+ pmjyefNyD; qufa&;zdkU
Page 2 of 2
FirstFirst 1 2
Results 11 to 20 of 20

Thread: [mm]rEŇav;rSwfpk[/mm]

  1. #11
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၃၀ ဂျန်နဝါရီ ၁၈၈၆

    မမျှော်လင့်ဘဲ ဈေးထဲရောက်သွားမိတယ်။ ထွက်လာတုန်းကတော့ ကျမ်းတစ်ကျမ်းဝယ်ဖို့ပဲ။ ရောင်းမယ်ဆိုတဲ့လူကို သူ့အိမ်မှာမတွေ့တော့ ဘာမှလုပ်စရာမရှိတာနဲ့ ဈေးအထိသွားဖြစ်တယ်။ အထည်အလိပ်ရောင်းတဲ့ ဈေးတန်းမှာ ဘာမှမရှိသလောက်ဘဲ။ ဆိုင်ခန်းတွေလဲပိတ်လို့။ ပစ္စည်းတွေကလည်း ဥရောပတိုက်ထွက်တွေများတယ်။ တိုင်းရင်းသားဖြစ်ဆိုလို့ ပိုးထည်ပဲရှိတယ်။ အဆင်အသွေးလည်း ညံ့တယ်။ အသားလည်း ဖျင်းတယ်။ ကနေ့ ဘာမှ ကျေးဇူးဖြစ်ထွန်းတာမရှိဘူး။

    ညနေသုံးနာရီလောက် ဒိက္ခိဏာရာမတိုက်ကိုသွားရှာတယ်။ မတွေ့ဘူး။ လွှတ်တော်ရှေ့က ရွှေတွေပြောင်ပြောင်နဲ့ ကျောင်းက ဘုရင့်ငယ်ဆရာတော်ရဲ့ ကျောင်းပါပဲ။


    ကက်သလစ်ဂိုဏ်းချုပ် (Bishop) ကိုသွားတွေ့တယ်။ အရေးတယူဧည့်ခံပါတယ်။ အမျိုးကောင်း ဝိုင်ဖြူလည်းတိုက်လိုက်တယ်။ ဓားပြတွေ လှုပ်ရှားနေကြတာမှာ ဘုန်းကြီးတွေ ခေါင်းဆောင်တာမုချပဲ။ ဒါပေမယ့် တစ်ခုဝမ်းနည်းစရာက ဓားပြတွေဟာ သူတို့တိုင်းရင်းသားအချင်းချင်းတွေကိုပဲ နှိပ်စက်နေတာပဲ မဟုတ်လား။ သူတို့သတ်လို့ ဥရောပတိုက်သားကဖြင့် နှစ်ဆယ်ထက်မပိုသေးဘူး။ ဒီဓားပြတွေကို နှိမ်နင်းမယ်ဆိုရင် လွယ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဟာ မပြတ်မသားနဲ့ လုပ်နေတော့ သူတို့ကပိုပြီးတောင် ကြီးထွားလာသေးတယ်။

    သီပေါမင်းဟာ လူပျော့ပဲ၊ အုပ်ချုပ်ရေးမှာလည်း ပျော့တယ်။ အားလုံး သူ့မယားကပဲ စီမံတာပဲ။ အခုစစ်ဟာ ပြင်သစ်ကို ကြောက်ပြီး ဖြစ်ရတာပေါ့။ (ကြောက်မယ့်သာကြောက်ကြတယ်) မြန်မာဘုရင့်အမှုထမ်းဆိုပြီး ပြင်သစ်ဆယ်ယောက်ထက်မပိုပါဘူး။ ဘုရင်ကတော့ အင်္ဂလိပ်ကို သိပ်မုန်းတယ်။ ပါရစ်ကိုလွှက်လိုက်တဲ့ မြန်မာသံအမတ်ဟာ မွန်ရှီယာဗောဒေါ (Bodo?) ရဲ့တပည့်၊ ကက်သလစ်သာသနာကို ဝင်ဖူးတဲ့လူတစ်ယောက်လို့ဆိုတယ်။ သူက ဗစ်စမတ်(Bismarck) ကိုတောင် လှမ်းပြီး မြန်မာဖက်က ကူဖို့အသနားခံသေးတယ်တဲ့။

    အုပ်ချုပ်ရေးစနစ်ကတော့ အမြစ်အခြေကစပြီး ပုပ်သိုးနေတယ်။ ရုံးတွေက လာဒ်စား၊ ဆင်းရဲသားတွေ ပေးရသလောက် အခွန်ငွေဟာ ဘုရင့်လက်ထဲမရောက်ပါဘူး။ အချုပ်ကတော့ သက်ဦးဆံပိုင်စနစ် အုပ်ချုပ်ရေးမှာ အဆိုးရွားဆုံးဖြစ်တတ်ချမျှတွေ ဒီမှာဖြစ်တယ်။ ဒါပေမယ့် အဲဒါတွေကြောင့် အင်္ဂလိပ်က ဝင်လာတာမဟုတ်ဖူး။ ဘုံဘေဘားမားသစ် ကုမ္ပဏီအရေးကြောင့်လည်း ဝင်လာတာမဟုတ်ဘူး။


    အဲဒီအန္တရာယ်ကို ဆက်ပြီးလန့်ဖို့မလို (တကယ် လန့်စရာလည်းမဟုတ်) လို့ သိတာနဲ့တစ်ပြိုင်နက် အင်္ဂလိပ်အပေါ်မှာ ဆက်ဆံပုံ တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ အခု အင်္ဂလိပ်ဟာ စစ်တပ်ချီတက် ဆက်သွယ်ပုံ ကောင်းမွန်လျင်မြန်လေတော့ တစ်နိုင်ငံလုံးကို မတိုက်ခိုက်ရဘဲနဲ့ သီတင်းသုံးပတ်အတွင်း သိမ်းလို့ ပြီးမြောက်သွားတယ်။ သူတို့လုပ်ပုံမှားလို့ ဓားပြတွေ ခုလိုပေါတာပဲဖြစ်တယ်။ အခုတော့ သိပ်မကြောက်ရပါဘူး။ ဖျက်ဆီးနှောင့်ယှက်နိုင်တဲ့အစုလည်း လျော့လိုက်လာပြီ။

    လမ်းသစ်တွေဖောက်၊ ရောင်းဝယ်ရေးဖွံ့ဖြိုးလာရင် တစ်နိုင်ငံလုံးပြန်ပြီး ငြိမ်ဆိမ်သွားမယ်။ မြန်မာတွေလည်း အခုကျရောက်တဲ့ ကံကြမ္မကိုပဲလက်သင့်ခံတော့မယ်လို့ စိတ်နှလုံး ဒုံးဒုံးချသွားမှာပါပဲ။ မန္တလေးဟာ ကက်သလစ်သာသနာဝင် ငါးရာလောက်ရှိတယ်။ မြန်မာတွေဟာ အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပေးတာကို မနှစ်သက်ပါဘူး။


    သီပေါမင်းဟာ စင်စစ် လူဆိုးလူယုတ်မဟုတ်ဘူး။ ဒါပေမယ့် နန်းတွင်းကလွဲပြီး အပြင်ကို မရောက်ဖူးလေတော့ ကမ္ဘာ့အခြေနေကို နားလည်ဖို့ဝေးလို့ ကိုယ့်မြို့တော်ရဲ့ အခြေနေမှန်ကိုတောင် မသိရှာဘူး။ သူ့မြို့သာဆိုတယ် မျှော်စင်ပေါ်က မြင်ဘူးသလောက်ပဲသူသိမယ်။



    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  2. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  3. #12
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၃၁ ဂျန်နဝါရီ ၁၈၈၆

    မြို့ပေါ်မှာနေတဲ့လူတိုင်းမှာ လက်နက်ပုံးရှိမယ်။ ဒါပေမယ့် အခုထိ ဘယ်ဥရောပတိုက်သားကို စော်ကားလာပြီလို့မှ မကြားရသေးဘူး။ ခပ်လွယ်လွယ်ပြောရရင် မန္တလေးမြို့သူမြို့သားတွေဟာ မင်းပြောင်းမင်းလွှဲဖြစ်ပြီး ၃၀ အင်္ဂလိပ်ရောက်လာတာကို ခပ်ငြိမ်ငြိမ်ပဲ လက်ခံလိုက်ပြီပေါ့။
    ကနေ့ ပထမဆုံးအကြိမ် ညနေခြောက်နာရီကျော်မှ မဟာမြို့တော်ကို ထွက်ကြည့်တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ လမ်းမီးထွန်းပေးတာကို ဘယ်နေရာမှာမှမတွေ့ဘူး။ တချို့နေရာမှာတော့ အိမ်နဲ့မလှမ်းမကမ်းမှာ မီးဖိုပြီးပေးထားတွေ့ရရဲ့။ ညစာစားနေကြပြီ။ ဆိုင်တချို့မှာ မီးတလက်လက်နဲ့ လေထုထဲမှာ ဖုန်တွေထနေတုန်းပဲ။ အပူတော့ လျော့သွားလို့ အသက်ရှုရ နည်းနည်းချောင်သွားပါတယ်။


    ညမှောင်သန်းလာတဲ့အခါ မန္တလေးဟာပိုပြီး လှလာတယ်လို့တော့ မပြောနိုင်ပါဘူး။ မပူတော့ဘူး။ ဒါပေမယ့် ဖုန် နဲ့အပုပ်နံ့က ညနေပိုင်းမှာ သိသိသာသာကြီးတိုးလာတယ်။

    ကနေ့ အတုမရှိကျောင်းကို ရောက်တယ်။ ကျောင်းအဝင်ဝက ကျောက်စာအတိုင်းခေါ်ရင် မဟာအတုလဝေယျဉ်တဲ့။ ဗုဒ္ဓဘာသာဆိုင်ရာ ကျောင်းတွေထဲမှာ အင်မတန် စည်းစိမ်နဲ့နိုင်းနိုင်ဖို့ ဆောက်တဲ့နေရာလို့ပဲ ပြောရမယ်။ အပြင်က မြင်ရပုံကိုပြောရရင် ကြမ်းပြင်အညီစီနဲ့ ခုနှစ်ထပ်ရှိတဲ့ အဆောက်အဦးလို့ ထင်ရတယ်။ တစ်ထပ်ထက်တစ်ထပ် ကြမ်းပြင်အကျယ်ပမာဏ ကျဉ်းလိုက်တယ်။ (သီဟိုဠ်) ပလ္လနရုအကသတ်မဟလ်ရဲ့ ပုံမျိုး ဆင်တယ်။ ဒါပေမယ့် သူက ပိုကျယ်ဝန်းတယ်။ အတွင်းမှာ ဧရာမဘုရားရုပ်ပွါးတော်ကြီးရှိတယ်။ တံခါးတွေအားလုံး ရွှေချလို့။ အတွင်းကတိုင်တွေလည်း ရွှေနဲ့ဝင်းဝင်းပါပဲ။

    နောက်တစ်ဝင်းထဲမှာ ရွှေအပြည့်ချထားတဲ့ ကျောင်းရှိတယ်(ရွှေကျောင်းပဲ)။ နောက်တစ်ဝင်းက မှန်အပြည့်၊ မှန်ကျောင်းခေါ်တယ်။ မှန်ကျောင်းပေါ်မှာ အင်္ဂလိပ်စစ်ဗိုလ်တွေ၊ အင်္ဂလိပ်တပ်သားတွေက ကျောင်းဝင်းထဲမှာ တဲထိုးပြီး နေကြတယ်။ တချို့လည်းအရံထဲမှာရှိတဲ့ ဘုန်းကြီးတွေနေဖို့လုပ်ထားတဲ့ အုတ်တိုက်အခန်းငယ်တွေထဲမှာ နေတယ်။ ကနေ့ တနင်္ဂနွေနေ့ဆိုတော့ သူတို့ တော်တော်များများဟာ မူးနေကြပြီ။ လမ်းတစ်လျှောက်မှာလည်း မူးနေတဲ့စစ်သားတွေ တွေ့သွားပါတယ်။

    မှန်ကျောင်းမှာ အလွန်လှတယ်။ ကျက်သရေရှိတယ်။ အနားက စေတီကလည်းခန့်ညားကြည်ညိုဖွယ်ဖြစ်တယ်။ ဒါပေမယ့် အသေးစိတ်ကို လိုက်ကြည့်တဲ့အခါ ဥရောပတိုက်ထွက် မှန်တွေကို ဘုရားရုပ်ပွါးတော်နောက်မှာ ကပ်ထားတယ်။ ဖန်မီးအိမ် ဖန်ပဒေသာမီးဆွဲဆိုတာတွေ သွားတွေ့တယ်။ အရှေ့တိုင်းသားဟာ ဖန်နဲ့ပတ်သက်ရင် အကုန်ကြိုက်တယ်။ ဒီနေရာနဲ့ ဒီပစ္စည်းတော်တော်မသိဘူး။ အရူးပဲ။ အဲဒီကျောင်းမှာ မြန်မာဘုရင်ရှိတုန်းက ဘုန်းကြီးနှစ်ရာလောက်ရှိမယ်။ အခုတော့ နှစ်ဆယ်ထက်မပိုဘူး။ ဆွမ်းကွမ်းပြဿနာ မလွယ်ကူလို့ မန္တလေးကပြေးကုန်ကြပြီတဲ့။

    ကျန်နေတဲ့ ဘုန်းကြီးအပါးနှစ်ဆယ်ထဲမှာ ဆတော်ကြီးလဲပါတယ်။ ပခန်း ဆတော်လို့ ခေါ်ကြတယ်။ ဆတော်အခန်းကို ဝင်ပြီး ဖူးတယ်။ စလေဒင် စာကိုယူပြီး မနက်က အကြာကြီး ကျွန်တော်လိုက်ရှာပေမယ့် မတွေ့ဘူးဆိုတဲ့ ဆတော်ဟာ သူပါပဲ။ ဘယ်လောက် အံ့ဩစရာကောင်းသလဲ။ သူရေးတဲ့ ကျမ်းတွေ ကျွန်တော်ဖတ်ကြည့်ချင်တယ်။ ဒါပေမယ့် ဆတော်က ကျောင်းတိုက်ထဲမှာ ပိဋကတ်တိုက် မရှိဘူး။ ဒီတော့ စာအုပ်စာရင်းလည်း မရနိုင်ဘူးပေါ့။ ကျွန်တော် စိတ်ဆိုးမိတယ်။ စိတ်ပျက်မိတယ်။ နှုတ်မဆက်ဘဲ ထပြန်ခဲ့တယ်။

    ဒီညနေ မိတ်ဆွေသဘောတွေ့ကြပါတယ်။ သူက စလေဒင်နဲ့ ပြေပြေလည်လည်ဖြစ်အောင် ကူညီမယ်ဆိုပါတယ်။ ကျေးဇူးတင်တယ်။ ဒါပေမယ့် အကူအညီမလိုဘူးလို့ ပြောခဲ့ပါတယ်။ ဒီဘုန်းကြီးဘဲ သူနဲ့ ပထမတွေ့ခဲ့ကြတုန်းက အင်္ဂလိပ်ကို ကျိန်ဆဲပြီး ပြင်သစ်တွေ သိမ်မွေ့နူးညံ့ပုံကို ချီးမွမ်းနေတယ်။ ဒီသိမ်မွေ့တယ်ဆိုတဲ့ အကောင်တွေတောင် ကင်းမှာ ဘာတွေလုပ်သလဲလို့ သူမသိဘူးပေါ့။ ကျွန်တော်နဲ့ပါလာတဲ့ မြန်မာက အင်္ဂလိပ်စစ်သားဟာ ဈေးထဲမှာ သိပ်ရွံ့စရာကောင်းတယ်။ ပစ္စည်းယူပြီး ပိုက်ဆံမပေးဘူး။ မိန်းကလေးတွေ လိုက်ဆွဲတယ်။ အဲဒါမျိုးတွေ အများကြီး။ အမူးအရူးတွေ များတာတော့ မျက်မြင်ပါပဲ။ ကင်းစောင့်တဲ့ကောင်တောင် မူးနေတယ်။ မျက်မြင်ပဲ။


    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  4. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  5. #13
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၁ ဖေဖော်ဝါရီ ၁၈၈၆

    ဒီနေ့မနက်ကစပြီး ပိုက်ဆံ တော်တော်များများထွက်တယ်။ လိုချင်တဲ့ ကျမ်းစာတွေတွေ့လို့ ဝယ်တာရယ်၊ ဆယ်ရက်တွက် ဟိုတယ်ခပေးရတာရယ်။ နှစ်နေရာမှာ ဓားပြတွေ ဝင်တိုက်ပြီး လွတ်သွားသတဲ့။ တစ်နေရာရဲ့ နာမည်ကို ပြန်ပြီတွေးလို့မရ။ နောက်တစ်နေရာကတော့ စစ်ကိုင်း။ အဲဒီစစ်ကိုင်းဟာ ဓားပြတွေရဲ့ အခြေခံစခန်းပါပဲ။ ဒါကြောင့် စစ်ကိုင်းဘက်ကို မသွားဘဲ ဒီဘက်ကူးအိပ်ခဲ့တာပေါ့။

    သီပေါမင်းဟာ အင်္ဂလိပ်စကားလုံး နည်းနည်းပါးပါး သိပါတယ်။ ဒါပေမယ့် လောကုတ္တရာစာပေနဲ့ ပါဠိမှာတော့ ပညာရှင် အခေါ်ခံလောက်အောင် တတ်တယ်လို့ဆိုပါတယ်။ ဘုရင့် ပိဋကတ်တိုက်မှာ တွေ့ကြတုန်းက (အင်္ဂလိပ်)ဘုန်းကြီးကို လဗက်က ဒီလိုပဲ ပြောသွားတယ်လို့ အမှတ်ရပါတယ်။ စာတိုက်ကြီးတွေအပြင် ပုံနှိပ်စာအုပ်သေတ္တာကြီးခြောက်လုံးလည်း ရှိပါသေးတယ်။ ဒါပေမယ့် အသေအချာလေ့လာလို့ ဒီနေရာမှာ မရနိုင်ပါဘူး။ စတုတ္ထသင်္ဂါ ယနာကျမ်း တစ်ကျမ်း ထပ်တွေ့ပါသေးတယ်။ မြန်မာဘာသာနဲ့ ရေးထားတယ်။ မဟာဝင် အပြည့်အစုံလည်းတွေ့တယ်။

    ပိဋကတ် သုံးပုံစုံအောင် လွှတ်တော် စာကြည့်တိုက်မှာ မတွေ့ခဲ့ရပေမယ့် အခုဒီမှာတွေ့ပါတယ်။ သေတ္တာခြောက်လုံးစလုံး အကုန်ဖွင့်မကြည့်ပါ။ သေတ္တာတွေထဲမှာ တခြားပစ္စည်းမျိုးစုံလည်း ရောနှောထည့်ထားတာတွေ့ရလို့ဖြစ်ပါတယ်။ နန်းကျမင်းရဲ့ စာကြည့်တိုက်မှူး (ပိဋကတ်တော်အုပ်) နဲ့လည်း ကနေ့ တွေ့ခွင့်ရပါတယ်။ ဗုဒ္ဓဟူးနေ့ လာတွေ့ပါရစေလို့ ချိန်းလိုက်ပါပြီ။ သူ့အပြောက စတုတ္ထသင်္ဂါ ယနာဟာ ကျမ်းသီးခြားမဟုတ်ပါဘူး။ မဟာဝင်ထဲက တစ်ခန်းပဲလို့ဆိုတယ်။ စကားပြောရင်းသူက ဒလဒါဓာတုစံသဋီကာ ဆိုတာတွေ့ဖူးသလား။ ကြည့်ချင်ရင် ဒီစာကြည့်တိုက်မှာ မူတစ်ခုရှိတယ်လို့ သတင်းပေးတယ်။ အသက် ခုနှစ်ဆယ်ရှိပေမယ့် သန်တုန်း မြန်တုန်း ၊ ဆံပင်တစ်ချောင်းမှာ မဖြူသေးဘူး။

    မြို့ပြအုပ်ချုပ်ရေးက စလေဒင်ကွပ်ကဲပြီး ဘုန်း(Bhuns) ရဲ့လက်ထဲမှာဖြစ်တယ်။ နန်းတော်အနေထားကို ပြည့်စုံအောင် ဖော်ပြဖို့ အင်မတန်ခက်တယ်။ မြေဧရိယာ ကျယ်ဝန်းပြီး အဆောင်ဆောင် အခန်းခန်းများတယ်။ တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာလည်း သစ်ပင်ပန်းပင်တွေ ရှိနေတယ်။ အဆောက်အအုံ တွေထဲမှာ အမှောင်ရိပ်သန်းပြီး အေးမြတဲ့အနေအထားကို ရအောင်ဖန်တီးထားတဲ့ သဘောရှိတယ်။ အဆောင်တွေဟာ မဏ္ဍာပ်ဆန်တယ်။ ရွှေအပြည့် မချရင် မှန်အပြည့်စီထားတယ်။ ဒါပေမယ့် နေရာအတော်တော်များများမှာ ရွှေရောင်လည်း မှိန်လာပြီ။ မှန်ရောင်လည်း မှိန်လာပြီ။ အင်မတန် ခမ်းနားတင့်တယ်တာကို မှန်းနိုင်တယ်။ ဒါပေမယ့် ခုတော့ ပျက်စီးယိုယွင်းတဲ့သရုပ်ကို ဆောင်နေကြပါပြီ။ ဘုရင်ခံချုပ်လာမယ်ဆိုလို့ (အနောက်တိုင်းသားတို့ အနေအထိုင်နဲ့ အံကိုက်ဖြစ်အောင် တချို့နေရာတွေမှာ) အများကြီး ပြောင်းလဲထားပြီ။ နန်းတွင်းနဲ့ မန္တလေးမှာ စစ်သားခြောက်ထောင်ရှိတယ်။ အဲဒီအထဲက အင်္ဂလိပ်လူမျိုး စစ်သားတွေကို နန်းတွင်းမှာ နေရာချထားပေးတယ်။

    အိန္ဒိယအနောက်မြောက်နယ်စပ်မှာ ဖြစ်လာနိုင်မယ့်အရေးအခင်းတွေ ရှိနေလို့ မြန်မာနိုင်ငံရဲ့နောင်ရေးဟာ မတွေးတတ်နိုင်အောင်ရှိတယ်။ အဲဒီမှာဖြစ်နေတဲ့ ကိစ္စဟာ နိုင်ငံတကာ့ဆက်ဆံရေး အခြေနေကို ဥရောပမှာရော အာရှမှာပါ ရှုပ်ထွေးစေနိုင်တယ်။ ပြီးတော့ အင်္ဂလိပ်လက်နက်နိုင်ငံရဲ့ ရှေ့ရေးကို အပြီးအပိုင် ဆုံးဖြတ်မယ့် အရေးဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း သူတို့ လက်နက်နိုင်ငံကို ကြီးကြီးကျယ်ကျယ် ထိခိုက်မယ်ထင်တယ်။ အင်္ဂလိပ်က ဒါတွေကို ကြိုမြင်ထားတာကြောင့် မြန်မာနိုင်ငံကို ကမန်းကတန်း သိမ်းပစ်လိုက်တာဖြစ်မယ်။

    ပြဿနာကိုတော့ ဖြေရှင်းပြီးဆိုတဲ့ ပုံစံမျိုးပေါ်နေပြီ။ မန္တလေးမှာတော့ အင်္ဂလိပ်ကလွဲလို့ ဘယ်(ဥရောပတိုက်သား)မှ ဝင်စွက်ဖက်စရာ အပေါက်အလမ်းမကျန်တော့ဘူး။ ဓားပြတွေနှိမ်နှင်းဖို့က လွယ်ပါတယ်။ မကြာခင်မှာပဲ အထက်မြန်မာနိုင်ငံမှာ အရင်ကပုံစံတစ်မျိုး အုပ်ချုပ်ဖူးတယ်ဆိုတာ မေ့သွားပြီး ပုံစံသစ်ကို မသွေမလှန် လိုက်နာသွားကြမှာပါ။ ဒါထက်ပိုပြီး မျှော်မှန်းထားစရာမရှိဘူး။

    ဒီအတောအတွင်းမှာ ဘယ်လိုအဆုံးသတ်ပြီး ဘယ်လို အကျိုးအဖြစ် ထွက်မယ်လို့ ကြိုပြောဖို့ခက်တဲ့ မီးတောက်တစ်ခုကို မြန်မာနိုင်ငံမှာ မွှေးရင်ရမယ်ထင်တယ်။ ကုလားပြည်မှာ ၁၈ ရာစုကုန်လောက်က (တောင်အာရှ) လွှမ်းမိုးရေးအတွင်း (အင်္ဂလိပ်-ပြင်သစ်) အားပြိုင်တာကိုမြင်ခဲ့ရသလို အခုလည်း (အရှေ့တောင်အာရှ) လွှမ်းမိုးရေးအတွက် အားပြိုင်တာကို တွေ့ရအုံးတော့မယ်။ သီပေါမင်းကို အင်္ဂလိပ်ကနန်းချနိုင်ရုံနဲ့ ဒီပြဿနာ တိမ်ကောမသွားနိုင်သေးဘူး။ မြန်မာနိုင်ငံတွင်းမှာတော့ မြန်မာတိုင်းရင်းသား သူပုန်အနေနဲ့ အခုနေအခါ (ဖြစ်ဖြစ် မြောက်မြောက်) ပေါ်မလာနိုင်သေးဘူး ၊ မန္တလေးကို ဘယ်လိုသိမ်းတယ်၊ အဲဒီတုန်းက မြန်မာတွေဘယ်လို ပြုမူတယ်၊ ပြီးတော့ အခုလို အင်္ဂလိပ်တပ်သားတွေ စည်းမဲ့ကမ်းမဲ့ မင်းမူနေတာကိုဘယ်လိုခံနေတယ်ဆိုတာ မြင်ရသိရရုံနဲ့ ဒီလိုပြောနိုင်စရာဖြစ်ပါတယ်။

