+ pmjyefNyD; qufa&;zdkU
Page 27 of 34
FirstFirst ... 17 25 26 27 28 29 ... LastLast
Results 261 to 270 of 334

Thread: [mm]taz:rsm;eJY [dk[dk'D'D[/mm]

  1. #261
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Jerash-Cathedral , Nympheaeum

    နည်းနည်းဆက်သွားတော့ လမ်းဘေးမှာ မြင့်မားတဲ့ ကနုတ်ပန်းမုဒ်ဦးပါတိုင်ကြီးတွေ ကို တွေ့ရပါတယ်။ အဲဒီတိုင်တွေကြားဖြတ်ကြည့်လိုက်တဲ့အခါ လှေခါးထစ်တွေနဲ့ အပေါ်ကို မြင့်တက်သွားတဲ့ အဆောက်အဦကို တွေ့ရပါတယ်။ အဲဒါကတော့အေဒီ ၂ ရာစုလောက်ကဆောက်ထားတဲ့ Temple of Dionysus ပါ။ အေဒီ ၄ ရာစု ဘိုင်ဖင်တိုင်းခေတ်မှာ Church အဖြစ်ပြန်မွမ်းမံထားပြီး အခုတော့ Cathedral လို့ အမည်တွင်ပါတယ်။



    မြင့်နေတော့ တက်မကြည့်တော့ပါဘူး။
    ဆက်လျှောက်တော့ ဆိုင်ခန်း အပြိုအပျက်တွေကို နောက်ထပ်အဆောက်အဦ ကြီးကြီးမလာခင်မှာ တွေ့ရတယ်။



    ပြီးတော့ အေဒီ ၁၉၁ ခုနှစ်လောက်မှာ Nymphs အတွက်ရည်ရွယ်လုပ်ထားတဲ့ ရေပန်း ကိုတွေ့ရပါတယ်။ ရောမမြို့တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ ရေပန်းပါပဲ။ ဒီမှာတော့ ရေပန်းတွေဟာ ခြင်္သေ့ဦးခေါင်း(ပါးစပ်)တွေကထွက်လာပြီး ဘေးမြောင်းအတိုင်းစီးလို့ အောက်က ရေနှုတ်မြောင်းဆီရောက်အောင် စီမံထားတယ်တဲ့။



    အမိုးကတော ထုံးစံအတိုင်းအမိုးခုံးပေါ့ ဒါပေမယ့် အမိုးရဲ့အစအနကိုတော့ မတွေ့ရတော့ပါဘူး။

    အဲဒီရှေ့ကမျှော်ကြည့်လိုက်ရင် မြောက်ဖက် ဂိတ်ကို လှမ်းတွေ့ရပါတယ်။ လမ်းမရဲ့အဆုံးကိုလည်းရောက်တော့မယ်လေ။




    လမ်းအဖြောင့်အတိုင်း ဆက်လိုက်ဖို့ လျှောက်လာရင်း ဘယ်ဖက်မှာ နောက်ထပ် မုဒ်ဦးတစ်ခုတွေ့ပြန်ရော



    လှေခါးထစ်တွေရယ် ဘာအမိုးမှမမြင်ရတဲ့ ကောင်းကင်ပြာရယ်က ဆွဲဆောင်တာကြောင့် အပေါ်တက်ကြည့်ရအောင်ကွာဆိုပြီး တက်ခဲ့ကြပါတယ်

    လမ်းမတစ်လျှောက်ကြည့်ရင်းလျှောက်လာရလို့ ညောင်းနေရတဲ့ကြားထဲ လှေခါးထစ်တက်ရတာတော့ သိပ်မချောင်ဘူးဗျို့။

    မိုးထိုးနေတဲ့ တိုင်တွေမှာ လျှို့ဝှက်ချက်တွေ ရှိသေးတယ်။ တိုင်တွေရဲ့ အရှည်တွေက ညီညီညာညာဖြစ်လာခဲ့ပြီး မုဒ်ဦးနေရာမှာတော့ မြင့်တက်သွားတယ်လေ။ တိုင် ၄ တိုင်လောက်က ပိုမြင့်တာပေါ့။ အရင်တိုင်တိုလေးတွေနဲ့ တိုင်အမြင့်ထဲက အစွန်တိုင်တွေကို တန်းပစ်ဖို့ ခံတုံးတစ်ခု ထွင်းထည့်ထားတာကို မြင်တယ်နော်။



    အဲဒီ ဆက်ကူးခံတဲ့တုန်းက သတ်သတ်ထုထားတဲ့ စကျင်ကျောက်တုံးကြီးပါ။ အဲဒီတစ်တုံးထည့်လိုက်တာနဲ့ ပိုမြင့်တဲ့တိုင်တစ်တိုင်ဖြစ်ပြီး ဘေးတိုင်နဲ့ဆက်ဖို့လည်း ရသွားတာပေါ့။ ပန်းပွတ်ဆရာတွေ အလုပ်ပိုအောင် . . . .လုပ်ထားတယ် မထင်ပါနဲ့ ဒါလည်း ဒီဇိုင်းပေါ့။ နို့မို့ဆို မုဒ်ဦးက အခြားတိုင်တွေနဲ့ ညီနေတော့ ဘယ်လှမလဲ။

    အဲဒီလှေကားမတက်ခင် ဘေးကို စပ်စုတော့ ထိုးစံအတိုင်း အပြိုအပျက် ဆိုင်ခန်းတွေပါပဲ။




    လှေခါးထစ်တွေပေါ်က တက်သွားပြီး အောက်ဖက်ကို ပြန်ကြည့်တော့ ဒီလိုမြင်ပါတယ်



    လှေခါးထစ်အဆုံးက တကယ်တော့ လမ်းဆုံးမဟုတ်သေးဘူးနော် . . . ဘာတွေတွေ့ရလဲ ဆိုတော့ . . . . .

    Last edited by Ko Khant; 02-21-2011 at 09:41 AM.
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  3. #262
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Jerash- Temple of Esplanade , Temple of Artemis

    လှေခါးထစ်အဆုံးက တကယ်တော့ လမ်းဆုံးမဟုတ်သေးဘူးနော် . . . ဘာတွေတွေ့ရလဲ ဆိုတော့ . . . . .
    လေဟာပြင် ဝတ်ကျောင်းတော်တစ်ခု (Temple of Esplanade ) ရဲ့နေရာပါ။ မြင့်မားတဲ့နံရံတွေ ကာရံထားတဲ့ လှေခါးထစ်တွေအပြီး ဟင်းလင်းပြင် ဖြစ်နေတဲ့ ဝတ်ပြုရာကိုတွေ့ရတော့ ဝတ်ပြုဖို့လာတဲ့သူတွေရဲ့ စိတ်တွေ လွတ်လပ်ပေါ့ပါးသွားမယ်ထင်ပါတယ်။ ရောမတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုလက်ရာတွေကို အခြေခံပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမြင်ကို ခံစားလို့ရပါတယ်။ ဘုရားကျောင်းပြီးတော့ နောက်ထပ် လှေခါးထစ်တွေ ရှိပြီး နောက်ထပ် အမြင့်တစ်နေရာကို ရောက်ပါတယ်။ အပေါ်ဖက်က ပြန်ကြည့်တဲ့ Temple of Esplanade ပါ။




    ကျွန်တော်တို့တက်လာခဲ့တဲ့ မုဒ်ဦးနဲ့ လှေခါးထစ်တွေက Propylaeum လို့ခေါ်ပါတယ် အဓိပ္ပါယ်က Gateway ပေါ့။ ဟိုးရှေးရှေး Jerash ( Gerasa ) မြို့ကလူတွေ မြစ်ကိုဖြတ်ပြီးလာရင် ရောက်တဲ့ ဘုရားကျောင်းအဝင်ဝနေရာပေါ့။ အဲဒီခေတ်က မြစ်ဆိုတာတော့ အခု Jerash မြို့ အဆောက်အဦတွေဆောက်ထားတဲ့နေရာပေါ့။ မြစ်ကကောသွားပြီလေ။ တောင်ပေါ်ကနေပြန်ကြည့်ရင် ပိုပြီးထင်ရှားပါတယ်။

    လှေခါးထစ်အဆုံးမှာတော့ လွင်ပြင်ကျယ်ကြီးတစ်ခုကို တွေ့ရပါတယ်။ အမှန်တော့ ကျွန်တော်တို့က တောင်ပေါ်ကို တက်လာကြတာဖြစ်နေတယ်။ Colonnaded Street ကလျှိုထဲမှာရောက်နေမှန်း အခုမှ ထင်ရှားလာတယ်။ တောင်ဆိုပေမယ့် အရမ်းမမြင့်တဲ့ တောင်တန်းတွေပါ။

    လွင်ပြင်ကျယ်ကို ဖြတ်ပြီး Temple of Artemis ကို လှမ်းမြင်လိုက်ရပါတယ်။



    Artemis ဆိုတာ Zeus ရဲ့သမီး Apollo ရဲ့ညီမ ပြီးတော့ Gerasa ကို စောင့်ရှောက်သူ ဂရိနတ်ဘုရားမ လို့ယူဆထားသူ မဟုတ်လား။ သူ့ရဲ့ ကြီးကျယ်မှုနဲ့ယှဉ်ရင် ဘုရားကျောင်းဟာ သေးငယ်တယ်လို့ ထင်ရပေမယ့် အမြင့်အမြတ်အဖြစ် တောင်ကုန်းထိပ်မှာ ထီးထီးမားမား ရှိနေလေတော့ အဝေးက ထင်ထင်ရှားရှားတွေ့ရပါတယ်။



    ဘုရားကျောင်းရဲ့ အတွင်းပိုင်းမှာ စကျင်ကျောက်ပြားတွေ ကပ်ထားမယ်လို့ ယူဆကြပြီး ဝတ်ပြုဆောင်မှာလည်း နတ်ဘုရားမရဲ့ ရုပ်တု ရှိနိုင်တယ်လို့ ယူဆကြပါတယ်။



    အခုတော့လည်း ကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ အခန်းတစ်ခုအဖြစ်သာ . . .
    Last edited by Ko Khant; 02-22-2011 at 01:03 PM.
    Reply With Quote   

  4. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  5. #263
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Temple of Artemis မှတဆင့်

    Temple of Artemis အပေါ်ကနေ အောက်ဖက်ကို ကြည့်လိုက်တဲ့အခါ မြို့ကွက်တစ်ခုလုံးကို စီးမြင်ရသလိုပါပဲ။ အဆောက်အဦတွေ ကောင်းစဉ်ကဆိုရင်တော့ လှပတဲ့ အဆောက်အဦတွေ လှုပ်ရှားသွားလာနေတဲ့သူတွေကို အပေါ်စီးကနေ ခံစားကြည့်ရှုရတာတော်တော် စိတ်ချမ်းသာစရာ ကောင်းမယ်နော်။

    ခပ်လှမ်းလှမ်းက ကျောင်းတစ်ခုရဲ့ နေရာ



    အရင်တုန်းက ဒီ ကျောင်းတော်အရံ ကျောင်းတွေထဲက တစ်ခုဖြစ်မယ်ထင်ပါတယ်။ အဲဒီဘက်က ဆက်ပြီး တောင်ကြောတစ်လျှောက်လိုက်သွားရင် Church တွေ South Theater နဲ့ South Gate ဘက်ကို ပြန်ရောက်သွားပါမယ်။

    မြောက်ဘက်ကို မျှော်ကြည့်ရင်တော့



    ခေတ်သစ် Jerash မြို့ရယ်။



    North Gate နဲ့ North Colonnaded Street ရယ် ကို မြင်ရပါတယ်။

    Temple ရဲ့ မျက်နှာမူရာဘက်ကို ကြည့်ရင်တော့



    West Bath ကိုတွေ့ရပါတယ်။ South Colonnaded Street ရဲ့တစ်ဘက်ခြမ်းမှာပေါ့။

    ဘေးဖက်ဝဲယာကြည့်ပြီးတော့ ကုန်းပြင်မြင့်ကို ပြန်ဆင်းခဲ့ပါတယ်။ အဲဒီကနေ မြင်ရတဲ့ တံခါးရှိတဲ့ ကျောက်နံရံကို စိတ်ဝင်စား ပြီး အဲဒီဖက် ကိုဆက်လျှောက် ဖြစ်ခဲ့ပါတယ်။




    ဆင်ခြေလျှောက တံခါးပေါက်ကို တွေ့ရသလို ကုန်းမြင့်ကနေ တဆက်တည်းနေရာမှာလည်း အပေါက်တစ်ခုတွေ့တယ်။

    စပ်စုချင်စိတ်က လှုံ့ဆော်တော့ တွေ့တဲ့ အပေါက် ဝင်ရောဆိုပါတော့

    အဲဒီမှာ . . . .
    Last edited by Ko Khant; 03-01-2011 at 11:24 PM.
    Reply With Quote   

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  7. #264
    VIMC r[m;',m; Cupid   mokenlay is on a distinguished road mokenlay's Avatar
    Join Date
    Feb 2007
    Location
    Thailand
    Posts
    6,307
    Thanks
    112,480
    Thanked 215,631 Times in 6,320 Posts

    Default

    ကိုခန့်ရဲ့ အဖေါ်များနဲ့ဟိုဟိုဒီဒီရဲ့ ပရိတ်သတ်စဖြစ်ခဲ့တာ ကိုခန့်စပြီး ဘာလီကျွန်းအကြောင်းပြောပြကတည်းကပေါ့။ ဒါပေမဲ့ စွဲစွဲလမ်းလမ်းဖြစ်မိတာက လစ်ဗျားအကြောင်း ပြောပြတဲ့အချိန်က စပြီးတော့ပါ။ လစ်ဗျားအကြောင်း ပြောပြတုန်းက ကိုခန့်က အခုနောက်ပိုင်းလို ခရီးသွားခြင်းနဲ့ အဆောက်အဦးအကြောင်းတွေချည်း ဇောင်းပေးပြောတာမျိုးမဟုတ်ပဲ၊ ခဏတာထိတွေ့ သိရှိခဲ့ရတဲ့ လစ်ဗျားလူနေမှုဘ၀ လစ်ဗျားရဲ့ စီးပွားရေး နိုင်ငံရေးနဲ့ နောက်ခံသမိုင်းကြောင်းလေး စတာတွေကို တို့ထိပြောပြသွားတဲ့အတွက် ကျွန်တော့်ကို အတော်ဖမ်းစားခဲ့ပါတယ် (နောက်ပိုင်းပို့စ်တွေလည်း ဖမ်းစားနေဆဲပါပဲ)။

    လူနည်းနည်းလေး နိုင်ငံက အကြီးကြီး ရေနံကလည်းပေါ နောက် ၁၉၈၆ လောက်အထိ ကဘာအရပ်ရပ်က အကြမ်းဖက်သမားတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပံ့ပြီး အမေရိကန်နဲ့ အနောက်ကို စိန်ခေါ်ခဲ့တဲ့နိုင်ငံဆိုတော့ အရင်က ကျွန်တော်အတော်အထင်ကြီးမိပေမဲ့ ကိုခန့်ပြောပြမှ လစ်ဗျားဟာ ကြက်ဆူပင်လိုနိုင်ငံဆိုတာ သိခဲ့ရတယ်။ ပြီးတော့ အခု ကဒါဖီပြောနေတဲ့ သူ့ကိုလူတွေက အရမ်းချစ်ကြပါတယ်၊ သူဘာအာဏာမှ စွန့်စရာမရှိဘူး ဘာလို့လည်းဆိုတော့ အယ်လီဇဘက်ဘုရင်မကြီးလိုပဲ သူဘာအာဏာမှမယူထားပဲ ပြည်သူ့အချစ်နဲ့ ရပ်တည်နေတာပါ ဆိုတဲ့ စကားကိုပြောထွက်တာကိုလည်း ကိုခန့်ပြောပြလို့ နိုင်ငံ့အကျိုးအမြတ်အားလုံးကို တစ်ယောက်ထဲ မောင်ပိုင်စီးပြီး တိုင်းပြည်ကို သူက တင်ကြွေးထားသယောင်ယောင် လုပ်ထားမှန်းသိနေတာမို့ ဒီစကား သူ့နုတ်ကထွက်တာ မအံ့သြမိတော့ဘူးပေါ့။

    ကျွန်တော်တော့ လက်ရှိ လစ်ဗျားမှာ ဖြစ်ပျက်နေတဲ့ ပဋိပက်ခတွေ ကြားရတိုင်း ကိုခန့်ရဲ့ ပို့စ်တွေကိုပဲ ပြန်မြင်နေမိတော့တယ်ဗျာ။

    စကားမစပ် တူနီရှားက စလိုက်တဲ့ စံပယ်တော်လှန်ရေး အစရက်တွေတုန်းက အီဂျစ်၊ ယီမင် တို့နဲ့အတူ ဂျော်ဒန်မှာလည်း ရုတ်ရုတ် ရုတ်ရုတ် ခဏဖြစ်သွားပေမဲ့ နောက်ပိုင်းတော့ ဘာသံမှမကြားရတော့ဘူး။

    အစ်စရေးကလွဲရင် ကျန်တဲ့ အာရပ်နဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေအကြောင်း ကောင်းကောင်းမသိတာမို့ ဂျော်ဒန်ဘယ်လိုရှိမလဲတော့ မသိပါဘူး ဒါပေမဲ့ အာရပ်ခေါင်းဆောင်တွေထဲမှာတော့ ဂျော်ဒန်ဘုရင် အက်ဒူလာဟာ အနောက်နဲ့တော်တော်ရောပြီး သာမာန်လူသားဆန်တဲ့ အာရပ်ခေါင်းဆောင် တစ်ယောက်လို့ ထင်ပါတယ်။ ယူကျူ့ထဲမှာ သူက တိုးဂိုက်တောင် လုပ်ပြထားသေးတယ်၊ သူနဲ့ပတ်သတ်တဲ့ ယူကျူ့တွေက ကော်မန်းတွေမှာလည်း သူ့ကိုလူအတော်ချစ်ကြိုက်ကြတာ တွေ့ရပါတယ်။ သူမိဖုရားရိန်နီယာကလည်း လှလည်းလှ ပညာလည်းတတ် အသိပညာလည်းကြီးမား သူ့ပြည်သူတွေကိုလည်း အလွန်ဂရုဏာထားတဲ့ ပုံပဲ၊ သူ့ကိုလည်း အတော်ချစ်ကြတာတွေ့ရပါတယ်။

    ကျွန်တော့်အထင် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ လူချစ်အောင်နေဖို့ သိပ်မခက်ခဲပါဘူး သာမန်လူတွေထက်တောင် လွယ်ပါဦးမယ်၊ အာဏာရှင်တွေဆို ပိုတောင်လွယ်ပါဦးမယ်၊ ဒါပေမဲ့ သူတို့ကိုယ်တိုင်က လူချစ်တာ သိပ်ခါကျတယ်လို့ ထင်မှတ်နေကြသလားမသိ။


    (ကိုခန့်သရဒ်ထဲ ၀င်လာပြီး တောင်ရောက်မြောက်ရောက် ဦးတည်ရာမဲ့ အရူးပြော ၀င်ပြောဖြစ်တာခွင့်လွှတ်ပါဗျာ)
    Reply With Quote   


  8. #265
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default

    ကိုမော်ကင်းက လစ်ဗျားအကြောင်းအစဆွဲထုတ်သွားတော့ ဟိုဘက်က world news မှာဝင်မပြောဖြစ်တာတွေ ရင်ဖွင့်ချင်သေးတယ်။

    လစ်ဗျားရောက်တော့ စရောက်တဲ့ပထမနေ့ကတည်းက အလွဲတွေ မြင်တွေ့ရတာဆိုတော့ သူ့ခရီးစဉ်ရေးတဲ့အခါ စိတ်ထဲခံစားရတာတွေ ပေါက်ကွဲထွက်လာတာ။ ဒါကြောင့် ဟိုတို့ဒီထိရေးမိသွားတာပါ။

    တကယ်တော့ လစ်ဗျားဟာ ယူအေအီးနိုင်ငံတွေလိုချမ်းသာပါတယ်။ လူဦးရေကလည်း နည်းနည်းလေးမို့ တကယ်လို့ အုပ်ချုပ်သူသာ နှလုံးသားကြီးပြီး အမျှော်အမြင်ကြီးမားသူဆိုရင် သူ့တို့လူမျိုးတွေကို ချမ်းသာအောင် ထောက်ပံ့နိုင်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ကြီး ကိုယ်တိုင်က စိတ်ကမမှန် ( တဇွတ်ထိုး သမား )၊ ဘေးကဝိုင်းရံနေကြသူတွေကလည်း သာပေါင်းညာစားတွေဆိုတော့ တိုင်းပြည်ကို ဘယ်လိုမှ လမ်းမှန်ကို မပို့နိုင် ဖြစ်ရတယ်။

    အဲဒီမှာနေခဲ့တုန်းက လစ်ဗျန်လူငယ်တွေက သူတို့နိုင်ငံအကြောင်း ပြောပြရင် အော် တူလိုက်တာ ၊ တူလိုက်တာ ဆိုပြီး သက်ပြင်းအခါခါ ချမိခဲ့တယ်။ မျက်ကန်းမျိုးချစ်ဖြစ်ပြီး အင်္ဂလိပ်စာ မသင်ခိုင်းတာက စလို့၊ sim card တစ်ခု ဒေါ်လာတစ်ထောင်တန်တဲ့ GSM စနစ်တွေအထိပေါ့ ( အဲဒီ အချိန်တုန်းကပါ. . . အခုတော့ ဒေါ်လာ ၄၀ လောက်ပဲ ရှိပါတော့တယ်။ )

    နိုင်ငံရပ်ခြားတိုင်းပြည်တွေဖြစ်တဲ့ အီတလီ အမေရိကန် ယူကေ ဂျာမနီတွေကလည်း လစ်ဗျားက ရသလောက် အသွေးအသားကို စုတ်ယူဖို့ အဆင့်သင့်ဖြစ်နေကြတာဆိုတော့ ခေါင်းဆောင်က ခေါင်းမရှိလေ ပိုကြိုက်လေပေါ့။ ဒါမှ သူတို့ အကျိုးအမြတ်အတွက် အသုံးချလို့ကောင်းတာ မဟုတ်လား။

    အခုလို ဖြစ်လာတော့ အနီးကပ်က ကဒါဖီရဲ့လူတွေ ဘက်ပြောင်းတယ်ဆိုတာ ဘာမှ အံ့သြစရာမရှိဘူး။ သာကူးတွေက နိုင်မယ့်ဘက်ကို ပြောင်းဖို့ အသင့်၊ အရင်က မနိုင်လို့ သည်းခံရတဲ့ လူကြီးတွေကတော့ လူထုဖက်ကို ပံ့ပိုးဖို့ ဖြစ်လာတာလို့ထင်ပါတယ်။

    အခု လစ်ဗျားလူထုတွေ လုပ်တဲ့ တော်လှန်ရေးက အနှေးနဲ့အမြန် အောင်မြင်မယ် ခေါင်းဆောင်ကြီး ကို ဖြုတ်ချနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲသွားတဲ့ နိုင်ငံကို ခေါင်းဆောင်မယ့်သူတွေက မျိုးဆက်ပြတ်နေသေးတယ်လို့ ထင်မိတယ်။ နိုင်ငံရေး ဝါရင့်သူတွေက ဝါးသက်ပါရင့်ပြီး ကျွန်တော်တို့ဆီကလို ထိုင်ခုံ စူပါဂလူး သုတ်မိထားသလို ဖြစ်မှာလည်း စိုးရိမ်ရပါတယ်။

    ဂျော်ဒန်ဘူရင်ကတော့ လူထုဆက်ဆံရေးမှာ ညက်တယ်လို့ ကြားပါတယ်။ မော်ဒယ်လ်တစ်ယောက်လိုချောတဲ့ သူ့မိဖုရားကလည်း သူ့လိုပဲ ဆက်ဆံရေးကောင်းတယ်ဆိုကြတယ်။

    ကျွန်တော်တို့ ရောက်တဲ့ တစ်ချို့ မြို့လေးတွေမှာ ဘုရင်ကဆောက်ပေးတဲ့ အိမ်ကလေးတွေ အများကြီး တွေ့ရတယ်။ ဆင်းရဲတဲ့ သူမိသားစုတွေအတွက် ဆောက်ပေးထားတဲ့ ဘုရင့်လက်ဆောင်လို့ ဆိုပါတယ်။ မြို့ကအထွက် မြို့သစ်လို့နေရာမှာဆောက်ပြီး အလကားပေးထားတာပါ။ ဂျော်ဒန်က လစ်ဗျားလို ဆော်ဒီလိုတော့ မချမ်းသာဘူး။ ဒါကြောင့် လူတွေကလည်း စိုက်ပျိုးရေးနဲ့ အခြေခိုင်အောင်လုပ်နေကြပြီး စက်မှုဖက်ကို ကူးဖို့ လုပ်နေတာလည်း တွေ့ခဲ့ရတယ်။
    ခဏပဲရောက်ခဲ့တဲ့နေရာဆိုတော့ အတွင်းကျကျ တော့ မသိနိုင်ဘူးပေါ့လေ။


    (ပြောမယ့် အဖော်ရှိတုန်း တောင်ရောက်မြောက်ရောက် . . . . )
    Reply With Quote   


  9. #266
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default North Theatre

    ဆင်ခြေလျှောက တံခါးပေါက်ကို တွေ့ရသလို ကုန်းမြင့်ကနေ တဆက်တည်းနေရာမှာလည်း အပေါက်တစ်ခုတွေ့တယ်။

    စပ်စုချင်စိတ်က လှုံ့ဆော်တော့ တွေ့တဲ့ အပေါက် ဝင်ရောဆိုပါတော့

    အဲဒီမှာ . . . .
    အောက်ဖက်ကိုဆင်းတဲ့ လမ်းတစ်ခုတွေ့တယ်



    ပြီးတော့ အပေါ်ကို တက်တဲ့ လှေခါးတစ်ခုလည်း တွေ့တယ်။ ဆင်းသွားရင် အောက်ပဲ ရောက်မှာဆိုတော့ အတက်ကို ရွေးလိုက်တယ်။ လှေခါးထစ်ဆုံးတော့ လေဟာပြင်။ အောက်ကို ငုံ့ကြည့်တော့ အသည်းအေး သွားတယ်။



    ဘေးကိုကြည့်တော့လည်း



    အကာအရံမရှိတဲ့ Theatre ရဲ့ အပေါ်ဆင့်ကို ရောက်သွားတာဗျ။ မျှော်လင့်မထားတဲ့နေရာဆိုတော့ အောက်ကို ငုံ့ကြည့်တော့ ပြုတ်ကျလိုက်ရင် မသက်သာဘူးဆိုပြီး တော်တော်လန့်သွားတယ်။ ဒီလိုအပေါက်တွေက တက်ခဲ့တာပေါ့။



    လှေခါးထစ်တွေ ကုတ်ကပ်တက်ပြီး အပေါ်ဆုံးအဆင့်ကို ရောက်သွားပြန်တယ်။ အဲဒီကနေ အောက်ကို ကြည့်တော့



    သူ့ဘေးမှာကပ်ရက် Church တစ်ခုရှိပေမယ့် အခုပြိုပျက်နေပြီ။

    ဒီ North Theatre ဟာ အေဒီ ၁၆၅ ခုနှစ်လောက်က တည်ဆောက်ခဲ့ပြီး ထိုင်ခုံ ၁၄ တန်းပဲ ပါတယ်တဲ့။ ပွဲလမ်းသဘင်တွေနဲ့ မြို့ကောင်စီ အစည်းအဝေးတွေအတွက် သုံးဖို့ ခဲ့တယ်ဆိုပါတယ်။ ကောင်စီဝင် လူမျိုးစု ကိုယ်စားလှယ် တစ်ချို့ တွေရဲ့နာမည်တွေကို ထိုင်ခုံမှာ ထွင်းထားတယ်လို့ ဆိုပါတယ်။

    အေဒီ ၂၃၅ မှာတော့ နှစ်ဆချဲ့လိုက်ပြီး လူပေါင်း ၁၆၀၀ လောက် ဆန့်လာတယ်တဲ့။ ၅ ရာစုလောက်မှာတော့ ဒီနေရာကို မသုံးတော့ပဲ အဲဒီက ကျောက်တုံးတွေ တောင် အခြားမှာ ယူသုံးတယ်လို့ ရေးထားပါတယ်။



    Theatre ရဲ့ Stage ကို အခုလို တွေ့ရပါတယ်။

    အောက်ဖက်ကနေ အပေါ်က ပြန်ပြီး ဓာတ်ပုံရိုက်ခဲ့သေးတယ်။



    လှည့်ပတ်ဓာတ်ပုံရိုက်ပြီးတော့ အပြင် ပြန်ထွက်ပေါ့။ အပြင်က မြင်ရတဲ့ Theatre ကတော့

    Reply With Quote   

  10. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 20 OD;rS aus;Zl;wif&SdMuygonf


  11. #267
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default South Theatre

    ကျွန်တော်တို့တွေ North Theatre ကိုကြည့်ပြီးနောက် ပြန်အထွက်မှာတွေ့ရတာ မြောက်ဘက်ကို ပေါက်တဲ့ Colonnaded Street နဲ့ North Gate ပါ။ အဲဒီဘက်ကိုတော့ ဝေးဝေးကပဲ လှမ်းကြည့်ခဲ့ပါတယ်။



    ပြီးတော့ ဝင်ခဲ့တဲ့အပေါက်ရှိရာကို ပြန်လာခဲ့ပါတယ်။ လမ်းမှာတော့ အခုမှလာကြတဲ့ တိုးဂရုပ်တွေနဲ့ သူတို့ ဂိုက်ကိုတွေခဲ့ရပါတယ်။ ဘာတွေများရှင်းပြနေလည်း နားစွင့်ပေမယ့် ရှင်းနေတာက ပြင်သစ်လိုဆိုတော့ ဘာမှနားမလည်ဘူး။

    Colonnaded Street ပေါ်က အဆောက်အဦပျက်တစ်ချို့



    Oval Plaza ကိုကျော်ပြီး တောင်ကုန်းလေးတက်လိုက်တာနဲ့ South Theatre ကိုတွေ့ရပါတယ်။



    Emperor Domitian လက်ထက် ၉၀-၉၂ အေဒီကြားတည်ဆောက်ခဲ့တဲ့ ဒီနေရာဟာ လူပေါင်း ၃၀၀၀ လောက်ဆန့်ပါတယ်။ အခုထက်ထိ အသုံးပြုနေဆဲပါပဲ။( Jerash Festival မှာဖြစ်မှာပေါ့ ) ဒီ Theatre မှာ ထင်ရှားတဲ့ အသံပိုင်းဆိုင်ရာ နည်းပညာတစ်ခုကတော့ တီးဝိုင်းနေရာ အလယ်စက်ဝိုင်းအတွင်းက လူစကားပြောရင် အသံမြှင့်စရာမလိုပဲ ပွဲကြည့်စင်နေရာတိုင်းက ကြားရတယ်လို့ဆိုပါတယ်။


    အခုတော့ တီးမှုတ်စားတဲ့သူတွေက အလယ်စက်ဝိုင်းမှာ နေရာယူထားပါတယ်။ Tips Money နဲ့စားကြတာပေါ့။



    အတွင်းပိုင်း အပြင်အဆင်ကတော့ အခြား Theatre တွေနဲ့အတူတူပါပဲ။



    Stage ကတော့ ပိုခမ်းနားပါတယ်။





    အလယ်စက်ဝိုင်းက တီးဝိုင်းနေရာကို ဘေးဝင်ပေါက်နှစ်ခုက ဝင်နိုင်ပြီး ပွဲကြည့်စင်ရဲ့ ဒုတိယအဆင့်ကို တိုက်ရိုက်တက်ဖို့ နောက်မှာ လှေခါးနဲ့ အပေါက် ၄ ခု ရှိပါတယ်။ တစ်ချို့ခုံတွေက အထူးဧည့်သည်တော်တွေအတွက် နာမည်တောင်ထိုးထားတာ တွေ့ရပါတယ်။
    Reply With Quote   

  12. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


  13. #268
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Temple of Zeus

    Theatre ရဲ့အပေါ်ဆုံးထိုင်ခုံတွေက ပြန်မဆင်းခင် ကျွန်တော်တို့သွားခဲ့တဲ့ လမ်းဖက် ကို ဓာတ်ပုံရိုက်လိုက်သေးတယ်။ မြေလမ်းကလေးကတော့ Colonnaded Street အတိုင်းမသွားပဲ အခြားတစ်ဘက်ကနေသွားချင်ရင်ပေါ့။ သူက Three Church နဲ့ Church of St. Genesius တွေဖက်ကို ဖြတ်ပြီး နောက်ဆုံး Temple of Artemis ကို ရောက်တာပေါ့။



    South Theatre က ပြန်ထွက်တော့ သူ့နောက်မှာရှိတဲ့ Temple of Zeus ကိုသွားကြည့်ပါတယ်။
    သူက နှစ်ဆင့်ပါ။ Oval Plaza က တက်လာလို့ရတဲ့ နေရာက ဘီစီ ၁၀၀-၈၀ လောက်က ဆောက်ထားခဲ့တဲ့ ပုရိဝုဏ် နဲ့ ဘုရားဆောင် တဲ့။ အေဒီ ၆၀ -၇၀ လောက်မှာ ထပ်မံပြုပြင်တယ်လို့ ယူဆပါတယ်။ Emperor Hadrian လက်ထက်မှာ ပြုပြင်တယ် ယူဆပါတယ်။





    အဲဒီနေရာကနေ လှေခါးနဲ့ထပ်တက်တော့မှ Temple of Zeus ကို ရောက်ပါတယ်။
    အခုတော့လှေခါးထစ်တွေက ပျက်စီးနေတာမို့ South Theatre ကတဆင့်သွားမှပဲ ရတော့တယ်။




    အတွင်းဘက်မှာတော့ ဘာမှမရှိတဲ့ ပြောင်နံရံ



    အဲဒီအပေါ်က ပုရိဝုဏ်ကို ပြန်ကြည့်တော့



    အဲဒီအပေါ်ကနေ Oval Plaza ဆီကို ဓာတ်ပုံလှမ်းရိုက်ပါသေးတယ်။ ပြီးတော့ အောက်ကို ပြန်ဆင်းပြီး အထွက်လမ်းပေါ့။

    ဒီလို ဆောင်းတွင်းမှာ ညနေ ၄နာရီခွဲအထိပဲ ဖွင့်တယ်ဆိုတော့ ပြန်ထွက်ခဲ့ကြပါတယ်။ တကယ်တော့ အထဲမှာ ကြည့်နေသေးတယ်ဆိုရင်လည်း ဘယ်သူမှတော့ ပြန်ပါမပြောပါဘူး။ တစ်ချို့တွေဆို အခုမှ ဝင်လာတာမျိုး တွေ့ရတယ်။ ဒါပေမယ့် အကုန် ကုန်အောင်တော့ သွားနိုင်မယ် မထင်ဘူး။ အလင်းရောင်က တဖြည်းဖြည်း နည်းလာပြီလေ။

    South Gate ကိုဖြတ်ပြီး အလားတုန်းက ကျော်ခဲ့တဲ့ Hadrian's Arch ကိုသွားကြည့်ပါတယ်။ အကောင်းအတိုင်း ကျန်နေသေးတဲ့ ဂိတ်ပေါက်တစ်ခုပေါ့။ အေဒီ ၁၂၉ လောက်မှာ Emperor Hadrian ဂျားရစ်ရှ်ကို လာလည်တဲ့ခရီးအထိမ်းအမှတ် တည်ဆောက်ထားတာတဲ့။ အဓိက ဝင်ပေါက်တံခါးအဖြစ် အသုံးပြုဖို့ ရည်ရွယ်ပေမယ့် မဖြစ်မြောက်ခဲ့ဘူးလို့ ယူဆပါတယ်။ တကယ်သူတို့ လုပ်မယ်ဆိုရင်လည်း တော်တော် လုပ်ယူရမယ်။ အခုရှိနေတဲ့ တောင်ဘက်ဂိတ်နဲ့က မီတာ တစ်ထောင်ကျော်လောက်ဝေးမယ်။ အဲဒါကို လမ်းတွေ နံရံတွေ လုပ်ရမှာဆိုတော့ မလွယ်လှဘူးပေါ့။

    လှတာတော့ တော်တော် လှပါတယ်။ ထီးထီးကြီး ရှိနေလို့ ပိုပြီး ခန့်ထည်နေသလား ထင်မိပါတယ်။



    အနုစိတ်လက်ရာကိုလည်း မြင်ရတယ်



    လ နဲ့ယှဉ်နေတဲ့ အောင်မြင်မှုမုဒ်ဦး . . .



    ဂျားရစ်ခရီးကတော့ ပြီးဆုံးသွားပါပြီ။ အမှန်တော့ နောက်ထပ်ရဲတိုက်တစ်ခုသွားဖို့ အစီအစဉ်ထဲမှာ ပါပြီးသားပါ။ ဒါပေမယ့် အချိန်မရှိတော့တာမို့ Amman က ဟိုတယ်ကိုပဲ ပြန်ခဲ့ပါတယ်။

    ဆောင်းတွင်းသွားရတာ ရာသီဥတုက အေးနေလို့ လမ်းလျှောက်ရတာ မမောပေမယ့် site တွေက စောစောပိတ်လို့ စုံအောင်သွားဖို့ ခက်ပါတယ်။ ဟိုတယ် အခန်းပြန်ရောက်တော့ သူတို့ပေးတဲ့ အစီအစဉ်စာရွက် ပြန်ကြည့်မိတော့ မှ ဒီ ဂျားရစ်ရှ်မှာ သူတို့က တိုးဂိုက်ထည့်ပေးရမယ်။ အဲဒါကို ကျွန်တော်က သတိမမူမိတော့ မတောင်းလိုက်ဘူးပေါ့။

    အဲဒါနဲ့ တို့ကုမ္ပဏီကို နောက် ပက်ထရာရောက်ရင် တိုးဂိုက်ပါအောင် စီစဉ်ပေးပါလို့ အီးမေးလှမ်းပို့ထားလိုက်တယ်။

    ညနေစာကတော့ ဘူဖေးမဟုတ်တော့ဘူး။ ကြက်သားကင်နဲ့ နံပြားလို့ဂျုံပြားပါ။ နေ့လည်က စားသလို နံပြားအပြော့ပေါ့။ ဒီတစ်ညလည်း ထမင်းငတ်ပြန်ပြီ။ ဗိုက်ပြည့်အောင်စားပြီး အထုတ်အပိုး ပြင်ရတယ်။ နောက်နေ့ မောင့်နီဘို ဘက်သွားပြီး ပက်ထရာမှာ ညအိပ်မှာမို့ ဒီဟိုတယ်က check out လုပ်ရမယ်။

    တစ်နေ့လုံးလမ်းလျှောက်တာမို့ အိပ်ရာပေါ် ရောက်တာနဲ့ တုန်းကနဲပဲ ။ . . .


    Reply With Quote   

  14. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 17 OD;rS aus;Zl;wif&SdMuygonf


  15. #269
    VIMC Wizard Cupid HSH   Ko Khant is on a distinguished road
    Join Date
    Apr 2006
    Location
    Japan
    Posts
    1,399
    Thanks
    48,146
    Thanked 25,732 Times in 1,381 Posts

    Default Mount Nebo

    ပင်လယ်ရေမျက်နှာပြင်ထက် ၈၁၇ မီတာ မြင့်တဲ့ အခုဂျော်ဒန်နိုင်ငံ အနောက်ပိုင်းထဲမှာ ပါဝင်တဲ့ မောင့်နီဘို ( နီဘိုတောင်) ပေါ်ကကြည့်ရင် ဂျော်ဒန်မြစ်ရယ် Holy Land လို့ခေါ်တဲ့ အစ္စရေးပါလက်စတိုင်းအပါအဝင်နယ်မြေတွေရယ် ရာသီဥတု ကြည်လင်ရင် ဂျေရုစလင် အထိပါ မြင်ရပါတယ်တဲ့။

    ကျွန်တော်တို့ရောက်ခဲ့တဲ့ အချိန်ကတော့ လေထန်ပြီး ရာသီဥတု မှုန်မှိုင်းတဲ့ မနက်ခင်းမို့ ညွှန်းထားသလောက်ရှုခင်းတွေ မမြင်ခဲ့ရပါဘူး။

    ဟီဘရူး ကျမ်းစာ Deuteronomy ရဲ့နောက်ဆုံးအခန်းမှာ ဟီဘရူးပရောဖက်မိုးစက် က ဒီ မောင့်နီဘိုတောင်ပေါ်ကနေ အစ္စရေးတွေအတွက် ဘုရားသခင်ပေးတဲ့မြေ ကို ကြည့်တယ်လို့ဆိုပါတယ်။ "And Moses went up from the plains of Moab to Mount Nebo, the top of Pisgah, which is opposite Jericho." (Deuteronomy 34:1).

    ဂျူးတွေနဲ့ ခရစ်ယန်တွေ အဆိုအရ မိုးစက်ကို ဒီတောင်ပေါ်မှာပဲ ဘုရားသခင်ကိုယ်တော်တိုင် မြုပ်နှံခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဘယ်နေရာလဲ ဆိုတာတော့ အတိအကျမသိကြပါဘူး။ ပညာရှင်တွေကတော့ အခု မောင့်နီဘိုနဲ့ တိုးရာ့ ( Torah ) ထဲမှာပါတဲ့ မောင့်နီဘို တူတူပဲ ဟုတ်မဟုတ်ကို အငြင်းပွားဆဲပါ။

    တောင်ရဲ့အမြင့်ဆုံးနေရာ မိုးစက်ကို မြုပ်နှံခဲ့တယ်လို့ ယူဆရတဲ့ နေရာမှာ အေဒီ ၄ ရာစုနှောင်းပိုင်းမှာ ဘာဆယ်လီကာတွေလက်ရာနဲ့ တည်ဆောက်ခဲ့တဲ့ ချာ့ခ်ျ တစ်ခု ရှိခဲ့ပါတယ်။ အေဒီ ၅၉၇ ခုမှထပ်ချဲ့ခဲ့တဲ့ ဒီချာ့ခ်ျကို ၁၉၃၃ ခုနှစ်မှာ ရှာဖွေ တွေ့ ရှိခဲ့ပါတယ်။ အတွင်းပိုင်းမှာ အလွန်လှပတဲ့ ကျောက်စီ ကြမ်းခင်းတွေ ရယ် သဘာဝကျောက်တုံးတွေကို ထွင်းထု ပြုလုပ်ထားတဲ့ အုတ်ဂူ ၆ ခုရယ်ကို ရှာဖွေ တွေ့ရှိပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (နှစ်) က ၂၀၀၀ ခုနှစ်မှာ လာခဲ့သလို Pope Benedict XVI ကလည်း ၂၀၀၉ ခုနှစ်မေလမှာ လာလည်ခဲ့ပါတယ်။
    ထင်ရှားတဲ့သူတွေ လာလည်သလို ထင်ရှားတဲ့သူတစ်ယောက်ကလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။ မောင့်နီဘိုကို အိုစမာဘင်လာဒင် ရဲ့ ထောင်စုနှစ် တိုက်ခိုက်မှုအစီအစဉ်မှာ ပါခဲ့တယ်တဲ့။ အချိန်မီ သိသွားတဲ့ အတွက် တိုက်ခိုက်တော့ မခံရပါဘူး။

    ချာ့ခ်ျနဲ့ သူ့ပုရိဝဏ် ပုံစံငယ် . .



    အဲဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ မောင့်နီဘိုကို ကျွန်တော်တို့ ရောက်တော့ . . .
    Reply With Quote   

  16. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  17. #270
    VIMC r[m;',m; Cupid   mokenlay is on a distinguished road mokenlay's Avatar
    Join Date
    Feb 2007
    Location
    Thailand
    Posts
    6,307
    Thanks
    112,480
    Thanked 215,631 Times in 6,320 Posts

    Default

    ဗျို့ ခရီးသွားကြီး ကိုခန့်....

    ပီထျာကို မသွားဘူးလားဗျ၊ ပီထျာရောက်ရင် ဓါတ်ပုံလှလှလေးတွေ ရိုက်ခဲ့ပေးပါဦး၊ ပီတော့ Holy Grail ကိုစောင့်နေတဲ့ Knights Templar
    နဲ့တွဲပြီး ဓါတ်ပုံရိုက်ခဲ့ပါဦး။
    Reply With Quote   

  18. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts