-
Banned
နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး
ICC(International Criminal Court) ကလက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှုအမျိုးအစားများ၊
တရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide)၊လူသားမျိုးနွယ် တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime Against Humanity)၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှုများ(War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တဦးတယောက်တိုင်းကို ခုံရုံးတင် အရေးယူနိုင်ပါသည်။ ထိုအမှု(၃)မျိုးနှင့် အကျုံးမဝင်သည့် ကျန်သည့်အမှုများကို မတိုင်ကြားနိုင်ပေ။
တိုင်ကြားနိုင်သောအမှုများ
လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ မျိုးနွယ်စု၊ လူမျိုးစု (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ (သို့မဟုတ်) အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ” ကို ဆိုလိုသည်။
အပိုဒ် (၇)အရ “လူမျိုးတုံး သတ်ဖြတ်မှု” နှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ငါးမျိုးမှာ-
(၁) လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း။
(၂) လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။
(၃) အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာ ရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း။
(၄) လူတစ်စုအတွင်း၌ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း။
(၅) ကလေးသူငယ်များကို လူအုပ်စုတစ်စုမှ အခြားလူအုပ်စုတစ်စုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း။
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများ
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ ဆိုသည်မှာ မည်သည့်အရပ်သား လူထုကိုမဆို ဦးတည်၍ စနစ်ကျကျ တိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများ ဟုဆိုထားသည်။
အပိုဒ် (၇)အရ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် သက်ဆိုင်သော ပြစ်မှု အမျိုးအစား (၁၁)ခုမှာ -
(၁) လူသတ်မှု၊
(၂) မျိုးဖြုတ်ခြင်း၊
(၃) ကျွန်ပြုခြင်း၊
(၄) ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊
(၅) ထောင်သွင်း အကျဉ်းချခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ချိုးဖောက်၍ လူတယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း၊
(၆) ညှင်းပမ်းနှိပ်စက်ခြင်း၊
(၇) မုဒိမ်းကျင့်ခြင်း၊ လိင်ကျွေးကျွန်ပြုခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရရှိစေခြင်း၊ အခြားဆိုးရွားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊
(၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှင်းပမ်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊လိင်စသည့်အုပ်စုများအား ညှင်းပန်းနှိပ်စက်ခြင်း၊
(၉) လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
(၁၀) လူမျိုးအသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်သော ရာဇဝတ်မှုများပြုလုပ်ခြင်း၊
(၁၁) တမင်တကာ ရည်ရွယ်၍ ကြီးစွာသော ခံစားမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း စသည့် အခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုသည်။
အိုင်စီစီသို့ တိုင်ကြားနိုင်မှု အဆင့်ဆင့်
အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံးသည်ကုလသမ္ဂ၏အပြည်ပြည်ဆိုင်ရာတရားရုံးကဲ့သို့ နိုင်ငံအချင်းချင်းအကြားဖြစ်ပွားသည့် ပြဿနာများကိုဖြေရှင်းရန်၊ နိုင်ငံတနိုင်ငံကို တရားစွဲဆိုရန် မဟုတ်ပါ။- - ရောမသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ထိုး ထားသော နိုင်ငံ၏ နိုင်ငံသားတဦးဦးက မည်သည့်နေရာတွင်မဆို ထိုသတ်မှတ်ထားသော ရာဇဝတ်မှုကျူးလွန်ပါက သို့မဟုတ် ထိုအတည်ပြု လက်မှတ် ထိုးထားသောနိုင်ငံ၏ အချုပ်အခြာပိုင်နယ်မြေဒေသအတွင်း ကျူးလွန်သော ရာဇဝတ်မှုများဖြစ်ပါက တရားစွဲ ဆိုနိုင်ပါသည်။
- - ကျူးလွန်သူသည် အမျိုးသား အမျိုးသမီးဖြစ်စေ၊ သာမန် အရပ်သားဖြစ်စေ၊ စစ်တပ်တွင် တာဝန်ရှိသူဖြစ်စေ၊ အစိုးရတွင်တရားဝင် ရာထူးရှိသူဖြစ်စေ၊ ထိုရာဇဝတ်မှုတွင် တာဝန်ရှိသည့် မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပါသည်။
- - တိုင်ကြားခံရသောသူသည် လူပုဂ္ဂိုလ်တဦးချင်းဖြစ်ရပါသည်။
- - ထိုသူသည် တဦးချင်းဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ အမှုကို ကျူးလွန်သူ၊
- - ထိုအမှုကို ကျူးလွန်ရန်အတွက် အမိန့်ပေးစေခိုင်းခဲ့သူ၊
- - အမှုကျူးလွန်နိုင်အောင် အားပေးကူညီပံ့ပိုးပေးခဲ့သူ၊
- - ကျူးလွန်သူများကျူးလွန်နိုင်အောင် ရည်ရွယ်ချက်တူဖြင့် အားပေးပါဝင်ခဲ့သူ၊
- - ထိုအမှုကျူးလွန်ရန် ကြံစည်ကြိုးပမ်းခဲ့သူ၊
- - လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်သူ ဖြစ်ရပါမည်။
- - တရားရုံးအနေဖြင့် တိုင်ကြားမှုများကို လက်ခံလာပါက ထိုကျူးလွန်သောရာဇဝတ်မှုများကို မည့်သူက အဓိက၊ အမြင့်ဆုံးတာဝန်ရှိသည်ကို စုံစမ်းစစ်ဆေးဖော်ထုတ်မည်။
- - ထိုနောက် ထိုအမှုများတွင် အမိန့်ပေးစေခိုင်းသောသူ၊ ထောက်ပံ့ကူညီအားပေးသူနှင့် စီမံဆောင်ရွက်သူများအပါအဝင် ထိုကျူးလွန်မှုတွင် တာဝန်အရှိဆုံးသူများကို အပြစ်စီရင်မည် ဖြစ်သည်။
တာဝန်အရှိဆုံးသူကို အပြစ်ရှိကြောင်းစုံစမ်းရာတွင်-
- - စွပ်စွဲခံရသော စစ်ခေါင်းဆောင်နှင့် ကျူးလွန်သူများအကြားရှိ အထက်၊အောက်ဆက်ဆံမှု၊
- - စစ်ခေါင်းဆောင်အနေဖြင့် ထိုအမှုကို ကျူးလွန်တော့မည်ဖြစ်ကြောင်း (သို့မဟုတ်)ကျူးလွန်ပြီးဖြစ်ကြောင်း သိနိုင်သောအခြေအနေ၊
- - ထိုအမှုကို မကျူးလွန်ရန် တားဆီးနိုင်သော သို့မဟုတ် အရေးယူနိုင်သော (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ရှိသူထံ စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် ပေးပို့နိုင်သော မိမိ၏ အခွင့်အာဏာကို လိုအပ်သလို လုပ်ဆောင်ရန် ပျက်ကွက်သော အခြေအနေမျိုးဖြစ်ရမည်။
တရားရုံးသို့အမှုများကို တင်ပြတိုင်ကြားနိုင်ရန် နည်း(၂)နည်း
(၁) ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်တဦးဦးသည် သူ့နိုင်ငံ၏ နယ်နိမိတ်တွင်ဖြစ်စေ အခြားနိုင်ငံတခုခုတွင်ဖြစ်စေ တရားရုံးကသတ်မှတ်ထားသော ရာဇဝတ်မှုသုံးမျိုးအနက် တခုခုကို ကျူးလွန်ခြင်း၊
(၂) အကယ်၍ ရောမစာချုပ်ကို လက်မှတ်မထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်များကို တိုင်ကြား မည်ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိုအမှုကို တရားရုံးသို့ လွှဲပြောင်းပေးမှသာ ထိုအမှုကို စုံစမ်း စစ်ဆေးနိုင်မည်ဖြစ်၏။ ထိုသို့လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် မဲခွဲဆုံးဖြတ်ရန် လိုအပ်သည်။ နိုင်ငံများသည် ထောက်ခံ၊ ကန့်ကွက်မဲများပေးနိုင်သလို ကြားနေမဲလည်း ပေးနိုင်သည်။ သို့သော် ထိုသို့တရားရုံးကို လွှဲပြောင်းပေးနိုင်ရန်အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ(၁၅) နိုင်ငံအနက် (၉) နိုင်ငံမှ ထောက်ခံမဲရရှိရန် လိုအပ်သည်။
သို့သော် အမြဲတမ်း (၅) နိုင်ငံမှ တနိုင်ငံက ဗီတိုအာဏာသုံးပါက ထိုအမှုကိုတင်နိုင်မည်မဟုတ်ချေ။
စာချုပ်ကိုလက်မှတ်ရေးထိုးထားသော နိုင်ငံကဖြစ်စေ၊ ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီကဖြစ်စေ တရားရုံးတော်သို့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သောအမှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာတရားရုံးသို့ တိုင်ကြားနိုင်သည်။ ထိုသို့တိုင်ကြားလာပါက နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး၏ တရားစွဲဆို အရာရှိသည် အကျူးလွန်ခံရသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားခိုင်လုံသော ရင်းမြစ်များမှ သတင်းအချက်အလက်များစုဆောင်း၍ စုံစမ်းစစ်ဆေးခြင်း စတင်ရပါသည်။
ထိုသို့စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးသည် အစိုးရ၏ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ရပါသည်။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးတွင် စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသောကြောင့် သက်ဆိုင်ရာအစိုးရနှင့် လက်တွဲဆောင်ရွက်ရပါသည်။
စုံစမ်းစစ်ဆေးသည့် တရားစွဲဆိုအရာရှိသည် အထောက်အထား များကို ရှာဖွေရသည်။
ကိုယ်တိုင်ခံစားရသူများ မျက်မြင်သက်သေများကို မေးမြန်းသည်။ ထိုသို့ရရှိသော သတင်း များကို မပေါက်ကြားအောင် အထူးထိန်းသိမ်းသည်။ ထိုသို့သတင်းပေးသော သူများအတွက်အန္တရာယ်မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ပေးထားရပါသည်။
စုံစမ်းစစ်ဆေးမှုကိုစတင်နေသည့်အချိန်အတွင်း တရားစွဲဆိုအရာရှိသည် အမှုစစ်ဆေးမည့် တရားရုံးတော်ထံမှ ထိုစွပ်စွဲခံရသည့်သူကို ဖမ်းဝရမ်းတောင်းခံနိုင်သည်။ အကယ်၍ထိုစွပ်စွဲခံရသည့်သူသည် အမှန်တကယ်ရာဇဝတ်မှုများကို ကျူးလွန်လောက်သည်ဟုယုံကြည်ရသော အခြေအမြစ်ရှိပါက တရားရုံးသည် ထိုဖမ်းဝရမ်းတောင်းခံချက်ကို ခွင့်ပြုမည်ဖြစ်သည်။ ထိုစွပ်စွဲခံရသူကို ဖမ်းဆီးအပြီး (သို့မဟုတ်) ထိုသူကိုယ်တိုင်က အဖမ်းဆီးခံပြီးနောက် ထိုစွပ်စွဲချက်များကို တရားရုံးတွင် ကြားနာနိုင်သည်။ ထိုတရားရုံး ကြားနာစီရင်မှုအတွင်း စွပ်စွဲ ခံရသူအနေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုခွင့်ရှိသလို သက်သေအထောက်အထားများ တင်ပြခွင့်ရှိပေသည်။
တရားစစ်ဆေးနေသည့် ကာလအတွင်း စွပ်စွဲခံရသည့်သူသည် တရားခွင်တွင် ရှိနေရမည်။
တရားခွင် စစ်ဆေးသောအဖွဲ့သည် တရားခွင်၏ တရားမျှတမှုကို အထူးအလေးထားရမည်။
စွပ်စွဲခံရသူအနေဖြင့် တရားရေးဆိုင်ရာအခွင့်အရေးများရှိသလို ခံစားရသူများနှင့် မျက်မြင်သက်သေများကိုလဲ လုံခြုံအောင်ကာကွယ်ပေးရမည်။ ခိုင်လုံသောသက်သေ အထောက်အထားများ ပြည့်စုံပါက တရားရုံးသည် စီရက်ချက်ချနိုင်ပြီ ဖြစ်သည်။ တရားရုံးက ချမှတ်သည့်အမိန့်ကို အယူခံဝင်ပိုင်ခွင့်လည်း ရှိသည်။
Commission of Inquiry ၏ လုပ်ထုံးလုပ်နည်းများ
စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်မည်ဆိုပါက အောက်ပါအချက်များကို သတိပြုရမည်။
၎င်းတို့မှာ-
- စတင်စုံစမ်းပြီဆိုပါက ထိုစုံစမ်းစစ်ဆေးမှုကို စုံစမ်းစစ်ဆေးသူနှင့် တရားရုံးကလွဲ၍ တခြားမည်သူကမျှ အဆုံးသတ်ခိုင်းခြင်းမပြုနိုင်။ သို့သော် လုံခြုံရေးကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်ချက်ကို နောက်ထပ် ထပ်တိုးနိုင်သည့် (၁၂)လကာလ ရွှေ့ဆိုင်းနိုင်သည်။
- စုံစမ်းစစ်ဆေးမှုတခုလုံးသည် အထူးလျို့ဝှက်လုံခြုံမှုရှိရမည်။
- စုံစမ်းစစ်ဆေးသူသည် စုံစမ်းသည့်အချက်ကို ကျူးလွန်ခံရသောသူနှင့်ကျူးလွန်သည့်သူဘက် အပါ အဝင် ဘက်နှစ်ဘက်စလုံးကို မျှမျှတတစုံစမ်းဖော်ထုတ်ရမည်။
- စုံစမ်းစစ်ဆေးသောသူသည် ကျူးလွန်သူများအနေဖြင့် အစိုးရဖက်ကဖြစ်စေ၊ အတိုက်အခံအဖွဲ့များကဖြစ်စေ၊ အခြားအဖွဲ့များကဖြစ်စေ အဖွဲ့ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဖြစ်နိုင်ချေဖြစ်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရမည်။
- စုံစမ်းစစ်ဆေးမည်ဆိုပါက စုံစမ်းစစ်ဆေးမည့်သူသည် ထိုအခင်းဖြစ်ပွားသည့်နိုင်ငံ၏အစိုးရကိုခွင့်တော င်း၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နိုင်သည်။
စုံစမ်းစစ်ဆေးမည့်သူ၏ လုပ်ပိုင်ခွင့်များ
- အချက်အလက်များကို စုဆောင်းကောက်ယူနိုင်သည်။
- ခံစားရသူများနှင့် မျက်မြင်သက်သေများကို မေးခွန်းများ မေးနိုင်သည်။
- အစိုးရများနှင့် အခြားအဖွဲ့အစည်းများထံမှ ပူးပေါင်းဆောင်ရွက်မှုများကိုတောင်းခံနိုင်သည်။
- မိမိ စုဆောင်းရရှိထားသော သတင်းများကို လုံခြုံစိတ်ချစွာ ထိမ်းသိမ်းထားပိုင်ခွင့် ရှိသည်။
- မိမိရရှိထားသောသတင်းများအပြင် ထိုအချက်များကို ပေးသောသူများတွင်လုံခြုံမှုရှိစေရန်အတွက် လိုအပ်သော လုပ်ဆောင်ပေးမှုများ လုပ်ဆောင်ပေးရန်နှင့် ထိုသို့လုပ်ဆောင်ပေးရန် တောင်းဆိုနိုင်သည်။
သံသယရှိသည်ဟုယူဆရသောသူ၏ ရပိုင်ခွင့် အခွင့်အရေးများ
စုံစမ်းစစ်ဆေးသူသည် ကျူးလွန်သည်ဟု သံသယရှိသောသူကို မေးမြန်းတော့မည်ဆိုပါကထိုသူ့ထံတွင် အောက်ပါအခွင့်အရေးများရှိကြောင်း အသိပေးရမည်။ ၎င်းတို့မှာ-
- -အပြစ်ရှိသည်ဟု ထုတ်ဖော်မပြောဆိုနိုင်ခွင့်၊
- -တရားလက်လွတ်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းမှကင်းလွတ်ခွင့်၊
- -စကားပြန်ဖြင့် မေးမြန်းခြင်းကို ရပိုင်ခွင့်၊
- -ထိုသူ့အပေါ် သံသယရှိနေကြောင်းကို ထိုသူအား ပြောပြခြင်း၊
- -မပြောဘဲ နေပိုင်ခွင့်၊
- -ရှေ့ နေရရှိခွင့်၊
- -ရှေ့ နေမငှားနိုင်ပါက အကူအညီရရှိခွင့်၊
- -သူကိုယ်တိုင်ကငြင်းဆိုခြင်းမဟုတ်ပါက သူ၏ရှေ့နေရှေ့မှောက်တွင်မေးခွန်း မေးမှုများကို ရရှိပိုင်ခွင့်။
စုံစမ်းစစ်ဆေးမှုအဆင့်ဆင့်
- စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်း၊
- စုံစမ်းစစ်ဆေးသူအား ခန့်အပ်ခြင်း၊
- သက်ဆိုင်ရာအစိုးရနှင့် ညှိနှိုင်း၍ စုံစမ်းစစ်ဆေးခြင်း၊
- စုံစမ်းစစ်ဆေးပြီးသည့်နောက် ကျူးလွန်သူသည် အမှန်တကယ် ကျူးလွန်ကြောင်း
- ခိုင်လုံသော အထောက်အထားများ တွေ့ရပါက အကြိုခုံရုံးတွင် ဖမ်းဝါးရမ်း တောင်းခံခြင်း၊
- အကြိုခုံရုံးက ဖမ်းဝရမ်းထုတ်ပေးခြင်း၊ဖမ်းဆီးခြင်း၊ ကိုယ်တိုင်လာအဖမ်းခံခြင်း၊
- အကြိုခုံရုံးတွင် စွဲဆိုချက်များကို ကြားနာစေခြင်း၊
- စွပ်စွဲခံရသူက စွဲဆိုချက်များအပေါ် ငြင်းဆိုခြင်း၊ မိမိ၏ သက်သေအထောက်အထားများကို တင်ပြခြင်း၊
- ခိုင်လုံသည့်အထောက်အထားများရှိပါက စွဲချက်များကို အတည်ပြုခြင်း၊
- စွပ်စွဲခံရသူကို တရားရုံးတင်ခြင်း၊
- အကြိုတရားရုံးက ထိုအမှုသည် အိုင်စီစီတွင် တင်နိုင်သောအမှု ဖြစ်ကြောင်း တင်သွင်းခြင်း၊
- တရားစစ်ဆေးခြင်း (တရားမျှတသော တရားခွင်ဖြစ်ရန် တာဝန်ခံစေခြင်း)၊
- တရားရုံးက စီရင်ချက်ချခြင်း၊
- တရားခံအနေဖြင့် အယူခံဝင်လိုပါက အယူခံဝင်ခွင့်ကို ခွင့်ပြုခြင်း။
သက်ဆိုင်ရာ အချက်အလက်များကို ကောက်ယူခြင်းနှင့် အရေးပါမှုအပိုင်း
သတင်းအချက်များရရှိရန်မှာ အိုင်စီစီအတွက် အထူးအရေးကြီးလှသည်။ ထိုမှသာ မှန်ကန်စွာဖြင့် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိုင်စီစီသည် ၄င်းထံတင်သွင်းလာသည့် သက်သေအထောက်အထား များကို သေသေချာချာ စစ်ဆေးဆောင်ရွက်လေ့ရှိသည်။
သက်သေအထောက်အထားများကို တင်သွင်းခြင်း အပိုဒ်(၆၉-၄)
သက်သေအထောက်အထားတင်သွင်းနိုင်မှုရှိမရှိကို တရားရုံးတော်က ဆုံးဖြတ်သည်။ ထိုတင်သွင်းသည့် သက်သေအထောက်အထားသည် တရားမျှတစွာ သုံးသပ်နိုင်မှုအပေါ် ထိခိုက်နိုင်ခြင်း ရှိမရှိကို အမြဲလေ့လာသည်။
ထိုသက်သေအထောက်အထားများသည် အိုင်စီစီ၏ လုပ်ထုံးလုပ်နည်းများအတိုင်းကောက်ယူမည်။
အကယ်၍ အောက်ပါအချက်အလက်များရှိနေပါက သက်သေအထောက်အထားများကို မတင်သွင်းနိုင်ပါ။ ၎င်းတို့မှာ-
-ထိုသက်သေအထောက်အထားသည် ခိုင်လုံမှုမရှိဟု ယူဆရသည့်အခါ၊
-ထိုသက်သေအထောက်အထား တင်သွင်းခြင်းကြောင့် တရားရေးလုပ်ငန်းစဉ်ကို အထူးထိခိုက် သက်ရောက်စေမည်ဟု ယူဆရသည့်အခါ။
အမှုကို စီရင်ရာတွင် ကျူးလွန်မှုမြောက်၊ မမြောက်ဆိုသည်ကို အောက်ပါအချက်နှစ်ချက်ဖြင့် စီရင်လေ့ရှိသည်။ ၎င်းတို့မှာ-
(၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
- - ထိုအမှုသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်သောအမှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှုဟုတ်မဟုတ်ကို လေ့လာဆန်းစစ်သော သက်သေအထောက်အထားများ၊
(၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence) တို့ဖြစ်ကြသည်။
(၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
ကျူးလွန်သောအမှု၏ နောက်ကွယ်တွင်ရှိသော အကြောင်းရင်းများကိုသက်သေပြရန်အတွက် ဖြစ်သည်။ ထိုသို့သက်သေပြနိုင်ရန်အတွက်-
- လူအမြောက်အများအပေါ် ထိခိုက်စေမှု၊
- အကြိမ်ကြိမ်အခါခါ ကျူးလွန်နေမှု၊
- ငြင်းဆိုနိုင်မှု အားနည်းမှု၊
- တင်ပြမှုများသည် အကြောင်းအရာ အချက်အလက်များ ညီညွတ်ခြင်းမရှိမှု၊သက်သေတဦးတည်းထံမှ ထွက်ဆိုချက်အမျိုးမျိုး ထွက်ဆိုနေမှု။
ရာဇ၀တ်မှုအခြေခံသော သက်သေအထောက်အထားများကို ကောက်ယူရာတွင် လိုအပ်သည့် အခြေခံအချက်များ
-၂ဝဝ၂ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောနေ့များမှစ၍
- -အခင်းဖြစ်ပွားရာနေရာ၊
- -ရာဇဝတ်မှုအမျိုးအစား၊
- -ခံရသည့်သူ အရေအတွက်၊
- -ခံရသောသူများ၏ နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုး၊ လိင်၊နိုင်ငံရေး သို့မဟုတ်ဘာသာရေးအုပ်စု၊
- -ကျူးလွန်သောသူ သို့မဟုတ် အုပ်စု အကြောင်း (တပ်ဖွဲ့၊ ယူနီဖောင်း)၊
- -ကျူးလွန်ချိန်တွင် ကျူးလွန်သူများက ထုတ်ဖော်ပြောဆိုချက် (ခံရသောသူများကိုမုန်းတီးမှုရှိရှိဖြင့် ပစ်မှတ်ထားလုပ်ဆောင်မှုကို ပေါ်လွင်စေသော ပြောဆိုချက်များ)
ရာဇ၀တ်မှုအခြေခံသော သက်သေအထောက်အထားကောက်ယူရာတွင် အသုံးပြုနိုင်သောအခြားအထောက်အထားများ
- -ဂြိုလ်တုသတင်းဓာတ်ပုံများ
- -ရာဇဝတ်မှုကျူးလွန်နေသည့် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊အသံဖမ်းထားသောအခွေများ၊
- -အခြားအဖွဲ့အစည်းများ၏ တင်ပြမှုများ၊
- -ဆေးမှတ်တမ်းများ၊
- -သံတမန်များ၊ သတင်းဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့များနှင့်
- -ကုလသမဂ္ဂဆိုင်ရာဝန်ထမ်းများ၏ အစီရင်ခံစာများ၊
- -လူသေမှတ်တမ်း၊ သချိုင်းများ၊
မျက်မြင်သက်သေတဦးချင်းထံမှ စုံစမ်းရရှိလာသောအချက်များကို စုဆောင်း၍ သုံးသပ်မှုများ ပြုလုပ် လေ့ရှိသည်။ ထိုအမှုများကို ဇယားများဆွဲ၍ လေ့လာခြင်းအားဖြင့် အခင်းဖြစ်ပွားရာ နေရာ၊ အချိန်၊ ထိခိုက်ခံစား ရသောသူများ၊ ကျူးလွန်သည့်အမှုများကို သေသေချာချာ ကွဲကွဲပြားပြား မြင်နိုင်မည်။ ထို့အပြင် ကျူးလွန်သူ များသည် တဦးထဲကကျူးလွန်ခြင်းလား၊ အုပ်စုလိုက် ကျူးလွန်ခြင်းလား ဆိုသည်ကို သိသာ ထင်ရှားစေနိုင်မည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ကျူးလွန်မှုသည် ပမာဏအရေအတွက် ဘယ်လောက်များကြောင်း သက်သေပြလာနိုင်သည်။ ကျူးလွန်သည့်အမှု၏ နောက်ခံလှုံ့ဆော်ချက်များမှာပိုမိုပေါ်လွင်လာသည်။ ကျူးလွန် သည့်သူ သို့မဟုတ် အုပ်စုများကို ပိုမို သက်သေပြနိုင်သည်။ထိုကျူးလွန်မှုသည် တနေရာထဲတွင် ကျူးလွန် ခြင်းမဟုတ်ဘဲ နေရာအနှံ့အပြားတွင်ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခြင်းဆိုသည့်အချက်ကို ပိုမိုထင်ရှားစေ သည်။ အကယ်၍လိုအပ်သည့်အချက်များ ရှိနေခဲ့ပါက ထိုအချက်များကို ရှာဖွေတွေ့ရှိလာစေနိုင်သည်။
(၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence)
ယခုသက်သေအထောက်အထားများသည် ကျူးလွန်သူကို ဖော်ထုတ်ခြင်း မဟုတ်တော့ဘဲ ယခု ကျူးလွန်သောသူ သို့မဟုတ် အုပ်စုသည် အခြားအထက်အရာရှိများနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်နေသည် ဆိုသည့် သက်သေအထောက်အထားများကိုရှာဖွေစုံစမ်းခြင်းဖြစ်သ ည်။
ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထားအမျိုးအစားများ
- -ကျူးလွန်သောသူနှင့် အထက်အရာရှိတို့၏ တိုက်ရိုက်ဆက်သွယ်ပတ်သက်မှု (ဥပမာ-ထိုသူများအကြား တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု)၊
- -ကျူးလွန်သောသူနှင့် အထက်အရာရှိများ၏ တပ်ဖွဲ့အုပ်ချုပ်မှုပုံစံဆက်စပ်မှု (ဥပမာ-တပ်ဖွဲ့ဖွဲ့စည်း အုပ်ချုပ်ပုံ အမိန့်စီးဆင်းမှု၊ နာခံမှုအထောက်အထားများ၊ အထက်အောက်အမိန့်ပေးမှု၊ လိုက်နာမှု အစီရင်ခံမှုပုံစံများ)၊
- -ပြစ်မှုကျူးလွန်မှုနှင့် ခေါင်းဆောင်များက ချမှတ်ထုတ်ပြန်ထားသော ပေါ်လစီများအကြားသက်ဆိုင် နေမှု၊
- -ထိုပြစ်မှုများကျူးလွန်ကြောင်းကို သက်ဆိုင်ရာအရာရှိက သိရှိသည်ကို ဖော်ပြနိုင်မှု၊
ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား ဥပမာများမှာ-
- -တရားဥပဒေ ပြဌာန်းချက်များ (စစ်တပ်၏ ဖွဲ့စည်းပုံ စစ်အဂါင်္စဉ်များ၊ စစ်တပ်၊ရဲတပ်ဖွဲ့များနှင့် အစိုးရတို့ အကြားဆက်သွယ်မှု)၊
- -စစ်ဘက်ပိုင်းဆိုင်ရာ အထောက်အထားများ ( ကျူးလွန်သောသူနှင့် ၄င်းအပေါ်အမိန့်စီးဆင်းမှု ယန္တယားပုံစံများ၊ တာဝန်ခံအုပ်ချုပ်ပုံ လုပ်ငန်းအဆင့်ဆင့်)၊
- - အစိုးရပိုင်းဆိုင်ရာ သက်သေအထောက်အထားများ (ကျူးလွန်မှု၊ ကျူးလွန်သူနှင့်၎င်းအပေါ် အမိန့်ပေးသောသူနှင့် ထိုသူ၏ အဆင့်များ)၊
- -အစိုးရအရာရှိများ၏ထုတ်ဖော်ပြောဆိုချက် ( သတင်းဌာနများတွင်အစိုးရပေါ်လစီနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများ)၊
- -အခြားသူများက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုချက်များ ( သတင်းသမားများ၊သံတမန်များ၊ အစိုးရ နှင့် အစိုးရမဟုတ်သည့်အဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များက ထိုအမှုနှင့် ပတ်သက်၍ ခေါင်းဆောင်တာဝန်ရှိသူများအားထုတ်ဖော်ပြောကြားချက်များ)၊
- -ကြားဖြတ် ဖမ်းယူရရှိသည့်သတင်းများ၊
- -ကျွမ်းကျင်သူများ၏ အစီရင်ခံတင်ပြချက်များ။ စသည်တို့ဖြစ်ပါသည်။
Last edited by SLADE; 12-25-2012 at 04:42 PM.
-
toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf
-
Banned
a,musfm; rsuf&nf
raeYu Press Conference vkyfygw,f/ tJh- rwkdifrSD Rights a&SYaeawGeJY (rGwfqvif r[kwfaom) pyGefpm&SifBuD;awG- ußGefawmfeJY aqG;aEG;ygw,f/ tpdk;& wpf&yftaeeJY- 'DtrIudk avSmifajymif oa&mfypfr,fh yHkpHrsdK; rjzpfapcsifbl;-vdkY ußGefawmh cHpm;csufudk ajymjyygw,f/
ußGefawmh&JY pyGefpm&SifawGxJrSm urÇmausmf Jewish Law Firm 18 zGJY eJY rdk'Dudk w&m;pGJxm;wJh qufcf Law Firm BuD;yg0ifygw,f/- olwdkYu “This is a Very First Step to Take a Legal Action, if they reject or ignore the case, we will show up the next page, we have already sent the file to ICC under the agreement of UN.”
Press Conference rSm ußGefawmfapmifhaecJhwJh aeYwpfaeYudk a&mufygNyD- vdkY ajym&if; rsuf&nfrsm; rxdef;EdkifyJ uscJhygw,f/
rk[r®'fwGma[&f
Civil Rights Movement
The Hague jrdK hawmfMuD;udk c&D;xGuf&awmhr,fh yk*d¾Kvfrsm;uawmh
Thein Sein
President of Myanmar ; former Prime Minister and General of Myanmar Army
Wunna Maung Lwin
Minister for Foreign Affairs of Myanmar
Thein Htay
Ex Minister of Border Affairs, Myanmar
Khin Yi
Ex Minister for Immigration and Population
Maung Ohn
Chief Minister of Rakhine State, Myanmar
Ko Ko
Minister of Home Affairs, Myanmar
Last edited by Qutuz; 10-04-2015 at 07:11 AM.
-
-
Banned
abmpfeD;,mqmYbfppfbk&if- Ratko Maldic udk ICC ppf&mZ0wfrSk&kH;rS vlYom;rsdK;EG,fpktay: Genocide vlrsdK;wkH;owfjzwfusL;vGefrSkeJY woufwuGsef; jypf'Pftjzpf 'duaeY w&m&kH;u qkH;jzwfvdkufygw,f/ jrefrm Genocide w&m;cHrsm;twGuf pHjyerlemwckvnf; jzpfedkifw,f/ The Hauge rSm iydaMumf r&avmufwJh twGuf MudKwif pDrHxm;oifhaMumif;
Last edited by Qutuz; 11-23-2017 at 04:34 AM.
-
-
Banned
လွတ်မယ် ထင်နေသလား?
ဝန်မခံဘူး၊ သတင်းထောက်တွေကို အ၀င်မခံဘူး၊ စုံစမ်းစစ်ဆေးရေး အ၀င်မခံဘူး ဆိုရင်ကော ICC က လွတ်မယ်များ ထင်နေသလား?
ဒူတာတေး ဆိုရင် ခံငြင်းယုံ မဟုတ်ဘူး၊ ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ဆဲ ခဲ့သေးတာပဲ။ စုံစမ်းစစ်ဆေးရေ ဆို အနားတောင် အကပ်မခံခဲ့ဘူး။
ငါ အပြစ်မရှိဘူး၊ ငါ့နိုင်ငံ အတွက် ငါလုပ်တာ မှန်တယ် လို့ ကလော်တုတ်ခဲ့တာ။
ဒီတင် ဘယ်ကမလဲ? ဘယ် လူ့အခွင့်အရေး အဖွဲ့မှ ကရုမစိုက်ဘို့ DASSK ကိုတောင် မြှောက်ပေးခဲ့ကြောင်း သူကိုယ်တိုင် ၀န်ခံတာ (၂၁ ရက်) သတင်း သုံးပတ် မပြည့်သေးဘူး။
ICC လည်း ငြိရော၊ ဟို ရိုဟင်ဂျာ သတ်နေတဲ့ သူတွေကိုတော့ ဘာမှ မလုပ်ဘူး လို့ ကလေးဆိုးကြီးလို ထိုးချတော့တာပဲ။
ခု ချိန်ထိလည်း သူ့မှာ အပြစ် မရှိဘူး ခံငြင်းနေတုန်း။ ရုံးပေါ်ဆွဲတင်ရင်လည်း တတ်နိုင်သမျှ ရှေ့နေတွေ ငှားပြီး ခံငြင်းဦးမှာပါ။ (တရားခံတွေမှာလည်း ခုခံခွင့် ရှိနေတာပဲ)။
ဒူတာတေးက လူမျိုးတစ်မျိုးကို မျိုးတုန်းရှင်းတာ မဟုတ်ဘူး။ ဘယ်လူမျိုး ဖြစ်တည်မှုကိုမှ ငြင်းပယ် သတ်ဖြတ်တာလည်း မဟုတ်ဘူး။ ဘိန်းစား စစ်ဆင်ရေး လုပ်နေတဲ့ အဆင့်လောက်ပဲ၊ (ဘိန်းစား အကြောင်းပြကာ အတိုက်အခံတွေကိုပါ ရောရှင်းတာလည်း ရှိခဲ့တာကိုး။)
လူမျိုးတုန်း ရှင်းထားတဲ့ ဗမာ အာဏာပိုင်များနဲ့ စစ်တပ်က၊ ခုထိ သူတို့ လွတ်မယ် ထင်နေတာတော့ -- အဲ့ဒီ ဘ၀င် တွေက ဆေးကုလို့ ရဘို့ မရှိတော့ပေဘူး။
ref: Civil Rights Movement
-
-
Banned
ICC ကို မရောက်နိုင်ဘူး ဆို-
ငါတို့က Rome Statute ကို လက်မှတ် မထိုးတားဘူး။ UNSC မှာလည်း တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ အပြတ်ကာကွယ်မှာ- ICC ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး-- ဆို။
"ICC ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး" ဆိုရင် - ဘာကြောင့်များ -၊ ICC အတွက် ခုခံကာကွယ်ရေးတွေ ပြင်ဆင်နေတာလဲ?
ဥပဒေကြောင်းတွေ ဆွေးနွေးပြင်ဆင်လိုက်၊ ဘင်္ဂလားဒေ့ရှ်ကို နားချပေးပါလို့ တရုတ်နဲ့ ဂျပန်ကို ကပ်လိုက်။ (တရုတ် ကို ပြောရမှာက UNSC မှာ သာ ဗီတိုပေးပေးပါ ပြောရမှာ-၊ ခုတော့ တရုတ်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်ကို ခြေထောက်ဖက်တောင်းပန်ပေးနေရ-)
ငါတို့တော့ ICC ကို ရောက်တော့မယ်လို့ ရင်ဘတ်တွေထဲမှာ သေချာပေါက် လက်ခံမထားရင် ဘာကြောင့်များ - ဘုရားကု တရားကုတွေ ကုနေစရာ လိုသလဲ? ဘာကြောင့်များ ဥပဒေကြောင်း အရ ချေပဘို့ စဉ်းစားနေစရာ လိုသလဲ? ဘာကြောင့်များ ဘင်္ဂလားဒေ့ရှ်ကို စောင်းချိတ်ပြောနေစရာ လိုသလဲ? ဘာကြောင့်များ --
ကြိုက်သလိုသာ ခုခံတော့ -- ကျုပ်ကတော့ ၂၀၁၈ ခုနှစ်ဟာ ICC ခုနှစ် ဖြစ်စေရမယ်လို့ ပြည်သူလူထုကို ကတိပေးပြီးသားပါ။
အလားတူပဲ -- ကြိုက်သလို ခုခံပါ။ ကြိုက်သလို ပြင်ဆင်ပါ။ ဘယ်နေ့ဟာ R2P သတ်မှတ်မယ် ဆိုတာကိုလည်း ပြောဘို့ ရှိပါသေးတယ်။ လောလောဆယ်တော့ -- ICC ဆေးပဲ ကျွေးထားပါဦးမယ်၊ ဆေးပတ်လည်အောင် သောက်ထားလိုက်ဦး။ ပြီးမှ နောက်တစ်ဆင့် ပြောမယ်။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
-
-
Banned
ဘော့စ်နီယားဂျင်နိုဆိုဒ်
Safe Zone တွေကို ထိန်းသိမ်းဖို့အတွက် UN ခြေလျင်တပ်တွေကို နေရာယူစေပီး / Safe Zone ကို တိုက်ခိုက်မဲ့ ရန်သူတွေကို ချက်ချင်း တုံ့ပြန်နိုင်အောင် NATO လေတပ်ကိုပါ အသင့်ပြင်ထားပါတယ်
ဒါပေမဲ့ NATO လေတပ်ကို အသုံးပြုဖို့ သော့ ၂ ချက်ကိုဖွင့်ရပါမယ်
ပထမသော့ကတော့ UNအရပ်သားအရာရှိ ယာဆူရှီအာ့ခါရှီ ဖြစ်ပါတယ် / သူကခွင့်ပြုရင်တော့ ဒုတိယသော့ချက်ဖြစ်တဲ့NATO ဗိုလ်ချုပ်တွေရဲ့ ခွင့်ပြုမိန့်ကို ယူရပါတယ် / ပီးရင်တော့ safe zone ကိုလာတိုက်တဲ့ရန်သူကို ဗုံးကြဲနိုင်ပါပီ
၁၉၉၂ နှစ်မှာ ဘော့စ်နီးယားအရှေ့ပိုင်းက ဆရက်ဘရက်နီဆာမြို့ကို မွစ်ဆလင်မ်တပ်တွေက တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းနိုင်ခဲ့ပီး ဒုက္ခသည်တွေရဲ့ ခိုလှုံရာဖြစ်နေတာပါ
၁၉၉၃ ခုနှစ်မှာ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်က ဆရက်ဘရက်နီဆာကို ပြန်သိမ်းခါနီးဆဲဆဲမှာပဲ UN က Safe Zone အဖြစ်ကြေငြာလိုက်ပါတယ်
ဆာဘ်ဗိုလ်ချုပ်ဟာ ပါးစပ်နားရောက်ခါမှ ပုတ်ချခံလိုက်ရလို့ ရေရေလည်လည်ကို ဒေါခီးပီး ဆရက်ဘရက်နီဆာကို ဝိုင်းရံပိတ်ဆို့ထားလိုက်ပါတယ် / ဝင်တော့မတိုက်ရဲပါဘူး
ကလင်တန် အစိုးရကတော့ တို့လုပ်ပေးလို့ လူ့အသတ်တွေအများကြီးကယ်နိုင်တာ ဆိုတဲ့ပုံစံပြောဆိုပါတယ်
US လွှတ်တော်အမတ်တွေကတော့ ဒီလိုအောက်ကြေးလောက်နဲ့ အလုပ်လုပ်တာမျိုးကို မလိုလားပါဘူး
မလာဒစ်ကို မြို့ကိုပိတ်ဆို့ခွင့်ဘာလို့ပေးတာလဲ /ခုချက်ချင်းကို ဗုံးကြဲပစ်ကွာ ဆိုတာမျိုးပါ
US လွှတ်တော်အမတ်တွေထဲက မက်ကလော့စကီး နဲ့ ဒိုးလ် တို့ကို US အစိုးရအဖွဲ့က " ဗုံးကြဲချင်ကြသူကြီးများ " လို့ ခနဲ့တဲ့တဲ့ ခေါ်လေ့ရှိပါတယ်
ဟိုပုဂ္ဂိုလ်ကြီးတွေကတော့ ခနဲ့ရုံမက လို့ ဘာနဲ့ပဲ ထိုးနှက်ထိုးနှက် သူ့တို့ခံယူချက်နဲ့ ကြိုးပမ်းမှုတွေကို တစက်မှ မလျှော့ပါဘူး
မက်ကလော့စကီး၏ စီးချင်းထိုးပွဲများ
""""""""""""""""""""""""""""""""""""""""""""
လွှတ်တော်ကြားနာပွဲတွေမှာ မက်ကလော့စကီးဟာ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ ကို ရသမျှ ခေါ်ကြိတ်နေပါတယ်
ဒီလို ခေါ်ကြိတ်နိုင်အောင်လည်း မက်ကလော့စီးဟာ ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် ခရီးသွားလျက် အချက်အလက်သစ်တွေ ယူလာလေ့ရှိပါတယ်
မက်ကလော့စကီး >>" ခင်ဗျားတို့ အစိုးရရဲ့ လျစ်လျူ ရှု့မှုကြောင့် ဒီတပတ် ဘော့စ်နီးယားမှာ လူဘယ်လောက် ထပ်သေပြန်ပီ ; အဲ့ဒါ genocide ဟုတ်မဟုတ် yes or no ဖြေပါ "
ခရစ္စတိုဖာ >> " ခင်ဗျားက ကျနော့်ကို ဥပဒေပညာရှင်တွေဆုံးဖြတ်ရမဲ့ ပညာရပ်ပိုင်းဆိုင်ရာကိစ္စကို ဝင်ဆုံးဖြတ်ခိုင်းနေတာလား "
အဲ့သလို တင်းမာတဲ့ အမေးအဖြေတွေဟာ မက်ကလော့စကီးရဲ့စီးချင်းထိုးပွဲတွေကနေ ထွက်ပေါ်နေပါတယ်
မက်ကလော့စကီးရဲ့ စီးချင်းထိုးပွဲတွေဟာ လွှတ်တော်ထဲမှာတင်ရပ်မနေပါဘူး
ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် သွားနေရတဲ့ မက်ကလော့စကီး ဟာ သူ့မဲဆန္ဒနယ်ကိုတောင် လှည့်မကြည့်မိတဲ့ အဖြစ်ကိုရောက်နေပါတယ်
သူရဲ့ရွေးကောက်ပွဲမန်နေဂျာက ဒီကိစ္စကို သတိပေးစကားပြောတော့ မက်ကလော့စကီးက " လူသားသိန်းနဲ့ချီ သတ်ဖြတ်ခံနေရတဲ့ ကိစ္စက ရွေးကောက်ပွဲထက်ပို အရေးကြီးတယ်ကွ " လို့ပြန်ဖြေပါသတဲ့
မက်ကလော့စကီးရဲ့ ပြိုင်ဘက်ကတော့ ဒီအချက်ကို အသုံးချထိုးနှက်ပီး မဲဆွယ်ပါတယ်
ဒါ့ကြောင့် ရွေးကောက်ပွဲမှာ မက်ကလော့စကီး ရှုံးနိမ့်သွားပါတယ်
မက်ကလော့စကီး အမတ်ဘဝက ပြုတ်ပါပီ
သူစိတ်ဓါတ်ကျသွားပီလား
No ပါ ! မက်ကလော့စကီးရဲ့ တုံ့ပြန်မှုကတော့ " သန်းချီတဲ့လူသားတွေရဲ့ အသက်ကိုကယ်တင်ဖို့လုပ်ရာမှာ အမတ်နေရာက ပြုတ်ပေးရလဲ တန်ပါတယ် " ဆိုတာမျိုးပါ
မက်ကလော့စကီးရဲ့ စွန်လွှတ်အနစ်နာခံပီးတိုက်ခဲ့တဲ့ စီးချင်းထိုးပွဲတွေပါ
ingun jawa ရေးသည်။
-
toHk;0ifvSaom txufygpmydk'ftwGuf azmfjyyg rdwfaqGrS aus;Zl;wif&Sdygonf
-
Banned
Icc တရားခံတွေ အတွက် သတင်းကောင်း
နေပြည်တော်မှာ ကိုယ်ပျောက် နိုင်တဲ့ ပရဆေး ဥယျာဉ် ရှိပါတယ်။ ဒါနဲ့  စကားမစပ် နေမျိုးဝေ အေးမောင် အခု သွေးချွန် ။ အကောင်ငယ်ေ လးတွေ တကောင်ပြီး တကောင် ချ ကျွေး နေရ ပြီ။
-
toHk;0ifvSaom txufygpmydk'ftwGuf azmfjyyg rdwfaqGrS aus;Zl;wif&Sdygonf
-
Banned
July 27 &ufrSm w&m;&Hk;odk h rysufruGuf vma&muf yg&ef ICC rS taMumif;Mum;vmcJhygjyD/
-
-
Banned
ဝရမ်းနှစ်ကြိမ်- တရားခံ မလာရင် လက်ထိပ်နဲ့ ခေါ်ရမယ် လို့ ဥပဒေ ပညာရှင် သမ္မတကြီး ဦးဝင်းမြင့်ကတော့ ပြောသွားတယ်။
ICC က အမှုကို လက်ခံလိုက်ပြီ ဆိုတော့ -- တရားခံ ရာဇ၀တ်ကောင်တွေကို စာရင်းပြုမယ် (ပြုပြီးသားပါ- ရုံးတော် တရားဝင် ဖြစ်အောင် အပြသဘော စာရင်းပြုမယ်) - ပြီးရင် ၀ရမ်းထုတ်မယ်။
ပြီးတော့ -- ပြီးတော့ -- ဥပဒေ ပညာရှင်ကြီး ပြောသလို--
လက်ထိပ်နဲ့ ခေါ်ရမှာပေါ့။
ဥပဒေ ပညာရှင် သမ္မတကြီးက ကျုပ်တို့ထက် ပို သိပါတယ်လေ။
မုဟမ္မဒ်တွာဟေရ်
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
-
Posting Permissions
- You may not post new threads
- You may not post replies
- You may not post attachments
- You may not edit your posts
Forum Rules