ဒီနေ့လိုင်ဇာဘက်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေ။
KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောတစ်ခုလုံး အားအစိုးရတပ်များမှသိမ်းပိုက်
Sunday, 30 December 2012
(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောအားအစိုးရ တပ်များမှသိမ်းပိုက်
ရရှိခဲ့ကြောင်း ၄င်းဒေသတွင်တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခုလုံးကိုဒီနေ့နေ့လည်မှာရပါတယ် ။
KIA အဖွဲ့တွေကတော့ ယောက်၅၀ လောက် အလောင်းတွေကျန်နေပါတယ်။ အသေးစိတ်စာရင်းမရသေးပါဘူး လက်နက်တွေမိုင်းတွေ အများကြီးရပါတယ်။ ထို့ပြင် ဒါဏ်ရာရတဲ့ KIA စစ်သည် ၄၀ဦးခန့်ကိုလည်း ဆေးဝါးကုသပေးလျက်ရှိကြောင်းပြောဆိုထားပါတယ်။
ဖမ်းဆီရမိသူအများစုမှာ KIA အဖွဲမှအတင်းအားဓမ လူသစ်စုဆောင်းခံထားသူများဖြစ်ကြောင်းကို၎င်းမှပြောကြားသည်။ ကျွှန်တော်တို့အခု၇ထားတဲ့ စခန်ကနေ KIA ဌာနချုပ်လိုင်ဇာကို လမ်းမြင်နေရပါတယ်။
လက်နက်ကြီးတစ်ကမ်းပါဘဲ ဒါပေမဲ့ကျွှန်တော်တို့တပ်တွေ လိုင်ဇာကိုတိုက်ဖို့အစီစဉ်မရှိပါဘူး ဟု၎င်းမှ Email မှတဆင့်ပြောဆိုသွားသည်။ ၄င်းကကျွှန်တော်တို့ ဒီစခန်းကိုဒီနေ့နေ့လည်လောက်ကသိမ်းပိုက်ခဲ့ပါတယ် ။
အခုစခန်းကသိမ်းဆီးရမိတဲ့ Laptop နဲ့ တရုတ် ဖုန်းကတဆင့် Internet သုံးပြီး မေးလ်ပို့လိုက်တာပါ။ အထောက်အထားဓါတ်ပုံတွေလည်းဆက်ပြီးပို့ပေးသွားမှာ ပါဟု ၄င်းပေးပို့သော Email တွင်ဖေါ်ပြထားသည်။
Aung Naing Thu Facebook