Closed Thread
Page 78 of 101
FirstFirst ... 28 68 76 77 78 79 80 88 ... LastLast
Results 771 to 780 of 1001

Thread: tGefvdkif;ay:uowif;rsm; (5)

  1. #771
    Senior Cupid   RECEY is on a distinguished road RECEY's Avatar
    Join Date
    Jan 2010
    Location
    chin tae Island
    Posts
    508
    Thanks
    687
    Thanked 11,884 Times in 516 Posts

    Default

    The Voice Weekly


    ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

    နေပြည်တော်၊ ဇူလိုင် ၁

    ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

    လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

    ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။
    @ Voice
    လ ဝ က ကကောင်တွေထောပြီ


  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  3. #772
    Godly Cupid   zani is on a distinguished road
    Join Date
    Aug 2007
    Posts
    3,696
    Thanks
    1,359
    Thanked 33,117 Times in 3,749 Posts

    Default

    The Voice Weekly


    ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ယနေ့မွန်းလွဲ သုံးနာရီခန့်တွင် အတည်ပြု ပြောကြားသည်။

  4. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  5. #773
    Noble Contributor Wizard Cupid Arimoniam   zepeian is on a distinguished road zepeian's Avatar
    Join Date
    Nov 2008
    Location
    Currently @ Home
    Posts
    1,040
    Thanks
    46,001
    Thanked 18,686 Times in 1,032 Posts

    Default

    လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သုံးရက်ခွင့်ယူထား

    ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော် မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

    အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပငါးနိုင်ငံခရီးစဉ်အပြီး ခရီးပန်းလာသောကြောင့် ကျန်းမာရေးအရ ထိုသို့ခွင့်ယူရခြင်းဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော်တွင် စတင်ကျင်းပမည့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်၊ ၅ ရက် စုစုပေါင်း သုံး ရက် ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပါသည်။

    ''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင်လွှတ်တော် တက်မှာပါ''ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

    ဥရောပငါးနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါသွားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့ ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနားယူဖို့ ကျွန်တော်တို့ တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်းမရှိသေးသော် လည်း ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှာ ဇူလိုင်လ ၄ ရက် နေ့မှစ၍ တက်ရောက်မည်ဖြစ်ကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြောပါသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေလ ၂ ရက်နေ့တွင် ကျင်းပသော လွှတ်တော်တွင် ကျမ်းကျိန်ဆိုမှုများ ပြုလုပ်ခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၌သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်နေရာ ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများပါသောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်တွေ့ဆုံ

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ရေးရာ ကော်မတီ ဥက္ကဋ္ဌများပါဝင်သော အဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသား များသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ) ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် လက်ရှိအသွင်းကူးပြောင်းရေးကာလနှင့် ပတ်သက်သော အကြောင်းအရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများက ဥပဒေ၊ နည်းဥပဒေကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး ကိစ္စများနှင့် ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ''ဒါပထမဆုံးစတွေ့တဲ့ပွဲ ဖြစ်ပြီး လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အသက်ဝင်လာဖို့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖက်က၊ အစိုးရအဖွဲ့အစည်းတွေ ဖက်ကလည်း ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ သဟဇာတဖြစ်ဖို့ပေါ့။ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ အဲဒါတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုရှိရင် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းလေးတစ်ခုထားသွားဖို့လည်း ဥက္ကဋ္ဌကြီးက အလေးအနက်ပြောသွားပါတယ်'' ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောပါသည်။

    ယင်းဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီးပွားကူးသန်းရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တို့ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

    စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လဝက ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံ


    ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တို့သည် မီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးစိုးသိန်းက ရင်းနှီးမြုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလားအလာ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရယူရန်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ရန်ကုန်မြို့တွင် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မှတ်ပုံတင်ထုတ်ပေးသည့် ကိစ္စရပ်များ၊ စီမံကိန်းများ၊ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးနေသည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်စစ်ဆေးနေသည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    Source: EMG
    Last edited by zepeian; 07-01-2012 at 01:25 PM. Reason: adding more news.
    Think Different, Don't Offend

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 27 OD;rS aus;Zl;wif&SdMuygonf


  7. #774
    Senior Cupid   RECEY is on a distinguished road RECEY's Avatar
    Join Date
    Jan 2010
    Location
    chin tae Island
    Posts
    508
    Thanks
    687
    Thanked 11,884 Times in 516 Posts

    Default

    မူဆလင်နိုင်ငံကူဝိတ် မှ မြန်မာနိုင်ငံအား မူဆလင်အရေးနဲ့ပတ်သက်ရ်ျ ရှုတ်ချ။

    http://www.kuna.net.kw/ArticleDetail...91&Language=en


    KUNA : Kuwait condemns inhuman practices against Muslims in Myanmar...
    www.kuna.net.kw

  8. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 17 OD;rS aus;Zl;wif&SdMuygonf


  9. #775
    Junior Cupid   ko too is on a distinguished road
    Join Date
    Apr 2006
    Posts
    115
    Thanks
    59,197
    Thanked 1,717 Times in 114 Posts

    Default

    I think everybody in Mynamar should aware of this.

    Myanmar will accept 28000 + 400,000 Bingalis, said Deputy Minister of MOFA.

    Here is the link from thithoolwin.

    http://www.thithtoolwin.com/2012/07/...l#.T_Ly-HmM-Sp

    wbr
    Last edited by ko too; 07-03-2012 at 01:55 PM.

  10. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


  11. #776
    Wizard Cupid ?   aungzaya is on a distinguished road aungzaya's Avatar
    Join Date
    Feb 2007
    Posts
    1,091
    Thanks
    2,317
    Thanked 23,968 Times in 1,157 Posts

    Default

    ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူး မင်းသား ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅ ရက်နေ့တွင် မန္တလေးသို့ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef)မှ ထုတ်ပြန်ထားသည်။

    Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှ တစ်ဆင့် မန္တလေးမြို့သို့ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေ ၃ နာရီ တွင် ၄င်း၏ အထူးလေယာဉ်ဖြင့်---

    သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

  12. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  13. #777
    Wizard Cupid ?   aungzaya is on a distinguished road aungzaya's Avatar
    Join Date
    Feb 2007
    Posts
    1,091
    Thanks
    2,317
    Thanked 23,968 Times in 1,157 Posts

    Default

    ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံ (ရုပ်သံ)

  14. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  15. #778
    Senior Cupid   RECEY is on a distinguished road RECEY's Avatar
    Join Date
    Jan 2010
    Location
    chin tae Island
    Posts
    508
    Thanks
    687
    Thanked 11,884 Times in 516 Posts

    Default

    အစ္စလမ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

    ရိုဟင်ဂျာ မိသားစုတွေ အကြမ်းဖက်ခံရတဲ့ ကိစ္စ ငြိမ်းအေး ဖို့ အတွက် ကူညီပါရန် အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို OIC ခေါ် အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အစည်းက တိုက်တွန်း
    လိုက်ပါတယ်။

    OIC အဖွဲ့ အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို ( Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည် ကို စာနဲ့ရေးသားမေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးအနေ နဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆောင်ရွက်ရာ
    မှာ ဒီလုပ်ငန်းစဉ်ဟာမိမိ အိမ်ရှေ့ ကနေ စတင်လိမ့် မယ်လို့ မိမိ တို့ ယုံကြည် ပါကြောင်း ဖေါ်ပြပါရှိပါတယ်။

    အဖွဲ့ ဝင် ၅၇ နိုင်ငံပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနို က ဒုက္ခသည်တွေ မိမိတို့ နေရာကို မြန်မြန် ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်းပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့အခွင့်အရေးတွေ ဖေါက်ဖျက်ခံရမှု အပေါ် လည်း စိုးရိမ် ပူပန်ကြောင်း ဖေါ်ပြထားပါ တယ်။

    ဒါ့အပြင် ဆော်ဒီအာရေးဗီးယား နိုင်ငံမှာရှိတဲ့ OIC ဌာနာချုပ်ကိုလည်း လာရောက်လည်ပတ်ဖို့  စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ခေါ် ထားပါတယ်။




    @RFA

  16. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  17. #779
    Senior Cupid Life was like a box of chocolates,You'll never know what you gonna get !   akm is on a distinguished road akm's Avatar
    Join Date
    Jun 2006
    Location
    yangon.myanmar
    Posts
    866
    Thanks
    11,248
    Thanked 12,494 Times in 871 Posts

    Default

    စစ်တွေမြို့တွင်း၌ ဘင်္ဂလီအလုပ်သမားများနေရာတွင် ရခိုင်လုပ်သားများအစားထိုး

    စစ်တွေမြို့ မြို့မဈေးတွင် ယခင်က ဘင်္ဂလီအလုပ်သမားများလုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင်ရခိုင်တိုင်းရင်းသား အလုပ်သမားများအား အစားထိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။''ဒီနေ့ မြို့မဈေးကိုဖွင့်ထားပါပြီ၊ ဈေးတွင်းအလုပ်သမားတွေကိုလည်း ရခိုင်တွေကိုပဲ ခန့်ထားပါပြီ၊ ဒါကလဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရခိုင်အလုပ်သမားတွေ အတွက်ပါ၊ လူကြီးတွေရဲ့ အစီအစဉ်နဲ့ လုပ်တာပါ၊''ဟု ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။ယခင်က ဒေသခံ ရခိုင်လုပ်သားအများစုမှာ ကြုံရာအလုပ်များအား ဝင်ရောက်လုပ်နေကြရပြီး လက်ရှိတွင် မြို့မဈေးအတွင်း၌ ရခိုင်အလုပ်သမားများကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။" ကျွန်တော်တို့်က အလုပ်မရှိတာ ကြာပြီ ကြုံရာလုပ်နေရတာ အခုလို ဈေးမှာ ပုံမှန် လုပ်နေရမယ်ဆိုတော့ မိသားစုအတွက် ဝင်ငွေကောင်းသွားပါပြီ''ဟု မြို့မဈေးတွင် ကုန်တင်ကုန်ချအလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သားတစ်ဦးက ပြောသည်။
    ထိုအပြင်လူမှုရေးအဖွဲ့စည်းတစ်ခုဖြစ်သည့် ၀ံလက်ဖောင်ဒေးရှင်းမှလည်း ရခိုင်အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာအနေဖြင့် မုန့်လုပ်ငန်းဆိုင်ရာသင်တန်းများကို အခမဲ့ပို့ချပေးနေကြောင်းကိုလည်း သိရှိရသည်။'' လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလဲ ရခိုင်တွေကိုပဲ အသုံးပြုဖို့ အစီအစဉ် ရှိပါတယ်၊''ဟု စစ်တွေမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။စစ်တွေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့သာရေးနာရေးအသင်းမှ ဆရာတော်ကြီးများကလည်း လုပ်ငန်းခွင်များတွင် ဘင်္ဂလီများအစား ရခိုင်လူမျိုးများကိုသာ အလုပ်ပေးရန် တောင်းဆိုထားသလို ရခိုင်အလုပ်သမား သမဂ္ဂဖွဲ့စည်းရန်လည်း တောင်းဆိုထားကြောင်း သိရသည်။" ရခိုင်အလုပ်သမား သမဂ္ဂကိုဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒီလို ဖွဲ့စည်းထားမှ အလုပ်ရှင်တွေအတွက် လိုအပ်တဲ့ ရခိုင်အလုပ်သမားတွေကို ရှာဖွေပေးနိုင်မှာ''ဟု ရခိုင်သမိုင်းသုတေသီဆရာတော်ဦးပညာစာရက မိန့်ကြားသည်။
    Character is power.

  18. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


  19. #780
    Senior Cupid Life was like a box of chocolates,You'll never know what you gonna get !   akm is on a distinguished road akm's Avatar
    Join Date
    Jun 2006
    Location
    yangon.myanmar
    Posts
    866
    Thanks
    11,248
    Thanked 12,494 Times in 871 Posts

    Default



    Uploaded with ImageShack.us
    Character is power.

  20. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


Closed Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts