Last edited by MMDW; 06-11-2011 at 05:42 PM.
ဒီစနစ်ကိုတော့ အားလုံးနီးပါးတွေ့ဘူးကြပါလိမ့်မယ် behind the enemy line 1 မှာတွေ့ဘူးကြမှာပါ ဆားဗီးယား ပြည်တွင်းစစ်မှာ ဆာဗ့်တွေက နေတိုးတပ်ဖွဲ့ရဲ့ အက်ဖ်-၁၈ တိုက်လေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးစနစ်ပါ။အက်ဖ်-၁၈ ဆိုတာ အမေရိကန်ရဲ့နောက်ဆုံးပေါ် တိုက်လေယာဉ် အမျိုးအစားပါ။
ဒုံးပျံတင် လက်နက်စနစ်
အက်စ်အေ-၁၃ ဒုံးပျံတင်ယာဉ်
ဒုံးပျံ လက်တွေ့စမ်းသပ် ပစ်ခတ်စဉ်
ဒုံးပျံလက်နက်
ဒုံးပျံ၏ ပစ်မှတ်ရှာရေဒါစနစ်
![]()
Last edited by MMDW; 06-11-2011 at 05:51 PM.
Kamaz-43269 သံချပ်ကာယာဉ်အား Kama Automobile plant မှထုတ်လုပ်ခဲ့ရာ Mustang ကားအုပ်စု၏ ကိုယ်ထည်ကိုသုံးကာ ဘီးကို ၄ဘီးမောင်းအဖြစ် ရုရှားဖက်ဒရေးရှင်း ကာကွယ်ရေးဝန်ကြီးဌါန၏ အမှာစာအရ ပြုလုပ်ခဲ့သည်။သံချပ်ကာကားတွင် ကျည်ကာသံကိုယ်ထည်အဆင့် ၅(အေ) တပ်ဆင်ထားပြီး ယာဉ်ဝန်းထမ်း ၂ဦးအတွက် လုံလောက်သော သီးသန့်နေရာနှင့် လိုက်ပါသူဂဦး အတွက် သီးသန့်နေရပါရှိပြီး တံခါး၂ခုနှင့်အပေါ်မှဖွင့်နိုင်သည့်အပေါက်၂ခုပါရှိသည် ။သံချပ်ကာကား၏အလေးချိန်မှာ ၁၂တန်ရှိပြီး ကုန်၂.၅ တန်တင်နိုင်သည်။မြင်းကောင်ရေ၂၄၀ အားရှိ ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး အမြန်ဆုံးနှုန်း ၁နာရီလျှင် ကီလိုမီတာ၉၀ဖြင့်သွားလားနိုင်သည်။သံချပ်ကာကားသစ်သည်အလွန်အားကိုရပြီး ပြုပြင်ထိန်းသိမ်းရန်လွယ်ကူသည်။ရုရှားတစ်နိုင်ငံလုံး တွင် ပြုပြင်ရေးဌါန၁၂၄ခု ဖွင့်လှစ်ထားသည်။ရုရှားနိုင်ငံ၏ နယ်ခြားတပ်ဖွဲ့များတွင် အသုံးပြုရန်အတွက် ပြည့်စုံစွာ စမ်းသပ်ခဲ့ရာ အလွန်အောင်မြင်ခဲ့သည်။
![]()
Last edited by MMDW; 06-13-2011 at 11:04 PM.
Tunguska M1 အနီးကပ်လေကြောင်းရန်ကာကွယ်ရေးစနစ်
Tunguska M1 စနစ်ကို ၁၉၇၀-၈၀ ခုနှစ်အတွင်းမှာ ဒီဇိုင်းထုတ်လုပ်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်..။ယင်းစနစ်ရဲ့ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆သန်းမျှ တန်းဖိုးရှိပါတယ်။တာတိုပစ်ဒုံးပျံများကို ဘေးတဖက်တချက်စီတွင် လေးခုစီတပ်ဆင်ထားသော ဒုံးပျံ ၈စင်းတပ်ဆင်ထားပါသည်။ထို့ပြင် စက်သေနတ်ကြီး အနေဖြင့် ၃၀မမ စက်သေနတ် ၂လက်တပ်ဆင်ထားပါသည်။စစ်ဆင်နိုင်မှုအကွာအဝေးမှာ ကီလိုမီတာ ၅၀၀ အထိရှိပြီး တစ်နာရီကို ၆၅ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။မြန်မာ့တပ်မတော်လေကြောင်းရန်ကာ ကွယ်ရေးတပ် အချို့တွင် တပ်ဆင်ထားသည်ဟုတသိရပါသည်။
ရှရုားတပ်မတော်ရှိ စနစ်
စနစ်တွင် တပ်ဆင်ထားသော ဒုံးပျံ အမျိုးအစား
၃၀မမ စက်သေနတ်အားစမ်းသပ် ပစ်ခတ်နေစဉ်
၃၀မမပြောင်း
ဆက်လက်ဆွေးနွေးပေးကြပါခင်ဗျာ...။
Last edited by MMDW; 06-18-2011 at 04:53 AM.