမျိုးစုံနဲ့ ရောင်းထားတာဆိုတော့ ကျွန်တော်တို့ ဝယ်ထားတဲ့ လက်မှတ်က တစ်စောင်ဝယ် တစ်စောင်ရတဲ့ ပရိုမိုးရှင်းလက်မှတ်ခဆိုတော့ သူများထက်စာရင် ဈေးသက်သာတာပေါ့။ ဒါကြောင့် ဈေးပိုပေးရတဲ့ သူတွေရှေ့မှာ သူက ပိုက်ဆံမတောင်းတာ။ ပြီးတော့ ဒီဈေးပဲ ပေးရတယ်ဆိုပြီး မပြောပါတဲ့လို့ ပိတ်သေးတယ်။

    ခဏနားပြီး ပြန်ထွက်တော့ သဲကန္တာရရဲ့အစပေါ့။ ကီလို ၂၀ လောက် မောင်းပြီး ကုလားအုပ်ခြံတစ်ခု ရောက်ပါတယ်။ အဲဒီမှာ ကုလားအုပ်တွေနဲ့ ဓာတ်ပုံရိုက်ပေါ့။



    သူကလည်း ကားဘီးလေလျှော့ ရပါတယ်။ ဒါမှ သဲထဲမှာ ရုန်းနိုင်မှာကိုး. . . . အဲဒီခြံက အထွက်မှာတော့ Sand Dunes တွေအစပါ။



    တောင်နိမ့်နိမ့်လေးတွေကနေ စပြီး ပိုပြီး မြင့်တဲ့ သဲတောင်တွေပေါ်ကို တောင်ထိပ်ပေါ်မှာ ဘီးတစ်လုံးနဲ့ မိအောင် မောင်းတာဆိုတော့ ကားက အမြဲစောင်းနေတာပေါ့။ အမြင့်ပေါ်တက်ပြီး ထိပ်ဆုံးရောက်သွားရင် ဟိုဖက်မှာ ချောက် . .. အဲဒီချောက်ထဲကို တစ်ခါတစ်လေ ထိုးဆင်းတာဆိုတော့ နိမ့်လိုက် မြင့်လိုက် ရိုလာကိုစတာ စီးနေရသလိုပဲ။ မောင်းတဲ့သူကလည်းလည်း ခရီးသည် အကြိုက် ဖြေးဖြေးမောင်းလိုက်မြန်မြန်မောင်းလိုက်နဲ့ အထဲမှာတော့ အဖြူမနဲ့ ကျွန်တော့် ကလေးတွေရဲ့ အော်ဟစ်သံတွေ ဆူညံနေတာပဲ။ ကလေးတွေက မခံနိုင်တော့ဘူး ရပ်ပေး ရပ်ပေးနဲ့ အမျိုးသမီးကတော့ ကြွပ်ကြွပ်အိပ် အဆင်သင့် ပြင်ထားရတယ်။။ ဘယ်တော့ အန်မလဲဆိုပြီး။

    လမ်းမှာ အပြန်ကားတစ်စီးတွေ့လို့ မေးကြည့်တော့ ခရီးသည်တစ်ယောက်က မခံနိုင်တော့ လို့ ပြန်ပို့ရတာ ဆိုပဲ။ ကျွန်တောလည်း ကားမူးတတ်သူဆိုတော့ မအန်အောင် မနည်း ထိန်းထားရတယ်။ တစ်ခါတစ်လေ ကားက မောင်းနေရင်း အိပြီး ကျသွားတာဆိုတော့ ဘေးတိုက်ရော အရှေ့ကိုပါ သွားတဲ့ သဘောမို့ အရွေ့အာရုံတွေ ရှုပ်ကုန်တာပေါ့။ နောက်ဆုံး အန်တော့မယ့် အချိန်မှာ ကားရပ်လိုက်တာမို့ ကားပေါ်က ခုန်ဆင်း ပြင်ပလေ မြန်မြန်ရှုရပါတယ်။ ကလေးတွေကိုလည်း အမြန် ကားအောက်ချရတာပေါ့။

    တကယ်တော့ နည်းနည်းထပ်သွားလို့ရပါသေးတယ်။ ဒါပေမယ့် ကားပေါ်ကလူတွေ မခံနိုင်တော့တာမို့ ကားဆရာက အလျှော့ပေးလိုက်တာပါ။



    သဲကန္တာရထဲမှာ လေတဖြူးဖြူးခံစားရင်း နေဝင်ချိန် အလှကို ကြည့်ဖို့က Desert Safari ရဲ့အနှစ်ပါ။



    ခပ်လှမ်းလှမ်းမှာ နားနေကြသူတွေကိုလည်း လှမ်းမြင်ရပါတယ်။ ကလေးတွေကတော့ သဲပေါ်ရောက်တာနဲ့ အန်ချင်တာတွေပျောက် ပျော်ပြီး ဆော့နေကြပြီ။ Dune ရဲ့ထိပ်မှာ ခုန်ပြီး မြေကြီးနဲ့ ပြန်မထိသေးတဲ့အချိန် ရိုက်ထားတဲ့ ဓာတ်ပုံကတော့ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ စိတ်လှုပ်ရှားမှု ပြန်အပေးနိုင်ဆုံး ဓာတ်ပုံတစ်ပုံပါ။

    တချို့တွေကတော့ ပြန်ကုန်ကြပြီ . . . .



    ကျွန်တော်တို့လည်း ကလေးတွေကို ငါးမိနစ်လောက် ထပ်ပေးဆော့ပြီး ပြန်ဖို့ ပြင်ကြပါတယ်။ . . . .
    Reply With Quote   


  5. #314
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ကစားပြီးကြလို့ ကားပေါ်ရောက် ကားစထွက်တာနဲ့ အရင်ကအန်ချင်သလို ပြို့ချင်သလိုတွေ ချက်ချင်းပြန်ပေါ်လာတာမို့ ကလေးတွေကဂျီကျပါတော့တယ်။ အပြန်လမ်းဆိုတာလည်း အသွားလမ်းလိုပဲမို့ အတက်အဆင်းအနိမ့်အမြင့်တွေ၊ ရုတ်တရက်နိမ့်ဆင်းသွားတာတွေက ကလေးတွေကို မူးသည်ထက်မူးစေတာပေါ့။ တော်သေးတာက အပြန်ခရီးတောက်လျှောက်မဟုတ်ပဲ လမ်းမှာ ညစာစားဖို့ နေရာတစ်ခု ဝင်ပေးပါသေးတယ်။ အဲဒါကလည်း Package ထဲမှာအပါပေါ့။ ကျွန်တော်တို့ကားရောက်တဲ့ အချိန်မှာ ကားတော်တော်များများလည်း ရောက်နေကြပါပြီ။

    ကုလားအုပ်မွေးမြူရေးခြံတွေမှာ ဒီလို ခရီးသွားအဖွဲ့တွေက ပေါင်းပြီးစီစဉ်ကျွေးမွေးကြတာပါ။ ကုလားအုပ်ခြံဆိုတာကလည်း သဲကန္တာရထဲမှာ နေရာအကျယ်ကြီး ယူထားတာဆိုတော့ ဘယ်သူ့ကိုမှ အားနာစရာမလိုဘူးပေါ့။ ဘေးပတ်ပတ်လည်မှာ ကျူထရံတွေနဲ့ ကာထားတဲ့အတွက် လေပြင်းပြင်းတိုက်ရင်တောင် ထမင်းစားပွဲတွေထဲ သဲအများကြီး မဝင်နိုင်ဘူးပေါ့။ ကုလားအုပ် ကြိုက်သလောက်စီးလို့ရတယ်လို့ ပြောထားပေမယ့် ကုလားအုပ်မောင်းဆရာက တစ်ယောက်တစ်ခါနှုန်းပဲတဲ့။ နောက်တစ်ခေါက်စီးချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ပြောတာနဲ့ တစ်ခေါက်နဲ့ပဲ ကြေနပ်လိုက်ပါတယ်။
    သဲတောထဲမှာ ဆိုင်ကယ်မောင်းချင်တယ်ဆိုရင်လည်း ပိုက်ဆံပေးပြီး မောင်းလို့ရပါတယ်။ လူငယ်တွေကတော့ ဆိုင်ကယ်ရှိတဲ့နေရာ အပြေးအလွှားသွား မောင်းနေ စီးနေကြတာ တွေ့ရတယ်။

    ကျွန်တော်တို့ကတော့ အထဲမှာရှိတဲ့ဆိုင်တွေ ဝင်ငေးပြီး အောက်မှဖင်ချထိုင်လို့ရအောင်လုပ်ထားတဲ့ စားပွဲလေးတွေမှာ ဝင်ထိုင်ကြပါတယ်။ အအေးကိုတော့ အခုလို ဆိုင်ကလေးက လိုသလောက် ငှဲ့ပေးပါတယ်။





    ခြေလက်ဆေး ခဏနားကြတဲ့ အချိန်မှာ လက်မှာ ဟာနာဆွဲတာတို့ အာရပ်အဝတ်အစားနဲ့ ဓာတ်ပုံရိုက်တာတို့ လုပ်လို့ရပါတယ်။ အဲဒါတွေအကုန်လုံးကလည်း အခမဲ့ပါ။




    ဒီတစ်ခါတော့ ကလေးတွေက တက်တက်ကြွကြွ ဟာနာဆွဲချင်တယ်ဆိုလို့ သူတို့ကို လုပ်ပေးရသေးတယ်။ ကျွန်တော်ကြည့်တော့ ရွံ့ပျော့ပျော့နဲ့ ကနုတ်ပန်းထိုးသလို လုပ်ပေးတာပဲ ရွံ့ကွာသွားရင် ပျောက်သွားပြီ အောက်မေ့တာ ဘယ်ဟုတ်မလဲ သူက အသားမှာ စွဲကျန်ခဲ့တာကိုး။ အဲဒါကို မသိတော့ မခြောက်ခင် သူတို့မောင်နှစ်မနှစ်ယောက် ဆော့ရင့် ပုံပျက်သွားလို့ သားတော်မောင်က ဝမ်းနည်းနေသေးတယ်။

    ခဏကြာတော့ ထမင်းစားလို့ရပါပြီလို့ ကြေညာတယ်။ ထမင်းစားတဲ့ရုံမှာ သွားတန်းစီကြတာပေါ့။ အစားအသောက်တွေကတော့ ကြိုက်တာယူစားလို့ရတဲ့ ဘူဖေးပါ။ ကြက်သားကင်၊ ဆိတ်သားကင်တွေတော့ တစ်ယောက် နှစ်ခု သုံးခုစီထည့်ပေးပါတယ်။




    စားရတာ အဆင်ပြေပါတယ်။

    စားပြီးကြတဲ့ အခါ . . . . .
    Reply With Quote   

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  7. #315
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    စားပြီးတဲ့ အခါမှာတော့ ဆိုင်းသံဗုံသံတညံညံနဲ့ အကအလှတွေ ဖျော်ဖြေပွဲပေါ့။

    အရောင်စုံဝတ်ထားတဲ့သူတစိယောက်ဘေးမှာတွေ့တာကြောင့် ဘာများလုပ်မလဲ ကြည့်နေတာ သူက ဖျော်ဖြေရေးသမားဖြစ်နေတာကိုး။ အလယ်မှာရှိတဲ့ သစ်သားစင်မြင့်ကလေးပေါ်မှာ အာရပ်တီးလုံးနဲ့ မြူးမြူးကြွကြွ ကသွားတာတော်တော်လေးကို ကြည့်လို့ကောင်းပါတယ်။


    Click image for larger version

Name:	desert6..jpg
Views:	510
Size:	94.6 KB
ID:	8038
    နာရီဝက်လောက် သူ ကပြီးတော့ Belly Dance အကအလှည့်ပါ။ ဗိုက်သားပြည့်ပြည့်လေးနဲ့ အသက်အနည်းငယ်ကြီးသယောင်ရှိတဲ့ Belly Dancer က ရိုးရာတီးလုံး တွေ နဲ့ အနှေးရော အမြန်ပါ ကသွားတာတော်တော်လေး ကြည့်လို့ ကောင်းပါတယ်။ သူကလည်း နာရီဝက်သာသာ က သွားတယ်ဗျ။ ကြည့်နေတဲ့သူတွေနားမှာ ဝဲကာ ဝဲကာ ကသွားတာမို့လည်း အနီးကယ် မြင်တွေ့ကြည့်ရှုအားပေးလိုက်ရပါတယ်။

    Click image for larger version

Name:	Desert12..jpg
Views:	514
Size:	91.5 KB
ID:	8036Click image for larger version

Name:	desert13..jpg
Views:	510
Size:	33.5 KB
ID:	8037
    အကတွေအားလုံးပြီးသွားတော့ ပြန်ဖို့ အချိန်ကျပြီပေါ့။ အားလုံး ကိုယ့်ကားပေါ် ကိုယ်တက် ပြီး အဲဒီစခန်းကနေ ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ ဟိုတယ် အထိပြန်မလိုက်ပဲ ရှေ့ပင်းမောလ်တစ်ခုမှာ ဝင်ပတ်လိုက်သေးတယ်။

    ကားသမားရဲ့အဆိုအရ တစ်ချို့ ကားသမား (သို့) တိုးကုမ္ပဏီတွေဟာ သဲကန္တာရ အစပ်လောက်ပဲ ပို့ပြီး ညာတတ်ကြတာလည်း ရှိတယ်တဲ့။ သဲကန္တာရအလည်မရောက်တော့ သဲတောင် မြင့်မြင့်တွေ မတွေ့ရဘူးပေါ့။ ကျွန်တော်တို့ အသိတစ်ယောက် အရင်တစ်ခါသွားတုန်းက သိပ်ပျော်စရာ မကောင်းဘူး ဆိုတာ အဲဒါမျိုးနဲ့ မိသွားလို့ထင်တယ်။ ဒါကြောင့် ကျူးပစ်တွေ သွားဖြစ်ရင် သေသေချာချာ မေးစမ်း သွားကြဖို့ တိုက်တွန်းချင်ပါတယ်။

    ဘာပဲပြောပြော ဒီခရီးစဉ်လေးကတော့ ကျွန်တော့်တို့ ဘဝမှာ အတွေ့အကြုံတစ်ခု အဖြစ်အမှတ်ရနေမှာပါ။

    နောက်ခရီးတစ်ခုမှာ ပြန်ဆုံကြသေးတာပေါ့။

    (ဆက်တိုက် မရေးဖြစ်ပဲ ၃ လ လောက်ပစ်ထားလိုက်ရတဲ့ အတွက် တောင်းပန်ပါတယ်နော်။ )
    Reply With Quote   

  8. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  9. #316
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default at;aom vSaom wdkif;jynfodkU

    လွန်ခဲ့တဲ့ ဧပြီလက ခရီးတစ်ခု သွားဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မိသားစုနဲ့အတူ သွားဖို့ စိတ်ကူးထားတဲ့ နေရာဖြစ်ပေမယ့် အကြောင်းကြောင်း သော အကြောင်းတွေကြောင့် မိသားစုမပါပဲ သွားဖြစ်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်လေး အကြောင်းကို နည်းနည်းချင်းစီ မျှဝေသွားချင်ပါတယ်။ အားနာပါးနာနဲ့ အားပေးကြပါဦး . . . .


    ဥရောပဘက်ခရီးစဉ်မို့ ဗီဇာလျောက်တာက အစ စာရွက်စာတမ်းတော်တော်များများလိုပါတယ်။ အလုပ်နဲ့ နွယ်တာမို့ ကုမ္ပဏီဘက်က စာရွက်စာတမ်း တော်တော်များများ တောင်းပြီးတဲ့ အခါ ရှန်ကန်ဗီဇာ လျောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ကံကောင်းတာက အခြားနိုင်ငံတွေမှာလို ကြိုတင်ချိန်းဆိုစရာ မလိုတာပါပဲ။ လျောက်တဲ့သူ အများကြီး မရှိတဲ့ သဘောပေါ့။ ဒါပေမယ့်တစ်ယောက်ချင်းစီ ကို အချိန်ယူစစ်ဆေးတာကြောင့် ကြာပါတယ်။ စာရွက်စာတမ်းတွေ စစ်ဆေးပြီး ဗီဇာကြေးပေးခါနီးမှာ ကိုယ်ယူသွားတာက အစိမ်း သူတောင်းတာက FEC ဖြစ်နေတာမို့ Summit Parkview ပြေးပြီးလဲလိုက်ရသေးတယ်။ ဗီဇာစစ်ဆေးတဲ့အခါ လက်ဗွေနှိပ်ရသေးတယ်ခင်ဗျ။ နောက်ဆုံးတော့ ဗီဇာလည်းရ၊ လေယာဉ်လက်မှတ်လည်းရပြီး ဘန်ကောက်က တဆင့်သွားဖို့ TG နဲ့ ထွက်ခဲ့ပါတယ်။ ဘန်ကောက်မှာ ပြောင်းစီးရတဲ့ လေယာဉ်ကလည်း TG မို့ အထုတ်အပိုးတွေ တိုက်ရိုက်တင်လွှတ်လိုက်တာပေါ့လေ။

    ချားလ်ဒီဂေါလေဆိပ်ကို မနက်စောစော ရောက်သွားပါတယ်။ အထုတ်အပိုးတွေရွေးယူပြီးတော့ အောက်ထပ်ကို ပိုက်လိုင်းတွေထဲက ဆင်းခဲ့ရတယ်။




    ဘာကြောင့် အဲဒီလို အလုံပိတ်လမ်းတွေ လိုတာလည်းဆိုတော့ သူတို့လေဆိပ်က အဝိုင်းကြီးဖြစ်ပြီး အလယ်မှာ အမိုးမရှိဘဲကိုး . . . .



    အောက်ထပ်ရောက်တာနဲ့ ယူရိုငွေထုတ်ဖို့ ATM ရှာ ပိုက်ဆံအလုံအလောက်ထုတ်ပြီးတဲ့အခါ တက္ကစီး စီးဖို့ လိုက်ရှာရတာပေါ့။ လမ်းညွှန်တွေဖတ်ပြီး လိုက်သွားလိုက်တာ အထက်အောက် နှစ်ခါလောက် ဓာတ်လှေခါးစီး လိုက်ရတယ်။ နောက်ဆုံး တွေ့တဲ့ ရဲကို မေးပြီး အငှားကားတွေ ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ ကားလေးပေါ်တက်ပြီး တည်းခိုရမယ့် ဟိုတယ်နာမည်ပြောပြီး မြို့ထဲဖက် မောင်းထွက်ခဲ့ကြပါတယ်။




    လမ်းတလျှောက် ဒီလိုအိမ်ခန်းတွဲလေးတွေ တွေ့ရပါတယ်။ မိုးကလည်း တစ်ဖြောက်ဖြောက်မို့ မိုးရွာနိုင်လားမေးကြည့်တော့ ကားဆရာက သူ့ရဲ့ ဖုန်းလေးထုတ် အဲဒီက မိုးလေဝသကို ကြည့်ပြီး နောက်နှစ်ရက်အထိ မိုးရွာနေဦးမှာတဲ့။ ဘယ်လောက်မှန်မလဲ စောင့်ကြည့်ရမှာပေါ့။ (ကိုယ့်စီမှာ သိပ်မှန်တာ မဟုတ်တော့ သူများကိုလည်း အယုံအကြည်မရှိဘူးလေ။ )




    လမ်းတလျှောက် နေရာတော်တော်များများမှာ အလှအပ စာလုံးတွေနဲ့ လမ်းဘေးအကာတွေမှာ ရေးသားထားတာတွေ့လို့ တော်တော် အနုပညာသမားပေါပုံရတယ်လို့ ထင်မိတယ်။



    အချို့အိမ်တွေမှာတော့ အရုပ်တွေ တောင်သဘာယကျကျ ဆွဲထားတာတွေ့သေးတယ်။



    လမ်းကျဉ်းလေးတွေ ရှိပေမယ့် ကားတွေ စက်ဘီးတွေ စနစ်တကျ ရပ်ထားတာတွေ့တော့ ရွှေပြည်ကြီးမှာ အဲဒီလို စည်းကမ်း ရှိရှိ ဘယ်တော့ ဖြစ်မလဲ စဉ်းစားမိသေးရဲ့ ။



    စဉ်းစားရင်း ငေးမောရင်း တစ်နာရီသာသာ ကားစီးပြီးတဲ့ အခါ နေရမယ့် ဟိုတယ် ရောက်ပါတယ်။

    ဆက်ပါဦးမယ် . . . .
    Reply With Quote   


  10. #317
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ဟိုတယ်မှာ ချက်ကင်လုပ်ပြီး ပစ္စည်းတွေ နေရာချပြီးတဲ့ နောက် အခန်းအနေအထားလှည့်ပါတ်ကြည့်ရှုရတာပေါ့။ ပေးရတဲ့ဈေးနဲ့ ရတဲ့အခန်းအကျယ်က အာရှဘက်က ဟိုတယ်တွေနဲ့ ဘယ်လိုမှ မယှဉ်သာဘူး။ ဒါပေမယ့် အားလပ်ရက်ရာသီမို့ထင်တယ် အခန်းထဲမှာ ကုတင်ပိုတစ်ခု ခင်းပေးထားတယ်။ တစ်ယောက်တည်းဆိုတော့ ကုတင် ပိုက အပိုဖြစ်နေတာပေါ့။ မိသားစုအတွက်ဆိုရင်တော့ ကောင်းတယ်။ ကျွန်တော်တည်းတာက Novotel ပါ ဘေးမှာ ဘတ်ဂျက်ဟိုတယ်တစ်ခုလည်း ဖွင့်ထားတာတွေ့ရတယ်။ အခုဟိုတယ်က တစ်ည ယူရို ၁၃၀ လောက်ကျပေမယ့် ဘေးက ဟိုတယ်ကတော့ ၇၀ တဲ့။ သိပ်ကွာမယ် မထင်ပါဘူး။




    ညဖက်အိပ်ရေးပျက်လာခဲ့တာမို့ ခဏမှေးပြီး ဟိုတယ်မှာ နေ့လည်စား စားဖို့ဆင်းခဲ့တယ်။ ကိုယ်စားချင်တာမျိုး မီနှုးထဲမှာ မတွေ့ဘူး။ နောက်ဆုံးဘာမှာရမှန်းမသိတာနဲ့ ကြက်သားနဲ့အရွက်တွေပါတယ်ဆိုတဲ့ Salad ပဲ မှာလိုက်ရတယ်။ ကျွန်တော်တော့ စားမကုန်ဘူး အများကြီးဖြစ်နေတာကိုး။ စားနိုင်သလောက်စားပြီး အောက်က reception မှာ မြို့ထဲသွားဖို့ ထင်ရှားတဲ့ နေရာတွေ မေးကြည့်ရတာပေါ့။ အဲဒီကောင်မလေးက သေသေချာချာဖြေပေးတာမို့ ရထားလမ်းမြေပုံရယ်၊ မြို့ထဲ မြေပုံရယ် ကိုင်ပြီး ရထားဘူတာဆီ ထွက်ပါတယ်။ ကျွန်တော်တို့ ဟိုတယ်က ၁၀ မိနစ်လောက် လျှောက်လိုက်ရင် မြေအောက်ရထားဘူတာကို ရောက်ပါတယ်။ ဘူတာက Porte d'Orlans ပါ။ လိုင်းတစ်ခုရဲ့အဆုံးပေါ့။ ရထားတွေ့ပြီး လက်မှတ် ဝယ်မယ်ဆိုမှ ပြဿနာတက်တာပဲ။ ဘယ်လို ဘယ်ဇုံအထိ ဝယ်ရမှန်းမသိ ဖြစ်တာနဲ့ လက်မှတ်ရောင်းတဲ့ စက်နားက သူများတွေ ဝယ်တာ အသာကြည့်နေရတယ်။ မေးတော့လည်း တော်တော်များများက မသိကြဘူး။ အဲဒီ အချိန်မှာ လက်မှတ်ရောင်းတဲ့ မိန်းမ ဝဝကြီး ထွက်လာတာနဲ့ မေးကြည့်တော့ သူက ဖြေတော့ ဖြေသွားတယ် ပြင်သစ်လို အဲဒီတော့ ကိုယ်မှ နားမလည်တာ ဘာမှ မထူးဘူး။ နောက် ဆုံးမှာ နိုင်ငံခြားသားတစ်ယောက် ဝယ်နေတာကို မေးကြည့်တော့ မှ မြို့တွင်းဆို ဘယ်စီးစီး ဈေးတူပဲ။ ၁၀ စောင်တစ်ခါတည်း ဝယ်ရင် ပိုသက်သာတယ် ပြောတာကြောင့် ၁၀ စောင် ဝယ်ပြစ်လိုက်တယ်။ တစ်စောင်ကို ယူရို ပြားငါးဆယ်နီးပါး သက်သာတာပေါ့လေ။ တစ်စောင်မှ ၁.၂ ယူရိုလောက်ကျတယ်။





    ရထားနှစ်စင်းလောက် ပြောင်းစီးပြီးတော့ သွားချင်တဲ့ ဘူတာ ရောက်တာပဲ။ ဘူတာနာမည်က မှတ်ရခက်တယ်။ Opera တဲ့။ အမှန်တော့ ကျွန်တော်က ရှော့ပင်းစင်တာ ဘာရှိလည်း မေးလိုက်တော့ သူက Galeries Lafayette ရှိတယ်ဆို ညွှန်လိုက်တာ။ ဘူတာက တက်လိုက်တော့ ဘွားကနည်း Opera House ကြီး လှမ်းမြင်လိုက်တာနဲ့ လာကြည့်ရတာပေါ့။







    အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ခန့်ခန့်ထည်ထည်နဲ့ လှနေတဲ့ ဒီအော်ပရာဟောက်စ်ကြီးကို ၁၈၅၇ ခုနှစ်လောက်က ပိသုကာပညာရှင် Charles Garnier ( 1825 - 1898 ) ဆောက်ခဲ့တယ်ဆိုပါတယ်။ အဲဒီခေတ်အခါကတော့ အလွန်အကျူး အလှတန်ဆာဆင်ထားတယ်ဆိုပြီး ဒီဇိုင်းနာကို ဝေဖန်ခဲ့ပေမယ့် အခုခေတ်မှာတော့ အဲဒီခေတ်ရဲ့ အပြောင်မြောက်ဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ် ပြုနေရတဲ့ ဒီအဆောက်အဦဟာ မှုန်မှိုင်းမှိုင်း ကောင်းကင်နောက်ခံနဲ့တောင် အလှကြီး လှနေတာ တွေ့ရမှာပါ။ ပန်းနွယ်ပန်းခက်တွေ ရုပ်ကြွတွေနဲ့ အနားသတ်တွေမှာ ရွှေရောင်ကွတ်ထားတဲ့ အဆောက်အဦကြီးကို ဓာတ်ပုံကောင်းကောင်း ရိုက်မဟဲ့ဆိုပြီး လုပ်နေတုန်း မိုးရွာချတာနဲ့ အမိုးအောက် ပြေးဝင်ခဲ့ရသေးတယ်။

    အခုထက်ထိ အော်ပရာပွဲတွေ ကျင်းပနေဆဲ နေရာရဲ့ အတွင်းပိုင်းကို လက်မှတ်စစ်တဲ့ အပေါက်နားအထိ ဝင်ကြည့်လိုက်သေးတယ်။ အထဲမှာလည်း မီးပန်းဆွဲနဲ့ ခန်းခန်းနားနားရှိတာကို ဓာတ်ပုံတွေက တွေ့ရတယ်။ မိုးနည်းနည်းစဲတော့ အပြင်ပြန်ထွက်ပြီး ရှော့ပင်းစင်တာဖက် လျှောက်ခဲ့ပါတယ်။ Opera House ရဲ့ဘေး စည်းရိုးမှာ ကနွဲ့ကလျနဲ့ ရပ်နေတဲ့ လှနတ်သမီးလေးတွေ တွေ့သေးတယ်။ မပေါ့်တပေါ်ကိုယ်ရုံလေးခြုံထားကြတာ လုံးတာပဲ . . . . . နှာခေါင်းလေးတွေ ပြောတာပါ။ များသောအားဖြင့် အဲဒီနေရာလေးတွေက လေဒဏ် ရေဒဏ်ကြောင့် ပဲ့နေတတ်ကြတာကိုး။ အခုအရုပ်လေးတွေမှာတော့ အကောင်းအတိုင်းပါ. . . . . .

    ရှော့ပင်းမောလ်ဖက် သွားဖို့ အောက်က လူရှုပ်ထွေးနေတဲ့ လူကူးမျဉ်းကြားကပဲ ကူးလိုက်ရတာပေါ့။



    ဟိုဖက်ရောက်တဲ့ အခါ . . . . .
    Reply With Quote   


  11. #318
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ဟိုဘက်ခြမ်းရောက်တဲ့ အခါ လူတွေ ရှုပ်ရှက်ခတ်နေတဲ့အထဲက ကောင်မလေးတစ်ယောက် အနားကပ်လာတယ်။ ကိုယ်ကလည်း ဘာလဲပေါ့။ စာရွက်ကလေးနဲ့ ဘော့ပင်လေးထိုးပေးပြီး ကလေးတွေကူညီဖို့အတွက် လက်မှတ်လေးတစ်ချက်လောက်ဆိုတော့ အော် လက်မှတ်ကတော့ ဖောဖောသီသီ ရနိုင်ပါတယ်ဆိုပြီး ထိုးပေးလိုက်တာပေါ့။ အဲဒီတော့မှ မချောက လက်မှတ်ထိုးရင် အလှူခံထည့်ရပါတယ်တဲ့ အင်း . . . ငါ့တော့ ချပြီ ဆိုပြီး စိတ်ထဲမှာတော့ ထင်ပြီး အလှူခံဆိုတော့ ၅ယူရို လှူမယ်ကွယ်ပေါ့။ အဲဒီတော့ သူက ငါးယူရိုတော့ မရဘူး။ အနည်းဆုံးဆယ်ယူရိုမှ ဆိုတော့။ စိတ်ထဲ တော်တော် ကသိကအောင့်ဖြစ်သွားတယ်။ ဘယ်နှယ့် ကိုယ့်ကို လိမ်နေမှန်းသိသိနဲ့။ တော်ပြီ ငါးယူရိုပဲဆိုတော့ သူ့လိုပဲတစ်ယောက်က လာပြီး သူဆိုရင် ယူရို ၂၀ မှ လက်ခံတာ ဘာညာနဲ့။ နောက်တော့ စကားနည်းရန်စဲ ၅၀ တန်တော့ ရှိတယိ ပြန်အမ်းဆိုပြီး ထုတ်ပေးလိုက်တာ အမ်းလို့ မပြီးနိုင်ဘူး။ခဏနေတော့ ပြင်သစ်တစ်ယောက် ကပ်လာပြီး ရဲကဒ်ပြားထုတ်ပြီး ငါက ရဲပါ အကူအညီလိုပါသလားဆိုပြီး မေးလာတယ်။ ဟိုကောင်မလေးတွေကိုလည်း သူ့ပိုက်ဆံပြန်ပေးလိုက် ဆိုပြီး ဟောက်ရော။ ကောင်မလေးကလည်း တုန်တုန်ရီရီနဲ့ ပိုက်ဆံအကြွေတွေ ပြန်အမ်းတာပေါ့ဗျာ။ အရင်းစစ်လိုက်တော့ ၅ ယူရိုသာသာလောက်ပါသွားမှာပေါ့လေ။ ပထမဆုံးနေ့မှာ ကြုံတွေရတဲ့ ပါရီ ရဲ့ နှုတ်ခွန်းဆက် အတွေ့အကြုံပေါ့။

    အဲဒီကိစ္စပြီးတော့ Galeries Lafayette ထဲ ဝင်ကြည့်ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အဦကြီးကို အထဲမှာ မွန်းမံပြီး ရှော့ပင်းမောလ် လုပ်ထားတာပေါ့ဗျာ။ နာမည်ကြီး တံဆိပ်တွေပဲ။ ဈေးတွေကတော့ ခေါင်ခိုက်။ ဒါပေမယ့် လာသမျှလူတွေကတော့ အထုတ်ကလေးတွေ ဆွဲပြီး ပြန်ထွက်သွားကြတာပဲဆိုတော့ မိန်းမပါမလာတာပဲ ခပ်ကောင်းကောင်း နို့မိုဆို . . . .

    အတွင်းပိုင်း ပုံတွေပါ။ အောက်ဆုံးတစ်ထပ်လုံးက နာမည်ကြီး Cosmetic တွေရောင်းတဲ့ ဆိုင်တွေချည်းပဲ။






    အဲဒီဆိုင်တွေ ပတ်ကြည့်ပြီး အပြင်ထွက်လိုက်တော့ လမ်းမ တစ်ခုပေါ်မှာ Burma ဆိုတဲ့ ဆိုင်တစ်ဆိုင်တွေ့တယ် ကျောက်မျက်ဆိုင်ထင်ပါ့။





    ပိုထင်ရှားတဲ့ ဆိုင်ဘားမား ပုံပါ။ (ကိုတောင်ကြားဆီက ရပါတယ်။)

    အခြားဘက်က ရှုခင်းတွေ . . .





    နောက်တော့ အော်ပရာဟောက်စ်ဖက် ပြန်လျှောက်ပြီး အနီးကပ်ပုံလေးတွေ ရိုက်ခဲ့သေးတယ်။ နေကလေး နည်းနည်းပွင့်တော့ ဓာတ်ပုံ ရိုက်လို့ ကောင်းတာပေါ့။







    ရုပ်ထုတွေကိုတော့ တော်တော် သဘောကျတယ်။ အသေးစိတ်ပြီပြင်အောင် ထုထားနိုင်တယ်လို့ ထင်မိပါတယ်။

    (ဆက်ပါဦးမယ် . . . . စိတ်ရှည်ရှည်တော့ ထားဖတ်ပေးပါဗျာ။ အလုပ်က မအားတာနဲ့ ရေးချိန်မရဘူး။ )
    Reply With Quote   


  12. #319
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ဈေးဝယ်စရာ မရှိတော့ အပြင်ဖက်လမ်းတစ်လျှောက် ဟိုဟိုဒီဒီ လျှောက်ရတာပေါ့။ မိုးကလည်း တဖွဲဖွဲရွာလိုက် တိတ်လိုက်ဆိုတော့ လည်လို့ကောင်းတဲ့ ရာသီဥတု တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဟိုတယ် ပြန်ရင်လည်း ဘာမှာ လုပ်စရာ ရှိတာမဟုတ်တော့ ခြေဦးတည့်ရာ သွားမိတော့တာပဲ။

    ဟိုဟိုဒီဒီလှမ်းကြည့်ရင်း ထိုးထိုးထောင်ထောင်တစ်ခုရှိတာနဲ့ လိုက်ကြည့်လိုက်မိပါတယ်။



    အနားရောက်တော့မှ တရားရေးဝန်ကြီးဌာန အဆောက်အဦရှေ့က ကျောက်တိုင် ဖြစ်နေတာတွေ့ရတယ်။



    လမ်းဘေးမှာ တွေ့ရတဲ့ အဆောက်အဦတွေက တော့ အရောင်မွဲမွဲနဲ့ ရန်ကုန်က ကိုလိုနီခေတ် အဆောက်အဦတွေလိုပါပဲ။ လမ်းသွယ်တွေကတော့ ကျဉ်းတယ်။ ကားတစ်စီးစာနဲ့ ဘေးမှာတစ်စီးစာ ရပ်ရုံပဲ။ ရန်ကုန်မြို့ထဲက လမ်းတွေလိုပေါ့။ တစ်ခုရှိတာက သူတို့က စည်းကမ်းတကျ ရပ်ထားတော့ ကားတော့ မပိတ်ပါဘူး။ ဒီလိုနဲ့ လမ်းဆက်လျှောက်ရင်း ရောက်သွားတာက ပန်းခြံတစ်ခုပါ။

    သေသေချာချာ လှလှပပ ပြင်ဆင်ထားတဲ့ ပန်းခြံပေါ့။ အထဲမှာ ရုပ်တုတွေလည်း အများကြီး ကလေးကစားကွင်းလေးတွေလည်း ရှိတယ်။








    နာမည်ကျော် အီဖယ်မျှော်စင်ကိုလည်း လှမ်းမြင်ရတယ်။ ညဖက်ဆိုရင် တော်တော် လှမယ့်နေရာတစ်ခုပါ။ ပန်းခြံက အကျယ်ကြီှးဗျ။ မိုးသာ မရွာရင် အေးအေးဆေးဆေး လျှောက်ကြည့်ဖြစ်မှာ။





    ပန်းခြံရဲ့နာမည်က Tuileries Garden (French: Jardin des Tuileries ) ပါ။ ၁၅၅၉ ကတည်းက ဟင်နရီ ၂ ဘုရင်သေဆုံးပြီး သူရဲ့မိဖုရားကြီး ကက်သရင်း ( Queen Catherine de Medicis ) က သားတော် နန်းစိုက်ရာလုဗ် နန်းတော် နား မှာရှိတဲ့ ဒီနေရာကို ပြောင်းရွေ့နေရင်း ဒီပန်းခြံကို တည်ဆောက်စေခဲ့တယ်တဲ့ . . . . .
    Reply With Quote   

  13. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  14. #320
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ဟိုးရှေးခေတ်က ပန်းခြံတွေ နန်းတော်တွေဆိုတာ ဘုရင်တွေနဲ့ ဆက်စပ်ပေါ်လာရတာမဟုတ်လား။ အဲဒီတော့ ဟင်နရီ ၃ ဘုရင် ၁၅၈၈ မှာ ပဲရစ်က ပြောင်းပြေးသွားတဲ့အခါ ဒီပန်းခြံက ထိန်းသိမ်းသူမဲ့ ဖြစ်ရပြန်ပါတယ်။ နောက် ဟင်နရီ ၄ လက်ထက်မှာတော့ ပြန်လည်ပြုပြင် ချဲ့ထွင်ခဲ့ပါတယ်။ မူလ ကက်သရင်း လက်ထက်က အီတလီ ခေတ်စတိုင် တည်ဆောက်ခဲ့ပြီး ပန်းအိုးတွေ ကျောက်ရုပ်တုတွေနဲ့ အလှဆင်ခဲ့ပါတယ်။ ဟင်နရီ ၄ လက်ထက်မှာတော့ ရေပန်းတွေပါထည့်သွင်းတည်ဆောက်ခဲ့တယ်တဲ့။

    ပန်းခြံကို မူလ ဒီဇိုင်းဆွဲခဲ့သူကတော့ Bernard de Carnesse ဖြစ်ပြီး ဘုရင်အဆက်ဆက် ဥယျဉ်မှုးမျိုးစုံပြောင်းခဲ့ပါတယ်။ ဘုရင် Louix XIV လက်ထက်မှာတော့ Andr Le Ntre ကို ဥယျဉ်ပုံစံပြောင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ သူရဲ့ ၁၆၄၄ လက်ရာဟာအခုထိ တည်ရှိနေတာပါပဲ။ ဘုရင် အပြောင်းအလဲ နဲ့ ပြင်သစ်တော်လှန်ရေး ကာလတွေမှာ အသေးစားပြောင်းလဲမှုတွေ ထပ်တိုးထားတဲ့ ရုပ်တုတွေ နဲ့ ဥယျဉ်ကြီးဟာ လှပခဲ့ပါတယ်။ နာမည်ထင်ရှားတဲ့ နပိုလီယံလက်ထက်မှာတော့ စစ်ရေးပြကွင်းအနေနဲ့ သုံးခဲ့တယ်တဲ့။ ၂၀ ရာစုဖြစ်တဲ့ ၁၉၀၀ ခုနှစ် နွေရာသီအိုလံပစ်ပွဲမှာ တော့ Fencing Event ကို ဒီပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

    ဒီလို သမိုင်းကျောင်းရှည်ခဲ့တဲ့ ပန်းခြံကို မိုးဖွဲဖွဲကြားမှာ တစ်ပါတ် ပတ်ခဲ့လိုက်ပါတယ်။






    ပန်းခြံရဲ့ ဒီဇိုင်းနာ ရုပ်တုပါ။



    သွားရင်း နောက်တစ်ဖက်အထွက်မှာတော့ နာမည်ကြီးတဲ့ လုဗ် ပြတိုက်ဖက်ကို ရောက်သွားပါတယ်။ ပြတိုက်ကတော့ မဖွင့်တော့ပါဘူး။ နောက်မှ သတ်သတ် မိုနာလီဇာနဲ့ ဗီးနတ် အလှနတ်သမီးဆီကို သွားရပါဦးမယ်။



    လုဗ်ပြတိုက်ဖက်က ပြန်ကြည့်တဲ့ အီဖယ်တာဝါနဲ့ ပန်းခြံမုဒ်ဦးပါ။


    တကယ်တော့ ပန်းခြံကြီးတစ်ခုလုံး စုံအောင် မပတ်နိုင်ခဲ့ပါဘူး။ ရာသီဥတုကလည်း မကောင်းတော့ ဓာတ်ပုံတွေကလည်း မလှမပ နဲ့ပါ။ ဘာတတ်နိုင်မလဲလေ ရသလောက်ပေါ့။

    နောက်နေ့မှာတော့ မိုနာလီဇာ တွေ့တဲ့ အကြောင်း ဆက်ပါဦးမယ်။ . . . .
    Reply With Quote   

  15. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 20 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts