+ pmjyefNyD; qufa&;zdkU
Page 12 of 12
FirstFirst ... 2 10 11 12
Results 111 to 112 of 112

Thread: aomif;ajymif;axGvm a&S;vuf&m

  1. #111
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ဒီနှစ်ထဲ အလုပ်တွေပိုများလာတာရယ်၊ သားလေးမွေးလာတော့ မိသားစုကို ပိုပြီးအချိန်ပေးလာရတော့ စာရေးတဲ့ဘက်ကို အချိန်မပေးနိုင်တော့ပါ။ လက်ရေကျသွားတယ်ပေါ့။ ခုလည်းနှစ်တစ်နှစ်ကုန်ခါနီး ငါဘာတွေလုပ်ခဲ့သလဲ၊ လုပ်ဖို့ကျန်သေးသလဲ ပြန်ကြည့်ရင်း ဒီစာကြွေးကိုတွေ့ပါတယ်။
    စိတ်ထဲနည်းနည်းကသိကအောင့်ဖြစ်တာတစ်ခုက ကိုယ်လုပ်ထားတဲ့ သုတေသနတချို့ Facebook စာမျက်နှာပေါ်ရောက်သွားပေမယ့် မြန်မာကျူ့ပစ်ဖို့ရမ်ကိုသော်လည်းကောင်း စာပြုသူကိုသော်လည်းကောင်း ဘာမှရည်ညွှန်းမထားတာတွေ့ရပါတယ်။

    အဲဒီ Facebook ပေါ်မှာဘဲ အခြားကျူ့ပစ်မန်ဘာတွေရဲ့ သမိုင်းစာတမ်း အဆင့်ရှိတဲ့ စာတွေကို တိုက်ရိုက်ကူးယူပြီး စောစောကပြောသလို ကျူ့ပစ်ဖိုရမ်ကိုသော်လည်းကောင်း စာရေးသူကိုသော်လည်းကောင်း ရည်ညွှန်းမှုတစ်စုံတရာမှာ ပေးမထားတာတွေ့ရပါသေးတယ်။ ဒါတွေကိုထောက်ထားပြီး တွေးကြည့်လိုက်တော့ စာကူးဆရာ ဟာ ကျူ့ပစ်မန်ဘာတစ်ယောက်ဖြစ်မယ်ဆိုတာ သိသာနေပါတယ်။ ထားပါတော့။

    ဒီလိုပြောတော့ နှမြှောရန်ကော ငလင်းရယ်၊ အများသိစေဖို့စေတနာနဲ့ရေးတယ်လည်းဆိုသေး အဖြစ်ကသည်းနေသေးလို့ ဆိုရင်လည်း ဆိုပါစိ။ အမှန်တော့ စာကို နှမြှောတာမဟုတ် စည်းကမ်းစောင့်ထိမ်းမှုနှင့် လူ့ကျင့်ဝတ် လျော့ပါးပျောက်ပျက်တတ်တဲ့ လူတချို့ကြောင့် စိတ်အနှောက်ယှက်ဖြစ်တယ်လို့တော့ အမှန်တိုင်းဆိုပါရစီ။
    ထားပါတော့။ လုပ်စရာရှိတာ ဆက်လုပ်တာပ..
    -----

    ဘုရား ခြေတော်ရာနဲ့ပတ်သက်ပြီး ရှေ့မှာပြောခဲ့တာက ' မင်းသားဘဝ အနော်မာသောင်ကမ်းမှာ ခြေရာချန်ရစ်' ခဲ့တာကို ရည်ရွယ်တာမို့ ဘုရားခြေရာမဟုတ် ဘုရားလောင်းခြေရာလို့ ပြောခဲ့တယ်။ ဒီလိုပြောတော့ ဘုရားခြေရာရော မရှိဘူးလားလို့ မေးစရာဖြစ်တယ်။ ရှိပါတယ်။ ဘာကိုရည်ရွယ်သလဲဆိုတော့ ဘုရားဖြစ်ပြီး ဒေသစာရီကြွချီတဲ့အခါ ဤအရပ်ကိုကားရောက်၏ ခြေတော်ရာ ချန်ထားရစ်ခဲ့ဤ ဆိုတဲ့ အဆိုကို အိန္ဒိယ၊ သီဟိုဠ် ၊ ထိုင်း ၊ မြန်မာ စတဲ့ နိုင်ငံတွေရဲ့ ရှေးဦး ဗုဒ္ဓဘာသာကျမ်းတွေမယ် ဖော်ပြထားတတ်ကြပါတယ်။

    မြန်မာပြည်မှာတော့ ပုဂံမှာရှိတဲ့ ခြေတော်ရာဟာ အစောဆုံး ဗုဒ္ဓခေတ်ဦးခြေတော်ရာလို့ ပညာရှင်အတော်များများက သတ်မှတ်ထားပါတယ်။ မန်းရွှေစက်တော်ရာ လို့လူပြောများတဲ့ ခြေတော်ရာ သက်တမ်းကိုတွက်ယူဖို့ရာမှာတော့ ခိုင်လုံတဲ့ မှတ်တမ်းမရှိသေးပါ။ ထို့အတူ သီဟိုဠ်၊ ဂန္ဓာရ(ပါကစ္စတန်)၊ ဂျပန် စတဲ့ နိုင်ငံတွေက ခြေတော်ရာတွေကိုတော့ နှစ်ပေါင်း ၂၀၀၀ ထောင်နဲ့အထက် သက်တမ်းရှိတယ်လို့ တွက်ယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဒေသတွင်းမှာရှိတဲ့ ခြေတော်ရာ အတော်များများရဲ့ သက်တမ်းကို အတည်ပြုဖို့ရာမှာတော့ ဝိရောဓိဖြစ်နေဆဲပါ။

    ဒီမှာလမ်းကြုံတုန်းပြောချင်တာက အညာပုဂံအရပ်မယ် ခြေတော်ရာ ကျန်ကျစ်ခဲ့လို့ ဗုဒ္ဓ ပုဂံရောက်ပြီး ဗျာဒိတ်တော်ပေးတယ်၊ မဟာမြတ်မုနိရုပ်ပွါးတော်ကို ဗုဒ္ဓဘုရားကိုယ်တော်တိုင်ကြွလာပြီး ဘုရားရှင်ကိုယ်စားရုပ်ပွါးသွန်းလုပ်စေပြီ ရင်ငွေ့သပ်လို့ ထားရစ်ခဲ့တယ် ၊ ဒီလိုဘဲ မကွေးက မန်းရွှေစက်တော်ကို မြတ်ဘုရားကြွလာပြီး ခြေတော်ရာတစ်စုံထားရစ်ခဲ့တာဖြစ်တယ်လို့ ပြောမယ်ဆိုရင် ဒါဟာ သမိုင်းအစစ်မှန် မဟုတ်လို့ အားနာနာနဲ့ပြောရပါမယ်။

    မြန်မာတို့ရဲ့ ရှေးခေတ်ဦး ဗုဒ္ဓသာသနာ အနုလက်ရာအကြောင်းပြောတဲ့အခါမှာ လူတိုင်းက ' ပျူ ' ခေတ်လက်ရာတွေကို ပြောဖြစ်ကြတယ်။ ပျူခေတ်မှာ ထုဆစ်ခဲ့တဲ့ ဗုဒ္ဓပုံတော်တွေကိုလေ့လာတဲ့အခါ အများစုက မွန်ဟန်လွှမ်းမိုးမှုရှိတာတွေ့ရပါတယ်။ မွန်ဟန်လို့ ဆိုရာမှာလည်း ယခုလက်ရှိထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ ' ဒွါရာဝတီ ' မွန်လက်ရာဟန်လို့ပြောရင် ပိုပြီးနီးစပ်ပါမယ်။

    အတီးသမား အကသမားတွေပါတဲ့ လက်ရာကိုရှေးဟောင်းသုတေသနကရှာတွေ့တော့ ပျူသဘင်သည် လို့ပြည်တွင်းပညာရှင်အများစုက ဆိုပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ အဆိုမှာတော့ ဒါဟာ ကုလားပြည်မှာ ထုဆစ်ပြီး မြန်မာပြည်ထဲရောက်လာတဲ့ လက်ရာလို့ ပြောပါတယ်။ ရှင်းရှင်းပြောတော့ ပျူမဟုတ် ကုလားသဘင်သည်လို့ ပြောတာပါဘဲ။

    နောက်ထပ်သတိထားပြီး လေ့လာဖို့ကောင်းတာက မွန်ဒေသတွေမှာ ရှိတဲ့ ရှေးခေတ်ဦး ကျောက်စစ်လက်ရာတွေပါ။ ကျောက်သားသက်တမ်း ၊ လက်ရာတို့ရဲ့ မှတ်တမ်းအရ ပျူတွေထက် စောတဲ့ ရှေးလက်ရာတွေပါ။ ထုထည်ကြီးမားပြီး အသေးစိတ်သိပ်မပါပေမယ့် ဘာသာရေးဆိုင်ရာ တစ်နည်း ယုံကြည်ကိုးကွယ်မှုဆိုင်ရာလက်ရာလို့ပြောနိုင်ပါတ ယ်။ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရာလို့ပြောဖို့တော့ မဝင့်ရဲပါ။ အဲဒီ မွန်ဟန် ကျောက်စစ်လက်ရာတွေကို မွန်ဒေသမဟုတ်တဲ့ အထက်အညာ မုံရွာတဝိုက်က ရွာတချို့မှာတွေ့ရပြန်တော့ ဒါတွေနဲ့ပတ်သက်ပြီး ဆက်လက် သုတေသနလုပ်ဖို့ လိုပါသေးတယ်ဆိုတဲ့အကြောင်း ပြောရင်းဒီမှာဘဲအဆုံးသတ်ပါတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  2. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  3. #112
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default








    တလောလေးက Facebook ဆောင်းပါးတစ်ပုဒ်မယ်ဖတ်လိုက်ရတာက ထားဝယ်ဖက်က ရွာလေးတစ်ရွာမှာ ရှေးဟောင်းစာပါ အုတ်ချပ်တွေတွေ့တယ်တဲ့။ အုတ်ပေါ်ရေးထားတဲ့ စာက ၂ ရာစုလောက်ကထွန်းကားခဲ့တဲ့ ဗြဟ္မအက္ခရာတွေပေမင့် စာရေးသူက ပျူစာ ဆိုပြီး အခိုင်မာပြောလာတော့ မူလလမ်းကြောင်းက လွှဲထွက်သွားသလိုဖြစ်သွားတယ်။ ရခိုင်ပညာရှင်အချို့ကြပြန်တော့ ရခိုင်စာ ဆိုပြီးပြောပါသေးတယ်။ ရခိုင်ရှေးဟောင်း စာတွေနဲ့တော့ အက္ခရာ ဆင်တူပါတယ်။ အိန္ဒိယ အသောကမင်းကောင်းမှု ဆန်ချီစေတီတော် မှာသုံးတဲ့ ကျောက်စစ်လက်ရာ တွေအပေါ်မှာရေးခဲ့တဲ့ အက္ခရာ တွေနဲ့လည်း ဆင်တူပါတယ်။

    ဒီတော့ ဖြစ်ခြင်းဖြစ် ဗြဟ္မအက္ခရာ ဖြစ်သင့်ပေမယ့် စာရေးသူက ပျူ အက္ခရာဆိုပြီး လုပ်ချလိုက်တဲ့အတွက် ရှိပြီးသားခိုင်မာမှုကို တလွဲလုပ်သလိုဖြစ်သွားတယ်။ အမှန်တော့ ပျူ ကျောက်အရိုးအိုးတွေအပေါ်က အက္ခရာ၊ ပျူကျောက်စာ တွေပေါ်က အက္ခရာ တွေနဲ့တော့ မတူပါ။ သို့ပေမယ့် အက္ခရာ ကူးပြောင်းပုံ နှင့် မူလ စာပေထွန်းကားရာ ဒေသ အတူတူဖြစ်တဲ့အတွက် အတင်းဆွဲပြီး အတူတူဖြစ်တယ်၊ ပျူ အက္ခရာ ဖြစ်တယ်ပြောရင်တော့ ထူးပြီး ထပ်ငြင်းမချင်တော့ပါ။ ထားပါတော့။

    တချို့တွေပြောကြတယ်။ ရှေးက မြန်မာတွေ အလုံးအရပ်သိပ်ကောင်းတယ် ၊ လူကောင်ကြီးတယ်တဲ့။ ကျနော်တွေ့ဖူးသလောက် ဗိသုကာလက်ရာ နှင့် အဆောက်ဦးတွေမှာတွေ့ရတဲ့ မလွယ်ပေါက်အကျယ်အဝန်းတွေရဲ့ အထောက်အထားအရ ၁၀ ရာစုလောက်လူတွေအထိတော့ ကိုယ်ဟန် သေးတဲ့လူတွေဖြစ်မယ်ထင်တယ်။ အရပ်အမြင့် လွန်ရော ကျွန်ရော ၆ ပေပေါ့။ ၅ ပေ ၂ လက်မ ၊ ၅ ပေ ၆ လက်မ ဆိုတာသာမန် အမျိုးသားတစ်ယောက်ရဲ့ အလုံးအရပ်လို့ ဆိုနိုင်တယ်။

    ၁၀-၁၃ ရာစုလောက်အထိ တွေ့ရတဲ့ အဆောက်ဦးတွေမှာသုံးတဲ့ အတက်အဆင်းပေါက်တွေက အတော်လေး သေးတာတွေ့မိတယ်။ လူတစ်ကိုယ်စာ တက်/ဆင်းတာကိုဘဲ ကျပ်ကျပ်တည်းတည်းရှိလှတယ်။ ပစ္စည်း ပစ္စယတစ်ခုခုသယ်ပြီး တက်/ဆင်းလုပ်ဖို့ရာမလွယ်လှ။ ကိုယ်နဲ့အတူဆောင်ထားတဲ့ ဒါး တို့ဘာတို့ တော့မခက်ခဲလှ။

    လူ ခြေရာအတိုင်းသားပါတဲ့ ရှေး အုတ်ချပ်တစ်ချပ်တွေ့တယ်။ ပုံစံခွက်တစ်ခွက် လိုဖြစ်နေတယ်။ အသေခြာကြည့်တော့ ခြေဗွေရာ ( လက်ဗွေရာလို့ ပြောတဲ့အတွက် ခြေဗွေလို့သုံးပါတယ်) အသေးစိတ်ပါ ပါတယ်။ သိပ်ကောင်းတဲ့ သုတေသန အထောက်ကူပြု ရှေးပစ္စည်းပါဘဲ။
    ခုတော့ အမြည်းအဖြစ်တင်ပေးလိုက်တယ်။ ပုံတွေမှာ သိပ်ရုပ်ဆိုးတဲ့ ခြေထောက်ကြီးပါနေတာကိုတော့ စိတ်မရှိပါနဲ့ မြင်သာအောင် ပြချင်လို့ပါ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  4. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 10 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts