+ pmjyefNyD; qufa&;zdkU
Page 12 of 39
FirstFirst ... 2 10 11 12 13 14 22 ... LastLast
Results 111 to 120 of 384

Thread: [mm]tGefvdkif;ay:uowif;rsm; (7)[/mm]

  1. #111
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    jrefrmEkdifiHrS jynfyEkdifiHawGudk xGufcGmwJhtcg jynfyxGufcGmcGihf taxmuftxm;pm&Gufac: D Form pepfudk vmr,fh {NyDv 1 &ufaeYu pwifNyD; y,fzsufawmhr,fvkdY v0u 0efBuD; OD;cif&D u ajymqkd vdkufwmudk ay:jyLvm *sme,fowif;wyk'frSm azmfjyxm;ygw,f/

    ESpfaygif; 60 ausmfMum jyXmef; usifhoHk;cJhwJh D Form vkyf&wJh tqifhqihf vkyfenf;vkyf[ef
    awGaMumifh jynfy xGufcGmolwkdif; tvkyf&IyfapwJh 0efydkwckawmh tckawmh tqHk;owfawmhr,f vkdY ajym&rSmjzpfygw,f/

    tGefvkdif;u avSsmufxm;wJh pepf&Sdovkd? pm&Gufpmwrf;eJY avSsmufxm;wJh pepfvnf; usifhoHk;cJhwm yg/

    'DpepfaMumifh jrefrmEkdfifiHom;a&m? EkdifiHjcm;om;yg jrefrmjynfu xGufcGmr,fqkd&if D Form ukd &,lNyD;rSom xGufcGmvkdY &cJhwmjzpfygw,f/ - See more at: http://blog.irrawaddy.org/2013/03/d-....u8bVENy1.dpuf
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf


  3. #112
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default


    ဣဿရမူလီ ဆေးရွက်ကို တွေ့ရစဉ်
    မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနမှ ဒေါက်တာခင်ချစ်က ပြောသည်။
    အဆိုပါ ဆေးပင်ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည့်အတွက် ပြည်တွင်း၌ သုံးစွဲလျက်ရှိသည့် မျိုးစိတ်များကို ဖော်ထုတ်၍ အဆိပ်အတောက် ရှိမရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနတို့ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    အဆိုပါ ဣဿရမူလီပင်သည် Aristolochia မျိုးစုတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိသည်။
    မြန်မာပြည်တွင် အသုံးများသည့် မျိုးစိတ်မှာ Aristolochia Indica Linn မျိုးစိတ်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ရုက္ခဗေဒပညာရှင် ဒေါ်သီတာဆွေမှ ဖော်ထုတ်ခဲ့ကြောင်း၊ ယင်းဆေးပင်ကို မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီ-စီပိုး၊ ကင်ဆာရောဂါများ၊ အဆစ်အမြစ် ကိုက်ခဲမှုများ စသည့် ရောဂါများကို သက်သာစေသည်ဆိုကာ တိုင်းရင်း ပရဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း၊ အဆိုပါ ဆေးရွက်ကို နှစ်ရွက်မှ လေးရွက်အထိ သဘာဝအတိုင်း မပြုမပြင် စားသုံးလေ့ရှိကြောင်း သိရသည်။
    ယင်းနောက် ဆေးပင်တွင် အဆိပ်အတောက်ရှိ-မရှိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) တွင် ၎င်းအရွက် သတ္တုရည်ကို ရေဖြင့်စပ်ပြီး ရရှိသော “ဆေးအနှစ်” များကို ကြွက်ဖြူများဖြင့် စမ်းသပ်ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးစမ်းသပ်ရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လက်ရှိအသုံးပြု Organization for Economic Co-operative Development(OECD) Guideline အတိုင်း စမ်းသပ်ခဲ့ကြောင်း သိရသည်။
    စမ်းသပ်ရာတွင် ကြွက်ဖြူ အကောင်လေးဆယ်ကို အုပ်စုလေးစုခွဲ၍ စမ်းသပ်ခဲ့ကြောင်း၊ ပထမအုပ်စုတွင် အရွက်သတ္တုရည်ပါ ဆေးအနှစ်များ မတိုက်ကျွေးဘဲ ကျန်သုံးအုပ်စုတွင် 300mg/kg, 2G/kg နှင့် 5G/kg ဟူ၍ ဆေးပမာဏခွဲကာ တိုက်ကျွေးခဲ့ပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ကြောင်း၊ ရလဒ်များအရကြွက်များ သေဆုံးမှု မရှိသော်လည်း ၎င်းကြွက် ဖြူလေးများ၏ သွေးများကို ထုတ်ယူ၍ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှု ရှိ-မရှိ စစ်ဆေးရာ ကျောက်ကပ် ထိခိုက်မှုကိုပြသော Urea နှင့် Creatinine ပမာဏမှာ 2G/kg ဆေးပမာဏမှ စ၍ မြင့်တက်လာပြီး 2G/kg ဆေးပမာဏအထက် အသုံးပြုထားသည့် ကြွက်များတွင် Urea နှင့် Creatinine ပမာဏမှာ သိသိသာသာ မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။
    ယင်းသို့ တွေ့ရှိမှုကြောင့် ကြွက်များ၏ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီးများ အားလုံးကို ထုတ်ယူ၍ ပြင်ပလက္ခဏာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
    ယင်းနောက် ၎င်းအသားစများကို အလွှာလိုက်ဖြတ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် အသေးစိတ် ထပ်မံကြည့်ရှု စစ်ဆေးခဲ့ရာ 5G/kg ဆေးပမာဏ သောက်ထားသော ကြွက်များ၏ ကျောက်ကပ်များတွင် အချို့ရောင်ရမ်းနေပြီး အချို့မှာ သွေးယိုစီးမှု ရှိနေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းဆေးပင်သည် အတိုင်းအဆမဲ့ စားသုံးပါက ကျောက်ကပ်ပျက်စီး စေနိုင်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။
    ထို့ပြင် အဆိုပါ ဆေးပင်ကို စမ်းသပ်ခဲ့ရာတွင် လူကို အကျိုးပြုသည့် Flavonoit , Polyphenol, Tanin နှင့် Saponin ဒြပ်ပေါင်းများ ပါဝင်နေသလို အဆိပ်အတောက် ဖြစ်စေနိုင်သည့် Cyanogenic Glycoside ကဲ့သို့ ဒြပ်ပေါင်းများလည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု သိရသည်။
    http://www.news-eleven.com/local/18411
    Reply With Quote   

  4. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  5. #113
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    New York Convention အဖွဲ့ထဲကို မြန်မာက အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရေး အတွက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ “Convention on the Recognition and Enforcement of Foreign Arbitral Awards, 1958 (New York Convention)” သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်---

    သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
    Reply With Quote   

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  7. #114
    Junior Cupid   lovecupid is on a distinguished road
    Join Date
    Feb 2008
    Posts
    152
    Thanks
    432
    Thanked 1,052 Times in 136 Posts

    Default

    Microsoft, Google, And HP's Mission In Myanmar

    http://mmbusinessnews.blogspot.com/2...ission-in.html


    Thanks
    Reply With Quote   

  8. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  9. #115
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
    အစီရင်ခံစာအား အပြီးသတ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်၍ သမ္မတ၏ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုပါ တစ်ပါတည်း အသိပေးတင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။
    "ကျွန်မတို့ဥက္ကဋ္ဌကြီး ပြောတာကတော့ ဒါတွေရဲ့အပေါ်မှာ အားရတယ်။ ကျေနပ်တယ်လို့။ ဟိုတစ်နေ့က ညစာစားပွဲမှာလည်း ပြောပါတယ်။ ပါဝင်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်၊ အခုလို ချောချောမောမော ပြီးမြောက်သွားတဲ့အတွက် ၀မ်းသာတယ်လို့ ပြောနေတဲ့ စကားအရပေါ့။ ပြီးနေပါပြီ။ အားလုံး ကျေနပ်လောက်တဲ့အဖြေ ပါမယ်လို့တော့ ကျွန်မတို့လည်း မျှော်လင့်ရတာပေါ့" ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
    ယင်းအစီရင်ခံစာသည် အမှားအမှန်၊ စီမံကိန်းရပ်စဲရေး ဆက်လက်လုပ်ဆောင်ရေးကို ပြောကြားထားသည်မဟုတ်ဘဲ တွေ့ရှိချက်ကိုသာ အစီရင်ခံစာ တင်ပြထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။
    လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာတွင် နိုင်ငံတကာမှ ကန့်သတ်ထားသော ဖော့စ်စဖားရပ်စ်ပါဝင်သည့် စစ်ဘက်သုံး မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အမေရိကန်အခြေစိုက် Justice Trust အဖွဲ့က ပြောကြားထားသည်။
    သို့ရာတွင် ယင်းကဲ့သို့ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ အဆိုပါအဖွဲ့များမှာ အစိုးရက တာဝန်ပေးထားသော အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာကိုသာ စောင့်ပါရန် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။
    လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
    http://news-eleven.com/local/18404-%...80%B1%E1%80%94
    Reply With Quote   

  10. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  11. #116
    Senior Cupid   thet2006 is on a distinguished road
    Join Date
    Oct 2006
    Location
    myanmar
    Posts
    685
    Thanks
    1,207
    Thanked 10,329 Times in 694 Posts

    Default

    ရန်ကုန် (မဇ္ဈိမ)။ ။ ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနအား အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။


    လက်ရှိ ဌာနတွင် ခွင့်ပြုဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၁၄ ဦးသားရှိသည်။


    “မြန်မာလူဦးရေ သန်း ၆၀ ကျော်အား အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး အကာအကွယ်ပေးနိုင်ရန် လက်ရှိ ဝန်ထမ်းအင်အားနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှု အားနည်းလျက် ရှိပါတယ်။ အရှိန်အဟုန်မြှင်ဆောင်ရွက်နိုင်အောင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကို သီးခြား ဌာနကြီး တခုအဖြစ် ဝန်ထမ်းအင်အား ၆၀၀ ကျော်နဲ့ ဦးစီးဌာနအဆင့် တိုးမြှင့်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ ဝန်ထမ်း အင်အား ဖွဲ့စည်းပုံများ ပေးပို့ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ပါတယ်” ဟု မတ်လ ၄ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာဝင်းမြင့် က ပြောဆိုသွားခြင်း ဖြစ်သည်။


    မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း က မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက သတင်းထုတ်ပြန်မှု ရှိသော်လည်း ထိရောက်မှုနည်းပါးသဖြင့် အန္တရာယ်ဖြစ်စေသည့် အရာများ ပိုမိုများပြားနေသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အား ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


    “အန္တရာယ်ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ အများကြီး ရှိနေဆဲပါ။ ဒါဟာ အရေးယူမှု ထိရောက်မှု မရှိသေးဘူးဆိုတာကို ပြနေတာဖြစ်ပါတယ်။ အသား ငါးနဲ့ စားသောက်ကုန်ပစ္စည်း ရောင်းချနေတဲ့ဈေးတန်းတခုထဲကိုပဲ ဝင်ကြည့် ဆေးဝါ ဆိုးထားတဲ့ ငါးပုပ်သင်၊ ပန်းရောင်ဆိုးဆေးနဲ့ မျှင်ငပိနဲ့ ငါးချဉ်၊ ဆေးနီ-ဆေးဝါနဲ့ မျှစ်၊ လူမြင်ကွင်းမှာ ဆေးထိုးပိုက်တွေနဲ့ မြောင်းရေတွေ ထိုးထည့် ရောင်းနေတဲ့ ကြက်သား၊ အဝါရောင်ဆေး ဆိုးထားတဲ့ ကြက်၊ ဆေးနီဆိုးထားတဲ့ ဝက်၊ အမဲသားတွေ စတာတွေမှာ ထိရောက်စွာ တားဖို့လိုပါတယ်။ ဒဏ်ငွေ တခုတည်းနဲ့ မလုံလောက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” ဟု လှိုင်မြို့နယ်-အေးဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဌေးအောင် က ဆိုသည်။


    အစားအသောက်များတွင် ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းရင်းများ အများအပြားရှိနေသဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်များတွင် ပါဝင်နေသည့် ဆိုးဆေး၊ ဓါတု ကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ရန်အတွက် ကြေညာချက်ထုတ်ပြီး စစ်ဆေးမည့်အစား ရှောင်တခင် စစ်ဆေး၍ စံနမူနာအဖြစ်ပြစ်ဒဏ်များ ချမှတ်စေလိုကြောင်း စားသုံးသူများက ပြောဆိုနေကြသည်။
    https://www.facebook.com/notes/mizzi...47306938637549
    Reply With Quote   

  12. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 16 OD;rS aus;Zl;wif&SdMuygonf


  13. #117
    Senior Cupid   adaptor is on a distinguished road
    Join Date
    Jan 2007
    Location
    Yangon
    Posts
    639
    Thanks
    16,652
    Thanked 11,522 Times in 610 Posts

    Default

    &efukefrSm emrnfausmf Hilton Group u 2014 rSm [kdw,f vmzGifhygawmhr,f...ql;avem;u Center Point rSmyg...atmufrSm tao;pdwfzwfMunfhMuyg...[kdw,favmurS olrsm;twGufawmh twdkif;xuf tvGefyg...
    http://news.hiltonworldwide.com/inde...m/detail/22923
    http://www.bangkokpost.com/breakingn...tel-in-myanmar

    Reply With Quote   

  14. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  15. #118
    Noble Contributor Senior Cupid Peace for our country   yelynn80 is on a distinguished road yelynn80's Avatar
    Join Date
    Apr 2006
    Location
    အမိမြေ
    Posts
    521
    Thanks
    7,035
    Thanked 12,611 Times in 524 Posts

    Default

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမနေ့ ညီလာခံအပြီးမှာ ရွေးချယ်ခံထားရတဲ့ ဗဟိုကော်မတီဝင်များ စာရင်းကို
    Eleven Media web site မှတစ်ဆင့် ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်။

    ရွေးချယ်ခံထားရသော ဗဟိုကော်မတီဝင်များစာရင်း

    ရန်ကုန်တိုင်းဒေသကြီ:
    ၁။ ဒေါ်အောင်ဆန်းစုကြည်
    ၂။ ဒေါက်တာမေ၀င်းမြင့်
    ၃။ ဒေါက်တာမျိုးအောင်
    ၄။ ဒေါ်ဖြူဖြူသင်း
    ၅။ ဒေါ်ကြည်ဖြူရှင်
    ၆။ ဦးစိုးဟန်
    ၇။ ဦးဖြိုးမင်းသိန်း
    ၈။ ဦးမျိုးမြင့်
    ၉။ ဦးကျော်ထွေး
    ၁၀။ ဦးမျိုးညွန့်
    ၁၁။ ဦးမြင့်ဌေး
    ၁၂။ ဦးမောင်မောင်ဦး
    ၁၃။ ဦးအေးနိုင်

    ပဲခူးတိုင်းဒေသကြီး
    ၁။ ဦးမြင့်ဦး
    ၂။ ဒေါက်တာသိန်းလွင်
    ၃။ ဦးစံဦး
    ၄။ ဒေါက်တာကျော်ကျော်
    ၅။ ဦးမင်းဦး
    ၆။ ဒေါက်တာခင်မောင်ဝင်း
    ၇။ ဦးအောင်သန်း
    ၈။ ဦးကျော်မင်း
    ၉။ ဦးအောင်မြင့်

    စစ်ကိုင်းတိုင်းဒေသကြီး
    ၁။ ဦးဟံသာမြင့်
    ၂။ ဦးဝင်းမြင့်အောင်
    ၃။ ဒေါက်တာဝင်းအောင်
    ၄။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
    ၅။ ဦးကျော်သောင်း
    ၆။ ဒေါက်တာမြင့်နိုင်
    ၇။ ဒေါ်ခင်စန်းလှိုင်
    ၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
    ၉။ ဒေါ်ခင်မွှေးလွင်
    ၁၀။ ဦးခင်မောင်သိန်း
    ၁၁။ ဦးမြင့်ကြည်
    ၁၂။ ဦးဘမင်း

    မန္တလေးတိုင်းဒေသကြီ:
    ၁။ ဦးအုန်းကြိုင်
    ၂။ ဒေါက်တာဇော်မြင့်မောင်
    ၃။ ဦးမင်းသူ
    ၄။ ဦးဝင်းထိန်
    ၅။ ဦးမောင်မောင်သန်း
    ၆။ ဦးကျော်စိုးလင်း
    ၇။ ဦးနိုင်ငံလင်း
    ၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
    ၉။ ဦးဖြိုးဇေယျာသော်
    ၁၀။ ဒေါ်ခင်သန္တာ
    ၁၁။ ဒေါ်စန္ဒာမင်း
    ၁၂။ ဦးပေါခင်

    မကွေးတိုင်းဒေသကြီး
    ၁။ ဒေါက်တာအောင်မိုးညို
    ၂။ ဦးတာ
    ၃။ ဒေါ်ခင်စောဌေး
    ၄။ ဦးအောင်ကြည်ညွှန့်
    ၅။ ဦးသိန်းဇော်
    ၆။ ဦးကံဦး
    ၇။ ဒေါက်တာကျော်ငွေ
    ၈။ ဦးချစ်ထွေး
    ၉။ ဦးပိုက်ကို

    တနင်္သာရီတိုင်းဒေသကြီး
    ၁။ ဦးခင်ဇော်
    ၂။ ဦးအောင်စိုး
    ၃။ ဦးစိုးရီ

    ဧရာဝတီတိုင်းဒေသကြီး
    ၁။ ဦးဝင်းမြင့်
    ၂။ ဦးမန်းဂျော်နီ
    ၃။ ဒေါက်တာမျိုးညွန့်
    ၄။ ဦးသိန်းဆွေ
    ၅။ ဒေါက်တာလှမြတ်သွေး
    ၆။ ဦးမန်းညွှန့်သိန်း
    ၇။ ဦးကြည်ဝင်း
    ၈။ ဦးကျော်ဟိုး
    ၉။ ဦးသောင်းအေး
    ၁၀။ စခင်ဇော်လင်း

    ရခိုင်ပြည်နယ်
    ၁။ ဦးညီပု
    ၂။ ဦးမောင်ကြွင်းအောင်
    ၃။ ဦးမင်းအောင်
    ၄။ ဦးသိန်းမောင်

    ကချင်ပြည်နယ်
    ၁။ ဦးအောင်သိန်း
    ၂။ ဦးကျော်ငြိမ်း
    ၃။ ဦးယောဆီ
    ၄။ ဦးလင်းလင်းဦး
    ၅။ ဦးအင်ဆုံးခါးနော်ဆန်

    ကရင်ပြည်နယ်
    ၁။ ဒေါ်နန်းခင်ထွေးမြင့်
    ၂။ ဦးစောတင်ဝင်း
    ၃။ ဦးသန်းနိုင်

    ရှမ်းပြည်နယ်
    ၁။ ဦးထွန်းထွန်းဟိန်း
    ၂။ ဒေါက်တာသန်းငွေ
    ၃။ ဦးထွန်းရွှေ
    ၄။ ဦးခင်မောင်စီ
    ၅။ ဦးစိုင်းစွံဆိုင်း
    ၆။ ဦးစိုင်းဝင်းမြင့်
    ၇။ ဦးကျော်ခင်
    ၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

    ချင်းပြည်နယ်
    ၁။ ဦးဇိုဘွဲ
    ၂။ ဦးလိန်းနိုင်း
    ၃။ ဦးဘွဲ့ခိန်း

    မွန်ပြည်နယ်
    ၁။ ဦးညဏ်ဝင်း
    ၂။ ဒေါ်ခင်ဌေးကြွယ်
    ၃။ ဒေါက်တာအေးဇံ
    ၄။ ဒေါ်နွယ်နွယ်အောင်

    ကယားပြည်နယ်
    ၁။ ဒေါက်တာခင်စည်သူ

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
    ၁။ ဦးကယ်

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
    ၁။ ဦးညီညီ (ခ) ညီလေးချမ်း

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
    ၁။ ဦးမိုင်းရဲကျော်သူ

    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
    ၁။ ဦးစိုင်းမြင့်ဆွေ
    ]]ausmif;eH&Hw0dkuf a'gif;tvHjyefpdkufr,f}}
    Reply With Quote   

  16. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 16 OD;rS aus;Zl;wif&SdMuygonf


  17. #119
    r[m;',m; Cupid   zani is on a distinguished road
    Join Date
    Aug 2007
    Posts
    6,630
    Thanks
    1,462
    Thanked 44,036 Times in 6,684 Posts

    Default

    from Yangon Chronicle:

    ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်က ဆိုင်းငံ့သင့်
    ပြည်တွင်းစာနယ်ဇင်းသမားများအားလုံး တညီတညွတ်တည်း ကန့်ကွက်နေသော ပြန်ကြားရေးဝန်ကြီး ဌာန ၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားရန် ကြိုးစားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က ပြောကြားခဲ့သည်။
    ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ် ရန်ကုန်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ နှင့်သတင်းမီဒီယာများတွေ့ဆုံပွဲတွင် သူရဦးအေးမြင့်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) က ရေးဆွဲပြီး ပေါ်ပေါက်လာမည့် ပုံနှိပ်နှင့် မီဒီယာဥပဒေနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲ ထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအကြား ပဋိပက္ခများ ဖြစ်ပွား စေနိုင်သည်ဟု ထင်မြင်မိ သောကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆိုင်းငံ့ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေ ကြမ်းပေါ်ထွက်လာမှသာလျှင် ပြန်လည်ဆွေးနွေးမည်ဖြစ်ပြီး စာနယ်ဇင်းကောင်စီ၏ မီဒီယာဥပဒေကြမ်းက ပြည့်စုံ လျှင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းကို ပယ်ဖျက်နိုင်ကြောင်း ပြောကြားခဲ့ သည်။
    ၁၉၆၂ ခုနှစ်မှစတင်ပြီး ၀ိဝါဒ ကွဲပြားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများ ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး လတ်တ လော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းကသာ စည်းလုံးညီညွတ်မှု မပြိုကွဲစေသော အဖြေတစ်ခုဖြစ်လိမ့်မည်ဟု သူရဦးအေးမြင့်က ထပ်မံပြောကြားခဲ့သည်။
    လူငယ်သတင်းသမား အများစုပါဝင်နေသော သတင်းလွတ်လပ်ခွင့်ကော်မတီက လာမည့် ရက်အနည်းငယ် အတွင်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်သော သတင်းမီဒီယာများ၏ အလုပ်ရုံ ဆွေးနွေး ပွဲတရပ်ကို ဒဂုံမြို့နယ်ရှိ ယုဇနဂါးဒင်း ဟိုတယ်တွင် မတ်လ ၁၂ ရက်နေ့ ၁ နာရီမှ ၄ နာရီအထိ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
    http://transparencymyanmar2010.blogs...max-results=50
    Reply With Quote   

  18. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


  19. #120
    Junior Cupid   lovecupid is on a distinguished road
    Join Date
    Feb 2008
    Posts
    152
    Thanks
    432
    Thanked 1,052 Times in 136 Posts

    Default

    Cisco to set up tech training centres in Myanmar

    http://mmbusinessnews.blogspot.com/2...g-centres.html


    Thanks
    Reply With Quote   

  20. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 6 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts