+ pmjyefNyD; qufa&;zdkU
Page 30 of 34
FirstFirst ... 20 28 29 30 31 32 ... LastLast
Results 291 to 300 of 334

Thread: [mm]taz:rsm;eJY [dk[dk'D'D[/mm]

  1. #291
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Wadi Rum

    ညတစ်ညအိပ်ပြီး မနက်စောစောမှာတော့ Wadi Rum ကိုထွက်ဖို့ အားသစ်လောင်း အဆင်သင့်ဖြစ်ပြန်ပါပြီ။ ပက်ထရာက တောင်ကြားမြို့ဖြစ်လို့ တောင်ပေါ်ပြန်ထွက်ပြီး Desert High Way ဘက်ကို ထွက်ခဲ့ပါတယ်။

    Wadi Rum ဆိုတဲ့ဒေသဟာ ဂျော်ဒန်မြို့တော် အမန်းရဲ့ တောင်ဘက် ၂၃၉ ကီလိုအကွာ ၊ ပင်လယ်ကမ်းစပ်မြို့ဖြစ်တဲ့ Aqaba မြို့ရဲ့ အရှေ့ဘက် ကီလို ၆၀ အကွာမှာ ရှိတဲ့ သဲတောင်တွေ ဂရင်းနိုက်တောင်တွေ ရှိတဲ့ သဲကန္တာရပါ။ ပက်ထရာကနေ ကီလို ၆၀ - ၇၀ လောက်ရှိလို့ တစ်နာရီခွဲလောက် မောင်းရပါတယ်။

    လမ်းတစ်လျောက် လမ်းဘေးဝဲယာတောင်တွေက မြင့်မြင့်တွေရော နိမ့်နိမ့်တွေပါ အစုံပါ။ လှတပတတွေလည်း အများကြီးပါ။





    မြို့နားရောက်တော့



    Wadi (ဝါဒီ) ဆိုတာ မြေနိမ့်၊ တောင်ကြားလို့ အဓိပ္ပါယ်ရပါတယ်။ Rum (ရမ် ) ကတော့ အမြင့်ဒေသလို့ ဆိုလိုပါတယ်။ နာမည်ရဲ့ အဓိပ္ပါယ်အတိုင်း သဲကန္တာရထဲမှာ မိုးထိုးနေတဲ့တောင်တွေနဲ့ တောင်နှစ်ခုကြားက တောင်ကြားလမ်းသွယ်တွေကို ရင်သပ်ရှုမောတွေ့ရပါတယ်။


    အမန်း ( Amman ) က အကာဘာ ( Aqaba ) ကို ဆက်သွယ်ထားတဲ့ သဲကန္တာရ အမြန်လမ်းမကြီး (Desert Highway ) အတိုင်းလိုက်လာပြီး Wadi Rum လမ်းဆုံရောက်ရင် 4x4 ကားငှားပြီး သဲကန္တာရထဲကို မောင်းဝင်လာလို့ရပါတယ်။ ၂၅ ကီလိုလောက်မောင်းပြီးရင်တော့ visitor center ကိုရောက်ပါတယ်။





    visitor center အဝင်ပေါက်





    visitor center ထဲက မြင်ရတဲ့ 7 Pillars


    အဲဒီမှာ ဝင်ကြေး တစ်ယောက် ၅ ဒီနာ လက်မှတ်ဝယ်ပြီးရင် ဆက်ထွက်လို့ရပါပြီ။

    4x4 မှာလည်း အမိုးဖွင့်ကားတွေ ငှားလို့ရပါသေးတယ်။ သဲတောင်ကုန်းတွေပေါ် မောင်းတဲ့အခါ အမိုးဖွင့်ကားတွေက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာမို့ လူငယ်တွေ အကြိုက်ပေါ့။ ကျွန်တော်တို့ကတော့ ကလေးတွေလည်းပါတာကြောင့် အမိုးပါတဲ့ကားနဲ့သွားကြပါတယ်။



    Wadi Rum မှာက ၂နာရီခရီး ၄ နာရီခရီးနဲ့ ညအိပ်ခရီးစဉ်ဆိုပြီး ခရီးစဉ်အလိုက် ကားငှားရတာပါ။ ကျွန်တော်တို့ကတော့ ရောက်ဖူးရုံပဲ ဆိုပြီး ၂ နာရီ ခရီးစဉ်ယူထားပါတယ်။ တကယ်တော့ ညအိပ်ခရီးစဉ်ဆိုရင် ညဘက် သဲကန္တာရမှာ တဲတွေထိုး၊ လရောင် ကြယ်ရောင်အောက်မှာ လေတဖြူးဖြူးခံစား၊ ညနေ နေဝင်ချိန်နဲ့ မနက်နေထွက်ချိန်ကို စောင့်ပြီး ဓာတ်ပုံရိုက်ကြနဲ့ တော်တော်ပျော်ဖို့ကောင်းတဲ့ မမေ့နိုင်တဲ့ ညဖြစ်လေ့ရှိတယ်လို့ ကြားဖူးပါတယ်။ အချိန်ပိုရတဲ့အတွက် အတွင်းပိုင်းမှာ ရှိတဲ့ သဘာဝကျောက်တံတားကြီးတွေ ရှိရာကိုလည်း သွားနိုင်မယ်တဲ့။





    Visitor center
    ကထွက်ပြီးပြီးခြင်းတွေ့ရတာက 7 Pillars of Wisdoms ဆိုတဲ့တောင်ပါပဲ။ ၁၉၁၇-၁၈ က တာကစ်ခ်ျတွေရဲ့အုပ်ချုပ်မှုအောက်ကလွတ်ပြီး လွတ်လပ်ရေး ရအောင်ရည်ရွယ်လုပ်တဲ့ အာရတ် အရေးအခင်း Arab Revolt တုန်းက အာရတ်တွေနဲ့ ညှိနှိုင်းပေးဖို့ ရောက်လာတဲ့ ဗြိတိသျှစစ်သား လော့ရင့် ( T.E. Lawrence ) ရဲ့ စာအုပ်ကို အစွဲပြု မှည့်ခေါ်ထားတဲ့နာမည်ပါ။ သူက ဒီတောင်ကြားမှာ စခန်းချခဲ့တယ်တဲ့ စစ်အပြီးမှာ စာအုပ်တွေ ရေးခဲ့တယ်။ အဲဒီစာအုပ်တွေကြောင့် အနောက်နိုင်ငံတွေက ပိုသိခဲ့တာပေါ့။ ၁၉၈၄ လောက်မှာတော့ အလှအပနေရာအပြင် တောင်တက်လို့လို့ကောင်းတဲ့နေရာတစ်ခုအဖြစ်
    Tony Howard, Di Taylor, Mick Shaw, and Al Baker တို့က ရှာဖွေတွေ့ရှိပြီး Howard and Taylor က guide book ပါ ရေးထုတ်လိုက်တော့ လူသိများသွားပြန်တာပေါ့။ အခုတော့ အဲဒီနေရာဟာ Desert Safari အတွက်ရော Hiking အတွက်ပါနာမည်ကြီး နေရာဖြစ်နေပြီ။

    ကျွန်တော်တို့တွေ 7 Pillars of Wisdom ကိုငေးမောပြီး လမ်းမဟုတ်တဲ့ လမ်းတလျှောက် ကားဆက်မောင်းပါတယ်။ အခုထိတော့ soft sand တွေ မတွေ့ရသေးပါဘူး။ လမ်းဘေး ဝဲယာ မှာတော့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တောင်တွေကို တွေ့ရပါတယ်။












    သဲကန္တာရမှာ ပေါက်တဲ့ ဆူးပန်းပင်တွေကိုလည်းတွေ့ ရပါတယ်။ တိရိစ္ဆာန်တွေတော့ မတွေ့ရသလောက်ပါပဲ။ ဒီနေရာမှာ မလုပ်မဖြစ်လုပ်ကြတဲ့ အလုပ်တစ်ခုကတော့ ကုလားအုပ်စီးချင်းပါပဲ။ ခရီးအတိုအရှည်အလိုက် ဈေးနှုန်းတွေက အမျိုးမျိုးပေါ့။ ကားသမားကတော့ ၁၀ မိနစ်လောက် စီးရတဲ့ ခရီးကို ၁၀ ဒီနာလောက်ပေးရတယ်။ နာရီဝက်လောက်ခရီးတစ်ခုကိုတော့ ဒီနာ ၂၀ လောက်ကျမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်နာရီခရီးစဉ်မှာ နေရာ ၃ ခုရောက်မှာလေ။ ဒုတိယနေရာကနေ တတိယနေရာအထိ ကို ကုလားအုပ်တစ်စီး ဒီနာ ၂၀ ပေါ့။ အဲဒီလိုပဲစီးဖို့ သဘောတူလိုက်ပါတယ်။

    ပထမနေရာရောက်တော့ အဲဒီတောင်နံရံမှာ ရှေးခေတ်က ရေးခြစ်ခဲ့တဲ့ အရုပ်ပုံတွေကို တွေ့ရပါတယ်။ လေတိုက်စားမှုတွေကြောင့် ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့တောင်တွေရဲ့ ပုံသဏ္ဌာန်ဟာ တစ်ခုနဲ့တစ်ခု တစ်တောင်နဲ့တစ်တောင် မတူခြားနား ဆန်းပြားလှပါတယ်။








    အနီးအနားက တောင်တွေဓာတ်ပုံရိုက်ပြီး ကုလားအုပ်သမားနဲ့ညှိရပါတယ်။ ကျွန်တော်တို့က တစ်စီးမှာ ကလေးလူကြီး နှစ်ယောက်စီစီးမှာဆိုတော့ သူကပိုလိုချင်တာပေါ့။ အဲဒါနဲ့ ၄၅ ဒီနာနဲ့ အဆင်ပြေသွားပါတယ်။ နောက်သူတို့ကို tips ပေးတာနဲ့ ဒီနာ ၅၀ လောက် ( ဒေါ်လာ ၇၀ လောက် ကျသွားတာပေါ့ )
    ကုလားအုပ်တွေက အမြင့်ကြီးတွေဆိုတော့ သူတို့ထိုင်ပေးမှ ကျွန်တော်တို့က တက်လို့ရမှာလေ။ ကုလားအုပ်တွေ ထိုင်တာတွေ့ဖူးလား . . . .


    ရှေ့လက်နှစ်ချောင်းကို အရင်ကွေးချလိုက်တယ်။ ပြီးတော့မှ နောက်ခြေထောက်ကို ဒူးကကွေးပြီးထိုင်ချလိုက်တယ်။ နောက်ဆုံး ပေါင်နားက အဆစ်ကကွေးသွားပြီး လုံးဝ ဝတ်ထားသလို ဖြစ်သွားတယ်။ နောက်က ကြည့်ရင် နောက်ခြေက သုံးဆစ်ချိုးထားသလိုပေါ့။ လူတက်ပြီး ပြန်ထရင် နောက်ခြေက အရင်ထတော့ လူက ဇော်ထိုးကြီး ဖြစ်သွားတယ်။ ဘေးလူကိုင်မထားဘူး ကုန်းနှီးက ကိုင်စရာကို မြဲမြဲကိုင်မထားမိရင် ဇောက်ထိုးကျမယ့်ကိန်းပဲ။

















    Reply With Quote   


  2. #292
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Wadi Rum - 2

    ကုလားအုပ် ကုန်းနှီးက တစ်ယောက်ချောင်ချောင်ထိုင်ရရုံလုပ်ထားတာဆိုတော့ ကျွန်တော်တို့နဲ့ ကလေးတစ်ယောက်စီ တက်လိုက်တော့ နည်းနည်းကျပ်တာပေါ့။ ပိုဆိုးတာက ကုန်းနှီးရှေ့ နောက်မှာ သစ်သားတိုင်တစ်ခုစီပါတာပဲ။ အဲဒါကြီးက ကျွန်တော့ ကျောလာထောက်နေတော့ အတွေ့အကြုံသစ်မို့သာ စီးရတယ်။ ကျောက နာတာတာ။ . . . . ကလေးတွေကို မေးကြည့်တော့ သူတို့ကလည်း မကြိုက်ဘူး။ သူတို့အတွက်ကတော့ မြင့်လွန်းတော့ ကြောက်တာပေါ့။ ပက်ထရာမှာ မြည်းတွေ စီးခဲ့ရတော့ ပုပုလေးတွေဆိုတော့ သူတို့ကပျော်လို့။ အခုတော့ အရမ်းမြင့်သွားတော့ လူကြီးနဲ့အတူစီးတာတောင် နည်းနည်း ကြောက်နေကြတယ်။ သူတို့စိတ်ပြောင်းသွားအောင် ဟိုပြောဒီပြော ဟိုပြဒီပြပေါ့။


    ကျွန်တော်တို့ ကုလားအုပ်ပေါ်မှာရှိတုန်း ကားဆရာကို ရိုက်ခိုင်းထားတာလေ။ ဝေးလေကောင်းလေ မထင်ရှားလေ ကောင်းလေ ရုပ်ရှင်ထဲကလို ဘာလိုလို . . . .







    လမ်းတွေကတော့ တောင်ကုန်းအတက်အဆင်းနည်းနည်းပဲ ရှိတဲ့လမ်းပါ။ ဘေးတစ်ဖက်တစ်ချက်မှာတော့ တောင်တွေများပါတယ်။ တောင်ကြားထဲ ဖြတ်သွားရတော့ အရင်အေးရာကနေ ပိုပြီး စိမ့်လာတာပေါ့။





    တောင်ကြားလမ်းကိုဖြတ်ပြီးတဲ့အခါ T.E. Lawrence နဲ့ အာရတ်မင်းသားရဲ့ ဦးခေါင်းပုံတွေ ထွင်းထားတဲ့ ကျောက်ဆောင်ဆီရောက်လာခဲ့ပါတယ်။



    အဲဒီမှာ ဒေသခံ တွေဖြစ်တဲ့ ဘဒါဝီ ( Bedouin ) ရဲ့အိမ်တစ်လုံးတွေ့ခဲ့ရပါတယ်။ အဲဒီတဲထဲဝင် လက်ဖက်ရည် (ရေနွေးကြမ်း )သောက်ပြီး ခဏနားကြတာပေါ့။ သူတို့တွေက သဲကန္တာရမှာ လှည့်လည်သွားလာနေတတ်တဲ့သူတွေပါ။ မိသားစုလိုက် ကုလားအုပ်တွေသုံးပြီး ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့အသက်မွေးနေကြသူတွေပေါ့။ အဲဒီလူမျိုးမှာလည်း လူမျိုးစုလေးတွေ ထပ်ကွဲပါသေးတယ်။

    အခုခေတ်မှာတော့ တော်တော်များများ မြို့ရွာတွေမှာ အတည်တကျ နေထိုင်လာကြပါပြီ။ အီဂျစ်၊ယီမင်၊ ဆီးရီးယား၊ ဆော်ဒီ၊ လက်ဘနွန်၊ ကူဝိတ် လစ်ဗျား စတဲ့နိုင်ငံတွေဆီပြန့်နှံ့သွားကြပြီပေါ့။ အထင်ရှားဆုံး ဥပမာကတော့ အခုလက်ရှိ ယူအေအီးနိုင်ငံ အဘူဒါဘီ သမ္မတရဲ့ အဖေ ဟာ ဘဒါဝီလူမျိုးပေါ့။
    သူတို့တွေရဲ့ရေနွေးကြမ်းဟာ တိုင်းရင်းဆေးတွေ ထည့်ထားလို့ ဝမ်းဗိုက်ပိုင်းအတွက်ကောင်းတယ်လို့ ပြောပါတယ်။ အနီးစပ်ဆုံးပြောရရင် ကျွန်တော်တို့ ရေနွေးကြမ်းထဲကို စမုန်စပါးနဲ့ သကြားနည်းနည်း ထည့်ဖျော်ထားသလိုပါပဲ။





    အတွင်းပိုင်းက ထိုင်စရာတွေ။ ညဘက်အိပ်ရင်လည်း ဒီနေရာမှာပဲတဲ့



    ရေနွေးအိုး အမြဲတည်ထားလေ့ရှိတယ်

    ညအိပ်ခရီးသည်တွေကတော့ အဲဒီတဲတွေမှာ စခန်းချလို့ရပါတယ်။ ညဘက် အပြင်မှာ မီးပုံပွဲတွေ လုပ်လို့ရတာပေါ့။


    ကွင်းပြင်က နေရာ


    အဲဒီကနေပြီးတော့ အပြန်လမ်းပါ။



    လမ်းကျဉ်းလေးမှာ ကားနှစ်စီးခေါင်းချင်းဆိုင်မိလို့ ကျွန်တော်တို့ကားက နောက်ပြန်ဆုတ်ရှောင်ပေးရတယ် သူ့ကားက ဝန်အပြည့်တင်ထားပြီး မောင်းတဲ့သူကလည်း ဘယ်လို ရှောင်မရမလည်းဆိုတာ သေသေချာချာ သိပုံမပေါ်ဘူး။ သဲတွေက ပွတော့ ဘီးရာအတိုင်းအရှိန်နဲ့မမောင်းရင် နစ်သွားရော။ ဘီးရာ နက်တဲ့ဆီကနေလည်း ဘေးကို ချော်ထွက်မောင်းလို့ မရဘူး။ အဲဒီတော့ သဲနည်းနည်းမာတဲ့ ဘက်ဆီပြန်မောင်းရတယ်။

    သဲတွေကို ဖြတ်ပြီး အပြန်လမ်းမှာ ဘဒါဝီတွေရဲ့ တဲစုကို လှမ်းမြင်ရသေးတယ်။ သူတို့တွေက ဟိုတစ်စု ဒီတစ်စုပါပဲ။



    ကျွန်တော်တို့တွေက ၂ နာရီ ခရီးမို့ အတွင်းဘက်ကို သိပ်မရောက်ခဲ့ပါဘူး အတွင်းဘက်မှာ ပိုလှတဲ့ တောင်တွေ ကျောက်တံတားတွေ၊ ရှေးတုန်းက နံရံတွေမှာ ရေးခြစ်ထားတာတွေ ရှိတယ်တဲ့။ အခုတော့ ရောက်သမျှနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    လူငယ်တွေပဲ သွားမယ်ဆိုရင်တော့ အသွားအပြန် ၄ နာရီခရီး ညအိပ် ခရီးစဉ်တွေနဲ့ သွားပြီး အထဲကို ဝင်နိုင်သမျှ ဝင်နိုင်ရင် ပိုပျော်စရာကောင်းမှာပါ။ Sand Dune တွေမှာလည်း ကားကောင်းကောင်းစီးလို့ရပါမယ်။

    မရောက်ခဲ့ရတဲ့ ကျောက်တံတားပုံနဲ့အခြားပုံတွေကို အင်တာနက်ကရှာပြီးထည့်ပေးလိုက်ပါတယ်။








    ကြည်ကြည်လင်လင် မြင်ရတဲ့ 7 Pillars ပါ။ ကျွန်တော်တို့ရိုက်တဲ့အချိန် Light Against ဖြစ်နေလို့ ကောင်းကောင်း မပေါ်ဘူး။

    သဲတွေဖြတ်ပြီးတော့ ကျွန်တော်တို့ကားသမားစောင့်နေတဲ့ စုရပ်ဆိုင်ကလေးကို ပြန်သွားကြပါတယ်။ အဲဒီမှာ ကားပြောင်းပြီး Aqaba ကို ဆက်ပါမယ်။
    Last edited by Ko Khant; 05-01-2011 at 12:49 PM.
    Reply With Quote   


  3. #293
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Aqaba

    ဝါဒီရမ်က ထွက်လာပြီး Desert High Way အတိုင်းလိုက်လာရင် နယ်စပ်မြို့ဖြစ်တဲ့ Aqaba (အကာဘာ ) ကို ရောက်ပါမယ်။ လမ်းဘေးဝဲယာမှာတော့ တောင်တွေ ရှိတဲ့နေရာ ရှိနေပါသေးတယ်



    အကာဘာနားနီးတဲ့ တောင်တွေမှာတော့ ကျောက်အရောင်နှစ်မျိုးစပ်တွေ့ရတယ်





    ဒီမြို့လေးဟာ ပင်လယ်နီကို ထွက်တဲ့ ထွက်ပေါက်မြို့ဖြစ်ပြီး အစ္စရေးနိုင်ငံ အီလတ်မြို့ ( Eilat ) ကို လှမ်းမြင်ရပါတယ်။ ကားဆရာက အီလတ် လို့ဆိုတာကို ကျွန်တော်တို့က အီရတ်ကမြို့ကြားပြီး အီရတ်နဲ့ကပ်ရက်ကိုးထင်သေးတယ်။ ပထဝီကျွမ်းကြောင်း စာကြေကြောင်းပြတာပေါ့။ နောက်မှ အစ္စရေးက မြို့ကို ပြောမှန်းသိတယ်။

    ဆော်ဒီနဲ့ နယ်စပ်ချင်းလည်း ကပ်နေတယ်။ အခုဆော်ဒီနဲ့ပေါင်းပြီး စက်မှုဇုံထောင်ထားတာကို တွေ့ရပါတယ်။ အကောက်ခွန်လွတ်မြို့လည်း ဖြစ်လို့ ကားတာယာတို့ အခြားပစ္စည်းတွေဆို အဲဒီမှာ ဈေးသက်သာတယ်လို့ ပြောတယ်။

    နယ်စပ်ကုန်သွယ်မြို့ကလေးပါ။ ဒါပေမယ့် ပင်လယ်ကျောက်တန်းတွေ လုပ်ပြီး အပန်းဖြေမြို့အဖြစ်လည်း လူသိများပါတယ်။ ကျောက်တန်းအတုတွေလုပ် ပင်လယ်ငါးအလှလေးတွေ လာအောင်လုပ်ထားလို့ scuba diving , water sport အတွက်ပါထင်ရှားပါတယ်။ ရှားပါး ငါးမျိုးစိတ်တွေ ပင်လယ်ရေ အောက်အပင်လေးတွေ ရှိတယ်တဲ့။

    ကျွန်တော်တို့ ရောက်တော့ နေ့လည် ၃-၄ နာရီလောက်ဆိုတော့ တကယ်လို့ အဲဒီ activity တွေသွားလုပ်ရင် အချိန်ကောင်းကောင်းရပါတယ်။ ဒါပေမယ့် အဲဒါတွေ စိတ်မဝင်စားလို့ ပင်လယ်ကမ်းခြေဘက်ပဲ လမ်းလျှောက်ပြီး ထွက်ခဲ့ကြတယ်။

    လမ်းတစ်လျှောက်က မြင်ကွင်းတွေကတော့





    မြို့ကကျဉ်းကျဉ်းလေးပါ။


    အီလတ်မြို့ ( Eilat )


    ပင်လယ်ကမ်းခြေမှာ အနားယူနေကြသူတွေ

    ကမ်းခြေနားမှာ ရဲတိုက်ဟောင်းရှိတယ်ဆိုလို့ ရှာတာ တပတ်လည်သွားတာကြောင့် ကျွန်တော်တို့ ရှာတွေ့တဲ့အချိန်မှာ ရဲတိုက်ပိတ်ပါပြီ။ အပြင်ကပဲ အားပေးခဲ့တော့တယ်။







    ဘာမှ ဝယ်စရာ မယ်မယ်ရရ မရှိတာနဲ့ ကမ်းခြေတဝိုက်မှာ လေညှင်းခံပြီး ဟိုတယ်ပြန်ခဲ့ကြပါတယ်။ ဟိုတယ်က ကြယ် ၃ ပွင့်အဆင့်ပါ။ Wifi တွေဘာတွေ ပါပါတယ်။ ကံဆိုးစွာနဲ့ Internet Provider ဘက်က down နေလို့ အင်တာနက်သုံးမရပါဘူး။ တည်းတဲ့သူက နည်းပြီး ညစာမှာစားတာ ကျွန်တော်တို့ပဲ ရှိလို့ Hotel Restaurant က ကျွန်တော်တို့အတွက်သီးသန့်ပဲ ချက်ပေးရပါတယ်။ ဘုန်းကြီးတဲ့ သူများပေါ့။ တစ်ဆိုင်လုံးကိုယ့်အတွက်ပဲ

    အမှန်တော့ ဟိုတယ်နားမှာ Fast Food center ရှိတော့ အဲဒီကိုပဲ သွားစားလိုက်ရင် ရပါတယ်။ ကလေးကစားကွင်းလည်း ရှိတာကြောင့် ကျွန်တော်တို့ကတော့ ဟိုတယ်မှာ စားပြီး ကလေးတွေကို ကလေးကစားကွင်းပို့ပေးလိုက်တယ်။ သူတို့တွေ ကစားလို့မောမှ ဟိုတယ် ပြန်အိပ်ကြပါတယ်။

    တကယ်တော့ ဒီ အကာဘာဟာ Water Sport စိတ်မဝင်စားရင် သွားဖို့မလိုပါဘူး။ ဝါဒီရမ်ကနေ Dead Sea ကိုတန်းသွားပြီး Dead Sea မှာညအိပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ Lesson Learn ပေါ့။

    နောက်နေ့သွားမယ့် တစ်နေရာက Dead Sea ကိုပါ. . .
    Reply With Quote   


  4. #294
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default The Dead Sea

    အကာဘာကနေ ကီလို ၂၉၀ လောက်ဝေးတဲ့ ပင်လယ်သေရှိရာဘက်ကို ကျွန်တော်တို့ နောက်တစ်နေ့မှာ ထွက်ခဲ့ကြပါတယ်။

    သဲကန္တာရမြင်ကွင်းတွေနဲ့ စခဲ့တဲ့ ခရီးစဉ်ဟာ ပင်လယ်သေ ပတ်ဝန်းကျင်ရောက်တော့ စိမ်းစိမ်းစိုစို ပိုများလာတဲ့ မြင်ကွင်းဖြစ်လာပါတယ်။ ရေကောင်းကောင်းထွက်ရာဒေသတွေမို့ အသီးအနှံစိုက်ခင်းတွေ ရှိလာတာပါ။



    ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၄၂၀ကျော် (ပေပေါင်း ၁၃၀၀ ကျော် ) အနက်မှာရှိတဲ့ ပင်လယ်သေဟာ ဂျော်ဒန် က အရှေ့ဖက်ကမ်း နဲ့ အစ္စရေး၊ ပါလက်စတိုင်းတို့က အနောက်ဖက်ကမ်း ခွပိုင်တာပါ။

    ဆားပါဝင်မှုနှုန်းက ၃၃.၇ ရာနှုန်းရှိတာကြောင့် သက်ရှိသတ္တဝါတွေ အသက်မရှင်နိုင်တဲ့အတွက် ဒီနာမည်ရခဲ့တာပါ။ သတ္တုဓာတ်ကြွယ်ဝမှုကြောင့် အဲဒီရေထဲကနေ ပိုတက်ရှ်နဲ့ ဘရိုမိုင်းတွေ ထုတ်တဲ့ စက်ရုံတွေ ရှိပါတယ်။ ကော့စတစ်ဆိုဒါ တွေ မဂ္ဂနီစီယမ်တွေလည်းထုတ်ပါတယ်။ ကျွန်တော်တို့ ပထမတွေရတာက နေလှမ်းဆားထုတ်သလို ကုန်းမြေမှာအကန့်လေးတွေလုပ် ပင်လယ်ရေကို သွင်းပြီး အခြောက်ခံနေတဲ့ နေရာတွေနဲ့ စက်ရုံတွေပါ။ နောက်မှ ပင်လယ်သေကို ကုန်းမြင့်ပေါ်က လှမ်းမြင်ရပါတယ်။



    View Point ဆိုပြီး ကားရပ် ဓာတ်ပုံရိုက်ကြတဲ့နေရာပါ။



    ဘေးနားကတောင်ပေါ်က ရုပ်တုတစ်ခု မြေကြီးက ဖြစ်နေတာဆိုလား သမိုင်းကြောင်းက မရှင်းတာကြောင့် ထည့်မရေးတော့ပါဘူး။

    လမ်းတလျောက်ကတော့ မြို့နားနီးလှေ မြင်ကွင်းပြောင်းလေပေါ့





    ဒီနေရာကတော့ ဝါဒီမူဂျစ်က ဆင်းလားတဲ့ရေတွေကျရာ ချောင်းကို ဖြတ်ဖေါက်ထားတဲ့ တံတားပါ။





    ပြီးတော့ တောင်တွေ ဆက်တွေ့ရသေးတယ်။



    ဆောက်လက်စ ဟိုတယ်ကို လှမ်းမြင်ရတဲ့အချိန်မှာတော့ Dead Sea ကိုရောက်ပါပြီ။ စားသောက်ဆိုင်တွေ ဟိုတယ်တွေက ကမ်းခြေကို အပိုင်းလိုက် ပိုင်းပြီး အခကြေးငွေနဲ့ လူတွေကို ဝင်ခွင့်ပြုပါတယ်။ သူတို့ဆီမှာ အဝတ်လဲခန်း၊ ရေချိုးခန်း အစုံပေါ့။ ပိုက်ဆံမပေးချင်တဲ့ ဒေသခံတွေ ခရီးသွားတွေကတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အခမဲ့နေရာ သွားလို့ရပါတယ်။ အဝတ်လဲခန်း၊ ရေချိုးခန်း ရှိပေမယ့် ကောင်းကောင်းထိမ်းသိမ်းမထားဘူးပေါ့။

    ကျွန်တော်တို့ကတော့ တိုးခရီးစဉ်ထဲမှာ အဲဒါအတွက်ပါယူထားပြီးသားဆိုတော့ သူတို့ပို့ပေးတဲ့နေရာ ဝင်လိုက်ရုံပဲ။

    အဝတ်လဲခန်းတွေက သပ်သပ်ရပ်ရပ်ပါ။ Locker ငှားလို့ရတယ်။ အမှန်တော့ သော့ငှားတာပေါ့။ မျက်နှာသုတ်ပုဝါငှားလို့ရတယ်။ ရေကူးဝတ်စုံ တွေ ဝယ်လို့ရတယ်။



    မျက်နှာသုတ်ပုဝါက ၃ ဒီနာ၊ သော့ငှားတာကလည်း ၃ ဒီနာပဲ။ အပေါင်တော့ ပေးရတယ်။ ငှားထားတာတွေ ပြန်ပေးရင် အပေါင်ပြန်ပေးတယ်။ မျက်နှာသုတ်ပုဝါက လျှော်ပြီး ပလတ်စတစ်အိတ်နဲ့ အသေပိတ်ထားတာကို ငှားပေးတာ။ ကိုယ်ပြန်ပေးတဲ့အခါ လျှော်တဲ့ထဲ တန်းထည့်လိုက်ရော။ ပြီးတော့ ကိုယ်လုံးပတ်လို့လုံတဲ့ အကြီးစားဆိုတော့ ပေါ့ပေါ့ပါးပါး သွားချင်သူတွေအတွက် ဘာမှ ယူမသွားပါနဲ့ ပိုက်ဆံလေးတစ်ရွက်လောက်သာ ဆောင်ထားပါ။ ဒီနာ ၅၀ တန်ဆို ကောင်းကောင်းလောက်ပါတယ်။

    အဝတ်လဲပြီးတာနဲ့ လေအေးတွေက တိုက်။ ကမ်းခြေကို ဆင်းဖို့ကြည့်တော့ လှ မှ လှ . . .





    အောက်ကို ဆင်းရတာတော့ တော်တော်မတ်တယ်။ လှေခါးထစ်တွေရယ် ပြန်အတက်မှာ ခြေဆေးဖို့ လှေခါးထစ်အလယ်မှ ရေကန်လေး လုပ်ထားတယ်။

    ပင်လမ်းကမ်းခြေက ကျောက်တုံးတွေက ဆားတွေပွင့်နေတယ်



    ဒီလို ရေစိမ်ဖော်တွေလည်း မရှား



    ပင်လယ်ရေထက် ရှစ်ဆလောက် ဆားပိုပါတာကြောင့် ရေက စေးနေလို့ ရေကူးဖို့ မလွယ်ပါဘူး။ ရေကူးရင် လက်ခတ်လို့ ဖြစ်လာတဲ့ ရေမှုန်တွေ မျက်စိထဲ ဝင်ရင်လည်း မသက်သာဘူး။ အရမ်းစပ်ပါတယ်။ ကိုယ့်တွေ့ ။ ကျွန်တော် ပက်လက်လှန်ရာကနေ ပြန်အထ ယန်ချက်ပျက်တော့ ရုတ်တရက် လက်ရိုက်လိုက်တာ မျက်လုံးထဲရေဝင်သွားပြီး စပ်လိုက်တာ။ အော်ငိုချင်စိတ် ပေါက်လောက်အောင်ပဲ။ နောက် မျက်ရည်ထွက်သွားတော့မှ တော်တော့တယ်။ ကလေးတွေဆိုရင် အော်ငိုပြီ။

    များသောအားဖြင့် ရေထဲဆင်းပြီး ရေပေါ်မှာ ပက်လက်လှန် ပေါလောလေး မျှောနေတာ များပါတယ်။ အနာတွေဘာတွေ ရှိရင်တော့ ရေမဝင်အောင် ပလာစတာကပ်ပြီးမှ ဆင်းရပါတယ်။ မဟုတ်လို့ကတော့ အနာထဲ ဆားဖြူးသလို အရမ်းစပ်တာခင်ဗျ။

    ပက်လက်ပေါ်ဖို့ကတော့ မခက်ပါဘူး ရေထဲဆင်းပြီး ခါးလောက်အနက်ရောက်ရင် ထောက်ထားတဲ့ ခြေထောက်ကလေး ရုတ်လိုက် သူ့ဖာသာအလိုလို ပေါ်လာရော။



    ပြန်အထသာ ယန်ချက်ညီအောင် ထိန်း ထ မှ။ နို့မို့ဆို ရေထဲ နစ်ရင်နစ် ဒါမှမဟုတ် တခြမ်းစောင်းပဲ။

    ကလေးတွေနဲ့ မဒမ်က ကြောက်နေကြတော့ ကောင်းကောင်းရေမစိမ်လိုက်ရ ရှာဘူး။ ကလေးတွေမှာ ပွန်းပဲထားတာလေးတွေကလည်း စပ်တော့ ပင်လယ်ထဲကတက် အနားက သဲပြင်မှာ အိမ်ဆောက်တမ်းကစားနေကြတယ်။ ပြီးရော။

    ရေထဲစိမ်တော့ အပူအအေးကအတော်ပဲ။ ရေစိမ်ပြီး ရေသန့်ပြန်ချိုးတော့မှ ပြဿနာ။ ရေခဲရေ ချိုးရသလိုဆိုတော့ ကလေးတွေဆို စင်အောင် မချိုးနိုင်ဘူး။

    ပိုစင်သွားအောင် ရေကူးကန်ထဲ ဆင်းမယ်ဆိုတော့ ရေကူးကန်ကရေက ခြေတစ်ဖက်ချထားတာတောင် တဖြည်းဖြည်းထုံလာလို့ နောက်ဆုံး ရေချိုးခန်းမှာ ရေမြန်မြန်သွားချိုးရတော့တယ်။



    ရေစင်အောင်မဆေးမိရင် ဆံပင်တွေမှာ ဆားတွေတောင် ခဲလာတာ တွေ့ရတယ်။



    ရေမိုးချိုးပြီးတော့ နေ့လည်စာ စားကြပါတယ်။ ဘူဖေးကို တစ်ယောက် ၁၃ ဒီနာလောက် ယူပါတယ်။ အစားအသောက်တွေက မဆိုးပါဘူး။ အားလုံးက ဆာဆာနဲ့ အားပေးလိုက်ကြတယ်။

    စားသောက်ပြီး အနားမှာ ရှိတဲ့ဆိုင်ကနေ Dead Sea Product တွေ သွားဝယ်ကြတယ်။ မျက်နှာပေါင်းတင်တဲ့ ရွံ့တို့၊ အသားလှဆီတို့၊ ရွံ့နဲ့လုပ်တဲ့ ဆပ်ပြာတို့ အစုံပါပဲ။ ဈေးတွေက မပေါပါဘူး။

    ကမ်းခြေနားမှာ အဲဒီ ပေါင်းတင်တဲ့ရွံ့တွေ ရောင်းပေးတာ ရှိတယ်။ တစ်ကိုယ်လုံးကို မံလိုက်တော့ လူနက်ကြီး ဖြစ်သွားပြီး နာရီဝက်လောက်နေမှ ရေချိုးရတယ်တဲ့။ ဒီနာ ၂၀ လား ၃၀ လားမသိဘူး။

    Dead Sea မှာတော့ ရေစိမ်ပြီး အေးအေးဆေးဆေးနေရတာက အနှစ်ပါပဲ။

    အခုတော့ အားလုံး ရေစိမ် စားသောက်ပြီး ပြီဆိုတော့ အမန်ကို ပြန်ကြပါတော့မယ်။ . . .
    Reply With Quote   


  5. #295
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Red face ပြန်ပါဦးမယ် ပြန်ဦးမယ် . . . . .

    အမန်း (Amman ) ကိုပြန်တဲ့လမ်းကတော့ ဘာမှထူးထူးခြားခြားမရှိပါဘူး။ ခရစ်ယန်တွေဆိုရင်တော့ Dead Sea ကနေအမန်းကို ပြန်တဲ့လမ်းပေါ်မှာရှိတဲ့ The Baptism Site ဆိုတာကို ဝင်ဖြစ်ကြမယ်ထင်ပါတယ်။ အစီအစဉ်ထဲမှာမပါလဲ ထည့်ဆွဲခိုင်းလို့ရပါတယ်။ သူက လမ်းမပေါ်ကနေ ၂၅ ကီလိုလောက်ခွဲထွက်သွားရပြီး သူတို့ကားနဲ့ ဆက်စီးသွားရပါတယ်တဲ့။ ယေရှုခရစ်တော် နှစ်ခြင်းခံတဲ့နေရာ အစစ်လို့ဆိုပါတယ်။ ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ကြရင်တော့ သူ့ website မှာသွားဖတ်နိုင်ပါတယ်။

    အမန်းမြို့ အဝင်နဲ့ မြင်ကွင်း တစိတ်တပိုင်းကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။







    City Mall ဆိုတဲ့ အသစ်ဆောက်ထားတဲ့ မောလ်တစ်ခုပါ။ ကျွန်တော်တို့ ဟိုတယ်နဲ့နီးလို့ နှစ်ခါလောက်ရောက်ခဲ့ပါတယ်။



    ဒီလို သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တောလမ်းကလေးလိုမျိုးလည်း အမန်းမြို့ထဲမှာတွေ့ နိုင်ပါတယ်။

    ကျွန်တော်တို့ ပြန်ရောက်တဲ့အချိန်က နေ့လည်ပိုင်း လောက်ဆိုတော့ အနားမှာ ရှိတဲ့ လည်စရာနေရာတွေ သွားချင်ရင် သွားလို့ရပါသေးတယ်။ ဒါပေမယ့် အဲဒီလိုလည်း မသွားချင်တော့ တာမို့ အနားမှာ ရှိနေတဲ့ မောလ်ကိုပဲ ထွက်ခဲ့ကြပါတယ်။

    အမန်းကမောလ်တွေက စင်္ကာပူ ဘန်ကောက် ကမောလ်တွေလိုပါပဲ နေရာကျယ်ကျယ် အထပ်က ၅ ထပ်လောက်ရှိပါတယ်။ Branded အဝတ်အစားဆိုင်တွေ၊ Mango, Max, Zara ဆိုင်တွေ ရှိပါတယ်။ Mango, Zara ကတော့ အင်တာနေရှင်နယ်ဆိုင်ဆိုရမှာပေါ့ အာရှနိုင်ငံတွေမှာလည်း ရှိတယ်ဆိုတော့။ Max ကတော့ ပင်လယ်ကွေ့ဒေသတွင်း ဆိုင်ဖြစ်မယ်ထင်ပါတယ်။ UAE, Dubai Oman တို့ ဂျော်ဒန်၊ ဆော်ဒီတို့မှာပဲ ရှိတဲ့ဆိုင်ပါ။ အန္ဒိယ ပါကစ္စတန်က သွင်းတဲ့ သူတို့တံဆိပ်တပ် အဝတ်အထည်တွေ ရောင်းတာပါ။ ဈေးနှုန်းသင့်တင့်ပြီး လူလတ်တန်းစား ဝတ်နိုင်တဲ့ အဝတ်အစားမျိုးများပါတယ်။ ဒီဇိုင်းတွေကလည်း မဆိုးပါဘူး။

    ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဈေးချချိန် မို့ ဈေးတွေက မဆိုးပါဘူး အဘူဒါဘီ ဈေးနဲ့ အတူတူမို့ အလေးခံ မသယ်တော့ ပါဘူး။ ဈေးပတ်ပြီး window-shopping ပဲလုပ်ဖြစ်တာပေါ့။

    နောက်နေ့မနက်မှာတော့ လေဆိပ်ဆင်းခဲ့ကြပါတယ်။ ပြန်ချိန်ကျပြီလေ။ တစ်ပါတ်လုံး ကြည်လင်နေတဲ့ ကောင်းကင်ဟာ ကျွန်တော်တို့ ပြန်မယ့်ရက်မှာ အုံ့မှိုင်းမှိုင်းနဲ့ နှုတ်ဆက်ပါတယ်။ အဲဒီလို မြူဆိုင်းတာမျိုး အဘူဒါဘီမှာ မကြုံခဲ့လို့ ကလေးတွေက တအံ့တသြ ပါ။

    မြင်ကွင်းမကောင်းတဲ့ ရာသီဥတုမို့ လေယာဉ်ဘယ်လေယာဉ်မှ ဆင်းလို့ မရပါဘူး။ ကျွန်တော်တို့ ၄ နာရီလောက် လေဆိပ်မှာ သောင်တင်နေပါတော့တယ်။ ကလေးတွေ ဗိုက်ဆာမှစိုးလို့ ဘာဂါတွေဝယ်ပေးပြီးတော့မှ လေယာဉ်ကနေ အစားအစာတွေ လာဝေပေးပါတယ်။ စားနိုင်သလောက်ထပ်စားပြီး တော့ လေယာဉ်လည်းဆိုက်လာတာနဲ့ ပြန်ခဲ့ကြပါတယ်။ လေယာဉ်ပေါ်မှာ ထူးခြားတဲ့ ခရီးသည်နဲ့ ကြုံရသေးတယ်။ သူကတော့



    သိမ်းငှက်တစ်ကောင်ပါ။ ထိုင်ခုံတစ်နေရာစာပေးပြီး ခပ်တည်တည်သယ်လာတာ။ သူတို့မှာလည်း ပတ်စပို့ ရှိပါတယ်။ မျက်နှာကို အုပ်ထားတော့ မလန့်တော့ဘူးပေါ့။ ခရီးစဉ် တလျှောက်လုံး အေးအေးဆေးဆေး လိုက်လာပါတယ်။ တော်တော်လိမ္မာတဲ့ ကောင်လေး။

    ဂျော်ဒန်ခရီးစဉ်ဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အသေးအဖွဲ ပြဿနာလေးတွေကလွဲရင် အားလုံးချောချောမောမောပါပဲ။ ရာသီဥတုက အစ ကိုယ့်ဖက်ပါတယ်။ မိုးမရွာ၊ မြူမကျ တဲ့အတွက် သွားရမယ့်နေရာတွေ အကုန်လိုလို ရောက်ခဲ့ပါတယ်။ ဆောင်းတွင်းမို့ ဆိုက်တွေက ပိတ်ချိန်စောလို့ အချို့နေရာတွေပဲ မရောက်နိုင်တာပါ။

    ကားဆရာကတော့ ကားမောင်းတာ ကောင်းပေမယ့် စကားနည်းပြီး တိုးဂိုက်မုဒ် မရှိတာကြောင့် အချို့နေရာတွေ သွားဖို့ အဖော်စပ်လို့ မရပါဘူး။ အမှန်ဆိုရင် သူက စပြီး ဘယ်နေရာပြီး ဘယ်နေရာ သွားမယ် ဆိုတာ ခရီးစဉ်ကို မနက်လာအကြိုမှာ ပြောပြရမှာ။ အခုတော့ မေးနိုင်မှ တစ်ခွန်းလောက်ထွက်တယ်။ အဲဒါလေးက လွဲရင် ကျန်တာ အဆင်ပြေပါတယ်။

    ကျွန်တော်တို့ Tour Package နဲ့သွားတာ ညစာဟိုတယ်မှာ ပါအပြီးကို တစ်ယောက် ဒေါ်လာ ၇၀၀ (ကလေးက ၃၅၀၊ ငါးနှစ်ကလေးက အခမဲ့) အားလုံး ဒေါ်လာ ၁၈၀၀ လောက် ကျသွားပါတယ်။ လေယာဉ်ခကတော့ ကိုယ့်ဖာသာကိုယ်ပေါ့နော်။ ကိုယ့်ဖာသာကိုယ် အစအစအရာအရာ စီစဉ်ပြီး ဟိုရောက်မှ ကားစင်းလုံး ငှား မယ်ဆိုရင်လည်း အဲဒီလောက်တော့ ကုန်ပါမယ်။ လူလွတ်တစ်ယောက်ထည်းဆိုရင်တော့ သက်သာမှာပေါ့။ အငှားကား ငှားစရာမလိုပဲ တချို့နေရာတွေဆို ဘတ်စ်ကားနဲ့ သွားလို့ရတာကိုး။ ဟိုတယ်တွေကလည်း ဘတ်ဂျက်ခရီးသွားတွေ အတွက် ဈေးနည်းတာတွေ ရှိပါတယ်။ မိသားစုနဲ့ကတော့ တိုးအဖွဲ့နဲ့ သွားတာက ပိုကုန်ပေမယ့် ဘာမှ မစီစဉ်ရတော့ ခေါင်းရှင်းတာပေါ့။

    ဂျော်ဒန်ခရီးစဉ်ကတော့ ပြီးဆုံးပါပြီ။

    အစက အဆုံး သည်းခံ ဖတ်ပေးကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ ၂၀၁၀ ဒီဇင်ဘာ လကုန်လောက်က စရေးလိုက်တဲ့ ဒီခရီးဟာ ကျွန်တော့် အလုပ်မအားတာကြောင့် ၂၀၁၁ မေလ လယ်အထိ ကြာသွားတာလည်း တောင်းပန်ပါတယ်။

    နောက်ခရီး တစ်ခု မှာ ပြန်ဆုံကြတာပေါ့နော် . . . . .

    ရွှင်လန်းချမ်းမြေ့ကြပါစေ . . . .
    Reply With Quote   


  6. #296
    VIMC r[m;',m; Cupid Big Island   mgchaint is on a distinguished road mgchaint's Avatar
    Join Date
    May 2006
    Location
    Cupid
    Posts
    4,775
    Thanks
    70,986
    Thanked 136,024 Times in 4,697 Posts

    Default a&cJawmifESifh touf 40wef;....


    b,foGm;rvJ armifa&cJ....


    uRefawmfESifh uRef;MuD;ay:rS oli,fcsif;rsm;u ESpfywfvsifwpfcg odkUr[kwf wpfvwMudrfavmufawmh rdom;pkrsm; pkpnf;jyD; aysmfyGJpm;oabmrsdK; xGufavh&Sdonf/ ykHrSef paetywfwkdif; qpf'eD&Sd y@dw&mrausmif;wGif uav;rsm;udk Ak'
    ,Ofaus;rSKrsm; em;vnf,Ofyg;&eftwGuf ausmif;rS OD;yOif;u uav;i,frsm;udk Ak'0ifrsm; ykH0wKrsm;udk ajymjyjcif;? &Hzef&Hcg jrefrmpmrsm;udk oifay;avh&Sdygonf/ uav;rsm; pmoifcsdefwGif rdcifrsm;u pkjyD;pum;ajymMuovdk uRefawmfwdkU a,mufsm;rsm;uvnf; a&SUvmrJh &kH;ydwf&ufrsm;wGif bmvkyfMurvJ wdkifyifaqG;aEG;Muonf/

    'Dwacgufawmh paeaeUtm&kHqGrf;udk q&mawmfESifh OD;yO
    if;ESpfyg;tm; qpf'eDjrdKUwGif taumif;qkH;[k qdkMuaom tef;pm;aomufqdkif (An Restruant) wGif auGUaom0fESif trJpGyfjyKwfuyfvdk uRefawmfwdkUtm;vkH; eHeufapmapm qdkifzGifcsdef 7 em&DwGif xdkpm;aomufqdkifwGif awGUqkH&ef csdef;qdkvdkufMuygonf/



    q&mawmfrsm;udk pGyfjyKwfuyfvSKjyD;onfhaemuf uRefawmfwdkU rdom;pkrsm; tdrfodkUrjyefyJ qpf'eDtdkvHypfteD;&Sd tokH;rjyKawmhonfh ausmufrD;aoG;rdkif;udk a&rsm;jznhfqnf;jyD; a&oefUpifpuf&kHaqmufxm;onfh wenthworth common odkU c&D;ESifcJhygonf/ xdkae&mav;onf qpf'eDjrdKUxJwGif&Sdaomfvnf; uav;upm;uGif;rsm; vltrsm; tyef;ajzp&mzefwD;xm;aom at;csrf;vSonfh ae&mav; wpfae&m jzpfygonf/




    xdkae&mav;wGif uav;rsm;tm;vkH; 'ef;pD; oJaqmh? MudK;wuf? pufbD;pD;ESifh eHeuf 9 em&DcGJ cefUrS aeUvnf 4 em&Dtxd rysif;wef; pdwfMudKufaqmhupm;Muonf/ uRefawmwdkUuJhodkU vma&mufaom MopDrdom;pkrsm;? oli,fcsif;ESifh tusOf;&kH;arG;aeUyGJrsm; bmbDusL vkyfolrsm;vnf pnf;um;vSonf/


    uRefawmfwdkU vlMuD;rsm;uawmh tqmajy Muufom;yvmwm? tefwDqGd&JU wdkUzl;okyf MumZHaMumf? ESifh bD,mrsm;ESifh tyef;ajz tem;,lu uav;rsm;ESifh aqmhupm;vdkuf? jyefvmxdkif bD,mav;aomuf? pufbD;pD; vrf;avQmufum tem;,laecJhMuonf/

    xdkaemuf qpf'eDwGif ae&mtESHa&mufzl;onfh oli,fcsif;rS aemufwpfywfwGif Snowy mountain odkUoGm;a&mufMurnf[k tMuHjyKygonf/ tm;vHk;aysmfaysmfyg;yg; oGm;MurnfjzpfaomaMumifh oabmwlu xkdaeUu vrf;cGJvdkufMuonf/

    bmeJUoGm;rvJ armifa&cJ.....


    Snowy mountain onf uRefawmfwdkU qpf'eDrS uDvdkrDwm 500 cefUa0;ygonf/ Mopaws;vsjrdKUawmf urfbm&mtxd vrf;rSm at;aq;pGmarmif;ESifedkifjyD; urfbm&mrS Snowy mountain vrf;rSm twufvrf;jzpfjyD; vrf;usOf;aomaMumifh wpfnvkH; rtdyfwef; armif;ESif;rnfqdkygu tenf;i,fyifyef;EdkifaomaMumifh yxrOD;qkH; 12 a,mufqefU bwfpfum; ESpfpD; udk iSm;
    um;ESpfpD; wlwlarmif;oGm;vsif wpfa,mufwvSnfpD armif;ygu yif;yef;rSK oufomrnf[k wGufcsufum bwfpfum;c ESKef;xm;rsm;udk vdkufvHpkHprf;Muonf/

    weFvm? t*Fg? Ak'
    [l; 3 &ufwdwd vdkufvHar;jref;vdkufaomtcg bwfpfum;ESifh iSm; oGm;ygu ukefusaiG pm&if;xGuf&SdvdkUvmygonf/ bwfpfum;rSm pae we*FaEG tm;&ufwGif 2 &ufpm iSm;&rf;r&yg okH;&ufom iSm;&rnf? wpf&ufvsif uDvdkrDwm 200 udkom armif;cGifh&SdjyD; xdkxuf ydkygu wpfuDvdkrDwmudk 0.33 a':vm tydkaqmif;ay;&rnf/ uRefawmfwdkU oGm;rnfhc&D;rSm toGm;tjyef uDvdkrDwm 1000 cefUESifh we*FaEGaeU urfbm&mjrdKUxJ vnfywfrnf qdkaomaMumifh tenf;qkH; uDvdkrDwm 1200 cefU armif;rnf[k cefUrSef;xm;Muonf/ xdktjyif tmrcHaMu;? "gwfqDzdk;rsm; aygif;vdkufaomtcg pkpkaygif; um;p&dwf wpfckwnf; atmfpD 2100 cefU ukefrnf[k cefUrSef;onf/




    bwfpfum;ESifh oGm;&jcif; &nf&G,fcsufrSm rdom;pk tm;vkH; pkpnf;pGm oGm;&jcif;? um;armif;rnfholrsm; oufomEdkifjcif;om &Sdonf/ vdktyfaom yp
    nf;rsm; odyf,laqmifr&yg/ tm;vkH; rQwpGmom o,fcGifh&Sdrnf/ odkUaomf p&dwfu rsm;vGef;vSonf/ uRefawmfwdkU rdom;pk 3a,mufaygif;vsif atmfpD 300 cefU ukefusrnf/ p&dwfaxmif;vSygonf/ udk,fbmomudk,f um;amrmif;oGm;vsif tvGeftuRH "gwfqDzdk; 160-170 cefUom ukefrnf/ udk,fvdkaom ypnf;udk udk,fum;wGif pdwfMudKufxnhfvdkU&onf/ tefwDqGdwdkU om;trd tcsrf;'Pfudk rcHEdkifao;yg/ xdkaMumifh taEG;xnf tjynfhtpkH? pm;p&m aomufp&mrsm; xnfh&tkef;rnf/

    bwfpfum;c aps;MuD;vGef;vS
    uRefawmfwdkUtm;vkH; udk,fum;udk,f pdwfMudKufarmif;oGm;Murnf/ um;rsm;udk twef;vdkuf wpfa,mufESifh wpfa,muf apmifhac: oGm;Murnf[k qkH;jzwfvdkufygawmonf/

    armifjcdrfh
    ........................
    quf&ef

    udk,hfudk,fudk,f om"kac:EdkifzdkUu vdyfjymoefUzdkUta&;MuD;w,f-q&matmifoif;
    Reply With Quote   


  7. #297
    VIMC r[m;',m; Cupid Big Island   mgchaint is on a distinguished road mgchaint's Avatar
    Join Date
    May 2006
    Location
    Cupid
    Posts
    4,775
    Thanks
    70,986
    Thanked 136,024 Times in 4,697 Posts

    Default

    bmvdkao;vJ armifa&cJ....

    uRefawmfwdkU\ qpf'eD*sydk; oli,fcsif;rSm wywfvkH; &moDOwkudk aeUpOf ppfaq;ae&onf/ jyD;cJhwJh wpfywfu Snowy mountain 0ef;usifwGif avjyif;rsm;wdkufcdkufonfwJh/ uRefawmfwkdUoGm;rnfh paeUaeUwGif avwdkufygu uRefawmfwdkU oGm;
    r&Edkifyg/ xdkaMumifh &moDOwkudk aeUpOf apmifhhMunhfae&onf/



    &moDOwkrSm uRefawmfwdkUtMudKuf avwdkufESKef; uDvdk30 cefU Fog then Sunny, tjrifhqkH;tylcsdefrSm 5'D*&Djzpf
    tedrfqkH;rSm -7'D*&DcefU &Sdrnf vdkU cefUrSef;xm;onf/ xdk&moDOwk cefUrSef;csufu awmfawmfrSefonf/ uRefawmfwdkUaeUpOfeJUtrQ xdkcefUrSef;csufudkom tm;udk;ae&onf/ urfbm&m&JU ntyltcsdefu xdkaeUwGif -3pifwD*&dwfvdkU cefUrSef;xm;onf/

    rdom;pktm;vkH; a[mfw,fwGif rwnf;yJ paeUaeUnwGif urfbm&mrS oli,fcsif;tdrfwGif tdyfMurnf/ olUtdrfwGif tdyfcef; 3 cef;&SdjyD;
    {nfhcef;rSm tvGeftifrwefus,faomaMumifh vl15-20 rQrQww tdyfrnfqdkvsif tdyfEdkifonfwJh/ 'gaMumifh uRefawmffwdkUwpfawG Sleeping bag rsm;udk ajy;0,fMu&onf/ aps;u trsdK;rsdK; tylcsdef avsmhenf;aom a'owGif tokH;jyKrnfh Sleeping bag rSm tylcsdeftvdkuf aps;rsm;oGm;onf/ uRefawmf0,faom Sleeping bag u +2 rS -2 twGif; tdyfEdkifaomaMumifh atmfpD 59 usyfay;&onf/ rdom;pk 3a,muftwGuf 3 ck0,fawmh 180 xGufoGm;ygawmhonf/


    b,frSm em;rvJ armifa&cJ....
    Snowy mountain odkU oGm;onfhc&D;udk tawGUtMuKH&Sdaom oli,fcsif;u uRefawmfwdkU\ c&D;pOfudk MudKwif owfrSwfxm;vdkufonf/

    1/ uRefawmfwdkU pk&yfrS yxrOD;qkH;em;rnhf Marulan rSm&dSonf BP Express ae&m... xdkae&modkU a&muf&ef 2 em&DcefU armif;ESif&onf/Hume Highway wavQmuf uDvdkrDwm 110 ESKef;;ESifh 180 uDvdkrDwmudk 2em&DcefUarmif;vdkuf&ygonf/

    2/ urfbm&m &Sd uRefawmfwdkU wnf;cdkrnfhtdrf/ urfbm&mrSm oli,fcsif;rdom;pkuvnf; uRefawmfwdkUESifh vdkufcJhrnfwJh/ olwdkUu armifESrESpfa,mufESifh olwdkU rdcif &Sd&modkU oGm;a&muf qkHMurnf/ yxrae&mrS urfbm&mudk 123uDvdkrDwm? wpfem&DcGJcefU armif;ESif&rnf/



    3/ tayghtyg;oGm;zdkU Cooma u "gwfqDqdkifav;rSm em;tkef;r,faygh/ urfbm&muae 115 uDvdkrDwma0;w,f/ 'gayrJh urfbm&muae pedk;armifwdef vrf;u 2vrf;armif;om jzpfvdkU [dkbufu um;rsm;a&Smifwdrf;&wm&,f/ trsm;qkH; uDvdkrDwm 100 armif;&wm&,f/ awmifwufvrf;jzpfvdkU 1em&D 45 rdepfavmuf armif;&ygw,f/



    4/ aemufqkH; em;cdk&efae&muawmh wu,fwrf; em;cdkwmxuf? vdktyfwJh armfawmfum;rSm ESif;awmifwuf um;bD;wGif csdwfwJh csdef;MudK;awG iSm;&rf;&mae&m? a&cJawmifwGif pD;eif;zdkU puDrsm;? pvdkufrsm;? tus
    rsm;? zdeyfrsm; iSm;&rf;&mae&mygyJ/
    http://www.bpskihire.com.au/rates/index.htm

    tJ'Dae&muawmh wwd, em;cdkwJhae&meJU 90uDvdkrDwm a0;jyD;awmh 1em&DcGJcefU armif;&ygw,f/



    iSm;&rf;c aps;ESKef;awGvJ vifhay;xm;w,f/ uRefawmfwdkU rdom;pk tefwDqGdtwGuf wpfpkH? uRefawmftwGuf wpfpkH? orD;twGuf abmif;bDeJU zdeyf? orD;avQmpD;zdkU pvdkuf ESpfck? um;twGuf csdef;MudK; pkpkaygif; 100 ay;vdkuf&w,f/

    armifjcdrfh

    quf&ef.....




    udk,hfudk,fudk,f om"kac:EdkifzdkUu vdyfjymoefUzdkUta&;MuD;w,f-q&matmifoif;
    Reply With Quote   


  8. #298
    VIMC r[m;',m; Cupid Big Island   mgchaint is on a distinguished road mgchaint's Avatar
    Join Date
    May 2006
    Location
    Cupid
    Posts
    4,775
    Thanks
    70,986
    Thanked 136,024 Times in 4,697 Posts

    Default

    bmvkyfrvJ armifa&cJ......

    uRefawmfwdkU n11em&DcGJavmufu xGufvmwm pwkw
    tMudrfajrSmufem;cdkwJhae&m... a&cJawmifrSm 0wfzdkU t0wftpm;awG a&cJawmifzdeyfawG iSm;&rf;jyD;oGm;ygjyD/ tjyifzuf tylcsdefu -3pifwD*&dwfrSm jyaeygw,f/ cufwmu pwkwtMudrfajrSmufvJ em;jyD;oGm;jyD tcktcsdefxd a&cJrajymeJU a&cJeJUwlwmawmif bmrS rawGU&ao;ygbl;/ uRefawmfudk,fwdkifvJ n11em&DcGJuae tckreuf 7em&Dausmfonftxd wa&;rS rtdyf&ao;awmh enf;enf;aMumifawmifawmifjzpfaeovm;awmh rodbl;... tJ'geJU uRefawmfwdkUudk OD;aqmifvmwJh oli,fcsif;udkar;rdygw,f/ ]][aumif&.. b,frSmvJ rif;&JU a&cJawmif... a&cJrajymeJU a&cJeJU wlwmawmif rawGU&ao;ygvm;}} tJ'DrSm uRefawmfoli,fcsif;u ra&mufao;bl;av.. aemufxyf em&D0uf.. av;q,fig;rdepfavmuf armif;&tkef;rSm....

    uJ 'DvdkeJU uRefawmfwdkU&JU um;wef;MuD; a&SUquf c&D;xGufvmcJhygw,f/ 5 rdepfavmuf armif;jyD;wJh tcgrSm a&cJawmifMum;udk 0ifaMu; um;wpD;udk atmfpD 27 usyf ay;&wJh *dwft0if0udk a&mufcJhygw,f/ tJ'D*dwfudk 0ifjyD; 5 rdepfavmuf armif;vdkufwmeJU a&cJrsm; vrf;ab;u awmifrsm;w0dkufrSm [dkwp 'Dwp awGUvdkuf&ygawmhw,f/.. 'DvdkeJU a&SUqufarmif;av.. vrf;ab;rSm ESif;cJrsm;udk &Sif;vif;xm;wmudk pwifawGUvdkuf&ygawmhw,f/



    'DvdkeJU 45rdepfavmuf armif;jyD;wJh tcgrSm uRefawmfwdkU OD;wnfoGm;aewJh Perisher valley udk tckvdk awGUvdkuf&ygawmhw,f/





    uRefawmfwdkUwpfawG puDyp
    nf;awGiSm;&rf;awmh awmfawmfrsm;rsm;u tusabmif;bDeJU uav;awGaqmhzdkU puDqvdkufavmufyJiSm;ygw,f/ &kyf&SifawGxJuvdk puDpD;zdkUawmh owdr&Sdygbl;/ 'gayrJh uRefawmfwdkUtzGJUxJu a,musfm;av; 2a,mufeJU rdef;uav;wpfa,mufu wcgrSrpD;bl;ayrJh &J&Jwif;wif;yJ puDpD;zdkU snow gear tjynfhtpkHiSm;ygw,f./ ajymjyzdkUarhaevdkU puDpD;zdkU zdeyfr[kwfyJ a&cJawmifrSm pD;zdkU &dk;&dk;zdeyfawmifrS wzufudk 2 uDvdkcefUav;ygw,f/ pEdk;armifwdefa&mufawmh MuKHMudKufwkef; puDpD;wJzdeyfudk udkifMunhfvdkufwm wzufudk 5 uDvdkcefUav;w,fAsm/

    'DvdkeJU Perisher Valley vJ a&mufa&m uav;rsm;u olwdkUwpfawG pD;&ifjzpfEdkifwJh awmifedrfhav;pD tajy;tvTm;oGm;Muygw,f./ tJ'Dudk a&mufwJh reuf 8em&DcGJavmufrSm tylcsdefu -7pifwD*&dwfavmuf&Sdygw,f/




    uRefawmfvJ b,f&rvJ/ pD;zl;w,f&Sdatmif orD;wvSnfh uRefawmfwvSnfh tJ'Dae&mrSm 2acgufavmuf oGm;pD;vdkufygao;w,f/

    tJ'DvdkeJU reuf 9 em&DavmufrSm uRefawmfwdkUvnf; uav;awGtwGuf ygvmwJh txJu Breakfast udk jyifMuqifMuwmaygh/



    tJ'Daemuf uav;awGeJU uRefawmfwdkUtm;vkH; pvdkufpD;vdkuf Snow man vkyfvdkuf.. a&cJawmif wcGif avQmufMunhfvdkufeJU b0rSm yxrqkH; a&cJjyif&JU t&omudk cHpm;Muygw,f/ MuKHMudKufvdkUajym&&if puDpD;zdkU x&defeif oifwef;u wpf&ufxJeJU tjywfoifay;ygw,f./ atmfpD 150 ygwJh/ aemufjyD; awmifay: tjrifuae puDpD;jyD; qif;vm awmifay:jyefwufzdkU rdkEdkRail wpf&ufpD;cu atmfpD 136usyfygwJh/ uRefawmfwdkUvJ udk,fwdkifvJ rpD;wwfqdkawmh pD;wwfolrsm; pD;aeMuwmudk teD;uyfeJU wrsdK; ta0;MunfhrSefajymif;eJU wzkH; MunhfjyD; tm;usaeMuwmaygh/




    'DvdkeJU aeUvnfpm pm;csdefa&mufvmawmh.....rufa':e,f eJU tefwDqGd,lvmwJh Pasta udk tm;vkH; 0dkif;0ef;pm;aomufMuygw,f/ tJ'Dvdkpm;aomufjyD; Adkufjynfhvmawmh uRefawmfvJ um;xJrSm cPavmuf wpfa&;warm 0iftdyfvdkufao;w,f/ um;armif;wJholawGuawmh wpfa&;warm eyfMujyD; usefwJholawGuawmh uav;rsm;eJU qufvufjyD; aqmhupm;Muwmaygh/





    tJ'DvdkeJU nae av;em&DavmufrSm Perisher Valley uae uRefawmfwdkU ntdyfrJh urfbm&mudk c&D;qufESifxGufcGmvmcJhMuygw,f/

    armifjcdrfh

    quf&ef...

    udk,hfudk,fudk,f om"kac:EdkifzdkUu vdyfjymoefUzdkUta&;MuD;w,f-q&matmifoif;
    Reply With Quote   


  9. #299
    VIMC r[m;',m; Cupid Big Island   mgchaint is on a distinguished road mgchaint's Avatar
    Join Date
    May 2006
    Location
    Cupid
    Posts
    4,775
    Thanks
    70,986
    Thanked 136,024 Times in 4,697 Posts

    Default

    aEG;aEG;axG;axG; armifa&cJ.....

    pEdk;armifwdefuae nae 4em&Davmufu armif;vdkufwm urfbm&mudk n8em&DausmfausmfavmufrSm a&muf&Sdygw,f.... jyefa&mufcsdefuvnf; enf;enf;aemufusaejyDjzpfvdk trsdK;orD;xku tdrf&Sif oli,fcsif; rdef;cav;eJU twl ,refaeUu csufxm;wJh[if;rsm;udk jyefaEG;jcif;? a,musfm;av;rsm;uawmh txkwftydk;rsm;atmufodkUcsjcif;rsm;udk jyKvkyftjyD; n 9em&DavmufrSm tm;vkH;pkaygif;jyD; xrif;pm;jzpfMuw,f/ [if;awGuawmh oD;pkHyJukvm;[if;? ykZGefqDjyef? tpdrf;ausmf? iydcsuf eJU Muufom;[if;rsm;yJ jzpfygw,f/ tdrf&Sif&JU apwemygyg csufxm;wJh[if;rsm;[m qmavmifaewJhtcsdefeJU aygif;pyfjyD; awmfawmfav;udk xrif;jrdefcJhygw,f/



    xrif;pm;aomufjyD;wJhtcsdefrSm n 10em&DausmfwmrdkvdkU tdyfzdkUjyifqif&jyefw,f/ urfbm&m&JU okli,fcsif;tdrfrSm *ufpfrD;zdk? qDrD;zdk rsm;&SdwmrdkvdkU -3pifwD*&dwf&SdwJh tat;'Pfu uRefawmfwdkUtwGuf tvGeftifrwef jidrfhajimif;pGmyJ tdyfpufEdkifcJhw,f/

    reufusawmh 9em&DrSm tdrfuxGufzdkUjyifqifMujyD; urfbm&mudk vnfywfMuwmaygh/ urfbm&mqdkvdkU urfbm&mtaMumif;ajym&&if olu Mopaws;vs&JU jrdKUawmfyg/ vuf&Sd vlOD;a&; 3 odef;cGJcefUyJ&Sdygw,f/ urfbm&mudk pwnfzdkU jyifqifcJhwm 1911 ckESpfuwnf;uyg/ wu,fawmh urfbm&mjrdKUwnf&SdwJh Australian Capital Territories qdkwm Sydney jrdKU&SdwJh New South Wales jynfe,fxJu tuGufwpfuGufvdkUqdk&ygr,f/ 'gayrJh 19&mpkukefydkif;avmufrSm emrnfMuD;vSwJh New South Wales (Sydney) eJU Victoria (Melbourne) wdkUu olEdkifudk,fEdkif jrdKUawmftjzpf tjydKifvkus&if; aemufqkH;rSm oabmwlnDcsuf&jyD; Sydney eJU tenf;qkH; rdkif100 (uDvdk 160) tuGmta0;rSm jrdKUawmfjynfe,fwpfckwnfaqmuf&r,f/ qdkjyD; oabmwlnDcsufeJu Australian capital Territories qdkwJh jynfe,fwpfckzefwD;jyD; jrdKUawmftjzpf urfbm&mudk wnfaqmufzdkU oabmwlcJh&wmyg/ t&ifwkef;uwnf;u Sydney eJU Melbourne u olomw,f udk,fomw,feJU vkcJhMuwm tck 21 &mpkESpfxda&mufonftxd &efjzpfaeMuwkef;yJvdkUqdk&ygr,f/ Sydney om;eJU Melbourne om;awG[m tcktcsdefxd &efjzpfaeMuwkef;ygyJ/

    tJ'Dtcsdefuae urfbm&mudk Mopaws;vs 0efMud;csKyfawG jrdKUudk wnfvmwm tcktcsdefxd qdkawmh jrdKUawmfu awmfawmfav;udk vSyw,f/ at;csrf;w,f vdkUqdk&if&Edkifygw,f/ qpf'eDuawmh uRefawmftjrifajym&&if vlaexlxyfwJh jrdKUa[mif;MuD;wpfjrdKU EdkifiHa&;orm;awG wpfa,mufeJU wpfa,mufuyfwGufvdkU ysufpD;aewJh jrdKUMuD;vdkUyJ qdk&rSmyg/ urfbm&mrSm vnfp&mywfp&mawGu trsm;MuD;ygyJ/ uRefawmfwdkUMudKufwJh Austrailian World Memorial, Art Galary, Science Musem, Telsta Tower, Parliament House, Space Earth Satellite Centre pojzifh vnfywfr,fqdk&if wpf&ufeJU rvkHavmufygbl;/ 'gayrJhvnf; uav;awGvnf; A[kokw& aysmfvJ aysmf&atmif ae&mwdkif;udk roGm;yJ tcsdef&oavmuf 3ae&mavmufyJ oGm;r,fvdkU owfrSwfvdkufygw,f/

    trwfrif;eJUawGUrJh armifa&cJ....


    urfbm&ma&muf&if ra&mufrjzpfoGm;jzpfwmuawmh Parliament House ygyJ/


    ordkif;wpfcsdKUudk ajym&&iftckjrif&wJh ygvDreftaqmfttkH rjzpfcif urfbm&mudk wnfaqmufwJh jrdKUawmfwnfaqmufa&;tzGJU0ifawG awmfawmfrsm;rsm; tjzKwfcH&ygw,f/ jrdKUawmfudk vSyatmifrwnfaqmufEdkifvdkUaygh/ 1911 ckESpfuwnf;u pwifcJhwJh jrdKU[m 1988 ckESpfusrS udk,fydkiftkyfcsKyfwJh Australian capital Territories Federal tjzpfudk a&mufjyD; 1989 ckeSpfrS yxrqkH;a&G;aumufyGJudk vkyfEkdifygw,fvdkU qdkygw,f/

    ygvDreftaqmufttkHxJudk vlwdkif;vGyfvyfpGm 0ifMunhfEdkifygw,f/ 0ifcgeD;rSm udk,fcE
    meJU tdyfxJrSmygwJh taMuGaphutp ay;xm;wJh jcif;awmif;av;xJ udk xnfay;jyD; vlvGwf puefemxJ jzwfcdkif;&kHygyJ/ rSwfykHwifwkdU ywfpfydkUwdkU bmrS awmif;qdk ppfaq;wmrsdK; rvkyfygbl;/ 0ifvdkufjyD; taqmufttkH&JU nmzuftjcrf;u qDedwfjzpfjyD; vuf0Jzufu atmufvGwfawmf (House) jzpfygw,f/


    Australian Senate



    Australian House

    ykHrSm jrifwJh twdkif; tvnfaumifwnfhwnfrSm vGwfawmfOu
    Xu xdkif? tvnfu ckHrSm ab;wpfbufwpfcsuf vuf&Sd tEdkif&ygwD eJU twdkuftcHygwD acgif;aqmif;ESpfa,mufxdkif? aemufu xdkifckHawGrSm oufqdkif&m trwfawGu xdkifjyD;awmh Mopaw;vsEdkifiH&JU vdktyfwJh Oya'awG wdk;wufrSKawGudk vkyfaqmifwJh taqmuftOD;wpfck&JU jrifuGif;ygyJ/ ygvDref OuX&JUa&SU tv,faumifpm;yGJMuD;&JU nmzufrSm tckvuf&Sd0efMuD;csKyf *sLvD,m *Dvwf'f xdkifjyD;awmh b,fzufrSm twdkuftcHacgif;aqmif wdkeDtufabmh xdkifygw,f/

    tJ'd qDedwfeJU atmufvGwfawmfESpfck&JU tvnfrSmawmh acwftqufqufrSm tkyfcsKyfcJhwJh 0efMuD;csKyfrsm;&JU ykHudk yef;csD;aq;cs,fjyd; csdwfqGJxm;ygw,f/ ESpftvdkuf b,fESpfuae b,fESpftxd tkyfcsKyfcJhw,fqdkwm tao;pdwf a&;xm;ygw,f/
    tJ'Duae ta&SUbufudk xGufvdkuf&if jAdwdefbk&ifrMuD;&kyfxkudk tckvdk awGUvdkuf&ygw,f/



    qDedwf em;u "gwfavSum;eJU wufoGm;&if ygvDrmef&JU acgifrdk;ay:udk a&mufygw,f/ tJ'Dacgifrdk;ay:uae urfbm&m jrdKUMuD;udk Munfh&wm tvGeftifrwefvSygw,f/ ygvDrmefacgifrdk;ay: tvHwdkif wnf&Sdwmu ygvDref&JUtvnfaumif? tJ'Duae Munhfvdkuf&if Old Parliament House, bmvD*&pfzifa&uef? eJU teufa&mifawmifxdyfay:rSm wifxm;wJh Telsta Tower wdkUu wwef;xJygyJ/





    uRefawmfwdkUwpfawGvnf; Munfp&m A[kokw&p&m taqmuftODxJudk vdkufMunhf "gwfykHawG&dkufeJU aeUvnf 12 em&DavmufrS tJ'DtaqmuftOD;u xGufcGmEdkifygawmhw,f/

    armifjcdrfh

    quf&ef.. ody
    Hrif;om;av; armifa&cJ...


    udk,hfudk,fudk,f om"kac:EdkifzdkUu vdyfjymoefUzdkUta&;MuD;w,f-q&matmifoif;
    Reply With Quote   


  10. #300
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ဦးခြိမ့်ရဲ့ မောင်ရေခဲကို စောင့်နေတုန်း ကျွန်တော်သွားခဲ့တဲ့ ခရီးအတွေ့အကြုံအကြောင်း နည်းနည်းရေးလိုက်ဦးမယ်နော် ။


    ဒီတစ်ခါက ရန်ကုန်အပြန်မှာ မလေးရှားဘက်ကို ခဏဝင်လည်ခဲ့တာပါ။ မလေးရှားဆိုတာ လူတိုင်းလိုလို ရောက်ဖူးနေကျဆိုတော့ အထူးအဆန်းတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် တစ်ယောက်အတွေ့အကြုံနဲ့ နောက်တစ်ယောက်အတွေ့ အကြုံတူနိုင်မှာ မဟုတ်လို့ မျှဝေလိုက်တာပါ။

    အမှန်တော့ မလေးရှားကတဆင့် ရန်ကုန်ဆက်ပြန်ရင်လည်းရတာမို့ ခရီးကြုံဝင်လည်တယ် ပြောရင် ရပေမယ့် လေယာဉ်လက်မှတ်စီစဉ်ရင်း ချော်ထွက်ကုန်တာမို့ သီးသန့်ပတ်ဝင်ရသလို ဖြစ်သွားပါတယ်။

    ကျွန်တော်တို့ အဘူဒါဘီက ထွက်မယ့် အချိန်က ကလေးတွေ နွေရာသီ ကျောင်းပိတ်ရက်၊ အဲဒီတော့ အဲဒီအချိန်အတွင်း လေယဉ်လက်မှတ်တွေက စပါယ်ရှယ်ပရိုမိုးရှင်းတွေ ဈေးချတဲ့ လက်မှတ်တွေ သိပ်မရှိဘူး။ အကုန်လူပြည့်တာကိုး။ ပထမထင်တာက ဥရောပဘက်သွားတဲ့ ခရီးစဉ်တွေပဲ လူပြည့်တာမှတ်တာ၊ ဘယ်ဟုတ်မလဲ အာရှဘက်လည်း အကုန်ပြည့်။

    နောက်ဆုံးတော့ သီရိလင်္ကာလေကြောင်းနဲ့ ကိုလံဘိုဘက်က ပတ်သွားတဲ့ လမ်းကြောင်းဖြစ်သွားပါတယ်။ သီရိလင်္ကာလေကြောင်းက တစ်ခါမှ မစီးဘူးဖူးဗျ။ လေယာဉ်ထဲ ကျွေးတာမွေးတာမှ ကောင်းရဲ့လား ဆိုပြီး စိတ်တထင့်ထင့်နဲ့ လေဆိပ်ကို ဆင်းခဲ့ကြပါတယ်။ . . .

    (ဆက်ဦးမယ်နော် . . . )
    Reply With Quote   


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts