+ pmjyefNyD; qufa&;zdkU
Page 1 of 2
1 2 LastLast
Results 1 to 10 of 20

Thread: [mm]rEÅav;rSwfpk[/mm]

  1. #1
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default rEÅav;rSwfpk

    rEÅav;taMumif; axG&mav;yg; vGwfvGwfvyfvyfajymcsifvdkU 'Do&ufudkprdw,f/ [dkbuf igwdkU rEÅav; o&ufxJvnf; oGm;r&Skyf&ufyg/ aemufjyD; rSwfpkoabmvkyfcsifwmvnf;ygoaygh/ vdk&if;udkajym&if&awmh rEÅav;taMumif; axG&mav;yg; vGwfvGwfvyfvyfajymcsifwmyg/

    bmvdkUvGwfvGwfvyfvyfqdkwJhpum;udkajymovJqdkawmh omref taumif;awGcsnf;a&;wJh rSwfpkr[kwfvdkUyg/ aemufjyD; rEÅav;taMumif; tjyKoabmraqmifwJh ½ªUaxmifhuaea&;xm;wJh rSwfpkawGudkpkpnf;jyD; ½dkufwifygr,f/ 'gaMumifhprdygw,f/

    jrefrmbk&if rif;wkef;rif;w&m;MuD;u rEÅav;jrdKUudk pwnfuwnf;u acwfopfrEÅav; txd taumif;awGcsnf;a&;wJh pmawGuomxifom odomygw,f/ odkUaomfvnf; raumif;wJhbufu a&;xm;wJh pmawG/rSwfpkawGvnf;&Sdygao;w,f/

    a'gufwmoef;xGef;u rEÅav;ordkif;udk t&Sdwdkif;trSefwdkif;vkyfr,fqdkjyD; ajymajymqdkqdkvkyfawmh vltrsm;uulnDMuw,fwJh/ odkUayr,fh aygufu&av;q,fa&;&if owfypfr,fqdkjyD; jcdef;ajcmufwJhpmawGvnf;&ygowJh/ tJvdk tJvdk rEÅav;cspfwJhvlawGvnf;&Sdwwfygao;w,f/

    q&m ae0if;jrifh&Jh pmaya[majymyGJr,f rEÅav; taMumif;udkxnfhajymwJhtcgr,f jrwfbk&m; Asmxdyfay;cJhwJhae&mrSm Asm'dyf&rif;u jrdKUwnfw,fpojzifhaygh/ waumhawmh Asm'dyfqdkwmrsdK;u rif;vdkvdkuf rif;cpm; avmuDynm&SifawG zefwD;xm;wJh twkta,mifavmuDynm&,fyg/

    odkUayr,fh xdkacwfxdktcgu xif&Sm;wJh&[ef;awGuyg Asm'dyfcef; Asm'dyf&qdkjyD;vkyfwwfMuao;awmh t[kwftrSefvdkkvdk ajymprwfwGifusef&pfcJhwmudkvnf; tjypfwifp&mr&Sdyg/ trSefawmh jrwfpGmbk&m; jrefrmjynfvkH;vkH;ra&mufyg/ 'Dawmh rEÅav;jrdKUudkAsm'dyft&wnfw,fqdkwm tkyfcsKyfolrif;u jynfolawGudkvdrfwmbJaygh/

    rEÅav; jrdKUMuD;udk rif;rdefUeJUwnfzdkU&mjyifawmh xHk;pHtwdkif; jynfoljynfom;awGu 0dkif;vkyf&wmaygh/ yifyef;qif;&JpGmeJUaygh/ jrdKUMuD; jyD;vk jyD;pOfrSm yGJvrf;obifvkyfygowJh/ jynfolawG aysmfygapqdkwJhoabmaygh/

    'Dawmhvnf; vla&mpdwfyg yifyef;aewJh jrefrmvlwdkUwawGvnf; e*dkuwnf;u yGJMudKufordkU vSnf;eJUwrsdK; ajcvSsifooG,f yGJMunfhoGm;MuygowJh/ tJ'DtcsdefrSm tdrfa&SUuaemifrif;om;u omreft&yf0wfeJU jynfolawGMum; penf;emzdkUxGufygowJh/

    'Dawmh vrf;rSmtoifhawGUwJh vSnf;udk vrf;MuKHvdkuf&if; " aysmf&Jhvm; tb " pum;pygowJh/ 'Dawmh bmjyefajymvJqdkawmh " ajymw,f&,fvnf; r[kwfygbl; wlarmif&,f bk&ifu jrdKUopfwnfawmh vkyf&udkif&eJU yifyef;wmy ? yGJ&,fqdkawmhvnf; MunfhcsifoGm;csifwmy " vdkUajymygowJh/

    'Dawmh uaemifrif;om;ubmjyefajymovJqdkawmh

    " 'Drif; rdkUyg tb&,f ? aemifwufwJh rif;us 'Dxufcsrf;omrSmyg " vdkUqdkygowJh/

    'Dawmh vSnf;q&mtbu bmjyefajymovJqdkawmh

    " rxifygbl; wlarmif&,f ? 'Drat½dk;rsdK;awG 'DvdkbJaerSm " qdkjyD;jyefajymygowJh/

    [kwfonf&Sd r[kwfonf&Sd yg;pyf&mZ0ifusefcJhw,f/ tJ'Dtb ajymwJhpum;udkjyefiSg;jyD;ajym&&ifawmh rat½dk;rsdK;awG Asm'dyftokH;csjyD;wnfcJhwJh jrdKUvdkUajym&ifawmh rEÅav;cspfolawG 0dkif;jyD;uavmfwkwfavrvm;bJ/


    qufygOD;rnf/

    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  2. #2
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    မန္တလေး မြို့တည်သမိုင်းရေးမှာမဟုတ်ပါ။ ရှေ့မှာပြောခဲ့ပြီးသလိုဘဲ ခေတ်အဆက်ဆက် ပြည်တွင်းပြည်ပ စာရေးဆရာတွေရေးခဲ့တဲ့ မန္တလေးအကြောင်းတွေထဲက အပြုသဘောမဆောင်တဲ့ဘက်က ရေးခဲ့တဲ့ မှတ်စုတချို့ကို ပြန်လှန်ချင်တဲ့သဘောပါ။

    မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်မှာ မန္တလေးနန်းတော်ကိုတည်ဆောက်တယ်။ ၁၈၅၇ ဩဂုတ်လ မြို့ကွက်ရိုက်ပြီးကတည်းက အစောင့်အရှောက်အရံအတားလည်းဖြစ် နန်းသက်လည်းရှည်အောင်ဆိုပြီး လောကီအစီအရင်တွေအစွမ်းကုန်သုံးပါတယ်။၂၀ ဧပြီ ၁၈၅၈မှာ မြို့တံခါးတွေမှာ အင်းမြှုပ်တယ်။ အင်းတွေရေးထားတဲ့ မြို့စောင့်နတ်ရုပ်တွေကိုစီရင်တယ်။ ၂၇ မတ် ၁၈၅၈ ခုနှစ်မှာ နတ်ရုပ်တွေကို လိပ်ပြာသွင်းတယ်။ နတ်ရုပ်တွေကို လိပ်ပြာသွင်းတယ်ဆိုတော့ လူစတေးတာကိုပြောသလားဆိုတာ သေချာမသိပါ။ ၁၅ မေ၁၈၅၉ မှာ မြို့ထောင့်တွေမှာ တစ်ရာ့တစ်ဆယ်ဝင် စည်အိုးကြီးတွေကို ဆီအပြည့်ထည့်ပြီးမြှုပ်တယ်။

    မန္တလေးနန်းတော် နှင့် မြို့တည်ဆောက်ရာမှာသုံးတဲ့ အင်းနာမည်တွေက

    ၁။ စမ္ပာနဝနော ကိုးသွယ် အင်း ( စမ္ပာနဝရတ် ကိုးသွယ် အင်းဖြစ်မယ်ထင်ပါတယ်)
    ၂။ ဥလ္လလိရိအဋ္ဌမုက် အင်း
    ၃။ သီရိဇေယျ သက်တော်ရှစ်ဆယ် အင်း
    ၄။ သီရိဇေယျ မဏိလသက်တော်ရှည် အင်း
    ၅။ သာသနာ ၅၀၀၀ အင်း
    ၆။ သိရသိံ္မ မေဂါထာ အင်း
    ၇။ သမ္မုဒ္ဓေအင်း
    ၈။ သတ္တ ရတနာအင်း
    ၉။ အဋ္ဌဇေယျမင်္ဂလာအင်း တွေဖြစ်ပါတယ်။

    လောကီဆိုင်ရာရော လောကုတ္တရာနဲ့ပါသက်ဆိုင်တဲ့ အင်းတွေဖြစ်တာတွေ့ရပါတယ်။ ပုဂံခေတ် ထီးလှိုင်မင်းလက်ထက်ကတည်းကစခဲ့တဲ့ ဒီလိုလောကီအစီရင်တွေအပေါ် အပြစ်ပြောစရာမရှိပါ။ သို့ပေမယ့် လူသတ်ပြီးစတေးတဲ့အခါမှာတော့ ပြောစရာဖြစ်လာပါတယ်။

    ပြည်တွင်း ပြည်ပညာရှင်တွေ မန္တလေးနန်းတော်တည်ဆောက်ရာမှာ ဘုရင်က " လူသတ်ပြီး စတေး " တဲ့ လောကီအစီရင်ကို သုံးတယ်လို့ ကျယ်ကျယ်လောင်လောင်ပြောကြတယ်။ မြန်မာတွေဘက်မှာတော့ ပါးစပ်ပြော အရပ်ပြောရာဇဝင်တွေအဖြစ်သာ လူပြောများပြီး လူစတေးတယ်ဆိုတဲ့ မှတ်တမ်း မတွေ့ရပါ။ ချားလ်စ် ဒူရွိုင်ဆယ်ရဲ့ မှတ်တမ်းစာ ( C.Duroiselle: Guide to the Mandalay Palace, Rangoon, Govt.Printing, 1925, pp.25- အရ ကျား၊မ ကြီးငယ် ငါးဆယ့်နှစ်ယောက် စတေးတယ်လို့ဆိုပါတယ်။ ၁၉၆၃ ခုနှစ် တက္ကသိုလ်ပုံနှိပ်တိုက် တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနအတွက် ပုံနှိပ်တဲ့ မန္တလေးနန်းတော် (Mandalay Palace) စာအုပ်မှာတော့ ခုလိုလူစတေးရာမှာ ကိုယ်ဝန်အရင့်မာ ရှိတဲ့ အမျိုးသမီးကိုအသုံးပြုရန်လိုလားတယ်လို့ဆိုထားပြန်ပါတ ယ်။ လက်ဖတင်နင် ဂျင်နရယ်ဖိုက်ခ်ျရဲ့ " ယခင်နှင့် ယခုမြန်မာနိုင်ငံ " စာအုပ်မှာတော့ မြို့တစ်ခါး တစ်ဆယ့်နှစ်ရပ်မှာ လူတစ်ဆယ့်နှစ်ယောက် ဖမ်းပြီးကြိုးချီဖိသတ်သည်ဆိုပြီး ရေးထားတယ်။ စုစုပေါင်းငါးဆယ့်နှစ်ယောက်။

    ဆက်ပြောတာက လူတွေနဲ့အတူ မြို့ထောင့်တွေမှာ ဆီထည့်ထားတဲ့ စဥ့်အိုးကြီးတွေကို အထိအခိုက်မရှိအောင် သတိကြီးစွာထားပြီး မြှုပ်နှံတယ်။ ဆီကို မြှုပ်ရတဲ့အကြောင်းကတော့ အစောင့် ( နတ်စိမ်း ) မပြတ်အမြဲ ဆက်လက် စောင့်ရှောင့်စေရန် သေချာအောင် စီရင်ခြင်းဖြစ်သည်။ စောင့်ရှောက်လျှော့နည်းခြင်း ၊ သို့မဟုတ် လုံးဝစောင့်ရှောက်ခြင်းမပြုဟုသေချာလျှင် လူသစ် အစားထိုးတယ်။ ဆီမခန်းခြောက်သရွေ့ စောင့်ရှောက်ခြင်း မပြတ်ဟု ယုံကြည်လက်ခံတယ်။ (စာအုပ်ဟောင်း ၂၅၊ ၈၊ စာအုပ်သစ် ၁၅-၁၇) ။

    ဒါတွေက နန်းတော်နဲ့ပတ်သက်ပြီးပြောစရာတချို့ပါ။ နန်းတော်အပြင်ဘက်အကြောင်း ပြောကြည့်ရအောင်ပါ။ ရွှေရိုးအမည်ခံ စကော့ရဲ့မှတ်တမ်းမှာ မန္တလေးလမ်းတွေဟာ အမြဲလို ညစ်ပတ်နံစော်နေတယ်၊ လမ်းပေါ်မှာ ဝက် ခွေး တွေနဲ့ ဥဒဟိုပြည့်နေတယ်။ ဖုန်တွေထူထပ်နေတဲ့ လမ်းမဘေးမှာတင် အစားအသောက်တွေ ကြော်လှော်ရောင်းဝယ်တာလည်း ရှိရဲ့။ ဈေးတွေမှာဆိုလည်း ညစ်ပတ်နံစော်နေတယ်။ သံဃာတော်တွေအမြောက်အများကို နေ့စဉ်ဆွမ်းလောင်းရာမှာ လမ်းပေါ်လွှတ်ထားတဲ့ ဒီဝက်တွေကိုဘဲ ဖမ်းဆီးသတ်ဖြတ်ပြီး ချက်ပြုပ်လှူဒါန်းတယ်လို့ဆိုပါတယ်။

    ခွေးတွေကလည်း အင်မတန်သောင်းကျန်းတယ်။ လူစိမ်းသူစိမ်းတွေဆို အင်မတန်သိတယ်။ အထူးသဖြင့် ရွှေရိုးတို့လို လူဖြူတွေများတွေ့လို့ကတော့ မနားတမ်းဟောင်တယ်။ ဒီဘက်ရပ်ကွက်က ခွေးတွေက နယ်နိမိတ်အဆုံးထိလိုက်ဟောင်ပြီးတာနဲ့ ဟိုဘက်ရပ်ကွက်ထဲကခွေးတွေကို အချက်ပြပြီးတာဝန်လွှဲပေးပါသတဲ့။ အင်မတန်ဆိုးတဲ့ ခွေးက နောက်က လိုက်ဆွဲတယ်။ ရန်မူတဲ့ခွေးတွေဟာ ပိုင်ရှင်မရှိဆိုပေမယ့် လိုက်ဆွဲတဲ့ခွေးကို လက်တုန့်ပြန်ဖို့ကြိုးစားတဲ့အခါ ရပ်ကွက်ထဲက လူတွေ ကလေး လူကြီးပါမကျန် ဝိုင်းဝန်းရန်လုပ်ဖို့ ထွက်လာမယ်။ လမ်းပေါ်မှာသောင်းကျန်းနေတဲ့ ဝက်တွေဟာလည်းဘဲ ဘယ်တော့မှ လမ်းဖယ်ပေးလေ့မရှိတဲ့။

    ဆက်ပါဦးမည်။


    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  3. #3
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    မန္တလေးအကြောင်း အမေလူထုဒေါ်အမာတို့ရေးတဲ့အခါ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့ နှင့် လူတွေအကြောင်း တခုတ်တရရေးလေ့ရှိပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ကတော့ဖြင့် မန္တလေးကို ဖီးနစ်ငှက်နဲ့တင်စားပြန်ပါသေးတယ်။ အဲဒီမှာ ပြောစရာဖြစ်လာတယ်။ ဖီးနစ်ဆိုတဲ့ သဘောက မီးပုံထဲက ခဏခဏထလာတဲ့ သဘောဆောင်တယ်။

    အမှန်တကယ်လည်း မြို့တည်ပြီးကတည်းက မန္တလေးမှာ မကြာခဏ မီးအကြီးကျယ်လောင်လေ့ရှိတယ်။ မြန်မာဘုရင် ပါတော်မူပြီး အင်္ဂလိပ်ကိုလိုနီ ဘဝရောက်ကာစ ပထမ ၂လအတွင်းမှာ မန္တလေးရောက်လာတဲ့ ရုရှားလူမျိုး ပါဠိ၊ သက္ကတ ပညာရှင် မိနယဲဖ် မှတ်တမ်းမှာတော့ ပူပူနွေးနွေး ကိုလိုနီလက်သစ် မန္တလေးမှာ ကြောက်စရာအကောင်းဆုံးဟာ ဓားပြဘေး နှင့် မီးဘေးပါတဲ့။

    မန္တလေး မြို့ဟာ တည်စကတည်းက မီးနဲ့ယဉ်ပါးခဲ့ဟန်တူပါတယ်။ မှတ်တမ်းတွေအရ မြို့တည်လို့ ပြီးလု ပြီးစဉ်အချိန်မှာ ပြသာဒ် နှင့် ပြ ကို မိုးကြိုးပစ်တာ စုစုပေါင်း နှစ်ကြိမ်ရှိပါတယ်။ လောကီပညာအရ ယူမယ်ဆိုရင် အကောင်းလား အဆိုးလားသေချာမသိပေမင့် မင်းဆက် နှစ်ဆက်ဘဲ နေလိုက်ရတဲ့ နောက်ဆုံးမင်းနေပြည်ဖြစ်ခဲ့တာတော့ အမှန်ဘဲ။ ဒီလို မိုးကြိုးပစ်ခံရတာနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့တဲ့ မှတ်တမ်းမျိုးတော့ မတွေ့ရသေးပါ။

    ၂၃ ဇန်နဝါရီမှာ မှာစထားတဲ့ ရုရှားလူမျိုး ပါဠိ၊ သက္ကတ ပညာရှင် မိနယဲဖ်ရဲ့ မန္တလေးမှတ်တမ်းဟာ ၈ ဖေဖော်ဝါရီ ၁၈၈၆ မှာအဆုံးသတ်ထားပါတယ်။ သို့ပေမယ့် မိနယဲဖ်ဟာ ၁၂ ဖေဖော်ဝါရီ ၁၈၈၆ မှာ ရွှေတောင်ကျီးသဲလေးထပ် ဆရာတော် (ဇိနတ္တပကာသနီကျမ်းပြု ပုဂ္ဂိုလ်) နဲ့ သွားတွေ့ပါသေးတယ်။

    သူ့ရဲ့ မှတ်တမ်းမှာ အရေးကြီးအချက်လက်တွေတချို့ရလိုက်ပါတယ်။ ဥပမာပြောရရင် စလေဒင် နှင့် အဖွဲ့ ဟာ ဘုရင့် နှင့် မိဖုရားတို့ရဲ့ အသုံးဆောင်တွေလို လေလံတင်ရောင်းချခဲ့တဲ့ မှတ်တမ်းမျိုးဟာ အရေးကြီးပါတယ်။ အင်္ဂလိပ်တွေ မြန်မာ့နန်းတွင်းပစ္စည်းတွေကိုလုပ်ချင်တိုင်း လုပ်ခဲ့ကြောင်းသက်သေလုပ်လို့ရတဲ့ မှတ်တမ်းမျိုးပေါ့။ အဲဒီမှတ်တမ်းကို ဒေါက်တာသန်းထွန်းက ဘာသာပြန်ထားပြီး " နယ်လှည့် ရာဇဝင် ပ၊ဒု၊တ တွဲမှာ " ထည့်ရေးခဲ့ပါတယ်။

    လမ်းကြုံလို့ပြောချင်တာက အမှန်တိုင်းပြောရရင် ဒေါက်တာသန်းထွန်းရဲ့ ဘာသာပြန်ဟာ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်အတတ်ကို ဘယ်လိုမှမမှီပါ။ The Lacquer Lady ကို ဒေါက်တာသန်းထွန်းက " ယွန်းပုံအမျိုးသမီး" လို့ ပြန်တဲ့အချိန်မှာ ဆရာမြသန်းတင့်က " ယွန်းခင်ခင် " လို့ပြန်ပါတယ်။ ( ဤကား ငလင်း၏ စကားချပ်တည်း )

    မိနယဲဖ် ရဲ့ မှတ်တမ်းမှာ နောက်ထပ်တန်ဖိုးကြီးအချက်လက်တစ်ခုက ၁၈၈၆ ခုနှစ် ဝန်းကျင်မှာ ရှေးမြန်မာတို့လေ့လာခဲ့၊ ပြုစုခဲ့တဲ့ ကျမ်းအမည်တွေကို လေ့လာခွင့်ရတာပါဘဲ။ ကျနော်ကြိုးစားပြီး စာရင်းလုပ်ကြည့်ပါတယ်။ ဟိုဘက် " ပျောက်ကွယ် ရှေးပစ္စည်း " သရက်မှာတင်ပါမယ်။ မိနယဲဖ် ရဲ့ မှတ်တမ်းမှာ ရေးထားတဲ့ ကျမ်းအမည်တွေထဲက ၇၀ ရာခိုင်နှုန်းလောက်က ခုချိန်မှာ မရှိတော့ပါဘူး။ ရှာလို့ကို မရတော့တာပါ။

    မန္တလေးရတနာပုံခေတ် ခမ်းပတ်ဝန်ကြီးအရာက ကျတော့ ဝန်ကြီးပိုင်ပစ္စည်းတွေကို သိမ်းပါတယ်။ ပစ္စည်းစာရင်း မှာ သိမ်းစည်းရမိတဲ့ ကျမ်း စာရင်းမှတ်တမ်း ပုရပိုဒ်ကျန်ရစ်တယ်။ အဲဒီစာရင်း နှင့် မိနယဲဖ် ရဲ့ မှတ်တမ်းမှာ ပါတဲ့ ကျမ်းစာရင်းကိုတွေ ပေါင်းလိုက်တဲ့အခါ ၁၈၈၅-၆ ဝန်းကျင် ကျမ်းစာရင်းတော့ ရမယ်လို့ထင်တယ်။ လေ့လာမှတ်သားလိုသူတွေအတွက် အသုံးဝင်နိုင်တာမို့ ကြိုးစားပြီး လုပ်ကြည့်ပါဦးမယ်။

    နောက်တပိုစ်က စပြီး ဆရာကြီးဒေါက်တာသန်းထွန်း သူ့အာဘော်နဲ့ ဘာသာပြန်ထားတဲ့ မိနယဲဖ် ရဲ့ မန္တလေး မှတ်တမ်းတင်ပါမယ်။ သူ့စကားကိုဘဲ ယူပြောပါမယ်။ ဖတ်ကောင်းမယ်လို့ အာမ မခံ။


    ဆက်ပါဦးမည်။
    Last edited by mrlynn; 10-05-2011 at 11:42 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  4. #4
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၃ ဂျန်နရာရီ ၁၈၈၆

    မန္တလေးမှာ ပထမဆုံးအိပ်ရတဲ့ည။ ကျုပ်တို့အိမ်ကို ဓားပြလာမတိုက်။ ညစာမစားရခင် ဟိုတယ်မန်နေဂျာက ခင်ဗျားမှာ ခြောက်လုံးပူးသေနတ် ပါသလားမေးတယ်။ ခုလိုအခါ သေနတ်မပါရင် ခက်တယ်တဲ့။ ည ၉ ညာရီဆိုရင် သူကိုယ်တိုင်လိုက်ပြီး တံခါးပေါက် အကြီးအသေးရှိသမျှ လိုက်ပိတ်ရတယ်လို့လည်းပြောတယ်။ ညစာက တော်တော်ညံ့တယ်။

    ကုန်တိုက်မျိုးစုံက ကိုယ်စားလှယ်တွေလည်း ကျုပ်တို့တဲ့အတူ တည်းနေတယ်။ တစ်ယောက်က ဂျာမန်အမျိုးသား။ အားလုံးပဲ (အင်္ဂလိပ်မင်းကြီးချုပ်) ဘားနာဒ်ကို ဆဲနေကြတယ်။ ဓားပြတွေအကြောင်းတော့ စကားမစပ်မိဘူး။ ဘေးအိမ်က ဆိုင်းတစ်ညလုံးတီးတယ်။ မန်နေဂျာဟာ တံခါးပိတ်ဖို့မေ့သွားပြီး ဆိုင်းသံကြားရာဖက်ကို ထွက်သွားလေရဲ့။ ဖိနပ်မပါတဲ့ အစေခံကို ကျုပ်ကိုယ်တိုင်ခေါ်ပြီး တံခါးပိတ်ခိုင်းရတယ်။ ကျုပ်အခန်းက တကယ်တော့ ဘာတံခါးမှမရှိဘူး။ အများစုထိုင်ဖို့ ခင်းကျင်းထားတဲ့ ဝရန်တာနဲ့ ကန့်လန့်ကာ တစ်ခုချပြီး ခြားပေးထားတယ်။ ဖုံနဲ့အနံ့အသက်ကတော့ နေရာအနှံ့ ။

    သီပေါမင်းကို ရက်စက်တယ်လို့ ပြောနေကြပေမယ့် ကျုပ်တို့ စကားဝိုင်းမှာတော့ ဒီလိုအပြစ်မတင်ဘူး။ သူ့မယား သူ့ယောက္ခမ အပါအဝင် သူ့အမတ်တွေရဲ့ အပြစ်ပဲလို့ ယူဆတယ်။ ရှင်ဘုရင်က တစ်ချိန်လုံး နန်းတွင်းမှာဘဲ တံခါးပိတ်ပြီးနေတယ်။ ဒီတော့ သူ့စိတ်ထဲမှာ သူ့ခွန်အားဟာ သိပ်ကြီးတယ်လို့ ထင်နေမယ်။

    မောင်ဘိုးမှင့် ကိုယ်စားလှယ် ဦးကာ ခုပဲလာတယ်။ ကကျုပ်လိုချင်တဲ့ စာအုပ်စာရင်းကို ယူသွားတယ်။ ရအောင်ရှာပေးမယ်တဲ့။ ဒီလိုပြောပေမယ့် သိပ်မယုံရဘူး။ ရချင်မှရမယ်။ ဒါပေမဲ့ ဦးကာဟာ သိပ်ပြီးညှာတာထောက်ထားတတ်ပုံပေါ်တယ်။ ဓားပြဆူလို့ ဘုန်းကြီးတွေ အတော်များများ ထွက်ပြေးပြီလို့ သူပဲပြောတယ်။

    ကာလကတ္တား စတိတ်စမင်း သတင်းထောက် ခုပဲလာတွေ့တယ်။ အရင် ရှစ်ရက်လောက်က ရှမ်းဘက်ကတင်တဲ့မင်းလောင်း သေနတ်မှန်ပြီး ကျတယ်။ ဘက်တော်သား ခုနှစ်ရာရှိတယ်။ အင်္ဂလိပ်ဖက်ဝင်လာတဲ့ ဝန်တစ်ယောက်က ဖမ်းပေးတာလို့ပြောတယ်။ အဖမ်းမခံလို့ ပစ်ရတယ်။ အဲဒီမင်းလောင်းမှာ သမီးနှစ်ယောက် ပါလာတယ်။ သူတို့ကိုတော့ လွှတ်လိုက်ပါတယ်။ အဲဒီလူကပဲ ဓားပြဆိုတဲ့လူအတော်များများဟာ (ဘုရင့်) စစ်သား(ဟောင်း) တွေတဲ့။ ဒီအထဲမှာ ရှမ်းနည်းနည်းပါတယ်။

    ကုန်ခဲ့တဲ့ သီတင်းတစ်ပတ်အတွင်းမှာ ငြိမ်လို့။ ဒီမြို့တွင်းမှာ စိုးရိမ်စရာ မရှိ။ ဦးကာ့အပြော မန္တလေးသား တစ်သောင်းရှိတယ်။ ဘုရင့်လက်ထက်တော် အတွင်းက ရဟန်းခြောက်ထောင်ရှိတယ်။ လစဉ် ငွေတော်နှစ်သိန်း ဘုရင်က ဘုန်းကြီးတွေအတွက်သုံးတယ်။ ပရိယတ္တိတော်ရင် ဘုရင့်ထောက်ပုံမြဲတဲ့။ ဒီလို အလှူတော်ကို မန္တလေးဘုန်းကြီးသာမက နယ်ကကျော်ကြားတဲ့ ပုဂ္ဂိုလ်ရှိတယ်လို့ ဘုရင်ကြားတော်မူရင်လည်း ရနိုင်တယ်။ အခု အခြေနေမှာတော့ ဘုန်းကြီးတော်တော်များများဟာ မန္တလေးကစွန့်ခွါသွားကြပါပြီ။ ဆွမ်း ကွမ်း လှူဒါန်းသူ နည်းပါးသွားလို့ လို့ပြောကြပါတယ်။

    ညနေ သုံးနာရီခွဲမှာ သစ်သားပန်းပုဆရာတွေကို သွားကြည့်တယ်။ ထူးခြားတဲ့ လက်ရာရယ်လို့မတွေ့။ ထုပြီးသားတွေက ပိုပြီးညံ့သေးတယ်။ အဲဒီကဆက်ပြီး မြို့သစ်အတွင်းဝန်မင်းကျောင်းကို သွားတယ်။ ကျောင်းဒကာက အရင် ပြင်သစ်သွားတဲ့ သံအမတ်ကြီးပေါ့။ ဒီကျောင်းအတွက် အတော်ငွေကုန်မယ်။ နှစ်ထပ်ဆောက်ထားတဲ့ ဧရာမကျောင်းကြီးပါပဲ။ စာသင် ရဟန်းငယ်တွေနေဖို့ အခန်းကျယ်ကြီးတွေလည်းပါတယ်။ ဒါပေမယ့် တွေ့တော့ ရဟန်းနည်းနည်းပဲတွေ့တယ်။ ရဟန်းတစ်ပါးကို သက္ကတ ဘာသာနဲ့ ကျုပ်က စကားပြောကြည့်တော့ သူက အခုသူ့မှာတပည့်နည်းနည်းပဲကျန်တော့တယ်လို့ဖြေတယ် ။ ဦးကာအပြောအရ ဘုရင့်လက်ထက်တုန်းက တချို့ဆရာတော်မှာ တပည့်ငါးရာကျော်အထိ ရှိမယ်တဲ့။ အခုလို ဆုတ်ယုတ်သွားတာကြည့်ပြီး သာသနာတော် ညှိုးနွမ်းမှာကို စိုးရိမ်နေကြတယ်။

    ဒီကျောင်းတိုက်ကို စီပွိုင်နှစ်ရာ ဝိုင်းထားတယ်။ ကျောင်းကြီးက တကယ့်ကို ခန့်ညားတယ်။ ဘုရားဆင်းတုတော်က စကျင်ကျောက်သားနဲ့ ထုထားတယ်။ ကျောင်းထဲကို စပြီးဝင်တဲ့တံခါးရဲ့ တည့်တည့်တစ်ဖက်မှာ ဗဟိုခန်းမလုပ်ပြီး ဒီကိုယ်တော်ကြီးကို ထားတယ်။ ကိုယ်စားတော်ကြီးရဲ့ ဝန်းကျင်မှာလည်းလှူဖွယ်ဝတ္တုတွေ ခင်းကျင်းထားတယ်။ နည်းနည်းအလင်းရောင်နည်းလို့ အဲဒီပစ္စည်းတွေကို ကွဲကွဲခြားခြား မမြင်ပါ။ ဆရာတော်က လလိတဝိတ္တရ နဲ့ ကာတန္တြ ကျမ်းတွေကို ပြတယ်။ လလိတဝိတ္တရ ဆိုတာ ဗုဒ္ဓဝင်ပဲလို့ပြောပြတယ်။ မန္တလေးတစ်မြို့လုံး သူ့လိုသက္ကတ ပြောတတ်သူ မရှိလို့လည်းပြောတယ်။ သူလည်း သိပ်မတတ်ပါဘူး။

    နိုင်ငံကို သိမ်းယူတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသားတွေရဲ့ သဘောထားကို အာဏာပိုင်တွေ တကယ်သိရဲ့လား မပြောတတ်ပါ။ ကျုပ်လို တစိမ်းဧည့်သည်အဖို့တော့ ကောင်းကောင်းမြင်သာတယ်။ ကျောင်းတိုက်အဝင်မှာ စီပွိုင်က တားတော့ ဦးကာကပြန်ကြည့်ပုံဟာ ရွံရှာမုန်းတီးပြီး ဒေါသအပြည့်ပဲ။ ဆရာတော်ကလည်း ရှင်ဘုရင်ကို တမ်းတစကားပြောတယ်။ လူတွေလည်း စိတ်ချမ်းသာတယ်။ ဘုန်းကြီးတပည့်တွေလည်း ကျောင်းတိုက်နဲ့တစ်လုံး။ ခုတော့ အင်္ဂလိပ်လက်ထက်မှာ အားလုံးပုံစံတစ်မျိုးဖြစ်သွားတယ်။ လူ တပည့် ၊ ရဟန်း တပည့်တွေလည်း ပြေးကုန်ပြီ။ သာသနာ မှေးမှိန်သွားမှာ စိုးရိမ်တယ်လို့ အထပ်ထပ် ပြောတယ်။ ရှေးပုံစံပျက်တယ်။ ပျောက်ကွယ်လိုက်တယ်။ အဲဒါကို ယူကျုံးမရဖြစ်တယ်တဲ့။ ပုံစံအသစ်ဟာ ကောင်းမှာတဲ့လား။ (အင်္ဂလိပ်ကို) ဘာမဆို မှန်ပါ့ဘုရားလိုက်မယ့် လူတန်းစားသစ်တော့ မပေါ်လာသေးဘူး။ ဒီလိုလူစားမျိုး ဘယ်နေရာက ပေါ်လာမလဲ။

    ကနေ့ ညစာစားကြတော့ ဒီမြို့မှာ ကူလီတစ်ယောက်ဟာ တစ်လလုံးမှ ဝင်ငွေ ၂ိ၊ ၃ိ ပဲရတယ်လို့ ပြောတာ ကြားရတယ်။



    ဆက်ပါဦးမည်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  5. #5
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၄ ဂျန်နဝါရီ ၁၈၈၆

    ကနေ့ ဦးကာနဲ့ သာသနာပိုင် ဆရာတော်ကြီးကျောင်းကို ရောက်ပြန်တယ်။ မာလာလင်္ကာရသ ဓမ္မဝံသ အတုလပဝရဓမ္မ သေနာပတိ မဟာဓမ္မ ရာဇာဓိရာဇဂုရု သီတင်းသုံးရာကျောင်းပါပဲ။ ကျောင်းတိုက်ဟာ နန်းတော်နဲ့နီးတယ်။ ဆရာတော်ဟာ စင်္ကြံပေါ်က ကွပ်ပျစ်ပေါ်မှာ သီတင်းသုံးနေတယ်။ မှီအုံးတစ်ခုကိုမှီပြီး ပုံနှိပ်စာအုပ်တစ်အုပ်ကို ကြည့်နေတယ်။

    ဆရာတော်အနားမှာ ရံနေတဲ့ ရဟန်းထဲက တစ်ပါးဟာ ပါဠိလိုပြောတတ်တယ်။ ပြောပုံတော့ ညံ့တယ်။ ပြောကြရတဲ့ စကားအကြောင်းအရာကလည်း အထွေအထူး စိတ်ပါဝင်စားစရာမပါဘူး။ ပါတော်မူတဲ့ဘုရင်အတွက် ဝမ်းနည်းတယ်။ ပြင်သစ်နဲ့ ရုရှားကို ချီးမွမ်းတယ်။ ဒီလိုပြောကြရင်း အင်္ဂလိပ်ကို ကဲ့ရဲ့ရှုတ်ချတယ်။

    ကျောင်းတိုက်ဟာ ထန်းပေါတဲ့ဥယျာဉ်ထဲမှာ ဆောက်ထားတယ်။ ကျောင်းဝင်းထဲမှာတော့ သံဃာတော်တော်များများ တွေ့ပါတယ်။ အားလုံး ကျောင်းနေသံဃာတွေပဲဖြစ်မယ်။ အကြီးအအုပ်ရဲ့ ဌာနဖြစ်လို့နဲ့တူပါတယ်။

    မြန်မာ့သဘောဟာ မြင့်မြတ်သူရဲ့ရှေ့မှာ အင်မတန် နှိမ့်ချပါတယ်။ ဒီလိုပဲ ပြုမူရမယ်လို့ ရဟန်းတွေကပဲ သင်ကြားပေးထားတယ်မဟုတ်လား။ ဒီလို နှိမ့်ချတာဟာ ဆရာတော်တွေရဲ့ ရှေ့ရောက်တော့ လွန်လွန်းလှချည်ရဲ့လို့ ထင်မိတယ်။ လူဝတ်ကြောင်တစ်ယောက်ဟာ ကုန်းပြီးတွားမတတ် ဝပ်စင်းပြီး ဝင်လာပြီး ခြေတော်ကို ဦးခိုက်တယ်။ ဆရာတော်က အသိအမှတ်ပြုပုံမပေါ်။ ကျောက်ရုပ်လိုပဲ ခန့်ခန့်ကြီး ဆက်နေတယ်။ အားလုံးပဲ အမြဲကွမ်းဝါးနေကြတယ်။

    အခုသွားတွေ့တဲ့ ဦးကေတုလည်း ဒီအတိုင်းပဲ။ ကွမ်းဝါးလို့။ ဓားပြကြောက်လို့ ကျောင်းကြီးကိုထားခဲ့ပြီး သိမ်သိမ်ငယ်ငယ် လာနေသတဲ့။ အခြေအနေ ဆိုးရွားပုံကို ညည်းတွားနေတယ်။ စင်္ကြံမှာ အစုစုသံဃာ ဆယ်ပါးလောက်ရှိတယ်။ ပါဠိလိုပြောဖို့ကြိုးစားကြည့်တယ်။ မစွံဘူး။ သူတို့အသံထွက်ကို ကျုပ်နားမလည်ဘူး။ မဆီမဆိုင် ရုရှားနိုင်ငံရဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကိုမေးတယ်။ ရှင်းရှင်းပြောတော့ သူတို့ အားလုံးဟာ ဗဟုသုတ အင်မတန်ခေါင်းပါးတဲ့၊ ပေါင်းလို့ သင်းလို့ မရနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲပေါ့။

    မြို့အခြေနေကတော့ တကယ့် စိတ်ပျက်စရာ။ နံလိုက်စော်လိုက်တာလည်း လွန်ရော။ ဒါပေမဲ့ မြို့ဝန်းကျင်ဟာ စိမ်းလန်းစိုပြေတယ်ဆိုတာတော့ မှန်တယ်။ ခွေးငတ်တွေကလည်း ပေါပါဘိ။ လမ်းပေါ်မှာ လှည်းကလည်း နွားဆွဲတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  6. #6
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၅ ဂျန်နဝါရီ ၁၈၈၆

    အိမ်တိုင်းပဲ မကျည်းပင်ရိပ်နဲ့ ၊ ထန်းတွေ ( အုန်းပင်ဖြစ်မယ်ထင်တယ် ) ၊ ငှက်ပျောတွေရံလို့။ မနက်ခင်းမှာတောင် နံစော်ပုံကတော့ တရားလွန်ပဲ။ မြို့ထဲမှာ မနက်ခြောက်နာရီဆိုရင် လှုပ်လှုပ်ရွရွဖြစ်လာပြီ။ ဆီမရှိတဲ့ လှည်းဘီးတွေကလည်း တကျွီကျွီမြည်လို့။ နားမခံသာဘူး။ မနက်ခင်း မျက်နှာသစ် ရေချိုးလုပ်တဲ့လူတွေဟာ ကိုယ်တစ်ဝက်တုံးလုံးနဲ့ အိမ်ဝလမ်းမမှာထွက်ပြီး လုပ်တယ်။ နန်းတော်ဖက်ကိုသွားတဲ့ လမ်းမပေါ်မှာရှိနေတဲ့ ကျုပ်တို့ဟိုတယ်မှာလည်း ဖုံတွေ မှုန်တွေ အမှိုက်သရိုက် အပြည့်။ ဒီနေရာမှာ တိုင်းရင်းသား သာမန်အိမ်အတိုင်းပဲ။

    မနက်ရှိနာရီကစပြီး လေလံ မောင်းသံကြားနေရတယ်။ ဘုရင့်မိဖုရားရဲ့ နန်းတွင်းပစ္စည်းတွေကို လေလံပစ်မယ်တဲ့။ မနေ့က ဂျာမန်ကောင်က သူလေလံပွဲက မိဖုရားရဲ့ ဆုတောင်းစာအုပ်နဲ့ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ် ရခဲ့တယ်လို့ ကြွားနေတယ်။ ဒီလိုလေလံပွဲကို မြန်မာအမျိုးသားတွေက ဘယ်လိုသဘောထားမလဲ သိချင်လိုက်ပါဘိ။ ကာနယ်စလေဒင်ဆိမှာ ခွင့်တောင်းပြီး ကနေ့ ဘုရင့်စာကြည့်တိုက်ကို လေ့လာပါတယ်။ ကျွန်းသေတ္တာတစ်လုံးကို ဖွင့်ကြည့်တော့ ကျမ်းစာထုပ် ၁၀၀ လောက်တွေ့တယ်။ ဒါပေမဲ့ ကျုပ်အရင် မွှေနှောက်သွားတဲ့လူတွေကြောင့် ဖရိုဖရဲတွေ့နေရတယ်။

    ထင်တဲ့အတိုင်းပဲ ဘုရင့်မှာ ပိဋကတ်သုံးပုံအပြင် နိသျှ ၊ အဋ္ဌကထာ ၊ဋီကာတွေ အစုံရှိတယ်။ သစ်ကျမ်းရော အနားအစပ်တွေပါ ရွှေချထားတယ်။ အခုအနေ တော့ မဆိုင်တာတွေပါ ရောနှောပြီး ပွနေတာပဲ။ ဒါပေမဲ့ အခုသေတ္တာထဲမှာ ဒီကျမ်းတွေရှိတယ်လို့ သတိထားမိတယ်။

    သဗန္ဓစိန္တာဋီကာ
    ဘေဒစိန္တာဒီပနီ
    ကာရိကာ ဋီကာ
    ဧကက္ကရ ဋီကာ
    ဂန္ဓာဘရဏ ဋီကာ
    ဝစ္စဝါစက ဋီကာ
    သဒ္ဒဝုတ္တိ ဋီကာ

    ပြီးတော့ သဓမ္မကိတ္တိထေရပြုတဲ့ ဝိစိတ္တာလုံကာရ ကျမ်းကြီးကိုလည်းတွေ့တယ်။ မြန်မာဘာသာကျမ်းတွေထဲက ဃာဂဂန္ဓသစ္စာသံခေပ ခေါ်တဲ့ ဘဒ္ဒန္တဓမ္မပါလ ရေး ကျမ်းတစ်စောင်တွေ့တယ်။ ကျမ်းဦးစကားမှာ ကျမ်းပြုဆရာဟာ အာနန္ဒထေရဖြစ်တယ်လို့ပဲတွေ့ရတယ်။ ဒသဝတ္တုကထာ ခေါတဲ့ ဒသတ္ထုပကရဏ ကတော့ ဝတ္ထုသွားပြန်ပြောတဲ့ ပုံစံမျိုးနဲ့တွေ့ရတယ်။ ရုန္ဒြယာမလဓန္တြ ဆိုတဲ့ သက္ကတကို မြန်မာအက္ခရာနဲ့ရေးထားတဲ့ကျမ်းရဲ့ သုံးလေးခန်းကိုလည်းတွေ့တယ်။ ကျမ်းရဲ့နာမည်ကိုတော့ ဓာတုပြဂံသ နေတ္တိ အတ္ထကထာယ ဋီကာ လို့တပ်ထားတယ်။

    ပထမနေ့မှာ ဘာမှမရလောက်သေးဘူးပေါ့။ ကျုပ်ကလည်း စာကြည့်တိုက်ကို မွှေချိန် နှစ်နာရီတောင် မပြည့်သေးဘူး။ ပြီးတော့ သေတ္တာထဲမှာ တစ်ဝက်လောက်က နန်းတော်နဲ့ဆိုင်တဲ့ အင်းဇယားမှတ်တမ်းတွေဖြစ်နေတယ်။ အဲဒီက ထွက်ခဲ့ပြီး နန်းတော်ကို လှည့်ကြည့်မိတယ်။ မြို့အလယ် ကွက်လပ်ကျယ်ကျယ်ကြီးထဲက တိုင်ရှည်တွေနဲ့ အဆောက်အအုံတွေကို နန်းတော်လို့ခေါ်တယ်။

    အဲဒီအဆောက်အအုံတွေထဲမှာ ခုလူသစ်တွေ ဝန်နေကုန်ကြပြီပေါ့။ စလေဒင်က လွှတ်တော်နားမှာ နေတယ်။ တချို့ဝန်ကြီးက လွှတ်တော်တက်တုန်း။ စစ်သားတွေက နေရာအနှံ။ ဘုန်းတော်ကြီးကျောင်းတွေ တိုက်တစ်ခုတည်းမှာတောင် စခန်းချနေကြပြီ။ လေလံတင်တဲ့နေရာကိုလည်း ရောက်တယ်။ ကျုပ်လိုချင်တဲ့ ပစ္စမတွေ့ဘူး

    တိုင်းသတင်းထောက် မိုလန် ( Mowlan) ဆီသွားတယ်။ ဘုရင်ခံချုပ် ကြိုဆိုဖို့မနက်ဖန် ရန်ကုန်ဆင်းမလို့တဲ့။ ဘုရင်ခံချုပ်ဟာ မန္တလေးကို ဖေဖော်ဝါရီ ၁၀ ရက်ရောက်မယ်။ ကျုပ် နိုင်ငံရေးမပါဘဲ စကားပြောပါတယ်။ မြန်မာနိုင်ငံကို ဧကရီဘုရင်မ အလိုတော်ကျဖြစ်ဖို့ သိမ်းပေးခဲ့ပြီ။ ဓားပြတွေ အများကြီး ခုအထိဆူတုန်း။ စလေဒင်နဲ့ ပရင်ဒါဂါတ်ကလည်း အာဏာအပြိုင်။ မြန်မာဝန်ကြီး တချို့လည်းအရာကျတယ်။ တချို့များ အဖမ်းတောင်ခံရသေးတယ်။

    အဲဒီနောက် ဈေးချိုတော်နဲ့ သဇုဈေးတော် ရောက်သွားတယ်။ ဒီဈေးနှစ်ဈေးဟာလည်း တွဲနေတယ်။ ဒုတိယဈေးက အခွံချည်းပဲ။ တချို့နေရာမှာတော့ အစားအသောက်နည်းနည်းရောင်းနေပါတယ်။ ပထမဈေးကို အရောက်သွားရတဲ့လမ်းကတော့ အံ့စရာလမ်း။ ချိုင့်တွေ ၊ တံတားတွေ။ ပြီးတော့ တစ်မြို့လုံး မုန်တိုင်းပြီးစလို ပိတ်မှောင်နေတယ်။ မန္တလေး မှာ ညနေပိုင်းဆိုရင် အသက်ရှုကျပ်ပြီး သေလောက်တယ်။ အပုပ်နံ့ကလည်း ရှောင်မလွတ်ဘူး။ တိုင်းရင်းသားတွေနေတဲ့ အိမ်တွေဟာ အိမ်တိုင် ခြေတံအိမ်ရှည်တွေနဲ့။ ဝါးထရံကလည်း အင်မတန်ကြည့်လို့လှတယ်။ သစ်ပင်စိမ်းစိမ်းစိုစိုတွေ ဝိုင်းရံနေလေ့ရှိပါတယ်။ ဒီတော့ ရှုမျှော်ခင်းကားအနေနဲ့ စက်ကူပေါ်မှာသာ ဆွဲထားရင် အင်မတန်လှမယ်ပေါ့။

    ဘယ်သွားသွားဘုန်းကြီးကျောင်းကိုတွေ့မယ်။ လမ်းပေါ်မှာလည်း ရဟန်းနဲ့ဆုံမယ်။ သူတို့ကဖြင့် ဒီမြို့မှာ များကိုများလွန်းလှတယ်။ ဓားပြ ခုနှစ်ရာဟာ လုံးဝလွတ်ငြိမ်းခွင့်ရလို့ ခုပဲ လက်နက်ချတယ်ဆိုတဲ့ သတင်းကြားရတယ်။ သူတို့ကို အလုပ်ပေးပါတဲ့။ (အင်္ဂလိပ်ဘုန်းကြီး) မတ်ပြောတာမှန်မယ်။ ဓားပြအန္တရာယ်က လွတ်ချင်ရင် အစိုးရဟာ လုပ်ငန်းကြီးကြီးကျယ်ကျယ်တွေက စပြီးလုပ်ရမယ်။ လမ်းတွေက မဖောက်လို့ကိုမရဘူးတဲ့။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  7. #7
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၆ ဂျန်နဝါရီ ၁၈၈၆

    မနက်စာ စားအပြီး နန်းတော်ရောက်တယ်။ ဂျင်နရယ် ပရင်ဒါဂါတ် နဲ့ သိကျွမ်းခွင့်ရ။ ကြင်နာတတ်ပုံပဲ။ ဒါပေမယ့် စကားနည်းလွန်းတယ်။ စကားဖြစ်ရုံပြောပြီး ထွက်ခဲ့တယ်။ ကာနယ်ဘတ်ဂျင် (Budgin) ဦးစီးပြီး နန်းတွင်းပိဋကတ်တိုက်တစ်ခုကို ဖွင့်ကြည့်ကြတယ်။ ကနေ့ သေတ္တာနှစ်လုံးတစ်ပိုင်း ကြည့်ဖြစ်တယ်။ လုံးဝကျေနပ်စရာပဲလို့ ပြောရလောက်အောင် အကြိုက်မတွေ့။ ကျမ်းစာရင်း သုံးလေးခုထဲမှာ ကျမ်းအမည်အားလုံးကို အပြုံလိုက်ထဲ့ရေးထားတယ်။ တချို့ကျမ်းအမည်တွေက

    မဏိဒီပဋီကာ
    ဝိသုဒ္ဒိမဂ္ဂဠကထာ
    ဓာတုမာလာ
    ဝဇိရသာရ
    အာပဒါ နဋ္ဌကထာ

    ဖြစ်တယ်။ အဋကထာ၊ ဋီကာတွေက အလွန်များတယ်။ အလင်္ကာစာပေလည်းများတယ်။ ပါတိမောက္ခ တွေနဲ့အလားတူ ကျမ်းတွေလည်းရှိတယ်။ သေတ္တာတစ်လုံးထဲမှာ ပိဋကတ်အမည်တူ ကျမ်းနှစ်ကျမ်း သုံးကျမ်းဆိုသလိုလည်း တွေ့တယ်။ ကျုပ်က ဒီလိုကျမ်းတွေ ဝင်မွှေနေတော့ အင်္ဂလိပ်တွေ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ သူတို့အထဲမှာ စာတတ်ပေတတ် ပညာရှင် ပါဠိနားလည်တဲ့လူ တစ်ယောက်တစ်လေမှ မပါဘူး။

    ဂျင်နရယ်နေဖို့ အဆောင်ဆောင်အခန်းခန်းနဲ့ ခမ်းနားလှတယ်။ ရွှေကုလားထိုင်မှာ ထိုင်ပြီး ခိုင်းစရာ ကျေးကျွန်တစ်လှေကြီး။ ကနေ့ သူ့ဆီဝင်ခဲ့တုန်းက လက်သမားတွေ လှေစပ်နေတာတွေ့တယ်။ ဘယ်သူ့ဖို့လဲ ၊ ဘုရင်ခံချုပ် ကြိုဆိုရေးအတွက်လားမသိ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  8. #8
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၇ ဂျန်နဝါရီ ၁၈၈၆

    ကျုပ် တည်းခိုနေရတဲ့ ဟိုတယ်ကဖြင့် စုတ်ပဲ့ညစ်ပတ်ပုံ တွေးမရနိုင်အောင်၊ ပြောမပြတတ်အောင် ရှိပါတယ်။ မနေ့ညက ဂျာမန်နှစ်ယောက်ဟာ တစ်ညလုံးအရက်သောက်ပြီး ဆူနေကြတယ်။ ခွေးအူသံတွေနဲ့ရောပြီး ကျုပ်ဘယ်မှာ အိပ်ရနိုင်တော့မလဲ။ ငမိုက်သား ဟိုတယ်ပိုင်ရှင်ကလည်း တစ်ညလုံးပျောက်နေတယ်။ တစ်အိမ်လုံးမှာ ခေါ်ခိုင်းစရာ တစ်လူမှမရှိ။ တစ်သက်နဲ့တစ်ခါ အခုလို ကိုယ့်အခန်းနဲ့ကိုယ် မအိပ်ရဘဲ အခန်းထောင့်မှာ အိပ်ရတာမျိုး မကြုံဖူးဘူး။

    ညအိပ်တည်းခိုအိမ်က အခန်းထောင့်တစ်နေရာဆိုတာ အခု ကျုပ်တည်းနေရာကိုပဲ ပြောတာအသေအချာပါပဲ။ ကန့်လန့်ကာကလေးတော့ ရှိတာပေါ့။ လမ်းပေါ်က ခွေးနှစ်ကောင် အိမ်ထဲဝင်လာပြီး အစာလုတာကို ကျုပ်ထပြီး သုံးခါမောင်းထုတ်ရတယ်။ စလေဒင် (Sladen) က အခု ကျုပ်လေ့လာဆဲ ပိဋကတ်တိုက်ဟာ ဘုရင့်ပိဋကတ်တိုက် မဟုတ်သေးဘူး။ နန်းတွင်းအဝင်အပါ တစ်ခုပဲဖြစ်တယ်။ ဘုရင့်ပိဋကတ်တိုက်ကိုတော့ သိမ်းရပစ္စည်းထိန်းကော်မီတီက စောင့်ရှောက်ထားတယ်တဲ့။

    ကနေ့ရှာဖွေတာမှာလည်း သိပ်ပြီးအမြတ်အစွန်း မရှိလှပါ။ ကျမ်းနှစ်ကျမ်းတော့ မှတ်ထားမိတယ်။ မဏိသာရဒီပနီ နဲ့ အမည်ဆန်း ရာဇာဓိရာဇဓမ္မစာရဒီပနီ တဲ့။ အဲဒီကျမ်းကို ကျုပ်နားမလည်ဘူး။ ပါဠိဘာသာရေး မြန်မာအနက်ပြန်လည်းပါတယ်။

    အင်းဝနဲ့ စစ်ကိုင်းမှာ ဓားပြတွေ ဆူနေတုန်းပဲ။ အင်းဝ ဓားပြအကြောင်းကတော့ လူရှုပ် အရက်မူးဂျာမန်ရဲ့ထွင်လုံးပဲဖြစ်မယ်။ ဦးကာက ဘုန်းကြီးဆွမ်းကျွေးရှိတယ်ဆိုလို့ ဘုန်းကြီးကျောင်းလိုက်သွားတာကတော့ ဆူဆူညံညံနဲ့ပဲ နိဂုံးသတ်တယ်။ ဘုန်းကြီးတွေ ဆွမ်းမစားကြရခင်မှာပဲ ကျုပ်စိတ်ဆိုးပြီးပြန်လာခဲ့ပြီ။

    ဒီဦးကာဆိုတာ လူလိမ်တကာ့ ဘုရင်ပါပဲ။ ပါးစပ်ပြောတော့ မဖြစ်တာမရှိဘူး။ လိုချင်တာ ရစေမယ်ဆိုတယ်။ ပြီးခုအထိ ဘာမှ မယ်မယ်ရရ လုပ်မပေးနိုင်ဘူး။ ဒါပေမယ့် သူ့ဆောင်ရွက်ပုံ ကျေနပ်စရာ သိပ်ကောင်းတယ်လို့ ရန်ကုန်က သူ့အကြီးအကဲဆီ စာရေးပေးပါ တောင်းတယ်။ ညနေ နန်းတော်ဘက် လှည်းနဲ့သွားပြီး အပြင်က တစ်ပတ်လမ်းလျှောက်ကြည့်ခဲ့တယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  9. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  10. #9
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၈ ဂျန်နဝါရီ ၁၈၈၆

    လွှတ်တော်မှာစုပြီးရှိနေတဲ့ ကျမ်းတွေကို ကနေ့ စစ်ဆေးပြီးတယ်။ စောစောက ဖြောဖူးသလို အရင်အထက်ထက်က ဝန်ကြီးတွေပိုင်တဲ့ ကျမ်းတွေလည်းတွေ့ရတယ်။ သဒ္ဓမ္မကိတ္တိရေးတဲ့ ဝိစိတ္တာလံကာရ ဟာ (ကလျာဏ သာရပြုစုတဲ့ ) သုစိတ္တာလံကာရ နဲ့မတူပါဘူး။ ပထမကျမ်းက အလင်္ကာရ နဲ့မတူပါဘူး။ ပထမကျမ်းက အလင်္ကာရနဲ့ဆိုင်တယ်။ ဒုတိရကျမ်းက ဗုဒ္ဓဟောကြားတဲ့ တရားတော်ကို သုံးသပ်ချက်ပဲဖြစ်တယ်။

    ဆဂတိဒီပနီ ဆိုတဲ့ ကျမ်းကတော့ အမည်ကြားရုံနဲ့ ဘာရေးမယ်လို့ သိလောက်တယ်။ နိဒါန်းမှာ စိတ်ဝင်စားစရာ ဒီလိုတွေ့ပါတယ်။
    သဒ္ဓမ္မ သတိပဋ္ဌာနံ
    သုတ္တတော့ ဇိနဝုတ္တတော
    မဏ္ဍီတေန သ္မုဃောသေန
    ဒီပိတာ ဂတိဒီပနီ။

    သာဟိ သကဋဘာသာဟိ
    ဒီပိတတ္တာ ဒုရန္နာယာ
    သဒ္ဒသတ္တာ နဘိညာယ
    ဒီပန္တရနိဝသီနံ။

    ဣတိတံ ပရိဝတ္တေတွာ
    မာဂဓာနံ ရိရုတ္တိယာ
    ဟိတာယ မန္ဒပညာနံ
    ဘာသိတာနံ မယာဓုနာ။

    ကနေ့ ဝစီသာရ ကျမ်း၊ ဝါစီသာရတ္တသံဂဟဏ္ဏန ကျမ်းဆိုတာတွေ တွေ့တယ်။ ပြီးတော့ ဝိသုဒ္ဓိ မဂ္ဂ ကဋ္ဌကထာ ကိုလည်းတွေ့တယ်။ နေ လ စတဲ့ ဂြိုလ်တွေဆိုင်ရာ ကျမ်းတစ်စောင်လည်းတွေ့ပါတယ်။ ကျမ်းရဲ့ အရင်းအစ အကြောင်းသိရတာလည်း စိတ်ပါဝင်စားစရာ ကောင်းလှတယ်။

    ဣတိ ပရမသဒ္ဒါစာရ ဗုဒ္ဓိ
    ဝိရိယ ပရ်မဏ္ဍိတေန
    ဥတ္တမင်္ဂေါ တိဂုရုဟိကတ(ဖာ)
    ဒဟရနာမာတိစေယန အတ္တနိ
    စ ဝုတ္တိနာ မာပ္ပာရနာမဒေသမ္မိ
    အတိတိ တ္တိနာမာနံ ဒွိန္နံ
    အဂဂရာဇုနံ အာစရေယဘူတေန
    တိသုဗေဒသု ကောဝိဒေန
    သတ္တဟိတေသိနာ တိပိဋက
    မဟာထေရေန ဝိရစိတံ စန္ဒသူ
    ရိယ ဂတိဝိနိစ္ဆယံနာမပကရဏံ သုနိဋ္ဌီတံ

    ယခုစလေဒင်နေတဲ့အခန်းဟာ အရင် ပိဋိကတ်တိုက်ပါပဲ။ ကျမ်းတွေကို အရွယ်ချင်းမတူပေမယ့် တော်တော်ကြီးတဲ့ သေတ္တာရှစ်လုံးနဲ့ ထည့်ထားပါတယ်။ ကျမ်းတွေရဲ့ အမည်စုံ ၊ အတွဲစုံကို မမှတ်မိတော့ပါ။ ဒါပေမယ့် ပါဠိကျမ်းတွေကို ဒီလိုတစ်နေရာတည်းမှာ တစ်စုတစ်ပြုံကြီးစုထားတာမျိုး ဥရောပတိုက်က ဘယ်စာကြည့်တိုက်မှာမှ မတွေ့ဖူးဘူး။


    အထက်မြန်မာနိုင်ငံမှာရှိနေတဲ့ ဘုန်းကြီးကျောင်းတွေမှာတောင် ဒါလောက်များများ စုဆောင်းပြီး ရှိမယ်မထင်ပါ။ ကျမ်းတိုင်း ပါဠိဘာသာနဲ့ ရေးထားတာမဟုတ်ပေဘူးပေါ့။ သေတ္တာတစ်လုံးမှာဆိုရင် မြန်မာဘာသာပြန်တွေ အပြည့်ပါနေတယ်။ ဒီကျမ်းတွေအားလုံးဟာပဲ အင်မတန်သပ်သပ်ရပ်ရပ် ရှိနေပါသေးတယ်။ အနားရွှေချလို့။ ဒါပေမဲ့ တချို့အထုပ်တွေမှာတော့ အလိုအပိုတွေ ပါဝင်နေပြီဆိုတာလည်း သတိပြုမိပါရဲ့။ ဒါတွေကို သန့်စင်အောင် ပြုလုပ်ပါဆိုရင် အချိန်အများကြီးလိုမယ်။

    အခု စာကြည့်တိုက်ဟာ လွှတ်တော်နဲ့ဆိုင်တယ်ဆိုပေမယ့်လည်း မနုကျယ်ကလွဲလို့ တရားဥပဒေနဲ့ဆိုင်တဲ့ ကျမ်းရယ်လို့ မတွေ့မိဘူး။ မနုကျယ်တောင် တချို့စာရင်းထဲမှာမှ ပါလာတာတွေ့တယ်။ ရာဇဝင်ကြောင်းနဲ့ ဆိုင်တဲ့ ကျမ်းတွေလည်း အနည်းအပါးတွေ့ရမယ်။ စာရင်အရ ဒီပစံသ ၊ ဒလဒါ ဓာတုဝံသ ၊ ရာဇသံ ဆိုတာတွေကို မြန်မာဘာသာနဲ့ ရှိတယ်လို့ သိရတယ်။ သဒ္ဒါကျမ်းကတော့ အလွန်ပေါပဲ။ အခု မှတ်ချက်တွေကို သာမည အကြမ်းသဘော သိရရုံရေးတယ်။


    လေးရက်အချိန်ယူပြီး မွှေနှောက်ကြည့်ပေမယ့် အစုစု အလုပ်ချိန် နာရီနှစ်ဆယ်ထက်မပိုပါ။ မြန်မာတွေရဲ့ ကျမ်းစာဆိုတာ ပေရွက်ပေါ်မှာရေး၊ သစ်သားကျမ်းညှပ် ၊ အဝတ်နဲ့ ပတ်ထုပ်ထားတာဖြစ်လို့ ဖွင့်ရဖတ်ရတာ မလွယ်ဘူး။ ဒီတော့ နာရီနှစ်ဆယ်ဆိုပေမယ့်လည်း အလုပ်တယ်ပြီးမတွင်နိုင်ဘူး။ ကိုင်တွယ်နေကျ မဟုတ်လို့ပါပဲ။ စာကြည့်တိုက်ရဲ့ အနေအထားကိုတောင် မပြောမိသေးဘူး။ ခပ်သွက်သွက် ဝန်ခံချင်တာကတော့ ဒီစာကြည့်တိုက်ဟာ အသိပညာ ရတနာသိုက်အနေနဲ့ ဘယ်ကလောက်ကြွယ်စတယ်လို့ ကျွန်တော်မခန့်မှန်းတတ်ပါ။ ကျနော်ပြောတတ်သလောက်ကတော့ ဒီမှာပိဋိကတ်သုံးပုံ အစုံရှိတယ်။ ဗုဒ္ဓဃောသပြုစုတယ်ဆိုတဲ့ ဋီကာ တစ်ဆယ့်သုံးကျမ်းရှိတယ်။ တခြား ဋီကာ၊ အနုဋီကာတွေလည်း အများကြီးပါပဲ။

    ဗုဒ္ဓစာပေရဲ့ အရေးအပါဆုံး ကျမ်းစုပြီး နေရာဖြစ်ပါတယ်။ အသေအချာသာ ရှာဖွေလေ့လာရရင် ဥရောပတိုက်သား ပညာရှင်တွေကြားမှ မကြားဖူးတဲ့ ကျမ်းတွေဒီအပုံတွေထဲက ထွက်လာနိုင်အုံးမယ်လို့ ကျွန်တော် ရဲရဲပြောနိုင်တယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  11. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  12. #10
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၂၉ ဂျန်နဝါရီ ၁၈၈၆

    နန်းကျ သီပေါမင်းရဲ့ ကုသိုလ်ရေးကို လေ့လာမိတဲ့အခါ အထူးပဲဆန်းကြယ်တယ်လို့ ဆိုချင်တယ်။ အရှေ့တိုင်း ဘုရင်တွေရဲ့ ထုံးစံနဲ့အညီ စိတ်ကူးရရင် ရသလို ထွေထွေရာရာပြင်ပြီး ရက်စက်ရိုင်းပျ နှိပ်စက်စော်ကားထားတဲ့ ဖြစ်မှုတွေကို ရွှေကျောင်းကြီးတွေဆောက်၊ ရွှေစေတီကြီးတွေတည်ရင် ပြေမယ်၊ ပျောက်မယ်၊ ဘဝသံသရာဝဋ်က လွတ်မယ်ထင်တယ်များလားမသိ။

    ကုသိုလ်တော်ကျောင်းကို ရောက်သွားတော့ ကျွန်တော်ဒီအတိုင်းတွေးမိပါတယ်။ တော်တော်ဆန်းကြယ်တဲ့ အဆောက်အအုံဖြစ်တယ်။ ငွေကုန်လည်း အင်မတန်ခံပြီး မွမ်းမံရမယ်ပေါ့။ ခုတော့ ဘယ်ကြည့်ကြည့် ပျက်စီးစပြုပြီ။ စစ်သားကလည်း နေရာတကာတွေ့ရမယ်။ ဒီနေရာမှာလည်း လာပြီးမင်းမူနေကြတာပဲ။ တံခါးတွေနဲ့ စေတီတွေမှာတော့ ချထားတဲ့ရွှေကျန်သေးတယ်။ ပိဋကတ်သုံးပုံကျောက်ပြားတွေ ရှိရာမှာလည်းရွှေတွေကျန်သေးတယ်။ ပထမဆုံး ကျွန်းတံခါးကို ရွှေချထားတဲ့ ဝင်ပေါက်ကစပြီး ဝင်လိုက်ရင် ပိဋကတ်ကျောက်ပြားတွေကို လေးတန်း တန်းပြီးထားတာတွေ့နိုင်ပါတယ်။

    ကျောက်တစ်ချပ်ကို မကရတဏ မုခ်လေးဘက် ဖွင့်ထားတဲ့ စေတီငယ်နဲ့ အုပ်မိုးထားတယ်။ ပထမဝင်းထဲမှာ အစတစ်တန်းပဲ ကျနော်လျှောက်ကြည့်ပါတယ်။ နောက်တစ်ဝင်းထဲမှာတော့ ကျောက်ပြား အတန်းနှစ်တန်းရှိပါတယ်။ ပထမဝင်းထဲမှာ အပေါ်စေတီ ရွှေချထားတာတွေက ဝိနယပိဋက ကျောက်ပြားတွေထားတယ်။ ကျောက်ပြားရှစ်ပြားပေါ်မှာ ဘိက္ခုနီပါ စိတ္တိယ၊ တစ်ဆယ့်သုံးပြားပေါ်မှာ ဘိက္ခု ပါစိတ္တိယ ၊ နောက်တစ်ပြားမှာ ဘိက္ခုနီပါတိ မောက္ခ၊ နောက်ပြီး ဘိက္ခုပါတိမောက္ခ၊ ပါရာဇိက(ပါဠိ) ကို ကျောက်တစ်ဆယ့်ကိုးပြားမှာ တွေ့ပါတယ်။

    ဒီအဝန်းအဝိုင်းကို အားလုံး " ကုသိုလ်တော် " လို့ ခေါ်ကြပါတယ်။ ပထမဝင်းအပြင်တန်းမှာ မဇ္ဇျိမနီကာယ ၊ စာတစ်ရွက်နဲ့ ဘယ်ကျမ်းကို ကျောက်ပြားဘယ်လောက်မှာ ကျောက်ထက်အက္ခရာတင်တယ်လို့ မှတ်ပါတယ်။ တတိယ ဝင်း အလယ်မှာ ရွှေအပြည့်နဲ့ စေတီကြီးရှိပါတယ်။ ပစ္စယံသုံးဆင့်ပေါ်မှာ ခေါင်းလောင်းတင်ထားတဲ့ပုံပါပဲ။ ခပ်မြန်မြန် လှည့်ကြည့်တာ အဲဒါတွေပဲ သတိထားမိတယ်။ အေးအေးဆေးဆေး တစ်ခေါက်တော့ လာအုံးမယ်။ တည်းခိုတဲ့စခန်းကို အဲဒီကပြန်ရောက်တော့ ပွဲစားလူလိမ်က ကျွန်တော်လိုချင်တဲ့ ကျမ်းတွေကို သူရှာလို့တွေ့ပြီလို့ ပြောလာတယ်။ ကျမ်းတွေကိုတော့ ယူမလာဘူး။ လိမ်တာပဲဖြစ်မယ်။

    မနက်စာက အတော်ကိုညံ့တယ်။ အဲဒါစားပြီး စလေဒင်တွေ့ဖို့ နန်းတော်ကိုသွားရတယ်။ ဘုရင့် ပိဋကတ်တိုက်နဲ့ ပတ်သက်ပြီး သူတို့မှာ စဉ်းစားပြီး အစီအစဉ်ရှိနေလို့ တယ်မပြချင်ဘူးဆိုတဲ့ သဘောပြောတယ်။ အစီအစဉ်ကိုတော့ ဒေါက်တာဖော့ရှမ်းမားကို မေးပါတဲ့။ ပြီးတော့မှ ကာနယ်အိုင်ရာ (Eyre) ဆီကို စာတစ်စောင်ရေးပေးလိုက်တယ်။ ဒီစာနဲ့ ကျွန်တော် အဲဒီ ပိဋကတ်တိုက်ကို သွားပါတယ်။

    ဘုရင်နန်းမကျမီက ဒီကျမ်းတွေကို ရွှေအပြည့်ချထားတဲ့ အခန်းထဲမှာ ထားသတဲ့။ ကျမ်းထည့်တဲ့စာတိုက်တွေကလဲ ရွှေဝင်းဝင်းပဲတဲ့။ ဘယ်လောက်များမယ်လို့တော့ မသိဘူး။ အခု ကျွန်တော်တွေ့ရသလောက် သေတ္တာခုနှစ်လုံး ရှိတယ်။ သေတ္တာတွေကို (က ကာ ကိ ကီ) ဆိုပြီး စာထိုးထားတယ်။ ဒါပေမဲ့ ခုနှစ်ခုမြောက်ရောက်တော့ ခုလိုပဲ တွေ့နေရတယ်။ ဒါကြောင့် အနည်းဆုံး သေတ္တာတစ်ဆယ့်သုံးလုံးတော့ ရှိမှာပဲလို့ ကျွန်တော်ယူဆတယ်။

    ဒီသေတ္တာတွေရှိတဲ့ အခန်းထဲမှာတော့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေလဲ ဒီအခန်းထဲမှာပဲ ထိုးထည့်ထားတယ်။ ဥရောပတိုက်ထွက် စက်ရုံလုပ်ပစ္စည်းတွေလဲ အစုလိုက်အပုံလိုက်ပစ်ထားတယ်။ ကျွန်တော့ စိတ်ကြိုက် ပစ္စည်းတစ်ခုပဲတွေ့တယ်။ ဆင်စွယ်နဲ့လုပ်တဲ့ ကုလားထိုင်ကဖြစ်သိပ်လေးတယ်။ ဗုဒ္ဓရုပ်ပွါးတော် တချို့လည်းရှိတယ်။ လေ့လာစရာကောင်းတယ်။ ပထမစာတိုက်ကို ဖွင့်ကြည့်တဲ့အခါ မြန်မာကျမ်းတွေပဲတွေ့တယ်။ ပိုးစနဲ့ထုပ်ထားတဲ့ ရာဇစံသ ကျမ်းတချို့ တွေ့ပြန်တယ်။ လွှက်တော်စာကြည့်တိုက်မှာ တွေ့ခဲ့ရတဲ့
    မြန်မာကျမ်းအရေအတွက်ထက် များပါတယ်။

    စာတိုက်တစ်ခုထဲမှာ ကျမ်းစာရင်းတွေ့လို့ လျှောက်ကြည့်တဲ့အခါ

    ကေသဓာတု ပကာသိနီ
    စတုတ္ထသင်္ဂါယနာ
    သူရိယသိဒ္ဓန္တပါလိ
    လီလာဝတီ
    သက္ကတာဘိဓာနပါဒ
    သာသနာလင်္ကာရ
    ယောဟယာတြကလာပ
    မဟာဝံသ


    ဆိုတဲ့ ကျမ်းတွေအပြင် သာသနာဒီပက ရဲ့ ဋီကာ တစ်စောင်လဲရှိတယ်လို့ သိရပါတယ်။ အဲဒီအကျမ်းတွေတကယ် ရှိမရှိ စာတိုက်တွေထဲမှာ လိုက်တော့ မရှာမိဘူး။ ဒီအခန်းထဲမှာ ကျပ်ပြွပ်နေလို့ လူအလှည့်ရတောင်ခက်တယ်။ ကိုလဗက် ( Colbeck ) ဆိုတဲ့ အင်္ဂလိပ်ဘုန်းကြီးလူညံ့ဟာ ကျွန်တော်အလုပ်လုပ်နေတုန်းလာပြီး နှောင့်ယှက်ပါတော့တယ်။ ပါဠိလို တစ်လုံးမှမတတ်ပေမယ့် သူကဒါတွေကို အသေးစိတ်စာရင်းလုပ်မလို့တဲ့။

    သူနဲ့ စကားခဏရပ်ပြောပြီး အတူတူပဲ အဲဒီအခန်းထဲက ထွက်လာခဲ့ကြပါတယ်။ လမ်းမှာ အကြီးအကျယ်မူးနေတဲ့ ကင်းစစ်သားနဲ့ဆုံမိတယ်။ မနေ့ကလည်း ဒီအတိုင်းပဲ။ အဲဒီ ကင်းသားတွေဟာ အင်္ဂလိပ်လူမျိုးချည်းပဲပေါ့။ စစ်သားမှန်ရင် လူမှန်းသူမှန်းမသိအောင် သောက်ရတဲ့ သဘောရှိနေတယ်။ အပြန်မှာ နန်းကျဘုရင် အိပ်သွားတဲ့အခန်းကို မြင်ခဲ့ရတယ်။ အခုလေဒီဒပ်ဖရင်လာရင် ဒီအခန်းကို ဧည့်ခန်းလုပ်မယ်တဲ့။ ကျွန်တော်က အပြင်က မြင်ခဲ့ရတယ်။ ဖန်အသုံးအဆောင် အပြည့်၊ ဝင်ပေါက်ထွက်ပေါက်နှစ်ခု။ ပိဋကတ်တိုက်ရှိတဲ့အခန်းက ရွှေအပြည့်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  13. toHk;0ifvSaom þpmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts