+ pmjyefNyD; qufa&;zdkU
Page 2 of 39
FirstFirst 1 2 3 4 12 ... LastLast
Results 11 to 20 of 384
Thread: [mm]tGefvdkif;ay:uowif;rsm; (7)[/mm]
  1. #11
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
    ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
    ''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာ ယာဉ်ရပ်နား ကောက်ခံခြင်း အစီအစဉ်ကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်း ရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခု ယာဉ်ရပ်နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
    ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။
    ယင်းသို့သော အခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာက ရန်ကုန်မြို့တွင်း အခမဲ့ယာဉ် ရပ်နားနိုင်သည့် နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်(သိမ်ဖြူလမ်းမီးပွိုင့်နှ င့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ်(ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်းကြား)တို့ကို ဆောင်ရွက်ပေးခဲ့သည်။
    လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။
    ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့် ယာဉ်ရပ်နားဇုန်အချို့
    (၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
    (၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ )
    (၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
    (၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
    (၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
    (၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
    (၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
    (၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
    (၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
    (၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
    (၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
    (၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)
    http://www.news-eleven.com/index.php...-09&Itemid=111
    Reply With Quote   
  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf
  3. #12
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ရန်ကုန် (မဇ္ဈိမ)။ ။ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ဘတ်ဂျက် လိုငွေပြမှုမှာ ၄.၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေပြမှုမှာ ၃.၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ဘဏ္ဍာနှင့်အခွန်ဝန်ကြီး
    ဌာနမှ ဆိုသည်။
    “ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်နေတာကို တွေ့ရပါတယ်” ဟု ဇန်နဝါရီလ ၂၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
    ဒေါက်တာမောင်မောင်သိမ်း က ပြောဆိုသွားသည်။
    ထို့အပြင် ငွေကြေးဖောင်းပွမှု မဖြစ်စေရန် ဘဏ္ဍာရေးမူဝါဒအပိုင်းအနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်သကဲ့သို့ မလိုအပ်သည့် အသုံးစရိတ်များ လျော့ချသကဲ့သို့ အခြားတဖက်တွင်လည်း အခွန်အခများကို နှုန်းထား မပြောင်းလဲ
    ဘဲ တိုးမြှင့် ရရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဘတ်ဂျက်လိုငွေ လျော့နည်းစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆို
    သည်။
    “အတိုးနှုန်းမူဝါဒအနေဖြင့် စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းမှုများအပေါ် အခြေခံ၍ အတိုးနှုန်းကို ညှိနှိုင်းဆောင်ရွက်ပေး
    လျက်ရှိပါတယ်။ ဈေးကွက်ဆိုင်ရာ လုပ်ဆောင်မှုနည်းလမ်းအရ အပ်ငွေ ချေးငွေ လေလံစနစ်ကို ၂၀၁၂ ခုနှစ်၊
    စက်တင်ဘာလမှစ၍ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အရန်ရံပုံငွေ လိုအပ်ချက်ကို ထိန်းကျောင်းခြင်း နည်းလမ်း
    အနေဖြင့် အခြေခံ ငွေကြေးပမာဏကို သတ်မှတ်နိုင်ရန် အရန်ရံပုံငွေ ရည်မှန်းချက်နှင့် ငွေဖြစ်လွယ်မှု ခန့်မှန်းခြင်း
    နည်းလမ်းများကို အသုံးပြုလျက်ရှိပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်း က ဆက်လက်ပြောဆိုသွားသည်။
    http://www.mizzimaburmese.com/news/b...-06-47-42.html
    Reply With Quote   
  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf
  5. 01-25-2013 07:37 AM
    Reason
    dp
  6. #13
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြားလိုက်သည်။
    နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
    "တကယ်တမ်း စီမံကိန်းရပ်ဆိုင်းမယ်ဆိုရင် လုံးဝဖျက်သိမ်းပေါ့နော်။ စာချုပ်အရဆိုရင် ကျွန်တော်တို့ တရားစွဲမယ်။ ဘယ်သူ့ကို တရားစွဲမလဲဆိုတာတော့ စာချုပ်အပေါ် မူတည်တယ်။ စာချုပ်ကို အသေးစိတ်ကြည့်ရဦးမယ်။ ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံးဒီလိုအခြေအနေ ရောက်သွားလို့ရှိရင် ဒီတရားဥပဒေ လမ်းကြောင်းအရ ဖြေရှင်းရမှာပဲ။ ဒါတော့ သေချာတယ်" ဟု ၎င်းက ပြောသည်။
    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမီတက်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှုအပြင် အခြားအကြောင်းများကြောင့် ဒေသခံများ၏ စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
    ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
    http://www.news-eleven.com/index.php...-59&Itemid=112
    Reply With Quote   
  7. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf
  8. #14
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း
    တွေနဲ့ ပတ်သက် လို့ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။
    အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့ Singapore Telecommunications ကုမ္ပဏီတို့ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
    စင်ကာပူ ကုမ္ပဏီကကတော့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ ကုမ္ပဏီ ၂ ခုပေါင်းပြီး လုပ်ကိုင်ဖို့လို့ ဆိုပါတယ်။
    ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။
    http://blog.irrawaddy.org/2013/01/telecom.html
    Reply With Quote   
  9. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf
  10. #15
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    အမေရိကန် နိုင်ငံက ကချင်ပြည်နယ်တွင်းက စစ်ပွဲများ ဖြစ်ပွားသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်သည့် ရန်ကုန် အမေရိကန်သံရုံး ကြေညာချက်ထုတ်ပြန်သည့်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေ ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ချေပတုံ့ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ယနေ့ နိုင်ငံပိုင် သတင်းစာများ မှာ ပြည်ထောင် စု မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြန်လည် တုံ့ပြန်သည့် ကြေညာချက် တရားဝင်ထွက် ပေါ်လာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်မှာ Myanmar ကို Burma ဟု သုံးစွဲမှုကိုလည်း ကန့်ကွက်ထားပါတယ်။ အပြည့်အစုံကို အောက်မှာပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
    သတင်းစာဖြတ်ပိုင်းပေါ် ကလစ်နှိပ်၍ အကျယ်ချဲ့ကြည့်နိုင်ပါတယ်။
    Reply With Quote   
  11. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf
  12. #16
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန် ကေအိုင်အေ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကို အစိုးရ စစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက် နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် က ပြောပါတယ်။ အစိုးရ စစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက် နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
    မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာ လည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဗိုလ်မှူး မင်းဋ္ဌေးက ဗွီအိုအေကို ပြောပါတယ်။
    “ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ၀င်သွားတာ မြေကြီးထဲကို။ ဟော… အခုတောင် ပစ်နေတယ်။ ချနေကြတယ်။”
    မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ကေအိုင်အို ဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။
    “ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက် ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ် ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။”
    ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။
    “တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတ၀ိုက်မှာတော့ သူ အမြင့်ဆုံး ဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင် ပတ် ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ၇၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံ ရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။”
    မြန်မာစစ်တပ်က အေအိုင်အို ကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန် ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။
    “အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါ ကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။”
    ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။
    အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရ ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
    တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။
    တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။
    http://www.thithtoolwin.com/2013/01/...l#.UQUAE1KsaSo
    Reply With Quote   
  13. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf
  14. #17
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (ဆိပ်ကမ်း) မြို့နယ်အတွင်း တည်ဆောက်မည့် ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင် မည်သူမဆို ၀င်ရောက်လုပ်ကိုင်နိုင်ကြောင်း သို့ရာတွင် IGE နှင့် ရွှေတောင်ကုမ္ပဏီများမှ ထုတ်ပေးသည့် ကုန်ကြမ်းများကိုသာ အသုံးပြုရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားလိုက်သည်။
    ဇန်န၀ါရီလ၂၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် Myanmar Industrial Zones and Real Estate Development Forum တွင် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်ပြီး ၀င်ရောက်တည်ဆောက်မည့် သူများအနေဖြင့် ကုန်ကျမည့် ပမာဏများကိုပါ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    ရတနာနှင့် ဧရာဝဏ်စီမံကိန်းတွင် ၁၈ ထပ်အမြင့်ရှိ အဆောက်အအုံ ၆၄ လုံးအထိ ပါဝင်မည်ဖြစ်ကြောင်းနှင့် တစ်လုံးလျှင် မြန်မာကျပ်ငွေ ငါးဘီလျံဝန်းကျင်အထိ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
    "ဘယ်သူပဲ ၀င်ဆောက်ဆောက် ၁၈ ထပ်အဆောက်အအုံ ၆၄ လုံး ရှိပါတယ်။ တစ်လုံးကို မြန်မာငွေနဲ့ဆိုရင် ၅ ဒသမ ၀၀၅ ဘီလျံပေါ့။ အကြမ်းဖျဉ်းအားဖြင့် တစ်လုံးကို ငါးဘီလျံပေါ့။ ဘယ်သူဝင်ဆောက်ဆောက် ၆၄ လုံးထဲကပဲ ဆောက်ခွင့်ပြုမှာပါ" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောသည်။
    အဆိုပါစီမံကိန်းတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် မည်သူမဆို ၀င်ရောက်တည်ဆောက်နိုင်ကြောင်းနှင့် တည်ဆောက်ခွင့် ရသူများအနေဖြင့် IGE ကုမ္ပဏီနှင့် ရွှေတောင်ကုမ္ပဏီတို့မှ ထုတ်လုပ်ပေးသည့် ကုန်ကြမ်းများကိုသာ အသုံးပြုတည်ဆောက်ရန် သတ်မှတ်ထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
    Myanmar Industrial Zones and Real Estate Development Forum သို့ တက်ရောက်လာသည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကလည်း "သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီအောင် တည်ဆောက်နိုင်တဲ့သူ မည်သူမဆို ၀င်ရောက်တည်ဆောက်နိုင်ပါတယ်။ အိုးအိမ်နဲ့ IGE၊ ရွှေတောင်ကုမ္ပဏီတို့က ထုတ်လုပ်ပေးတဲ့ ကုန်ကြမ်းနဲ့ ဆောက်ရမယ်။ ထုတ်ပေးတဲ့ပစ္စည်း ဆိုတာကလည်း တံခါးပေါက်ပါ အပြီးအသင့်ဆောက်နိုင်တဲ့ နံရံလိုပစ္စည်းမျိုးတွေကို IGE နဲ့ ရွှေတောင်ကုမ္ပဏီက ထုတ်ပေးဖို့ ပြောထားတယ်။ အရမ်းများတဲ့အတွက် ဒီလိုပစ္စည်းတွေကို ကုမ္ပဏီကြီးတွေပဲ ထုတ်ပေးနိုင်မှာဖြစ်လို့ IGE နဲ့ ရွှေတောင်လို ကုမ္ပဏီတွေနဲ့ လုပ်ရတာပါ" ဟု ပြောသည်။
    ၎င်းအပြင် တည်ဆောက်ပြီးစီးပါက တစ်ခန်းလျှင် ကျပ်သိန်း ၁၅၀ မှ ၂၀၀ ကြားဈေးနှုန်းဖြင့် ရောင်းချရန် ခန့်မှန်းထားကြောင်း၊ လူဦးရေ ၈၃၀၀၀ ကျော် နေထိုင်နိုင်မည်ဖြစ်ပြီး လက်ရှိ ယုဇနအိမ်ရာ၏ လေးဆအထိ ကြီးမားမည့် စီမံကိန်းလည်း ဖြစ်သည်။
    "အိမ်ရာမှာ လိုအပ်တဲ့ Infrastructure အားလုံး ပါဝင်မှာပါ။ ဆေးရုံ၊ ကျောင်း၊ ကစားကွင်း၊ ဈေး၊ လမ်း၊ ရေမြောင်းအားလုံး အပါအ၀င် ဘတ်စ်ကားလိုင်းတွေ မှတ်တိုင်တွေပါထားဖို့ စီစဉ်ထားတယ်။ လိုအပ်ရင် ဘူတာရုံပါ ထည့်ဖို့လုပ်ထားတယ်။ အဲဒါကတော့ Plan ထဲမှာတော့ ပါတယ်၊ လာမယ့် ဘတ်ဂျက်နှစ်မှာ စမယ်။ Target ကတော့ နှစ်နှစ်ပဲ။ လာမယ့်ဧပြီလမှာ စပြီးဆောက်မယ် ၂၀၁၅ ဧပြီလမှာ အပြီးမှန်းထားတယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ ဆက်လက်ပြောကြားသည်။
    http://www.news-eleven.com/index.php...-41&Itemid=174
    Reply With Quote   
  15. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf
  16. #18
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
ုမြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (အမျိုးသမီး) ၁၀ ကီလိုမီတာအပြေးပြိုင်ပွဲတွင် ပထမနေရာမှ စံချိန် ၃၅ မိနစ် ၀၈ စက္ကန့်ဖြင့် ပန်းဝင်လာသော မြန်မာနိုင်ငံမှ ဖြူဝါသက်။ အဆိုပါ ပြိုင်ပွဲအမျိုးအစားတွင် ဒုတိယ မြန်မာနိုင်ငံမှ ခင်မာဆယ်နှင့် တတိယနေရာမှ
    ပန်းဝင်သူမှာ မြန်မာနိုင်ငံမှ စောမာလာနွယ် တို့ဖြစ်သည်။
    အမျိုးသမီး ၄၂ ကီလိုမီတာ ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံမှ မီမီအေးက စံချိန် ၂ နာရီ ၄၆ မိနစ် ၀၇ စက္ကန့်ဖြင့် ပထမ၊ ပပက ဒုတိယနှင့် နီလာစန်းက တတိယရရှိခဲ့သည်။
    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲတွင် ပထမဆုကြေး ကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယ ကန်ဒေါ်လာ ၁၂၀၀၊ တတိယ ကန်ဒေါ်လာ ၆၀၀ နှင့် အဆင့် ၅ အထိ ဆုကြေးများ အသီးသီးချီးမြှင့်ခဲ့သည်။
    ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲတွင်လည်း ပထမဆုကြေး ကန်ဒေါ်လာ ၈၀၀၊ ဒုတိယ ကန်ဒေါ်လာ ၄၀၀၊ တတိယ ကန်ဒေါ်လာ ၂၅၀ နှင့် အဆင့် ၅ အထိ ဆုများ ချီးမြှင့်ခဲ့သည်။
    Click image for larger version
Name:	602683_471679549560&.jpg
Views:	1964
Size:	97.5 KB
ID:	8621
    https://www.facebook.com/7daynews?ref=stream
    Reply With Quote   
  17. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf
  18. #19
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေပြီး ပွင့်လင်းမြင်သာမှု မရှိသည့် လိုင်စင်ချပေးမှု လုပ်ငန်းများကို အဆုံးသတ်စေမည်ဟု စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် ရေးဆွဲထားသည့် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။
    ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုအခါ သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင် ပြောင်းလဲနိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုမရှိသည့် လိုင်စင်ချပေးမှု လုပ်ငန်းများကိုလည်း အဆုံးသတ်စေမည်ဖြစ်ကြောင်း အဆိုပါမူဘောင်တွင် ဖော်ပြပါရှိသည်။
    ၂၀၁၂ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို စီးပွားရေးပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်နှင့် အငြိမ်းစားသံအမတ်ကြီး၊ NGO အဖွဲ့မှ ပုဂ္ဂိုလ်များ ထည့်သွင်းပြီး ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ တွဲဖက်အတွင်းရေးမှူး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးသောင်းလွင်တို့ ပါဝင်သည်။
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များအဖြစ် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးလှထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်၊ ဦးညွှန့်တင် (သံအမတ်ကြီး-အငြိမ်းစား)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်၊ ဒေါ်မြသူဇာ (ကျွမ်းကျင်သူ)နှင့် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်တို့ ပါဝင်ကြောင်း သိရသည်။
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၇၀/၂၀၁၂) ထုတ်ပြန်ကြေညာ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဦးမောင်မောင်သိမ်း၊ ဦးတင်နိုင်သိန်းတို့လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားပြီး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုပါက ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန် အကောက်များ ကင်းလွတ်ခွင့်၊ သက်သာခွင့် အစရှိသည့် အခွင့်အရေးများ ရရှိနိုင်ကြောင်းလည်း သိရသည်။
    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် စီးပွားရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ ကော်မရှင်၏ ရုံးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဆောင်ရွက်ကြောင်း သိရသည်။
    အဆိုပါ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်ကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၀န်ကြီးဌာနနှင့် အစိုးရဌာန အသီးသီးမှ အဆင့်မြင့်အရာရှိကြီးများနှင့် တိုင်ပင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းမူဘောင်မှာ နိုင်ငံတော်၏ ရေတိုနှင့်ရေရှည် မျှော်မှန်းချက်များကို ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အရေးကြီးသော မူဝါဒလမ်းညွှန်ဖြစ်ကြောင်းလည်း သိရသည်။
    http://www.news-eleven.com/index.php...-41&Itemid=174
    Reply With Quote   
  19. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf
  20. #20
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts
    Default
    ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင် ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။
    “အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အများပိုင်ဘဏ် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြု
    လိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာ တင်ထားပြီးပါပြီ။ ကုမ္ပဏီ ဖွဲ့ခွင့် ရပြီဆိုရင် ပြည်ပက ပညာရှင်
    တွေကို ခေါ်ပြီး ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု၊ လုပ်ငန်း အနေအထားတွေကို သုံးသပ်ပြီး ရှယ်ယာတန်ဖိုး သတ်မှတ်ပြီး ထုတ်ရောင်းပေးမှာပါ” ဟု ၎င်းဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။
    ထို့ပြင် “နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ ပြည်ပက လာရင် အများစုက အများပိုင်ကုမ္ပဏီတွေ များတယ်။ အများပိုင်ဆိုတာက ပုဂ္ဂလိကထက် ပိုခိုင်မာတယ်။ သူတို့ဆီ
    က လာလိုက်ရင်လည်း ရင်းနှီးမြှုပ်နှံမူတွေက အကြီးကြီးတွေ များတယ်။ ဒါကြောင့် ၂၀၁၅ မှာ ရန်ကုန် စတော့
    အိပ်ချိန်း ဈေးကွက်အတွက် လိုအပ်တဲ့အခါ ရှယ်ယာ ရောင်းနိုင်အောင် အခုကတည်းက ပြင်ဆင်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။
    ထိုသို့ အများပိုင်ဘဏ် ပြောင်းလဲသည့်အခါ ပထမအဆင့် အနေဖြင့် ဘဏ်ဝန်ထမ်းများကို ရှယ်ယာများ အခမဲ့
    ပေးမည်ဖြစ်ပြီး ဒုတိယဆင့် အနေဖြင့် ရှယ်ယာများကို အများပြည်သူများသို့ ရောင်းချပေးသွားမည် ဖြစ်သည်။
    “ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ငန်းပိုင်ဆိုင်မှု တစိတ်တဒေသကို ဝန်ထမ်းတွေကို ပေးအပ်ဖို့နဲ့ အမြတ်အစွန်းရတဲ့ ဘဏ်လုပ်ငန်းက ရရှိမယ့် အမြတ်ကို အများပြည်သူတွေကို မျှဝေ
    ခံစားခွင့်ပြုဖို့နဲ့ နိုင်ငံတကာဘဏ်တွေကို ယှဉ်ပြိုင်တဲ့အခါ အကြီးဆုံး အများပိုင်ဘဏ်အဖြစ် ရပ်တည်နိုင်ဖို့အတွက်
    ဖြစ်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ဆိုသည်။
    ယင်းဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး ရုံးချုပ်ကို ပန်းပဲတန်းမြို့နယ်၊ ဆူးလေ ဘုရားလမ်းပေါ်တွင် ဖွင့်လှစ်ထားကာ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံတွင် အများပိုင်ဘဏ်များအနေဖြင့် ပထမပုဂ္ဂလိကဘဏ်၊ ရိုးမဘဏ်၊ မြန်မာ နိုင်ငံသားများဘဏ်၊
    မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် စသဖြင့် ဖွဲ့စည်းလုပ်ကိုင်
    ပြီးဖြစ်ကြောင်း သိရသည်။
    http://mizzimaburmese.com/news/break...-04-35-21.html
    Reply With Quote   
  21. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 6 OD;rS aus;Zl;wif&SdMuygonf
+ pmjyefNyD; qufa&;zdkU
Posting Permissions
  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts