+ pmjyefNyD; qufa&;zdkU
Results 1 to 3 of 3

Thread: Facebook newsfeed

  1. #1
    VIMC Godly Cupid incubuz is nemo   Incubuz is on a distinguished road Incubuz's Avatar
    Join Date
    Feb 2007
    Location
    red dot
    Posts
    3,879
    Thanks
    68,331
    Thanked 91,243 Times in 3,893 Posts

    Post Facebook newsfeed

    သဗ္ဗုရိသအနွယ်ဝင် ကျူးပစ်ဘော်ဘော်အပေါင်းတို့ခင်ဗျာ။

    မျက်နှာစာအုပ်ကို အခါအားလျော်စွာ အသုံးမပြုနိုင်ကြသည့် ကျူးပစ်ဖိုရမ်စာဖတ်သူများအတွက် ယင်းမျက်နှာစာအုပ်တွင် အချိန်နဲ့အမျှတက်နေသော ယနေ့မျက်မှောက်နိုင်ငံရေးအခင်းအကျင်းများကို သိရှိကြစေရန် ဒီသရက်ကလေးကိုဖွင့်ဖြစ်ပါသည်ခင်ဗျာ။

    ကျနော်များ သိသင့်သိအပ်သိထိုက်သော (ခိုင်မာသည့်သတင်းရင်းမြစ်ဟု ယေဘုယျ ယူဆရသော) မြန်မာ့နိုင်ငံရေး၊ စီးပွားရေး "စသည် .." တို့နှင့်ပတ်သက်သည့်သတင်းများကို(ထင်ပေါ်ကျော်ကြားအတင်းအဖျင်းများမှလွှဲ၍) ဤသရက်တွင် ကျေးဇူးပြုပြီး ဝေမျှပေးကြပါခင်ဗျား။
    I can see something big with well interconnectedness and wishing it to be accomplished.
    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


  3. #2
    VIMC Godly Cupid incubuz is nemo   Incubuz is on a distinguished road Incubuz's Avatar
    Join Date
    Feb 2007
    Location
    red dot
    Posts
    3,879
    Thanks
    68,331
    Thanked 91,243 Times in 3,893 Posts

    Post အတိုင်ပင်ခံဥပဒေကြမ်း...

    "အတိုင်ပင်ခံဥပဒေကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ပြည်သူ့လွှတ်တော် အတည်ပြု "


    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျင်း၍ အမျိုးသားလွှတ်တော်၏အတည်ပြုချက်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်က ပြင်ဆင်ချက်အဆို များ တင်သွင်းခဲ့သည်။

    ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်တိုင်းသာ အတည်ပြုရန် တင်ပြခဲ့၍ တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူများ၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းသာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး တပ်နှင့်ပြည်ခိုင်ဖြိုးက အဆိုပြုတင်ပြခဲ့သည့် ၁၄ချက် လုံးရှုံးနိမ့်ခဲ့သည်။ စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်အဆိုမတင်သွင်းမီကပင် ပြောကြားခဲ့သည့် အတိုင်း ပါဝင်မဲပေးခဲ့ခြင်း မပြုခဲ့ပေ။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတစ်ခုလုံးကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းပင် ပြည်သူ့လွှတ်တော်၌ အတည်ပြုရန်အတွက် ကန့်ကွက်သူရှိမရှိ လွှတ်တော်ဥက္ကဌက မေးမြန်းရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သော်လည်း အနည်းစုဖြစ်၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းပင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

    Ref: 7day News Journal Facebook
    I can see something big with well interconnectedness and wishing it to be accomplished.
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 16 OD;rS aus;Zl;wif&SdMuygonf


  5. #3
    VIMC Godly Cupid incubuz is nemo   Incubuz is on a distinguished road Incubuz's Avatar
    Join Date
    Feb 2007
    Location
    red dot
    Posts
    3,879
    Thanks
    68,331
    Thanked 91,243 Times in 3,893 Posts

    Default

    အစိုးရသစ်၏ တစ်ပတ်အတွင်း သံခင်းတမန်ခင်း
    ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
    ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲


    ရန်ကုန် ဧပြီ ၅


    NLD အစိုးရသစ်က နိုင်ငံတော်တာဝန်လွှဲပြောင်းရယူပြီး တစ်ပတ်အတွင်း မှာပဲ သံခင်းတမန်ခင်းလှုပ်ရှားမှုတွေ စတင်အသက်ဝင်လာပါပြီ။
    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မှုအား ကြိုဆိုဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် အသင့်ရှိကြောင်း မကြာမီက ပြောကြားခဲ့မှုနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဟာ မတ် ၅ ရက် (ယနေ့) မွန်းလွဲပိုင်းမှာ နေပြည်တော်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ဆိုက်ရောက်လာခဲ့ပါတယ်။


    အစိုးရသစ်ရဲ့ သံခင်းတမန်ခင်းကဏ္ဍကို မစ္စတာ ဝမ်ယိက ကနဦး စတင်လိုက်ခြင်းဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
    တစ်ဆက်တည်းမှာပဲ ဧပြီ ၆ ရက်မှာ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stephane Dion ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း စီးပွားရေး မြို့တော် ရန်ကုန်ကို ဦးစွာလာရောက်ပြီး နောက်တစ်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့နဲ့ အစီအစဉ်အတိုင်း တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


    အလားတူ ဧပြီ ၆ ရက် နံနက်ပိုင်းမှာ အီတလီနိုင်ငံ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E. Mr. Paola Gentiloni Silveri ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ နေပြည်တော်ကို အထူး လေယာဉ်နဲ့ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အီတလီနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင် တွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နဲ့ အစီအစဉ်အတိုင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နောက် တစ်ရက် ဧပြီ ၇ ရက်မှာတော့ ရန်ကုန်မြို့ကို တစ်ရက် ကြာ လာရောက်လည်ပတ်ကာ ဧပြီ ၈ ရက် နံနက်မှာ ပြန်လည်ထွက်ခွာ သွားကြမယ်လို့ သိရပါတယ်။


    အစိုးရသစ်လက်ထက် တစ်ပတ်အတွင်း သံခင်း တမန်ခင်းအနေအထားတွေ ကို လေ့လာသုံးသပ်ကြည့် ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ရဲ့ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်က ပိုပြီးထူးခြား လေးနက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ ယခင့်ယခင် အစိုးရနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲရှိတိုင်း မှာ မြန်မာခေါင်းဆောင် ပိုင်းက တရုတ်နိုင်ငံကို အရင်ဆုံး ဦးဦးဖျားဖျား သွားရောက်လေ့ ရှိကြပေမယ့် ဒီတစ်ခေါက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိကိုယ်တိုင် နေပြည်တော်ကို အရောက်လှမ်းလာတာကတော့ ထူးခြားချက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
    တရုတ်အနေနဲ့လည်း လက်ရှိမှာ အမေရိကန် လင်းယုန်ကြီးနဲ့အပြိုင် စူပါပါဝါနိုင်ငံကြီးအဆင့်ဖြစ် လာပေမယ့် ဒေသတွင်းအာဆီယံနိုင်ငံ အချို့နဲ့ တောင် တရုတ်ပင်လယ်ကျွန်းစုကိစ္စ အငြင်းပွားမှုတွေ၊ အစဉ် အလာပြိုင်ဘက် အရှေ့အာရှက ဂျပန်နဲ့ ရေပြင် နယ်နိမိတ် အငြင်းပွားမှုကိစ္စတွေအပြင် အမေရိကန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လယ်ပိုင်းကပဲ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကို သူ့နိုင်ငံဖိတ်ပြီး အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့မှုတွေကြားမှာ စိုးရိမ်မကင်း ဖြစ်နေဆဲပါ။


    သို့ကလို ဒေသတွင်းအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ အစေးမကပ်ဖြစ်နေဆဲ ကာလမှာ မိုင်ပေါင်း ၁၃ဝဝ ကျော် နယ်နိမိတ်ချင်းထိစပ်နေတဲ့အပြင် တရုတ်ရဲ့ အကျိုးစီးပွားတွေ စုပြုံတည်ရှိရာ အစဉ်အလာမဟာမိတ် မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပါရာဒိုင်းအရွေ့တစ်ခုကလည်း တရုတ်အတွက် ပိုပြီးစိတ်သောကဖြစ်စရာပါ။ ဆိုမယ့်သာဆိုရပေမယ့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဟန်မင်းဆက် ငူဝီမင်းလက်ထက်မှာတရုတ် အဖွဲ့ဝင်တွေ မြန်မာနိုင်ငံကိုဖြတ်ပြီး အာဖဂန် နစ္စတန်ကိုသွားခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ၊ သက္ကရာဇ် ၈ဝ၁ ခုနှစ် တရုတ်ပြည် ဟန်မင်းဆက်လက်ထက်မှာ ရှေးခေတ် မြန်မာတူရိယာအဖွဲ့တစ်ဖွဲ့ ချန်အန်းမြို့တော် (ယခုစီအန်း)ကို လာရောက်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ အရ နှစ်ပေါင်း ၂ဝဝဝ ခန့် သက်တမ်းရှည်ရှိခဲ့ပါတယ်။
    ဒါ့အပြင် တရုတ်နိုင်ငံက ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင် ကြောင်းကြေညာပြီး မရှေးမနှောင်းမှာပဲ မြန်မာနိုင်ငံက ၁၉၅ဝ ပြည့်နှစ် ဇွန်လထဲမှာ အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို အစောဆုံးအသိအမှတ်ပြုခဲ့တဲ့ နိုင်ငံများထဲမှာ မြန်မာ နိုင်ငံက ထိပ်ဆုံးက ပါဝင်ခဲ့တာဖြစ်တဲ့အပြင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံရေးအတွက်လည်း မြန်မာနိုင်ငံက တစ်လျှောက်လုံး ထောက်ခံတောင်းဆိုခဲ့ပါတယ်။


    (က) တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်မှုကို တစ်နိုင်ငံက လေးစားရန်။
    (ခ) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုလုပ်ရန်။
    (ဂ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်။
    (ဃ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူမှုရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်။
    (င) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်။
    ဆိုတဲ့နောင်အခါ နိုင်ငံရေးပဉ္စသီလလို့ နာမည်ကျော် ခဲ့တဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ကိုလည်း ၁၉၅၄ ခုနှစ် ဇွန်လအတွင်း တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အထိ တရုတ်-မြန်မာ ဆက်ဆံရေးဟာ တိုးတက်ခိုင်မြဲခဲ့ပါတယ်။
    ဒါ့အပြင် မြန်မာဟာ တရုတ်က အစဉ်တစိုက်ကိုင် စွဲထားတဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံ တဲ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကိုလည်း ယခုတိုင် လိုက်နာကိုင်စွဲခဲ့ပါတယ်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီက တရုတ်-မြန်မာ အနာဂတ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သတင်းထောက် တစ်ဦးရဲ့မေးမြန်းမှုကို ''အိမ်နီးနားချင်းဖြစ်တော့ အိမ်နားနီးချင်းလိုပဲ ဆက်ဆံမှာပေါ့၊ ဒါပေမယ့် တန်းတူ ရည်တူဆက်ဆံဖို့တော့ လိုတာပေါ့''လို့ ပြောခဲ့ဖူးပါတယ်။


    တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင်ဖိတ်ကြားမှုအရ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁ဝ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ငါးရက်ကြာ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့တဲ့ ခရီးစဉ်နဲ့ နိုဝင်ဘာ ၁၇ ရက်က ဆင်ဟွာသတင်းဌာန နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိစဉ် ကတည်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံ အတွက် အလွန်သင့်လျော်ပြီး ဒီမူဝါဒကို အောင်အောင် မြင်မြင် ဆက်လက် ကျင့်သုံးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုမှုတွေအရ အနာဂတ် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်လက်တည်ရှိ နိုင်ကြောင်း ခန့်မှန်းရပါတယ်။


    သို့မို့ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ဟာ လည်း နှစ်နိုင်ငံကြားဖြေရှင်း စရာ ပြဿနာရပ်များ အများအပြားရှိပေ မယ့် နှစ်ပေါင်း ထောင်ချီရှိခဲ့တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက် ဖော်ဆက်ဆံရေးကို အားသစ်လောင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့်အညီ ကဏ္ဍသစ်တစ်ရပ် ပြန်လည်ဖွင့်လှစ် တည်ဆောက်နိုင်လိမ့် မယ်လို့ သုံးသပ်ယူဆမိကြောင်းပါ။

    Ref: MOI Webportal Facebook
    I can see something big with well interconnectedness and wishing it to be accomplished.
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts