ကိုယ်
ပိုင်လုပ်ငန်း လုပ်မယ်ဆိုရင် ဒီအခြေခံအချက်အလက်တွေ လိုအပ်တယ် လို့ ထင်ပါတယ်...
(၁) လုပ်ငန်းအကြောင်း ကျွမ်းကျင် နှံစပ်မှု ရှိခြင်း၊
(၂) ကိုယ်တိုင် ဦးစီး လုပ်ကိုင်နိုင်ခြင်း သို့မဟုတ် ငွေကြေး၊ အကျင့်စာရိတ္တ၊ စိတ်ဓါတ်၊ စေတနာ အပိုင်း ယုံကြည်စိတ်ချနိုင်သော မန်နေဂျာကောင်း၊ ၀န်ထမ်းကောင်းများ ရှိခြင်း
(၃) ဈေးကွက်နှင့် မိမိ ထုတ်ကုန် ကိုက်ညီမှု ရှိခြင်း
(၄) ပြိုင်ဘက်များ၏ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို သိရှိနေခြင်း
(၅) မိမိ ထုတ်ကုန်ကို ဈေးကွက်တွင် ရှိပြီးသား မထူးခြားနား ထုတ်ကုန် (me too product) မျိုးမထုတ်လုပ်ဘဲ အခြားသူများ မလုပ်သေးသည့် ထုတ်ကုန်များ၊ တီထွင်ဖန်တီးခြင်းမျိုး ထုတ်လုပ်သင့်ခြင်း၊ (ပစ္စည်းအား မရောင်းခင်ကပင် ၀ယ်ချင်စရာ အရည်အသွေးမျိုးနှင့် ပြည့်စုံနေခြင်း)
(၆) ဈေးနှုန်းသတ်မှတ်ချက် မှန်ကန်ခြင်း။ ဈေးနှုန်းစတင်ဖွင့်ကတည်းကပင် ရေရှည်အတွက်ကော၊ ၀ယ်ယူရောင်းချသည့် ဖောက်သည်အတွက်ကော၊ နောက်ဆုံး ရောက်ရှိမည့် စားသုံးသူများအတွက်ပါ ချိန်ဆ တွက်ချက်ထားသင့်သည်။ ပြိုင်ဘက်၏ ဈေးနှုန်းနှင့်လည်း နှိုင်းယှဉ် ချင့်ချိန်သင့်ပါသည်။
(၇) ဖြန့်ချီရာတွင်လည်း ကိုယ်ပိုင် Distribution Channel နှင့် သွားမလား၊ ကိုယ်စားလှယ်ထား ဖြန့်ချီမလား၊ ဘာနဲ့ ဖြန့်ချီမလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်...ပစ္စည်းသစ်ဆိုရင် မြန်မာနိုင်ငံရဲ့ Wholesales တွေ သဘောထားအရ သုံးစွဲသူ မေးမှ နာမည်ပေါက်မှပဲ တင်ချင်ကြတဲ့အတွက် လက်လီပိုင်း အရောင်းကို အရင် ဦးစားပေးလုပ်ဆောင်သင့်ပါတယ်...အဲ့ဒါက ဖြန့်ချီရေးလုပ်ရမည့် လုပ်ငန်းတွေ ဆိုရင်ပေါ့...၀န်ဆောင်မှု လုပ်ငန်းဆိုရင်တော့ သုံးစွဲသူ သိဖို့ပဲ ပိုမို လိုအပ်ပါတယ်...
(၈) ပြီးတော့ ထိုက်သင့်တဲ့ ကြော်ငြာ လုပ်ဆောင်သင့်ပါတယ်....ကိုယ် ပစ်မှတ်ထားတဲ့ လူတန်းစား ဆီကို ရောက်နိုင်သော Media Channel ကို ရွေးချယ်ပြီး ထိထိရောက်ရောက် စာသားတွေနဲ့ လုပ်ဆောင်သင့်ပါတယ်၊ ကြော်ငြာ မလုပ်ခင်မှာ အနည်းဆုံး တစ်နှစ်စာကို အကြိမ်အရေအတွက်၊ လချင်း အကြိမ်အရေအတွက်၊ ကျသင့်မည့် ကုန်ကျစ၇ိတ်၊ ကြော်ငြာထိရောက်မှု တို့ကို နှိုင်းယှဉ် ချိန်ဆသင့်ပါတယ်. ကြော်ငြာစရိတ်တွေကလည်း ကြီးမြင့်တော့ မတွက်ထားဘူးဆိုရင် ကြော်ငြာကြောင့် ၀န်လေးသွားတာမျိုး၊ စရိတ်ပိုကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်..
အထက်က အချက်အလက်တွေကတော့ အခြေခံ အကြမ်းဖျဉ်း ဖြစ်ပါတယ်...ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက် အဓိက အရေးကြီးဆုံးကတော့
လို့ပဲ မြင်ပါတယ်။ ၀န်ထမ်း နှင့် ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းတွေမှာ ကွာခြားတာက ၀န်ထမ်းဘ၀မှာ လစာ ပုံမှန်ဝင်ငွေ ရှိနေတယ်.... ကိုယ်တာဝန်ယူရတဲ့အပိုင်း ကိုပဲ အဓိကထား လုပ်ရတယ်... အရင်းအနှီးက ကိုယ်ကာယ၊ဥာဏပဲ၊ ငွေကြေး ဆုံးရှုံးမှု သိပ်မရှိနိုင်ဘူး၊ ကိုယ်ပိုင်လုပ်ငန်းကျတော့ အစစ အရာရာ ကိုယ်ပဲ၊ လတ်တလော အမြတ်ဆိုတာ ချက်ချင်း မှန်းလို့ မရနိုင်ဘူး၊ အရင်းအနီးကလည်း ရှိဖို့နဲ့ ပြိုင်ဆိုင်နိုင်တဲ့ အင်အား ရှိဖို့လိုတယ်။ အရှုံးဆိုတာလည်း ရှိသလို အမြတ်ဆိုတာလည်း ရှိနိုင်တယ်...၀န်ထမ်းကောင်း ရှိဖို့လည်း လိုတယ်။ Production, Management, Marketing, Admin, HR, Account, Audit, စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိရပါမယ်။ လုပ်ငန်းကို တရားဝင်ဖြစ်အောင် လုပ်ရတဲ့ တံဆိပ်မှတ်ပုံတင်တာတို့၊ လုပ်ငန်းလိုင်စင်တို့၊ ကျန်းမာရေးတို့၊ စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်တို့ အစသဖြင့် လုပ်ဆောင်ရအုံးမယ်။
ဒါကြောင့်မို့လို့ မအောင်မမြင် မခြင်း ကိုယ်ပိုင်လုပ်ငန်းနဲ့ ရပ်တည်မယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့ ချထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်၊ ကိုယ်မှာ အဲ့ဒိအနေအထား မရှိသေးရင် ၀န်ထမ်းအရင်လုပ်ပါ၊
ဒါပေမယ့် တချို့ကတော့ ၀န်ထမ်းလုပ်ရင်းနဲ့ မထွက်နိုင်ဖြစ်သွားတတ်ကြတော့ သေချာ စဉ်စားပြီးမှ လုပ်ပါ။ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့သူတွေအဖို့ လုပ်ငန်းကြီးကြီး သေးသေး ဘယ်ဟာဖြစ်ဖြစ် ကိုယ်ပိုင်အလုပ်နဲ့ စကြည့်လို့ ရပါတယ်။
အဓိက အချက်ကတော့ စိတ်ဓါတ် ခိုင်ခိုင်မာမာနဲ့ မအောင်မြင် မခြင်း လက်မလျော့ဖို့ပါပဲ...
မှတ်ချက်၊ သိသမျှ ၀င်ပွါးခြင်း ဖြစ်ပါသဖြင့် ကိုက်ညီမှု ရှိမှသာလျှင် အသုံးတည့်မှသာလျှင် ကျင့်သုံးပါရန်....