    မြို့တော်မှာ အားလုံးငြိမ်းချမ်းအေးဆေးနေတယ်။ ဓားပြတွေကတော့ ကျေးရွာတွေကို ဖျက်ဆီးလုယက်ဆဲပဲ။ တိုင်းရင်းသား အချင်းချင်းမညှာတဲ့အပြင် ဘုန်းကြီးတွေပါ ပြေးရပုန်းရ ဖြစ်နေတယ်။ရှေ့တစ်နှစ် နှစ်နှစ် အတွင်းမှာပဲ ဒီလူတွေအကုန်လုံးဟာ အင်မတန်သစ္စာရှိတဲ့ အင်္ဂလိပ်ကျေးတော်မျိုး ကျွန်တော်မျိုးတွေဖြစ်သွားကြမယ်။ အဲဒီတော့ (အင်္ဂလိပ်အနေနဲ့) ဘာပူစရာရှိသလဲ။ မြန်မာ့မြေပြင်မှာ မြန်မာတစ်မျိုးတည်းနေကြတာ မဟုတ်ဘူး။ နယ်နိမိတ်ဆိုရင် တရုတ်နဲ့အစပ်ဖြစ်တယ်။ ရှမ်းကတောင်ကင်းအထိ အမျိုးဆက်တွေရှိတယ်။ တောင်ဖက်မှာ ရိုးဒယားနဲ့စပ်တယ်။ ဒီ (အစပ်)နယ်တွေမှာ နိုင်ငံတကာ ဆက်ဆံရေးထုံးစံတွေက လွတ်လွတ်ခွါပြီး အဆက်အသွယ် အသစ်မလုပ်နိုင်တော့ဘူးလား။

    ခရစ်ယာန် ဂိုဏ်းချုပ်ရဲ့ မျိုးရိုးအမည်က ဗာဒွန် (J.S Burdon) လို့ခေါ်တယ်။ စစ်သားတွေ ဘုရားတစ်ဆူကို ဝိုင်းရံနေကြပြီး အုန်းရေနဲ့ ရေချိုးနေကြတယ်လို့ စလေဒင်အိပ်မက်တယ်၊ ဘာအဓိပ္ပါယ်ယူမလဲမသိလို့ လူတွေပြောနေကြတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  6. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  7. #14
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂ ဖေဖော်ဝါရီ ၁၈၈၆

    မူလာအိတ်စမေးရဲ့ အိမ်ကို ခုပဲရောက်တယ်။ တရုတ်တန်းက တရုတ်တစ်ဦးရဲ့ အိမ်ကိုဓားပြ ဝင်စီးသွားတယ်။ ရဲက သေနတ်အချက်တစ်ရာလောက် ပစ်တယ်။ ရဲဝံ့လှတယ်။ ကျွန်တော်တည်းနေတဲ့ ဟိုတယ်နဲ့ အဲဒီတရုတ်တန်းဟာ ခရီးမိုင်နှစ်ဖာလုံကျော်လောက်ပဲဝေးတယ်။ ညနေကပဲ ဒီနေရာကဖြတ်ပြီး ဦးသုဒခန် (?) ကို သူ့ယာယီကျောင်းမှာ သွားရှာခဲ့သေးတယ်။ မတွေ့။

    မနက်ပိုင်း ကုသိုလ်တော်ကိုရောက်ပါတယ်။ ကျောက်စာတိုင်အားလုံးကို လှည့်ကြည့်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် တစ်ပတ်မလည်ခဲ့ဘူး။ ပိဋကတ် သုံးပုံဝင်းထဲမှာ ဖြန့်ပြီး စိုက်ထူထားပါတယ်။ အပြင်ဆုံးဝင်းမှာ သုတ္တန္တပိဋက၊ အလယ်က အဘိဓမ္မပိဋက၊ အတွင်းဆုံးမှာ ဝိနယပိဋက။ ဒါပေမယ့် အတိအကျပိုင်းခြားတာမျိုး မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ဝင်းကကျော်ပြီး တစ်ဖက်ကို ကူးသွားတာလည်း တွေ့ပါတယ်။ ဆိုလိုတာက အပြင်ဝင်းထဲမှာလည်း အဘိဓမ္မာ ကျောက်ပြားတချို့ရှိနေပြီ။ ဒီလိုပဲ အလယ်ဝင်းထဲမှာလည်းဘဲ ဝိနည်း ကျောက်ပြား တချို့ကိုတွေ့ပါတယ်။

    ကနေ့ လှည့်လည်ကြည့်လို့ သိခဲ့ရသမျှကတော့ စစ်ကိုင်းမှာ ဓားပြတွေ ရက်ရက်စက်စက်မွှေနှောက်သွားတယ်။ မဒရပ်တပ်ကို နောက်တစ်ခါ အပြစ်တင်ခံရပြန်တယ်။ အလွယ်ပြောတော့ အင်္ဂလိပ်ဟာ အထက်မြန်မာနိုင်ငံကို သိမ်းပြီး အောက်မြန်မာနိုင်ငံကို ဆင်းလုမယ့် လူတွေကို လွှတ်ပေးလိုက်တာ ဆန်းတယ်။ ဓားပြကို ဘယ်မှာအများဆုံးတွေ့သလဲ။ ပဲခူး၊ မော်လမြိုင်ဆိုတဲ့ အင်္ဂလိပ်မြန်မာနိုင်ငံ အောက်ပြည်တလွှားပါပဲ။

    ပိဋကတ် ကျောက်ပြားတွေအကြောင်း ပြန်ကောက်ကြစို့ရဲ့။ ဒုတိယဝင်းထဲကို ဝင်ကြည့်တဲ့အခါ အဘိဓမ္မာဆိုင်ရာ ကျောက်ပြားတွေတွေ့ရသလို ဝိနည်းဆိုင်ရာတွေလည်းရှိပြန်ရော။ ကိုးခုမြောက်က ဘိက္ခုနီပါစိတ္တိယ၊ နှစ်ဆယ့်ခြောက်ခုမြောက်က ဝိနယမဟာဝဂ္ဂ ၊ နှစ်ဆယ့်ငါးခုမြောက် စုလ္လဝဂ္ဂ၊ ပြီးတော့မှ အဘိဓမ္မာဆိုင်ရာတွေတွေ့ရတယ်။ ပထမဝင်းထဲမှာလည်း ဣန္ဒြီယဇာတက နဲ့ ပဌာန အစုံတွေ့သေးတယ်။

    နန်းကျမင်းရဲ့ ပိဋကတ် အုပ်ဆီကို ယနေ့မနက် ရောက်သွားတယ်။ မြက်တိုတွေပေါက်နေတဲ့ ဝင်းထဲမှာအိမ်ငယ်လေး သုံးလေးလုံး။ ဒီအထဲက အိမ်ခြေတံရှည်ကလေးထဲမှာ ပိဋကတ်အုပ်က ကျွန်တော့်ကိုဧည့်ခံပါတယ်။ အိမ်က သိပ်မကြီးဘူး။ ကျွန်တော်တို့ ထိုင်နေကြတဲ့နေရာက ဖိနပ်ချွတ်ပါ။ ကျွန်တော့အဖို့တော့ ထိုင်စရာခုံတစ်လုံး ထုတ်ပေးပါတယ်။ ကျမ်းစာတွေအကြောင်း ပြောကြပါတယ်။ သူက ရာဇဝင်စာရင်း ပေးပါတယ်။ ဒါပေမယ့် သူ့ပါးစပ်ကအလွတ်ရသလောက်ပဲ ချရေးပေးတာမို့ ကျန်တာရှိအုံးမယ်ပေါ့။ ဓာတုကေသပကာသနီ အကြောင်းတော့ သူဘာမှ မပြောတတ်ဘူး။

    ဘုရင့်ပိဋကတ် တိုက်မှာ ကျမ်းစုံပေမယ့် အခု လူခိုးခံရပြီမို့ မစုံတော့ဘူးလို့ သူက ရဲရဲပြောနေပါတယ်။ လွှတ်တော် ပိဋကတ်တိုက် က သီးသန့် နောက်တစ်ခုဖြစ်တယ်လို့ဆိုတယ်။ အမှန်က လွှတ်တော်ဆိုင်ရာ အရာရှိပေါင်းစုံက အလွယ်သုံးလိုသလို ယူလာတဲ့ကျမ်းတွေဖြစ်လို့ ပိုင်ရှင်တွေ အများကြီးရဲ့ ပစ္စည်းတွေဖြစ်တယ်တဲ့။ သူက သီပေါမင်းဟာ ပါဠိကောင်းကောင်းတတ်တယ်။ စာအဖတ်လည်း များတယ်လို့ ပြောတယ်။ ဒါပေမယ့် ရှင်ဘုရင်ဖတ်လေ့ရှိတာ ဘာကျမ်းတွေလဲလို့ မေးတော့ မဖြေတတ်ဘူး။

    အနေအထိုင် မဝင့်ဝါဘူးလို့ ပြောရမှာထက် ပိုတယ်။ (နုံချာတယ်လို့ ဆိုချင်တယ်)။ သစ်တိုင်၊ ထရံကာ ၊ အိမ်ထောင်ပရိဘောဂ (စားပွဲ၊ ကုလားထိုင်၊ ကုတင် စတဲ့ပစ္စည်း) ဘာမှမရှိ။ ကြမ်းမှာပဲ ထိုင်ကြတယ်။ သူက ကွမ်းဝါးလို့ ၊ ကြမ်းပေါက်ထဲကို တံတွေးထွေးလို့။

    လက်ကိုင်ပဝါမပါဘဲ နှပ်ညှစ်ပြီး ကြမ်းပေါ် ပစ်ချတဲ့လူလည်းရှိတယ်။ အဲဒါမြင်တော့ အိမ်အတွင်းရဲ့ သန့်ရှင်းရေးကို ခန့်မှန်းသိလောက်တယ်။
    ဝင်းခြံထဲမှာ မြက်သောသောနဲ့ အိမ်ဖြစ်ပေမယ့်လည်း ဖုံက ထူတာပါပဲ။ အဘိုးကြီးက ခုနှစ်ဆယ့်တစ်နှစ်ထဲမှာ။ ဒါပေမယ့် ဆံပင်ဖြူတစ်ချောင်းမမြင်ရသေးဘူး၊ မယားနှစ်ယောက်၊ သားသမီးများတယ်။ အငယ်ဆုံးသားက ဆယ်နှစ်လောက်ပဲရှိအုံးမယ်။

    ကျွန်တော်ထပြန်တော့ သားအကြီးဆုံးက ကျွန်တော့ဆီမှာ သူ ပါဠိသင်ချင်တယ်လို့ပြောတယ်။ ဒီအရပ်မှာ ကျွန်တော့ကို တကယ့်ပညာရှင်ကြီးလို့ ကျော်ကြားနေတယ်ဆိုပဲ။ ဘုန်းကြီးတွေကအစ ကျွန်တော့အကြောင်း ပြောနေကြတယ်လို့ ဟိုလူဆိုး (အင်္ဂလိပ်) ဘုန်းကြီးက မနေ့က ကျွန်တော့ကိုပြောပြတယ်။

    ဘုရားကြီးကို သွားတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် အမွန်အမြတ် နေရာဖြစ်တယ်။ ဘုန်းကြီး ဦးကိန္နကျောင်းနဲ့ မဝေးလှဘူး။ မျက်နှာစာ လေးဘက်က စောင်းတန်းလေးသွယ်ရှိတယ်။ အလယ်မှာ ဗုဒ္ဓရုပ်ပွါးတော်ကြီးကြီး၊ အင်မတန် အရုပ်ဆိုးတယ်။ မဟာမုနိ ဘုရားလို့တွင်ပါတယ်။ ခမ်းနားတင့်တယ်မှုကို မရှိလို့ဘဲဆိုချင်တယ်။

    သီလရှင်တွေ အများကြီး။ ဥပသကာတွေ အုပ်လိုက်ချီပြီး တွေ့ရတယ်။ အနားမှာ စမ်းရေယဉ်သုံးခု တွေ့ရပါတယ်။ အံ့ဖွယ်ဖြစ်တယ်လို့ ပြောကြတယ်။ ဥပသကာတွေဟာ ဝပ်စင်းပြီး အော်ကျယ်အော်ကျယ်နဲ့ ဣတိပိသောဘဂဝါလို့ ရွတ်ကြတယ်။ ရှေ့မှာ အုတ်ခဲပေါ် ဖယောင်းတိုင်တင်ပြီး မီးပူဇော်ထားတယ်။

    အားလုံးခြုံပြီးပြောရရင် ဒီနေရာဟာ စိတ်ထဲမှာ လေးစားသွားလောက်အောင် ခန့်ညားတဲ့ပုံကို မဆောင်ဘူး။ ပစ်စလက်ခတ်ထားတဲ့ ပုံမျိုးပေါ်နေတယ်။ တစ်ထောင့်မှာတော့ ကျောက်စာတိုင်တွေ အများကြီးရှိတာကို သတိပြုမိပါတယ်။ အပေါ်က အမိုးသာရှိတဲ့ တဲလိုဟာမျိုးထဲမှာ စုထားတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  8. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 18 OD;rS aus;Zl;wif&SdMuygonf


  9. #15
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    (ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၈၈၆ မှတ်တမ်းရေးတာမတွေ့)

    ၄ ဖေဖော်ဝါရီ ၁၈၈၆

    ယနေ့မနက် ကုသိုလ်တော်ကို ဆက်သွားပြီး ပိဋကတ်ကျောက်စာတိုင်တွေကို ဆက်ပြီးလေ့လာပါတယ်။ ပိဋကတ်သုံးပုံနဲ့အတူ မိလိန္ဒပညာ၊ ပေဋကော ပဒေသနဲ့ နေတ္တိ ကျမ်းတွေကိုပါ အပြင်ဝင်းထဲမှာ တွေ့ရတာ အံ့ဩစရာပဲ။ ဒီသုံးကျမ်းဟာ ပိဋကတ်အဝင်အပါ ဖြစ်သွားပြီလို့ပဲ ဆိုကြပါစို့။

    မနက်စောစော လေညှင်းလေးတိုက်လို့ ထီးက ခေါင်းလောင်းကလေးတွေဟာရင်ပြင်တော်ကို ဘုရားကြည်ညိုရအောင် မရောက်ရသေးတဲ့လူတွေကို လာလှည့်ကြလို့ အသာအယာ ခေါ်နေသလို သာသာယာယာ မြည်နေကြတယ်။ ဒီနေရာဟာ အံ့ဩစရာနေရာဖြစ်တယ်၊ ပတ်ဝန်းကျင်လည်းအံ့ဩစရာပဲ။ တောင်ဘက်မှာ မန္တလေးတောင်ရှိတယ်။ တောင်ပေါ်အတက်မှာ ကျောင်းတွေ၊ စေတီတွေ အများကြီးပေါ့။ မကျည်းပင်၊ ထန်းဂျပင် ၊ ပိန္နဲပင်ဆိုတာတွေ ဝေဝေဆာဆာပေါက်နေလို့ သာယာလှတယ်။ အဲဒီလို အံ့ဩချီးမွမ်းစရာတွေကြည့်ရင်း အပူရှိန်ကိုတောင် မေ့ပျောက်သွားပါတယ်။

    ဟိုတယ်အစေခံတစ်ယောက်က ပေစာကျမ်းတစ်ဆူလာပြတယ်။ သုမင်္ဂလာ သိနီဋီကာဖြစ်တယ်။ သူက မြန်မာ ၊ ကျွန်တော့ကို ဟိန္ဒိ မပြီမသနဲ့ ဒီကျမ်းကို သူ့မိတ်ဆွေတစ်ယောက်က ၁၅ိ/ရရင် ရောင်းမယ်တဲ့။ ဈေးဆစ်ပြီး ၁၁ိ/-နဲ့ ယူလိုက်ပါတယ်။ တန်ပါတယ်။ ကုသိုလ်တော်ကနေပြီး လင်္ကာရာမတိုက်ကို သွားတယ်။

    အဲဒီကျောင်းကို ရှာရတာ အချိန်တော်တော်လေးကြာသွားတယ်။ ဒီလိုရှာရင်း ယမားအိုကျောင်း (?) ကိုရောက်သွားတယ်။ ခန့်ညားတဲ့ နှစ်ထပ်ကျောင်းကြီးရှေ့မှာ ရပ်ကြည့်မိတယ်။ ပတ်လယ်မှာ ပျက်စီးယိုယွင်းနေတာ တွေ့ရတယ်။ ဘယ်သူမှ မနေတော့တဲ့ နေရာမျိုးလိုဘဲ။ မောင်နုက ကျောင်းထဲဝင်ကြည့်တော့မှ တစ်နေရာမှာ စာကျက်နေတဲ့ ကလေးတွေ တွေ့တယ်။

    ကျွန်တော်လိုက်သွားပြီး ပထမအဆင့်ကို တက်သွားတော့မှ စာသင်ခန်းကို ရောက်ပါတယ်။
    ထုံးစံအတိုင်း ယောက်ျားကလေးတချို့ဟာ ကျမ်းပေါ်မှာ တစ်ပိုင်းဝပ်စင်းပြီး သင်ခန်းစာကို ညည်းတွားသံနဲ့ အော်နေတယ်။ နောက်တစ်ခန်းထဲသွားပြန်တော့လဲ ဒီလိုပဲ စာကျက်နေတာ တွေ့ပါသေးတယ်။ အတန်းကိုင်ဆရာက ဘုန်းကြီးအို သန္ဓိကပ္ပတဲ့။ ကျွန်တော် ဝင်မသွားခင်က ဘုန်းကြီးဟာ အိပ်ငိုက်နေပုံရတယ်။ ကျွန်တော်ရောက်သွားတော့ ကျွန်တော့ကို အကြာကြီးကြည့်နေပြီးမှ နေရာထိုင်ခင်းပေးတယ်။ ကြင်နာ သနားတတ်ပုံပေါ်တယ်။

    သနားတတ်တယ်ဆိုတာက ကျွန်တော့ကို မန္တလေးမှာ ပုံနှိပ်တဲ့ စာအုပ်နှစ်အုပ် အလကားပေးဖော်ရလို့ပါပဲ။ ရန်ကုန်ရောက်ရင် ဘင်္ဂါလီသဒ္ဒါ စာအုပ်တစ်အုပ်ပို့ပေးပါလို့လည်း မေတ္တာရပ်တယ်။ ဘာပြုလို့ ဘင်္ဂါလီစာအုပ် လိုချင်သလဲလို့မေးတော့ အင်္ဂလိပ်ဘာသာကိုရ် ဘင်္ဂါလီ နဲ့သင်ရင် မြန်မြန်တတ်တယ်လို့ ကြားဖူးလို့တဲ့။ စကားပြောရပ်ပြီး လာပြတဲ့ ကျမ်းတွေ ကြည့်တယ်။ သုတ္တပဌေယျဋီကာ ကို ၁၂ိ/နဲ့ ဝယ်လိုက်တယ်။ မောင်နုက သူမှာထားတဲ့ သေတ္တာအတွက်ပေးဖို့ ကျွန်တော့ဆီက ငွေ ၁ိ/- တောင်းယူတယ်။

    အကြမ်းသဘောပြောရရင် ဘုန်းကြီးတွေဟာ သဘောကောင်းပါတယ်။ ပြီးတော့ ဥရောပတိုက်သားနဲ့ အဆက်အဆံ မလုပ်ချင်ဘူးဆိုတာမျိုး မရှိပါဘူး။ ဒီကိုယ်တော်နေ့လည် အိပ်ပျော်နေတုန်း ကျွန်တော်ရောက်သွားတာပေါ့။ သူ့ခေါင်းကို စီဝရံနဲ့ ဖုံးပြီးအိပ်တာ။ အနားမှာတော့ ကောင်ကလေးသုံးလေးကောင်ရှိပါတယ်။ အိပ်နေတဲ့ ဆရာတော်ရဲ့ ဝန်းကျင်မှာလည်း စာအုပ်တွေ။ တစ်အုပ်ကပွင့်လို့။ ဖတ်ဆဲထင်ပါရဲ့။ ပါဠိအနက်ပေးထားတဲ့ ပါစိတ္တိယ။

    ဒီဘုန်းကြီးမျိုးအတွက် သာသနာကို လေးစားတဲ့မြန်မာတွေ ဆောက်ပြီးလှူတဲ့ ကျောင်းအဆောက်အအုံတွေကို ကြည့်စမ်းပါ။ ဘယ်လောက် စည်းစိမ်နဲ့ နေနိုင်သလဲလို့။ အခန်းကျယ်ကြီးတွေ နေ့လည်မှာတောင် အေးလို့။ အရိပ်အာဝါသကလဲ ကောင်းပါဘိသနဲ့။ ဒီလိုကျောင်းကြီးမျိုးမှာ အလယ်ဗဟိုက ဘုရားခန်းရှိမြဲပဲ။ ဒီလို သူတော်လို့ မွေ့လျော်ရာမှာ ဆူဆူညံညံ ခွေးပိန်တွေ အုပ်လိုက်ရှိမြဲပေါ့။ ဒီခွေးတွေဟာ အတားအဆီးမရှိ ဘုရာခန်းအထိ တက်လာကိုလဲ တွေ့မြဲ။

    ဘုန်းကြီးတွေရဲ့ ကြင်နာပုံ၊ သည်းခံပုံကို ဒါလောက် အကျယ်ရေးပြီးလို့မှ မဆုံးခင်ဒီလိုရေးမိတာ မှားလေခြင်းလို့ နောင်တရစရာကိစ္စတစ်ခု ကြုံရပုံကိုလည်း ရေးရမယ်။ ခင်မကန် ဆရာတော်ဆီ ခုပဲရောက်သွားတယ်။ ဆရာတော်ကို ဆက်ကပ်ဖို့ မောင်ဖိုးမှင်ရဲ့ စာလည်းပါတယ်။ ကျောင်းက မြို့တံတိုင်းနဲ့ သိပ်မကွာပါဘူး။ အဝန်းအဝိုင်းကဖြင့် သာယာစိုပြေလှတယ်။ ထန်း ၊ မကျည်းတွေအပြင် ဘာပင်ရယ်လို့ ကျွန်တော်မသိတဲ့ အပင်တွေလည်းအပြည့်ပဲ။ ဝင်းထဲမှာ ဘုန်းကြီးတွေနေဖို့ အဆောက်အအုံတွေလည်း အများကြီး။

    ဆရာတော်ရဲ့ အခန်းကို ဝင်မိကြပြီ။ ဆရာတော်ဟာ ဝရန်တာရဲ့ တစ်ဖက်စွန်းက မတ်တပ်ရပ်လျက် ကျွန်တော့ကို ရန်သူကြည့်ကြည့်နေတယ်။ စာကို ကမ်းလိုက်တဲ့အခါ ဆောင့်ကြောင့်ထိုင်ပြီး အသေအချာဖတ်တယ်။ စာဖတ်ရတာ တာဝန်ကြီးတစ်ခုလို ပင်ပန်းနေပုံရတယ်။ ပြီးတော့မှ ကြမ်းပြင်မှာ အခင်းမရှိဘဲ ကျွန်တော့ကို ထိုင်ခိုင်းပါတယ်။ ကျွန်တော်လည်း ခိုင်းတဲ့အတိုင်း လိုက်နာပါတယ်။ ပြီးတော့မှ ဖျာယူခဲ့ဖို့ အမိန့်ပေးပါတယ်။ ဖျာခင်းပြီးတော့ ကျွန်တော်ကလဲ ဖျာပေါ်ရွှေ့ထိုင်မိတယ်။ ဆရာတော်က ဖျာဟာကျွန်တော့ဖို့ မဟုတ်ဘူးဆိုပြီး ချက်ချင်း အထခိုင်းတယ်။ ဖျာစုတ်စုတ် တစ်ချပ်ပေါ်မှာထိုင်လို့ ပြောပြန်တယ်။ ဒီအထိ ကျွန်တော်သည်းခံပြီး နေပါသေးတယ်။ သူက တစ်ခါ ကျွန်တော့ကို ပုဆစ်ဒူးတုပ် ထိုင်ရမယ်လို့ ခိုင်းပြန်တယ်။ ဒါကတော့ လွန်လွန်းတယ်။ ဒီနေရာမှာပဲ ခင်မကန်ဆရာတော်နဲ့ တွေ့ဆုံခြင်းဇာတ်သိမ်းတယ်။ သူ့ကို ကျွန်တော် စိတ်ရှိသလောက်အပြစ်တင်စကား မပြောခဲ့မိတာ မှားတယ်လို့ ထင်မိတယ်။ သူက ကျွန်တော့ကိုချွတ်ဖို့ ကြိုးစားတာ ကျွန်တော်က ခေါင်းမာမိုက်မဲလွန်းလှတယ် ဆိုပါတော့။

    အဲဒီက ( အင်္ဂလိပ် ) ဘုန်းကြီး ကိုလဗက်ဆီရောက်ပြန်တယ်။ နန်းတော်မှာနေတယ်။ အဲဒီကတစ်ခါ ဗာဒွန်(Burdon) ဆီကိုသွားတော့ အပြင်လမ်းလျှောက် ထွက်နေလို့ မတွေ့ခဲ့ရဘူး။ အရင် အင်္ဂလိပ်အရေးပိုင်ရုံးနေရာဟာလည်း သိပ်လှပသာယာတဲ့ နေရာပါပဲ။ အဲဒီက အင်္ဂလိပ်အရေးပိုင်ဟာ ၁၈၇၉ ခုနှစ်ကစပြီး ထွက်သွားလို့ ခုတော့ အပြုမပြင်နဲ့ ဖြစ်နေရရှာတယ်။ သံကြီးတမန်ကြီးတွေအတွက်ဆိုပြီး ဆောက်တဲ့ အဆောက်အအုံဖြစ်တယ်လို့ ဆိုတယ်။ ဥယျဉ်ကြီးထဲမှာ ဆောက်ထားတယ်။ ဒီနေရာမှာ ဥရောပတိုက်သားတစ်ဦး ဘယ်လိုကိုယ့်နေရာကို နေပျော်အောင် လုပ်ထားတယ်ဆိုတာ အလွယ်နဲ့ ကြည့်နိုင်ပါတယ်။

    ဗာဒွန်ဆီကို ခုပဲရောက်ပါတယ်။ ပြင်သစ်က ဒီမှာ ဘာလုပ်ချင်တယ်ဆိုတာ တွေ့နေရပါပြီ။ သူတို့က မန္တလေးကနေပြီး (ဆန်ကွိုင်မြစ်ရိုး) အထိ မီးရထားလမ်း ဖောက်ချင်တယ်။ ဒီအတိုင်း ဖယ်ရီ(Ferry) အစိုးရလက်ထက်က စာချုပ် ချုပ်တယ်။ နောက်တက်လာတဲ့ အစိုးရကျတော့ ဖရေစိန်(Freisine) က အဲဒီဝါဒကို ရုပ်သိမ်းပြီး ပြင်သစ်ဟာ မြန်မာမြေပေါ်မှာ ဘာလိုလားမှန်းထားချက်မှ မထားဘူးလို့ အင်္ဂလိပ်ကို အသိပေးလိုက်ပါတယ်။ (ဖရေစိန်ဟာ ဟင်နရီ ဗရီးဆိုး (Henri Brissou) ရဲ့ ဧပြီ - ဒီဇင်ဘာ ၁၈၈၅ အစိုးရမှာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တယ်။)။

    ဒါပေမယ့် ပဲရစ်မြို့တော်မှာ မြန်မာသံအမတ် ရောက်နေတာက ဘာတွေဖြစ်လာအုံးမလဲလို့ တွေးတောပူပန်စရာ ဖြစ်နေပြီပဲ မဟုတ်လား။ ပြင်သစ်ကတော့ ရှက်ရှက်နဲ့ပဲ (မြန်မာစတဲ့) နယ်ပယ်က ရှောင်ထွက်သွားရပါပြီ။ နောင်လည်းပြန်လာနိုင်စရာ အလားအလာ သိပ်မရှိတော့ဘူး ထင်ပါတယ်။

    ဗာဒွန်(Burdon) ကပြောပြလို့ သိရတာက မြန်မာ-အင်္ဂလိပ် စစ်ဖြစ်နေချိန်မှာ ဥရောပတိုက်သားတွေကို မြန်မာအစိုးရက ဘေးရန်မရှိအောင် စောင့်ရှောက်ပေးပါတယ်။ ဓားပြတွေရဲ့ သတင်းကြားရပြန်ပြီ။ ကုန်ခဲ့တဲ့ညက မြို့ဆင်ခြေဖုံးမှာ ဝင်ပြီး တိုက်သတဲ့။ အသေးစိတ်တော့ မသိရသေးဘူး။

    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  10. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 16 OD;rS aus;Zl;wif&SdMuygonf


  11. #16
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    (ဖေဖော်ဝါရီလ ၅ ရက်နေ့ ၁၈၈၆ မှတ်တမ်းရေးတာမတွေ့)

    ၆ ဖေဖော်ဝါရီ ၁၈၈၆

    (အင်္ဂလန်မှာ မြန်မာနိုင်ငံကို သိမ်းတုန်းက အာဏာရာထားတဲ့) ကွန်ဆာဗေးတစ် (ရှေးရိုးပါတီ) အစိုးရပြုတ်ကျတယ်လို့ သိရတယ်။ အဝအနားမှာ ဓားပြနဲ့ အင်္ဂလိပ် တိုက်ပွဲကလေးဖြစ်တယ်။ ပထမသတင်းက ထူးတယ်။ မြန်မာ့ရှေ့ရေးမှာ ထူးထူးခြားခြား ပြောင်းလဲသွားလေမလား၊ နိုင်ငံကို မသိမ်းဘဲ အစောင့်အရှောက်ခံနယ်လို့ သတ်မှတ်လိုက်မလား မပြောတတ်။

    ဓားပြသတင်းဟာ အင်္ဂလိပ်တွေနိုင်ငံတွင်း ငြိမ်ဝပ်ရေးကို ထိထိရောက်ရောက်ဘာမှ လုပ်မပေးဘူးဆိုတာကို ထင်ရှားစေတယ်။ မနေ့က ဗာဒွန်က အင်္ဂလိပ် မရောက်ခင်ကလည်း ဓားပြအန္တရာယ်မပေးဘူး။ မြန်မာ့မြေပြင်မှာ ဓားပြနဲ့မီးဟာ မကြာခဏ ကြုံရတဲ့အန္တရာယ်တွေပဲတဲ့။ ကနေ့ လင်္ကာရာမမှာ ကြုံရတာကိုတွေ့ဖူးမှ မီးဟာ မြန်မာတွေအတွက် ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ နားလည်တော့တယ်။ ကျောင်းတိုက်တစ်ခုလုံး လုံးဝပျောက်ကွယ် သွားပြီ။ ပိဋကတ်တိုက်လို့ ခေါ်တဲ့ ကျောက်တိုက်ကလေးတစ်လုံးပဲ ကျန်တော့တယ်။

    အဲဒီလင်္ကာရာမကနေပြီး ခုနကလူမိုက် (အင်္ဂလိပ်ဘုန်းကြီး) နဲ့ ကျောက်တော်ကြီးဘုရားဘက် ရောက်သွားကြတယ်။ ဒီဘက်နားမှာတော့ ဘုန်းကြီးကျောင်းမရှိဘူး။ ပြာသာဒ်က မပြီးသေး။ ဘုရားကြီးက သိပ်ကြီးတယ်။ နှစ်ဆယ့်ခြောက်ပေ အမြင့်ရှိတယ်။ ကျောက်တစ်တုံးထဲက ထုယူတာပဲ။ အချိုးအဆက် မပြေပြစ်ဖူး။ အထူးသဖြင့် ဦးခေါင်းနဲ့လက်ပေါက်ပုံ အရုပ်ဆိုးလှတယ်။

    ဝင်းထဲမှာလည်း ကျောက်သားရဟန္တာရုပ်တွေထုပြီး ဘုရားကိုဝိုင်းပြီး ဝန်းရံပူဇော်တဲ့ဟန်နဲ့ ထားသေးတယ်။ (အသီတိ ရှစ်ကျိပ်)။ ဒီနေရာဝန်းကျင်တစ်ခုလုံး ခြုံကြည့်ရင် အလုပ်အဆောင်လုပ်ဆဲ၊ မပြီးမစီးခင်ကဘဲ တစေတဝက် ပျက်လိုက်ပြီလို့ ဆိုရမယ်။ ပုံစံက ဘုန်းကြီးကျောင်းလိုလို။ ဒါပေမယ့် ဘုန်းကြီးနေစရာ တိုက်ခန်းငယ်တွေ မပါဘူး။ ဘုရားဖူးတွေလာဖို့ သက်သက်ပဲ ဆောက်ထားတာဖြစ်တယ်။ ဘုရားဖူးလည်း တစ်ယောက်မှမမြင်။ ဘယ်မြင်မလဲ ဒီအဝန်းအဝိုင်းထဲမှာ စစ်ဆေးရုံလာထားတယ်။

    အဲဒီက တစ်ခါ ကျွန်တော်တို့ စန္ဒမုနိဘုရားဘက် သွားကြပြန်တယ်။ ဒီနေရာတွေဟာ အားလုံး ကုသိုလ်တော် အတုမရှိနဲ့ မဝေးလှဘူး။ လေ့လာစရာများတာက ရွှေကျီးမြင့်ပဲ။ ကမ္မဌာန်းရုပ်တွေ နံရံဆေးရေးနဲ့ တွေ့ရတယ်။ လက်ရာအနေနဲ့တော့ ညံ့တယ်။ ဒါပေမယ့် လူကိုယ်ခန္ဓာရဲ့ မခိုင်မြဲပုံကို သဘောပေါက်အောင် ပြနိုင်ပါတယ်။ နန်းကျမင်းရဲ့ လက်သုံး ပုဏ္ဏားတစ်ယောက်နဲ့ မနေ့ကတွေ့တယ်။ သက္ကတနဲ့ စကားပြောကြတယ်။ သူပြောတာ လုံးဝမရှင်းဘူး။ ဘာမှအတွေ့ အကြုံမရှိ၊ ဦးနှောက်မရှိဆိုတဲ့ အစားပဲ။ ဓမ္မသတ်တွေအကြောင်းများ သိမလားလို့ မေးကြည့်ပါတယ်၊ ကြားဖူးရုံပဲရှိတယ်။ အဲဒီပုဏ္ဏား ထပ်လာပြန်တယ်။ ဟိန္ဒီကျမ်းတွေ ယူလာပြီး ပြတယ်။ ရှေး အင်မတန်ကျတဲ့ သက္ကတကျမ်းဟောင်းတွေလို့လည်း ပြောသေးတယ်။ သူ့သဘောကို ကျွန်တော်ချက်ချင်း သိပါတယ်။ ပြီးတော့ သူနာဂရီစာ မဖတ်တတ်ဘူး ဆိုတာလည်းထင်ရှားနေတယ်။

    စလေဒင်က ခုပဲ ကျမ်းနှစ်ဆောင် အပို့လွှတ်တယ်။ ဈေးကြီးတယ်။ ခပ်သော့သော့ ရေးတဲ့သဘောရှိပြီး ထူးခြားချက်လဲ သိပ်မရှိဘူး။ ကျောင်းတော်ကြီးသွားတယ်။ (မြတောင်တိုက်ကို ဆိုလိုတယ်)။ စုဘုရားလတ် ဆောက်တဲ့ကျောင်းပဲ။ သိပ်ခမ်းနားတယ်။ ဧရာဝတီနဲ့လဲ သိပ်မဝေးဘူး။ လှမ်းကြည့်လို့တော့ မမြင်ဘူး။ ကျောင်းတိုက်ဝန်းကျင်လည်း စိမ်းစိုနေတယ်။ ချမ်းသာကြွယ်ဝတဲ့ အနေအထားကို မြင်သာနေတယ်။ ပန်းပုလက်ရာ အပြည့်၊ ရွှေအပြည့်၊ ထန်းပင်အပြည့်၊ တချို့ပန်းကို အနီခံပြီး ရွှေရေးတယ်။ အဲဒါက ပိုးပြီး ကြည့်လှသလိုပဲ။ အစိမ်းခံမှာ အနီတစ်စု၊ အဝါတစ်စုနဲ့ ကြည့်လို့ သိပ်လှတယ်။

    ကျွန်တော့ကို ဒီကျောင်းအရောက် ခေါ်လာတဲ့ ပုဏ္ဏားက ဆရာတော်ကြီးဆီမှာ သာသနဝံသ ကျမ်းတစ်ကျမ်း ရနိုင်တယ်လို့ ပြောတယ်။ ဆရာတော်ကို တွေ့ပြီး စုံစမ်းတော့ သီဟိုဠ်မှာပုံနှိပ်တဲ့ သာသနာဝံသဒီပ ဖြစ်နေတယ်။ ကျွန်တော်မလိုချင်။ ဆရာတော်ဟာ ကြင်နာတတ်ပုံပဲ။ သူနဲ့ ကျွန်တော် ပါဠိလို အပြန်အလှန်ပြောကြတော့ လွယ်လွယ်ပဲ တစ်ယောက်ကို တစ်ယောက် နားလည်ကြလို့ အံ့ဩမိတယ်။ ရုရှားအကြောင်း မေးလိုက်တာတွေ စုံလို့။ ဒါပေမယ့် သူမေးပုံက ပိဋကတ်အုပ်မေးပုံနဲ့ကွာတယ်။ ဟိုအဖိုးကြီး လောကအကြောင်းမေးပြီး ဆရာတော်က လောကုတ္တရာကြောင်း မေးပါတယ်။ ရုရှားမှာ စပါးစိုက်မရဘူးဆိုတာ သိလို့ သူသိပ်အံ့ဩပုံပဲ။ ဒီတော့ ဘာစားကြသလဲတဲ့။ သူမွေးကတည်းက တွေ့ဖူးမြင်ဖူးတာတွေနဲ့ မတူတဲ့နိုင်ငံရှိသေးတယ်ဆိုတာ မယုံနိုင်ဘူးပေါ့။

    သူကလည်း သူ့နယ်ပယ်က တစ်လက်မမှ အပြင်မထွက်ဖူးတော့ ဘယ်နားလည်နိုင်ပေမလဲ။ မြန်မာမြေကလွဲရင် သူမသိဘူး။ မှန်းမကြည့်တတ်ဘူး။ ရုရှား နဲ့ အင်္ဂလိပ် ဘာသာစကား တူသလား။ ကိုးကွယ်ယုံကြည်မှု တူသလား။ ဒီလိုမေးတယ်။ မနှစ်က အင်္ဂလိပ် ရုရှားစစ်ဖြစ်ကြတယ်ဆိုလားလို့လည်းမေးတယ်။ ကျွန်တော်က အဲဒီအချိန်က အင်္ဂလိပ်ကို ဒီ(မြန်မာ)ဘက်ကလည်း တိုက်ဖို့ကောင်းတယ် မဟုတ်လားလို့ ပြုံးရင်းမေးတော့ သူဟာ သူ့နှုတ်ခမ်းသူကိုက်ပြီး ဘာမှပြန်မပြောဘဲနေတယ်။ ဘာမှတ်ချက်မှမချဘဲ နေလိုက်တာကတော့ သူက ကျွန်တော့ကို စလေဒင်နဲ့ ရင်းတယ် ထင်လို့ပါပဲ။

    ကျွန်တော့ကို သူက ဆွေမျိုးရင်းချာလိုခင်တယ်။ သူ့အကြောင်းကိုလဲ အမွှမ်းတင်ပြီး ဇာဘုရင်ကို ပြောလိုက်ပါတဲ့။ ပြီးတော့ မေးခွန်းပုံစံပြောင်းလာတယ်။ ကျွန်တော့ကို ဗုဒ္ဓဘာသာဝင်လားတဲ့။ ကျွန်တော်က ဟုတ်တယ်လို့ ဖြေလိုက်တယ်။ သရဏဂုံတည်ပြီး ပဗ္ဗဇိတ မဖြစ်သေးဘူးလို့ ပြောလိုက်တဲ့အခါ သူကပြုံးပြီး သာဓုခေါ်တယ်။ ဘေးကဘုန်းကြီးတွေကလည်း ကျေနပ်လို့ ရယ်ကြတယ်။

    ရုရှားမှာ ကျွန်တော်လို ဗုဒ္ဓဘာသာဝင်များသလားလို့ မေးလာပြန်တယ်။ ဟိုက ဘုန်းကြီးဟာ ဒီကဘုန်းကြီးသင်္ကန်းရုံပုံမျိုး ရုံရဲ့လားတဲ့။
    အဲဒီဘုန်းကြီးတွေဖတ်တဲ့ ကျမ်းတွေက ဘာကျမ်းတွေလဲတဲ့။ ကျွန်တော့အဖြေတွေကိုကြားတော့ အံ့ဩသွားတယ်။ တောင်ပိုင်းက ဗုဒ္ဓဝါဒီတွေဟာ မြောက်ပိုင်းဗုဒ္ဓဝါဒီတွေရဲ့ ကျမ်းဂန်တွေနဲ့ ဓလေ့ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ပြန်မယ် နှုတ်ဆက်ပြီး ထွက်ခဲ့တော့ ဘုန်းကြီးတွေ ကျောင်းဝထိ လိုက်ပို့ကြတယ်။ အဲဒီက မဟာမုနိ ရောက်ပြန်တယ်။ စကော့ (ရွှေရိုး) ရေးတဲ့ အထဲကဟာတွေ အကုန်မမှန်ဘူး။

    ဒီနေရာကို မြင်ရရုံနဲ့ တယ်ပြီး ခမ်းနားတင့်တယ်ပါကလားလို့ စိတ်ထဲမှာ ဖြစ်မလာဘူး။ ဘေးလေးဘက်က စောင်းတန်းနဲ့ အလယ်ပြသာဒ်ကို သွယ်ထားတယ်။ အားလုံးဟောင်းနွမ်းပြီး ပြုပြင်တာ လုံးဝမတွေ့ရဘူး။ အရှေ့ဘက်က ရေကန်ဟာလည်း မှော်တွေချည်းပဲ။ ကန်တစ်ခုတည်းမှာပဲ ရေကြည်တယ်။ လိပ်တွေကူးနေတာ တွေ့ရတယ်။

    အပြန်လမ်းမှာ မောင်နုက ကြာသာပတေးနေ့က ဓားပြတိုက်ခံရတဲ့ အိမ်ကိုပြတယ်။ အိမ်ရှင်တွေ ပြေးနေတယ်။ ကျွန်တော်တည်းတဲ့ ဟိုတယ်နဲ့ သိပ်မဝေးဘူး။ ပေ ၇၅၀ ထက်မပိုနိုင်ဘူးတောင်ထင်တယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  12. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  13. #17
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၇ ဖေဖော်ဝါရီ ၁၈၈၆

    မနေ့က ကြည့်ခဲ့တဲ့နေရာတွေကို ထပ်သွားပြန်တယ်။ တောင်ခြေမှာ ပိဋကတ်တိုက်ကို တွေ့ပြန်တယ်။ မင်းအဆက်ဆက် လှူတဲ့ပေစာတွေထားတဲ့ နေရာပဲလို့ သိရတယ်။ အရင် နှစ်လလောက်က ဓားပြဝင်မွှေသွားပြီတဲ့။ ဒီတော့ ပေစာတွေ အစည်းအထုပ်ဖြည်ပြီး ပျန့်ကြဲနေတာပေါ့။ ဟိုဆွဲကြည့်၊ ဒီဆွဲကြည့်လုပ်တော့ သီဟိုဠ်ကပေစာတွေလဲ တွေ့ရတယ်။ အမှတ်တရ သိမ်းထားဖို့ နည်းနည်းဆွဲယူခဲ့သေးတယ်။ တချို့က ရှေးလက်ရေးနဲ့ ပေပေါ်မှာ မင်နဲ့ရေးထားတယ်။ အဲဒါမျိုးကတော့ မန္တလေး မတည်ခင်နှစ်တွေ အကြာကြီးကပဲ ရေးခဲ့တဲ့ ပေစာဆိုပါတော့။


    ဘုန်းကြီးနှစ်ပါးကို တွေ့ရလို့ ပိဋကတ်တိုက်အကြောင်း မေးကြည့်တယ်။ ဘာမှ မပြောတတ်ဘူး။ ရှေးမင်းအဆက်ဆက်က လှူတဲ့ကျမ်းတွေကို အပြင်ဘက် မင်းတုန်းမင်းရဲ့ ကုသိုလ်ကို အတွင်းဘက်ထားပါတယ်။ သီပေါမင်းရဲ့ ကုသိုလ်ကိုတော့ အတွင်းဘက်အကျဆုံးအလယ်မှာ ထားတယ်လို့ဘဲပြောတတ်ကြတယ်။

    စာတိုက် နှစ်ဆယ်ကျော်ရှိပါတယ်။ ပိဋကတ်တိုက်တွေကို သူ့အစိတ်အပိုင်းနဲ့ သူခွဲပြီးထည့်ထားတာဖြစ်တယ်။ စာတိုက်ထဲက လက်ရာကောင်း အဖိုးတန်ဆိုတာကိုရွေးပြီး ဓားပြယူသွားပြီတဲ့။ လက်ကျန် စာတိုက်တွေကိုကြည့်ပြီး ဆုံးရှုံးတဲ့ စာတိုက်ကို မှန်းဆကြည့်နိုင်ပါတယ်။ ရွှေရောင်တွေတော့ မှိန်ကုန်ပြီ။

    ဒီနေရာက ရှုခင်းသိပ်လှတယ်။ ဘုံအဆင့်ဆင့် ၊ ရွှေပြသာဒ်မှန်ရောင် ပြိုးပြိုးပြက်ပြက်နဲ့။ မန္တလေးဟာ နှစ်နည်းနည်းအတွင်းမှာ အံ့ဩစရာ ကြီးကျယ်လာတယ်။ မြို့ဟာ အနစ်သုံးဆယ် မပြည့်သေးဘူး။ မြို့တည်နှစ်က ၁၈၅၈။ အရှေ့တိုင်းရဲ့ သက်ဦးဆံပိုင်မင်းက စိတ်အလိုတော်ရှိတယ်ဆိုရင် ဧရာဝတီကနေပြီး အရှေ့ဘက်တောင်ခြေထိ ဒီမြေနိမ့်နေရာမှာ အချွန်အတက်တွေနဲ့ အဆောက်အဦးဆန်းဆန်းတွေ ပြည့်မတတ်ပေါ်လာတယ်။ အဲ တစ်ခုတော့ရှိတယ်။ လူတွေနေတဲ့ အိမ်ဟာ ဘုရားကျောင်း ရဟန်းကျောင်းနဲ့ ယှဉ်ရင် သိပ်ညံ့တယ်။


    ခဏအလယ်လာတဲ့ လူကတော့ နန်းတော်နဲ့ ကျောင်းတိုက်ကြီးတွေမြင်ရရင် ကျေနပ်မယ်ပေါ့။ လူထဲက အိမ်ကောင်း ဆောက်မနေတာတော့ အရှေ့တောင်အာရှတစ်ခုလုံးမှာ ဒီလိုပဲတွေ့မယ်။ ကုလားပြည်မှာတောင် ရှေးဟောင်းအဆောက်အအုံအပျက်ဆိုရင် ဘုရားကျောင်းဟောင်းနဲ့ ပဒေသရာဇ်ရဲ့ နန်းတော်နဲ့ တွဲထားတဲ့ ခံမြို့ခံတပ်ပဲဖြစ်မယ်။ အရပ်သား လူသာမန်ရဲ့ အိမ်ဟာလည်း ဘယ်မှာ နှစ်ရှည်လများ ခံပါ့မလဲ။

    သီဟိုဠ်သားဘုန်းကြီး တရမေဓ လာတယ်။ (နန်းကျ) မင်းလက်ထက်က သူက အစာအုပ်ချုပ်စားတယ်။ ဘာသာပြန်အလုပ်လည်း လုပ်တယ်။ သီဟိုဠ်ထွက်ကျမ်းတွေကို ကူးပေးမယ်။ ဘာသာပြန်ပေးမယ်။ မနေ့က တွေ့ခဲ့တဲ့ ဘုန်းကြီးဘွဲ့က ပန္ဒုဝံသော ဆိုပဲ။ နနဝံသော ဆိုတဲ့ နောက်တစ်ပါးလည်း တွေ့သေးတယ်။ သိပ် စာတတ်တယ်လို့ပြောတယ်။ သီပေါမင်းဟာ မရက်စက်ပါဘူး။ သူ့မိဖိရားက အခြေနေတွေဆိုးအောင် ဖန်တီးတာပဲဖြစ်တယ်တဲ့။ တိုင်းရင်းသားတိုင်း ဒီလိုပဲ တစ်သံတည်းထွက်တယ်။ သီပေါမင်းဟာ ပါဠိသဒ္ဒါကိုနိုင်တယ်။ နသ ကို အဖတ်များတယ်။ အဘိ ဓမ္မသင်္ဂဟ လဲ လေ့လာလေ့ရှိတယ်။

    သာသနာပိုင်ဆိုတာ တကယ်တော့ သံဃာထေရပါပဲ။ အခု သာသနာပိုင်က ခံရတာပဲဖြစ်တယ်။ ညစာ စားကြတော့ ဂျာမန်လူဆိုးက အခုအလယ်ရောက်လာတဲ့ ဘုရင်ခံချုပ်ဟာ သင်္ဘောပေါက မဆင်းဘူးလို့ ပြောနေတယ်။ ရောက်မယ့်ရက်လည်း ရွှေ့သွားပြီ။ ၁၂ ရက်နေ့မှ ရောက်လာတော့မယ်။


    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  14. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 13 OD;rS aus;Zl;wif&SdMuygonf


  15. #18
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၈ ဖေဖော်ဝါရီ ၁၈၈၆

    ဓူဝံ သင်္ဘောပေါ်ရောက်ရပြန်ပြီ။ ကုန်တင်နေကြတယ်။ ဖုံတွေ၊ (ပြီးတော့ ဆိပ်ကမ်းဆင်းတဲ့) လမ်းက သိပ်ဆိုးတယ်။ မြို့တော်အဝင်အထွက် လမ်းမို့ ထင်ပါရဲ့။ မင်းတုန်းမင်းဟာ အနောက်တိုင်းသားကို မတွေ့လိုလို့ ရှောင်ပေမယ့် အနောက်တိုင်းသားက သူ့ဆီကို အရောက်လာပြီး သူ့အသိုက်အဝန်းကို ဖျက်ပြစ်လို့ပြီးပါပြီ။

    ===

    အဲဒါတွေအားလုံးဟာ မိနယဲဖ်ဟာ မန္တလေးအကြောင်းကို ပြန်တွေးကြည့်ပြီး ဒီလိုရေးတယ်။

    အခုတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ နောက် တယ်မကြာဘူး ပျောက်ကွယ်သွားမယ်။ ဗုဒ္ဓသာသနာမှာ အင်မတန် စွဲလန်းတဲ့ ဒီဗဟိုအချက်အချာ အရပ်ဟာလည်း နောက်တော့ မိစ္ဆာဒိဌိအယူကို ဖြန့်မယ့် ဗဟိုစခန်းသစ်ဖြစ်မယ်။ သူတို့ အယူကို ကိုင်လှုပ်ဖို့ ၊ ချိုးဖျက်ဖို့ တယ်လွယ်ပါကလား။ လှုပ်စရာ ချိုးစရာလဲ နည်းပါတယ်။ ဒီသာသနာရေး အသိဗိမာန်ရဲ့ မဏ္ဍိုင်ဖြစ်တဲ့ ရဟန်းတွေဟာ ပြေးကုန်ကြပြီမဟုတ်လား။ ရှေးကလို သသနာ့ဒါယကာမင်းနဲ့ အင်မတန် ကြည်ညိုလေးစားတတ်တဲ့လူတွေရဲ့ အထောက်အပံ့မှ မရနိုင်တော့ဘဲ။ ဆက်နေလို့ ကော ဘာထူးမလဲ။ (ဘာမှ မလုပ်ရတဲ့ ဘဝပေမယ့် ဖြိုးဖြိုးဝေဝေဖြစ်ဖို့ လိုတယ်)။ ဘုရင်က ရက်ရက်ရောရောလှူခဲ့ပုံမျိုး ရှေ့ဆက်ပြီး မရနိုင်တော့ဘူး။ ပြီးတော့ ခုလို သဒ္ဒါတရားကောင်းတဲ့ ဒါယကာ ဒါယိကာမနေရာမှာ မသိနားမလည်တဲ့ မိစ္ဆာဒိဋ္ဌိတွေဝင်လာပြီး နေတော့မယ်။ အနောက်တိုင်းက အနိုင်ရပြန်ပြီ။ ကောင်းဖို့ကော ဟုတ်ရဲ့လား။

    ကျွန်တော့ ကိုယ်တွေ့ကို ပြောပါမယ်။ အခုလို ယဉ်ကျေးဖွယ်ရာတဲ့ အသုံးအဆောင်တွေ ကင်းမဲ့တဲ့ အရိုင်းဒေသတစ်ခုကို ကျွန်တော်ရောက်တဲ့အခါတိုင်း အစားကောင်းမစားရ၊ အအိပ်ကောင်း မအိပ်ရဘဲ လမ်းကြမ်းလို့ ခါးနာခဲ့ရတဲ့အခါ ခြေပေါက်ရတဲ့ အခါတွေမှာ ဒီနေရာကို ဥရောပတိုက်သားတွေက သိမ်းယူပြီး ပြင်ဆင်မွမ်းမံလိုက်ရရင် တယ်ကောင်းမှာပါကလားလို့ စိတ်ထဲမှာ အမှန်ဖြစ်မိတယ်။ ဒါပေမယ့် တယ်ကောင်းမှာက ဘယ်သူ့အတွက်လဲ။ အနောက်တိုင်းသားတွေ အဖို့ပဲပေါ့။ သူတို့ပဲ လမ်းကောင်းလိုတယ်၊ အနေကောင်း အစားကောင်းကို မက်တယ်။ တစ်မျိုးပြောရရင် သူတို့နေဖူးစားဖူးသလို ဆက်နေချင် စားချင်တဲ့ သဘောပါပဲ။
    ဒါမျိုးမသွားဘူး၊ မနေဘူး၊ မစားဘူးသလို ဆက်နေချင် စားချင်တဲ့ သဘောပါပဲ။ ဒါမျိုးမသွားရဘူး ၊ မနေဘူး ၊ မစားဘူးတဲ့လူတွေက ဒါတွေကို ဘယ်တမ်းတပါ့မလဲ။ ဒီလို အနေအထိုင် တိုးတက်အောင် လုပ်ပြီး ပါပြီတဲ့။ ဘယ်သူခံစားမလဲ။ တကယ်ဖြစ်အောင် လုပ်ပေးရတဲ့လူတွေက ခံစားရမှာကို မဟုတ်ဘူး။ မိနယဲဖ် တွေ့ရသမျှမှာ ဥရောပတိုက်သားအားလုံးဟာ မြန်မာကို ဝိုင်းပြီး နှိပ်စက်တယ်။ မြန်မာက အားကိုးတဲ့ အီတလီလဲ မြန်မာကို သစ္စာဖောက်တယ်။ အဲဒါကို မိနယဲ့ဖ်က ဒီလိုရေးပါတယ်။

    အီတလျံကောင်စစ် အိနြ္ဒိနောကို သိရဲ့လား။ သူက (အင်္ဂလိပ်ကုမ္ပဏီတွေ ဖြစ်တဲ့) ဧရာဝတီသင်္ဘောနဲ့ ဘုံဘေဘားမားသစ် ကော်ပိုရေးရှင်းတွေအတွက် ကိုယ်စားလှယ်လဲလုပ်တယ်။ (မြန်မာ) နန်းတော်ထဲကို လွယ်လွယ်ဝင်နိုင်၊ ထွက်နိုင်လို့ သူမသိတာမရှိဘူး။ သီပေါမင်းရဲ့ မန္တလေးမှာ သူရှိတာဟာ အင်္ဂလိပ်တွေအတွက် အဖိုးမဖြတ်နိုင်လောက်အောင် အထောက်အကူဖြစ်တယ်။ အင်္ဂလိပ်ရဲ့ လျှို့ဝှက်ဝန်ထမ်းရံပုံငွေထဲက သူ့ကိုပေါင်နှစ်သောင်း ပေးခဲ့တာဟာ အလကားပေးတာမျိုး ဘယ်ဟုတ်မလဲ။ (၁၁ ဖေဖော်ဝါရီ ၁၈၈၆)။

    မိနယဲဖ်ဟာ ၁၂ ဖေဖော်ဝါရီ ၁၈၈၆ မှာ ရွှေတောင်ကျီးသဲလေးထပ် ဆရာတော် (ဇိနတ္တပကာသနီကျမ်းပြု ပုဂ္ဂိုလ်) နဲ့ သွားတွေ့ပါသေးတယ်။ ရန်ကုန်ကို ဒီနေ့ပဲပြန်ရောက်သွားပြီးတော့ နောက် လေးရက်အကြာမှာ မော်လမြိုင်ဘက်ကို ခရီးဆက်ပြန်တယ်။ ဟိုမှာ သုံးရက်ပဲနေပြီး ရန်ကုန်ပြန်ရောက်တယ်။ သူရန်ကုန်က နောက်ဆုံး ၂၆ ဖေဖော်ဝါရီ ၁၈၈၆ မှာပြန်ပါတယ်။ သူပြန်တဲ့အခါ ရေးသွားတဲ့နောက်ဆုံးမှတ်တမ်းက ဂရုထားလောက်ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ မန္တလေးအကြောင်း (ရန်ကုန်မှာ အင်္ဂလိပ်မင်းကြီးချုပ် ဘားနာဒ်) ကိုပြောပြတယ်။ ကျွန်တော်နဲ့တွေ့ပြီး ပါဠိပါသာနဲ့ စကားပြောခဲ့တဲ့ ဘုန်းကြီးတွေရဲ့ ဘွဲ့ကိုလည်း ပြောပြတယ်။

    ဒီလိုသူက ပွင့်ပွင့်လင်းလင်းစွဲချက်တင်တာထဲမှာ မြန်မာထဲက သစ္စာဖောက်တဲ့ သဘောပါမလာဘူး။ နောင် တပယင်းဝန်ထောက်ဦးမြဲဖြစ်မယ့်လူဟာ ယွန်းပုံအမျိုးသမီး( ဆရာကြီးမြသန်းတင့်က ယွန်းခင်ခင် လို့ပြန်ပါတယ်) ဝတ္ထုထဲက မောင်ရိုးပေါ့လို့ ဖော်ထုတ်တာလည်း မတွေ့ရဘူး။ တကယ်တော့ သူကြောင့် ငါကြောင့် ပြောနေတာတွေဟာ အကုန်မမှန်နိုင်ပါဘူး။ ကြီးမားတဲ့ နယ်ချဲ့ဒီလှိုင်းကို တားဆီးဖို့ အသိနဲ့ လှုပ်ရှားမှုမရှိလို့ ခံရတာပါပဲ။ တစ်မျိုးပြင်ပြောရရင် မြန်မာဖက်က ကျရောက်လာမည့် အန္တရာယ်ကို တွန်းလှန်ဖို့ ပြင်ဆင်ထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ပျက်ဆီးတာပဲလို့ ဆိုရမယ်။

    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  16. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf


  17. #19
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default



    Joseph Rudyard Kipling ဟာ အင်္ဂလိပ် လူမျိုးဖြစ်ပေမယ့် သူ့ကို ၁၈၆၅ ခု ဒီဇင်ဘာ ၃၀ မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာဖွားမြင်ပါသတဲ့။ အဲဒီအချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးနီးပါးဟာ ဗြိတိလျှကိုလိုနီဖြစ်နေပါပြီ။ အသက်ကြီးလာတော့ စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ပြီး ဝတ္ထုတို၊ စာတို ၊ ကဗျာတို တွေရေးပါသတဲ့။

    သူ့စာ ကဗျာတွေမှာ အိန္ဒိယ နှင့် အခြားဗြိတိလျှ အင်ပါယာထဲမှာရှိနေကြတဲ့ ဗြိတိလျှလူမျိုးစစ်သားတွေရဲ့အကြောင်း၊ ကိုလိုနီနယ်တွေ မှာတွေ့မြင်ရတဲ့ ဒေသဗဟုသုတတွေအကြောင်းတွေအရေးများပေမယ့် ကလေးတို့အတွက် ပုံပြင်တွေလည်းရန်ဖန်ရန်ခါရေးတတ်ပါသေးတယ်တဲ့။ နောက်ပိုင်းမှာတော့ သူဟာ ဗြိတိလျှနာမည်ကြီးကဗျာဆရာတစ်ယောက်ဖြစ်လာခဲ့ပြီး ၁၉၀၇ ခုနှစ်မှာတော့ စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့ပါတယ်။

    မြန်မာဘုရင် သီပေါမင်းပါတော်မူပြီး နောက် ၅ နှစ်အကြာဖြစ်တဲ့ ၁၈၉၀ ခုမှာ Joseph Rudyard Kipling မြန်မာပြည်ရောက်ပါတယ်။ သူ့ရဲ့ မြန်မာပြည်အကြောင်းနာမည်ကျော်ကဗျာဖြစ်တဲ့ On The road to Mandalay မှာတော့ သူ့ခရီးစဉ်ကို မော်လမြိုင်မြို့ကနေ စထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီကဗျာဟာ အနောက်ဥရောပတလွှား အော်ပရာတီးဝိုင်းတွေမှာ လူကြိုက်များတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဆရာမြသန်းတင့်ကတော့ သူကဗျာအကြောင်း တောင်သမန်အင်း လေးညှင်းဆော်တော့ ဆောင်းပါတွေမှာ ရေးခဲ့ပြီးပါပြီ။

    ကျနော့အဖို့တော့ ဒီကဗျာဟာ ဒေသလူနေမှု ဓလေ့ နှင့် သဘာဝအလှကိုဖော်ကျူးထားတာဆိုပေမယ့် ကဗျာအသွားလာကိုကြည့်တဲ့အခါ ' မြန်မာပြည်တွေကို ယဉ်ကျေးအောင်ပြုလုပ်ပေးဖို့ရာ ကိုလိုနီအဖြစ်သိမ်း ' ယူရပါတယ်ဆိုတဲ့ အုပ်စုထဲဒီကဗျာဆရာ ပါနေလေမလားလို့လဲ အတွေးလွန်မိပြန်ပါတယ်။

    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  18. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


  19. #20
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default မင်္ဂလာနံနက်ခင်းပါ ဦးဘုန်းခင်ဗျာ။

    ကျနော်က စာကောင်းကောင်းမတတ်တော့ စာပေဝေဖန်ရေးတော့ မလုပ်ချင်ဘူး။ ဦးဘုန်း(ဓာတု) မန္တလေးရဲ့ "ရှဲရှဲနီ…နံနက်ခင်း" ရသစာတမ်း ..ဆိုတဲ့ စာ မျက်စိရှေ့ခဏ ခဏရောက်လာတော့ ကလစ်နှိပ်လိုက်ရင်းဖတ်မိသွားတယ်။

    မန်းက မြန်မာတွေက မန်းရောက်တရုတ်တွေနဲ့ ယှဉ်ရင် စီးပွါးရေးမှာ ရိုးတယ် ၊ သာမန်လောက်သာတွေးတယ်ဆိုပြီး ခပ်နှိပ်နှိပ်ပြောချင်ပေမယ့် တရုတ်က ဒီဘက်ကူးလာကတည်းက ငွေရင်းပါလာပြီးသား။ အပြင်လူဆိုတော့က စီးပွါးရေးဈေးကွက်ပိုမြင်တဲ့အတွက် အသာလေးလုပ်လိုက်ရုံတင်။

    တရုတ်တွေ အထမ်းသမားဘဝနဲ့ မန်းရောက်လာပြီးမှ ချမ်းသာသွားတာမဟုတ်ပါ။ တရုတ်တွေကဝင်လာကတည်း ငွေရင်း နှင့် အဆက်အသွယ်ပါ လာတယ်။ စီးပွါးရေးလောကမှာ ငွေရင်းရှိရုံတင်မကဘူး အဆက်သွယ်ပါ ကောင်းမှ
    ရေရှည်ကောင်း စီးပွါးရေးကောင်းတယ်။ နောက်ပြီး မန်းမှာတကယ်အခြေချနေထိုင်ပြီးအလုပ်လုပ်တဲ့ တရုတ်အတော်များများက မြန်မာစကားကိုကောင်းကောင်းပြောတတ်တယ်။

    မြန်မာစကားလုံးလုံးမတတ်တဲ့ ခုမှဝင်လာတဲ့ တရုတ်က မန်ဒရင်း တရုတ်လိုပြောမယ်၊ ဒါမှ မဟုတ် ဟော့ကင်တရုတ်လိုပြောမယ်။ “ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ” ဆိုတဲ့အပြောမျိုးက ၂၀ ရာစု ဇာတ်ထဲက လူပျက်တွေအပိုလုပ်ပြောတာမျိုးပါ။

    မန်းမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းတွေမှာ တရုတ်တွေများလာတာရော ၊ အိမ်ယာပိုင်ဆိုင်မှုမှာ တရုတ်တွေပေါလာတာကိုရော အမြဲလိုထည့်ထည့်ပြောကြတယ်။ တကယ်တော့ အဲဒီတရုတ်တွေကြောင့်ဘဲ မန်း စည်းပွါးရေးကောင်းလာတယ် ၊ အလုပ်အကိုင် အခွင့်အလမ်းတွေများလာတယ်၊ မြို့လည်း တိုးတက်လာတယ်။

    ရှင်းရှင်းပြောတော့ လှေကြီးထိုးရိုးရိုးသွားနေကြတဲ့ နယ်ခံတွေလက်ထဲဒီအတိုင်းထားရင် မန်းစီးပွါးဟာ ဒီလောက်ကောင်းလာမယ်မထင်ဘူး။ မန်းတရုတ်က ဗုဒ္ဓဘာသာများပါတယ်။ မန်းမှာ အလှူအတန်းသိပ်ရက်ရောတဲ့ တရုတ်တွေများတယ်၊ ဘုန်းတော်ကြီးကျောင်းအတော်များများရဲ့ အမာခံအလှူရှင် ဒကာတွေထဲမှာ တရုတ်တွေအတော်များတယ်။ ဒီတော့ ကုလားထက်စာရင် တရုတ်တွေ မန်းစီးပွါးရေးမှာ အင်အားကြီးဖြစ်နေတာဟာ တော်သေးရဲ့လို့ ဖြေတွေးလည်းဖြစ်တာဘဲ။ တရုတ်ဆိုလို့ ထပ်ပြောပါဦးမယ်။

    မန်း မြို့ရဲ့သင်္ဂေတပြစ်တဲ့ မြို့မ အဖွဲ့ကိုစတည်ခဲ့တာမှာ အဓိကပန့်ပိုးခဲ့တာကလည်း တရုတ်ခင်ဗျ။
    မန်းတရုတ်တွေဘာဖြစ်တယ် ညာဖြစ်တယ်ဆိုလို့ ပြောတာရယ်ပါ။ ထားပါတော့။

    စာရေးသူ ဦးဘုန်းက မြန်မာ့ခရီးသွားလုပ်ငန်းမှာ မန်း နန်းတော် (မြို့ရိုး ၊ ကျုံး၊ နန်းတော်) ကိုဒီလိုလုပ်ရင် ရနိုင်တယ်ဆိုပြီး ခု မှ ထပြောတာပါ။ (ဒီဆောင်းပါး ၂၀၁၃ မှာရေးတယ်လို့ ထင်ပါတယ်)။ အဲလို စိတ်ကူး Master Plan လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက ကျနော်တို့မှာရှိခဲ့တယ်။ အဲဒီတုန်းက ယူနီဖောင်းဝတ်အစိုးရကိုလည်း တင်ပြခဲ့ဖူးပေမယ့် အရာမရောက်ခဲ့ပါ။ ပြောချင်တာက လဒ လောက်တော့ ငှက်တိုင်းလှတယ်။ ဒီလောက်တော့ သာမန်လူတွေလည်းတွေးတတ်ပါတယ်။ ဒါဟာ Out Of The Box မဟုတ်သေးဘူး။

    စာရေးသူက မန်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းအချက်အခြာလို့ ပြောတဲ့အခါ နန်းမြို့ ၊ ဦးပိန်တံတား၊ မဟာဂန္ဓာရုံ ၊ မစိုးရိမ် တိုက်ဟောင်း ၊ မဟာမုနိဘုရားကြီး ၊ အိမ်တော်ရာဘုရား ဆိုပြီးပြောပေမယ့် နိုင်ငံခြားသား တိုးရစ်တိုင်းက ဘုရားဖူးဧည့်သည်မဟုတ်ပါ။ ဦးပိန်တံတား၊ မဟာဂန္ဓာရုံ ဆိုတာက အမရပူရဘက်ရောက်သွားပြီ။ တချို့ကမြန်မာမှုကို ကြိုက်ပြီးလာတာဖြစ်ပေမယ့် မကြာခင်ဘဲ ငြီးငွေ့သွားတတ်တာရှိတယ်။

    တစ်နေရာ နှစ်နေရာလောက်သာ ကားပေါ်ကဆင်းကြည့်ပြီးနောက်ပိုင်း ကားပေါ်ကမဆင်းဘဲနေတဲ့ တိုးရစ်တွေရှိတယ်၊ ရုပ်သေးပွဲကို လာပြီး ပွဲစတယ်ဆိုရင်ဘဲ ထပြန်သွားတဲ့ ဧည့်တွေရှိတယ်၊ အိပ်ပျော်သွားတဲ့ ဧည့်တွေရှိတယ်။ စာရေးသူ ဦးဘုန်း ပြောခဲ့တဲ့ နေရာတွေက လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်ကတည်းက နိုင်ငံခြားသားတိုးရစ်တွေလာရင် လည်ပတ်လေ့ရှိတဲ့နေရာတွေပါ။ ဒီတော့ ဒါဟာလည်း Out Of The Box မဟုတ်သေးဘူး။

    ဘုရားတွေမှာ အရင်းမူလ မြန်မာမှုရှေးလက်ရာ ၁၀ ရာခိုင်နှုန်းလောက်ဘဲကျန်တော့လို့ စိတ်ဝင်စားစရာမကောင်းတော့ပါ။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ မန်းကို ပထမဆုံးအကြိမ်လာရောက်လှည့်လယ်တာမျိုးဆိုရင်တော့ ရှေ့မှာဆောင်းပါးရှင်ပြောခဲ့နေရာတွေကြောင့် လည်ပတ်စရာမရှားလှပါပေါ့။ ဒုတိယ၊ အကြိမ်လာတဲ့အခါ လှည့်လယ်စရာအသစ်မရှိသလောက်ဖြစ်သွားတယ်။ ဒီတော့ တတိယအကြိမ် လာချင်မှ လာတော့မယ်။ ဒီတော့ မန်းလေးမှာ ဘုရားနဲ့ နန်းတော်ဖယ်လိုက်ရင် ခရီးသွားစရာ ဘာတွေကျန်သလဲလို့ မေးစရာဖြစ်တယ်။ အဲဒီမှာ နေရာသစ်တွေ ရှာကျန်ပြီး တွေးဆဖော်ပြနိုင်ရင် ဒါဟာ Out Of The Box ပါ။

    မန်လေးနန်းတော်ကို ခရီးသွားလုပ်ငန်းအဓိကအဖြစ်ပုံဖော်လိုတယ်ဆိုရင် Promotion လုပ်လိုတယ်ဆိုရင် စာရေးသူ ဦးဘုန်း ပြောသလိုလုပ်လိုက်တာ မခက်ဘူး။ လွယ်လွယ်လေး ။ ဒါပေမယ့် Observation, Preservation and Restoration Plan ကဘယ်မှာလဲ။

    ဒါတွေမရှိဘဲ သူပြောသလိုလုပ်လိုက်ရင် နန်းမြို့တစ်ခုလုံး ဖွတ်ဖွတ်ကြေသွားမယ်။ ရှေးဟောင်းယဉ်ကျေးမှုဇုံ နှင့် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို Tour Destinations အဖြစ်ပုံဖော်တဲ့အခါ သတိကြီးကြီးထားဖို့ လိုမယ်။ ဒါကို ဒီလိုလုပ်လိုက်ရင် ဖြစ်ပါတယ် ကိုယ့်လူရဲ့နဲ့တင်ပြီးမသွားပါ။

    စာရေးသူ ဦးဘုန်း ထပ်ပြောတာက ' သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ဝင်ငွေရှာလို့ရတယ်။
    “ပုဂံ”၊ “အင်းလေး”၊ “ကျိုက်ထီးရိုး”၊ “ပုပ္ပားတောင်”၊ “ငပလီ”တို့ မပါသေးဘူးနော်။ သေချာတွေးကြည့်ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးဖို့သိပ်ပြီးမခက်ပါဘူးဗျ" တဲ့။ မှန်သင့်သလောက်မှန်ပါတယ်။ အင်းလေးကတော့ Observation, Preservation and Restoration Plan မရှိလို့ ရေစပြီးခန်းလာပြီ။ ရှေ့လျှောက် ဧည့်အလာနည်းသွားတော့မှာ သေခြာတယ်။ အဲဒီအပြောမှာလည်း ထိုနည်းလည်ကောင်းဘဲ။ တစ်ခါလာလည်း ဒီနေရာ ၊ နှစ်ခါလာလည်း ဒီနေရာ ထပ်နေပြီ။ Out Of The Box ထပ်တွေးဖို့လိုမယ်။

    မင်္ဂလာနံနက်ခင်းပါ ဦးဘုန်းခင်ဗျာ။

    ငဖုန်သင်ယောင်လင်း
    ခေတ္တ၊ စင်္ကာပူ။
    ၁၂ မေ ၂၀၁၃။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  20. toHk;0ifvSaom Ģpmydk'ftwGuf azmfjyyg rdwfaqG 12 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts