+ pmjyefNyD; qufa&;zdkU
Page 3 of 39
FirstFirst 1 2 3 4 5 13 ... LastLast
Results 21 to 30 of 384

Thread: [mm]tGefvdkif;ay:uowif;rsm; (7)[/mm]

  1. #21
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    Bi Weekly Eleven News ဂျာနယ် အပါအ၀င် ပြည်တွင်းသတင်း ဂျာနယ်များမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ဆောင်ချက်များအပေါ် ရေးသားခဲ့သည်များနှင့် ပက်သက်၍ အကောက်ခွန် ဦးစီးဌာနမှ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန၊ ဇေယျာသီဟခန်းမတွင် ကျင်းပခဲ့သည်။
    အခမ်းအနားသို့ ပြည်တွင်းမီဒီယာများမှ ၇၀ ဦးနှင့် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ငါးဦး အပါအ၀င် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သည်။
    အဆိုပါ ရှင်းလင်းပွဲတွင် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများမှ အကောက်ခွန်ဌာန၏ လုပ်ဆောင်မှုအားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ဒဏ်ကြေးတပ်ရိုက် ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းအား ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အကောက်ခွန်ဌာန တာဝန်ရှိသူများက ဆုကြေးအဖြစ် ခွဲဝေယူလျက် ရှိကြောင်း စသည်ဖြင့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့ကြသည်။
    ထုတ်ကုန် သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက “မီဒီယာတွေကို ပြောချင်တာက ကျွန်တော်တို့ လုပ်တာကိုင်တာ အားလုံး မှန်တယ်လို့ မယူဆပါဘူး။ အားနည်းချက်တွေလည်း ရှိပါတယ်။ အမှားကြီးတွေ လုပ်နေတာတော့ မဟုတ်ပါဘူး။ လုပ်ရင်း လုပ်ရင်း ကိုင်ရင်းနဲ့ အချို့နေရာမှာ အားနည်းချက် ချို့ယွင်းချက်တွေ ရှိသွားတာပါ” ဟု အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ထုံးလုပ်နည်းများ အကြောင်း ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    ရှင်းလင်းပွဲတွင် ထုတ်ကုန် သွင်းကုန်ပိုင်းနှင့် ပတ်သက်၍ ထုတ်ကုန် သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေမှ လည်းကောင်း၊ ဒဏ်ကြေးငွေများ ခွဲဝေမှုနှင့် ပတ်သက်၍ စီမံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့မှ အဓိက ဖြေကြားမှု ပြုလုပ်ခဲ့သည်။
    ထို့ပြင် ရှင်းလင်းပွဲတွင် အကောက်ခွန် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက Biweekly Eleven News ဂျာနယ်တွင် ရေးသားထားသည့် သတင်းပါ ပုံနှိပ်စက် တင်သွင်းခြင်း ကိစ္စနှင့် ပတ်သက်၍ သီးခြား ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
    တက်ရောက်လာသည့် သတင်း မီဒီယာများမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များကြောင့် သွင်းကုန် လုပ်ငန်းရှင်များ ကြန့်ကြာ နစ်နာရသည့်အပေါ် (အထူးသဖြင့် ကားတင်သွင်းမှု) ထိုသို့ မဖြစ်စေရန် မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းခဲ့ရာ ထုတ်ကုန်သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ကြန့်ကြာမှု မဖြစ်စေရန် Value သတ်မှတ်ခြင်းမှ စ၍ ကုန်ပစ္စည်း စိစစ်မှုများကို ပြုပြင်ရန် စီစဉ်ထားကြောင်း၊ သို့သော် မည်သည့်အချိန်တွင် အဆိုပါ အစီအစဉ်သစ် စတင်နိုင်မည်ကို မပြောကြားနိုင် သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

    Farmer Auto Car Showroom ၏ CEO ဒေါက်တာစိုးထွန်းကလည်း “တကယ်တမ်းကျတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ လုပ်ငန်းရှင်ဆိုတာ ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားရမှာတော့ နိုင်ငံတော်ကို အခွန်ပေးဆောင် နေသူတွေပါ။ Export/Import ကတော့ အခွန်ငွေပြေးလို့ မလွတ်ပါဘူး။ ကျန်တဲ့ လုပ်ငန်းတွေက အခွန်မဆောင်လို့ ရတယ်။ သေချာတာကတော့ ကျွန်တော်တို့က အခွန်မဆောင်လို့ မရဘူး။ အကောက်ခွန်ကျရင် အကောက်ခွန် ဆောင်ရမယ်။ ၀င်ငွေခွန် ဆောင်ရမယ်။ Commercial Tax ဆောင်ရမယ်။ ဒါကတော့ သေချာပါတယ်။ အကောက်ခွန်ထမ်း ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားပေးရမှာက လုပ်ငန်းရှင်တွေ သွင်းတဲ့ ပစ္စည်းတွေ စဉ်းစားတဲ့အခါမှာ အပြုသဘော ဆောင်တဲ့ဟာမျိုး စဉ်းစားစေချင်ပါတယ်။ Value ကိစ္စမျိုးမှာလည်း ညွှန်ကြားရေမှူး တစ်ယောက် တင်ပြသွားတာ တွေ့ပါတယ်။ တကယ်လို့ အစထဲက ကိုယ်က ဒီ Value သတ်မှတ်တာ ကြိုပြီးသိမယ်ဆိုရင် ပိုအကျိုး ရှိနိုင်ပါတယ်။ ဒီ OSS မှာဆိုလည်း အကောက်ခွန်ပါတယ်။ ဌာနပေါင်းစုံ ပါတယ်။ OSS သတ်မှတ်တဲ့ဟာကို ပြန်သတ်မှတ်ဖို့ လိုမလား။ ကျွန်တော်တို့ ဌာနဆိုင်ရာ အချင်းချင်းကော Cooperation ပြန်လုပ်ဖို့လိုမလား။ Value စောင့်နေတဲ့ အတွက်ကြောင့် အချိန်ကြန့်ကြာ နေတာပါ။ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့် မူဆယ်သွားတဲ့ အချိန်မှာ ကားသွင်းခဲ့တဲ့ အမျိုးသမီးက သူကို့ဖက်ပြီး ငိုပါတယ်တဲ့။ ကားငါးစီး သွင်းပါတယ်။ ပြီးရင် Value စောင့်တာ သုံးလကြာပါတယ်တဲ့။ ကားတစ်စီး သိန်းနှစ်ရာ ရှုံးသွားတဲ့အတွက် သူဘ၀ ပျက်ရပါတယ်တဲ့။ ဒါဥပမာလေး တစ်ခု။ ဒါလေးကိုပြင်ရင် ကျွန်တော်ထင်တယ် ခုနက ပြဿနာတွေ ဖြစ်မလာဘူးလို့။ ကျွန်တော်တို့ သိချင်တာက လက်ရှိ Custom ရော ကျွန်တော်တို့ Value ကို ကြိုပြီး ညှိနှိုင်းပေးနိုင်တဲ့ ဌာန ရှိ၊ မရှိ ဆိုတာပါ” ဟု မေးမြန်းခဲ့သည်။
    “ပြည်ပက ရောက်လာတဲ့ပစ္စည်း ဆိပ်ကမ်းကို ရောက်မယ်။ ဆိပ်ကမ်း ရောက်တဲ့ အခါကျမှ ကျွန်တော်တို့ အကောက်ခွန်က စစ်ဆေးမယ်။ အဲဒီကျမှ ကျွန်တော်တို့ တန်ဖိုးဖြတ်မယ်။ ဒီစနစ် ဖြစ်ဖို့အတွက်တော့ ကြိုးစား နေပါတယ်။ ဒါကို ကုန်သွယ်ရေးကလည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ်ဆိုတာ မသိဘူး။ ဒီကြားကာလထဲမှာတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ခုနက ရှင်းလင်းသွားသလို အဆင်ပြေဆုံး နည်းလမ်းကို ကျင့်သုံးနေရတဲ့ သဘောပါ။ ခုနက ဒေါက်တာစိုးထွန်း ပြောသွားသလိုပဲ နည်းလမ်းတစ်ခု၊ နောက်ထပ် အစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အခု တန်ဖိုးဖြတ်တာတွေ အားလုံး စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ ကျွန်တော်တို့ တစ်ပြေးညီ ဖြစ်အောင်လုပ်ဖို့ အစီအစဉ်လေး ရှိပါတယ်။ ဒီအစီအစဉ် ဘယ်တော့ဖြစ်မယ်ဆိုတာ အတိအကျတော့ မပြောနိုင်ပါဘူး။ လူကြီးတွေတော့ စီမံနေပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော် လောက်ကလည်း စီးပွားကူးသန်း ၀န်ကြီးနဲ့ ကျွန်တော်တို့ ၀န်ကြီး ညှိနှိုင်း အစည်းအဝေးလေး လုပ်ပြီး အဓိက တင်ပြမှု၊ ကွာခြားမှုကိစ္စ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အတွက် ဒီတန်ဖိုးတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ ကွာဟမှု မရှိအောင် ပေါင်းစပ် ညှိုနှိုင်းမှု ဆိုတာလေးလည်း ပြောထားပြီး ဖြစ်တဲ့အတွက် မကြာခင်တော့ ဒါဟာဖြစ်လာမှာပါ။ ဒါကတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်” ဟု ထုတ်ကုန်၊ သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။
    ရှင်းလင်းပွဲတွင် Suzuki Carry Truck နှင့် ပတ်သက်၍ သတင်းမီဒီယာများမှ ဖော်ပြချက်မှာ မှန်ကန်ကြောင်းနှင့် အကောက်ခွန်ဌာနတွင် ကြန့်ကြာသွားမှုများ အတွက် သက်ဆိုင်သူများအား တောင်းပန်သည့် အပေါ် “နောက်တစ်ခုက Suzuki Carry နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဂျာနယ်တွေ ဖော်ပြတာ မှန်ပါတယ်။ ကျွန်တော်တို့ဘက်က ဝေခွဲမရတဲ့ အတွက် ချက်ခြင်းဆုံးဖြတ် မပေးနိုင်တဲ့အတွက် ကျန့်ကြာသွားတာ ဖြစ်တဲ့အတွက် ဒါလည်း ဒီမှာ တစ်လက်စတည်း တောင်းပန်ပါတယ်။ ဒီလိုမျိုး ထောက်ပြ ဖော်ပြပေးတဲ့ Suzuki Carry Truck ဂျာနယ်ပဲဖြစ်ဖြစ် အော်တိုမိုဘိုင်း ဂျာနယ်နဲ့ အခြားဂျာနယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။
    Suzuki Carry ကားများ ကိစ္စမှာ ရှင်းရင်းရှင်းရင်းဖြင့် ရက်ပေါင်း ၆၀ ကျော် ကြာသွားသည့်အတွက် လေလံစာရင်း ၀င်သွားပါကြောင်း၊ ယခုအခါ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ခွင့် ပြုလိုက်သဖြင့် ငါးစီးသာ ကျန်သည်မှာ မှန်ပါကြောင်း၊ ကျန်ကား များမှာလည်း လေလံစာရင်း ၀င်နေသဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် လေလံ ပယ်၊ ဖျက် ပြုလုပ်နေရပြီး ခုနစ်စီးသာ ဆိပ်ကမ်းအပြင်သို့ ထုတ်ယူနိုင်ပါသေးကြောင်း၊ အဆိုပါ ကားများအား ဆိပ်ကမ်း၌ ရက်ပေါင်း ၆၀ ကျော်ကြာ ထိန်းသိမ်းခ တစ်စီးလျှင် ကျပ်ခုနစ်သိန်းကျော်ကို မည်သူမျှ တာဝန်ယူ မပေးဆောင်သည့် အတွက် ယာဉ်ပိုင်ရှင်များမှသာ ပေးဆောင်လိုက်ရပါကြောင်း၊ နောက်နောင် ယခုကဲ့သို့ ကြန့်ကြာမှုများ မဖြစ်စေရန် အကောက်ခွန် ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေးပါရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဦးအောင်နိုင်ထွန်းက အကြံပြု ပြောကြားခဲ့သည်။
    မိမိတို့အနေဖြင့် ကြန့်ကြာသည့် အပိုင်းများကို တတ်နိုင်သမျှ မြန်အောင် ကြိုးစားပေးမည် ဖြစ်ပါကြောင်း၊ အချို့ ကိစ္စများသည် ဆုံးဖြတ်လို့ မရ၍ အဆင့်ဆင့် တင်ပြပြီး အစည်းအဝေးများဖြင့် အချိန်ကြာသွားခြင်း ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်များ ဒဏ်ကြေး ဆောင်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူမှာ တာဝန်ရှိသည်ကို ပြော၍ မသင့်ပါကြောင်း၊ မော်တော်ယာဉ်များအား ဘယ်သူက သွင်းသလဲ ဆိုသည်ကသာ မည်သူ့မှာ တာဝန်ရှိသည်ကို ပေါ်လွင်လိမ့်မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းခဲ့သည်။
    အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို မွန်းလွဲ ၂ နာရီခန့်မှစ၍ ညနေ ၅ နာရီကျော် အထိ ကျင်းပခဲ့သည်။


    အကောက်ခွန် ဦးစီးဌာန၏ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည့် မေးခွန်းနှင့် အဖြေအချို့
    မေး ။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ တော်တော် များများကို ရှင်းပြပေးတာ၊ အချို့ပိုင်းတွေမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ၀န်ခံသွားတာ ကျွန်တော်တို့ မီဒီယာတွေ အပါအ၀င် အများပြည်သူရဲ့ အကြံပြုချက်တွေကို လက်ခံမယ်လို့ ကြိုဆိုသွားတဲ့ အချက်တွေကို တွေရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊
    Eleven Media Group ရဲ့ ညီနောင်ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ Eleven Trading နဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ရှင်းပြသွားတာ ကြားလိုက်ရတဲ့အတွက် နည်းနည်း ရှင်းပြချင်ပါတယ်။ အဲ့ဒီကုမ္ပဏီနဲ့ ကျွန်တော်တို့က အလုံးစုံ အကုန်တူနေတာတော့ မဟုတ်ပါဘူး။ သတင်းရေးသားခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်က အဲဒီဂျာနယ်မှာ အယ်ဒီတာချုပ် တစ်ယောက်ဖြစ်လို့ တာဝန်ရှိတဲ့အတွက် သတင်းရေးသားမှုနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ အဓိက ရည်ရွယ်တာကတော့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်း အချို့၊ ဥပမာ-ပုံနှိပ်စက်နဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ကျွန်တော်တို့ အခုတင်သွင်းတဲ့ ပုံနှိပ်စက်မျိုး မရှိဘူးလို့ပြောတာ တကယ်တော့ အဲဒါမဟုတ်ပါဘူး။ အစိုးရဌာန အပါအ၀င် ဒီပုံနှိပ်စက် အမျိုးအစားတွေ တင်သွင်းထား ပြီးသားတွေ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တင်သွင်းဖူးပါတယ်။ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ဈေးနှုန်းအမှန်နဲ့ တင်သွင်းတာ ဖြစ်ပြီးတော့ နိုင်ငံတကာမှာလည်း စုံစမ်းလို့ရပါတယ်။ နောက် ဒီပစ္စည်းတွေက ပုံနှိပ်စက်မှာ Web Machine နဲ့ Sheet-fed တို့က အမျိုးအစား မတူပါဘူး။ ဒီသတင်း ရေးသားချိန်မှာ သတင်းရေးသားမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ Trading က တာဝန်ရှိသူတွေနဲ့ မေးမြန်းပြီးတော့မှ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က လုပ်တာဖြစ်ပါတယ်။ အဲဒီမှာ ဂျပန်ကသွင်းတဲ့ စက်ပစ္စည်း အမျိုးအစားနဲ့ ကျွန်တော်တို့ဟာကို ဈေးသက်မှတ်တယ်လို့ သိရပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ပုံနှိပ်စက်တွေနဲ့ ပတ်သက်ရင် ဘယ်လိုတင်သွင်းပြီး ဘယ်လို အခြေအနေတွေ ရှိတယ်ဆိုတာကို ကျွမ်းကျင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီမှာ ပုံနှိပ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအောင်ကျော်ဦးလည်း ရှိပါတယ်။ သူ့ကိုမေးကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ တင်သွင်းတဲ့စက်က အိန္ဒိယကလာတဲ့ အမျိုးအစားပါ။ အဲဒီတော Web Machine မှာပဲဖြစ်ဖြစ်၊ Mono Unit တွေမှာပဲ ဖြစ်ဖြစ်၊ Branded နဲ့ အိန္ဒိယကလာတဲ့ အမျိုးအစားက တန်ဖိုးကွာခြားပါတယ်။ အမေရိကန်က သွင်းတဲ Ronald စက်နဲ့ စက်ရဲ့ မူလတန်ဖိုးကတင် ဒေါ်လာသန်းချီ ရှိပါတယ်။ ဒါပေမယ့် အဲဒီအမျိုးအစား ပုံစံမျိုး အိန္ဒိယမှာ ပြန်ပြီး တင်သွင်းမယ်ဆိုရင် ဈေးနှုန်း သက်သာပါတယ်။ အချို့အကြောင်း အရာတွေကတော့ ရှင်းလင်းပွဲ ဖြစ်စဉ်အတွက် အပြန်အလှန် အငြင်းပွားစရာ မလိုပါဘူး။ ကာယကံရှင် တာဝန်ရှိသူတွေက ရှင်းပြပြီး ဖြစ်တဲ့အတွက် အငြင်းပွားစရာ မလိုတော့ပါဘူး။ အကြမ်းဖျင်း ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မီဒီယာတစ်ခု အနေနဲ့ ထောက်ပြရေးသားခြင်းကတော့ ဒီဌာနနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းပိုင်းတွေမှာ မကျွမ်းကျင်မှုတွေ၊ အချို့အပိုင်းတွေမှာ လစ်ဟာမှုတွေနဲ့ ပြည်သူတွေ ထိခိုက် နစ်နာမှုတွေ ရှိတာကို ထောက်ပြချင်တဲ့အတွက် ရေးသားခြင်း ဖြစ်ပါတယ်။ အခြားရည်ရွယ်ချက် မရှိပါဘူး။ နောက်တစ်ခုက ဒီဌာနနဲ့ ပတ်သက်လို့ အများပြည်သူထဲမှာရော ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းသိရှိရတဲ့ အကြောင်းအရာတွေ ရှိရပါတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ ဒါပေမယ့် သာမန်ဝန်ထမ်းတွေ ထိခိုက်နစ်နာမှာ စိုးတဲ့အတွက် ဒါတွေကိုလည်း အကျယ်တ၀ံ့ ပြောဆိုလိုခြင်း မရှိပါဘူး။ မေးခွန်းပိုင်း ဆက်မေးဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းမှာ လိုအပ်ချက်တွေ ရှိ၊မရှိ ဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသိဆုံးပဲ ဖြစ်မှာပါ။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ ဌာနဆိုင်ရာတွေ အများကြီး ရှိတဲ့အတွက် တစ်ခါတလေကျရင် စီးပွားကူးသန်းနဲ့ အကောက်ခွန် ဦးစီးဌာနကြားမှာ လုပ်ရတာ ဘယ်လောက်ရှိတယ်ဆိုတာ သက်ဆိုင်တဲ့ ကာယကံရှင်တွေ ဒီမှာအများကြီး ရှိတဲ့အတွက် အသေးစိတ် မပြောတော့ပါဘူး။
    အဓိက ရည်ရွယ်တာကတော့ အပြောင်းအလဲ ကာလမှာ ကောင်းမွန်မှန်ကန်တဲ့ စနစ်တွေနဲ့ အားလုံး အဆင်ပြေ ချောမွေ့ဖို့ပဲ ဆန္ဒရှိပါတယ်။ ထောက်ပြပြောဆိုခြင်းဟာ ကျွန်တော်တို့ တာဝန်ပဲ ဖြစ်တဲ့အတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ အသေးစိတ် အချက်အလက်ကတော့ အငြင်းပွားစရာ မရှိပါဘူး။ အငြင်းလည်း မပွားလိုပါဘူး။ နောက် လာဘ်ပေးလာဘ်ယူကိစ္စ အပါအ၀င် တချို့ကိစ္စတွေဟာ အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ ဘာလို့ဆိုတော့ နိုင်ငံတော်အစိုးရက တရားဝင် ချီးမြှင့်ထားတဲ့ တရားဝင်လစာငွေနဲ့ လက်ရှိ တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို ချိန်ထိုးကြည့်ရင် အဖြေသိနိုင်ပါတယ်။ ပြီးတော့ မေးခွန်းတစ်ခုလည်း မေးလိုပါတယ်။ ကားတင်သွင်းမှုနဲ့ ပတ်သက်လို့ ကားစီးရေ တစ်သိန်း တင်သွင်းထားပြီး ချိန်မှာ Recondition မကိုက်ညီတဲ့အတွက် တစ်စီးကို တစ်သိန်းဝန်းကျင် ဒဏ်ကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။
    အဲဒီထဲက ၁၀ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ကျပ်သိန်း တစ်သောင်းခန့်ကို ၀န်ထမ်းတွေကို ဆုကြေးအဖြစ် ခွဲဝေပေးတယ်လို့ ကြားရပါတယ်။ ကားတစ်ခုထဲတင် မကဘဲ တစ်ခြားကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်နှစ်တာ ကာလအတွင်း ဒဏ်ကြေးတွေကိုပါ အဲဒီလိုမျိုး လုပ်ဆောင်တယ်လို့ သိရပါတယ်။ အဲဒါဟာ အမှန်တကယ် ဟုတ်၊ မဟုတ်၊ ဒါမှမဟုတ် အဲဒီလို ခွဲဝေပေးမှုဟာ အောက်ခြေ ၀န်ထမ်းအထိ ရရှိခြင်း ရှိ၊မရှိ။ ဘယ်ဝန်ထမ်းအဆင့်တွေပဲ ရတာလဲ၊ အများဆုံးက ဘယ်သူက ရတာလဲ၊ သိရှိလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ နှစ်ခုလုပ်ပါတယ်။ မီဒီယာတာဝန် အနေနဲ့ ထောက်ပြဖို့ လိုသလို တစ်ဖက်ကတော့ အများပြည်သူ နစ်နာမယ်ဆိုရင် ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်း တာဝန်ယူနေတဲ့ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကို တိုင်ကြားဖို့ အစီအစဉ် ရှိပါတယ်။ အခုလည်း တိုင်ကြားဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် ဒီရှင်းလင်းပွဲမှာ ကျွန်တော်တို့ တိုင်ကြားမယ့်စာ မိတ္တူတွေကို အားလုံးထံကို ဝေပေးသွားမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ မေးခွန်းတွေကိုလည်း ဝေပေးသွားမှာ ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ တာဝန်အရှိဆုံး ညွှန်ချုပ်ဟာ တစ်နှစ်ကို ကျပ်သိန်း ခုနှစ်ထောင်ခန့် ရရှိတယ်လို့ အပြင်သတင်းတွေ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်လို့ မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါတယ်။
    Weekly Eleven
    ဖြေ ။ Weekly ကမေးသွားတဲ့ ဆုကြေးငွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ နိုင်ငံတော်ကနေ ကျွန်တော်တို့ကို တရားဝင် ချီးမြင့်ပေးတာ ရှိပါတယ်။ အဲဒီလို တရားဝင် ချီးမြှင့်ပေးတာ ရှိသလို အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီးတော့လည်း ချီးမြှင့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုကြေးငွေ အနေနဲ့ ဘယ်အပေါ်မှာ ခံစားရသလဲဆိုရင် နံပါတ်တစ် အချက်အနေနဲ့ ဆိုရင် ရွေးယူဒဏ်ငွေပေါ်မှာ ဆုကြေးငွေ ခံစားခွင့်ရှိပါတယ်။ နောက်တစ်ခုက ပြည်သူ့ဘဏ္ဍာ သိမ်းပြီးတော့မှ လေလံတင် ရောင်းချတာက ရရှိတဲ့ငွေ အပေါ်မှာလည်း ဆုကြေးငွေ ကျွန်တော်တို့ ခံစားခွင့် ရှိပါတယ်။ ခုနက မေးသွားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရွေးယူဒဏ်ငွေထဲမှာ ပါတဲ့အတွက်ကြောင့် ဆုကြေးငွေ ပေးတဲ့အခါမှာ ဒါကိုထည့်သွင်း တွက်ချက်ပါတယ်။ အဲဒီတော့ တိုက်ရိုက်ကပဲ ဖြစ်ဖြစ် လေလံတင်လိုက်လို့ သိန်းတစ်ထောင်ပဲ ဖြစ်ဖြစ် ရရှိတဲ့ငွေ အားလုံးကို အကောက်ခွန် ဦးစီးနဲ့ နိုင်ငံတော် ဘဏ္ဍာထဲကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ၀င်သွားပြီးမှ ကျွန်တော်တို့ရဲ့ အကောက်ခွန် ငွေစာရင်း 01, 02 မှာ ဆုငွေ ချီးမြှင့်ရေးအတွက် ဆိုပြီး အပေါ်က ပြန်ချပေးတာ ရှိပါတယ်။ အဲဒီတော့ သာမန်ငွေ အသုံးစရိတ်မှာ ပါလာပါတယ်။ အဲဒီအထဲမှာမှ နှစ်အလိုက်၊ နှစ်အလိုက် ကြာခဲ့တဲ့ဟာတွေပေါ် မူတည်ပြီးတော့မှ ပေးတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆုငွေနဲ့ ပတ်သက်ပြီးတော့မှ အကောက်ခွန် တစ်ခုတည်းက ၀န်ထမ်းတွေပဲ ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောက်ခွန်နဲ့ သီးသန့်ထားတဲ့ ဟာပဲ ဖြစ်ဖြစ်၊ အကောက်ခွန်နဲ့ ပူးပေါင်းပြီးမှ ဖမ်းတဲ့ ရဲတို့၊ သစ်တော၊ သတ္ထုတွင်း၊ နောက်ဒေသ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးပေါ့။ မီးသတ် အကုန်လုံး ပါလာလို့ ဖမ်းဆီးမှုထဲမှာ ပါလာတယ်ဆိုရင် အဲဒီ Case တစ်ခုတည်းမှာ ပါလာရင် ဖမ်းပြီး လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွှေးယူဒဏ်ငွေ ရတာပဲဖြစ်ဖြစ်၊ ငွေချက်ချင်း မရသေးပေမယ့် အဲဒီလူတွေကို ကူညီသူ အနေနဲ့ လည်းကောင်း၊ ဖမ်းဆီးသူ အနေနဲ့ လည်းကောင်း ရစေပါတယ်။ ဒါ့အပြင် သတင်းပေး အနေနဲ့လည်း ကျွန်တော်တို့ကိုပဲ တိုက်ရိုက် သတင်းပေးမယ်။ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသတင်းပေးပြီးတော့ ပူးပေါင်း ဖမ်းတယ်ဆိုရင် ကျွန်တော်တို့က အဲဒီသတင်းပေးသူကို ကျွန်တော်တို့က လျှို့ဝှက်ပေးထားတယ်။ သူ့အတွက် ၁၀ ရာခိုင်နှုန်းကို ပေးတာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ၅၀ ရာခိုင်နှုန်းကို တိုင်းနဲ့ပြည်နယ်ကို ပေးရပါတယ်။ ၃၀ ရာခိုင်နှုန်းကို ဗဟိုရန်ပုံငွေထဲကို ထည့်ပါတယ်။ ၁၀ ရာခိုင်နှုန်းကို သတင်းပေးရှိခဲ့ရင် ပေးပါတယ်။ မရှိခဲ့ဘူးဆို လို့ရှိရင် ဗဟိုရံပုံငွေထဲကို ပြန်သွားပါတယ်။ နောက်တစ်ခုက ပြည်ထောင်စု ဆုငွေနဲ့ပတ်သက်လို့ကတော့ ၈၀ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရထဲကို ၀င်ပါတယ်။ သတင်းပေး ၁၀၊ ဆုကြေးငွေ ၁၀ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျပ်သိန်း ခုနှစ်ထောင်ကျော် ရခဲ့ဖူးတဲ့ အခြေအနေ မရှိပါဘူး။ ၂၀၁၂-၁၃ ဘတ်ဂျက်ကို ပြန်တွက်တဲ့ အမှုပေါင်း ၃၄၁၃ ခုကိုတွက်တာ ဌာနဆိုင်ရာတွေ မိတ်ဖက် အဖွဲ့အစည်းတွေလည်း ပါတယ်။ အားလုံးကို ပြန်အချိုး ချလိုက်တယ်။ သက်ဆိုင်ရာ ဌာနတွေကို ပေးစရာ ရှိတာပေးပြီး ကျပ်သိန်းပေါင်း ၁၅၀၀ ထဲမှာ ပြန်တွက်လိုက်တဲ့ အချိန်မှာ ကျွန်တော် ညွှန်ကြားရေးမှူး အမြင့်ဆုံးရတာမှ ကျပ်နှစ်သိန်းပဲ ရပါတယ်။ ၀န်ထမ်းတွေကို ပေးဖို့ရှိပါတယ်။ အနည်းဆုံး ၀န်ထမ်းအနေနဲ့ကတော့ ဓာတ်လှေကား မောင်းတဲ့သူက ကျပ်ငါးသောင်းကျော်ရမယ်။ ကျပ်သိန်းပေါင်း ခုနှစ်ထောင်ကျော် ရခဲ့သလားဆိုတာကတော့ မရခဲ့ပါဘူး။ နောက်တစ်ခုက ရရှိခံစားတဲ့ အချိန်မှာ အကောက်ခွန် ဦးစီးဌာန တစ်ခုတည်း သက်ဆိုင်ရာ ၀န်ထမ်းတွေလည်း ပါဝင်လာတယ်။ လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွေးယူတာပဲ ဖြစ်ဖြစ်၊ တိုက်ရိုက်ပေးတာပဲ ဖြစ်ဖြစ် အဲဒီအားလုံးထဲကမှ ၁၀ ရာခိုင်နှုန်းပေါ်မှာ အပုံ ၁၀၀ ပုံပြီးတော့မှ ခွဲဝေပေးတာ ဖြစ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ စနစ်တကျ နိုင်ငံတော် ပြန်တမ်းအနေနဲ့ တရားဝင်ပေးတာ ဖြစ်ပါတယ်။
    အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း
    မေး ။ ၂၀၁၂ ခုနှစ်မှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အမှုဘယ်နှစ်ခုမှာ အရာထမ်းတွေကို စစ်ဆေးခဲ့တာ ရှိသလဲ။ ဘယ်လိုပုံစံနဲ့ အရေးယူခဲ့သလဲ၊ ဘယ်လို အဂတိမျိုးတွေကို လိုက်စားခဲ့သလဲ။
    News Watchဂျာနယ်
    ဖြေ ။ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲမှာ ကျွန်တော်တို့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူး နှစ်ဦးကို ဖြုတ်ပစ်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ နောက်ထပ် ၃၃ ဦးကို တစ်ဆင့်နိမ့် ရာထူးနဲ့ ငွေရေးကြေးရေးနဲ့ မပတ်သက်တဲ့ ၀န်ကြီးဌာနတွေကို ပြောင်းရွှေ့တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။
    အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း
    မေး ။ ၂၀၁၂ ခုနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဘယ်နှစ်မှုလောက် ရှိပါသလဲ။ နိုင်ငံ့ဘဏ္ဍာထဲက အဂတိ လိုက်စားမှုကြောင့် ဘယ်လောက်ပါသွားပါသလဲ။ ဒီနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်ဆောင် ထားပါသလဲ။
    မဇ္ဈိမ
    ဖြေ ။ တစ်မှုသာရှိကြောင်း ဖြေကြားခဲ့ပြီး နစ်နာသွားသည့် နိုင်ငံ့ဘဏ္ဍာ ပမာဏကိုမူ ဖြေကြားမှု မပြုခဲ့ပါ။
    http://www.news-eleven.com/index.php?option=com_content&view=article&id=17589 %3A2013-01-27-06-02-52&catid=42%3A2009-11-10-07-36-59&Itemid=112
    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  3. #22
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

    ၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့၊ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့်တပ်မတော် အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

    ၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက် သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။

    တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများ စွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။

    ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။


    ၃။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူ ညီမှုများ ရရှိနိုင်ရေးအတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။

    ယင်းသို့ သဘောတူညီမှုများ ရနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

    ၄။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ၄င်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီးအဖွဲ့အား စောင့်ကြိုတိုက် ခိုက်ခြင်း
    ဖြင့် ပြဿနာများကို စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

    ၅။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည်အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

    ၆။ KIAတို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် အစိုးရ အဆောက်အအုံ များစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း၊ ဒေသခံ အရပ်သားများစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

    ၇။ KIA တို့သည် ကချင်ပြည်နယ်အတွင်း အများပြည်သူတို့ အဓိက အားထားသွားလာ နေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။

    လမ်းကြောင်းများ ပြတ်တောက်ပိတ်ဆို့နေမှုကြောင့် ကုန်စည် စီးဆင်းမှုမပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါးမလုံလောက်၍ ရောဂါဘယ ထူပြောခြင်း စသည့် ဒုက္ခမျိုးစုံ တွေ့ကြုံခံစားနေရပါသည်။

    ၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

    ၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်းအပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ်စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရပါသည်။

    ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော်သား များ ကြုံတွေ့နေရသော ရိက္ခာ ပြတ်လပ်မှု၊ KIA လက်နက်ကိုင် အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။

    ၁၀။ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံ ပစ်ခတ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။

    ၁၁။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခအရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်းကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

    KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှုရှိရန် အထူးလိုအပ်ပါသည်။

    ၁၂။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးစားပေးသည့် တပ်မတော် ဖြစ်ခြင်း တို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး၏ ဘေးကင်း လုံခြုံရေးကိုပို၍ လိုလားပါသည်။

    ၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့
    စေရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေး အရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

    တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော်သမ္မ၏ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက် အပေါ် လေးစား လိုက်နာသွားရန် လိုအပ်ပါသည်။

    ၁၄။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီ စောင့်ရှောက်ရေး နေရာများသို့ ပြောင်းရွှေ့ နေ ထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသ ရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ကူညီပို့ဆောင်ပေးလျက် ရှိပါသည်။

    ၁၅။ ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO/ KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/ KIA အဖွဲ့ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    နေပြည်တော်

    ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


  5. #23
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    မြန်မာနိုင်ငံအပေါ် တင်နေတဲ့ကြွေးမြီတွေရဲ့ ၆၀ ရာနှုန်းလောက်ကို လျှော်ပစ်ဖို့ Paris Club လို့ခေါ်တဲ့ မြီရှင်နိုင်ငံများအဖွဲ့က သဘောတူညီခဲ့ကြပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကြွေးမြီ ကိစ္စရပ်တွေကို စုပေါင်း ညှိနှိုင်းဖို့ အတွက် ကမ္ဘာ့မြီရှင်နိုင်ငံတွေနဲ့ ဖွဲ့ထားတဲ့ Paris Club ပဲရစ်ကလပ်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့---

    သတင်း အပြည့်အစုံ ဒီနေရာကို နှိပ်ပါ
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


  7. #24
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


    အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာ လိမ့် မည်ဟုမျှော်မှန်းလို့ရကြောင်းပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
    “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပါတယ်။ သမ္မတကြီး အနေ နဲ့ ထူးထူးခြားခြား ဒီမိုကရေစီ စနစ်မှာ ပထမဆုံးတက်လာတဲ့ သမ္မတ ကြီးဖြစ်တယ်။ နိုင်ငံတကာကလည်း ထောက်ခံတယ် အများအတွက် တကယ်လိုအပ်တဲ့ အလုပ်တွေကိုလည်း လုပ်နေတာ။ ဒီထဲမှာ စဉ်းစား တဲ့ အထဲမှာ ပါတာပေါ့။ တစ်နေ့တော့ ဖြစ်လာမယ်။၂၀၁၅ မတိုင်ခင်ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်း၄၆ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ်နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်း ကနိုင်ငံရေးအကျဉ်းသားများအားအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်တာင်းဆိုသည့်အပေါ် ပြည်ထောင်စု ၀န်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က “ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားကို အကိုတို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်တာကို လိုလားပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်နေချိန်မှာ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ မရှိသင့်တော့ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာကို အချိန်ဆွဲရင် ဆွဲသလို တိုင်းပြည်အတွက် အများကြီး နစ်နာစေတယ်” ဟု ပြောကြားခဲ့ပါသည်။

    “အခုဆိုရင် ICRC လည်း ထောင်တွေကို ၀င်ရောက်စစ်ဆေးခွင့် ရသွားပြီ။ ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် စိစစ်မယ်လို့ ပြောတယ်။ ပြည်ထဲရေး အနေနဲ့ လုပ်တာထက်စာရင် ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စ တွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေပါ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာ သည် ပိုပြီးတော့ အရွေ့တစ်ခုကို ရွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ လက်တွေ့ကျကျ ပူးပေါင်းဆောင် ရွက် ချင်တယ်” ဟု ကိုထွန်းကြည်က ဆက်လက် ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့် ခြောက်ကြိမ်ပေး ခဲ့ပြီး လေးကြိမ် တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက် လာခဲ့သည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာ ပြီး နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုဖြစ်ခဲ့သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲနိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

    လက်ရှိအချိန်တွင်လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်းပြုစုထားရာတွင်၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့စာရင်း၊ NLD စာရင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်း၊ AAPP စာရင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပြီး အစိုးရဘက်မှမူ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်းဆန်ထားသည်။
    နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ အကျဉ်းထောင်များ ထဲတွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော် ရှိကြောင်း၊ ယင်းတို့ကိုလည်း သမိုင်းတစ်ခု
    အဖြစ် ရေးထိုးသွားကာ ၎င်းတို့ မိသားစုဝင်များနှင့် ကူးလူးဆက်ဆံမှုတွေ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး မိုးထိမိုးမိရွှေလုပ်သားများ ကိစ္စတွင် အဖမ်းခံရသူ လေးဦးကိုပါ ထည့်သွင်းထားပါက ၎င်းတို့စာရင်းတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၂၂ ဦးရှိကြောင်း AAPP မှ ကိုဘိုကြည် က ပြောကြားခဲ့သည်။

    အလားတူ အမည်ပျက်စာရင်း (Black List) စာရင်း သွင်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါအ၀င် အမည်ပျက် စာရင်းဝင် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစ၍ အမည်ပျက်စာရင်း မှပယ်ဖျက်ပေး ခဲ့ပြီးနိုဝင်ဘာလ ၂၆ ရက်နေ့ တွင်လည်း ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့အား အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
    http://thanlwinriver.blogspot.com/20...9431.html#more
    Reply With Quote   

  8. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 16 OD;rS aus;Zl;wif&SdMuygonf


  9. #25
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    ချင်းမိုင်(မဇ္စျိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
    သည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

    “KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့
    နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ
    ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

    အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံ
    ရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီး
    ဖြစ်သည်။

    မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်
    ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

    “နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွား
    မလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့
    မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

    မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့
    သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။
    http://mizzimaburmese.com/news/insid...7---kio--.html
    Reply With Quote   

  10. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  11. #26
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    wkdif;jynf&JU jyKjyifajymif;vJa&; tpkd;&taeeJY EkdifiHykdif rD'D,mtjzpfuae pGefYvTwfzkdY vkyfvmae&mrSm ,cif ppftpkd; & &JU tmabmfawGudk azmfjyavh&SdwJh EkdfifiHykdif jrefrmhtvif; owif;pmtaeeJY yk*¾vd u wGGJzuf vkyfudkifolukd &SmazG aew,fvdkY t&m&Sd wOD;u ,refaeYu ajymMum;vkdufygw,f/

    usaemfwkdYu jrefrmhtvif; t*Fvdyf owif;pmudk wif'gpepfeJY pdwf0ifpm;wJholawGudk zdwfac:zkdY 0efBuD;Xme (jyef Mum;a&;) eJYvnf; oabmwlNyDygNyDvkdY trnfrazmfvkdol jynfol0efaqmifrI rD'D,m tkyfcsKyfa&;tzGJY0ifwOD;u attufyDukd ajymwmudk udk;um;NyD; befaumufydkYrSm azmfjyygw,f/

    olu qufvufajym&mrSmawmhvlt&if;tjrpf vkdtyfcsufawGeJY 'Dowif;pmukd tqihfrDrD xkwfa0 jzefYcsDzkdYqkdwm 0efBuD;XmetaeeJY rjzpfEkdifygbl;vkdY qkdygw,f/

    wu,fawmh jrefrmEkdifiHrSm EkdifiHykdif owif;pmu 3 apmifxJbJ &Sdwmyg/ jrefrmtvif; t*Fvdyf? jrefrm 2 apmifeJY aMu;rHkowif;pmwkdYbJjzpfNyD; rMumao;cifu jynfol A[kdjyK jynfolY 0efaqmifrI rD'D,mtjzpfajymif;vJypfr,fvkdY qkdxm;wmyg/

    'gayr,hf jrefrmtvif; taeeJY 2011 ckESpftapmydkif;avmufuwnf;u ta&;tom;awGu t&if q,fpkESpfawG wkef;uvkdr[kwfawmhwm owdxm;rdcJhygw,f/

    txl;ojzihfawmh jynfyrD'D,mawGudk aoG;xkd;vIYHaqmf rrSefruef azmfjyaew,fqkdwJh aMuG;aMumf oHawGudk rTefxlaeatmif azmfjycJhwmawGudk jzKwfoGm;cJhwmyg/ tckawmh a[mvD0k'f pwm;awG&JU twif;tzsif;awGudkawmif azmfjyvmwm owdxm;rdygw,f/

    tckvdk jrefrmhtvif; t*Fvdyfykdif; owif;pmu wGJvkyfr,hf ywfwem &Smaecsdef ,refESpf ukefydkif;
    avmuf uwnf;u yk*¾vdu aeYpOfxkwfowif;pmawG 'DESpfrSm xkwfcGihfay;r,fqkdawmh The Myanmar Times eJY wGJvkyfr,fqkdwJh owif;awG xGufcJhygao;w,f/

    wkdufwkdufqkdifqkdif 'D&ufydkif;twGif;rSmbJ jrefrm-MopD zufpyf vkyfudkifaewJh The Myanmar Times tywfpOf xkwf rD'D,m&JU &S,f,mawGawmif tuGJtNyJowif;awG xGufay:vmcsdefrSm wGJzuf wnfaxmifcJhol Mopaw;vs EkdifiHom; a&mhpf'efuav uvnf; aeYpOfxkwf owif;pm xkwfa0
    a&;rSm jrefrmtvif;eJY wGJNyD; vkyfzkdY pdwf0ifpm; w,fvkdY avoHypfvkdufygw,f/

    'DEkdifiH&JU EkdifiHykdif owif;pmudk yHkpHajymif;zkdY tultnDay;zkdY tcsdefusvmwJhtckduf 'guawmh wu,hf tcGihfta&; BuD;wckyg"vkdY 'efuavu ajymcJhygw,f/

    uJ aemufqHk; tajzxGufvmwmuawmh The New Light of Myanmar eJY The Myanmar Times wkdY[m 'DESpfxJ pwif xGuf&Sdr,hf t*Fvdyfowif;pmudk twlwGJvkyfMur,fqkdwmygbJ/


    'guvnf; or®w OD;odef;pdef wufvmNyD;uwnf;u EkdifiHa&;tusOf;om;awG vTwfay; wm? jrefrm'Drkdua&pDacgif;aqmif a':atmifqef;pkMunfukdvnf; a&G;aumufyGJ 0ifcGihfay;NyD; ygvDrefxJa&mufonftxdcGihfjyKcJhwm pwJh jyK jyif ajymif;vJrIawG &JU aemufqufwGJ ajcvSrf;awG vnf;jzpfygw,f/

    'Dtjyif ,refESpf Mo*kwfvrSmvnf; tpkd;&u q,fpkESpfaygif;rsm;pGm uefYowf? ydwfyifcsKyfcs,f rIawGvkyfcJhwJh pmay uifaywkdifvkdY ac:wJh qifqm bkwftzGJY udk zsufodrf;vdkufygw,f/

    yk*¾vdu tywfpOf xkwf*sme,fawGudk vnf; vmrnhf {NyDv 1 &ufaeYu pwifNyD; aeYpOfxkwf owif;pm xkwfr,fqkd&if cGihfjyKw,fvkdY jyefMum;a&; 0efBuD;opf OD;atmifMunfu ajymcJhygao; w,f/

    jyifopfEkdfifiHtajcpkduf e,fjcm;rJhowif;axmufrsm;toif; RSF uawmh 2013 ckESpfrSm pmay vGwfvyfcGihf tnGef; udef;rSm jrefrm[m t&ifu tqihf 179 &Sd&mu tck 151 &SdvmwmaMumihf tqihf 18 awmifwufvSrf;vmEdkifvkdY jrefrmEkdifiH&JU tHhzG,f tajymif;tvJudk aus;Zl;wifygaMumif; ,refaeYu qkdvdkufygw,f/
    http://blog.irrawaddy.org/2013/01/blog-post_31.html
    Last edited by thet2006; 01-31-2013 at 08:22 AM.
    Reply With Quote   

  12. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


  13. #27
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းအပြီး မြန်မာနိုင်ငံက လာမည့် ဒီဇင်ဘာတွင် ကျင်းပရန်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် အားကစားနည်း သုံးမျိုးကိုသာ ဖြုတ်ရန် ဇန်န၀ါရီ ၂၉ရက် နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဆီးဂိမ်းဖယ်ဒရေးရှင်းကောင်စီ (SEAGF) အစည်းအဝေးတွင် သဘောတူလိုက်ကြောင်း သိရသည်။
    မြန်မာနိုင်ငံအတွက် “အကျိုးမရှိ”သည့် အားကစားများဖြစ်သည့်အတွက် ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် နာမည်မဖော်လိုသူ ဆီးဂိမ်း ကျင်းပရေး ကော်မတီအဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောဆိုသည်။
    “ဖြုတ်လိုက်တဲ့ သုံးမျိုးက တော့ အင်ဒိုနီးရှား သိုင်းအားကစား၊ ဂျွမ်းဘားနဲ့ တင်းနစ်ပါ။ စားပွဲတင် တင်းနစ်ကတော့ ထည့်ထားပါတယ်။ ကျန်တဲ့ ဟာတွေကတော့ အရင်အတိုင်းပါပဲ။ မြန်မာရိုးရာ အားကစားကတော့ တမျိုးတည်း ထည့်ထားတယ်။ ခြင်းလုံးပဲ ထည့်ထားပါတယ်” ဟု အဆိုပါ ကော်မတီဝင်က ဆိုသည်။
    နေပြည်တော် အစည်းအဝေးတွင် မြန်မာက ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ မြေကွင်းဟော်ကီနှင့် တင်းနစ်တို့ကို လာမည့် ဆီးဂိမ်းတွင် ဖြုတ်ရန် စီမံခဲ့သည်ကို မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ကန့်ကွက်ခဲ့ခြင်းကို အပြီးသတ် ညှိနှိုင်းခဲ့ကြသည်။
    သို့ရာတွင် ကျွမ်းဘားတွင် ထူးချွန်ပြောင်မြောက်ပြီး ၂၆ မြောက် ဆီးဂိမ်း၌ ရွှေတံဆိပ် ၁၁ခု ယူနိုင်ခဲ့သော ဗီယက်နမ်အဖို့ စိတ်ထိခိုက်ရကြောင်း VietNamNet အွန်လိုင်းသတင်းစာက ရေးသားခဲ့သည်။
    ယခုအခါ ဆီးဂိမ်းတွင် ကြက်တောင်၊ ပြေးခုန်ပစ်၊ ရေကူး၊ ဒိုင်ဗင်၊မြှားပစ်၊ ဘတ်စကက်ဘော၊ ဘိလိယက်/ စနူကာ၊ စက်ဘီး၊မြင်းစီး၊ ဘောလုံး/ ဖူဆယ်၊ လက်ဝှေ့၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ အနောက်တိုင်းလှေ၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး ၊ဂေါက်သီး၊ သေနတ်ပစ်၊ ရွက်လှေ၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ နပန်း၊ ၀ူရှူး၊ ကာယ ဗလ၊ ရိုးရာ လှေ၊ စစ်တုရင် စသည့် အားကစားနည်း စုစုပေါင်း ၃၃ မျိုးကို ထည့်သွင်း ကျင်းပရန် နေပြည်တော်တွင် ကျင်းပသည့် ဆီးဂိမ်းဖယ်ဒရယ်ကောင်စီ အစည်းအဝေးတွင် အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံ များ သဘောတူညီခဲ့ကြောင်း သိရသည်။
    ကစားပွဲများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ခွဲကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။ ၂၀၁၃ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသည် နှစ်ပေါင်း ၄၀ ကျော်ကြာမှ မြန်မာနိုင်ငံတွင် ပြန်လည် ကျင်းပနိုင်ခြင်း ဖြစ်ပြီး ပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲနှင့် ဖျော်ဖြေ တင်ဆက်မှု အ စီအစဉ်များ၊ ပြိုင်ပွဲဝင်မည့် အားကစားများကို လေ့ကျင့်ပြုလုပ်နေပြီ ဖြစ်သည်။
    http://burma.irrawaddy.org/archives/32706
    Reply With Quote   

  14. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


  15. #28
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Myanmar Times အပတ်စဉ် သတင်းဂျာနယ်၏ အုပ်ချုပ်ရေးမှူး အဆင့်များနှင့် ရှယ်ယာ ပိုင်ဆိုင်ထားသူများ အပြန်အလှန် လူသိရှင်ကြား ပြဿနာ ဖြစ်ပွားခဲ့ကြသောကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေမည့် ကိစ္စ မတိုင်မီ ရှယ်ယာခွဲဝေမှုများ ဖြစ်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။
    သက်ဆိုင်သူများက ယနေ့ နေ့လယ်တွင် အသီးသီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲ များမှတဆင့် ရှယ်ယာရှင်များ အချင်းချင်း စကားများ၍ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ အမှုဖွင့်သည်အထိ ဖြစ်ခဲ့ကြကြောင်း သိရှိရသည်။
    ယမန်နေ့နေ့လယ်က Myanmar Times ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာတင်ထွန်းဦး၏ ဇနီးဖြစ်သူ ဒေါက်တာ ခင်မိုးမိုးနှင့် ၎င်းဂျာနယ်၏ စီမံခန့်ခွဲမှု ဒါရိုက်တာနှင့် အယ်ဒီတာချုပ် တာဝန်ယူထားသူ မစ္စတာ ရော့စ် ဒန်ကလေတို့ မပြေမလည်ဖြစ်ရာမှ ယင်းဖြစ်ရပ်များ စတင်ခဲ့ကြောင်း၊ မပြေလည်မှုမှာ ဝန်ထမ်းများ၏ ရှေ့မှောက်တွင် ဖြစ်ခဲ့ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ရော့စ် ဒန်ကလေက မီဒီယာများအား ပြောသည်။
    “ကျနော့်ကို စော်ကားတဲ့ စကား ပြောဆိုတယ်။ ပြီးတော့ ရုံးကို ရုံးနဲ့မဆိုင်တဲ့သူ လေး၊ ငါးယောက်လောက် ခေါ်လာတယ်။ ကျနော့်ဘက်ကလည်း တရားစွဲဖို့ ဆောင်ရွက်သွားမှာပါ။ ပြီးတော့ သူတို့နဲ့ ပေါင်းပြီး နေ့စဉ် သတင်းစာ ထုတ်မယ်ဆိုရင် Professional အဆင့် ဖြစ်မလာနိုင်ဘူး” ဟု မစ္စတာ ရော့စ် ဒန်ကလေက Myanmar Times အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
    Myanmar Times အပတ်စဉ် သတင်းဂျာနယ်ကို ယခုကဲ့သို့ ပြဿနာများ ဖြစ်နေသည့် ကြားမှ နေ့စဉ်ထုတ် သတင်းစာ ဖြစ်လာသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ၏ စည်းမျဉ်းစည်းကမ်းကိုလည်း
    ကြိုက်နှစ်သက်ခြင်း မရှိသဖြင့် ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
    Myanmar Times သတင်းဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါက်တာတင်ထွန်းဦးက ပိုင်ဆိုင်ထားပြီး ၄၉ ရာခိုင်နှုန်းကို မစ္စတာ ရော့စ် ဒန်ကလေက ပိုင်ဆိုင်သည်။
    ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာတင်ထွန်းဦး၏ ဇနီး ဒေါက်တာ ခင်မိုးမိုးကလည်း ယနေ့နေ့လယ်ကပင် ၎င်းပိုင်ဆိုင်သည့် ပြည်မြန်မာ သတင်း ဂျာနယ်တိုက်၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပြီး မစ္စတာ ရော့စ် ဒန်ကလေက ဒေါက်တာ ခင်မိုးမိုးကို တွန်းဖယ်ကာ ၎င်း၏ သားမက်ဖြစ်သူကို လက်သီးဖြင့် ထိုးခဲ့ကြောင်း ပြောဆိုခဲ့သည်။
    “တရားစွဲတာက ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ ပုဂ္ဂိုလ်ရေး အရဖြစ်တာပါ။ အခု ကျောက်တံတား ရဲစခန်းမှာ ကိုယ်ထိလက်ရောက်မှု အပါအဝင် ပုဒ်မ ၃၅၄/ ၃၂၃ (ပ) ၄၁ နဲ့ အမှု ဖွင့်ထားပါတယ်။ ဒါပေမယ့် မစ္စတာ ရော့စ် ဒန်ကလေ အနေနဲ့ လာရောက် တောင်းပန်မယ် ဆိုရင်တော့ ကျေအေးပေးပါမယ်” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။
    မစ္စတာ ရော့စ် ဒန်ကလေ အနေဖြင့် လာရောက်တောင်းပန်ပါက ကျေအေးပေးမည် ဖြစ်သော်လည်း လက်ရှိတွင် ၎င်း တာဝန် ထမ်းဆောင်နေသည့် နေရာကို ဖယ်ရှား၍ ၎င်း၏ နေရာကို တခြားသူ တဦးအား အစားထိုးရန်အတွက် အထက်သို့ ဆက်လက်
    တင်ပြသွားမည် ဖြစ်ကာ လက်ရှိဖြစ်ပွားနေသည့် ပြဿနာကိုလည်း ပြေလည်မှု ရှိစေရန် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း၊ ၀န်ထမ်းများ၏ မျက်နှာကို ထောက်သင့်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ထပ်ပြောသည်။
    “ကျမအနေနဲ့ ကတော့အခုထိ သတင်းစာထုတ်ဖို့ မလျှောက်သေးပါဘူး။ ပြဿနာတွေ ရှင်းပြီးမှပဲ သတင်းစာထုတ်ဖို့ လုပ်ရမှာပါ။ စည်းမျဉ်းစည်းကမ်းကလည်း ရှိသေးတယ်လေ” ဟု ဒေါ်ခင်မိုးမိုးက ဆိုသည်။
    အမှုဖွင့်ဆိုချက်နှင့် ပတ်သတ်ပြီး ကျောက်တံတား ရဲစခန်းအား ဆက်သွယ်မေးမြန်ရာ သက်ဆိုင်ရာက ပြန်လည်ဖြေကြားချင်းမရှိပေ။
    Myanmar Times သတင်းဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က စတင် တည်ထောင်ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် စတင် ထုတ်ဝေခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေးအဖွဲ့သည် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
    Myanmar Times ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား ဝင်ရောက် လုပ်ကိုင်နေမှု၊ ရော့စ် ဒန်ကလေနှင့် ပတ်သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြားသည် ၂၀၁၀ ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့်
    ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ကာလများတွင် သတင်းများ ရယူ ဖော်ပြခဲ့မှုများကြောင့် ထိုကာလက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မျက်မုန်းကျိုးခဲ့သောကြောင့် ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ ပြဿနာ ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူများထံမှ သိရသည်။
    ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ဇန်န၀ါရီလ ကတည်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့သော ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ်ဒန်ကလေတို့ အကြား ပြဿနာများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားခဲ့သော ပြဿနာမှ ရှယ်ယာရှင်များ အချင်းချင်း သတင်းစာထုတ်လုပ်မှု ကိစ္စတွင် သဘောထား ကွဲလွဲနိုင်ကြောင်း၊ ရှယ်ယာ ထုတ်ယူသည်အထိပင် ဖြစ်လာနိုင်ကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သူများက ပြောဆိုနေကြသည်။
    http://burma.irrawaddy.org/archives/32580
    Reply With Quote   

  16. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 17 OD;rS aus;Zl;wif&SdMuygonf


  17. 01-31-2013 04:27 PM

    Reason
    Wrong Thread !

  18. #29
    Wannabe Cupid   Peter Pan is on a distinguished road
    Join Date
    Mar 2007
    Posts
    47
    Thanks
    41
    Thanked 909 Times in 47 Posts

    Default LeT seeks foothold in Myanmar

    LeT seeks foothold in Myanmar




    The Indian government is sharing information with its eastern neighbours — Myanmar and Bangladesh — about the increasing role of Pakistan-based terrorists groups in events like the 2012 sectarian violence between Rohingya Muslims and Buddhists in the coastal Rakhine state of Myanmar.

    Among the most prominent groups is the Lashkar-e-Taiba.
    Senior Indian government sources say that intelligence inputs available to them indicated that Rohingya Muslim extremist activity was being funded mainly from groups in Saudi Arabia.
    The militant cadres were being trained by Pakistan-based terror groups and the weapons being sourced from Thailand.

    “Economic and social hardships faced by Rohingya refugees apart, the involvement of the minority group in arms smuggling. narcotics, safe sanctuaries for terror elements including setting up of training camps is going to be a major counter-terrorism challenge in the regional context,” said a senior Indian official.
    New Delhi’s primary concern is that the Pakistani militant groups will use recruits and cells in Myanmar and Bangladesh to carry out terrorist activities in the Northeast and try to encourage communal violence in places like Assam.
    India and Bangladesh, both of which have significant Rohingya Muslim refugee communities, have exchanged notes on the stepped-up operations by the Pakistani Inter-Services Intelligence and the Lashkar.
    They also believe there has been activity by the Jaish-e-Mohammed (JeM) in Bangladesh’s Chittagong Hill Tracts — especially the area from Cox’s Bazaar to the Teknaf sub-division along the border with Myanmar.
    After Rakhine’s sectarian riots, the Lashkar and its parent organisation, the Jammaat-ud-Dawwa (JuD), formed a new forum — Difa-e-Musalman Arakan-Burma Conference (Defence of Muslims in Myanmar) — in order to mobilise supporters for a campaign against the ruling military junta of Myanmar.
    The Lashkar and Jammaat deputed a two-member team comprising Jammaat spokesperson Nadeem Awari and a member of the Jammaat’s publication wing, Shahid Mehmood Rehmatullah, on August 10, 2012, with the task of forging links with senior representatives of Islamic institutions in Bangladesh and Myanmar.
    Indian government sources said that senior Lashkar leaders, including the terrorist organisation’s leader Hafeez Saeed, have been discussing plans to target Myanmar for possible recruitment and militant activism.
    The Lashkar blames the reformist Thien Sein government of Myanmar for the plight of Rakhine Muslims.
    “Pakistan-based Lashkar commanders are planning to visit the restive Rakhine state in Myanmar with other outfits like Harkat ul Jihadi al Islami (HUJI), JeM and Jammaat ul Mujahideen Bangladesh (JMB) to build reltations with the Rohingya Solidarity Organisation in a bid to expand activity and establish new bases on India’s eastern fringes,” said a senior official.
    India’s internal security agencies have informed the Manmohan Singh government about the formation of a new front called the Jammaat ul Arakan (JuA) with elements from JMB and other extremist Rohingya entities.
    “Reports indicate that the JMB could also be involved in running militant training camps in remote areas of Bandarban district of Bangladesh. They may have plans to undertake action in Myanmar,” said an official.
    The expanding ISI footprint in the Rohingya belt was revealed following the arrest of one Noor-ul-Amin from the Idgah madarassa in Cox’s Bazaar, Chittagong, on September 11, 2012.
    A cleric recruited from Dar-ul-Uloom Islamiya madarassa in Karachi, Noor-ul-Amin had served as a militant talent spotter and a recruiter of Rohingya cadres in the past.
    During his interrogation, Amin confirmed his association with the ISI and also the Karachi-based Maulana Abdus Qudus Burmi, so-called chief of HUJI (Arakan).
    He also confirmed that the Pakistan military intelligence agency was involved in gun-running in the Rohingya refugee belt.
    Subsequently, Noor-ul-Amin’s close associate Ali Ahmed aka Abu Jibral was also picked up by Bangladeshi security agencies on October 8, 2012.
    He was involved in the money transactions between the ISI and the Karachi Islamiya madarassa the previous month.
    During interrogation, Jibral described his days in Afghanistan as a jihadi soldier and his association with the Taliban during his stay in Miranshah, North Waziristan, from 1985 to 1994.
    An active member of HUJI, Jibral was caught with Pakistani documents and a Bangladeshi passport.
    While alerting Dhaka and Naypyidaw to the emerging Rohingya terror threat, India is worried about the growing ISI interest in Muslim refugees in the restive Rakhine state through terror groups like Lashkar, Jaish, HUJI and the Tehrik-e-Azadi Arakan (TAA) as trained extremists could be used to create mayhem in India’s Northeastern states.
    The growing radicalisation of the Rohingya’s Muslims is combining with evidence of Pakistan-based explosive experts teaching more militant refugees how to manufacture improvised explosive devices to fight Myanmar security forces.



    http://www.hindustantimes.com/StoryPage/Print/1004198.aspx
    Reply With Quote   

  19. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


  20. #30
    Noble Contributor Godly Cupid 2015 President   batoe is on a distinguished road batoe's Avatar
    Join Date
    May 2006
    Location
    Island with Lion Head & Fish Tail
    Posts
    3,559
    Thanks
    21,989
    Thanked 107,504 Times in 3,643 Posts

    Default

    Air Bagan av,mOfysufus&jcif;onf uyÜwdef\qkH;jzwfcsuf aESmifhaeS;rIaMumifhjzpfonf[k ,lq &aMumif; pkHprf;ppfaq;a&;aumfr&SiftzGJY OuúX OD;0if;aqGxGef;rS ajymonf/
    Air Bagan av,mOfysufusaomtcsdefonf qif;ouf&rnfh ae&mwpfckvkH; jrLrsm;ESifh zkH;vTrf;aeonf r[kwfbJ av,mOfjzifh0ifwkdufrd&m "gwftm;vkdif;&Sdonfh opfawmtkyfae&müomjrLrsm;ydwfqkdY aejcif; jzpfaMumif; tqkdygjzpfpOfwGif uyÜwdefonf av,mOfukd &efukef- rEåav;txdom ukd,fwkdifarmif;ESifNyD; rEåav;rS[J[kd;txd FO tm; ysHoef;cGifhay;tyfcJhonf [k4if;uajymonf/
    FO rsm;ukd ysHoef;cGifhtm; uyÜwdefrS ay;tyfykdifcGifh&Sdonf/ okdYaomf uyÜwdef\qkH;jzwfcsufonfom av,mOfarmif;ESifrIwGif t"dujzpfaMumif; 4if;uqufajymonf/
    "jrLawGukd jzwfausmf&r,fqkdNyd;;awmh ajrjyifESifh qufoG,fajymqkdxm;wm&Sdw,f? olwkdYqufoG,fajymqkd aepOfrSm av,mOfu ay 500 txufrSm&Sdw,f/ tJh'DtcsdefrSmav,mOfrI;qkH;jzwfcsuf t"duvkdtyfaewm? ay 500 uae tckvkd0ifwkdifrdcsdef[m 35 puúefYyJMumw,f" [k OD;0if;aqGxGef;u ajymonf/
    tqkdygjzpfpOfwGif av,mOfrI;\ rSm;,Gif;jcif; aocsmckdifrSmonfqkdygu a,mOfysHoef;cGifh vkdifpif&kwfodrf; jcif;? &mxl;tqifhcsjcif;? rGrf;rHoifwef;rsm; jyefvnfwufa&mufapjcif;ponfhjypf'PfrsKd; csrSwfEkdifonf[k od&onf/
    pkHprf;a&; aumfr&SiftzGJYtaejzifh av,mOfysufus&onfh taMumif;t&if;ukdom azmfxkwf&jcif;jzpfNyD; jypf'PfcsrSwfjcif;ukd 0efMuD;XmerSom qufvufaqmif&GufrnfjzpfaMumif;od&onf/ tJyk*H av,mOfonf [J[kd;avqdyfokdY ,cifESpf'DZifbmvu qif;oufpOfysufuscJhNyD; xkdysufusrIESifhywfoufí od&SdEkdif
    &ef av,mOf\ Black Box tm; MopaMw;vsEkdifiHokdY Zefe0g&D 18 &ufwGif ykdYaqmifppfaq;cJhNyD; wpfywf tMum Zefe0g&D 26 &ufaeYwGif Data tcsuftvufrsm;&&SdcJhonf/

    (ay: jyLvmowif; azhpfbkwf )
    udk,fhEdkifiHodu©m&SdzdkUqdkwmvlwdkif; vlwdkif;rSmwm0ef&Sdygw,f/ (a':atmifqef;pkMunf)
    Reply With Quote   

  21. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts