+ pmjyefNyD; qufa&;zdkU
Page 28 of 34
FirstFirst ... 18 26 27 28 29 30 ... LastLast
Results 271 to 280 of 334

Thread: [mm]taz:rsm;eJY [dk[dk'D'D[/mm]

  1. #271
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    မောင့်နီဘိုနဲ့ ကရက် ရဲတိုက်နှစ်ခုပြီးရင် ပက်ထရာဗျို့ . . .

    အဲဒီတော့ မရောက်လို့မဖြစ်ဘူးလေ။ လှတာတော့ တော်တော်လှတယ်။

    မကြာမီ လာမည် မျှော် . . :d
    Last edited by Ko Khant; 03-23-2011 at 11:50 AM.
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  3. #272
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Mount Nebo -2

    ကျွန်တော်တို့ မောင့်နီဘိုကို ထွက်ခဲ့တဲ့ မနက်ခင်းဟာ မနေ့ကလို အေးစိမ့်စိမ့်မနက်ခင်းတစ်ခုပါပဲ။ ဟိုတယ်ကနေ Check Out တစ်ခါတည်းလုပ်ရပါတယ်။ ဒီတစ်ညတော့ နာမည်ကြော်ကြားလှတဲ့ ပက်ထရာမှာ အိပ်ရမှာပါ။

    မောင့်နီဘိုဟာ အမန်းကနေ ကီလို ၆၀လောက်ဝေးတဲ့နေရာမှာ ရှိလို့ နှစ်နာရီလောက်မောင်းရပါတယ်။ ကျွန်တော်တို့ကားဆရာကို ဘာကြောင့် ဂျားရစ်ရှ်မှာ တိုးဂိုက်မပေးတာလည်းဆိုတော့ သူက တိုးဂိုက်နဲ့ကသွားရတာ ရှုပ်ပါတယ်တဲ့ ပြီးတော့ ပိုက်ဆံအပိုပေးရသေးတယ်ဆိုပဲ။ ကျွန်တော်က ငါတို့ပေးထားတဲ့အထဲမှာ အဲဒါဖိုး ပါပြီးသားဆိုတော့ သိပ်သဘောပေါက်ဟန်မတူဘူး။ အဲဒါနဲ့ ထပ်မပြောတော့ဘူး။ ပက်ထရာမှာတော့ တိုးဂိုက်ပါမှ ဖြစ်မယ်လို့ သူကို ပြောတော့ ပြောလိုက်တယ်။ နားလည်သလား မလည်လားတော့ မသိဘူး။ သူ့တိုးကုမ္ပဏီကိုတော့ အီးမေးလ် ပို့ထားတယ်ဆိုတော့ နောက်မှ ရှင်းတော့မယ်ဆိုပြီး ထားလိုက်ပါတယ်။

    လမ်းခရီးကတော့ တောင်တက်တောင်ဆင်း တွေ ဘေးတစ်ဖက်တစ်ချက်မှာ စိုက်ခင်းတွေ ရှိတဲ့ လမ်းတွေပါပဲ။
    ရောက်ခါနီးမှာတော့ ထင်းရူးပင်တန်းကို ဖြတ်ရတယ်။ ကျွန်တော်တို့ ဆီက အညာကို ဝင်ရင် တမာပင်လမ်းကို ဖြတ်ရသလိုပေါ့။



    ပြီးတော့ တောင်ပေါ်မြင့်တက်သွားပြီး မောင့်နီဘိုက ချာ့ခ်ျကို လှမ်းမြင်ရပါတယ်။



    တည်ဆောက်ဆဲပေါ့။ အရင်ရှိပြီးသားကို ပြန်လည်ပြုပြင်နေတဲ့ လုပ်ငန်းခွင်ပါ။
    တောင်ထိပ်နား ကားရပ်နားဖို့နေရာမှာ ကားရပ်ပြီး ကားပေါ်က ဆင်းတာနဲ့ တောင်ပေါ်လေ အေးအေးက ပြေးလာပွေ့ဖက်ပါတယ်။ အသည်းခိုက်အောင် အေးသွားတဲ့လေက အနွေးထည်ဝတ်ဖို့ အမြဲငြင်းတဲ့ သားတော်မောင်ကို အထူဆုံးအနွေးထည် ဆွဲဝတ်အောင် စွမ်းဆောင်နိုင်ပါတယ်။

    အေးရုံမက လေကလည်း ပြင်းတာကြောင့် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ပါဘူး။ ဂိတ်ပေါက်ကို ဖြတ်ပြီးတော့ တောင်ပေါ်လမ်းကိုတော့ စိမ်းစိမ်းလန်းလန်း တွေ့ရပါတယ်။



    လမ်းထိပ်နားမှာ ကျောက်တိုင်တစ်တိုင် . .





    ကျောက်တိုင်ပေါ်မှာ ထွင်းထုထားတဲ့စာက "unus deus pater omnium super omnes" ဘာသာပြန်ရင်
    "One God and Father of all, who is above all". အောက်မှာတော့ Jubilaeum, 2000AD လို့ပါ ပါတယ်။



    မိုးစက်အထိမ်းအမှတ်ကျောက်ပြားကတော့ သံလွင်ပင် တွေဝိုင်းရံလို့ . . . .






    အဲဒီနေရာတွေ ကျော်သွားတော့ ဂုံနီအိပ်တဲကြီးကို တွေ့ပါတယ်။ အထဲမှာ တော့ မူရင်းချာ့ခ်ျထဲက ကြမ်းခင်းကျောက်စီ ပန်းချီကားတွေကို ပြထားပါတယ်။ ပြုပြင်နေတဲ့ ပရောဂျက်ကြောင့် အပြင်ထုတ်ထားတာ ဖြစ်မှာပေါ့။


    ဘယ်သူက ဘယ်လို ရှာဖွေ တွေ့ရှိတယ်ဆိုတာလို ဘေးမှာ ဘုတ်တွေ ထောင် ရှင်းထားပါတယ်














    ကျောက်စီရုပ်ပုံတွေက တကယ့်အနုစိတ်ပါပဲ . . .
    Reply With Quote   

  4. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf


  5. #273
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Mosaic

    ကျောက်စီရုပ်ပုံတွေက တကယ့်အနုစိတ်ပါပဲ . . .
    ဂုန်နီအိတ်နန်းတော်ထဲမှာယာယီစံမြန်းနေကြတဲ့ ပုံတွေပါ။







    တချို့ဟာတွေကတော့ ကြမ်းပြင်ပေါ်မှာ ကပ်ထားတာဆိုတော့ ခွာမရဘူးပေါ့။ အဲဒီဟာတွေရဲ့ပုံတွေကိုတော့ ရှင်းလင်းချက်တွေနဲ့ ကပ်ထားပါတယ်။



    ဒါက နာမည်ကြီး 530 AD လက်ရာ Mosaic Floor of Diakonikon.



    ဓာတ်ပုံတွေ ရိုက်ပြီး အပြင်ထွက် အခုဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နားက ဖြတ်ပြီး နောက်ဖက်ကို ထွက်လာခဲ့တယ်။ အဲဒီနေရာကနေ မြင်ရတဲ့ နေရာတွေကတော့



    ရာသီဥတုက ကိုယ့်ဖက်မှာ မရှိတော့ အကုန်မှုန်ဝါးဝါး။



    အီတလီ အနုပညာရှင် Giovanni Fantoni ရဲ့လက်ရာ The Brazen Serpent Statue







    ဆောက်လုပ်ဆဲ အဆောက်အဦ ပြီးသွားရင်တော့ ဒီလို ဖြစ်မှာပေါ့နော်



    ပြတိုက်ထဲမှာ ရှိတဲ့ လူတွေ ဖယောင်းတိုင်ထွန်းပြီး ဝတ်ပြုရာနေရာလေး









    ပြတိုက်ထဲက ပြကွက်အချို့



    ရှေးခေတ်က ဘန်ဇင်တိုင်း ကျောင်းတော်တစ်ခုက ကျောက်တံခါး Kufer Abu Badd လို့သိကြတယ်တဲ့။

    အဲဒါတွေ ကြည့်ရှုပြီး ကျွန်တော်တို့ ပြန်ဆင်းခဲ့ကြတယ်။

    နောက်တစ်နေရာကတော့ . . . .
    Reply With Quote   

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf


  7. #274
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Mt. Nebo - Madaba

    ပုတ်ရဟန်းမင်း ဂျွန်ပေါလ် ၂ စိုက်ခဲ့တဲ့ သံလွင်ပင်ကိုလည်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့သေးတယ်။



    ပြန်အဆင်း ခြံဝ မရောက်ခင် ကျောက်တိုင်ကို ကြည့်တော့မှ သူ့ရှေ့မှာ ကျောက်စီပြီး ဒီဇိုင်းအလှ လုပ်ထားတာ တွေ့လို့ အဲဒါလည်း ရိုက်



    အဲဒီလို ဓာတ်ပုံတွေ ရိုက်၊ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုပြီးတော့ ကျွန်တော်တို့ ပြန်ဆင်းခဲ့ပါတယ်။ ပြန်အဆင်းလမ်းကတော့ အခုမှလာကြတဲ့ ခရီးသွားအဖွဲ့တွေ ကားကြီးတွေနဲ့လာကြတာ တွေ့ရပါတယ်။ အခုအချိန်က ဥရောပက လာကြတဲ့ အချိန်ပေါ့။ သူတို့ဘက်မှာ အေးလွန်းတဲ့ ရာသီဥတုကို ရှောင်ရင်း ဒီဖက်ထွက်လာကြတာလေ။ နွေဖက်မှာတော့ အရှေ့အလယ်ပိုင်း ပူတဲ့နိုင်ငံတွေက လာကြလိမ့်မယ်။ အပူရှောင်ဖို့။ ဒီလိုနဲ့ ဂျော်ဒန်ခရီးသွားလုပ်ငန်းဟာ တစ်နှစ်ပါတ်လုံး မပြတ်လည်ပတ်နေပါတယ်။

    နောက်ဆက်တဲ့နေရာကတော့ မိုဇက်(အ်)အလှအပများစုဝေးရာမြို့လို့ တင်စားခေါ်တဲ့ မာဒါဘာမြို့ပါ။ မိုဇက်(အ်)ပညာသင်ကျောင်းတောင် ဖွင့်ထားပါသေးတယ်။

    ကျွန်တော်တို့ကားဆရာက ဈေးဝယ်ကောင်းတဲ့နေရာဆိုပြီး ဆိုင်တစ်ဆိုင်လိုက်ပို့ပေးပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ဆိုင်ပေါ့။ ဝင်ဝင်ချင်းပဲ ဆိုင်ကတစ်ယောက်က ကြိုပြီး မိုဇက်(အ်)တွေကို ဘယ်လိုလုပ်သလဲဆိုတာ ရှင်းပြပါတယ်။ Mosaics ( မိုဇက်(အ်) ) ကို သူတို့က မိုဇာအိ လို့ ခေါ်ပါတယ်။ သူက မိုဇာအိ နဲ့ ရှင်းပြနေတော့ ဘာအကြောင်းပြောနေတာလည်း တော်တော် စဉ်စားလိုက်ရတယ်။

    တကယ်တော့ ကျောက်တုံးလေးတွေ ကပ်ပြီးပုံဖေါ်ရတာ မလွယ်ပါဘူး။ အချိန်ယူရပါတယ်။ ကျွမ်းကျင်မှုလည်းလိုတာပေါ့။ “ ကျွမ်းကျင်မှုရယ် စေတနာရယ် ပေါင်းမှ ပစ္စည်းကောင်း ရ မှာမို့ ” ဟဲ ဟဲ ကြော်ညာလေသံပေါက်သွားတယ် သည်းခံနော် . . .



    လုပ်လက်စလေးတွေ

    သူတို့တွေက ကျောက်စလေးတွေကို အနေတော်ဖြတ်၊ အောက်မှာ ဖြန့်ခင်းထားတဲ့ ဒီဇိုင်းဆွဲထားတဲ့ ပိတ်စပေါ်မှာ ကော်နဲ့ကပ်စီ။ ပြီးတော့မှ အပေါ်က ဘိလပ်မြေလောင်း။ ကျောက်စီလေးတွေက ဘိလပ်မြေနဲ့ ကပ်သွားတာပေါ့။ ပြီးမှ ရေစိမ်ပြီး အပေါ်က ပိတ်စပြန်ခွာ၊ ပေါလစ်တိုက်လိုက်တော့မှ ပြောင်ပြောင်လေး ရလာတာ။



    ရှင်းပြတဲ့သူကတော့ အစိုးရကနေ သူတို့တွေကို လူစဉ်မမှီသူတွေ အလုပ်ရစေဖို့ သုံးခိုင်းထားလို့ သုံးရပါတယ်။ ဒါကြောင့် ဝယ်ယူအားပေးမှုဟာလည်း အဲဒီလူတွေ စောင့်ရှောက်တာပါပဲလို့ ပြောပါသေးတယ်။





    လက်ရာကလည်း ကောင်းပါရဲ့ ဈေးကလည်း ကောင်းပါရဲ့ . . . တစ်ပေပတ်လည် စားပွဲဝိုင်းလေးက ဒေါ်လာ ၂၀၀ လောက်ကျမယ်။ အဲဒီတော့လည်း တန်ပါပြီ တော်ပါပြီ။ ရွှေပြည်ကြီးမှာဆို မိုးကုတ်ကျောက်တွေနဲ့ လုပ်ထားတာတွေတောင် ဝယ်နိုင်သေး၊ ရေလေးစိုသွားရင် ကွာကျယုံလေး သည်းခံရမှာ ဟုတ်တယ်ဟုတ် . . .

    ကျွန်တော်ကြိုက်တာက ဒီဥတွေ



    ငှက်ကုလားအုပ်ဥနဲ့ လုပ်ထားတာပါ။ ဥပေါ်မှာ ဆေးဖြူသုတ်ပြီး ရုပ်ပုံတွေကို စုတ်တံထိပ်ဖျားနဲ့ တို့တို့ပြီး ရေးထားတာပါ။ အနီးကပ်ကြည့်ရင် အစက်အစက်နဲ့ပေါ့။ အရုပ်လက်ဝင်မှုပေါ်မူတည်ပြီး ဈေးတွေက မြောက်ပါတယ်။ ဒေါ်လာ ၁၀၀ ပတ်ဝန်းကျင်ပေါ့။

    ဝင်လာကြသူတော်တော်များများဟာ လှတာလေးတွေ လှည့်ပတ်ကြည့်ပြီး ဈေးမများတဲ့ အသေးလေးတွေဆီပဲ ရောက်ရောက်သွားပါတယ်။

    ကျွန်တော်တို့လှည့်ပတ်ကြည့်နေတုန်း ကျွန်တော်တို့ ကားဆရာက ဒေါနဲ့မောနဲ့ရောက်လာပြီး မင်း ဂျရစ်ရှ် မှာတိုးဂိုက်မပေးတာ တိုင်ထားတာလားတဲ့။ ကျွန်တော်က အီးမေးပို့ထားတာလေ။ အေးပေါ့လို့ မင်းက မပြောပဲ ပေးရမှာ မပေးတော့ ငါသူတို့ပြောလိုက်တာပေါ့လို့ ပြောလိုက်တယ်။ သူက သူ့ကိုဘာလို့ မပြောတာလဲ ဘာလဲဆိုပြီး လာလုပ်နေတယ်။ အဲဒါနဲ့ မင်းပြောလည်း မထူးဘူး မင်းက ကားကုမ္ပဏီကလူ၊ အဲဒီတော့ ငါ့အတွက်တာယန်ရှိတဲ့သူကိုပဲ ပြောလိုက်တာလို့ ။

    ကိုယ်တော်က စောင်ပေ စောင်ပေနဲ့ထွက်သွားရော။ ပက်ထရာမှာ ဂိုက်ရဖို့ပြောတာတောင် သူက ဂိုက်နဲ့ကမကောင်းဘူး ပိုက်ဆံပိုကုန်တယ် ပြောနေတော့ အခုလို လုပ်လိုက်တာ ပြီးရော။ သူတို့ယူထားတဲ့ထဲမှာ ပါပြီးသားကို။

    ဆိုင်ထဲမှာ အနုပညာလက်ရာတွေက စိတ်ဝင်စားဖို့ မကောင်းပဲ Dead Sea အလှကုန်တွေက မိန်းမကိုမြူဆွယ်တယ်လေ။ ပရိုမိုးရှင်းနဲ့ မျက်နှာသစ်ဆပ်ပြာ တစ်တုံးဝယ်တစ်တုံးရ ဆိုတော့ နောက်ဆုံး အဲဒါတွေပဲ ဝယ်ပြီး နောက်တစ်နေရာ ဆက်ခဲ့တယ်။
    . . .
    Last edited by Ko Khant; 04-04-2011 at 05:48 PM.
    Reply With Quote   

  8. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf


  9. #275
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Madaba - Church of St. George

    နောက်တစ်နေရာကတော့ မာဒါဘာရဲ့ မရောက်မဖြစ် ရောက်ရမယ့် St.George Church ပါပဲ။

    ၆ရာစုလက်ရာ ကမ္ဘာ့ ရှေးအကျဆုံး Holy Land ပထဝီမြေပုံ ရှိရာနေရာဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ကျောက်စီပန်းချီအနေနဲ့ အလျား ၂၁ မီတာ အနံ ၇ မီတာ ရှိခဲ့ပြီး အခုတော့ ၁၆မီတာ အလျား အနံ ၅ မီတာသာကျန်တော့ပါတယ်။ ကျောက်တုံးလေးပေါင်း ၂ သန်းလောက် အသုံးပြုခဲ့တဲ့ ဒီမြေပုံဟာ နိုင်းမြစ်အပါအဝင် တောတောင် ရေမြေ နယ်နိမိတ်တွေကို အသေးစိတ် ဆွဲထားပါတယ်။







    အရင် ဘိုင်ဇင်တိုင်းတွေ လက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ချာ့ခ်ျမှာ မာဒါဘာက ခရစ်ယန်အသိုင်းအဝိုင်းတွေရဲ့ လက်ရာလို့ ယူဆကြပါတယ်။ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက် နဲ့ ငလျင်ဒါဏ် မီးသင့်တဲ့ ဒါဏ်တွေ ခံခဲ့ရတဲ့ ဒီမြေပုံကို ၁၈၉၄ မှာ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့တာပါ။

    ချာ့ခ်ျအတွင်းပိုင်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီတွေကလည်း ကျောက်စီ ပန်းချီတွေပါပဲ။



    ဒီအပိုင်းကတော့ မီးသင့်ထားတဲ့ အပိုင်းထင်ရဲ့



    အပြင်ဖက်ပြန်ထွက်တော့ မြေပုံကို ရှင်းလင်းချက်တွေနဲ့ ထည့်ဆွဲထားတဲ့ ဘုတ်ကိုတွေ့လို့ မှတ်တမ်းတင်ခဲ့ပါတယ်။



    ချာ့ခ်ျရဲ့ အဝင် နဲ့ အပြင်ကတော့ ဘာမှ မထူုးဆန်းပါဘူး။



    ဝင်းအပြင်မှာတော့ လက်ဆောင်ရောင်းတဲ့ဆိုင်လေးတွေ၊ လမ်းခွဆုံးကလည်း လှတယ်။ ခရစ်စမတ်သစ်ပင်က အလှပေါ်အလှဆင့်






    ကြည့်ရှုပြီးတော့ နောက်တစ်နေရာ . . .
    Reply With Quote   

  10. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 26 OD;rS aus;Zl;wif&SdMuygonf


  11. #276
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Wadi Mujib

    မာဒါဘာမှာ ကြည့်ရှုပြီးတော့ မနက် ၁၁ နာရီနီးပါး ရှိသွားပါပြီ။ အဲဒီတော့ စားမလား သွားမလား ဆိုပြီး ကားသမားက မေးလာပါတယ်။ ဒါနဲ့ နောက်သွားရမယ့်နေရာ စားလို့ ရမယ့်နေရာနဲ့ ဘယ်လောက်မောင်းရမှာလည်း ဆိုတော့ တစ်နာရီလောက်ဆိုတာနဲ့ နောက်တစ်နေရာ ရောက်မှ စားဖို့ဆုံးဖြတ်လိုက်ပါတယ်။

    Karak Castle ကိုသွားမှာပါ။ မာဒါဘာကနေ ကီလို ၈၀လောက်ဝေးတော့ တစ်နာရီခွဲ ခရီးပေါ့နော်။ ကျွန်တော်တို့တွေက အမန်းကို အလယ်ထားပြီး ခရီးသွားကြတာဆိုတော့ ပထမတစ်ရက်ကသွားခဲ့တဲ့ အွမ်ကွေး(စ်)၊ ဂျာရစ်ရှ် ဟာ အမန်းရဲ့ မြောက်ဘက်ဖြစ်ပြီး အခု မာဒါဘာ၊ ကရက်က စလို့ ပက်ထရာ၊ အကွာဘာ အထိဟာ အမန်းမြို့ရဲ့ တောင်ဖက်ပိုင်းမှာ ရှိပါတယ်။

    မဒါဘာကနေ ကရက် ရဲတိုက်သွားတဲ့ လမ်းမှာတော့ ကမ္ဘာ့အနိမ့်ဆုံး ဘေးမဲ့တော ဖြစ်တဲ့ ပင်လယ်သေကို ရေအရင်းအမြစ်ပံ့ပိုးရာ မူးဂျစ်တောင်ကြားကို ဖြတ်သွားရမှာပါ။ အမန်းကနေ ကီလို ၉၀ လောက် အကွာမှာ ရှိပါတယ်။ အထူးသဖြင့် ဒီဘေးမဲ့တောဟာ ငှက်မျိုးစိတ်များစွာကို ထိမ်းသိမ်းထားရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ တောင်တွေ ကြားထဲ အနိမ့်ဆုံးနေရာမှာ ရှိတာကြောင့် ၁၂လ ရာသီ ရေမပြတ်ရာနေရာလည်း ဖြစ်ပါတယ်။ ဝိုင်းရံနေတဲ့ တောင် ၇ လုံးက ရေတွေကို စုစည်းထားရအောင် ရေကာတာ တည်ဆောက်ထားပါတယ်။

    ကျွန်တော်တို့တွေ မာဒါဘာက ထွက်ပြီး Kings Highway အတိုင်း လိုက်လာတော့ လမ်းတွေဟာ တဖြည်းဖြည်း နိမ့်ဆင်းလာတာ တွေ့ရပါတယ်။ တောင်ကြောလမ်း အနေနဲ့ တောင်တွေကို ကွေ့ပတ်ဖောက်ထားတာမို့ ခရီးသွားအစီအစဉ်ထဲမှာပါတဲ့ မူးဂျစ်တောင်ကြားကို ဖြတ်မယ်ဆိုတာလည်း သိနေတဲ့အခါ တောင်ကြောနိမ့်နိမ့် မြွေလိမ် မြွေကောက် လမ်းလှလှတွေ့ရင် ရောက်ပြီလို့ပဲ ထင်နေမိတယ်။

    နည်းနည်းနိမ့်ဆင်းလိုက် ပြေပြေလေးမောင်းလိုက် နည်းနည်း နိမ့်ဆင်းလိုက် လုပ်နေရာကနေ တောင်တစ်ခုနားရောက်တော့ ဟိုး . . . . အောက်ခြေကို မှုန်ပြပြ မြင်ရတယ်။ အဲဒီတော့ မှ ကားဆရာက ကဲ မူးဂျစ်ကို ဆင်းတော့မယ်တဲ့။

    ကျွန်တော်တို့ကို မူးဂျစ်မဆင်းခင် View Point (ရှုခင်းသာ ) မှာ ရပ်ပေးတယ်။ နေ့လည်ပိုင်း ရောက်ပေမယ့် အအေးဓာတ်က ရှိတုန်း။ လေပြင်းပြင်းမတိုက်ပေမယ့် တစ်ချက်တစ်ချက်တိုက်တဲ့လေကတော့ အအေးပိုစေတုန်းပဲ။

    ရှုခင်းတွေကတော့ မျက်စိတစ်ဆုံး မွဲခြောက်ခြောက် အဝါရောင်တောင်တန်းကြီးတွေ ရယ် အောက်ဆုံးမှာ ပြပြလေးမြင်ရတဲ့ ရေခန်းလုလု မြစ်တစ်စင်းရယ်။ ဖဲကြိုးတစ်ခု ချထားသလို နက်စွေနေတဲ့ ကတ္တရာလမ်းရယ် . . .

    Click image for larger version

Name:	Mujib-dam1..jpg
Views:	266
Size:	33.2 KB
ID:	4563

    Click image for larger version

Name:	Mujib-dam3..jpg
Views:	263
Size:	42.6 KB
ID:	4564

    တောင်ကြီးဖက်ရောက်တုန်းကတွေ့ရတဲ့ မြွေလိမ်မြွေကောက် လမ်းတွေကိုလည်း သတိရမိတယ်။ အဲဒီတုန်းက အနက်ရောင် ဖဲကြိုးတစ်စရဲ့ အနားသတ်က သစ်တောစိမ်းစိမ်းတွေပေါ့။

    ခဏနား ဓာတ်ပုံတွေ ရိုက်ပြီး ကျွန်တော်တို့ကားလေးဟာ လမ်းလှလှပေါ်က တရှိန်ထိုး ဟိုးအောက်ဆုံးရောက်အောင် ဆင်းလာခဲ့တယ်။ မဆုံးနိုင်တဲ့ အဆင်းလမ်း . . . .

    တကယ်တော့ အောက်ဆုံးမရောက်ခင် မူးဂျစ်ဆည်ကြီးကို ရေအပြည့်နဲ့ လှမ်းမြင်ရတယ်။ ရေထိန်းနံရံတွေ က အားကောင်းမောင်းသန်နဲ့ ရေတွေထွက်မသွား တွန်းထားပေးနေတယ်။ အပေါ်က လမ်းကလေးတစ်ခု၊ အဲဒီလမ်းလေးပေါ်က ဖြတ်ပြီး ကျွန်တော်တို့က ဟိုဖက်တောင်ကြောကို ကူးရမှာတဲ့ . . .

    Click image for larger version

Name:	Mujib-dam2..jpg
Views:	257
Size:	23.3 KB
ID:	4565

    ကားနှစ်စီးချောင်ချောင် မောင်းလို့ရတဲ့ အဲဒီ လမ်းပေါ်က ဖြတ်နေတုန်း ရေပြင်မှာ ဝဲနေတဲ့ ငှက်ကလေးတွေ တွေ့ခဲ့တယ်။ ရေထိန်းနံရံ တွေရဲ့အောက်ခြေဘက်မှာတော့ စိမ်းစိမ်းစိုစိုစိုက်ခင်းတွေ လှမ်းတွေ့ရတယ်။ ရေတွေကနည်းနည်းလျှံကျပြီးတော့ ချောင်းကလေးလို ပင်လယ်သေရှိရာဆီ စီးဆင်းသွားတာဆိုတော့ အဲဒီချောင်းနံဘေးမှာ စိုက်ပျိုးစားကြတာပေါ့။

    ကွန်ကရစ်လမ်းကိုဖြတ်ပြီး ဟိုဖက်တောင်ကြောရောက်အပြီးမှာတော့ အတက်လမ်းချည်းပဲ။ ဟုတ်တာပေါ့။ အနိမ့်ဆုံးဆင်းပြီးတော့ အမြင့်ဆုံးပြန်တက်ရမှာ ဓမ္မတာပဲဟာ . . . .

    ကရက်မြို့အဝင်မှာပဲ တောင်ထိပ်က ရဲတိုက်ကို လှမ်းမြင်ရတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ နေရာ၊ သူရဲကောင်းတွေ အမိမြေအတွက် တိုက်ပွဲဝင်ရာနေရာ . . .

    Click image for larger version

Name:	Karak-castle1..jpg
Views:	263
Size:	37.6 KB
ID:	4566

    ကလေးတွေကို ပြတော့ သူတို့က ဒီလိုအော်တယ်။

    Karak, Here we come ! ! !
    Reply With Quote   

  12. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 28 OD;rS aus;Zl;wif&SdMuygonf


  13. #277
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Karak Castle

    Karak မြို့ဟာ ဂျော်ဒန်ရဲ့ အခြားမြို့တွေလိုပဲ တောင်တွေကြားက မြို့တစ်မြို့ပါ။ ရဲတိုက်ရှိရာကတော့ မြို့ရဲ့တောင်ဖက်ကျပါတယ်။ ကျွန်တော်တို့တွေ ဖြတ်ဝင်လာတဲ့ လမ်းတလျှောက်တော့ ရဲတိုက်နဲ့ မြို့သစ်ဟာ ရောရောထွေးထွေးပါ။



    မြို့ထဲလမ်းတွေကတော့ တောင်ပေါ်မှာ ပတ်ဖေါက်ထားရတဲ့လမ်းတွေပီပီ ကားနှစ်စင်းရှောင်နိုင်ရုံ လမ်းကျဉ်းလေးတွေ များပါတယ်။ လမ်းစည်းကမ်းကို မေ့ထားဟန်တူတဲ့ သူတို့မြို့သားတွေနဲ့ သူတို့လမ်းနဲ့က အကိုက်။ ကျွန်တော်တို့မှာတော့ ကိုယ့်ကားဆီ လာတိုက်မလို၊ သူတို့ကို သွားပွတ်မိတော့ မလို ကားထဲကနေ ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်နဲ့ ထမင်းစားနားမယ့် ဆိုင်ကိုရောက်လာပါတယ်။



    စီးပွားရေးကကောင်းပုံပဲ တစ်ဆိုင်လုံးမှာမှ စားမည့်သူ ကျွန်တော်တို့ မိသားစုပဲ ရှိတယ်။ ကြက်သား ဘာဘီကျူး လေးတွေနဲ့ နံပြားလို ဂျုံပြားအရွက်နဲ့မှာပြီးစားကြပါတယ်။ အရည်သောက်အတွက် လန်တေးဆွတ် (Lentil Soup ) ပဲနီလေးဟင်းရည် မှာပါတယ်။ ကလေးတွေလည်း အားပေးတာကြောင့် နောက်တစ်ပွဲ ထပ်မှာ တော့ တော်တော်ကြာကြာနေပြီးမှ ရောက်လာတယ်။ သောက်ကြည့်လိုက်တော့ အိုးထဲကအကျန်ကို ရေကျင်းပြီး ထည့်ထားသလားအောက်မေ့ရတယ်။ ကျဲတောက်ပြီး အရသာ လုံးဝ မကောင်းဘူး။ အံ့သြစရာပဲ။ မိနစ်ပိုင်းအတွင်း အရသာမတူတဲ့ Lentil Soup နှစ်မျိုး လုပ်ပေးနိုင်လို့ တော်တော်လက်ဖျားခါသွားပါတယ်။

    စားသောက်ပြီးတော့ Karak Castle ကိုလမ်းလျှောက်သွားကြပါတယ်။ လမ်းပြေပြေလေးကို တက်သွားပြီးတော့ ကမ်းပါးထိပ်မှာ ဟိုဖက်တောင်ပေါ်က ရဲတိုက်ကို လှမ်းမြင်ရပါတယ်။



    လူကူးတံတားလေးကို ဖြတ်ပြီး ရဲတိုက်ထဲ ရောက်သွားပြီပေါ့။ ဝင်ပေါက်ကဖြတ်ပြီး ရဲတိုက်ကြီးဖက်သွားတဲ့ လမ်းနဲ့ အောက်ဖက် Lower Court ကိုသွားတဲ့ လမ်းနှစ်သွယ်ရှိပါတယ်။ ကျွန်တော်တို့က Lower Court ဘက်ကို လိုက်ခဲ့ပါတယ်။



    အဲဒီဖက်မှာ ပြတိုက်ရှိလို ဝင်ကြည့်ခဲ့သေးတယ်။ ပြတိုက်မှာတော့ သူတို့ရာဇဝင်နဲ့ တူးဖေါ်ရရှိတဲ့ ရုပ်ကြွင်းတွေ ပြထားပါတယ်။ ပြတိုက်လုပ်ထားတဲ့နေရာက အရင်တုန်းကရှိခဲ့တဲ့ Galleries တွေကို ပြုပြင်မွမ်းမံထားတာပါ။







    စိတ်ဝင်စားစရာပုံတွေ ထဲက သူတို့စာနဲ့ ကဗ္ဗည်းထိုးထားတယ်ဆိုတဲ့ နေရာ



    ဒီ Lower Court ကနေ အောက်ကတက်လာတဲ့ ရန်သူတွေကို ကာကွယ်ဖို့ ဒူးလေးပစ်ဖို့နေရာ တွေ လုပ်ထားပါတယ်။



    စာလို့ထင်ရတဲ့ ကောက်ကြောင်းတွေနဲ့ ကျောက်တုံးတွေ



    အဲဒီ မြားပစ်တဲ့ အပေါက်က ချောင်းကြည့်တဲ့ အောက်က မြင်ကွင်း



    အောက်က တောင်ခြေနဲ့ နံရံကို တွေ့တော့ ဒီရဲတိုက်ရဲ့ခိုင်ခံ့ လုံခြုံမှုကို မှန်းလို့ရတယ်။ အောက်ကတက်လာတဲ့သူတွေ အပေါ်ရောက်ရင် လက်ညှိးတစ်ချောင်းနဲ့ ထိုးချရင်တောင် ရနိုင်တယ်။ တက်ရတဲ့လမ်းက ကြမ်းတမ်း မတ်----------------------------------------လွန်းလို့





    အတွင်းဘက်ကို ပြန်ကြည့်တော့ မြေအောက်တွင်းကို ဖောက်ထားတဲ့ ဥမှင်လှိုဏ်ခေါင်းတွေလည်းတွေ့ရတယ်။
    အခုတော့ အထဲကို ဝင်လို့မရအောင်သံတခါးတွေနဲ့ ပိတ်ထားတယ်။





    Lower Court မှာကြည့်ပြီးတော့ အောက်က လမ်းအတိုင်း အပေါ်ကို ဆက်ခဲ့ပါတယ်။

    Reply With Quote   

  14. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 26 OD;rS aus;Zl;wif&SdMuygonf


  15. #278
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Karak Castle -2

    ဒီကရက်ရဲတိုက်ဟာ ခရုးဆိတ်စစ်ပွဲအတွင်း ထင်ရှားခဲ့တဲ့ ရဲတိုက် ၃ ခုအနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျန်တဲ့ ရဲတိုက် နှစ်ခုကတော့ ဆီးရီးယားထဲမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၀၀ ကျော်မှာရှိပြီး ဘေးပတ်လည်က လျိုမြောင်တွေ ကြောင့်ရဲတိုက်ရဲ့ ခိုင်မာမှုကို အားဖြည့်ထားသလိုပါပဲ။

    သံခေတ်ကတည်းကတည်ထောင်ခဲ့တဲ့ ကရက်မြို့ဟာ စီးပွားရေး အချက်အချာဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရဲတိုက်ကိုတော့ 1132 မှာ King Fulk ကတည်ဆောက်ခဲ့ပြီး Petra Deserti - The Stone of the Desert လို့ခေါ်ခဲ့ကြပါတယ်။ အဲဒီကတည်း ဘုရင်အဆက်ဆက် လက်ထဲရောက်ခဲ့တဲ့ ရဲတိုက်ကို အဆင့်ဆင့်ပြုပြင်သုံးခဲ့ပြီး အခုမြင်ရသလို တွေ့ရတာပါ။

    ကျွန်တော်တို့ လှေကားမတ်မတ်က တက်လာပြီး အပေါ်ရောက်တော့ နံရံတစ်ခုနဲ့ ဝင်ပေါက်တစ်ခုတွေ့ရပါတယ်။ ဒါက နောက်ထပ်တွေ့ရမယ့် အပေါက်ပေါင်းများစွာရဲ့ အစပေါ့။



    အဲဒီအပေါက်ထဲကို ဝင်မကြည့်မိပဲ ဟိုးက မြင်နေရတဲ့ နံရံ အမြင့်ကြီးကို စိတ်ဝင်စားမိတာကြောင့် အဲဒီကို သွားကြပါတယ်။



    အဲဒီနေရာက Mamluk Keep လို့ခေါ်သတဲ့။ တောင်ဖက် အကာအကွယ် ရဲတိုက်နံရံပေါ့။ တောင်ဖက်က တောင်တွေ နယ်မြေအနေအထားကြောင့် အတိုက်အခိုက်ခံရမှု အများဆုံးမို့ တောင့်တင်းခိုင်မာအောင် ဆောက်ထားတာပါတဲ့။ ၁၂၆၄ ခုမှာ Mamluk Sultan Baybars ကတည်ဆောက်ခဲ့တဲ့ အလွန်ခိုင်ခန့် လှပတဲ့ လေးထပ် အဆောက်အဦပါ။



    ဒီလှေခါးကနေ အပေါ် နှစ်ထပ်ကို တက်လို့ရတယ်။ ပထမအဆင့်မှာ ဘေးလက်ရမ်းမပါတာကြောင့် ကြောက်စရာ။ ကျွန်တော်တို့မှာ နံရံကယ်ပြီး ဖြည်းဖြည်းသွားရတယ်။ အောက်ကို ငုံ့ကြည့်တော့





    ကျသွားရင်တော့ မသက်သာဘူး။

    တစ်ဖက်အဆုံးမှာ အထက်ကို ဆက်တက်တဲ့ အတွင်းလှေခါးရှိတယ်။ အဲဒီက တက်တော့ အပေါ်ဆုံးထပ်။ အဲဒီမှာတော့ ကျယ်ကျယ်လွင့်လွင့်ပါပဲ။

    ကျူးကျော်သူတွေကို ခံချဖို့ မြားပစ်ပေါက်တွေလည်း ရှိတယ်။



    ကျွန်တော်တို့တက်ခဲ့ရတဲ့ လက်တန်းမရှိတဲ့ အလယ်ဆင့်ဆိုတာ ဒီလူတွေ ရှိတဲ့နေရာပေါ့။



    အပေါ်ဆုံးကနေ Upper Court လှမ်းမျှော်ကြည့်တော့



    ဟိုဟို ဒီဒီ လျှောက်ကြည့် ပြီး ပြန်ဆင်းခဲ့ပါတယ်။
    ပြီးတော့ Upper Court ဘက်ကို ထွက်ခဲ့ပါတယ်။ လမ်းမှာတော့ အစောင့်တွေ နေရာ မုဒ်ဦးတစ်ခုနဲ့ ဟိုးဖက်က တောင်ကို လှမ်းမြင်ရတယ်။



    Upper Court ကိုမတက်ခင်လေး East Front Room ဆိုတာတွေ တွေ့တာနဲ့ ဝင်ကြည့်တာ။ စစ်သားတွေ နေတဲ့ အခန်းတွေ အပြင် မီးဖိုချောင်တောင် ရောက်သွားသေးတယ်။



    မီးဖိုချောင်က ဒီလို



    တစ်ဆောင်နဲ့ တစ်ဆောင်ကို ဆက်သွယ်တဲ့ လမ်းပေါ့။ အပေါ်က အမိုးပြိုသွားလို့ တိုးရိုပေါက်မြင်နေရတာ။



    မြေတွင်းတူးတာတော့ တော်တော်ပိုင်ပုံပဲ။ သွားရင်း သွားရင် လှိုဏ်ခေါင်းတွေက မဆုံးနိုင်ဘူး။ ကြွက်တွင်းလိုက်နေသလိုပေါ့ . . . ..
    Reply With Quote   

  16. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  17. #279
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Karak Castle - 3

    ကျွန်တော်တို့တွေကလည်း မြေပုံသာလက်ထဲ ကိုင်ထားတာ အပေါက်တွေ့တာနဲ့ ဝင်ကြည့်ရအောင်ဆိုပြီး ဝင်ကြည့်ကြတာပဲ။ အခန်းတွေက တော့ အပေါ်ပိုင်း ရဲတိုက် စစ်သားတန်းလျားတွေ လောက်ပဲ ဝင်လို့ရတော့တယ်။ အောက်ဖက်က နန်းတော် အခန်းတွေကိုတော့ ပေးမဝင်တော့ဘူး။ နှစ်ပေါင်းကြာပြီဆိုတော့ အချိန်မရွေး ပြိုကျနိုင်တာကိုး။



    ဒီနေရာကတော့ အခန်းတွေရဲ့ အပြင်ဖက်က ဖေါက်ထားတဲ့ လူသွားလမ်းပါ။ မှောင်မဲလို့ နေတယ်။ အဲဒီ လူသွားလမ်းဘေးမှာ ရေထွက်ပေါက်တွေ မိုးရေခံတဲ့ အပေါက်တွေလည်းရှိတယ်။ လေဝင်ပေါက်တွေလည်း တွေ့ရတယ်။ အထဲတော်တော် နက်နက်အထိ သွားပေမယ့် အသက်ရှုကျပ်တာမျိုးတော့ မရှိဘူး။



    အခန်းတွေ လှိုဏ်ခေါင်းသေးလေးတွေဆို ဒီလို တစ်ဖက်ပိတ်ထားတယ်။ တံခါးတပ်လို့ လွယ်အောင် ဖြစ်မှာပေါ့။



    ဒါကတော့ ပိုကြီးတဲ့ လှိုဏ်ခေါင်းတွေမှာ တွေ့ရတဲ့ တံခါးပေါက်တွေပါ။



    အတွင်းဖက်က ပြန်ကြည့်တော့ လှလှ ပပ ပေါ့။ အဲဒီနေရာကို Crusader Galleries လို့ခေါ်ပါတယ်။ မြောက်ဖက် တံခါးခံတပ် မှာရှိတာပေါ့။ သူ့အပေါ်မှာ နောက်တစ်ထပ်ရှိသေးတယ်။



    ဒါကတော့ ဂိတ်တံခါးကို ဆင်းသွားတဲ့နေရာပါ။ အခုတော့ အဲဒီ ဂိတ်က ပိတ်ထားပါတယ်။



    ပိတ်ထားတဲ့ ဂိတ်နဲ့ ကျွန်တော်တို့ ဝင်ခဲ့ရတဲ့ ဝင်ပေါက်ဖက်ကို မြင်ရတဲ့ မြင်ကွင်းပါ။



    အပေါ်အဆင့်ကို တစ်နေရာ လှမ်းမြင်ရတာပါ။ ပြိုပျက်နေတဲ့ အပိုင်းပေါ့။





    ကောင်းတဲ့ အပိုင်းကတော့ လှလှပပ ခန့်ခန့်ငြားငြား ရှိတုန်းပါပဲ။
    ကျွန်တော်တို့တွေ အပေါ်တော့ မတက်တော့ပါဘူး။ အောက်ဖက် အခြား လှိုဏ်ခေါင်းတွေထဲ ဝင်ရင်း လမ်းရှိသမျှ လျှောက်သွားကြတာ ရောက်ပြီးတဲ့ နေရာလည်း ထပ်ရောက်လို့။ ကလေးဘဝ က တူတူပုန်းတိုင်း ကစားရတာ ကျနေတာပဲ။ တွေ့ပြီးသား အဖွဲ့တွေနဲ့လည်း ထပ်တွေ့ သူတို့လည်း ကျွန်တော်တို့လို လျှောက်ကြည့်ရင်း လည်နေတာ ဖြစ်မှာပေါ့။

    နောက်ဆုံးတော့ တော်ပါပြီဆိုပြီး အပြန်လမ်းကို ထွက်ခဲ့ပါတယ်။ အပြန်လမ်း ဝင်ပေါက်နားရောက်ခါနီးမှာတော့ အရင်တုန်းက အသုံးအဆောင် ကျောက်တုံး တွေ ချထားတာတွေ့ရတယ်။



    ရဲတိုက်က ပြန်ထွက်ပြီး အခြားတစ်ဖက်မှာရှိတဲ့ အဆောက်အဦကို တက်ကြည့်တော့ စားသောက်ဆိုင်နဲ့ ဟိုတယ် ဖြစ်နေတယ်။ ညအိပ်နားချင်သူတွေအတွက်ပေါ့။

    ကျွန်တော်တို့ကတော့ စောင့်နေတဲ့ ကားဆီပြန်လာပြီး ပက်ထရာဆီထွက်ခဲ့ကြတယ်။

    ဒီတစ်ညတော့ ပက်ထရာရဲ့ ရင်ခွင်မှာ အိပ်စက်အနားယူရမှာပေါ့။ . . . .
    Reply With Quote   

  18. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 21 OD;rS aus;Zl;wif&SdMuygonf


  19. #280
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Finding the Holy Grail - Petra

    ပက်ထရာကို ရောက်တဲ့ အချိန်က ညနေစောင်း ၆ နာရီလောက်ဖြစ်နေပါပြီ။ တောင်တက် တောင်ဆင်းလမ်းတွေ အပြည့်နဲ့လမ်းဟာ ပက်ထရာနားရောက်ခါနီး တော့ တောင်အဆင်းလမ်းတွေနဲ့အဆုံးသတ်ပါတယ်။ ပက်ထရာဟာ Wadi Musa (Valley of Moses ) မြို့ကလေးအနီးမှာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က ရှေးမြို့ဟောင်းက ပက်ထရာ အခုခေတ်သစ်မြို့ကတော့ ဝါဒီမူဆာပေါ့။

    တောင်တွေ ဝိုင်းရံထားတဲ့ မြို့ကို ဒီလို မြင်ရပါတယ်။



    ဒီမြို့ရဲ့ အဓိကစီးပွားရေးက တိုးရစ်ဇင်ပါ။ ဟိုတယ်တွေ တစ်ခုနဲ့တစ်ခု ဆက်နေအောင်တွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ ပက်ထရာမြို့ဟောင်းအဝင်ပေါက်နဲ့နီးတဲ့ Petra Palace Hotel မှာတည်းပါတယ်။ ငါးမိနစ်လောက်လမ်းလျှောက်လိုက်ရင် ဝင်ပေါက်ကို ရောက်ပါတယ်။ အဲဒီ လမ်းတလျှောက်ကတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ များပါတယ်။

    ဟိုတယ်မှာ ချက်ကင်လုပ်ပြီး အခန်းကို ရောက်တော့ အခန်းက တော်တော်ကျယ်ပါတယ်။ အနံ့အသက်လည်း ကင်းတာကြောင့် တော်တော် စိတ်ချမ်းသားသွားပါတယ်။ ပက်ထရာ အတွက် ဟိုတယ်ရွေးတုန်းက customer review တွေလိုက်ဖတ်ပြီး ရွေးထားတာ။ ဒီဟိုတယ်ကို တစ်ချို့က အနံ့မကောင်းဘူး ရေးထားလို့ စိတ်ပူနေတာ။ ရေမိုးချိုးပြီး ညစာဆင်းစားတော့ ထမင်းရယ် အသားဟင်း အကင် အချက်တွေ စုံစုံလင်လင်မို့ စားကောင်းပါတယ်။ ဂျော်ဒန်ရောက်ပြီး ပထမဦးဆုံး ပြန်စားရတဲ့ ထမင်းပေါ့။ ညစာထမင်း ဗိုက်ပြည့်အောင်တီးပြီး အနီးအနား ကို လမ်းလျှောက်ထွက်ကြတယ်။

    တောင်တွေထဲမှာတည်ထားတဲ့မြို့ဖြစ်ပေမယ့် စိမ့်နေအောင် အေးတယ်။ လေကလည်း တစ်ခါတစ်လေ ခပ်ကြမ်းကြမ်းတိုက်တာကြောင့် ဝတ်ထားတဲ့ အနွေးထည်တွေကို တင်းတင်းဆွဲ ဇက်တွေပုထားရတဲ့ အထိပဲ။ တစ်ချို့ဆိုင်တွေမှာ ပုလင်းထဲမှာ သဲနဲ့ပုံဖော်ထားတဲ့ အရုပ်ကလေးတွေ လုပ်နေတာတွေ့ရတယ်။ သားတော်မောင်က စိတ်ဝင်စားလို့ ရပ်ကြည့်တော့ သူတို့က ချက်ချင်း လုပ်ပြရှာတယ်။

    ပထမ ပုလင်းထဲကို သဲအရောင်တစ်မျိုးထည့်တယ်။ နောက် ကုလားအုပ်လုပ်မယ့်အရောင် (အနက်ရောင်) သဲကို ကတော့လေးနဲ့ထည့်တယ်။ အဲဒီတော့ သဲက စုစုလေးဖြစ်နေတာပေါ့။ ပြီးတော့ ခြေထောက်အတွက် သံချောင်းလေးနဲ့ ထိုးချလိုက်တော့ သံချောင်းထိုးဝင်သွားတဲ့ အခံသဲနေရာကို အနက်ရောင် သဲကလေးတွေ ဝင်သွားပြီး ခြေထောက်ကလေးလို ဖြစ်သွားတာပေါ့။ အဲဒီလိုနည်းနဲ့ ဗိုက်နေရာ လည်ပင်းနေရာ ဘို့နေရာ စတာတွေကို စိတ်ရှည်လက်ရှည် ပုံဖော်ထားတာ။ နောက်ထပ် သဲအရောင်လေးတွေထည့်ပြီး နောက်ဆုံး တော့ လှတဲ့ သဲပုလင်းလေး ဖြစ်သွားရော။ ခက်ခဲမှုအလိုက် ရောင်းဈေးကွာပါတယ်။



    လေကလည်းတော်တော်အေးလာတာနဲ့ ကျွန်တော်တို့တွေ ပြန်ခဲ့ကြပါတယ်။ တစ်ပါတ်မှာ နှစ်ခါပဲ ကြုံတဲ့ အခွင့်အရေးကို လက်လွှတ်ပြီးတော့ပေါ့။ အဲဒီအကြောင်းတော့ နောက်မှပဲ ရေးတော့မယ်။

    နောက်တစ်နေ့စောစောမှာ မနက်စာစားပြီး ကျွန်တော်တို့ကို ကားသမားက လာခေါ်ပါတယ်။ လမ်းတစ်လျောက်မှာတော့ အေးအေးဆေးဆေးပက်ထရာ ကို ဒီလို တွေ့ရပါတယ်။





    အဝင်ပေါက် Visitor Center မှာ လက်မှတ်တွေ ဝယ်ရပါတယ်။ တစ်ယောက် ဂျော်ဒန်ဒီနာ ၅၀ ပါ။ ကလေးက အခမဲ့ပါ။ တိုးဂိုက်ကလည်း ၅၀ ပေးရပါတယ်။



    အနီးအနားမှာတော့ ဝယ်စရာခြမ်းစရာအတွက် ဆိုင်တွေ အပြည့်။



    စားသောက်စရာတွေအပြင် အဝတ်အစားတွေ လက်ဆောင်ပစ္စည်းတွေပါ အစုံအလင်ပါ။ လက်ဆောင်ပစ္စည်း အမှတ်တရပစ္စည်းတွေ အတွက်ကတော့ ဈေးဆစ်ရမှာပေါ့။

    လက်မှတ်ရုံကို ဖြတ်ပြီးတာနဲ့ ပက်ထရာရဲ့ခရီးစပါပြီ။

    ဟိုးနှစ်ပေါင်းများစွာက ပက်ထရာရဲ့ ရေ အရင်းအမြစ်နေရာ အိုအေစစ်ကို အခုလို သစ်ပင်စိမ်းစိမ်းစုစု အဖြစ်တွေ့ရပါတယ်။



    နှစ်ပေါင်းနှစ်ထောင်ကျော်က နဘတင်းတွေ တည်ထောင်ခဲ့တဲ့နေရာ . . . .
    အာရပ် သဲကန္တာရကမ္ဘာနဲ့ တရုတ်၊အိန္ဒိယ နဲ့ မြေထဲပင်လယ် ကုန်သွယ်ရေးကို ဆက်စပ်ခဲ့ရာ . . .
    Holy Grail ကို သိမ်းဆည်းခဲ့ရာ . . . .
    အခုထက်ထိ တူးဆွ ရှာဖွေနေဆဲ အသစ်အသစ်တွေ တွေ့နေဆဲ နေရာ . . . .
    ကမ္ဘာ့အံ့ဖွယ် ၇ခုထဲက တစ်ခုဖြစ်တဲ့ နေရာ . . . .

    . . . . ပက်ထရာ . . . .
    Reply With Quote   

  20. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 20 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts