+ pmjyefNyD; qufa&;zdkU
Page 1 of 39
1 2 3 11 ... LastLast
Results 1 to 10 of 384

Thread: [mm]tGefvdkif;ay:uowif;rsm; (7)[/mm]

  1. #1
    VIMC r[m;',m; Cupid Nothing   GuruAM is on a distinguished road
    Join Date
    May 2006
    Location
    Yangon
    Posts
    5,309
    Thanks
    53,945
    Thanked 119,686 Times in 5,329 Posts

    Default tGefvdkif;ay:uowif;rsm; (7)

    tGefvdkif;ay:rS owif;rsm; ydkYpfwaxmifjynfhvdkY topfzGifhay;vkdufygw,f/ 'DrSmquf a0rQMuyg/
    tpmtdrfwdkif;[m vufESpfzufeJYtwl arG;zGm;vmjcif;jzpfw,f/..../ armfpDwkef;
    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  3. #2
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်မည် ဖြစ်ပြီး ပြည်နယ်များတွင်လည်း ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
    “လူဦးရေနဲ့ ဆရာဝန် အချိုးမျှတဖို့အတွက် ဆရာဝန်တွေ များများ မွေးထုတ်နိုင်ဖို့ ဆေးတက္ကသိုလ် ကျောင်းအသစ်တွေ ထပ်မံ တည်ဆောက် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ်က စပြီး တောင်ကြီးမှာ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်နယ်တွေမှာ ဖွင့်ခွင့်ရဖို့ ဆောင်ရွက်မှာပါ။ အစိုးရပိုင်းက ပြေလျှော့မှုတွေ ပြုလုပ်ပြီး အပြည့် ခန့်အပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
    ဆေးတက္ကသိုလ် တက်ရောက် အောင်မြင်ပြီးသူ အားလုံးကို မည်သည့် နိုင်ငံတွင်မျှ ခန့်အပ် အလုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယမန်နှစ်တွင် ဆရာဝန် ၅၀၀ ဦး၊ ယခုနှစ်တွင် ဆရာဝန် ၁၅၀၀ ဦး ခန့်အပ်ထားပြီး လာမည့်နှစ်များတွင် အောင်မြင်ပြီးသူ အားလုံးအား အလုပ်ခန့်ထားရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
    “ဆရာဝန်လောင်း ၂၀၀၀ ခန့်ကို တက္ကသိုလ်လေးခုကနေ မွေးထုတ် နေရတာပါ။ ဆေးတက္ကသိုလ် ၁၀ ခု၊ အခု ၂၀ ကနေ မွေးထုတ်နေရတာ ဆိုရင် ကျောင်းသားနဲ့ ဆရာ၊ ကျောင်းအရေအတွက် မျှတမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆေးတက္ကသိုလ်တွေမှာ တစ်ကျောင်းကို ၁၀၀ ဦး ကနေ ၂၀၀ ဦးအထိသာ အများဆုံး သင်ကြား မွေးထုတ် ပေးကြပါတယ်။ ကျွန်တော်တို့ ဆီမှာက ဆေးတက္ကသိုလ် တစ်ကျောင်းဟာ တစ်နှစ်ကို ကျောင်းသား ၆၀၀ လောက် မွေးထုတ် နေရပါတယ်။ အဲဒီအခါမှာ ဆရာနဲ့ ကျောင်းသား အချိုးက မမျှတော့ဘူး။ အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့ အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀ လောက် မွေးထုတ် ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆေးတက္ကသိုလ် ကျောင်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားခဲ့သည်။
    ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ များကိုလည်း ယခင်ကကဲ့သို့ သတ်မှတ်ထားခြင်းများ မရှိတော့ဘဲ ‘ဆမ’ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။
    “ဆေးတက္ကသိုလ် အသစ် တည်ဆောက်ဖို့ အတွက် ဦးဆုံးအနေနဲ့ မြို့လေးမြို့ကို ရွေးချယ်ထားပါတယ်။ အရင်ဆုံး တောင်ကြီးမြို့ကို လုပ်ဖို့လည်း စီစဉ်နေပါတယ်။ တောင်ကြီးမှာက လက်ရှိ စပ်စံထွန်း ပြည်သူ့ဆေးရုံ ရှိနေတဲ့အတွက် ဆေးတက္ကသိုလ်ဖွင့်ရင် အဲဒီဆေးရုံကို သင်ကြားရေး ဆေးရုံအဖြစ် တွဲဖက် အသုံးပြုသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။
    ထို့အပြင် ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသား ဦးရေများကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ချခဲ့သည်။
    လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ် တို့ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် မွေးထုတ်သင်ကြား ပေးလျက်ရှိသည်။
    ထို့အပြင် ယခုပညာသင်နှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ နှင့် သွားလာရေး ခက်ခဲသည့် ဒေသများအတွက် ဆေးတက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများ ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့် ရရှိသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။
    လက်ရှိ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန် ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦးနှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅၃၈၀ ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
    http://news-eleven.com/index.php?opt...-59&Itemid=112
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


  5. #3
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    စံခလပူရီ (မဇ္ဈိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်အား မကြာမီ ရက်ပိုင်းအတွင်း အကြောင်းပြန်သွားမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

    “အခု လူကြီးတွေက ဆွေးနွေးတိုင်ပင်တာ၊ အမြင်စုစည်းတာ လုပ်နေပါတယ်။ မကြာခင် ကာလမှာတော့ ကျနော်တို့
    ပြန်ကြားစာတစောင် ပြန်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြော
    သည်။

    KIO နှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ဆောင်ရွက်လိုကြောင်းကို ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်
    ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား ထံ လိပ်မူ ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

    ထိုကမ်းလှမ်းစာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်၏ “ကချင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှု ရှိနေစဉ်
    ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်” ဟူသည့် တိုက်တွန်းချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက စတင် လုပ်ဆောင်သည့်သဘော ဖြစ်သည်။

    KIO ဘက်ကမူ ထိုသို့ Electronic Online (ခေတ်မီ အွန်လိုင်း နည်းပညာများဖြင့်) ဆွေးနွေးရန်အတွက် ၎င်းတို့တွင် စက်မှုပိုင်းဆိုင်ရာ ပစ္စည်းများ အဆင်ပြေလိမ့်မည် မဟုတ်ကြောင်းနှင့် ထိုဆွေးနွေးမှုသည် လက်တွေ့မကျသည့် လုပ်ရပ် ဖြစ်ပြီး အစိုးရဘက်က ၎င်းတို့ ထိန်းချုပ်ထားသည့် မီဒီယာကို အသုံးချကာ အပေါ်စီးရအောင် လုပ်ဆောင်
    မည့် အစီအစဉ်သာ ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

    “မနေ့က ကျနော်တို့ရဲ ထုတ်ပြန်ချက်ကို သူတို့ MRTV ထဲမှာ ဖော်ပြသွားတဲ့အခါမှာ အဓိကအချက် ဖြစ်တဲ့ ကချင်
    ဒေသအနှံ့မှာ ထိုးစစ်လုပ်နေတဲ့ စစ်ဆင်ရေးကို အရှိန်လျှော့ချဖို့ ဆိုတဲ့ ရေးထားတာကို မဖော်ပြဘဲနဲ့ နောက်ဆုံး
    အချက် ဖြစ်တဲ့ ရှေ့အလားအလာကောင်းများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိတယ် ဆိုတာကိုပဲ ကွက်ပြီးတော့ သူတို့လိုချင်တဲ့ဟာကိုပဲ ယူသုံးတာမျိုးပေါ့” ဟု ဦးလနန် က ပြောသည်။

    KIO ဗဟိုကော်မတီ၏ ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် “မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ရေး
    လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်
    ဆင် စစ်ရေးလှုပ်ရှားမှုများကို လျှော့ချသင့်သည်” နှင့် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်
    ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် မှတဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်
    သည်” ဟု ပါရှိသည်။

    ၎င်းပြင် အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လိုပါက မိမိပေးထားသည့် ကတိအတိုင်း လိုက်နာရန် လိုကြောင်းကိုလည်း KIO ဗဟိုကော်မတီဝင်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် က ပြောသည်။

    “သူတို့ ပြောတဲ့အတိုင်း သူတို့ လိုက်နာတယ် ဆိုရင်တော့ ဖြစ်ကိုဖြစ်တယ်။ ဒါပေမယ့် အခုဟာက နာရီပိုင်းအတွင်း
    မှာပဲ သူတို့ပေးထားတဲ့ကတိကို သူတို့ပဲ ပြန်ဖောက်တယ်ဆိုတော့ ကိုယ်စီကိုယ်ငှ စဉ်းစားကြည့်ကြပေါ့ဗျာ” ဟု မဇ္ဈိမ
    ကို ပြောသည်။

    ကချင်ဒေသ စစ်ဆင်ရေးများကို စနေနေ့ (ဇန်နဝါရီလ ၁၉ ရက်နေ့) နံနက် ၆ နာရီမှ စတင်ကာ ရပ်ဆိုင်းမည်
    ဖြစ်ကြောင်း သမ္မတရုံးက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လဂျားယန်ဒေသအနီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် လဝါယန်ရွာ အနီးတွင်လည်းကောင်း၊ ၂၀ ရက်နေ့တွင် လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ် ကျေးရွာ အနီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်ကြောင်း သိရှိရသည်။
    http://mizzimaburmese.com/news/insid...-online--.html
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf


  7. #4
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    ရန်ကုန် (မဇ္ဈိမ)။ ။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်း အား နုတ်ထွက်ခွင့်
    ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်ပြီး နောက်ပိုင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းဂယက်များ အင်တာနက် စာမျက်နှာများတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယခင် မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း ၏ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ရေး ဝန်ကြီးနှင့် နာမည်တူသူထံသို့ ငွေသိန်းပေါင်း သုံးထောင် လွှဲပေးသည့် ဘဏ်စာရွက် အချက်အလက်များ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

    သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယင်းအချက်အလက်များနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

    ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းများ စုံစမ်းစစ်ဆေးရေးတွင် သွားရောက် စစ်ဆေးခံနေရသည်
    ဟူသော သတင်းများလည်း ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူ တဦးက “ဆက်သွယ်ရေး ဝန်ထမ်း ရှစ်ဦး ပြည်ထဲရေးကို တွဲဖက်ထားတယ် ဆိုတာလောက်တော့ သိရပါတယ်။ ဘာကြောင့်၊ ဘယ်သူတွေ ဆိုတာ မပြောလိုပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

    မိုဘိုင်းဖုန်းများ ဈေးနှုန်းနှင့် ပတ်သက်၍လည်း သမ္မတနှင့် ဝန်ကြီးဌာနတို့ ကြားတွင် သဘောထား ကွဲလွဲမှု ရှိနေ
    သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း “ဈေးနှုန်းနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးက တင်ထားတာ ရှိပါတယ်။
    နိုင်ငံတော် သမ္မတကြီးက ပိုမို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ချထားပေးမယ် ဆိုရင်လည်း ဆက်သွယ်ရေးက ဘာမှ
    ပြောစရာ မရှိပါဘူး။ အားလုံးက အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ ဝန်ကြီးနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျနော်တို့
    တောင် ဘာမှ မသိပါဘူး။ သတင်းမှာ ကြေညာမှပဲ သိရပါတယ်။ ကောလာဟဠတွေ လို့ပဲ ပြောချင်ပါတယ်” ဟု ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ဈေးနှုန်းများကို ယခုဈေးနှုန်း၏ ထက်ဝက် ကျပ်တသိန်းဖြင့် ချထားပေး
    မည်ဟု သမ္မတရုံးသို့ တင်ထားခြင်းဖြစ်ပြီး ပြန်လည် တုန့်ပြန်ခြင်း မရှိသေးဘဲဖြစ်နေစဉ် ဝန်ကြီး အနားယူသွား၍
    ဈေးနှုန်းလျော့သည့် မိုဘိုင်းဖုန်းများ ထွက်ပေါ်ရန် နှောင့်နှေးသွားမည်ကို အများပြည်သူကလည်း စိုးရိမ်လျက်ရှိ
    သည်။

    “ဝန်ကြီး အပြောင်းအလဲ ဖြစ်တယ်ဆိုရင် ဖုန်းကတ်တွေ ချမပေးတော့မှာ စိုးရိမ်တယ်။ ကျနော်က ဈေးသက်သာတဲ့ ဖုန်းဝယ်မလို့ စောင့်နေတာ။ ထွက်တော့မယ် ဆိုတော့ စောင့်နေတာ။ ဒါပေမယ့် အခုလို ဝန်ကြီး အပြောင်းအလဲ
    ဖြစ်တယ်ဆိုတော့ ကြန့်ကြာမှာ စိုးရိမ်မိပါတယ်။ ဝန်ကြီး အပြောင်းအလဲမှာ ဈေးပိုသက်သာမလားလို့လည်း
    မျှော်လင့်ပါတယ်” ဟု မိုဘိုင်းဖုန်း ဝယ်လိုသူ တဦးက ပြောသည်။

    GSM ဖုန်းများကို ကျပ်နှစ်သိန်း၊ WCDMA ဖုန်းများကို ကျပ်နှစ်သိန်းခွဲဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လက မြန်မာ့
    ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးခဲ့သည်။
    http://mizzimaburmese.com/news/insid...-07-50-01.html
    Reply With Quote   

  8. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  9. #5
    VIMC Godly Cupid --   Oscar Htun is on a distinguished road Oscar Htun's Avatar
    Join Date
    May 2007
    Posts
    3,032
    Thanks
    36,384
    Thanked 54,898 Times in 3,064 Posts

    Default

    &efukefNrKdUwGif; ,mOf&yfem;c aumufcHonfh ae&mrsm;wGif {NyDv 1 &ufaeYrS ,mOf&yfem;c aumufcHjzif; tpDtpOf zsufodrf;rnf/

    &efukefNrKdUwGif; ,mOf&yfem;c aumufcHonfh ae&mrsm;wGif {NyDv 1 &ufaeYrS pí ,mOf&yfem;c aumufcHjzif; tpDtpOf zsufodrf;rnfjzpfaMumif; &efukefNrKdUawmf pnfyifom,ma&; aumfrwD vrf;ESifhwHwm; XmerS owif;&&Sdonf/




    @
    Eleven Media Group


    ယနေ့ (ဇန်န၀ါရီလ ၂၃ရက်နေ့) တွင် ပြုလုပ်မည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင်

    ၁) မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး IAEA အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်၍ မြန်မာနိုင်ငံတွင် အနုမြူစွမ်းအင်မှ လျှပ်စစ် ထုတ်ယူမှုကို ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။

    ၂) မြန်မာနိုင်ငံ၏ အမျိုးသား မြစ်ကြီး ဧရာဝတီ ထာဝရ ရှင်သန် စေရေး အတွက် ဧရာဝတီမြစ် ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း။

    ၃) နိုင်ငံတော်၏ အခြေခံ အဆောက်အဦများအပေါ် ငလျင်၏ သက်ရောက်မှုများ စစ်ဆေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း။

    ၄) ရန်ကုန် စီးပွားရေး မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့ချနိုင်ရေး စက်သုံးဆီ ချွေတာရေးနှင့် အများပြည်သူ ဈေးနှုန်း သက်သာစွာ စီးနင်း သွားလာနိုင်ရေးအတွက် ဆိုင်ကယ် တက္ကဆီများ ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ။

    အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။




    @
    Eleven Media Group



    &efukefrS oHwGJodkY xGufcGmvmonfh atmifopöm c&D;onfwif,mOf Zefe0g&Dv 23 &ufaeY eHeufydkif;u &cdkif½dk;ray: jzwfoef;armif;ESifpOf aeylawmiftqif;ü acsmufxJxdk;usrIjzpfyGm;

    &efukefrS oHwGJNrdKYodkY xGufcGmvmonfh atmifopöm c&D;onfwif ,mOfonf Zefe0g&Dv 23 &ufaeY eHeuf 3 em&D 35 rdepf tcsdefu &cdkif½dk;ray: jzwfoef; armif;ESifpOf aeylawmiftqif;ü acsmufxJodkY xddk;usrI jzpfyGm;cJhaMumif; oHwGJ armfawmf,mOf vkdif;aygif;pHk xdef;odrf;a&; aumfrwD OuúX OD;xGef;oefYausmfu ajymMum;cJhonf/

    &efukefuae oHwGJudk xGufcGmvmwJh atmifopöm avtdwfum;u aeylawmifudk ta&mufrSm acsmufxJ xdk;usoGm;wmyg/ vwfwavm &&SdwJh owif;t&awmh c&D;onf 15 OD; aoqHk;oGm;w,f/ usefwJh c&D;onfawGvnf; xdcdkuf'Pf&m &&SdcJhygw,f/ aoqHk;oGm;wJh 15 OD;&JU tavmif;udk awmifay:wifaewm vuf&SdrSm ESpfavmif;awmh awmifay: a&mufaeygNyD[kvnf; OD;xGef;oefYausmfu twnfjyK ajymMum;cJhonf/



    @
    Eleven Media Group
    Reply With Quote   

  10. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  11. #6
    VIMC Godly Cupid --   Oscar Htun is on a distinguished road Oscar Htun's Avatar
    Join Date
    May 2007
    Posts
    3,032
    Thanks
    36,384
    Thanked 54,898 Times in 3,064 Posts

    Default




    ဂျပန်ကားကုမ္ပဏီ ရန်ကုန်မြို့တွင်း၊ မြို့ပြင် ယာဉ်လိုင်းပြေးဆွဲမည့်
    အစီအစဉ် ပျက်ပြီ


    ရန်ကုန်မြို့တွင်းမြို့ပြင် ယာဉ်လိုင်းပြေးဆွဲရန် ဂျပန်ကားကုမ္ပဏီနှင့် သဘောတူညီထားမှုကို ဖျက်သိမ်း လိုက်ပြီဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

    ကုန်းလမ်းပို့ဆောင်ရေး ဦးစီး ဌာနနှင့် ဂျပန်ကားကုမ္ပဏီတို့ ပူး ပေါင်းကာ စီစဉ်ဆောင်ရွက်မည့် အဆိုပါလုပ်ငန်းကို ဂျပန်ကား ကုမ္ပဏီဘက်မှ အကြောင်းတစ်စုံ တစ်ရာမပြန်တော့သည့်အတွက် ပျက်ပြယ်သွားခြင်းဖြစ်သည်ဟု ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က
    ပြောသည်။

    ''နောက်ဆုံးရက်တွေသတ်မှတ် ပြီးတော့ အကြိမ်ကြိမ်ဆက်သွယ် တာကို ဘာမှလည်း ပြန်မပြော ပါဘူး။ ဒီတော့ ကျွန်တော်တို့ ဒါကို ဆက်လုပ်ဖို့ မဖြစ်တော့ပါဘူး'' ဟု ၄င်းက ဆိုသည်။ရန်ကုန်ခရီးသွား ပြည်သူတို့ အဆင်ပြေစေရန် ရည်ရွယ်မှုဖြင့် ဂျပန်ကားကုမ္ပဏီ၏ ကမ်းလှမ်းမှု အပေါ် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှ သဘောတူလက်ခံခဲ့ပြီး အသေးစိတ်အချက်အလက်များ ကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ ဂျပန်မှ နေ၍ကားများ ရန်ကုန်သို့ရောက်ရှိ လာတော့မည့် အနေအထားအထိ ရှိခဲ့ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရ သည်။

    ''ဒီမှာ သဘောတူညီမှုရပြီး သူတို့ဘက်က မဖြစ်နိုင်တာတွေ ကို တောင်းဆိုတာမျိုးတွေ တောင် ရှိပါတယ်။ ဥပမာ ကပရပိုင်မြေမှာ ဟိုတယ်ဖွင့်ချင်တာမျိုးတွေတောင် ပါ ပါတယ်။ ကျွန်တော်တို့က အလုပ်နဲ့မသက်ဆိုင်တဲ့ မဖြစ်နိုင် တာမျိုးတွေ ပေးလို့မရပါဘူး။

    ကျွန်တော်တို့ ကြားရသလောက် ရှယ်ယာတွေ ရောင်းနေတယ်လို့ပဲ သိရပါတယ်။ ကျွန်တော်တို့ တစ်ခု တစ်ခုကို အချိန်အကြာကြီး မပေး နိုင်ပါဘူး'' ဟု ဦးဝင်းနောင်က ပြောသည်။၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်း မှ စတင်လုပ်ဆောင်ရန် ဂျပန် ကုမ္ပဏီဘက်မှ ဆွေးနွေးခဲ့ပြီး အောက်တိုဘာ တွင်လည်း ထပ်မံ လာရောက်ခဲ့သေးသည်ဟု သိရှိရ သည်။

    ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနအနေဖြင့် ရန်ကုန်မြို့ ပြည်သူ များ သွားလာမှု အဆင်ပြေစေရန် ပြည်ပကုမ္ပဏီမှ မပူးပေါင်းပါက လည်း ပြည်တွင်းကုမ္ပဏီနှင့်ပင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ပြီး လက်ရှိတွင် Forever Green စမ်းရောင်နီ ကုမ္ပဏီတို့နှင့်
    ဆွေးနွေးမှု ပြုလုပ်နေပြီဟု သိရ သည်။

    ရန်ကုန်တွင် ယာဉ်လိုင်းပေါင်း ၂ဝဝ ကျော်နှင့် ကားအစီးရေ ၇ဝဝဝ နီးပါးအသုံးပြုကာ မြို့တွင်း ပြေးဆွဲနေသော်လည်း ကားကျပ် ခြင်းဒဏ်ကို ပြည်သူတို့ ခံစားနေ ရခြင်းကြောင့် လိုအပ်မှုတို့ ရှိနေ သေးသည်။


    <h5 tabindex="0" class="uiStreamMessage uiStreamHeadline" data-ft="{&quot;tn&quot;:&quot;:&quot;}">@ Popular Myanmar News Journal





    </h5>
    Reply With Quote   

  12. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


  13. #7
    r[m;',m; Cupid   zani is on a distinguished road
    Join Date
    Aug 2007
    Posts
    6,630
    Thanks
    1,462
    Thanked 44,036 Times in 6,684 Posts

    Default

    ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစား မှု နေပြည်တော်မှာ စစ်ဆေးနေ

    2013-01-23

    မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက် သွားတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်း စစ်ချုပ်ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။


    ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက် လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။
    ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊ စစ်ဆေး မေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောပါတယ်။
    ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှတို့အပြင် ရန်ကုန် အခြေစိုက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။
    တရုတ် ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူ လုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊တာမိုးညဲစတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။
    http://www.rfa.org/burmese/news/tele...013093052.html
    Reply With Quote   

  14. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  15. #8
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    စီမံကိန်းထိခိုက်မယ်ဆိုရင် ဝမ်ဘောင်က မြန်မာအစိုးရကို တရားစွဲမည်ဟုဆို (ရုပ်/သံ) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဝမ်ဘောင်ကုမ္ပဏီ အကျိုးစီးပွားကို ထိခိုက်လာ စေမယ်ဆိုရင် တရားစွဲ သွားမယ်လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

    ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ နောက်ဆုံးရလဒ်ကို နိုင်ငံတကာက စောင့်ကြည့်နေတာကြောင့် စီမံကိန်းရပ်သွားရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှုရှိမယ်လို့ မြန်မာဝမ်ဘောင်ကုမ္ပဏီရဲ့ မန်နေဂျာက ပြောဆိုခဲ့ပါတယ်။

    ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
    Reply With Quote   

  16. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 6 OD;rS aus;Zl;wif&SdMuygonf


  17. #9
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    အစိုးရထုတ်ဓာတ်မြေသြဇာ တောင်သူထံ တိုက်ရိုက်ဖြန့်မည် အစိုးရထုတ် ယူရီးယား ဓာတ်မြေသြဇာ တွေကို သက်ဆိုင်ရာ မြို့နယ်များက တဆင့် တောင်သူတွေထံ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချ သွားမယ်လို့ သက်ဆိုင်ရာက ဒီနေ့ တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ လက်ငင်းပေး စနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဈေးသက်သာတဲ့ ----

    သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
    Reply With Quote   

  18. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 7 OD;rS aus;Zl;wif&SdMuygonf


  19. #10
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမ ကြီးပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊ ဒဂုံမြို့နယ်ရှိ အ.ထ.က(၁) ဒဂုံ အနီးနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆) သစ်စက်ဝင်း စသည့် နေရာသုံးခုတွင် ယာဉ်ရပ်နားကွင်း အသစ်များ တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
    ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်း များသည် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကြောင့် ယခုလို ယာဉ်ရပ်နားကွင်း အသစ်များ ထပ်မံတည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
    ထိုသို့ ဗိုလ်ချုပ်လမ်းမကြီး ပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊ ဒဂုံမြို့နယ်ရှိ အ.ထ.က (၁) ဒဂုံအနီး ပြုလုပ်မည့် ယာဉ်ရပ်နားကွင်းများမှာ ကိုယ်ပိုင်ယာဉ်နှင့် အခြားယာဉ်များ ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်း ဖြစ်ပြီး ဗိုလ်တထောင် မြို့နယ်ရှိ အမှတ် (၆) သစ်စက်ဝင်း ယာဉ်ရပ်နားကွင်းမှာမူ ကွန်တိန်နာယာဉ် ရပ်နားကွင်း ဖြစ်သည်။
    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတား ဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင်က “အမှတ် (၆) သစ်စက်ဝင်းကတော့ ကွန်တိန်နာယာဉ်တွေ ရပ်နားနိုင်ပြီး ပိုက်ဆံကောက်မယ်။ အ.ထ.က (၁) ဒဂုံနားကကွင်းနဲ့ သူနာပြု တက္ကသိုလ်ရှေ့ ကွင်းတွေကတော့ ကိုယ်ပိုင်ယာဉ်နဲ့ အခြားယာဉ်တွေ ရပ်နိုင်မယ်။ အဲဒီနေရာ နှစ်ခုက မြေသားကွင်းကြီးပဲ လုပ်မယ်ဆိုရင် ပိုက်ဆံမကောက်ဘူး။ မြေသားကွင်း မလုပ်ဘဲ ကွန်ကရစ် ခင်းတာတွေ လုပ်လို့ အကုန်အကျ ရှိရင်တော့ ရပ်နားခ ကောက်ခံမယ်။ အဲဒီအတွက် လောလောဆယ် ပိုက်ဆံပေးပြီး ရပ်ရမလား၊ အခမဲ့လားဆိုတာ မပြောနိုင်သေးဘူး” ဟု ပြောသည်။
    အဆိုပါ နေရာများတွင် ယာဉ်အများအပြား ရပ်နားနိုင်မည်ဟု သိရပြီး မည်သည့် ပမာဏ ရပ်နားနိုင်မည် ကိုမူ မသိရှိသေးကြောင်းနှင့် သူနာပြု တက္ကသိုလ်ဝင်းရှေ့နှင့် အ.ထ.က (၁) ဒဂုံအနီး ယာဉ်ရပ်နားကွင်းများ အတွက် မြေညှိခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
    http://news-eleven.com/index.php?opt...-09&Itemid=111
    Reply With Quote   

  20. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts