Results 1 to 10 of 138

Thread: [mm]jrefrmYc&D;oGm;vrf;nTef[/mm]

Threaded View

  1. #11
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ကျနော်ကိုယ်တိုင် ခရီးသွားရတာ အင်မတန်ဝါသနာပါတော့ ဟိုနားဒီနား အမြဲလိုသွားဖြစ်တယ်။ ဝမ်းမကောင်းတတ်တဲ့ အကျင့်ကြောင့် ခရီးသွားတိုင်း ဟိုတယ်တို့ စားသောက်ဆိုင်(သန့်တဲ့ဆိုင်) တို့မှာ စားဖြစ်တယ်။ အနားယူတဲ့အခါ ကြရင်လည်း စိတ်အေး လက်အေးအနားယူချင်တာကြောင့် အတော်တန် သင့်တင့်တဲ့ ဟိုတယ် တည်းခိုခန်းမှာဘဲတည်းတာများတယ်။ ဟိုအရင် တိုးရစ်တွေအလာနည်းတဲ့ ၇-၈ နှစ်လောက်တုန်းကတော့ ကိုယ်ပြည်တွင်း ခရီးသွားတွေကိုလည်း ဝန်ဆောင်မှုကောင်းကောင်းပေးပါတယ်၊ ခုများတော့ ပြည်တွင်းခရီးသွားဆို သိပ်လက်မခံချင်တော့ဘူး ။ ဝန်ဆောင်မှုပေးတာလည်း မတူတော့ဘူး။ အဖြူတွေဆို ဖူးဖူးမှုတ်သလောက် ပြည်တွင်းခရီးသွားတွေကြပြန်တော့ ဝတ်ကြေတန်းကြေဖြစ်လာတယ်။

    အဲဒါ အဆင့်မြင့်ဟိုတယ်တွေမကဘူး ဟိုတယ်လေးတွေ နှင့် စားသောက်ဆိုင်တွေမှာပါ ဝန်ထန်းတွေက အဲဒီအကျင့်ဝင်လာတယ်။ ပုဂံ ၊ မန်းလေး၊ တောင်ကြီး ၊ အင်းလေး ၊ ပြည် ၊ ရန်ကုန် ၊ မော်လမြိုင် ၊ ပဲခူး ၊ ကျိုက်ထို နေရာစုံပေါ့။ အမှန်တကယ်တော့ လုပ်ငန်းရှင်တွေက ပြည်တွင်းခရီးသွားတွေအပေါ် အလေးမထားတတ်သေးတာပါ။ ၂၀၁၀ နောက်ပိုင်းမှာ ပြည်တွင်းကလူတွေမှာ ခရီးသွား အပန်းဖြေတဲ့ အလေ့အထ သိသိသာသာ မြင့်တက်လာခဲ့တယ်။ ရန်ကုန်က လူတွေက အနည်းဆုံး ကျိုက်ထီးရိုးလောက်တော့ သွားတတ်ကြတယ်။ ချောင်းသာ၊ ငွေဆောင်၊ ငပလီ စတဲ့ ကမ်းခြေတွေကိုသွားပြီး အပန်းဖြေတတ်လာကြတယ်၊ ဘုရားဖူး ခရီးတွေထွက်ကြတယ်။ တချို့လည်း သက်သက် အပန်းဖြေခရီးထွက်ကြတယ်။
    တစ်နည်းပြောတော့ ပြည်တွင်း ခရီးသွားသူတွေ တမဟုတ်တိုးတက်လာတယ်။

    အမှန်တကယ် ငွေသုံးအားကောင်းကြတာက ပြည်တွင်းခရီးသွားတွေပါ။ ပဲခူးက စားသောက်ဆိုင်တစ်ဆိုင်မှာ တိုးရစ်အဖွဲ့တစ်ဖွဲ့ ထမင်းစားတဲ့အခါ ခရီးသွားလုပ်ငန်းက မူလ သတ်မှတ်သဘောတူထားတဲ့ ငွေကြေးပမာဏအတိုင်း ဟင်းပွဲ/ထမင်းပွဲက သတ်မှတ်ပြီးသား။ ဒီတော့ အပိုအလိုမရှိ ဒါဘဲ စားတယ်။ အပိုအဖြစ် ဘီယာတစ်လုံးသောက်ချင်လည်းသောက်မယ်။ ဒီလောက်ပါဘဲ။ အဲဒီမှာ ပြည်တွင်းခရီးသွား အဖွဲ့တစ်ဖွဲ့ဝင်လာပြီး စားကြ သောက်ကြတဲ့အခါ တိုးရစ်ဝိုင်းတွေထက် ပိုပြီး ဖြုန်းအားကောင်းကောင်းနဲ့ စားသောက်ကြတယ်။ ငွေပိုသုံးတယ်ပေါ့။ ဒီလိုဘဲ FIT တွေလာရင် လည်း ထမင်းကြော်တစ်ပွဲ ၊ ဘီယာတစ်လုံး ၊ အာလူးကြော်တစ်ပွဲနဲ့ ကိစ်စဖြတ်ပေမယ့် ပြည်တွင်းက လူတွေလောက် ဖွယ်ဖွယ်ရာရာ စားသောက်သလောက် ဖြုန်းအားမကောင်းပါ။

    ဒီတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း ၊ လက်မှုအနုပညာ လုပ်ငန်း၊ လက်ဆောင်ပစ်စည်းလုပ်ငန်းရှင်တွေအနေနဲ့ မိမိ Target Audiences ကို နိုင်ငံခြားတိုးရစ်တွေအတွက်သီးသန့် လုပ်တယ်ဆိုတာထက် ပြည်တွင်းခရီးသွားတွေအတွက်လည်း တလေးတစားနဲ့ တူညီတဲ့ ဝန်ဆောင်မှုပေးကို ပေးရမယ်။ ပြည်တွင်းခရီးသွားတွေအနေနဲ့လည်း သူတို့အပေါ် နိုင်ငံခြားသားတိုးရစ်တွေ နှင့် တန်းတူ တလေးတစားနဲ့ ဝန်ဆောင်မှုပေးတာမျိုးကို နှစ်သစ်ခုံမင် ခံချင်ကြတယ်။ ဒါကြောင့်လည်း မူလက နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဖွင့်ခဲ့တဲ့ Aroma Cafe , Sakura Sky Lounge , Black Canyon စတဲ့ စားသောက်ဆိုင်တွေရဲ့ ၆၀ ရာခိုင်နှုန်းက ပြည်တွင်းစားသုံးသူတွေ ဖြစ်လာတယ်။ အဲဒီဆိုင်တွေက နမူနာအဖြစ်ပြောတာပါ ၊ အခြား ဟိုတယ်တွေ ၊ ကဖေး နှင့် ဘား ၊ စားသောက်ဆိုင်တွေလည်း မရေမတွက်နိုင်အောင် ရှိပါသေးတယ်။

    နောက်တစ်နေရာက Transportation ပါ။ အရင်ကတော့ နိုင်ငံခြားသားတွေအနေနဲ့ လေယာဉ်၊ ရထား ၊ ကား စတဲ့ အများပြည်သူသုံး ပို့ဆောင်ရေးယဉ်တွေ စီးတဲ့အခါ ပြည်တွင်းခရီးသွားတွေထက် ဈေးပိုပေးပြီး ဒေါ်လာနဲ့ ဝယ်ရတယ်။
    အဲဒါ မဖြစ်သင့်ဘူး။ မြန်မာနိုင်ငံကိုလာတဲ့ အခါ လေဆိပ်အဝင်မှာကတည်းက အခွန်အခ၊ ဇုံဝင်ကြေး စတာတွေ တစ်ခါတည်းကောက်ခံပြီး ဖြစ်လို့ ပို့ဆောင်ရေးယဉ်တွေ စီးတဲ့အခါ ပိုပြီးကောက်ခံတာမျိုးမဖြစ်သင့်ဘူး။ နိုင်ငံခြားသားလည်း ဘဲဖြစ်ဖြစ် ပြည်တွင်းခရီးသွား ဘဲဖြစ်ဖြစ် တူညီတဲ့ ခရီးကိုသွားတာ ဖြစ်တဲ့အတွက် တူညီတဲ့ တန်ဖိုးဘဲ ကောက်ခံသင့်တယ်။ ပုဂံသွားတဲ့အခါ ဇုံဝင်ကြေးထပ်ကောက်တာတို့ လည်းမဖြစ်သင့်ဘူး။ ဒါက နိုင်ငံခြားသားတွေဘက်က ခံရတဲ့အပိုင်းပေါ့။
    ပြောချင်တာက အစိုးရမဟုတ်တဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေရဲ့ ပို့ဆောင်ရေးယဉ်တွေ စီးတဲ့အခါ နိုင်ငံခြားသားတိုးရစ်ဆို ဂရုတစိုက် ဝန်ဆောင်မှုပေးတတ်ကြပေမယ့် ပြည်တွင်းခရီးသွားတွေအပေါ် သိပ်အလေးမပေးတာမျိုးတွေ တွေ့နေရဆဲပါ။ လမ်းကြုံတုန်း ထပ်ပြောချင်တာက ပို့ဆောင်ရေးယဉ်တွေ တွေနဲ့ လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေအနေနဲ့ သိုးဆောင်းဘာသာစကားကို ပုဂံက ကလေးတွေလောက်တော့ ဖျစ်ညှစ်ပြီး သင်ယူတတ်မြောက်ထားသင့်ပါတယ်။

    ပြောချင်တာက ပြည်တွင်းစားသုံးသူတွေထဲမှာ ငွေဖြုန်းအားကောင်းတဲ့လူတွေများလာတော့ နိုင်ငံခြားသားတွေသာ တတ်နိုင်တဲ့ အဆင့်မြင့်ဟိုတယ် စားသောက်ဆိုင် နှင့် ဘားတွေမှာ သူတို့လည်း အရေးတယူဝန်ဆောင်မှုပေးတာ နှစ်သစ်ခံယူချင်ကြတယ်၊ အဆင့်မြင့်တယ်ဆိုတဲ့ နေရာ၊ အစားသောက် စတာတွေအတွက် ငွေကောင်းကောင်းသုံးပြီး အဆင့်မြင့်ချင်တဲ့ လူတွေလည်းရှိတတ်သေးတယ်။ ဒီတော့ကာ ရှေ့လာမယ့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ပြည်တွင်း ခရီးသွားတွေကို လျှော့မတွက်လေနဲ့။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 29 OD;rS aus;Zl;wif&SdMuygonf


Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts