အရှင်ဇ၀နတဖြစ်လဲ ဦးစိုးမြင့်ရဲ့ အင်တာဗျူးကို ဒီနေ့ဖတ်လိုက်ရပါတယ်.... တော်တော်စိတ်မကောင်းသလို နှမြောလဲ နှမြောမိတယ်.... သဒ္ဒါလွန်တော့ တဏှာကျွံတယ်ဆိုတဲ့ စကားအတိုင်း ဒါယိကာမများ စောင့်ထိန်းသင့်ပါတယ်လို့ပဲ မြင်မိပါတယ်.... ရဟန္တာမဟုတ်သေးတဲ့ သံဃာဆိုတာလည်း ပုထုဇဉ်ပဲဖြစ်တာကြောင့် ၂ဦး၂ဖက် စောင့်ထိန်းကြပါလို့ပဲ သတိပေးချင်ပါတော့တယ်.... သာသနာပြုပုဂ်ဂိုလ်တစ်ဦး ဆုံးရှူံးတာအပြင် တပါးသူအပြောအဆိုမလွတ်တဲ့ အဖြစ်တွေဖြစ်ခဲ့တာကြောင့် ကိုယ့်သာသနာအတွက် ၀မ်းနည်းမိတာပါပဲ....