+ pmjyefNyD; qufa&;zdkU
Page 2 of 6
FirstFirst 1 2 3 4 ... LastLast
Results 11 to 20 of 52
Thread: [mm]wyfrawmfESifhautdkifatwdkufyJGowif;rsm;[/mm]
  1. #11
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    တပ်မတော်နှင့်ကေအိုင်အေတိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပွားနေပါတယ်။
    images
    နိုင်ငံတနိုင်ငံရဲ့..လူတစုရဲ့အုပ်ချုပ်မှုကိုမလေးစား ချင်နေပါ..ထိုနိုင်ငံထဲကပြည်သူအားလုံးကိုကိုယ်စားပြု တဲ့ပြည်ထောင်စု
    အလံတော်ကိုတော့..ကချင်မှမဟုတ်..မြန်မာမှမဟုတ်..ကရင်မှမဟုတ်..တိုင်းရင်းသားပြည်သူအားလုံးလေးစားသင့်တ ယ်
    စစ်ဘေးကြောင့်ဒုတ်ခရောက်နေတဲ့ကချင်တွေကိုမစဉ်းစားပေး အားပဲမြန်မာနိုင်ငံတော်အလံကိုပြည်ပရောက်ကချင်တွေ
    အခုလိုမီးရှို့ဆန်ဒပြနေကြတာကိုအတော်ကလေးကိုစိတ်မကော င်းဖြစ်မိပါတယ်.ပြည်ပနေကချင်တွေဟာကေအိုင်အေ
    တွေလားလို့တောင်စဉ်းစားရမလိုဖြစ်နေပြီ။
    Reply With Quote   
  2. #12
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့
    31 Dec 2012
    KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။
    KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။
    KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေ မယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။
    Ref:
    Kachin Daily News
    Reply With Quote   
  3. #13
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    စစ်တိုက်တယ်ဆိုတာ..အခြေအနေအချိန်အခါအရ...ဖြစ်လာရတာပါ ။
    စစ်ကိုဘယ်သူမမှလည်းမတိုက်ချင်ကြပါဘူး.။
    မြန်မာတပ်မတော်သားတွေလည်းတိုက်ချင်ကြမှာမဟုတ်ပါ ဘူး။
    ထိုနည်းတူငြိမ်းချမ်းရေးကိုလိုလားတဲ့ကချင်တွေကလည်းတိုက်ချငကြမယ်မထင်ကြဘူး။
    အဲ...စစ်တိုက်တာနဲမဆိုင်တာကတော့...ပြည်ပရောက်ကချင်တွေ..မိုက်မဲရိုင်းဆိုင်းပြီး...အကျဉ်းတန်အောင်လုပ်ရပ် ပဲ့ဖြစ်ပါတယ်။
    ““““““““““““““““““““““““““““““““နိုင်ငံတော်အလံကိုအ မိနိုင်ငံတော်တိုင်းရင်းသားဖြစ်တဲ့ကချင်တွေကခြေနဲ့နင်းတယ်ဆိုတာ.””””””””””””””””””””””””””””””””””””””” ””
    သည်ကနေ့ သက္ကရာဇ် ၂၀၁၂ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဖြစ်တဲ့ ၃၁ရက်နေ့မှာ မနက်စောစော
    ဆေးရုံကိုထွက်လာတော့ မီးရထားပေါ်မှာ ဖေ့ဘုတ်ကို ဖွင့်ကြည့်မိပါတယ်။ စမြင်လိုက်တဲ့ ပုံက အတော့်ကို ကျက်
    သရေမရှိ၊စိတ်ပျက်ဖွယ် ပုံဖြစ်နေပါတယ်။ မြန်မာနိုင်ငံတော်အလံကို ၀ိုင်းပြီး နင်းခြေနေကြတဲ့ ခြေထောက်တွေကို
    ရိုက်ထားတဲ့ပုံ။သေချာတယ်သည်ပုံကတော့ ၂၀၁၂ခုနှစ်ရဲ့ ကျက်သရေမရှိဆုံးပုံထဲမှာ နောက်ဆုံးကနေကပ်ပြီး
    ပန်းဝင်သွားပြီပေါ့။
    ဘင်္ဂါလီတွေ ပြသနာ၊အိုအိုင်စီ ပြသနာတုန်းက မြန်မာနိုင်ငံအလံကို တိုင်းတပါးမှာ တိုင်းတပါးသားတွေက
    မီးနဲ့ရှို့၊ဖျက်ဆီးခဲ့ကြတဲ့ပုံတွေ မြင်ခဲ့ရဖူးတယ်။ ဒါဟာလည်း ကိုယ့်တိုင်းပြည်ကို တိုင်းတပါးသားက စော်ကားခြင်း
    တစ်မျိုးပါပဲ။ပိုပြီးစိတ်ပျက်ဖွယ်ကောင်းတာက မြန်မာပြည်ထဲက မြန်မာတိုင်းရင်းသားလူငယ်တွေက ကိုယ့်ကို
    စော်ကားထားတဲ့ပုံကို ဘာအဓိပာယ်သက်ရောက်သွားမှန်း မသိပဲ အင်တာနက်ပေါ်မှာ Share နေကြတဲ့ လုပ်ရပ်ပါ။
    အီရတ်နိုင်ငံလိဲု့ တိုင်းပြည်များမှာဆိုရင် နိုင်ငံတော်အလံထဲမှာကို သာသနာ့တံဆိပ်ပါနေတာမို့လို့ နိုင်ငံ
    တော်အလံကို ဖျက်ဆီး၊စော်ကားတာဟာနိုင်ငံရေးပြစ်မှုသာမကပဲ ဘာသာတရားကိုပါ စော်ကားရာရောက်တယ်လို့
    သတ်မှတ်ထားပါတယ်။သည်တော့အပြစ်ပိုကြီးတယ်ဆိုရမှာပေါ့။ လူမြင်ကွင်းမှာ အ၀တ်တွေဆွဲချွတ်ပြီး ခဲနဲ့ဝိုင်းပစ်
    ခံရမလား။လည်မျိုကို အရှင်လတ်လတ်လည်လှီးခံရမလားကြိုက်တာရွေးလို့ရပါတ ယ်။ ဘယ်ဟာမှတော့ အရသာ
    မရှိဘူးပေါ့လေ။
    ကောင်းပြီ။နိုင်ငံတစ်နိုင်ငံရဲ့ အလံကို ဘယ်လိုအပြုအမူတွေနဲ့ ပြုမူရင် စော်ကားတယ်ခေါ်ပါသလဲ။လေ့လာ
    ကြည့်ရအောင်။အလံကို မီးနဲ့ရှို့မယ်၊မစင်တွေနဲ့ ပက်မယ်၊ အလံပေါ်မှာ လမ်းလျှောက်မယ်၊အလံကို ချိတ်ဆွဲပြီး ခဲနဲ့
    ပစ်မယ်၊ တံတွေးနဲ့ထွေးမယ်၊ သေနတ်နဲ့ ပစ်မယ်စတာတွေက နိုင်ငံတကာမှာ အတိအကျလက်ခံထားတဲ့ နိုင်ငံတော်
    အလံကို စော်ကားရာရောက်တဲ့ အပြုအမူတွေပါ။ အလံကို ပြောင်းပြန်လွှင့်တာကိုတော့ တချို့နိုင်ငံများမှာ အရေး
    ပေါ်ဘေးဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာလွှင့်ထူလေ့ရှိကြလို့ ခြွင်းချက်လို့ သဘောထားရမယ်။ အိမ်သာထဲမှာသုံးတဲ့
    စက္ကူတွေမှာ အလံပုံကိုသုံးစွဲတာ၊ကလေးငယ်တွေDiaperခေါ်တဲ့ ဖင်ထုတ်မှာ နိုင်ငံအလံကို သုံးရင်လည်း စော်ကား
    ရာရောက်ပါတယ်။
    ဘာရည်ရွယ်ချက်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အလံကို စော်ကားဖျက်ဆီးကြတာပါလဲ။
    ၁)နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒကို ဆန္ဒပြချင်လို့၊
    ၂)နိုင်ငံသားတွေရဲ့ လူမျိုးရေးဝါဒ၊ခံယူချက်များကို မနှစ်သက်လို့၊
    ၃)နိုင်ငံ အစိုးရကို မကျေနပ်လို့၊
    ၄)နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေကို စော်ကားချင်လို့၊
    စတဲ့ ရည်ရွယ်ချက်များနဲ့ နိုင်ငံတော်အလံကို စော်ကားကြခြင်းဖြစ်ပါတယ်။
    နိုင်ငံတော်အလံကို စော်ကားတဲ့ အမှုနဲ့ ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှာ ဘယ်လိုအရေးယူကြလဲ
    လေ့လာကြည့်ရအောင်။ တရုတ်ပြည်မကြီးမှာဆိုရင် အလံကိုစော်ကားရင် ထောင်သုံးနှစ်ပါ။ရာဇ၀တ်မှုကြောင်းအရ
    အရေးယူခံရပါတယ်။ အိန္ဒိယမှာကျတော့ နိုင်ငံတော်အလံနဲ့ ပတ်သတ်လာရင် ပိုတောင် တင်းကျပ်သေး။ ဟိုးအရင်
    ကဆိုရင် ကိုယ်ပိုင်အိမ်တွေမှာ ဘယ်လိုအကြောင်းနဲ့မှာ နိုင်ငံတော်အလံကို လွှင့်ထူခွင့်မရှိဘူး။နိုင်ငံတော်အလံနဲ့
    ပတ်သတ်ပြီး သိပ်ကိုတင်းကျပ်လွန်းတယ်လို့ ၀ိုင်းဝန်းကန့်ကွက်ကြတော့မှ ၂၀၀၁ခုနှစ်နောက်ပိုင်းမှာ အများသူငှာ
    နေ့ထူးနေ့မြတ်များမှာ နိုင်ငံတော်အလံကို လွှင့်ထူခွင့်ရပါတယ်။သူတို့ဆီမှာလည်း နိုင်ငံတော်အလံကို စော်ကားရင်
    ရာဇ၀တ်မှုမြောက်ပြီး ထောင်နန်းစံကြရမှာပါပဲ။
    ကမ္ဘာ့နိုင်ငံအတော်များများမှာ နိုင်ငံောတ်အလံနဲ့ ပတ်သတ်လာရင် အစော်ကားမခံရဖို့ ဥပဒေကြောင်း၊ရာဇ
    တော်အလံကို မီးရှို့အခံရဆုံးတိုင်းပြည်က အမေရိကန်ပြည်ထောင်စုအလံတော်ဖြစ်ပါတယ်။၁၈၆၂ခု၊အမေရိကန်
    ပြည်တွင်းစစ်အတွင်း တပ်ပေါင်းစုတပ်မတော်ရဲ့ အကြီးအကဲ Benjamin Franklin Butler ဆိုသူက အမေရိကန်
    ပြည်ထောင်စုအလံတော်ကို ဖြုတ်ချခဲ့မှုအတွက်William B. Mumford ဆိုသူကို သေဒဏ်ပေးခဲ့ပါတယ်။ထိုအကြောင်း
    ကို ၁၈၆၄မှာJohn Greenleaf Whittier ဆိုသူက ကဗျာတစ်ပုဒ်စပ်ဆိုခဲ့ပါတယ်။အဲဒီကဗျာထဲမှာ နာမည်အလွန်ကြီး
    ခဲ့တဲ့စာကြောင်းလေးတွေပါပါတယ်။
    Shoot, if you must, this old gray head,
    But spare your country's flag," she said.
    ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
    ခေါင်းညိုညိုနဲ့ လူအိုကြီးကို
    သို့ပေမယ့်
    ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
    ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ဟာ မြေပြင်ပေါ်မှာသာမက Media ပေါ်မှာလည်း တိုက်နေကြတဲ့
    စစ်ပွဲဖြစ်ပါတယ်။စစ်မြေပြင်မှာ ကေအိုင်အိုစစ်သည်တွေ လက်ပတော့တွေနဲ့ စစ်တိုက်နေကြတာမြင်ရတော့
    တကယ်စစ်ဖြစ်နေတာလား၊ကွန်ပြူတာဂိမ်း ဆော့နေသလားတောင် ထင်ရပါတယ်။အခုလဲ တိုင်းရင်းသားပြည်
    သူတွေ အမြတ်တနိုးထားရတဲ့ နိုင်ငံတော်အလံပေါ်ကိုတောင်ခြေတွေနဲ့ နင်းချေပစ်လိုက်ကြပြန်ပါပြီ။
    တိုင်းပြည်ထဲက လူငယ်တွေဟာ ကိုယ့်နိုင်ငံရဲ့ အလံကိုမှ တန်ဖိုးမထားတတ်ရင် အဲသည်တိုင်းပြည်ဟာ
    ဘယ်လိုတိုးတက်ကြီးပွားနိုင်ပါ့မလဲ။ တပ်မတော်ထဲက လူငယ်များအဖို့ နေ့စဉ်လိုလို နိုင်ငံတော်အလံကို အလေး
    ပြုပြီးသစ္စာလေးချက်ဆိုနေရတာဖြစ်တဲ့အတွက် နိုင်ငံအလံဟာ ဦးထိပ်ပန်ဆင်စရာလို့ ခံယူပြီးသားဖြစ်ပေမယ့်
    ကျန်လူငယ်များအဖို့ ကိုယ့်နိုင်ငံအလံကို တန်ဖိုးထားမှု စံနှုန်းတွေကျဆင်းနေပြီလားဆိုတာ စဉ်းစားစရာပါ။ နိုင်ငံ့
    တာဝန်ကို ထမ်းဆောင်နေရတဲ့ အရပ်ဘက်ဝန်ထမ်းများဆိုရင်လည်းဖောင်ကြီးလို သင်တန်းကျောင်းများမှာ
    နိုင်ငံတော်အလံကိုအလေးပြုကြရမှာဖြစ်လို့ အသိစိတ်လေးတော့ ၀င်သွားပြီးသားဖြစ်ကြပါလိမ့်မယ်။
    ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မလေ့လာရသေးပဲနဲ့၊ကေအိုင်အိုဆိုတာ ဘယ်လို၊သူတို့ခေါင်းဆောင်တွေ
    ဆိုတာ ဘယ်လို၊မြောက်ပိုင်း ကျောင်းသားတပ်မတော်ဆိုတာဘယ်လိုဆိုတာ ကိုယ်ပိုင်အသိနဲ့ မသိ၊နားမလည်သေး
    သရွေ့ဖေ့ဘုတ်ကြီးပေါ်မှာတက်လာသမျှ တိုင်းရင်းသူမိန်းကလေးတွေရဲ့ ချောမောနုပျိုတဲ့ ကေအိုင်အိုယူနီဖောင်း
    ထဲကအလှကို သာယာမိနေရဦးမှာပဲ။စိတ်ဓာတ်စစ်ဆင်ရေးကို ခံနေကြရဦးမှာပဲ။နောက်ဆုံး ကိုယ့်နိုင်ငံအလံကို
    ခြေထောက်လှလှလေးတွေနဲ့ တက်နင်းသွားတာတောင်မှ အလံကို မမြင်ပဲ ခြေထောက်ကိုပဲ မြင်တဲ့သူတွေရှိနေကြ
    ဦးမှာပဲ။
    သည်တော့
    ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
    ခေါင်းညိုညိုနဲ့ လူအိုကြီးကို
    သို့ပေမယ့်
    ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
    အဲသလိုပဲ ပြောရတော့မယ်။ စစ်တိုက်ချင်ရင်၊တရားသောစစ်လို့ ယုံကြည်တယ်ဆိုရင် ရဲရဲကြီးရင်ဆိုင်ပြီး
    ယောင်္ကျားပီပီသေနတ်ကြီးလွယ်ပြီး ပစ်လိုက်စမ်းပါ။ မိန်းကလေးတွေကို အသုံးချပြီး တိုင်းရင်းသားလူမျိုး ၁၃၅မျိုး
    ကိုကိုယ်စားပြုထားတဲ့ နိုင်ငံအလံကိုတော့ မစော်ကားပါနဲ့လို့ မြန်မာပြည်မြောက်ဖျားက နယ်နိမိတ်စည်းရိုးပေါ်ခွထိုင်
    ပြီးဟိုဘက်ကို ပြေးဖို့ကြံနေကြတဲ့ ကေအိုင်အို ခေါင်းဆောင်ကြီးများကို ပြောချင်ပါတယ်။
    ကိုယ့်နိုင်ငံအလံကို နိုင်ငံပြင်ပမှာ အသားကပ်ခြေအိတ်စွပ်၊မျက်နှာမဖော်ပဲ ရဲရဲကြီး တက်နင်းပြရဲကြတဲ့
    ကချင်လူမျိုးအမည်ခံ(မျက်နှာမမြင်ရတော့ ဘယ်သူတွေမှန်းမသိပါဘူး) ပုဂ္ဂိုလ်တွေကိုလည်း ယနေ့ခေတ်ဟာ
    အလံကို စော်ကားပြရုံနဲ့ နိုင်ငံရေးခိုလှုံခွင့်ရတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာကို သိစေချင်ပါတယ်။သူတို့ လက်ရှိ
    ရောက်နေတဲ့အမေရိကန်ပြည်ထောင်စုဟာ သူ့နိုင်ငံအလံကို စော်ကားရင် သေနတ်နဲ့တောင် ပစ်သတ်ခဲ့ဖူးတဲ့
    သမိုင်းအစဉ်အလာရှိကြောင်း သတိချပ်ကြပါလို့ အသိပေးလိုက်ချင်ပါတယ်။
    (၃၁/၁၂/၂၀၁၂)
    Ref: ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)
    Reply With Quote   
  4. #14
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    လဂျားယန်၏ အမြင့်ဆုံး တောင်ကုန်း ဖြစ်တဲ့ ၇၇၁ တောင်ကုန်းအား သိမ်း ပိုက်နိုင်မှု
    ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျားယန်တောင်ကြော က အမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်း ကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င် လက်နက်ငယ် နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။
    ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ KIA စစ်သည်ေ တွရဲ့ အဆိုအရ KIA အရာရှိတွေ ဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါး တွေတိုက်ပြီး အသေခံတိုက်ခိုင်းခဲ့ပါတယ် ပိုပြီးဝမ်းနည်းဖို့ကောင်းတာ KIA စစ်သား တစ်ချို့ကို ထွက်ပြေးလို့ မရအောင် ခြေထောက်တွေ ကိုသံကြိုးနဲ့သော့ ခတ်ပြီး အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက်အထား ဓာတ်ပုံ တွေလဲ ရှိပါ တယ် ဆက်ပြီးပေးပို့သွားပါမယ်။ မူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု ကိုလည်း အသေးစိတ် စာရင်း ကိုပြုစုနေ ပါတယ်။ သိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းနဲ့ မှုးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်း မချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့ ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေ သုံးထားတာ ကိုတွေ့ ရပါတယ်။
    Copy:
    Myawady News
    Reply With Quote   
  5. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 26 OD;rS aus;Zl;wif&SdMuygonf
  6. #15
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    လဂျားယန်းစခန်းသိမ်းတိုက်ပွဲ(လဂျားယန်းစခန်းကိုဘာကြောင့်သိမ်းရတယ်)
    လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။
    စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက်
    ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။
    သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကိုငဲ့ညာပြီးမတင်တော့ပါဘူး။
    သေဆုံးသူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တပ်မတော်က
    မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာ။
    Copy: Facebook.
    Reply With Quote   
  7. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 21 OD;rS aus;Zl;wif&SdMuygonf
  8. #16
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    လဂျားယန်တစ်ဝိုက် ထိန်းချုပ်ပြီးဖြစ်၊ ပြင်းထန်သော ထိတွေ့မှုများ မရှိ
    ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ
    အပြီးမှာ တော့ လဂျားယန် ဒေသကို ထိန်းချုပ်ငြိမ်းချမ်းစေခဲ့ပြီ ဖြစ်ပါတယ်။ နောင်ဆိုရင် လိုင်ဇာကို
    ဗဟိုထားပြီး ဖောက်ခွဲဖျက်ဆီးမှုတွေ လာရောက် လုပ်ဆောင်မည့် အခြေအနေများအား အတိုင်းအတာ
    တစ်ခုထိ ထိန်း သိမ်းနိုင်ပြီ လို့ ဆိုရတော့မှာပါ။ ကေအိုင်အေ အနေဖြင့် လေကြောင်းပျံသန်းမှုများ
    အပြီးမှာ စခန်းများကို စွန့်ခွာ ပြီး ဒုက္ခသည် စခန်းများကို အသုံးပြုကာကွယ်ပြီး တပ်မတော်ကို ခုခံဖို့ ပြင်ဆင် နေပါတယ်။
    တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန်အတွက် လဂျားယန်ဒေသ အတွင်း ချောင်းမြောင်းတိုက်ခိုက်
    သော ကေအိုင်အေတို့အား နောက်ဆုတ်ပေးရန် အကြောင်းကြားသော်လည်း လက်မခံခဲ့သည့်အပြင်
    တိုက်ပွဲ ကြီးများ အသွင် ဖန်တီးလာသည့်အတွက် တပ်မတော်မှ လေကြောင်းနှင့် အမြောက်တပ်ဖွဲ့များ
    မှ ခြိမ်း ခြောက်ခဲ့ ပါတယ်။ တိကျသေချာသော ပစ်မှတ်များ ရှိပြီး ဖြစ်သည့်အတွက် ကေအိုင်အေတို့
    စခန်းကုန်းများကို အလွယ် တကူ စွန့်ခွာသွားခြင်းကြောင့် ယခုအခါမှာတော့ လဂျားယန်ဒေသကို
    တပ်မတော်မှ တာဝန်ယူ ထိန်းသိမ်း လိုက်ပြီ ဖြစ်ပါတယ်။
    ကေအိုင်အေတို့ အနေဖြင့် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများ မရှိစေရန် ဒုက္ခသည်များကို
    လိုင်ဇာ တစ်ဝိုက် ကွင်းပြောင်များတွင် နေရာချပေးထားခြင်း၊ ချောင်းဘေး၊ မြောင်းဘေးနှင့် စစ်ရေး
    အချက်အခြာ အဆောက် အအုံများ အနီးတွင် ဖြန့်ထားခြင်းများ ပြုလုပ်လျှက် ရှိကြောင်း ဓာတ်ပုံများအရ
    တွေ့ရှိရပါတယ်။
    ငါတို့က ဘာမှ ပြန်မလုပ်မှန်းသိတော့ အတင့်ရဲလာတယ်၊ ကေအိုင်အေ တင်မကဘူး၊ ABSDF တွေပါ ပါလာ
    တယ်။ အရင်က အမြဲ ချောင်းပစ်တဲ့ကောင်တွေ ဒီ ၇၇၁ ကုန်းတွေ တက်သိမ်းတော့ သေနတ်သံကို
    မကြားရတော့ဘူးဟု အရာရှိ တစ်ဦးမှ ပြောခဲ့ပါတယ်။
    တော်တော်များများ ကတော့ ကချင်ပုံတွေ မပေါက်ဘူး။ တစ်ချို့ဆို ကလေးသာသာအရွယ်လောက်ပဲ
    ရှိတယ်လို့ ပြောခဲ့ပါတယ်။
    လောလောဆယ် အနေဖြင့် လိုင်ဇာကို တိုက်ခိုက်ရန် ညွှန်ကြားချက် မရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ
    ကို စောင့်မယ်လို့ ထင်ကြောင်း၊ ငါတို့ကတော့ ခိုင်းတဲ့ တာဝန်ကို ပြီးအောင်လုပ်မှာပါ ဟု ၄င်းမှ ဆက်ပြီး ပြောပြ ခဲ့ပါတယ်။
    Copy:FB
    Reply With Quote   
  9. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 27 OD;rS aus;Zl;wif&SdMuygonf
  10. #17
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    လဂျားယန်ကို အပြီးသိမ်းခဲ့သည် ဒီဇင်ဘာ (၃၀) တိုက်ပွဲ သည် ကေအိုင်အေတို့အတွက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်ဟု ဆို။
    ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် လဂျားယန်ဒေသတ၀ိုက်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ဒီဇင်ဘာလအတွင်း
    အပြင်းထန်ဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်ကြောင်းသိရှိရသည်။
    မနက်(၅)နာရီမှ စတင်ကာ ဒေါ့ဖုန်းယန်၊ မန်တဲ၊ ဘွမ်ဆောမ်ရှိ မြန်မာအစိုးရ တပ်ဖွဲ့ကာ
    လက်နက်ကြီးဖြင့် အကြိမ် (၁၀၀)ကျော်ခန့် တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
    လေကြောင်းမှ တိုက်ခိုက်ခြင်းကို မနက် (၈)နာရီ၊ (၉)နာရီ၊ (၁၁)နာရီ၊ (၁၁း၄၅)နာရီ၊ (၁၃း၁၅)နာရီ၊ (၁၅)နာရီ
    အချိန်များတွင် Jet Fighter (၂)စီးစီဖြင့် လာရောက်လှည့်ပတ်၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။
    (၁၂)နာရီအချိန်တွင် ဗုံးကျဲလေယဉ် တစ်စီးရောက်လာကာ ဗုံးများကို ကျဲချခဲ့သည်။ ဗုံးကျေ ရာက်ပေါက်ကွဲ
    ရာတွင် အနက်(၈)ပေရှိ ကျင်းများကျန်ရစ်ခဲ့သည်။
    အနီးကပ် မြေပြင်တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ ခမရ (၃၁၇) (၄၁၅) (၄၁၆)(၃၂၀)၊ ခလရ (၂၃၇) တို့
    အတင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ မြေပြင် တပ်ဖွဲ့ဝင်များသည် ၈၁ မမ စိန်ပြောင်း၊ ဆွီဒင်နိုင်ငံထုတ် ၈၄မမ၊
    RPG တို့ကို အဓိကအသုံးပြုခဲ့ကြောင်းသိရှိရသည်။ ဒီဇင်ဘာလ (၃၀)ရက်နေ့ လဂျားယန် တိုက်ပွဲ တွင် KIA
    တပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးကာ ထိခိုက်ဒါဏ်ရာရသူ (၃၀)ခန့်ရှိခဲ့သည်။ မြန်မာအစိုးရ တပ်ဖွဲ့ဝင် များ၏ သေဆုံး၊ ကျဆုံး၊
    ထိခိုက်ဒါဏ်ရာရသူ ပြုန်းတီးအင်အားသည် (၂၀၀)ကျော်ရှိကြောင်း သိရှိရ သည်။ (မြန်မာ့ အစိုးရတပ်ဖွဲ့တွင်
    ပါဝင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့မှ သိရှိရ)
    ကြည်းတပ်၊ လေတပ်၊ (ရေတပ်သာကျန်) တို့မှ အပြင်းအထန်ထိုးစစ် ပစ်ခတ်မှုကြောင့် KIA ၏
    ရှေ့တန်း စခန်း တစ်ခုကို လက်လွှတ်ထားခဲ့ရကြောင်း သိရှိရသည်။
    ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် စစ်ဦးစီး ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးချုပ်လူအေးတို့က မြစ်ကြီးနား
    မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တွင် အထိုင်ပြုလုပ်ကာ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်
    ခဲ့သည်။ ယခု ပြုလုပ်သော စစ်ဆင်ရေးကို “မိုးကြိုး” စစ်ဆင်ရေး (Carpet Bombing Operation) ဟု
    အမည်ပေး ထားကြောင်း သိရှိရသည်။
    Reply With Quote   
  11. #18
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    ကချင်မှာ လေကြောင်းကနေ တိုက်ခိုက်တာ မဟုတ်ကြောင်း မှူးဇော်မှ ဆိုသည်ဟု RFA ဖော်ပြ။
    မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေအရှိန်မြင့်လာတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကချင်လက်နက်ကိုင်
    KIA အဖွဲ့တို့ အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသလို၊ ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်က လေကြောင်းကနေ
    တိုက်စစ်ဆင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းလည်း အစိုးရက ငြင်းဆိုခဲ့ပါတယ်။
    အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေသုံးစွဲပြီး
    ထိုးစစ် ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိတို့ရဲ့ တပ်တွေဆီ ရိက္ခာပို့ဆောင်တဲ့လမ်းကြောင်းတွေ
    ကို KIA က ဖြတ်တောက်ထားတာကြောင့် လဂျားယန်မှာရှိတဲ့ ရိက္ခာ ပြတ်တောက်နေပြီဖြစ်တဲ့ မိမိတို့
    တပ်ဖွဲ့တွေ အတွက်လေကြောင်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးနေတာသာဖြစ်ကြောင်း သမ္မတရုံး
    ညွှန်ကြားေ ရး မှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုခဲ့ပါတယ်။
    ဒါ့ပြင်ကချင်ပြဿနာအတွက် အကောင်း ဆုံးဖြေရှင်းနည်းကတော့ အစိုးရနဲ့ ကချင်ကြား နှစ်ဦးနှစ်ဘက်
    ဆွေးနွေး ကြဖို့ဖြစ်ပါတယ်၊ အစိုးရ ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင်တွေကလည်း KIA နဲ့ တွေ့ဆုံ
    ဆွေးနွေးဖို့တောင်းဆိုထားပေမဲ့ အကြောင်းပြန်ကြားချက် မရသေးပါဘူး၊ KIA ဘက်ကသာ
    ပိတ်ဆို့ထားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက်ရင် လတ်တလောပြဿနာတွေ
    ပြေလည်သွားနိုင်ပါတယ်၊ လိုင် ဇာ မှာရှိတဲ့ KIA ဌာနချုပ် ကို ထိုးစစ်ဆင်မှာမဟုတ်ကြောင်းလည်း
    တပ်မတော်က ကတိပြုထားပြီး ဖြစ်ပါ တယ် လို့လည်း ဗိုလ်မှူးဇော်ဌေး က ပြောဆိုကြောင်း
    AP သတင်းက ဖေါ်ပြပါတယ်။
    လိုင်ဇာကိုစိုးမိုးထားသောအမြင့်ဆုံပွိုင့်(770)တောင်ကုန်း။
    ရွာအ၀င်မှာကျွန်တော်တို့ကိုကေအိုင်အေကဒီလိုနေရာယူထား ပြီးဆီးတိုက်တာကိုခံရပါတယ်။
    ဒါပေမဲ့ အစိုးရတပ်တွေချထားတဲ့ လဂျားယန် ဟာ KIA ရဲ့ နောက်ဆုံး တပ်စခန်းဌာနချုပ်ရှိရာ
    လိုင်ဇာနဲ့ ၆မိုင်လောက်ပဲ ဝေးပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်က KIA ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေကို ခရစ်စမတ်နေ့ နောက်ဆုံး ထားပြီး ဖွင့်ပေး
    ဖို့ စစ်တပ်က အကြောင်းကြားစာပို့ခဲ့ပါတယ်။ KIA ပြောခွင့်ရသူ ဦးလနန် က ဒီရာဇသံဟာ ပြဿနာကို
    နိုင်ငံရေးနည်းထက် စစ်ရေးနည်းသာနဲ့ ဖြေရှင်းမယ်လို့ ကြေညာလိုက်တာသာဖြစ်ကြောင်း၊ အခု
    စစ်တပ်ရဲ့ ထိုးစစ်ဟာ စစ်တပ်ကသတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို ကချင်က လက်ခံလာ
    ရအောင် အင်အား သုံးမယ်ဆိုတဲ့ အဓိပ္ပါယ် သာဖြစ်ကြောင်း၊ စစ်တပ်ဆီပို့တဲ့ ရိက္ခာတွေထဲမှာ ဆန်အပြင်
    လက်နက်နဲ့ကျည်ဆန်တွေပါပါဝင်ကြောင်း၊ မိမိတို့ကို ချေမှုန်းရာမှာ သုံးစွဲမယ့် လက်နက်တွေသယ်လာတဲ့
    ဘယ်ရိက္ခ္ခ္ခ္ခ္ခာတင်ကားကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း၊ ဒါဟာ စစ်ပွဲရဲ့သဘာဝဖြစ်ကြောင်း
    AP သတင်းကို ပြောဆို ပါတယ်။
    ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်ဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့ပေမဲ့ အခုထိ အကောင် အထည် မပေါ်သေးတဲ့အတွက် နိုင်ငံရေးလေ့လာသူတွေအတွက် ဝေဖန်စရာဖြစ်နေပါတယ်။
    RFA Burmese
    Reply With Quote   
  12. #19
    Chief Meteorologist Wizard Cupid   heronaing is on a distinguished road heronaing's Avatar
    Join Date
    May 2007
    Posts
    1,147
    Thanks
    12,776
    Thanked 47,844 Times in 1,174 Posts
    Default
    စစ်ဆင်ရေးမှကေအိုင်အေတဦးရဲ့ဖွင့်ဟ၀န်ခံချက်။
    ကျွန်တော်တို့ KIO အဖွဲ့အစည်းအတွင်း ဆလန်ကဘားလို့ခေါ်တဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒူဝါက
    ဘားလို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုပြီး
    ၂ ပိုင်းခွဲခြားထားပါတယ်။ ဆလန်ကဘားအဖွဲ့ကိုတော့ KIO လို့ လူသိများပြီး၊ ဒူဝါကဘားအဖွဲ့ကိုတော့
    KIA လို့ သိကြပါတယ်။ KIO ဖွဲ့စည်းပုံအရ KIAအဖွဲ့ဟာ KIO ရဲ့ အဖွဲ့ခွဲတစ်ခု သာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာ
    KIO လူကြီးတွေအားလုံးဟာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ အမိန့်အောက်မှာသာ လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။
    ဗိုလ်ချုပ်ဂမ်ရှောင်ဟာ တပ်မဟာမှူးဘ၀တည်းက ရက်စက်တဲ့လူဆိုပြီး နာမည်ကြီးပါတယ်။ သူလို ချင်တာမရရင်
    ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်တတ်တဲ့အကျင့်က တပ်မဟာမှူးဘ၀တည်းက အရိုးစွဲလာ တာ ဖြစ်ပါ တယ်။
    သူရဲ့ ရက်စက်မှုကြောင့် KIO လူကြီးတွေကလည်း အတိုက်အခံမလုပ်ရဲပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေး
    ဆွေးနွေးပွဲတွေမှာ KIO လူကြီးတွေက ငြိမ်းချမ်းရေးကို လိုလားကြပေမယ့် ဗိုလ်ချုပ်ဂမ်ရှောင်
    ကတော့ ငြိမ်းချမ်းရေးထက် ကချင်နိုင်ငံထူထောင်ပြီး စိတ်ကြိုက်
    ချယ်လှယ်ချင်တဲ့ စိတ်ကြောင့် ငြိမ်းချမ်းရေး ကိုလက်မခံခဲ့ပါဘူး။
    ဆွေးနွေးတဲ့ အဖွဲ့တွေ ကလည်း ငြိမ်းချမ်းရေးလိုလာကြောင်းဆွေးနွေးခဲ့ရင် လိုင်ဇာပြန်ေ ရာက်ေ ရာက်
    ချင်း အသတ်ခံရမှာကြောက်တော့ ဘယ်သူမှ မဆွေးနွေးရဲပါဘူး။ ဒါကြောင့် လည်း ခုအချိ န်ထိ ငြိမ်းချမ်းရေးမရရှိ
    သေးတာပဲ ဖြစ်ပါတယ်။
    ဗိုလ်ချုပ်ဂမ်ရှောင်ဟာ ခုအချိန်မှာ KIO လူကြီးတွေ အားလုံးရဲ့အိမ်မှာ အစောင့်တွေချထားပေးပေ
    မယ့် ဒီအေ စာင့်ေ တွကို KIA ရဲ့အမိန့်နဲ့ပဲ လှုပ်ရှားစေပါတယ်။ လူကြီးတွေရဲ့ သက်တော်စောင့်ဆိုပေမယ့်
    အစောင့်ေ တွအားလုံးသည် KIA အဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဂမ်ရှောင်ရဲ့
    လူတွေချည်း သာဖြစ်ပါ တယ်။ KIO လူကြီးတွေကို သက်တော်စောင့်
    ပေးထားသလိုနဲ့ အကျယ်ချုပ်ချထားတာဖြစ်ပါတယ်။ KIO လူကြီးေ တွ ကလည်း နားလည်ပေမယ့်
    လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့နဲ့ ထိပ်တိုက်မရင်ဆိုင်နိုင်လို့ ငြိမ်နေကြ တာပဲ ဖြစ်ပါတယ်။
    စစ်ပွဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပေမယ့် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် S. ဂွမ်မော်တို့ရဲ့ သစ်လုပ်ငန်း၊
    ကျောက်စိမ်းလုပ်ငန်းတွေကတော့ ရပ်တန့်ခြင်းမရှိပါဘူး။ လုပ်ကွက်ေ နရာတွေမှာ KIA တပ်တွေကို
    ဖြန့်ချထားပြီး လုပ်ငန်းမပျက်ဆက်လက်လုပ်ကိုင်နေကြ တာပဲ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံထဲမှာ ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ရဲ့ စီးပွားရေး
    လုပ်ငန်းတွေ အများအပြား ရှိနေ ပါတယ်။ ကျောက်စိမ်းကုမ္ပဏီနဲ့
    ဟော်တယ်လုပ်ငန်းတွေ အများအပြားရှိနေပြီး သားသမီးတွေက အနောက် နိုင်ငံတွေမှာ
    ကျောင်းသွားတတ်နေကြပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ဟာ မိန်းမလိုက်စားသူ တစ်ယောက်
    ဖြစ်ပြီး လိုင်ဇာမှာ တော်တော်လေးနာမည်ကြီးပါတယ်။ ကောင်မလေး
    တစ်ယောက်ကို ဖျက်ဆီးပြီး လိုင်ဇာမှာ ကွန်ပျူ တာဆိုင်လေး ဖွင့်ပေးထားပါတယ်။ နောက်ပိုင်း
    ကောင်မလေးကိုယ်ဝန်ရ လာတော့ ဖျက်ချခိုင်း တာကောင် မလေး ပါသေသွားတဲ့သတင်းက လိုင်ဇာတစ်မြို့
    လုံးသိကြ ပါတယ်။
    ကောင်မလေလးရဲ့ မိဘတွေက ခုထိ မကျေနပ်နိုင်သေးပါဘူး။ ခုလည်း လိုင်ဇာမှာ နောက်မိန်းမ
    တစ်ယောက်နဲ့ ကလေး တစ်ေ ယာက် ရထားတယ်လို့ သိရပါတယ်။ ဂွမ်မော့်မိန်းမကတော့
    တရုတ်ပြည်ရွှေလီ ထဲမှာနေပြီး လိုင်ဇာကို ၂ လမှ တစ်ခေါက်လောက် ပြန်လာပါတယ်။ ကျွန်တော်တို့တွေ
    လိုင်ဇာနေပေ မယ့် ကောင်မလေးေ ချာချောလေးဆို မကြိုက်ရဲပါဘူး ဗိုလ်ချုပ်ဂွမ်မော်နဲ့ လွတ်ရဲ့လားဆိုတာ
    အရင်စုံစမ်း ရပါတယ်။ သူနဲ့မလွတ်ရင်တော့ အဲလူကို သေမယ့်နေရာရှေ့တန်းကို ချက်ချင်း ပြောင်းခိုင်းပါတယ်။
    KIO/KIA လူကြီးတွေရဲ့ အစည်းအဝေး
    တွေမှာဆိုရင် ဆလန်ကဘားတွေက ကျွန်တော်တို့ ကချင်ပြည် နယ်ကို အုပ်ချုပ်ေ ပးပါ့မယ်
    ဗိုလ်ချုပ်ဂွမ်မော်ကတော့ စစ်ရေးနဲ့ မျိုးပွားရေးကို တာဝန်ယူပေါ့ လို့ နောက်ပြော င်ပြောဆိုမှုကို
    မကြာခဏကြားရပါတယ်။ လိုင်ဇာမြို့ထဲမှာလည်း ဗိုလ်ချုပ်ဂွမ်မော်လာရင် မျိုးပွားရေး တာဝန်ခံကြီးလာပြီဆိုပြီး
    နောက်ကွယ်မှာ ဟားတိုက်နေကြပါတယ်။
    လက်ရှိအချိန်မှာတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ KIO လူကြီးတွေနဲ့ KIA ဗိုလ်ချုပ်တွေကြား စိတ်သဘော
    ထား ကွဲပြားနေကြပါတယ်။ ဒါပေမယ့် KIA ဗိုလ်ချုပ်တွေကို မလွန်ဆန်နိုင်ပဲ အကျယ်ချုပ် ချထားသလို
    နေရေ တာ့ ဘာမှ မတတ်နိုင်ကြပါဘူး။ KIA ဗိုလ်ချုပ်တွေကလည်း KIO လူကြီးတွေကို တဖြည်းဖြည်း
    အားနည်း လာအောင် အကွက်ကျကျ စီမံဆောင်ရွက်
    နေတာ ဖြစ်ပါတယ်။ ခုအနေအထားအရ ကချင်တွေ ကြားထဲမှာ KIO လူကြီးတွေကို ကချင်ပြည်သူတွေကို
    ရိုသေလေးစားနေဆဲဖြစ်တာကြောင့် ဖယ်ထုတ် လို့မရပဲ ရုပ်သေးရုပ်လို သဘောထားပြီး လုပ်ဆောင်နေတာ
့ဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်စစ် သားတွေ လည်း ငြိမ်းချမ်းရေးကို လိုချင်နေပါပြီ။ တိုက်ပွဲတွေ ကြားမှာ
    ဘယ်အချိန်သေမယ်မှန်း မသိတဲ့ ဘ၀ကို မလိုချင်တော့ပါဘူး။ မိသားစုနဲ့ အေးအေးချမ်းချမ်း
    နေချင်ပါပြီဗျာ………..
    Copy:
    Myanmar Online News
    Reply With Quote   
  13. #20
    Noble Contributor Godly Cupid 2015 President   batoe is on a distinguished road batoe's Avatar
    Join Date
    May 2006
    Location
    Island with Lion Head & Fish Tail
    Posts
    3,559
    Thanks
    21,989
    Thanked 107,504 Times in 3,643 Posts
    Default Zefe0g&Dv 2 &uf 2013
    jrefrmtpkd;& wyfzGJYESifh ucsifvGwfvyfa&;tzGJY KIO wyfzGJYrsm; erfqef,efaus;&GmteD;wGif ajrjyifwkdufyGJrsm; qufvuf jzpfyGm;aeNyD; tpkd;&bufrS ppfwkdufav,OfESpfpD;jzifh jyefvnf wkdufckdufrIrsm; jyKvkyfaeonf[k ausmif;om;wyfrawmf(ajrmufykdif; ) ABSDF jyefMum;a&;wm0efcH AkdvfrSL; rif;aX;u ajymonf/
    “awmifukef;ay:rSm jzpfaew,f/ 'Dreuf erfqef,efbufuae wufvmwm/ rwufvmEkdifatmif usaemfwkdY wm;xm;w,f/ reuf 8 em&Duwnf;uae jzpfaewm? cke 11 em&DcGJavmufrSm yxrwacguf vmwmu wkdufav,Of HKW w&kwfu avhusifhwJhav,Of? 'Dwacguf vmwmu &[wf,OfeJY ypfoGm;wm wcgypfvkduf jyefoGm;vkdufvkyf aewm”[k AkdvfrSL; rif;aX;u ajymonf/
    eHeuf 8 em&DcsdefrS pwifí tpkd;&\ wyfzGJYrsm; jrpfBuD;em;-Aef;armfvrf; ay:&Sd erfqef,efaus;&GmteD; xkd;ppfqifvmojzifh KIA \ a&SUwef; wyfzGJYrS jyefvnf ckcHwkdufyGJ qufvuf jzpfyGm;aeNyD; tpkd;& ppfwyfu wkdufav,Ofjzifh ypfcwfaejcif; jzpfonf/
    xkdYjyif ,aeY 11 em&DcGJcsdefrSpí wkdufav,Of ESpfpD; ypfcwfcJhNyD;aemufxyf &[wf,Of ESpfpD;jzifh jyefvnf wkdufckdufaeonf[k AkdvfrSL; rif;aX;u ajymonf/ xkdav,OfESpfpD;ukd vkdifZmNrdKUrS ppfajy;'ku©onfrsm;
    awGYjrifae&onf[k vkdifZmNrdKUcHwOD;u ajymonf/
    tvm;wl ,ck&ufykdif;twGif; jrpfBuD;em;NrdKUrS wkdufav,smOfESifh &[wf ,smOfrsm; aeYpOf ysHoef;rIrsm; &Sdaeonf[k jrpfBuD;em;NrdKUae ucsifNidrf; csrf;a&; tusKd;aqmif OD;vrkdif*Grf*smu ajymonf/
    (rZösdr owif; )
    udk,fhEdkifiHodu©m&SdzdkUqdkwmvlwdkif; vlwdkif;rSmwm0ef&Sdygw,f/ (a':atmifqef;pkMunf)
    Reply With Quote   
  14. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 25 OD;rS aus;Zl;wif&SdMuygonf
+ pmjyefNyD; qufa&;zdkU
Posting Permissions
  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts