Results 1 to 10 of 73

Thread: [mm] a'oEh& eJY A[kokw (1) aemfa0okdY [/mm]

Threaded View

  1. #28
    Noble Contributor Senior Cupid   khit is on a distinguished road khit's Avatar
    Join Date
    Jul 2009
    Location
    Norway
    Posts
    855
    Thanks
    17,683
    Thanked 18,315 Times in 843 Posts

    Default

    Quote Originally Posted by khit View Post
    ကျနော့်သမီးလေးကို နော်ဝေ Amnesty International အခန်းအနားမှာ သမီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ နော်ဝေ တယောက်ရယ် မီးလျူးတိုင် ထွန်းဖို. ရွေးပါတယ်တဲ့။ လက်ခံမလားတဲ့။ ကျနော်ကတော့ လက်ခံပါတယ်၊ ဒါပေမယ့် ကျနော့် သမီးကို လုပ်နိုင်မလား မေးလိုက်အုံးမယ် ဆိုတော့ သမီးကလည်း လုပ်မယ်ဆိုတော့ အိုကေ လို. ပြန်လိုက်တယ်။ ကျနော်လည်း သူတို. ကော်မတီက အရင်ကတည်းက ၁၂ နှစ်ကလေးတွေ မဲနိုက်မယ် ဆိုကတည်းက ကျနော်က တခြားကလေးတွေ လုပ်ပါစေ လို. ပြောထားပေမဲ့ ကော်မတီက သူတို. ဖါသာ ရွေးချယ် လိုက်တော့ အံသြ၀မ်းသာလို. လာကြွားတာပါ။ သမီးကတော့ စိတ်တွေလှုပ်ရှားနေလိုက်တာ။ ကိုယ်လည်း အဆိုမတင်ပဲနဲ. ဘာလို.များ ရွေးသလည်း တော့မသိပါဘူး။
    မောင်ခေတ်
    အဟီး ရှက်ရှက်နဲ.ကြွားထားတာလေး ပြန်ရုတ်သိမ်းပါရစေ။ အချိန်မရှိလို. ကျနော့်သမီးလေး မဖြစ်နိုင်ဘူးလို. Save the Children က ဘော့စ်ကဖုန်းဆက်တောင်းပန်ပါတယ်တဲ့။ အချိန်မရှိလို. မဖြစ်နိုင်ဘူးဆိုတာကို ကျနော်လည်း နားလည်ပါတယ်။ ကိုယ်လည်း အစကတည်းက မျှော်လင့်ထားတာမှ မဟုတ်တာလေ။ မလုပ်ပါဘူးဆိုတော့ရွေးတယ်။ လုပ်မယ်ဆိုတော့ ဘွာတေးတဲ့။ ကြိုဆိုရေး မြန်မာ ကော်မတီတွေလည်း သနားပါတယ်။ တကယ်ပါ။ ဟိုလူက ခလုတ်တိုက်လိုက်။ ဒီလူက ခလုပ်တိုက်လိုက်နဲ.။ ကျနော်တော့ အဲဒီအဖွဲ.တွေကို ပြောလိုက်တယ်။ ကျနော်နားလည်ပါတယ်လို.။ ဒါပေမဲ့ အင်မတန်တက်ကြွနေတဲ့ ကျနော့် သမီးလေးကို ဘယ်လိုပြောရမှန်းမသိလို. တနေ.လုံး ရှုတ်ထွေးနေရတာ။ ညနေ သူ.အမေက အကျိုးအကြောင်းပြောပြတော့ နည်းနည်း စူပုတ်ပေမဲ့ ကျနော် သမီးလေ တဖက်က အဆင်မပြေနိုင်လို. နားလည်ပေးလိုက်ပါ သမီးရယ် လို.ချော့လိုက်တော့ စိတ်ပြေသွားပါတယ်။ သူတို.ကတော့ နိုဘယ်အခန်းအနား ကို ကျနော်တို. သားအဖနှစ်ယောက်တက်ဖို. စီစဉ်မယ်လို. ဆိုတယ်။ ဒါပေမဲ့ ဆောက်ဖြစ်မှ ကျောင်းဒကာ ပါ။
    ကျနော်တော့ ဆုတောင်းနေပါတယ်။ အံတီစု ဘာမှ စိတ်အနှောက်အယှက်မဖြစ်ပါစေနဲ.လို.။ ဘယ်လေယာဉ်နဲ. လာမလည်း ဆိုတာတောင် လုံခြုံေ၇း အရ လျို.၀ှက်ထားပါတယ်။ မြန်မာတွေနဲ. တွေ.တဲ့ အခန်းအနားမှာလည်း ရှေ.ထွက် ဓါတ်ပုံမရိုက်ရ။ မေးခွန်းမမေးရ၊ လက်ဆောင် မပေးရ ဆိုတဲ့ စည်းကမ်းချက်တွေလည်း ပါတဲ့ အပြင်၊ မြန်မာတွေနဲ. တွေ.တဲ့ ခန်းမဟာ ကျဉ်းလို.တဲ့ ဦးရာလူသာ ၀င်လို.၇မယ် ဆိုတော့ ဒုက္ခ။ အင်း ... ရုပ်ရှင်ရုံ တိုးသလိုများ ဖြစ်နေမလားပဲ။ ကျနော်တော့ စိုးရိမ်တယ်။ အစိုးရိမ်ဆုံးက အခု tempo မြင့်နေတဲ့ ဘင်္ဂလား ကျွဲ အချို.လာမယ်လို. ကြားတယ်။ ဘာမှ မဖြစ်ကြပါစေနဲ.လို. ဆုတောင်းနေရတယ်ဗျာ။
    မောင်ခေတ်
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts