+ pmjyefNyD; qufa&;zdkU
Page 28 of 28
FirstFirst ... 18 26 27 28
Results 271 to 275 of 275

Thread: [mm]jrefrmhta&; "gwfyHk[/mm]/[mm]ADG'D,dkowif;rsm;[/mm]

  1. #271
    Banned   SLADE is on a distinguished road
    Join Date
    Jan 2011
    Posts
    346
    Thanks
    616
    Thanked 4,250 Times in 346 Posts

    Default ]'efaygufvkyGJ

    OD;atmifaomif;udk emrnfysufpm&if;oGif;rI awmifomwGif uefYuGufyGJrS 'efaygufvkyGJjzpfoGm;cJh
    source: kamayut media

    Click image for larger version

Name:	Danbauk..jpg
Views:	6799
Size:	96.3 KB
ID:	9444




    Reply With Quote   

  2. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


  3. #272
    Banned   SLADE is on a distinguished road
    Join Date
    Jan 2011
    Posts
    346
    Thanks
    616
    Thanked 4,250 Times in 346 Posts

    Default beer boy

    rEÅav;NrdKU ? csrf;jrompnfNrdKUe,ftwGif;&Sd qifjzLuefbD,mqdkifwGif (2) eSpft&G,fuav;i,fESihf 7 ESpf t&G,f uav;i,fESpfOD;tm; zcifjzpfolu ac:vmNyD; bD,maomufaeMuonfudk jrifawGYcJh&onf/

    tqdkyg qifjzLuefjrefrmbD,mqdkifwGif xdkifaeaom ab;0dkif;rS vlrsm;u uav;i,f bD,maomufae aMumif; ajymjy&m zcifjzpfolu “&w,f tpfudk? olu wESpfeJY (6)v uwnf;u waeY (3) cGufavmuf aomufwm/ ußGefawmfwdkYu vifudk,f r,m;ESpfa,mufwnf;/ olYtareJYußGefawmfu rEÅav; (uen)½Hk;rSm yGJpm;vkyf ygw,f/ {nhfonfawGeJY bD,mqdkifxdkifjzpfwdkif; 'Duav;awGu ygvm&mrS tckvdk waeY (4? 5) cGufaomufEdkifwmyg”[k uav;\ zcifjzpfolu ajymMum;onf/

    uav;i,fonf i,f&G,fvGef;ao;ojzihf rdbrsm;u xdkuJhodkY tm;ray;oihfaMumif;? t&ufaopmaomufpm;rIESihfywfoufí twkjrif twwfoifrjzpfoihfaMumif;? uav;rsm;\ aemifa&;twGuf rdbrsm;udk ynmay;&ef txl;vdktyfaeNyDjzpfaMumif; ,if;qdkiftwGif; bD,maomufoHk;olrsm;u ajymqdkaeMuonf/

    “'Davmufeke,fwJht&G,frSm vlBuD;awG taeeJY uav;i,fudkcspfvdkYyJjzpfjzpf bD,mqdkif t&ufqdkifawGudkac:vmjcif;[m uav;udk cspf&mra&mufbJESpf&ma&muf ovdkjzpfoGm;rSmawmh rvkyfoihfygbl;/ 'Dt&G,fawGu vufOD;q&m[m rdb awGyg/ rdbawG taeeJY udk,hfuav;\ tem*wftwGuf uav;i,frsm;a&SUrSm aumif;wmawG vkyfjyoihfygw,f/ jrefrmEdkifiHrS uav;i,fawGudk t&ufqdkif? bD,mqdkifawGudk ac:rvmoihfygbl;””vdkY ab;0dkif;wGif xdkifaeolwOD;u ajymonf/

    tqdkyguav;i,fonf bD,mwcGufudk rdepf 20 twGif; ukefoGm;í aemuf wcGufudk zcifjzpfolu xyfay;cJhonfudk awGU&onf/ qufvufí em&Dydkif; twGif; 2 ESpfom;t&G,f armifjynhfzkef;ausmfonf bD,m 3 cGufaomuf oHk;cJhNyD;onfudk awGU&onf/

    pdkif;xl;cefY(tr&)
    News Watch (apmihfMunhfowif;*sme,f)


    Click image for larger version

Name:	beerkid..jpg
Views:	6841
Size:	28.8 KB
ID:	9448
    Reply With Quote   

  4. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 5 OD;rS aus;Zl;wif&SdMuygonf


  5. #273
    Banned   SLADE is on a distinguished road
    Join Date
    Jan 2011
    Posts
    346
    Thanks
    616
    Thanked 4,250 Times in 346 Posts

    Default



    jrefrmjynfa&mufrS zmonfr tac:cH&aom ukkvvlYtcGifhta&;qdkkif&mtxl;udkk,fpm;vS,f rpöpf&ef[D;vD
    Reply With Quote   

  6. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 6 OD;rS aus;Zl;wif&SdMuygonf


  7. #274
    Junior Cupid I Love My Country   MCextreme is on a distinguished road
    Join Date
    Nov 2006
    Posts
    178
    Thanks
    92
    Thanked 2,440 Times in 173 Posts

    Default

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောခြင်း အစီအစဉ် ( မြန်မာ့ရုပ်မြင်သံကြား 2015-09-21)



    video : Maung Maung Paing Minn (youtube)



    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရေဒီယို/တီဗွီ မိန့်ခွန်း

    ပထမဦးစွာ တိုင်းသူပြည်သားအားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    နိုဝင်ဘာလ (၈) ရက်နေ့ ကျရောက်မယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတစ်ဝှမ်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တယ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမဲတွေကို တောင်းခံတာ ဖြစ်တာကြောင့် ပြည်သူကို ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောတရားများ၊ နိုင်ငံ့အတွက် မျှော်မှန်းချက်များနဲ့ သမိုင်းဖြစ်စဉ် အချို့ကို တင်ပြချင်ပါတယ်။

    ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပြည်သူလူထုရဲ့ ကဏ္ဍဟာ အဓိကပါပဲ။ ပြည်သူလူထုရဲ့ဆန္ဒ၊ သြဇာ၊ အာဏာအပေါ် အခြေခံတဲ့စနစ် ဖြစ်တာကြောင့် ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ကြမှ အောင်မြင်နိုင်မှာပါ။ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှု လိုအပ်သလို၊ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် အရေးကြီးပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပွင့်လင်းထင်ရှားတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှတဆင့် ဖေါ်ထုတ်လိုက်တဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာ ပါ့မယ်လို့ အာမခံပါတယ်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို (၁၉၈၈) ခုနှစ်မှာ၊ လူ့အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ရည်မှန်းချက်များနဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းရာမှာ အကြမ်းမဖက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ သဟဇာတဖြစ်ရေး၊ အာဃာတ ကင်းစင်ရေး စတဲ့ သဘောတရားများကို ခိုင်ခိုင်မာမာ စွဲကိုင်ခဲ့ပါတယ်။ (၂၇) နှစ်အတွင်း အခက်အခဲ ပေါင်းစုံကို အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ဝင်များ ပြင်းပြင်းထန်ထန် ခံခဲ့ရပေမယ့် ဒီမူဝါဒ သဘောတရားတွေကို လုံးဝလက်မလွှတ် ခဲ့ပါဘူး။ အခုလည်း ကျွန်မတို့နိုင်ငံ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဒီမူဝါဒ သဘောတရားတွေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်မထိ၊ ပြည်သူမနာတဲ့ နည်းလမ်းတွေနဲ့သာ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီးကို ပြည်ထောင်စုသား အားလုံးနဲ့အတူ ပူးပေါင်းလက်တွဲ အကောင်အထည် ဖော်လိုတဲ့ ဆန္ဒနဲ့အညီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရရှိခဲ့ပေမယ့် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ဘူး ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီရရှိရေးဆန္ဒကို ဖေါ်ထုတ် လိုက်တာကြောင့် ကျွန်မတို့နိုင်ငံ ဒီမိုကရေစီအရေးနဲ့အတူ အဖွဲ့ချုပ်ပါ ဆက်လက် ရှင်သန်နိုင်ခဲ့ ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကျေးဇူးကို မမေ့မလျော့ တန်ဖိုးထားလျက်ပါ။

    (၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာကလည်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံအတွက် မျှော်မှန်းချက်တွေကို တတ်အားသရွေ့ အေးချမ်းစွာ ဥပဒေဘောင် အတွင်းက ဖော်ဆောင်ဖို့ရာ ကြိုးပမ်းချက်ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတို့ကို၊ အဖွဲ့ချုပ်ရဲ့ ဦးတည်ချက်များအဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ပြည်သူရဲ့ ယုံကြည်ထောက်ခံမှု ကျေးဇူးကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် (၄၄) နေရာ အနက် (၄၃) နေရာမှာ အနိုင်ရရှိ ခဲ့ပါတယ်။ ကိုယ်စားလှယ် (၆၀၀) ကျော်ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ (၄၀) ကျော်မျှသော ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်နိုင်အားဟာ အကန့်အသတ်နဲ့သာ ရှိနိုင်မယ်ဆိုတာ ပြည်သူများ နားလည်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီအကျိုး၊ ပြည်ထောင်စု အကျိုးအတွက် လွှတ်တော်အတွင်း သာမက၊ လွှတ်တော်ပြင်ပမှာပါ အဖွဲ့ချုပ်ရဲ့ ကြိုးပမ်းခဲ့မှု များကြောင့် ပြည်သူပြည်သားများ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဘာကြောင့် လိုအပ်တယ် ဆိုတာကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ခဲ့ကြတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ (၂၀၁၂) ကြားဖြတ် ရွေးကောက်ပွဲရဲ့ ဦးတည်ချက်များကို ထိထိ ရောက်ရောက် အကောင် အထည်ဖော်နိုင်ဖို့ကတော့ အစိုးရ တာဝန်တွေ ထမ်းဆောင်ပိုင်ခွင့် လိုအပ်ပါတယ်။ ဒီတာဝန်ကို ပြည်သူလူထုက အပ်နှင်းပေးစေ လိုတာကြောင့် ယခု (၂၀၁၅) ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်မှာပါ။

    တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ ဆက်နွယ်နေပါတယ်။ ဥပဒေများဟာ တရားပြီး အများပြည်သူတွေရဲ့ဘ၀ လုံခြုံရေးအတွက်ဖြစ်ရပါမယ်။ ဒါကြောင့် ဖျက်တန်ရာဖျက်၊ ပြင်တန်ရာပြင်၊ အသစ်ပြဌာန်းတန်ရာ ပြဌာန်းဖို့လိုပါတယ်။ တရားဥပဒေများ ထိရောက်မှု ရှိစေရေးအတွက် လုပ်ဆောင်ပိုင်ခွင့်အာဏာကတော့ အုပ်ချုပ်ရေးဆိုင်ရာနဲ့ တရားစီရင်ရေး ဆိုင်ရာ တို့မှာသာရှိတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ထိရောက်စွာ အကောင်အထည် ဖော်နိုင်တာက အစိုးရသာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ရေးဟာ တရားဥပဒေစိုးမိုးရေး ဦးတည်ချက် အောင်မြင်ဖို့အတွက် အဓိကကျ ပါတယ်။

    (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဦးတည်ချက်များကိုတင်ပြ ခဲ့ပါတယ်။ ပြည်တွင်း စစ်ရပ်စဲသွားဖို့ အတွက် အဆင့် (၃) ဆင့်နဲ့ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပထမအဆင့်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိုနှိုင်းအဖြေရှာရေး၊ တတိယအဆင့်မှာတော့ ပင်လုံအခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံရေးပဲဖြစ်ပါတယ်။ အခုအချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်စေရန်အတွက် သဘောတူညီစာချုပ်ကို သက်ဆိုင်ရာအဖွဲ့ အစည်းများ မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင်မဲ့ အလားအလာရှိနေတာကြောင့် ပြည်သူပြည်သားတွေ ၀မ်းသာစွာ စောင့်မျှော်နေကြပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားယုံကြည်မှု တို့ပေါ်မှာ အခြေခံတဲ့၊ တည်တံ့ခိုင်မြဲမဲ့ သဘောတူညီချက်ဖြစ်ဖို့ရာက အဓိကဖြစ်ပါတယ်။

    အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာသဘောတူ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ် ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရပါမယ်။ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တစ်ပြိုင်တည်းလုပ်သွားဖို့ လိုပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမဲ့ အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူကလိုလား ထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထမ်းဆောင်ဖို့ အသင့်ဖြစ်ပါတယ်။

    ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး ရည်မှန်းချက်ကို လွန်ခဲ့တဲ့ (၂၇) နှစ် အတွင်း အန္တရာယ်အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရပေမယ့် လုံးဝလက်မလွှတ်ခဲ့ပါ။ (၂၀၁၀) က စပြီး ကျွန်မတို့ အဖွဲ့ချုပ်က ဒုတိယပင်လုံ ညီလာခံကျင်းပရေးကို ဦးတည်ခဲ့တာဖြစ်ပါတယ်။ `ဒုတိယပင်လုံ´ ဆိုတာ ကတော့ ပင်လုံစိတ်ဓါတ်ရဲ့ အနှစ်သာရဖြစ်တဲ့၊ တိုင်းရင်းသားများ ဗမာများအပါအ၀င် အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ ဘုံမျှော်မှန်းချက်များကို အောင်မြင် အေးချမ်းစွာ အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုရေး ဆွေးနွေးပွဲကို ဆိုလိုတာပါ။

    ယခုတစ်နိုင်ငံလုံး၊ တိုင်းနဲ့ပြည်နယ်အားလုံးမကျန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများ ၀င်ရောက်အရွေးခံတာဟာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်လာရေး အတွက်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ပြည်ထောင်စုညီညွတ်မှုကို ကိုယ်စားပြုနိုင်မယ့် ဗဟိုအစိုးရ ဖွဲ့စည်းနိုင်ဖို့ဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ အမှန်တကယ် ဒီမိုကရေစီစံနှုန်းစံထားများနဲ့ ကိုက်ညီမှုရှိပြီး၊ တိုင်း၊ ပြည်နယ်အစိုးရများနဲ့ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှာပါ။ မတူကွဲပြားမှုကို အင်အားဖြစ်အောင်လုပ်ပြီး၊ ညီညွတ်မှု ကြိုးစားဖော်ဆောင် နိုင်ခွင့်ကို အဖွဲ့ချုပ်က ပြည်ထောင်စုသား အားလုံးထံက တောင်းခံခြင်းဖြစ်ပါတယ်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အချိန်ကြာနိုင်ပါတယ်။ နိုင်ငံ့ရဲ့ အနာဂတ်တစ်ခုလုံး အတွက် ရည်ရွယ်တဲ့ သဘောတူညီမှုများကို အဆောတလျင် မရယူပဲ၊ အသေအချာတိုင်ပင် ဆွေးနွေး အဖြေရှာတာဟာ မှန်ကန်တဲ့လုပ်ရပ်ပါ။ သို့သော်လည်း အကန့်အသတ်မရှိ အချိန်ဆွဲနိုင်တဲ့ အနေအထားမဖြစ်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ သဘောတူညီမှုတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဒုတိယအဆင့်လို့ သတ်မှတ်တဲ့ ဆွေးနွေးပွဲများနဲ့ တစ်ပြိုင်နက် တတိယအဆင့်လို့ သတ်မှတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲရေးကိုလည်း လုပ်ကိုင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ် ဆိုတာ ကျွန်မတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တစ်ထပ်တည်း မဟုတ်ဖူးဆိုတာလည်း ပြည်သူ ပြည်သားများ အသိဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့ နေရာမှာ တပ်မတော်နဲ့ ကျွန်မတို့အကြား လုံးဝကွဲပြားမှု မရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်ကို ပြည်သူ့ အကျိုးကိုသာ ဦးတည် ဆောင်ရွက်တဲ့ ပြည်သူချစ် အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်လို နေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ် လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများ အပါအ၀င် နိုင်ငံရဲ့ကံကြမ္မာ ဖန်တီးရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလား နေကြပါတယ်။

    အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ၊ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့်၊ နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေပဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။

    အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။ (၂၇) နှစ်ကျော် အတိုက်အခံ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရုန်းကန်ခဲ့ရတဲ့ပါတီဟာ၊ နိုင်ငံ့ အစိုးရတာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိနိုင်ပါ့မလားလို့ အချို့က စောဒက တက်ပါတယ်။ ရှိနိုင်ရုံမက၊ ရှိကိုရှိပါတယ်လို့ ကျွန်မ ရဲရဲကြီးပြောဝံ့ပါတယ်။ တာဝန်တစ်ရပ်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ အတွက် အသိနှစ်ရပ်လိုအပ် ပါတယ်။ ဘာကိုမလုပ်သင့်၊ ဘာကိုလုပ်သင့်ဆိုတဲ့ အသိနှစ်ရပ်ပါပဲ။ ဘာကိုမလုပ်သင့်နဲ့ ပတ်သက်လို့တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) အတွင်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ အတောက်ပဆုံး ကြယ်အဆင့်မှ မှေးမှိန် သေးသိမ်တဲ့ မထင်မရှား ဂြိုလ်လေးအဖြစ် ရောက်ရှိသွားစေတဲ့ ဖြစ်ရပ်တွေကိုလေ့လာပြီး သင်ခန်းစာတွေ အများကြီးရနေပါပြီ။ ဘာတွေလုပ်သင့်တယ်ဆိုတာကတော့ ပြည်သူတွေက သင်ကြား ပေးလို့ သိနေရတာ ဖြစ်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပြည်သူလူထုရဲ့ ဘဝတွေ ကောင်းမွန်မှန်ကန်စွာ ပြောင်းလဲနိုင်ဖို့အတွက် လုပ်ဆောင်ရန် ရည်မှန်းချက်များကို ကဏ္ဍလေးရပ် ခွဲပြီးတင်ပြထားပါတယ်။

    (၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
    (၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
    (၃) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ်ပေါ်ပေါက်လာရေး
    (၄) လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
    တို့ဖြစ်ပါတယ်။

    ဒီရည်မှန်းချက်အားလုံးကို သတ်မှတ်ရာမှာ ပြည်သူတွေရဲ့ အသံတွေနားထောင်၊ ပြည်သူတွေရဲ့ မျက်နှာတွေကြည့်ပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ပြည်သူတွေနဲ့ ဆွေးနွေးခွင့် ရခဲ့ရာမှ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေ၊ မျှော်လင့်တောင့်တ ချက်တွေကို ကြားသိခဲ့ရပါတယ်။

    အဖွဲ့ချုပ်ရဲ့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အောက်မှာ စီးပွားရေး၊ တောင်သူ လယ်သမား၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ စသဖြင့် အပိုင်း (၁၂) ပိုင်းပါဝင်ပါတယ်။ ပြည်သူများရဲ့ အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဦးတည်တဲ့ မူဝါဒ၊ စီမံကိန်းများ ဖြစ်ပါတယ်။ ယခု နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၀) ကျော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီတိုင်းဟာ မိမိတို့ရဲ့ သဘောထားရည်ရွယ်ချက်တွေကို နိုင်ငံသိ တင်ပြပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို တောင်းယူ ကြမှာဖြစ်ပါတယ်။ ထောက်ခံမှု တောင်းဆိုတယ်ဆိုတာ ယုံကြည်မှုကို တောင်းဆို တာပါပဲ။ ဘယ်ပါတီကို ယုံကြည်ထောက်ခံ ရမယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်ရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေရဲ့ စစ်ဆေး သုံးသပ်ချက်ကို ရဲရဲ ခံနိုင်ပါတယ်။

    အဖွဲ့ချုပ်ဟာ မည်သည့်အခါကမှ တိုင်းပြည်နဲ့ ပြည်သူ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါ။ အဖွဲ့ချုပ်ဟာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ နေရာမှာ စဉ်းမျဉ်းစည်းကမ်းဘောင်အတွင်းက အစဉ်လုပ်ဆောင် ခဲ့ပါတယ်။ အဖွဲ့ချုပ်ဟာ မတရားမှုများကို ခိုင်ခိုင်မာမာ ဆန့်ကျင်ခဲ့သော်လည်း မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမှ လုပ်ငန်းပိုင်းဆိုင်ရာ ဘောင်ကို ကျော်လွန်ပြီး တိုက်ခိုက်ခြင်း မပြုခဲ့ပါ။ အဖွဲ့ချုပ်ဟာ ပြည်သူကို ပေးတဲ့ ကတိကဝတ်တွေ မည်သည့်အခါကမှ မချိုးဖောက်ခဲ့ပါ။ အဖွဲ့ချုပ်ဟာ ပြည်သူကို လိမ်လည်လှည့်ဖြား၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော် လည်းကောင်း၊ စည်းရုံးဆွဲဆောင်ခြင်း မပြုခဲ့ပါ။

    ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်က စပြီး ယခုတိုင် ပြည်သူကိုလေးစား ပွင့်လင်းစွာ ဆက်ဆံခဲ့သည့် အတိုင်း ဆက်လက်ပြီး လုပ်ဆောင်သွားမည်မှာ အဖွဲ့ချုပ်ရဲ့ ခိုင်မာတဲ့ သန္နိဌာန် ဖြစ်ပါတယ်။ ပြည်သူတွေ အပ်နှင်းတဲ့ တာဝန်ကို ဖြောင့်မတ်စွာ အကောင်းဆုံးထမ်းဆောင် ဖို့က အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသက်ပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျရောက်မဲ့ အထွေထွေရွေးကောက်ပွဲကြီးမှ တစ်ဆင့် ပြည်သူများက အဖွဲ့ချုပ်ကို အစိုးရတာဝန် ထမ်းဆောင်နိုင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချပေးစေ ချင်ပါတယ်။ ဒီလိုတာဝန် ထမ်းဆောင်ခွင့် ရခဲ့လျှင်၊ အမျိုးသားရင်ကြားစေ့ရေး၊ သဟဇာတ ဖြစ်ရေး၊ အာဃာတ ကင်းစင်ရေးမူများကို အစဉ်တစိုက် နှလုံးသွင်းပြီး ဒီမိုကရေစီ ပြည်ထောင်စုကြီး ထွန်းကားရေး အတွက်၊ မည်သူ့ကိုမှ ရန်သူသဖွယ် မသတ်မှတ်၊ အခြားအဖွဲ့အစည်းများကို လက်ကမ်း ကြိုဆိုကာ အတူလုပ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ ခံယူထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာမှာဖြစ်ပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာ ကြပါစေ။ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒ အ၀၀နှင့် ပြည့်နိုင်ကြပါစေ။

    Credit - Aung San Suu Kyi Facebook
    Last edited by MCextreme; 09-22-2015 at 12:54 AM.
    Reply With Quote   

  8. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  9. #275
    Junior Cupid I Love My Country   MCextreme is on a distinguished road
    Join Date
    Nov 2006
    Posts
    178
    Thanks
    92
    Thanked 2,440 Times in 173 Posts

    Default

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း







    MOI Webportal Myanmar

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်း
    ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
    ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှအဓိကအချက်များ-
    နိဒါန်း
    - မြန်မာနိုင်ငံ၏အစိုးရသစ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်၏ ရည်မှန်းချက်များနှင့် ရပ်တည်ချက်များအပေါ်ထားရှိသည့် မိမိတို့၏ ယုံကြည်လေးစားမှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊
    - မြန်မာပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၁၅ ခုနှစ် ၊နိုဝင်ဘာလတွင် တစ်ခဲနက် မဲပေးရွေးချယ်ခဲ့ကြခြင်းမှာ မိမိတို့ပါတီအား ထောက်ခံမှုကို ပြသခြင်းတစ်ခုတည်းမဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်မှုနှင့် မျှော်လင့်ခြင်းများအားအခြေခံသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊
    - “ဓါးသွားကို ထယ်သွားဖြစ်စေရမည်” ဆိုသည့် ဆိုလိုချက်ကို ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုနှင့် အလှမ်းဝေးနေသည့် မြန်မာပြည်သူများ၏ နုလုံးသားများမှ နားလည်လိုလားသည့် အချက်ဖြစ်ပါကြောင်း၊
    - ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော ပြည်ထောင်စုကို တည်ထောင်ရေးမှာ မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကိုရောက်ရှိအောင် ဆောင်ကြဉ်းနိုင်သည့် နည်းလမ်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်သာဖြစ်ကြောင်း၊
    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
    - မြန်မာပြည်သူများမှာမွေးရာပါအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် လုံခြုံမှု၊ အခြေခံလွတ်လပ်ခွင့်နှင့် ဖွံဖြိုးတိုးတက်မှုအခွင့်အရေးများ ကို ကာလကြာရှည်စွာ ဆုံးရှူံးနေခဲ့ရကြောင်း၊
    - ဆယ်စုနှစ် (၆) ခုကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျောက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးတို့မှာ မိမိတို့အတွက် အရေးအကြီးဆုံးဖြစ်ကြောင်း၊
    - အစိုးရသစ်အနေဖြင့် အဆိုပါအချက်ကို ဦးစားပေးအဖြစ်ဆောင်ရွက်လျက်ရှိပြီး မကြာသေးမီက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကိုကျင်းပခဲ့ကြောင်း၊
    - အဆိုပါ ညီလာခံမှာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း၊
    ရခိုင်ပြည်နယ်ကိစ္စ
    - ပြီးခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကမ္ဘာမှအာရုံစိုက်လာကြောင်း၊
    - နိုင်ငံများအလယ် တာဝန်သိသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ဝေဖန်သုံးသပ်မှုကို စိုးရွံ့နေမည်မဟုတ်ပါကြောင်း၊
    - ရခိုင်ဒေသကိစ္စအတွက် မိမိတို့အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဗဟိုပြုသည့် ဘက်စုံထောင့်စုံ ပါဝင်သည့် ချဉ်းကပ်မှုမျိုးကိုစတင်ခဲ့ကြောင်း၊
    - ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို တည်ထောင်ခဲ့ကြောင်း ၊
    အဆိုပါဗဟိုကော်မတီတွင် လုပ်ငန်းကော်မတီများထပ်မံဖွဲ့စည်းပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊
    - အဆိုပါ ဆောင်ရွက်ချက်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်မှ ဥက္ကဌ အဖြစ်ဆောင်ရွက်သည့် အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊
    - အဆိုပါကော်မရှင်တည်ထောင်မှုနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုအချို့ရှိပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊
    ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအားအကောင် အထည်ဖော်မှု
    - မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒ(၂၀၁၆) သည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များထဲမှ အများစုနှင့် ကိုက်ညီပါကြောင်း၊
    - အခြေခံအဆောက်အဦများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍ၊ SME ကဏ္ဍ စသည်တို့ပါဝင်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ သဘာဝသယံဇာတများအားကာကွယ်ရေး၊ လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့မှာ ဦးစားပေးရည်မှန်းချက်များ ဖြစ်ပါကြောင်း၊
    ရွှေ့ပြောင်းသွားလာနေထိုင်မှု
    - ပြဿနာများအားများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရာတွင် အဆိုပါ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေရမည်ဖြစ်ကြောင်း၊
    - မကြာသေးမီ နှစ်များအတွင်း တွေ့ကြုံနေရသည့် မကြုံစဖူး များပြားလှသည့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားလာမှုများ၏ အရင်းခံမှာ ငြိမ်းချမ်းမှုမရှိခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊
    - ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်လာပါက အခြေခံလူ့အခွင့်အရေးကိုလေးစားမှု၊ ညီတူ ညီမျှရှိစေမှု ၊မတူကွဲပြားမှုကို အသိအမှတ်ပြု ပြီး သည်းခံနားလည်မှုရှိရေးတို့မှာ အရေးကြီးပါကြောင်း၊
    - ရွှေ့ပြောင်းသွားလာနေထိုင်သူများမှာ လက်ခံသည့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး နှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးရေး အတွက် အထောက် အကူပြုသည့် အင်အားများဖြစ်သည်ဆိုသည်ကို လက်ခံရန်လိုအပ်ကြောင်း၊
    - ထို့ကြောင့် မူရင်းနိုင်ငံနှင့် လက်ခံသည့် နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊
    အကြမ်းဖက်မှုတိုက်ဖျက်ရေး
    - အစွန်းရောက်အကြမ်းဖက်မှုလုပ်ရပ် ပုံစံမျိုးစုံအား တိုက်ဖျက်ရာတွင် မိမိတို့အနေဖြင့် ညီညွှတ်စွာ ပူးပေါင်း ရပ်တည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
    - လူမှုရေး၊ စီးပွားရေးလုံခြုံမှုမရှိသည့် အချက်များမှာ အစွန်းရောက်မှု ကိုဖြစ်စေပြီး အကြမ်းဖက်မှုအတွက် အရင်းအမြစ်ဖြစ်စေကြောင်း၊
    နျူကလီးယားလက်နက်ဖျက်သိမ်းရေး
    - မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ကင်းမဲ့သည့်ကမ္ဘာဖြစ်စေရေးအတွက် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊
    - နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရင်းအမြစ်မှာ လက်နက်စမ်းသပ်ဖောက်ခွဲမှုများ အလုံးစုံရပ်ဆိုင်းရေးပင်ဖြစ်ကြောင်း၊
    - မြန်မာနိုင်ငံအနေဖြင့် Comprehensive Nuclear-Test- Ban Treaty (CTBT)သို့ ယနေ့ မွန်းလွဲပိုင်းတွင်အတည်ပြု လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းကို မိမိအနေဖြင့် အထွေထွေညီလာခံသို့ အသိပေးကြေညာလိုကြောင်း၊
    နိဂုံးချုပ်
    - အချင်းချင်း လောဘ၊ ဒေါသ၊ မောဟကင်းဝေးပြီး ချစ်ခင် ကြင်နာကြရန်နှင့် တစ်ပါးသူအပေါ် မေတ္တာ ဘာဝနာပွားများနိုင်စေရန် မိမိအနေဖြင့် နိုင်ငံအများစုဝေးသည့် ဤနေရာမှနေ၍မေတ္တာရပ်ခံလိုကြောင်း။
    Credit: MRTV, Ministry of Foreign Affairs Myanmar
    Reply With Quote   

  10. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts