+ pmjyefNyD; qufa&;zdkU
Page 1 of 12
1 2 3 11 ... LastLast
Results 1 to 10 of 112

Thread: aomif;ajymif;axGvm a&S;vuf&m

  1. #1
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default aomif;ajymif;axGvm a&S;vuf&m

    မြန်မာတစ်နိုင်ငံလုံးရှိ ဒီလိုပျက်ဆီးဆုံးရှုံးနေတဲ့ သမိုင်းဝင်ရှေးလက်ရာတွေကို ဂရုတစိုက် မှတ်တမ်းလုပ်လာတာ လွန်ခဲ့တဲ့ ၃ နှစ် လောက်ကတည်းကပါ။ လူအများ သတိထားမိအောင် ဒါတွေကို ပြောတဲ့အခါ တရားလွတ်ပြောတာမျိုးမဖြစ်ရလေအောင် မှတ်တမ်းဓာတ်ပုံအထောက်ထားနဲ့ ပြောပါတယ်။
    ဒီစိတ်ကူးဘယ်လိုစပြီး ဖြစ်တည်လာလဲဆိုတာ နည်းနည်းပြောပရစေ။

    ဒေါက်တာသန်းထွန်း ဆိုတာနဲ့ သမိုင်းပညာရှင် ရှေးဟောင်းသုတေသန ပညာရှင်အဖြစ် လူအများသိပြီးသားပါ။ အထူးသဖြင့် ပုဂံသမိုင်း ပုဂံခေတ်နဲ့ ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင်ပြောနိုင်တဲ့ ပညာရှင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ၊ ရှေးဟောင်းသုတေသန နဲ့ပတ်သက်ပြီး သိပ်အလုပ်လုပ်ခဲ့တာ အများသိပြီးဖြစ်ပါတယ်။

    သမိုင်းပညာရှင် အတော်များများဟာ သမိုင်းအကြောင်း ၊ မှတ်တမ်းအကြောင်း ၊ ရာဇဝင်အကြောင်းတွေကို ဖောင်လောင်အောင်ပြောနေ ၊ ရေးနေကြပေမယ့် လူတွေဖျက် လို့ပျက်စီးတာ၊ သဘာဝအလျှောက် ပျက်စီးယိုယွင်းတာ ၊ ရှေးလက်ရာမပျက် ဆိုပြီး ပြုပြင်မှုတွေလုပ်ရာကနေ ကွယ်ပျောက်သွားတဲ့ သမိုင်းဝင် ယဉ်ကျေးမှု မှတ်တိုင် ဆိုင်ရာလက်ရာတွေကိုတော့ ဘာမှမပြောဘဲ နှုတ်ဆိပ်နေတာများပါတယ်။

    ရှင်းရှင်းပြောတော့ ပညာရပ်ပိုင်းဆိုင်ရာမှာ ပညာရှင် အဖြစ်လူသိများတာမျိုး နှစ်သက်လိုလားပေမယ့် ဒီလိုကိစ္စမျိုးတွေမှာတော့ လူမုန်းမခံချင်၊ သက်ဆိုင်အစိုးရ ငြိုငြင်မှုကို မခံချင်တဲ့ ပညာရှင်ကြီးတွေများပါတယ်။ သမိုင်း ၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဟိုတုန်းကအကြောင်းရာကို ပြောနေယုံနဲ့ တာဝန်မကျေနိုင်ပါ ။ ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ တလွဲဆံပင်ကောင်း ကိစ္စတွေကို ရဟန်းရှင်လူ နှင့် သက်ဆိုင်ရာအစိုး ကိုအမှန်တိုင်းပြောပြီး ထိမ်းသိမ်းမှုပညာပေးတာမျိုးလုပ်နိုင်ပါမှ ပညာရှင်စစ်စစ်ပီသပါတယ်။ ကိုယ်တိုင်မပြောရဲ ရင်တောင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့လူကို ဝိုင်းဝန်းပန့်ပိုးပေးတာမျိုးလောက်တော့ လုပ်သင့်ပါတယ်။ ခုတော့ ဝိုင်းကျင် ထားကြတာများပါတယ်။

    ဒေါက်တာသန်းထွန်းက ပုဂံ ကို ရဟန်းရှင်လူ အစိုးရ ဝိုင်းပြီး ဖျက်ဆီးတာ ၊ သဘာဝအလျှောက် ပျက်ဆီးတာတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မှတ်တမ်းမှတ်ရာအထောက်ထားနဲ့ ပြောလာခဲ့တာ ဆုံးပါးသွားတဲ့အချိန်ထိပါဘဲ။ ဒါကို လူတချို့က ဝင်ပြီးသံယောင်လိုက်တာလဲရှိပါတယ်။ ဒါပေသိ အတိကျ မှတ်တမ်းနဲ့ပြောတာမျိုးတော့မဟုတ်ပါ။ မြင်ဖူး ကြားဖူးတာမှန်သော်လည်းဘဲ အထောက်ထားမပြဘဲပြောတာဟာ ပေါက်ကရလေးဆယ်ပြောတာနဲ့အတူတူနီးပါးပါဘဲ။

    ဒေါက်တာသန်းထွန်းက ပျက်ဆီးလာပြီဖြစ်တဲ့ ပုဂံနဲ့ပတ်သက်ပြီးပြောသွားတာမှန်ပေမယ့် ဒါဟာ သူအပိုင်နိုင်ဆုံး အကြောင်းရာကို ခိုင်ခိုင်မာမာပြောသွားတာပါ။ အခြားနိုင်ငံအဝန်းက ရှေးလက်ရာတွေကို ဖြစ်ချင်ရာဖြစ် ချန်ထားခဲ့တာမျိုးမဟုတ်ပါ။ သို့သော် ကျန်ခဲ့တာတွေကို မင်းတို့လူငယ်တွေဆက်လုပ်ကြပါ ဆိုတဲ့သဘောပါဘဲ။
    ရခိုင်၊ ရှမ်း ၊ မွန် အပါဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ခုလို ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သမိုင်းဝင် ယဉ်ကျေးမှုအမွေ ရှေးလက်ရာတွေ အများကြီးရှိပါသေးတယ်။ အဲတာတွေကို ဆက်လုပ်ရမှ လူငယ်တွေတာဝန်ပါ။

    " ငလင်း ရေ မင်းကပျက်စီးနေတာတွေကိုတော့ မှတ်တမ်းတွေလုပ်ပါရဲ့ ပြင်ဖို့ရော မစဉ်းစားတော့ဘူးလား " ဆိုပြီး တစ်စုံတစ်ယောက်က မေးလာနိုင်ပါတယ်။ ဖြေဖို့ သိပ်မခက်ပါဘူး။ ငလင်း မတတ်နိုင်ပါခင်ဗျာ။ ဒါဟာ ဒေါ်လာ သန်းချီကုန်မယ့် ပရောဂျက်ကြီးပါ။ နောက်ပြီး ဒေါ်လာသန်းချီရှိတဲ့ ပရောဂျက်ကို စဖို့ ယူနစ်စကိုက ချပေးတယ်ထားဦး " ဒီအရပ်မှာ ဒီလိုဘီလူးဇာတ် ကနေသရွေ့" တော့ ဒီအလုပ်စလို့ရမယ်မထင်ပါ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  2. #2
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    Quote Originally Posted by shwethitsar View Post
    ကျွန်မတို့နားမှာလက်ဆည်ရွာဆိုတာလဲရှိပါတယ်။
    သူကဥတ်စာစောင့်နာမည်ကြီး။
    ထန်းတပင်၊ဇီးကုန်းကရွှေဖောင်းဦးစေတီနဲ့လက်ဆည်က
    ဆည်းလဲစေတီကအမြဲရောင်ခြည်တော်ကူးတယ်။
    သီတင်းကျွတ်လပြည့်ထင်တာပဲ၊မမှတ်မိတော့ဖူး။
    ရွှေဖောင်ဦးမှာဘုရားပွဲနီးရင်ကူးတယ်လို့ထင်တာပဲ ။
    သေချာမမှတ်မိတော့တာ။ငယ်ငယ်ကရောင်ခြည်တော်ဖူးခဲ့ရပါတယ်။
    ဒီခေတ်ကလူတွေကယုံချင်မှယုံကြမှာ။
    ဟုတ်ကဲ့ မရွှေသစ္စာ ခင်ဗျာ ခုလို စိတ်ဝင်စားစရာ အချက်လက်တွေဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ဇီးကုန်း ၊ ငါးရာနဲ ၊ ထန်းတပင် ၊ ရုံးပင် ၊ ငါးမြောင် အပါဝင် စည်ပုတ္တရာ ဘက်တွေမှာရှိတဲ့ ဘုရားပျက်တွေ ဘုန်းတော်ကြီးကျောင်းတွေဆီ ရောက်ဖြစ်ပါတယ်။ တခြားရွာတွေနှင့် ရွာနီးချုပ်စပ်က ဘုရားပြို ဘုရားပျက် ဘုရားခိုး စတာတွေရဲ့ မှတ်တမ်း ပုံတွေကိုတော့ အဲမှာတာဝန်ကျနေတဲ့ အရာရှိတစ်ဦးဆီကရပါတယ်။

    ဇီးကုန်း ဖောင်တော်ဦးစေတီက ဘယ်နားက စေတီကိုညွန်းတာပါလိမ့်။
    ဇီးကုန်းအလယ် ရဲစခန်းဘေး ၊ ဘောလုံးကွင်းနားက ရှေးဟောင်းစေတီကို ညွှန်းတာလားခင်ဗျာ။ ဝန်ထမ်းတစ်ဦးကတော့အဲဒါ အလောင်းစည်သူမင်း လက်ထက်မှာ တည်ထားခဲ့တဲ့ ဖောင်တော်ဦးစေတီလို့ ပြောပါတယ်။
    ခင်မင်လေးစားစွာ
    ငလင်း
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  3. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 20 OD;rS aus;Zl;wif&SdMuygonf


  4. #3
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    မြန်မာ မင်းခန်းတော်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ပညာရှင်အများစုက ဝိုင်းဝန်းပြုစုကြလို့ သိပ်ကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှိနေပြီးဖြစ်တယ်။ မြန်မာထီးဆောင်းမင်းတွေရဲ့ အဆောင်ယောင်ဖြစ်တယ်ဆိုပေမယ့် မင်းခန်းတော်ပစ္စည်းတချို့ဟာ နိုင်ငံခြားဖြစ်၊ သို့မဟုတ် နိုင်ငံရပ်ခြားက ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေပါနေတာကိုပါသတိထားမိပါတယ်။ မူရင်းပုရပိုဒ်ပါ ပုံတွေကြောင့်လည်း ပစ္စည်းအမျိုးမည်နှင့်တကွ ပုံကိုပါ နှောင်းလူတို့ မှတ်သားရတယ်။

    မင်းတွေရဲ့ အဆောင်ယောင်နဲ့ပတ်သက်ပြီး မဟာ မင်္ဂလာမင်းခန်းတော် ဆိုပြီး ပုရပိုဒ်တွေရှိခဲ့တဲ့အတွက် အဲဒီမင်းတွေ ဆုံးပါးတဲ့အခါ ပြင်ဆင်ရတဲ့ အမင်္ဂလာ အသုဘ အခန်းနားတော် ဆိုပြီး ပုရပိုဒ်တွေရှိမှာဘဲဆိုပြီး မှတ်ချက်ချမိတယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် အမတ်၊ စော်ဘွား ၊ မင်းသားတွေ ကိုအသုဘချတဲ့အခါ ဘယ်လိုပြင်ဆင်ပါဆိုပြီး ဘုရင်ကအမိန့်တော်ထုတ်တဲ့အတွက် သူတို့တွေရဲ့ အသုဘအပြင်ဆင်ကိုသိရလို့ပါ။
    ဘုရင်တွေ မိဘုရားတွေအတွက် အသုဘအပြင်ဆင် ပုရပိုဒ်ဆိုပြီး မတွေ့ဖူး သေးပါခင်ဗျာ။ အဲဒါသိရင် ပြောပြကြပါဦး။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  5. #4
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    သုတေသန စပ်စောင်တစ်ထည်

    မြန်မာ မင်းခန်းတော်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ပညာရှင်အများစုက ဝိုင်းဝန်းပြုစုကြလို့ သိပ်ကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှိနေပြီးဖြစ်တယ်။ မြန်မာထီးဆောင်းမင်းတွေရဲ့ အဆောင်ယောင်ဖြစ်တယ်ဆိုပေမယ့် မင်းခန်းတော်ပစ္စည်းတချို့ဟာ နိုင်ငံခြားဖြစ်၊ သို့မဟုတ် နိုင်ငံရပ်ခြားက ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေပါနေတာကိုပါသတိထားမိပါတယ်။ မူရင်းပုရပိုဒ်ပါ ပုံတွေကြောင့်လည်း ပစ္စည်းအမျိုးမည်နှင့်တကွ ပုံကိုပါ နှောင်းလူတို့ မှတ်သားရတယ်။

    မင်းတွေရဲ့ အဆောင်ယောင်နဲ့ပတ်သက်ပြီး မဟာ မင်္ဂလာမင်းခန်းတော် ဆိုပြီး ပုရပိုဒ်တွေရှိခဲ့တဲ့အတွက် အဲဒီမင်းတွေ ဆုံးပါးတဲ့အခါ ပြင်ဆင်ရတဲ့ အမင်္ဂလာ အသုဘ အခန်းနားတော် ဆိုပြီး ပုရပိုဒ်တွေရှိမှာဘဲဆိုပြီး မှတ်ချက်ချမိတယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် အမတ်၊ စော်ဘွား ၊ မင်းသားတွေ ကိုအသုဘချတဲ့အခါ ဘယ်လိုပြင်ဆင်ပါဆိုပြီး ဘုရင်ကအမိန့်တော်ထုတ်တဲ့အတွက် သူတို့တွေရဲ့ အသုဘအပြင်ဆင်ကိုသိရလို့ပါ။ ဘုရင်တွေ မိဘုရားတွေအတွက် အသုဘအပြင်ဆင်ရာမှာ လက်စွဲအဖြစ် မသာတော်အခန်းနား ပုရပိုဒ်ဆိုပြီး မတွေ့ဖူး သေးပါ။

    ခုလိုမင်းတွေရဲ့ အဆောင်ယောင် မင်းခန်းနားတွေကို ဂရုတစိုက်ပြုစုကြသလို မှူးကြီး မတ်ရာ သေနာပတိ၊ အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီးရွာစားတွေရဲ့ အဆောင်ယောင်တွေကိုပါ မှတ်တမ်းပြုစုဖို့လိုအပ်ပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်း ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ကိုဖော်ထုတ်ရာမှာ ထီးဆောင်းမင်းတစ်ဦးတည်းရဲ့ အကြောင်းရာကိုဖော်ပြရုံနဲ့မလုံလောက်ပါ။ ပြည်တွင်း ပညာရှင်တွေအနေနှင့် အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီး ၊ ရွာစားတွေရဲ့ အဆောင်ယောင် တွေကိုပါစနစ်တကျဖော်ထုတ်ပြီး စာတမ်းပြုစုတာ မရှိသလောက် ရှားပါတယ်။ တိုင်းရင်းသားဆိုင်ရာ ယဉ်ကျေးမှုအချက်လက်တွေ ရှာတဲ့အခါ တဆင့်စကား၊ ပါးစပ်ရာဇဝင်တွေကသာ များနေတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီအကြောင်းရာနဲ့ပတ်သက်ပြီး စာတမ်းပြုစုဖို့ရာ အချက်လက်တွေစုနေပါတယ်။

    ၁၇ ရာစုအစောပိုင်း ဘုရင့်အမိန့်တော်တွေ နှင့် ကုန်းဘောင်ခေတ်စစ်တမ်းတွေကို အခြေခံပြီး ဝန်းသို (ဝန်သို) စော်ဘွားနဲ့သတ်ဆိုင်တဲ့အချက်လက်တွေ ဖော်ပြလိုက်ပါတယ်။ စော်ဘွားအရာဆက်ခံတဲ့ခါ မျိုးရိုးစဉ်ဆက် ဆက်ခံတာတွေရှိသလို မျိုးရိုးပြတ်တဲ့အခါ သင့်တော်ရာကို စော်ဘွားအရာဆက်ခံစေတာမျိုးလည်းတွေ့ရပါတယ်။ စော်ဘွားအပြောင်းလဲဖြစ်စေတဲ့ နောက်ထပ်အကြောင်းရာရှိပါသေးတယ်။ မင်းပြောင်းမင်းလွဲဖြစ်တဲ့ခါ နှင့် ဒေသခံမျိုးကြီးရိုးကြီးအချင်းချင်း စော်ဘွားအရာလုတဲ့အခါဖြစ်ပါတယ်။
    ဒီဘုရင်လက်ထက်မှာ ဒီလူကို ဒီစော်ဘွားအရာမြှောက်ပေမယ့် နောက်တစ်မင်းတက်တဲ့အခါ အခြားလူကို စော်ဘွားအရာပေးတဲ့အလေ့လည်းရှိပါတယ်။ ဒီတော့ တစ်နေရာတည်းမှာ စော်ဘွားလုပ်ဖူးတဲ့ မျိုးရိုးဟာ ၂ ခုထက်မနည်းဘဲရှိနေတတ်တယ်။ တစ်ခါတစ်ရံ စော်ဘွားမလုပ်လိုတဲ့အတွက် စော်ဘွားအရာပြန်အပ်တဲ့အတွက် အသစ်ခန့်ထားရတာမျိုးလည်းရှိပါသေးတယ်။

    ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။ ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ
    ၁။ ဘုရင်ကို ငွေ ၅၀၀ိ၊
    ၂။ ဝန်ကြီးကို ၂၅၀ိ၊
    ၃။ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊
    ၄။ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊
    ၅။ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊
    ၆။ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊
    ၇။ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊
    ၈။ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊
    ၉။ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)

    ဒီလိုတွေ့ရတဲ့အတွက် စော်ဘွားဖြစ်ဖို့ရာ ငွေကုန်ကြေးကျများမယ်ဆိုတာသိသာစေပါတယ်။ ဒီလို ကုန်ကြမယ့် ငွေ ၁၃၃၈ ကျပ်မတတ်နိုင်လို့ စော်ဘွားမလုပ်လိုက်ရတဲ့သူတွေလည်း ရှိနိုင်ကောင်းတယ်လို့ ထည့်တွက်ရပါမယ်။ စော်ဘွားဖြစ်ဖို့ရာ ဒီမှာတင်ပြီးသလားဆိုတော့ မပြီးသေးပါ။ နှစ်စဉ်ကန်တော့ရတဲ့ ပစ္စည်းတွေရှိပါသေးတယ်။ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။ ဘုရင်မင်းမြတ် နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ

    ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
    ၁။ ရွှေဖလား ၅ိ ခုတ်
    ၂။ ဖျင် ၂
    ၃။ ခါသာ ၂

    အိမ်ရှေ့မင်း ကို
    ၁။ ငွေဖလား ၂ိ ၂ံ
    ၂။ ဖျင် ၁

    စော်ဘွားဆိုတာ ဘုရင်ငယ်တစ်ပါးလို တန်ခိုးကြီးတာမို့ အဆောင်ယောင်နဲ့နေရပါတယ်။ အကြောင်းရာပေါ်လို့ ဘုရင်ရှိရာ နန်းတော်ကိုသွားရတဲ့အခါ အဆောင်ယောင်အပြည့်ဝ ဝတ်ဆင်ပြီးမှ အခစားဝင်ရပါတယ်။ အဆောင်ယောင်ပျောက်ဆုံးလို့ မဝတ်ဆင်နိုင်တဲ့အခါဖြစ်စေ၊ ပေါ့ပေါ့လျော့လျော့ဝတ်စားဆင်ယင်မိတဲ့အခါဖြစ်စေ မင်းပြစ်မင်းဒါဏ်ခံရလေ့ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် ဝန်သိုစစ်တမ်းပါ ဝန်သိုမြို့ သူကြီးအဆောင်ယောင် နှင့် မြန်မာသက္ကရာဇ် ၁၁၂၅ ခုစစ်တမ်းပါ ဝန်သိုစော်ဘွားတို့ ရဲ့အဆောင်ယောင်တွေကို ဖော်ပြလိုက်ပါတယ်။

    ၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
    ၁။ မြင်းကတိုင် ၇ ပွင့်
    ၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
    ၃။ နှင်း နှင်းသိပ်
    ၄။ အိမြောင်ရင်ပတ်ကွင်း
    ၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
    ၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
    ၇။ လက်ဖက်အိုး
    ၈။ တကောင်းပိတ်
    ၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
    ၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။

    ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
    ၁။ ဆင်ပေါက် ၊ ဆင်မ
    ၂။ ရဲကအနီ ၂ စု ရွှေတစု
    ၃။ အလံကျည်ရွှေရေး
    ၄။ အလံနီ ၂
    ၅။ ပေါင်ဝန်းအနီ ၂ စု
    ၆။ အထွတ်ရွှေ
    ၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
    ၈။ ချွန်း ၎
    ၉။ ထီးဝါ ၂
    ၁၀။ ကျိုင်း ၂
    ၁၁။ အထွတ်ရွှေ ၄ံ ခန့်
    ၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
    ၁၃။ ကတောင်ရွှေရေး
    ၁၄။ စာမရီပန်းခက် ကိုက်
    ၁၅။ အနားသံ ၄ံ ရွှေးပိန်း
    ၁၆။ နှင်း နှင်းသိပ်
    ၁၇။ အိမ်မြောင် လကွင်း
    ၁၈။ ရင်ပတ်ကွင်း
    ၁၉။ မြီးပျမ်းရင်ပတ်
    ၂၀။ သက္ကလပ်ကြိုးကြယ်စီ
    ၂၁။ သက္ကလပ် တင်ရမ်း
    ၂၂။ မုဒရက်ပေါင်ဆွဲ
    ၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
    ၂၄။ ကွမ်းခွက် ၈ မြှောင့်
    ၂၅။ မိုးကြိုးထွေးအင်
    ၂၆။ တကောင်းပိတ်
    ၂၇။ လက်ဖက်အိုး
    ၂၈။ ကျပ်မြင့်မိုရ်
    ၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
    ၃၀။ စည်နီ ၇
    ၃၁။ ပုံသာ ၁
    ၃၂။ ခရာ
    ၃၃။ နှဲကြီး ၁
    ၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။

    ဝန်းသိုစော်ဘွားရဲ့အဆောင်ယောင်ဟာ အရေတွက်အတော်များတာကိုတွေ့ရပါတယ်။ သို့သော်လည်း တချို့ပစ္စည်းအမျိုးအမည်တွေဟာ ဘာကိုဆိုလိုမှန်းမသိပါ။ ဘယ်ပစ္စည်း ဘယ်လိုပုံစံရှိတယ်ဆိုတဲ့ မှတ်တမ်းပုံတွေကို ပုရပိုဒ်ပေါ်မှာသာရေးဆွဲဖော်ပြလေ့ရှိပါတယ်။ စစ်တန်းနှင့် အမိန့်တော်တွေမှာတော့ အမျိုးအမည်နှင့် အရည်အတွက်ကိုသာဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် ခိုင်ခိုင်မာမာပြောဖို့ရာ မှတ်တမ်းမှတ်ရာများလိုအပ်နေသေးတာမို့ ဆက်ပြီး သုတေသနပြုရပါဦးမယ်။

    ဝန်သို စော်ဘွားတို့ အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ
    အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)
    ဝန်သို စော်ဘွား အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ ဘယ်လိုဘယ်ပုံစံအတိုင်းဆောက်ပါ၊ ထိထက်ပိုမလုပ်ပါနဲ့ဆိုပြီး တားမျက်တဲ့သဘောပါတဲ့ စစ်တန်းမျိုးလည်းတွေ့ရပါသေးတယ်။ ရှင်းရှင်းပြောတော့ မင်းတို့စော်ဘွားတွေ ငွေတတ်နိုင်တိုင်း ကြီးကြီးမားမားဆောက်လို့ ရတယ် သို့သော် နန်းတော်တမျှ ခန်းနားအောင် ဆိုပြီးဆောက်တာမျိုးမလုပ်နဲ့လို့ပြောသလိုပါ။

    စော်ဘွားအရာဆက်ခံတဲ့အခါ ဘယ်လိုဆက်ခံရတယ်၊ နှစ်စဉ်ဝါကျွတ်တဲ့အခါ ဘာတွေနှင့် ကန်တော့ရတယ်၊ စော်ဘွားတွေရဲ့ အခန်းနားတွေကဘာတွေ ဖြစ်တယ်ဆိုတာကို စုဆောင်းရရှိတဲ့အချက်လက်တွေကို အခြေခံပြီးပြောခဲ့ပြီးပါပြီ။ နောက်ထပ်ပြောစရာကျန်တာက စော်ဘွားတွေဆုံးပါးတဲ့အခါ မသာတော်အခန်းနားအတွက်ဘယ်လိုပြင်ဆင်ရသလဲဆိုတာပါ။

    ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
    စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။

    အဲဒီလို အသုဘချရာမှာ သုံးတဲ့ပစ္စည်းတွေမှာလည်း ဘယ်ပစ္စည်းက ဘယ်လိုပုံစံရှိတယ်ဆိုတာအတိကျပြောဖို့မတတ်နိုင်ေ သးပါ။ အဓိက အားနည်းချက်ကတော့ ဘယ်မှတ်တမ်းကိုအားကိုးပြီးပြောရမှန်းမသိ ဖြစ်နေတာပါ။ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေဟာမှန်သင့်သလောက်မှန်တာတွေလည်းရှိပါတယ်။ သို့သော် ကမ္ဘာအဆင့်မှီ တက္ကသိုလ်တစ်ခုခုမှာ စာတမ်းဖတ်ကြားဖို့ကြုံလာတဲ့အခါ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေက ထင်သလောက်ကိုးကားမရဖြစ်နေပါတယ်။

    အခု ရသလောက်မှတ်တမ်းတွေကို အခြေခံပြီး ဝန်သိုစော်ဘွား အရာဆက်ခံရာကနေ သေဆုံးတဲ့အချိန်အထိ သုံးဆောင်ရတဲ့အဆောင်ယောင်တွေကို ကြိုးစားပြီးဖော်ပြကြည့်ပါတယ်။ ဒီစာထဲက အချက်လက်ကိုအခြေခံပြီး အခြားစော်ဘွားတွေရဲ့ အဆောင်ယောင်ကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒီစာရဲ့ အားနည်းချက်က ဘယ်ပစ္စည်းက ဘယ်ပုံဖြစ်တယ်ဆိုတာမဖော်ပြနိုင်တာပါဘဲ။ ရှေ့က ပညာရှင်တွေရေးထား ပြုစုထားတဲ့အထဲက ဟိုတစ်စ ဒီတစ်စဆွဲနှုတ်ကာ လူတွင်ကျယ်လုပ်ပြီး ရေးထားတဲ့စာကို ဒေါက်တာသန်းထွန်းက " စပ်ထမီ " လို့နာမည်ပေးပါတယ်။ အခြေနေပေးရင် ကျနော်က " စပ်စောင် " တစ်ထည်လောက်လုပ်ချင်ပါတယ်။ ကျုပစ် မောင်/မယ်များက ကူညီကြပါ။



    Last edited by mrlynn; 04-19-2011 at 05:28 AM. Reason: wrong spelling
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  6. #5
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    Quote Originally Posted by phone2009 View Post
    ဟုတ်ပါတယ်။အဲဒီစေတီပါ။ခုတော့ဘုရားကမြို့လည်ရောက်သွား ပါပီ။
    သီတင်းကျွတ်လပြည့်မှာဘုရားပွဲရှိပါတယ်။
    ကျွန်မရှိနေတုန်းကတော့ရဲစခန်းအရှေ့ဘက်မှာလူနေအိမ်မရှိသလောက်ပါ။
    ညဆိုရင်ဘော်လုံးကွင်းကိုမဖြတ်ရဲဖူး။
    ဘော်လုံးကွင်းထဲမှာနတ်စင်လဲရှိတယ်။
    အရှေ့ဖက်ခြမ်းမှာမူလတန်းကျောင်းရှိတယ်။




    ခုမြင်နေရတဲ့ ပုံက ဖောင်တော်ဦး လို့လူအများခေါ်တဲ့ စေတီပါ။ မူလ ဘွဲ့အမည်ဟုတ်ဟန်မတူပါ။ ပါးစပ်ပြော အရပ်ပြောအရ ပုဂံ အလောင်းစည်သူမင်း လက်ထက်ဖော်တော်ဆိုက်ရာနေရာမှာတည်ထားခဲ့တာဖြစ်လို့ ဖောင်တော်ဦးစေတီလို့ ခေါ်ပါသတဲ့။ မှန်စီ ၁၃၃၃ လို့မှတ်တမ်းတွေ့ရတဲ့အတွက် မြန်မာသက္ကရာဇ် ၁၃၃၃ (၁၉၇၁) ခုနှစ်မှာ စေတီအထက်ပိုင်းကို မှန်စီရွှေချလုပ်ခဲ့တယ်လို့ တပ်အပ် ပြောလို့ရပါတယ်။ ဘယ်နှစ်ခုနှစ်မှာ ဘုရားတည်တယ်ဆိုတဲ့ မှတ်တမ်းတော့မတွေ့ရပါ။

    ဒီနေရာမှာ ကြုံးတုန်းပြောချင်တာက သုတေသနသမိုင်းအမြင်နဲ့ပြောရင် မြန်မာနိုင်ငံက ဘုရားသမိုင်းအတော်များများကို ပြန်ပြင်ရေးရပါလိမ့်မယ်။ ဘုရားသမိုင်း အမည်ခံပြီး သာသာထိုးထိုးတွေရေးထားတာတွေများနေလို့ဖြစ်ပါတယ် ။

    ရာဇဝင်တွေထဲမှာပြောတဲ့အတိုင်း အလောင်းစည်သူမင်း လက်ညိုးညွှန်ရာ ရေဖြစ်ကာ ဖောင်တော်နှင့် တိုင်းခန်းလှည့်လယ်တယ်ဆိုတာကို တကယ်ဖြစ်နိုင် မဖြစ်နိုင် ဒီနေရာမှာ မဆွေးနွေးလိုပါ။ သို့သော် ပုဂံအလောင်းစည်သူမင်းလက်ထက် တည်ထားခဲ့တဲ့ ဘုရားပုထိုးတွေကိုလေ့လာကြည့်ရာမှာ " ဖောင်တော်ဦး " ဘွဲ့အမည်ပါတာမတွေ့ရပါ။ နောက်ပြီး ဘုရား ပန္နက်ပုံကိုမြင်တာနဲ့ ဒါဟာ ပုဂံခတ်ဟန် မဟုတ်တာသေချာနေပါတယ်။

    အဲဒီစေတီနှင့် မလှမ်းမကမ်း ဝါးတစ်ရိုက်အကွာမှာတော့ ခေတ်ပြိုင်တည်ခဲ့ဟန်ရှိတဲ့စေတီတစ်ဆူရှိပါတယ်။ " ကျိုက်သာလွန် " ဆိုတဲ့ဘွဲ့နာမည်တွေ့ရပါတယ်။ ဘိနပ်တော် (၃၆) ဥါဏ်တော်အမြင့် (၄၅) ပေ (၅) လက်မ ဆိုပြီး မှတ်တမ်းစာတွေ့ရပါတယ်။ မူလဘွဲ့အမည်ဖြစ်ဖို့များပါတယ်။ ကျိုက်ဆိုတာ မွန်ဘာသာစကားဖြစ်တဲ့အတွက် အလှူရှင်ဟာ မွန်လူမျိုးတစ်ဦးဖြစ်နိုင်ပါတယ်။နောက်ပြီးတစ်ခုသတိထားမိစေတာက တိုင်းတာရာမှာသုံးနှုန်းသွားတဲ့ ပေ ၊ လက်မ စတဲ့အခေါ်ဝေါ်တွေပါ။ ဒီလိုအသုံးနှုန်းကို ကိုလိုနီခေတ်ရောက်မှသုံးပါတယ်။ ဒါဟာ မှတ်တမ်း မှတ်ရာမျိုးမတွေ့ရဘဲ ကျနော်သိသလောက်ခန့်မှန်းကြည့်တာဖြစ်ပါတယ်။

    (((၁၈ ဧပြီ ၁၈၀၆ ရက်စွဲပါ ဘုရင့်အမိန့်တော်တစ်ခုမှာ ' ထီးရိုးလုံးပတ် ၁၈ လက်မရှိ၏' လို့တွေ့ရတဲ့အတွက် မြန်မာတို့ရဲ့အတိုင်းအတာကိုဖော်ပြရာမှာ ' လက်မ ' အသုံးရှိနှင့်ပြီးဖြစ်တယ်လို့ ဖြည့်စွတ်ချင်ပါတယ်။ ရယ်ညွှန်း - ROB Part I, page- 196, Dr Than Htun. )))

    Quote Originally Posted by phone2009 View Post
    ပုပ်ပါးနဲ့ဇီးကုန်းကြားမှာလည်းသကြားစက်ရဲ့အရှေ့ဖက်မှာ
    ရှေးဟောင်းဘုရားကြီးတဆူ၂၀၀၀ခုဝန်းကျင်ကခြုံတြွေ ကား
    အကောင်းနီးပါးတွေ့ပါတယ်။
    ဆင်းတုတော်ကတော်တော်ကြီးပါတယ်။





    ဒါကတော့ Phone 2009 ညွန်တဲ့ ရှေးဟောင်းစေတီပါ။ ၂၀၀၀ ခုနှစ်လောက်ကဖြစ်ဟန်တူပါတယ် သကြားစက်ရုံမှူးက ကမကထပြုပြီး ပြင်ဆင်မွန်းမံခဲ့ပါတယ်။ မူလဘွဲ့အမည်ပျောက်ပြီး " ရုံးပင် ပြည်လုံးရန်ပြေ လေးကျွန်းမာန်အောင်ဘုရား " ဆိုပြီးဘွဲ့အမည်သစ်ပေးထားပါတယ်။ ဂူဘုရား အတွင်းက ဆင်းတုတော်တွေကဖြင့် ရွယ်စားကြီးသော်လည်းဘဲ မူလအတိုင်းနီးပါး အပျက်စီးနည်းနေသေးတဲ့အတွက်အချိန်မှီ ထိမ်းသိမ်းနိုင်ခဲ့တယ်လို့ဆိုရပါမယ်။ ခုတော့ အဲဒီစေတီနေရာမှာဘဲ ဘုန်းတော်ကျောင်း ဖြစ်လာပြီး ရုံးပင်ကျောင်းလို့ အလွယ်ခေါ်ကြတယ်။ စာအံနေတဲ့ ကျောင်းသား ကိုရင်လေးတွေလည်းတွေ့ခဲ့တယ်။ ကျောင်းထိုင်ဆရာတော်ကြီးနှင့်လည်း စကားစမြည်းပြောဖြစ်ခဲ့ပါတယ်။ ရုံးပင်ကျောင်းမှာရှိတဲ့ ရှေးဟောင်း ပုရပိုဒ်စာတွေ ၊ နံရံ ဆေးရေးနှင့် ဆင်းတုတော်တွေအကြောင်း ကိုနောက်မှထပ်ရေးပါဦးမယ်။

    Quote Originally Posted by phone2009 View Post
    (မလိုအပ်တာတွေများနေရင်တော့ဖျက်ပေးပါ)
    ဟုတ်ကဲ့ မဖုန်း ရေ
    မလိုအပ်တာဆိုတာမရှိပါဘူးခင်ဗျ။ စိတ်ကြိုက်သာ လွတ်လွတ်လပ်လပ်ရေးပါဗျာ။
    ခုလို ပြောပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
    ကျုပစ်ထဲက ကိုရွှေမောင်း တစ်ယောက်လည်း အဲဒီဘက်ရောက်ဖူးတယ်ခင်ဗျ။ ငါးရာနဲကျမ်းကိုလည်းသိတယ်တဲ့။
    ခုတော့ မဖုန်း ရော ၊ မရွှေသစ္စာပါ အဲဒီဘက်နားကဆိုတော့ ဟန်ကျတာပေါ့။
    Last edited by mrlynn; 03-20-2011 at 10:41 AM. Reason: added info
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  7. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 21 OD;rS aus;Zl;wif&SdMuygonf


  8. #6
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ငလင်း လုပ်နေတဲ့အလုပ်တွေ မနိုင်တော့လို့သယ်လာပါပြီ။ ခုမြင်နေရတဲ့ မြေပုံဘုရား (အုတ်ခွက်ဘုရား) ပုံဟာ လက်ရှိဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲ မြန်မာတွေရဲ့ရှေးပစ္စည်းဖြစ်ပါတယ်။ ရေးထားတဲ့ ပျူစာကို တစ်ပိုင်းတစ်စသာဖတ်ရတဲ့အတွက် ပိုင်ပိုင်နိုင်နိုင်မပြောနိုင်ဘဲဖြစ်နေတယ်။


    ရှေးမြန်မာတွေရဲ့ ဓလေ့အရ မြေပုံဘုရားကို တစ်ခုတည်းလုပ်လေ့မရှိပါ။ ကောင်းမှုကုသိုလ် ပစ္စည်းဖြစ်တဲ့အတွက် အရေတွက်တော်တော်များများလုပ်လေ့ရှိပါတယ်။ ဘာလုပ်ရမလဲဆိုတော့ ဒီမြေပုံဘုရားနှင့် ပုံစံတူနောက်တစ်ခုရှာရမှာပါ။

    တကယ်လို့ ၊ မြေပုံဘုရား အောက်ခြေမှာ ရေးထားတဲ့ ပျူစာကို ရှင်းရှင်းလင်းလင်း ဖတ်လို့ရတဲ့ မြေပုံဘုရားနောက်တစ်ခု ရှာတွေ့ပြီဆိုတာနဲ့ ဗြိတိလျှပြတိုက်ကို ဓာတ်ပုံပို့ပြီး လုပ်နေတဲ့ သုတေသနကို အဆုံးသတ်လို့ရပါပြီ။ ကျုပစ်လည်း ဗြိတိလျှပြတိုက်က အသိမှတ်ပြုတဲ့ သုတေသန အထောက်ကူပြု ဖိုရမ်ဖြစ်လာမယ်ပေါ့။


    လောလောဆယ် ကျနော်ရှာထားတဲ့အချက်လက်တွေနှင့် ကောက်ချက်ချထားတာတွေကို ဝေမျှလိုက်ပါတယ်။


    အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
    လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
    တွေ့ရှိရာနေရာ - မြန်မာ
    ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
    မူလနေရာ - မြန်မာ ( ပျူ )
    အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
    မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
    အရွယ်အစား
    အမြင့် - ၈ စင်တီမီတာ
    ဗျက် အကျယ် - ၆.၅ စင်တီမီတာ


    ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။


    မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။

    ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။

    ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တ ဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။ အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။


    ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။

    ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။

    ဒီနေရာမှာ သတိထားပြီးပြောလိုတာက အနိရုဒ္ဓ ( အနော်ရထာ ) ပုဂံခေတ်ဦး လက်ရာ မြေပုံဘုရားတွေမှာ " နာဂရီ " ဘာသာနှင့် မှတ်တမ်းတင်တယ်လို့ G.H Luce ကပြောခဲ့တယ်။ နောက်ပိုင်း မွန်စာ နှင့် မှတ်တမ်းတင်ထားတဲ့ မြေပုံဘုရားတွေ့တဲ့အခါ ဒေါက်တာသန်းထွန်းက " နာဂရီ ၊ မွန် " စာဆိုပြီး ဖြည့်စွတ်ပါတယ်။ အခု သုတေသန လုပ်ဆဲဖြစ်တဲ့ ဒီမြေပုံဘုရားကို ပုဂံခေတ် ဦးပိုင်း ပျူလက်ရေး ဖြစ်တယ်လို့အတည်ပြုနိုင်ရင်တော့ " နာဂရီ ၊ မွန် ၊ ပျူ " စာတွေနှင့် မှတ်တမ်းတင်တယ်လို့ ထပ်ပြီး ဖြည့်ချင်ဖြည့်ရနိုင်ပါတယ်။

    ကျုပစ်ထဲမှာ ပျူစာဖတ်တတ်တဲ့လူရှိရင် ပြောခဲ့ပါ ၊ သဲလွန်စတစ်ခုခုရရင်ပြောပါ။ HDR ပုံ ပို့လိုက်ပါမယ်။

    ကျမ်းကိုး။ ။
    ဒေါက်တာသန်းထွန်း၊မြန်မာ့ မီးဖုတ်မြေထယ် ပစ္စည်း ၊ မုံရွေး စာအုပ်တိုက်၊ ၂၀၀၂။
    သီရိပျံချီ ဦးမြ ၊ အုတ်ခွတ် ရုပ်ပွါးဆင်းတုတော်များအကြောင်း ၊ ပ-ဒု ၊ Department of Archaeology၊ 1961။
    THE ART AND CULTURE OF BURMA
    Chapter II The Pre-Pagan Period: The Urban Age of the Mon and the Pyu
    Dr. Richard M. Cooler , Art History of Southeast Asia, Northern Illinois University
    Original Link http://www.seasite.niu.edu/burmese/cooler/Chapter_2/Chapter_2.htm
    Last edited by mrlynn; 12-13-2013 at 01:54 AM. Reason: removed some words
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  9. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  10. #7
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ၁၅ ရာစု ဘုရင့်အမိန့်တော်တစ်ခုမှာ ရှေးမြန်မာတွေရဲ့ ဗိသုကာဆိုင်ရာအသုံး နှုန်းတွေဖတ်ရတယ်။

    ၁။ တမျည်ကြိုး၊
    ၂။ ရွှေကနက်
    ၃။ ငွေကနက်
    ၄။ ပန်လည်တိုင်
    ၅။ ပိမှန်
    ၆။ ငြမ်းသည် မ
    ၇။ သည်လက်
    ၈။ သည်ထွေး
    ၉။ ကြငှန်း
    ၁၀။ ဥရု
    ၁၁။ တုရင်ကမောင်း


    အဲဒီ ပစ္စည်းတွေကို ပုံနှင့် တွဲပြီး မှတ်တမ်းလုပ်နိုင်ရင်သိပ်ကောင်းမယ်လို့ထင်ပါတယ် ။ မှတ်တမ်းရှိပြီးသားလည်းဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ သိတဲ့လူက ဝေမျှပေးကြပါခင်ဗျာ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  11. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 15 OD;rS aus;Zl;wif&SdMuygonf


  12. #8
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    မနေ့က သတင်းတစ်ပုဒ်မှာ မြန်မာပြည် သမ္မတကြီးနဲ့ ဒုသမ္မကြီးတွေက ရွှေစလွယ်ကြီးတွေ လွယ်ထားတာတွေ့လိုက်ရတယ်။ ဒါနဲ့ ၁၉ ရာစု မန္တလေး ဝန်ကြီးစလွယ်ကြောင်း ထွေရာလေးပါး ဝေမျှလိုက်ပါတယ်။





    အမျိုးအစား -ဝန်ကြီးအဆောင်ယောင် (ဝန်ကြီး သတိုးမင်းကြီးမဟာမင်းထင်စည်သူ)
    အချိန်ကာလ - ၁၉ ရာစု တတိယ နှစ်အစိတ်၊ မန္တလေး
    Techniques- ( နားလည်မှုမလွဲစေဖို့ မူရင်း ကိုဘဲကြည့်ပါ )
    (Shoulder belt) Gold relief work, formed by raising and finished with repoussÚ and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
    Dimensions - (Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
    တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ။
    လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
    ပြတိုက်ပစ္စည်း အမှတ် - IS.15 to C-1947


    ၁၉ ရာစုနောက်ဆုံး နှစ်အစိတ်ဆိုတော့ မန္တလေး သီပေါမင်းလက် အဆင့်မြင့်နန်းတွင်း အမှုထမ်းအမတ်ကြီးတစ်ဦးအတွက်ချီးမြင့်တဲ့ ဘွဲ့တဆိပ်ပါရွှေပြား၊ ရွှေနားတောင်း၊ ၁၂ ကြိုးရွှေစလွယ်အဆောင်ယောင်တွေပါ။ ဒီလိုအဆောင်ယောင်မျိုးကို ဘုရင်ရှေ့တော် ညီလာခံဝင်တဲ့အကာမှာဝတ်ဆင်တာပါ။ အနီရောင်ဖဲကြိုးစကိုဖြင့် ခေါင်းပေါင်း ဒါမှမဟုတ် နဖူးမှာစီးပြီးမှသာ ဘုရင့်ရှေ့တော်ကိုအခစားဝင်မှာပါ။ ရာထူးရာခန် ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ရွှေစလွယ်မှာပါတဲ့ ရွှေကြိုးအရေတွက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ ရွှေစလွယ်ထိပ် ချိပ်မှာပါတဲ့ အရုပ် ၃ခုမှာ ဒေါင်းပုံဟာ ကုန်းဘောင်မင်းဆက်ကို ကိုစားပြုပါတယ်။ ဝန်ကြီးရဲ့ ဘွဲ့နာမည်ကိုရွှေပြားပေါ်မှာ ရေးထိုးထားတာက သတိုးမင်းကြီးမဟာမင်းထင်စည်သူ ပါတဲ့။
    အမှန်ကိုဝင်ခံရရင် မန္တလေးခေတ် မင်းတုန်း၊ သီပေါ ခေတ်အနုပညာလက်ရာတွေကို သိပ်အကြိုက်ကြီးမဟုတ်လှပါ။ ဒါပေမယ့် ပန်းတိမ်လက်ရာသိပ်ကောင်းတာတွေ့ရပါတယ်။ ကနုတ်ပန်းလက်ရာတွေကို အတော်လေးအသေးစိတ် ဂရုတစိုက်လုပ်နိုင်တာကို ချီးကျုးရမှာဖြစ်ပါတယ်။ ရွှေနဲ့ပတ်သက်ပြီး သိပ်နိုင်နိုင်နင်းရှိတာတွေ့ရပါတယ်။ ပုံတွေကို တတ်နိုင်သလောက် အမှတ်စဉ်ထိုးပြီး ရှင်းပြလိုက်ပါတယ်။ ပိုတာ လိုတာဝိုင်းပြောနိုင်ပါတယ်။
    ၁။ ဒေါင်း ( ရှေ့မြင် )
    ၂။ တိုး ( ဗျာလဆိုပြီး ကျနော်မှားပြောခဲ့ဖူးတယ် )
    ၃။ တိုး
    ၄။ ဒေါင်း (ဘေးမြင် )
    ၅။ တိုး
    ၆။ ဇာမဏီ ( V&A ပြတိုက်က သိန်းငှက်လို့ပြောပါတယ်)
    ၇။ ခြသေ့င်္
    ၈။ သတိုးမင်းကြီးမဟာမင်းထင်စည်သူ
    ၉။ အရေတွက် ၁၂ ကြိုးပါ ရွှေစလွယ်


    ဒီဝန်ကြီး " သတိုးမင်းကြီးမဟာမင်းထင်စည်သူ" အကြောင်းသေသေချာချာ သိပ်မသိပါ။
    သိသလောက်ပြောပါံမယ်။ မန္တလေး ဒုတိယ ရွှေအင်ပင် ကျောင်းတကာ တရုတ်သူဋ္ဌေး ဦးစက်ရွှင်(၁၇ မတ် ၁၉၁၇ မှကွယ်လွန်) သင်္ချိုင်းစာ ၂၉-၃၅မှာ(မူရင်းအတိုင်း)
    သတိုးမင်းကြီး မဟာမင်းထင်စည်သူဟူသော အမတ်ကြီးသည် ကြံအား ဘန်အား ညဏ်အား လုံးလကိုသိသဖြင့် သားနှယ်တမျှ ထင်မှတ်၍၊ သီပေါရွှေနန်းလျှင်ဘုရားရှေ့တော် ဆက်သွင်းရာ၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ကျောက်စိမ်းအလုပ် အခွန်တော်ထမ်းဆောင်၊ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်စေ၊ ဟူသောအမိန့်တော်မြတ် ခပ်အပ်တော် မူလိုက်သည်အတိုင်း၊ ကူးသန်းရောင်းဝယ်၍၊ ဥစ္စာအင်ခွင်တို့သည်များစွာ တင့်တယ်လေသည်။
    သတိုးမင်းကြီးမဟာမင်းထင်စည်သူ ဟာ ဝင်ရှင်တော်တောင်ခွင်မြို့စားဖြစ်ပြီး ၁၂၅၄ နတ်တော်လပြည့်ကျော် ၂ ရက်(၁၅ ဒီဇင်ဘာ ၁၈၉၂)မှာကွယ်လွန်။

    Ref ;
    မန္တလေးရက်စွဲသမိုင်း ၊ ဒေါက်တာသန်းထွန်း။
    ဦးစက်ရွှင် တရုတ် သင်္ချိုင်းစာ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  13. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 22 OD;rS aus;Zl;wif&SdMuygonf


  14. #9
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ရှေးဟောင်း ပစ္စည်းတော့မဟုတ်ပါဘူး ။ အညာခံထိပြီး ဝယ်ခဲ့ဖူးတဲ့ ဒင်္ဂါးအတုပါ။ အတုဆိုပေမယ့် ဈေးမများတဲ့အတွက်ပေးရတာတန်ပါတယ်။ အီးဘေ ကဝယ်တာဆိုတော့ ဓာတ်ပုံလောက်ဘဲမြင်ရတာကလား။ ယူကေ ကရောင်းတဲ့ ရတနာပုံ တိုးဒင်္ဂါး ဝယ်ဖူးတယ်။ ဒေါ်လာ ၄၀ လောက်ပေးရပေမယ့် ပစ္စည်းအစစ်ဖြစ်တဲ့အတွက်ဝယ်ရတာတန်ပါတယ်။ အဲဒီပုံ နောက်နေ့မှ တင်လိုက်ပါ့မယ်။ ခုတော့ အတုလေးကြည့်ပေါ့။



    Last edited by mrlynn; 04-13-2011 at 07:59 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  15. toHk;0ifvSaom ■pmydk'ftwGuf azmfjyyg rdwfaqG 23 OD;rS aus;Zl;wif&SdMuygonf


  16. #10
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default






    အောက်ဆုံးက ပုံဟာ ပိုင်နက်နယ်မြေပြ မြေပုံပါ၊ မြန်မာ့နည်းမြန်မာ့ဟန် မြေပုံလို့ဆိုနိုင်တယ်

    ငါးရာနဲရွာ ( ငရန့်နဲ ) ရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကတော့ အနီးနား ဘုရားပျက်တွေ ရုပ်ပွါးဆင်းတုတော်တွေ ဂရုတစိုက် ကောက်ယူထိန်းသိမ်းထားတယ်။ သို့သော် ပေစာ ၊ ပုရပိုဒ်စာတွေကိုတော့ဖြင့် စိတ်ဝင်စားဟန်မတူပါ။ သေတ္တာကြီးတစ်လုံးထဲမှာ ပိုးကိုက်ပျက်ဆီးတဲ့အထိ စုပုံထည့်ထားတယ်။ ဖြစ်သလို ထည့်ထားတဲ့အတွက် စာတွေအားလုံးဟာ ရှေ့နောက်အစီစဉ်တကျမရှိတော့ပါ။ ဖောက်ဖွင့်ပြီး ဖတ်ကြည့်တော့ ဆက်စပ်လို့ မရနိုင်တဲ့ ဗေဒင် ကျမ်း ၊ အင်းကျမ်း တချို့နှင့် ပိဋကတ်စာတွေ တွေ့တယ်။ ကျောင်းထိုင်ဆရာတော်ကို မေးလျှောက်ကြည့်တော့ အရင်ကတော့အများကြီး ၊ သို့ပေမယ့် တချို့ စာတွေကို လူတွေက ငှါးပြီးပြန်မပို့လို့ ဒါဘဲကျန်တော့တယ်လို့ မိန့်တယ်။ ဒီလိုစာတွေဟာ ပြတိုက်မှာရှိနေမယ်ဆိုရင် လေ့လာလိုသူတွေအတွက်အကျိုးများပါမယ်။
    Last edited by mrlynn; 04-18-2011 at 08:02 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts