+ pmjyefNyD; qufa&;zdkU
Page 3 of 13
FirstFirst 1 2 3 4 5 ... LastLast
Results 21 to 30 of 123

Thread: aysmufuG,fysufpD;oGm;awmhrnfh a&S;a[mif;vuf&mrsm;

  1. #21
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default





    ငါးရာနဲမြို့ ရွှေဥမင်ကျောင်းတိုက်
    သူခိုး ခိုးယူပင့်ဆောင်
    ဘိုးတော်ဘ မြတ်စွာဘုရား
    အထုတ္တိ စာတမ်း


    ချောင်းရေနဒီ ကမ်းယံတစ်ဘက် သောင်းမြေမဟီ နန်းဟန်မပျက်ဘဲ ကြငှန်းဆံလျှက် ဂရို့စီစစ်၍မြို့တည် သက္ကရာဇ်က ပန်းပဲဖို တနဲအဆို စကားချယ်လှယ်၍ ငါးရာ့ ငါးဆယ် ငါးခုနှစ်တွင် ကြားသူချစ်ဖို့အသွားအလာ မချွဲလိုက်ဘဲ ငါးရာနဲမြို့တည်ပဋ္ဌမ သမတအရှိ သတင်းမညှိုးရန် ဘဝအတိကမယွင်းမချို့ပြန် နရပတိမင်းစိုးစံရော့ ပလ္လင်စမုဒ်မူ ရှေးပဋ္ဌမ ဂူလေးဝနှင့် စိမ့်လေးတန် အရှိန်တွေလျှံတာက မှန်၎ဆင့် ဘေးရန်လွင့်တဲ့မြို့အခြေ တိုးအသရေ အမည်တဂုဏ်သာဘို့ ဆီဆုံရွာမစ္ဆိမရပ်တွင် ခေတ်ရှည်မပြတ် ဆိုခါသုံးကြသော ဘိုးဘကုန်း ပေမြထဗျာတွင် စေတနာတရား အထူးမျှော်လို့မို့ ပရမေဘဂဝါဘုရား စစ်ဆူပေါ်ရော့ အများပူဇော်ဖို့အသီးသီးပင့် ချီးမြှင့်ဘို့အကြောင်းမဆိုက်တာနှင့် သောင်းထိုက်သုံး သမ္ဘာအမြဲကြို့ရသော ငါးရာနဲမြို့ဒကာများ၏ သဒ္ဓါတရား အခွင့်ထောက်ပြီးတော့ ပင့်လျှောက်တိုင်းအကျဉ်းရုံး၍ သီးတင်းသုံးတော်မူပါကြောင်း လူကံကောင်း၍ ဋ္ဌာနစည် နာဂရာပြည်ကိုအသုံးရောက် ဘုန်းထောက်သည့် ဘဂဝါတရား ရတနာအသား အခြေအရင်းပြု ရွှေဆင်းတုကဲ့သို့အများထင် ပတ္တမြားရောင်လျံ ဘုရားဆောင်ရန် အကျယ်မသွင်းဘဲ အထက်စာရင်း ပရပိုက်မူ အထိုက်ယူတာက အသပြာထောင်သောင်း ရတနာကျောက်ကောင်း (၈၄) ခေတ်တကယ်မှေး၍ သာသနာညိုးပြန်တော့ ဘုရားသူခိုး ရေရွတ်သော် ရှေးဝတ်သော်က သည်တွင်ဆိုက် ချစ်ရှင်မကိုဋ် ဘုရားပရမေသကလကာယေ ဒါးနှင့်မွှန်း အားအစွန်းရှိသမျှ မသိရအောင် အတင်းပင့် လင်းခွင့်ကိုမရခင် တရားရှင်ညဏ်ယူမျှော်၍ ရန်သူတော်မို့တနည်းကြံ သီးခံတော်မူရှာရသည့် ဤကာလ သက္ကရာဇ် ထွက်စစ်ခါအကြောင်းပြအရလျှင် ၁၂၉၃-ခု၊ ဥတုဟေမန္တ သိသီရ ရတုအစဉ် အတ္တရယဉ်ပြောင်းစ မကာရရာသီ ပင်စည်ရေလျှမ်းတက် မရမ်း သရက်ငုံကင်း ထုံသင်းတဲ့ ပန်းတလီ သာယာအညီ စာဆိုရလျှင် မာလာအညီ ခွါညိုစသည့် ပြာသိုလကွယ်အဖိတ်တွင် တကယ်ဆိပ်တဲ့ညအခါ မယားဗလချာဆွဲကြိုးဆင်ဖို့ထင့် နဲမြို့တွင် တန်ခိုးနော် ကြွပေသော ဘိုးတော်ဘဘုရား ရွှေခိုးကြရော့ သိကြားပြေတရိုး အထက်ဗြဟ္မာ မသက်သာ၍ငလျှင်ဟီး မဲတင်ကြီးတစ်ခါတုံ ကမ္ဘာဘုံတွင် မကြားစဖူး ကုလားအထူးအမိုက်ကောင်တို့ကို တိုက်ဘောင်တွင် အကဲမချို့လင်းပေသော နဲမြို့မင်း (ဦးဘိုးမြိုင်) သူကိုယ်တိုင် အစဉ်းအစား တပည့်သားချွေရံနှင့် ဧကံဘဲယူဆ၍ အကုသလဓမ္မကျမ်းဖြင့် ယခုခဏ အရဘမ်း၍ ကုလားသရမ်းအယုတ်ကောင်တို့ကို အချုပ်ထောင်သို့ပို့ရပါသည် ဤကဲ့သို့စကားအစဉ်များဖြင့် အဟုတ်အမှန်သိဘို့ အတ္တုပ္ပတ္တိအကျိုးနော်ပြရလျှင် ဘိုးတော်ဘမြတ်စွာဘုရား တန်ခိုးတော်က အထက်ပါကလား မိုယ်းပေါ်ကနတ်ဗြဟ္မာကြားလို့မို့ မှတ်ခါထားဘို့ တမျိုးညီညာ မိုယ်းကြီးရွာ၍ အသင့်ထား တမင်သွားသည့် သူခိုးခြေရာ အသေအခြာ ဟင်းလင်းမြင်ဘို့ ဒေဝါအသင်ပြင်လိုက်တာ မြေပထာဗျာအကွင်းကွင်းထင်ရော့ မလင်းခင် သဒ္ဓါကြီးမြတ်၍ အတွင်းအပြင် ဓာတ်မီး တလျှပ်လျှပ်နှင့်ဘုရားဆည်းကပ်ဘို့ မှန်းကာကြည့် ဂန္ဓကုဋီတိုက်အတွင်း အမိုက်လင်းဘို့ မီးအရောင်ဖြာလိုက်တော့ ခိုးကာက ကုလားငတိ မိုယ်းမာဃသိကြားအသိ အလို ဘိုးတော်ဘဘုရား မရှိပါတကား တပါးကဝိ ( ဦးကုသလ ) အရှင် ပုထုဇနအစဉ်ဘဝသေးတာကြောင့် တခဏကလေး ပီတိဖရဏာနှင့် သတိမသာ မေ့သလိုဖြစ်ပြီးတော့ ငိုဟစ်၍ ရှိုက်ကာအော် မိုက်စွာနော် အများရန်သူတို့ ဘုရားကြံယူ၍ ယခုသွားကြပေါ့ အမှုများ မချို့မယွင်းရအောင် မြို့မင်းကိုအကြောင်းပြန် ကပြောင်းကပြန် အူအသဲ လူဆွဲ၍ တုတ်ခါယူသလို ဗုဒ္ဓါတဆူဘုရားသူခိုး ကုလားအမျိုး ဧကန္တဟု တွေးပြန်ကြည့်၍ အများအထင် မကြာခင် စဉ်းစားတုံးကို ဒင်းကုလားအသုံး အတတ်သိဘို့ ဘိနပ်စီးတဲ့ခြေရာတွေ ဝိဟာရေ ကျောင်းအတွင်း သိသာလေပေါင်းအသင်းတို့ အကြောင်းရင်း ဇိနပရမေရဲ့နှယ် ရှိရလေ ကံတော်နည်းသည်ဟု လွမ်းမျှော်ဆဲ မျက်ရေသုတ်ပြီးတော့ ခက်ပြီးအဟုတ် ဘုရားပျောက်ထာ အများထောက်ခါ စုံစမ်းချက် ထုံးထမ်းမပျက် ရည်စူးကာဖြင့် ခက်ပြီးအဟုတ် ဘုရားပျောက်ထာ အများထောက်ခါ စုံစမ်းချက် ထုံးထမ်း မပျက်ရည်စူးကာဖြင့် ကျီးကုန်းရွာအများအခွင့် ဘုရားပင့်သည့် အခါပွဲတွင် လာတာလဲအများရိပ်မိ ဘာသာကွဲကုလားတိတ္ထိ စကားချိတ်သည့် သူ့နည်း နှင့် ဘူးကြီးသား ငလွန်းမောင် တကျွန်းထောင် မျက်စပြစ် အထက်ကတရစ် နဖူးတော် အထူးပေါ်သည့် စိန် ကျောက် အရှိန်တောက်၍ အကောင်းမှန်ရောင်လျှံက ပတ္တမြားအစစ် ဘုရားစနစ် အခြေမတိမ်ရအောင် ရွှေချိန်ကို အကျယ်ထောက်၍ ဘယ်လောက်များ ရှိလိမ့် မတုန်း စီးစိမ်နှုန်းပြိုင်တာလို့ မဆိုင်ရာသူမေး ခုအရေး ဒိဋ္ဌဓမ္မ စိတ်သာချတော့ ယူမိရာ သူကြည့်တာအစွန်းအရောင်နှင့် ငလွန်းမောင်က အကြောင်းရင်းအပေါင်းအသင်းက ဘိုးရှိန်း ခိုးကိန်းသဟဲ့ပြု တဲစုကမောင်တင် နောင်အစဉ်အကျိတ်အခဲနှင့် အရိတ်မလွဲ ထင်ချက်ပါသောကြောင့် စဉ်လျှက်သာ (၃) တရားခံတို့ကို မုန်းမာန်အမျက်မရှိ ထုံးစံနှင့်အချက်ကြည့်လို့မို့ အဆက်သိ၍ဖွေရှာ ခြေရာကိုမှန်းဆဒေဝါ လမ်းပြ၍ စခန်းချယူမိတာ ဘူးကြီးရွာ အခြေမှန်သောကြောင့် တဧကန်ခရီးအကြား ရေကန်၏အနီးအပါး ပရမေအရဟံ အပြီးနားရော့ထင် အသီးအခြားမမြင် မညှိုးရအောင် ပလ္လင်ကျိုးနှင့်ရွှေခဲစ မြေထဲက ယူပါခေါ်သလို ဤမှာနော်တွေ့ပြန်ကြ၍ ရေကန်ကအကြီးအကျယ် တနည်းသွယ်သည့် အဆင်းအတက် အကွင်းအကွက် ခြေရာထင်သော်လည်း ရေမှာပင်ဘုရားမတွေ့ ရွာအရှေ့က မြောက်တံကား အနောက်သွားတော့ တမျိုးကြုံ ကောက်ရိုးပုံ တံခါးအတွင်းမှာ ရရားသေဋ္ဌ်နင်း အရောင်တမျိုးမထွက်ရအောင် ကောက်ရိုးမြက်တမင်ဖုံး၍ သီတင်းသုံးတော်မူနေရာကို ရှေးဦးစွာ ဘုရားမြင်ကြတော့ အများပင် ဆိုအော်ကြတာက သနားမကြင် ကိုယ်တော်ကြွပေရရဲ့ သူခိုးခေါ်မှလိုက်တော်မူ မိုက်သောသူ ကုလားအရုပ်ကို တရားအဟုတ် တနည်းကြံ၍ သီးခံတော်မူလေခြင်းလို့ ပူပြင်းသည့်သောက ဒေါမနစေတနာနှင့် ပူဇော်တာဖရိုဖရဲ ဖူးမျှော်ခါတို့မစဲ သူတော်စွာငိုပွဲမို့ ဖိုအသဲ နေမရွှင် ဘဂဝါအရှင် ဘုရားမကိုဋ်ကို မသမာတွင် ကုလားအမိုက်တို့ အားစိုက်၍ဖျက်ထာနော် လက်မတော်အဖျားဆစ် ဒါးရစ်၍ ရွှေကိုယူ နေလိုတစ်ဆူ ဘုရားဘဂဝါမို့ ရွှေကိုယ်မူသနားစာရာပ ဒါးရာချင်း ထွေးလျှက် နက်ရာနက် တိမ်ရာတိမ် ပြတ်ရာပြတ် ထပ်ခါမလပ်ရွှေယူတာမို့ ပွေ့ထူတာ ဒါယကေတို့ မွေးကြူစွာ နံ့သာရေနှင့် မဟာပရမေ သွန်းကာချိုး ဂျွမ်းသာတစ်မျိုး လှိမ့်သူလှိမ့် ပတ္တယားအငြိမ့် ဘင်ခရာ အမော်နှင့် သံဃာတော် လူရှင်အများတို့ ပူပင်တရားဖြေဆည်၍ နေခြည်ရောင် မတိုးဝေ့ရအောင် မိုးသ၍အချက်မှန် ကနက္ကဒါဏ် ထီးဖြူကာလျှက် ပင့်ယူတာအံ့စလောက် ပန်းပေါက်ပေါက် ပြင်ကြဲ ငါးရာနဲ သပြေသာ မင်းဘာ နှင့် လက်ခုပ်ကုန်း ရင်ဂါတ်ကုန်း သပိတ်မောက် စိတ်ရောက်တိုင်းဆက်သွယ် လက်ဆည် နှင့် ဇီးကုန်း ကျီကုန်း နှင့် ညောင်ပင်ဆိပ် ခေါင်းခြင်းငြိမ့်၍မခံနိုင် ဖလံကြိုင် သရက်ကောင်း လူအပေါင်း အမျိုးမျိုး သိုးပိုးရွာကို အဆုံးထား၍ အားလုံးဘုရားပင့်ယူခါ ကုဏ္ဍလာ ရေပန်းထသလို မကြေချမ်းသမျှ ကုလားအဟုတ်တမာ ဘုရားဗုဒ္ဓါ ဖျက်ဆီးကြ၍ မျက်ရည်ကနှစ်သွယ်ပြိုင် မဆယ်နိုင်အောင် ရှိကြပြန်သဖြင့် ဇိန အရဟံ အဆုံးလိုက်၍ ရုံးစိုက်သည့် ကန့်ဘလူ မတရားသူ ခင်ပွေရန်ကြောင့် သက်သေခံ ကြွတော်မူပါကြောင်း သတ္တဝါအပေါင်း ညာဏ်ယူမျှော်၍ ရန်သူတော်အစွန်းအရောင် ငလွန်းမောင် နှင့် ကုလားငရှိန်း မတရားကိန်းအစွဲပြု တဲစုက မောင်တင် နောင်အစဉ်ကြငှန်း အနေမချို့ပါသော မန်းရွှေမြို့ အမြောက်ဗုံးတန်း နောက်ဆုံးဘမ်းသည့်ဒူရဟင် ယူချင်ရာယူကောက်ဘို့ လူတယောက်အမည် ၂- ရပ် ပလီတတ်၍ စကားဆောင် ကုလားငမောင် တစ်မျိုးခေါ်သတဲ့ ရန်သူတော် ၄-ယောက် ကုလားကို ရှေ့နောက်စကား သူ့အခြေကြည့်ပြီးတော့ ဥပဒေရှိ တရားရုံးတော်က သွားအုံးနော် မောင်းတို့ ထောင်သွင်းဘို့ အပြစ်ညီ ၃-နှစ်ခံစေတဲ့ အကြံ အနေသဘောမှာမခြားဘဲ စောရကုလား ငါးယောက်အနက် စကားပျောက်ပျက်ဘို့ တညဏ်ပွေ ကြံလေသည့်ကုလားဟာမွတ် တရားရာဇဝတ် အချက်သေးရအောင် ထွက်ပြေးခါတိမ်းရှောင်၍ အရိပ်အရောင်အပြစ်မရသေးသဖြင့် ယခင်ပဋ္ဌမရေးသည့်မူဟောင်းစာ သူ့အကြောင်းပါအောင် မထည့်မသွင်း အတိအလင်း ယခုသိရဘို့ ဒုတိယပြင်ဆင်ဟန် အလျှင်အမြန်ဖမ်းခါမိသဖြင့် တငြမ်းသာသည့် ကုလားဟာမွတ် တရားရာဇဝတ် ရှေ့နောက်အတူ လေးယောက်သူလို ရုံးစနစ်မလွဲသဖြင့် သုံးနှစ်ဘဲခံရမည် အမိန့်ဒီဂရီ အစဉ်ယူ၍ ယခင်ပဋ္ဌမအပေါင်းအသင်း ထောင်တွင်းကအကုန်ထွက် တမျိုးအဆက် မကြံမစည်အောင် ကမ္ဘာတည်ပုံ ဗြဟ္မာအစ မဟာသမတအနွယ်အဆက် တကယ်မပျက်မျိုးနွယ်အလာ ကိုးကွယ်တာက အမျိုးကောင်းအစစ် ကျိုးကျောင်းစနစ် ဘုရားဝဋ်တော် နားမချွတ်ချော်ဘို့ အကြောင်းပြန် နောက်တဖန် မဖျက်ဆီးရအောင် ဖွဲ့ယှက်အသီး အခန့်အခိုင် သံချိုင့်သံတိုင် ရံခရှိသည့် ဂန္ဓကုဋိနှင့် တံခါးမင်းတုံး ဘုရားသီတင်းသုံးဘို့ စံကျောင်းတော် မြန်အပေါင်းအဖော် မိတ်ဆွေများတို့ စိတ်နေတရား ယခုလိုမျှော်၍ ကုသိုလ်တော်အပြီးရောက်ပါပြီ ချီးမြှောင်ရန်တဆင့်တိုးပြီးလျှင် တင့်ဖြိုးခါ သဒ္ဓါသန်လျှက် ရတနာဖလ်မှန်စီချယ်ကာဖြင့် တကယ်ကြည်စရာ နတ်ဖန်သ, သလို မြတ်အရဟံသန အမူကိုရော်၍ ကုသိုလ်ပျော်ပျော်ပါဝင်ကြပါမည်ကြောင်းသဘောကောင်းအညီ လဇ္ဇိပေသလ သိက္ခာကာမ ဖြစ်တော်မူပါသော ငါးရာနဲမြို့အရှေ့ပြင် ရွှေဥမင်ဆရာတော် " ဦးကုသလ " က ဒုတိယပြင်ဆင်ချက် မိန့်မြွက်စေခိုင်းတော်မူသည့်အလျောက် သပိတ်မောက်ဆရာတစ်ဦးက မသိဘူးသူတို့ နည်းလည်ရအောင် ကြားသိသမျှ အများချမ်းသာဘို့ နားတန်ဆာပြုလိုက်ပါသည်။

    ( ရှေးမူအတိုင်း )
    ပါးစပ်စာစီ - ဆရာထယ်
    သပိတ်မောက်ရွာ
    ===============================

    မူရင်းစာရွက်ထဲကတိုင်း ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ စကင်ဖတ်ထားတဲ့ ပုံနှစ်ပုံအပြည့် မပါဘူးဖြစ်နေတယ်။ နောက်မှပြန်တင်လိုက်ပါ့မယ်။ သမိုင်းကြောင်း ၊ အကြောင်းရာ ၊ ရေးဖွဲ့မှုအပေါ် ဘာထင်မြင်ချက်မှမပေးလိုသေးပါ။ ရေးထားတဲ့စာဟာ လေးချိုးလား ၊ သံပေါက်လားဆိုတာတောင် သေချာမသိပါ။ ရှင်းရှင်းပြောတော့ အဲဒိဘက်မှာအားနည်းတယ်။ စကားပြေအဖြစ်ပြန်ရေးဖို့ လောလောဆယ်တော့ စိတ်မပါသေးဘူးဖြစ်နေတယ်။


    ခိုးယူခံရပြီးနောက် တွေ့ရတဲ့ ဘိုးတော်ဘ မြတ်စွာဘုရား ရုပ်ပွါးတော်


    အဖိုးတန်ကျောက်မျက်ရတနာ တစ်ခုမှမကျန်တော့သလို သေချာကြည့်တဲ့အခါ အက်ကွဲကြောင်းတစ်ခုတွေ့ရပါတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  2. #22
    VIMC Wizard Cupid   koshwemung is on a distinguished road koshwemung's Avatar
    Join Date
    Oct 2008
    Posts
    1,633
    Thanks
    45,581
    Thanked 57,304 Times in 1,612 Posts

    Default

    'Dae&mrSm pum;rpyf 0ifNyD;aqG;aEG;cGifhjyKyg ukdvif;a&..

    ukdvif; puef(ef)zwfNyD;wifxm;wJh bkd;awmfb bk&m;eJYywfoufwJh pmcsKd;av;udk usaemf vGefcJhwJh ESpfaygif; ESpfq,fausmfavmufuwnf;u zwfcJhzl;ygw,f... 'DaeY tcsdefrSm tJ'Dae&mtxd a&mufatmif oGm;EkdifcJhwm&,f.. [kd;t&ifuwnf;u vufvSnfhykHESdyfpufeJY &kdufESdyfxm;wJh ykHESdyfrSwfwrf;av;udk 'DaeYtcsdeftxd awGYEkdifao;wmukd tHhMo0rf;omrqkH;jzpfrdw,fAsm...
    tJ'Dig;&meJNrdKUa[mif;[m ppfukdif;wkdif; uefYbvlNrdKUe,f.. xef;wyif^ZD;ukef; wkdufe,ftkyfpkxJrSm wnf&Sdygw,f.. ig;&meJNrdKUa[mif;u bkd;awmfb bk&m;eJYtwl ig;&meJusrf;qkdwmvnf; [kdwpfcsdefu odyfemrnfBuD;w,fAs...

    ig;&meJusrf;ukd b,ftcsdefrsKd;rSm tokH;jyKMuovnf;qkdawmh trSKtcif; tjiif;yGm;rSKawG jzpfyGm;wJh tcgrsKd;rSm... olrSefw,f igrSefw,f tjiif;yGm;aeMuwJh ESpfzuftrSKonfawG w&m;&kH;rSm rajz&Sif;MubJ..
    ig;&meJusrf;ukd bk&m;anmifa&tkd;xkd;NyD; ESpfzuftrSKonfawG op
    mqkdNyD; usrf;ukd vufeJYukdif&w,fwJh..
    'gayr,fh rsm;aomtm;jzifh bk&m;anmifa&tkd;xkd;uwnf;u vdrfnmwJhvlzufu anmifa&tkd;u bk&m;yef;[m usrf;rudkifcifrSmbJ ndK;EGrf;oGm;wwfvkdY vdrfnmwJhzufu usrf;rudkif&JawmhbJ t&SKH;ay;oGm;wwfw,fqkdwJh yg;pyf&mZ0ifawGMum;cJhzl;w,f...

    aemufwpfcku usaemfhtaz tJ'DzufrSm trSKxrf;&if; tJ'Dbkd;awmfb bk&m;wnf&Sd&ma&TOrifausmif;q&mawmfu uwpfqifh ukd;uG,fyifhaqmifcGifhjyKvkdY tdrfrSm ukd;uG,fzkdY a&S;a[mif;&kyfyGm;awmfESpfql &cJhzl;wm..
    xl;jcm;wmu &kyfyGm;awmfwpfql[m yO
    avm[mqkdwJh owKig;rsKd;pyf &kyfyGm;awmfyg.. ykdNyD;xl;qef;wmu tJ'D&kyfyGm;awmftdrfrSm yifhaqmifukd;uG,fNyD; odyfrMumcifrSmbJ taz&efukefoGm;&if; r[m0dZ, bk&m;ukd eDaygbk&ifrif;jrwfvSL'gef;cJhwJh ] em*pD0&m y y#drm }qif;wkawmf&Jh ykHawmfykdpwm &vmcJhw,f..

    omuD0ifawGvkdY twdtus rSwf,lEkdifwJh eDaygEkdifiHuyifhaqmifvmcJhwJh &kyfyGm;awmfeJY txuftnm a&S;NrdKYa[mif;wpfcku a&S;a[mif;&kyfyGm;awmfwpfql[m xl;xl;jcm;jcm; cGswfpGyfeD;yg; wlnDaewm awGU&wJhtcg.. awG;p&mawG trsm;BuD;&Sdvmw,f...

    taomu rif;w&m;BuD;&Jh a&uefaygif;&Spfaomif;av;axmif.. NrdKUjyaygif;&Spfaomif;av;axmif apwDaygif; &Spfaomif;av;axmifrSm yg0ifw,fvkdY
    tvG,fwul yg;pyfpum; tqkd&SdwJh ig;&meJ wyfNrdKUa[mif;u a&S;a[mif; &kyfyGm;awmfwpfqleJY eDaygjynfu eef;OD;&kyfyGm;awmfwpfqlwkdY&Jh xyfwleD;yg; wlnDrSK[m jrefrmjynfwGif;ukd a&S;ESpfaygif;rsm;pGmu omuD0ifawG ajy;0ifckdvSKHcJhw,fqkdwJh yg;pyf&mZ0ifwpfck&Jh taxmuftxm;avvm;.. awG;csifp&myg.. vufrcHEkdifwJh acsyrSKawG ,kHMunfaxmufcHrSKawG trsKd;rsKd; &SdcJhzl;wJh omuD0if waumif;tbd&mZm jrefrmwkdY&Jhtp qkdwJh tqkdwpfcktwGuf..
    'Dqif;wkawmfawG&Jh xyfwleD;yg; wlnDrSKu oJvGefpwpfck jzpfaumif;vnf; jzpfvmrSmyg.. orkdif;ynm&SifawG aoaocsmcsm aphikavhvmNyD; uGif;qufawGukd azmfxkwfEkdifr,fqkd&if..
    usaemfwkdY jrefrmhorkdif;&Jh ta&;BuD;wJh uGif;qufwpfckudk azmfxkwfEkdifr,fvkdY xifrdwmbJAs..

    tdrfu qif;wkawmfukd 'D*spfw,f uifr&meJY "gwfykH&kdufNyD;rSwfwrf;wifcJhzkdY pdwful;&SdcJhayr,fh taMumif;rnDnGwfvkdY r&kdufjzpfcJhwJhtwGuf wifray;Ekdifwmwpfckukdawmh awmif;yefygw,fAsm...

    -----------------
    tJ...tckrS ukdvif; puef(ef) ukdaocsmjyefMunfhawmh usaemft&ifu zwfcJhzl;wJh atmf&D*sife,fr[kwfzl;As..
    uGefjyLwmeJY jyefpDxm;wmjzpfaew,f... aqm&D;AsKdU..

    ]]ukd,fusifhw&m;}} om ]]*kPfodum}}
    Reply With Quote   


  3. #23
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    Quote Originally Posted by koshwemung View Post
    'Dae&mrSm pum;rpyf 0ifNyD;aqG;aEG;cGifhjyKyg ukdvif;a&..

    tJ'Dig;&meJNrdKUa[mif;[m ppfukdif;wkdif; uefYbvlNrdKUe,f.. xef;wyif^ZD;ukef; wkdufe,ftkyfpkxJrSm wnf&Sdygw,f.. ig;&meJNrdKUa[mif;u bkd;awmfb bk&m;eJYtwl ig;&meJusrf;qkdwmvnf; [kdwpfcsdefu odyfemrnfBuD;w,fAs...

    တော်တာဘဲ..... ဒီသရက်ထဲ ကိုရွှေမောင်းကြီးဝင်လာပြီ ။ အကိုပြောတဲ့ ငါးရာနဲကျမ်းကိုတွေ့ခဲ့တယ်ခင်ဗျ။ ရုပ်ပွါးတော်ရှေ့ ပလ္လင်ခြေရင်းမှာ တဘက်နဲ့ပတ်ပြီးထုတ်ထားတယ်ခင်ဗျ။ ပုံမှာကြည့်ပါ။

    လက်ရှိဆရာတော်ကကြည့်ခွင့်ပေးပေမယ့် ဆရာတော်ထက်ပိုအာဏာပြင်းတဲ့ ကိုယ်နဲ့အနီးစပ်ဆုံးလူသုံးဦးက ပြင်းပြင်းထန်ထန်တားမျက်တဲ့အတွက် ဖွင့်မကြည့်ခဲ့ရကြောင်းပါဗျာ။

    တစ်စုံတရာသောအကြောင်းကြောင်းကြောင့် စိတ်ထင့်ပြီး လိပ်စာအတိကျမရေးဖြစ်တာခင်ဗျ။ အကိုကရေးလိုက်ပြီဆိုတော့လည်း နောက်မှကျနော်ဆက်ရေးပါဦးမယ်။ ခုတော့ပုံဘဲတင်လိုက်ပါတယ်။

    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  4. #24
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default




    ရွှေဥမင်ဘုန်းကြီးကြောင်းဝင်းထဲက အပင်ခြေရင်းမှာထပ်တွေ့ရတဲ့ ကျောက်စစ်လက်ရာ မြတ်စွာဘုရားခြေတော်ရာပုံပါ။ အင်းဝခေတ်နှောင်းပိုင်းလက်ရာ ၁၇ ရာစုလက်ရာလို့ထင်တယ်။ နှစ်ပေါင်းများစွာ မိုးထဲ လေထဲပစ်ထားတဲ့အတွက် ရာသီဥတုဒါဏ်ကြောင့် အနီးကပ်ကြည့်တာတောင် အတော်လေးဝေဝါးပြီး အမှတ်လက္ခဏာတစ်ခုခြင်းစီဟာ ဖြတ်သားထင်ရှားမှုမရှိတော့ပါ။ ဒီလိုအဖိုးတန် ရှေးဟောင်းလက်ရာတွေကို ကျောင်းထိုင်ဆရာတော်က သေချာမသိမ်းဘဲ ပစ်ထားတာတော့ရင်ထဲသိပ်မကောင်းလှဘူး။ ကျောက်စစ်လက်ရာဟာ ရှားပါးပြီး ပြတိုက်မှာသိမ်းထားသင့်တဲ့ ရှေးလက်ရာပါ။

    ခြေတော်ရာတွေနှင့်ပတ်သက်ပြီး အများကြီးလေ့လာမှုလုပ်ရပါဦးမယ်။ မြန်မာနိုင်ငံအတွင်းမှာကို မူကွဲတွေအများကြီးရှိနေတယ်။ ပိုပြီးရှေးကျတဲ့ အိန္ဒယ ၊ ပါကစ္စတန် (ဂန္ဓာရ)၊ အာဖဂန်နစ္စတန်( မထုရ )၊ သိရိလင်္ကာ(သီဟိုဠ်) ၊ ကမ္ဘောဒီးယား (ကမ္ဘောဇ) ၊ နီပေါ ၊ ဘင်္ဂလားဒေစ် စတဲ့နိုင်ငံတွေမှာတွေ့ရတဲ့ ခြေတော်ရာပါ အမှတ်လက္ခဏာတွေဟာ မြန်မာပြည်က ရှေးဟောင်း ခြေတော်ရာ ပါလက္ခဏာတွေနဲ့ မတူပါ။ ။ ရှင်းရှင်းပြောတော့ ဘာမှသေချာမသိသေးပါ။ ဒါကြောင့်ကျနော့ဘလော့မှာတော့ On going Research ခေါင်းစဉ်အောက်မှာ ခဏထားပါတယ်။ ၁၀၈ ကွက်ရှိ အမှတ်လက္ခဏာကို ၁၀၈ ခုသောစာတွေနှင့် တိုက်ဆိုင်ပြီးတော့မှ ပုံ နှင့် စာ တွဲပြချင်ပါတယ်။ ခုတော့ အဆင်မပြေသေးပါ။

    ခြေတော်ရာများတွင် ပါလေ့ရှိသည့် လက္ခဏာတွေက

    ၁။ သတ္တိစက် - လှံမ
    ၂။ သိရိဝစ္ဆစက် - အိမ်မွန်
    ၃။ နန္ဒိယာဝဋစက် - ဇလပ်ပန်း
    ၄။ သောဝတ္တိကစက် - လည်ရေးသုံးဆင့်
    ၅။ ဝဎမာနက စက် - ထမင်းပွဲ
    ၆။ ဝဋံသကစက် - ဦးဆောက်ပန်း
    ၇။ ဘဒ္ဓဌစက် - ချွန်းတောင်း
    ၈။ အကုင်္သစက် - ချွန်းတောင်း
    ၉။ ပါသာဒစက် - ပြာသာဒ်
    ၁၀။ တော့ရဏစက် - တံခါးတိုင်
    ၁၁။ သေတစ္ဆတ္တစက် - ထီးဖြူ
    ၁၂။ ခဂ္ဂစက် - သန်လျက်
    ၁၃။ တာလဝဏ္ဋစက်
    ၁၄။ မဟူရဟတ္တစက် - ဥဒေါင်းမြီးစည်း ( ယပ် )
    ၁၅။ စာမရံစက် - စာမရီမြီးစည်း ( ယပ် )
    ၁၆။ မဏိစက် - ပတ္တမြား
    ၁၇။ ပတ္တစက် - သပိတ် ၊ စားတော်ခွက်
    ၁၈။ သုမနဒါမစက် - မြတ်လေးပန်းခိုင် ၊ မြတ်လေးပန်းဆိုင်း
    ၁၉။ နီလုပ္ပလစက် - ကြာညို ၊ ကြာပြာ
    ၂၀။ သေတုပ္ပလစက် - ကြာဖြူ
    ၂၁။ ရတ္တုပ္ပစက် - ကြာနီ
    ၂၂။ ပဒုမစက် - ကြာပဒုမ္မာ
    ၂၃။ ပုဏ္ဍရိကစက် - ကြာပုဏ္ဍရိက်
    ၂၄။ ပုဏ္ဍပါတိစက် - ရေပြည့်အိုး
    ၂၅။ ပုဏ္ဏပါတိစက် - ရေပြည့်ဖလား
    ၂၆။ သမုဒ္ဒစက် - သမုဒ္ဒရာ
    ၂၇။ စက္ကဝါဋ္ဌပဗ္ဗတစက် - စကြာဋ္ဌာ
    ၂၈။ ဟိမဝန္တပဗ္ဗတစက် - ဟိမဝန္တာတောင်ပုံ
    ၂၉။ မေရုပဗ္ဗတစက် - မြင်းမိုရ်တောင်
    ၃၀။ သူရိယမဏ္ဍလစက် - နေဝန်း
    ၃၁။ စန္ဒဏ္ဍလစက် - လဝန်း
    ၃၂။ နက္ခတ္တာနိစက် - တောင်ကျွန်း ၊ဇမ္ဗူဒိပ်ကျွန်းပုံ
    ၃၃။ ပုဗ္ဗဝိဒေဟစက် - အရှေ့ကျွန်းပုံ၊ ကျွန်းငယ်ကျွန်းကြီး
    ၃၄။ အပရဂေါယာနစက် - အနောက်ကျွန်းပုံ
    ၃၅။ ဇမ္ဗူဒီပစက် - တောင်ကျွန်း၊ ဇမ္ဗူဒိပ်ကျွန်းပုံ
    ၃၆။ ဥတ္တရကုရုစက် - မြောက်ကျွန်းပုံ
    ၃၇။ စက္ကဝတ္တိစက်- စကြဝတေးမင်းပုံ
    ၃၈။ ဒက္ခိဏာဝဋ္ဋသင်္ခစက် - လက်ယာရစ်ခရုသင်းဖြူပုံ
    ၃၉။ သုဝဏ္ဏမစ္ဆယုဂဋ္ဌစက် - ရွှေငါးကြင်းအစုံ
    ၄၀။ စက္ကာဝုဓစက် - စက်နက်ပုံ
    ၄၁။ လဝဏသီတာစက် - သီတာခုနှစ်တန် ဆားငန်ရေပုံ
    ၄၂။ ဥစ္ဆုသီတာစက် - သီတာခုနှစ်တန် ကြံရည်ချိုပုံ
    ၄၃။ သုရာသီတာစက် - သီတာခုနှစ်တန် သေရည်ပုံ
    ၄၄။ သာဓိသီတာစက် - သီတာခုနှစ်တန် အမှုခပ်သိမ်းပြီးသောပုံ
    ၄၅။ ဒဓိသီတာစက် - သီတာခုနှစ်တန် နို့ဓမ်းရည်ပုံ
    ၄၆။ ဒုဒ္ဓသီတာစက် - သီတာခုနှစ်တန် နို့ရည်ပုံ
    ၄၇။ ဇလသီတာစက် - သီတာခုနှစ်တန် ရေချိုပုံ
    ၄၈။ ယုဂန္ဓရစက် - ယုဂန္ဓရတောင်
    ၄၉။ ဣသိဓရစက် - ဣသိရတောင်
    ၅၀။ ကရဝိကစက် - ကရဝိကတောင်
    ၅၁။ သုဒဿနစက် - သုဒဿနတောင်
    ၅၂။ နေမိန္ဓရစက် - နေမိန္ဓရတောင်
    ၅၃။ ဝိနတကစက် - ဝိနတကတောင်
    ၅၄။ အဿကဏ္ဏစက် - အဿကဏ္ဏတောင်
    ၅၅။ အနောတတ္ထစက် - အနောတတ္ထ ရေအိုင်
    ၅၆။ ကဏ္ဏမုဏ္ဍစက် - ကဏ္ဏမုဏ္ဍ ရေအိုင်
    ၅၇။ ရထကာရစက် - ရထကာရ ရေအိုင်
    ၅၈။ ဆဒ္ဒန္တစက် - ဆဒ္ဒန္တ ရေအိုင်
    ၅၉။ ကုဏာလစက် - ကုဏာလ ရေအိုင်
    ၆၀။ မဏ္ဍကိနီစက် - မဏ္ဍကိနီ ရေအိုင်
    ၆၁။ သီဟပ္ပါတစက် - သီဟပ္ပါတ ရေအိုင်
    ၆၂။ သုပဏ္ဏရာဇာစက် - ဂဠုန်မင်း
    ၆၃။ သံသုမာရစက် - မိကျောင်းမင်း
    ၆၄။ ဓဇစက် - တံခွန်လျားပုံ
    ၆၅။ ပဋကာစက် - တံခွန် ၊ ကုက္ကား
    ၆၆။ သုဝဏ္ဏသိဝိကာစက် - ရတနာသံလျက်
    ၆၇။ သုဝဏ္ဏဝါဋ္ဌဗီဇနီစက် - စာမရီသားမြီယပ်
    ၆၈။ ကေလာသပဗ္ဗတစက် - ကေလာသငွေတောင်
    ၆၉။သီဟရာဇာစက် - ခြသေ့င်္မင်း
    ၇၀။ ဗျ ဂ္ဃရာဇာစက် - ကျားမင်း
    ၇၁။ ဝလာဟက အဿရာဇာစက် - ဝလာဟကမြင်းမင်း
    ၇၂။ ဥပေါသထ ဆဒ္ဒန္တဟတ္တိရာဇာစက် - ဥပေါသထဆဒ္ဒဆင်မင်း
    ၇၃။ ဗာသုကီနဂရာဇစက် - ဗာသုကီ နဂါးမင်း
    ၇၄။ ဟံသရာဇာစက် - ဟင်္သာမင်း
    ၇၅။ ဥသဘရာဇာစက် - ဥသဘနွားမင်း
    ၇၆။ ဧရာဝဏ္ဏဟတ္တိရာဇာစက် - ဧရာဝဏ်ဆင်မင်း
    ၇၇။ သုဝဏ္ဏမကာရစက် - ရွှေမကန်းပုံ
    ၇၈။ သုဝဏ္ဏနာဝါစက် - မုခ်ထွတ်လေးခုရှိ ရွှေလှေ
    ၇၉။ ဗြဟ္မရာဇာစက် - ဗြဟ္မာမင်းပုံ
    ၈၀။ သဝစ္ဆကာဓေနုစက် - နို့တိုက်နေသော နွားသားအမိ
    ၈၁။ ကိံပုရိသ ကိံပုရိစက် - ကိန္နနီ - ကိန္နရာ
    ၈၂။ ကရဝိကစက် - ကရဝိတ်
    ၈၃။ မယူရရာဇာစက် - ဥဒေါင်းမင်း
    ၈၄။ ကောဉ္စရာဇာစက် - ကြိုးကြာမင်း
    ၈၅။ စက္ကဝါကရာဇာစက် - စက္ကဝါက်ငှက်မင်း
    ၈၆။ ဇိဝဉ္စီဝကရာဇာစက် - ဇီဝစိုးငှက်မင်းပုံ
    ၈၇။ စတုမဟာရာဇာဇိကာစက် - စတုမဟာရာဇ်နတ်ဘုံ
    ၈၈။ တာဝတိံသာစက် - တာဝတိံသာနတ်ဘုံ
    ၈၉။ ယာမာစက် - ယာမာနတ်ဘုံ
    ၉၀။ တုတိတာစက် - တုတိတာနတ်ဘုံ
    ၉၁။ နိမ္မာနရတီစက် - နိမ္မာနရတီနတ်ဘုံ
    ၉၂။ ပရနိမ္မိတ ဝသဝတ္တီစက် - ပရနိမ္မိတဝသဝတ္တီနတ်ဘုံ
    ၉၃။ ဗြဟ္မပါရိသဇ္ဈာစက် - ဗြဟ္မပါရိသဇ္ဈာ ဗြဟ္မာ့ဘုံ
    ၉၄။ ဗြဟ္မပုရောဟိတာစက် - ဗြဟ္မပုရောဟိတာ ဗြဟ္မာ့ဘုံ
    ၉၅။ မဟာ ဗြဟ္မာစက် - မဟာ ဗြဟ္မာ့ဘုံ
    ၉၆။ ပုရောဟိတာစက် - ပုရောဟိတာ ဗြဟ္မာ့ဘုံ
    ၉၇။ အပ္ပမာဏာဘာစက် - အပ္ပမာဏာဘာ ဗြဟ္မာ့ဘုံ
    ၉၈။ အာဘဿရာဇာစက် - အာဘဿရာ ဗြဟ္မာ့ဘုံ
    ၉၉။ ပရိတ္တသုဘာစက် - ပရိတ္တသုဘာ ဗြဟ္မာ့ဘုံ
    ၁၀၀။ အပ္ပမာဏသုဘာစက် - အပ္ပမာဏသုဘာ ဗြဟ္မာ့ဘုံ
    ၁၀၁။ သုဘကိဏှာစက် - သုဘကိဏှာ ဗြဟ္မာ့ဘုံ
    ၁၀၂။ ဝေဟပ္ပဘာစက် - ဝေဟပ္ပဘာ ဗြဟ္မာ့ဘုံ
    ၁၀၃။ အသညသတ္တာစက် - အသညသတ္တ ဗြဟ္မာ့ဘုံ
    ၁၀၄။ အဝိဟာစက် - အဝိဟာ ဗြဟ္မာ့ဘုံ
    ၁၀၅။ အတပ္ပါစက် - အတပ္ပါ ဗြဟ္မာ့ဘုံ
    ၁၀၆။ သုဒဿာစက် - သုဒဿာ ဗြဟ္မာ့ဘုံ
    ၁၀၇။ သုဒဿီစက် - သုဒဿီ ဗြဟ္မာ့ဘုံ
    ၁၀၈။ကကနိဋ္ဌာစက် - အကနိဋ္ဌာ ဗြဟ္မာ့ဘုံ
    Last edited by mrlynn; 02-26-2011 at 02:55 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  5. #25
    VIMC & VIMC of the year 2011 r[m;',m; Cupid .   badinf is on a distinguished road badinf's Avatar
    Join Date
    Jun 2006
    Posts
    5,901
    Thanks
    164,697
    Thanked 160,013 Times in 5,865 Posts

    Default

    Quote Originally Posted by mrlynn View Post
    ရုပ်ပွါးတော်ရှေ့ ပလ္လင်ခြေရင်းမှာ တဘက်နဲ့ပတ်ပြီးထုတ်ထားတယ်ခင်ဗျ။ ပုံမှာကြည့်ပါ။

    လက်ရှိဆရာတော်ကကြည့်ခွင့်ပေးပေမယ့် ဆရာတော်ထက်ပိုအာဏာပြင်းတဲ့ ကိုယ်နဲ့အနီးစပ်ဆုံးလူသုံးဦးက ပြင်းပြင်းထန်ထန်တားမျက်တဲ့အတွက် ဖွင့်မကြည့်ခဲ့ရကြောင်းပါဗျာ ...

    udkvif;a& imageshack 'kuay;vdkY? zm;BuD;yJ jrif&w,f/ tqifajy&if jyefwifay;ygOD;/ usaemfvnf; pdwf0ifpm;vdkY/

    usaemfMum;cJhzl;wmu? yky
    g;awmifrBuD;0ef;usifu &GmawGzufrSm/ tJvdkyJ trItcif;awGjzpfwJhtcg usrf;pl;ygapom;qdkNyD; usdefqdk? trSm;trSefqHk;jzwfwJh usrf;/ olYe,frSmvnf; olYacwfolYtcg t&rf;emrnfBuD;qdkyJ/ vdkufar;Munfhawmh? aemuf uGefjrLepfawG ,lNyD; rD;eJYdIYyvkdufvdkY wpfcgxJ udpjywfoGm;wmwJh/ b,fvdkusrf;rsdK;vJ? bmawGrsm; a&;xm;vJ odcsifrdyg&JU/

    armifbwf
    Reply With Quote   

  6. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 19 OD;rS aus;Zl;wif&SdMuygonf


  7. #26
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    Quote Originally Posted by badinf View Post
    udkvif;a& imageshack 'kuay;vdkY? zm;BuD;yJ jrif&w,f/ tqifajy&if jyefwifay;ygOD;/ usaemfvnf; pdwf0ifpm;vdkY/

    usaemfMum;cJhzl;wmu? ykyg;awmifrBuD;0ef;usifu &GmawGzufrSm/ tJvdkyJ trItcif;awGjzpfwJhtcg usrf;pl;ygapom;qdkNyD; usdefqdk? trSm;trSefqHk;jzwfwJh usrf;/ olYe,frSmvnf; olYacwfolYtcg t&rf;emrnfBuD;qdkyJ/ vdkufar;Munfhawmh? aemuf uGefjrLepfawG ,lNyD; rD;eJYdIYyvkdufvdkY wpfcgxJ udpjywfoGm;wmwJh/ b,fvdkusrf;rsdK;vJ? bmawGrsm; a&;xm;vJ odcsifrdyg&JU/

    armifbwf


    ကိုဘတ်ရေ ဆိုက်ပြောင်းပြီးတင်ကြည့်လိုက်တယ်။ ကြည့်မရရင်ပြောပါဦး။
    ပုံအတွက် လင့်က http://www.freeimagehosting.net/imag...512c099c2b.jpg

    ဖားရုပ်ပေါ်တာက imageshack က မှတ်ပုံတင်ခိုင်းတာဗျို့။ မှတ်ပုံတင်ပြီးတာနဲ့ လော့အင် ဝင်ထားမှ ပုံကိုမြင်ရတယ်။ ကိုမော်ကင်းလည်း ဆေးမင်ကြောင်သရက်မှာ အဲဒိဖားကြီးဘဲပေါ်နေလို့မေးထားသေးတယ်။
    Last edited by mrlynn; 03-07-2011 at 11:37 PM. Reason: remove photo
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   

  8. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 17 OD;rS aus;Zl;wif&SdMuygonf


  9. #27
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    မန်းလေး တက္ကသိုလ် အနုပညာပြတိုက်မှာ စာတမ်းရေးထိုးပြီးထားတဲ့ သံအမြောက်တစ်ခုရှိတယ်တဲ့
    သံအမြောက်ပေါ်မှာရေးထားတဲ့ စာက

    ၁။ သကရာဇ် ၁၁၄၅ခု နယုန်လ ( မေ၊ ၁၇၈၃)
    အမရပူရရွှေပြည်ကြီး
    ၂။ ချောပြီပွတ်တင် သံစင်ချိန်ဝန် ၁၂၈
    သပြာကျပ်ပေါင် ၁၂၈၀၀(၀၀)
    ၃။ ပြကတေ အရည်ကကျို၍ မင်အဆက်ဆက် တရံတစ်ဆစ် မဖြစ်
    ၄။ ပူမြဲသမ အမြောက်ကြီး သွန်းလုပ်ထားသည်ကား
    သကရာဇ် ၁၁၆၃ ခု
    ၅။ ပြာသိုလရတုပေါ မဆရာစန္ဒရုဟသ
    ၂၉ အံသာနံနက် ၄ချက်တိ
    ၆။ ကျော် ၆နာရီ (၁၊၁၊၁၈၀၂) တွင် ၂၀၆ဖို ကျိုချက်စေ၍
    တပဟိုကျော် ၃ နာရီ ၃
    ၇။ ပတ်တွင် ပန်ပဲသမား ၁၆ယောက် သွန်ရစေ၏
    တနာရီနှင့် ၂ ပတ်
    ၈။ သော်ဆင်ဖြူမျာ သိခင်လ္နက်စကြာသိခင် ဘဝရှင်မင်တြာ၏
    ရွှေဖုန်
    ၉။ တော်ကြောင့် နတ်မျာသောင်သာ စောင်မလှာ၍
    အနာအဆာအပေါက်
    ၁၀။ အပြဲမဟိ ရည်တော်မူတိုင်း ဩခြင်သို့ ရောက်စေရသတည်



    ' ဒေါက်တာသန်းထွန်း ၊နယ်လှည့်ရာဇဝင် ပ-ဒု-တ ပေါင်း၊ စာမျက်နှာ ၇၅-၇၆ ' ပါ မူရင်းစာအတိုင်း ကူးယူဖော်ပြပါတယ်။

    အမြောက်ပေါ်က မူရင်းအရေးသား နဲ့ မြန်မာမင်းအဆက်ဆက်မှာ ပထဆုံးအမြောက်လို့ကြွားထားတဲ့အတွက် ပုံနဲ့ စာကိုမြင်ဖူးချင်ပါတယ်။ အဆင်ပြေတဲ့လူများ ဒုံပါတ်ရိုက်ပြီး ဝေမျှပေးကြပါ။ ဟိုသရက်ဝင်တောင်း ဒီသရက်ဝင်တောင်းနဲ့ဆိုတော့ အတော်လေးအမြင်ကပ်စရာကောင်းနေပါပြီ။
    ဒါကြောင့်ဒီမှာဘဲတောင်းလိုက်ပါတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  10. #28
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default



    အမရပူရ လင့်စင်ကုန်းသင်္ချိုင်းမှာ ပြင်သစ်၊ အင်္ဂလိပ် တွေကို ကဗျည်းစာတွေထိုးပြီး မြုပ်နှံထားခဲ့ဖူးပါတယ်၊ အဲဒါ ရှိသေးလား ၊ မရှိဘူးလားသိရအောင် ဓာတ်ပုံလေးတွေရနိုင်မလားခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ဟိုတစ်ခေါက်ရွာပြန်တုန်းက အမရပူရရောက်ပါရက်နဲ့ ဒီအင်ဖော်မေးရှင်းမရသေးတော့ မရောက်ဖြစ်ခဲ့တာ မချင့်မရဲဖြစ်ရတယ်။ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ သင်္ချိုင်းကုန်း ပုံတောင်းရတာဆိုတော့ စိတ်ဆိုးမှာလည်း ကြောက်ရသေးတယ်။

    ဒီသရက်ကိုရေးရတဲ့ရည်ရွယ်ချက်က ဒါမျိုးတွေကိုဖော်ထုတ်ပြီး တတ်နိုင်သလောက် မှတ်တမ်းလေးလုပ်ပြီး စာဖတ်ပရိတ်သတ်များတဲ့ ကျုပစ်ဖိုရမ်ထဲက မန်ဘာတွေကိုဝေမျှဖို့ရာပါ။ တစ်ယောက်တည်းလုပ်လို့ မရပါ အားလုံးဝိုင်းလုပ်ကြမယ်လို့မျှော်လင့်ပါတယ်။ပျောက်ကွ ယ်ပျက်စီးလုနီးပါးဖြစ်နေတဲ့ သမိုင်းဝင်ရှေးလက်ရာတွေ မြန်မာနိုင်ငံမှာအများကြီးရှိပါတယ်။

    ဘုရား ကျောင်း ကန်ရောက်တဲ့အခါမှာ လူအများက ရွှေရောင်တဝင်းဝင်းနဲ့ ဖြစ်နေတဲ့ သာသနိကလက်ရာတွေကိုသာ ဦးစားပေးဓာတ်ပုံရိုက်ပြီးကျေနပ်နေကြတာများပါတယ် ။ ချောင်ကြိုချောင်ကြားက ကျိုးပဲ့ပျက်စီးနေတဲ့ ရှေးလက်ရာမျိုးကို တခုတ်တရစိတ်ဝင်စားတဲ့လူက တစ်ရာမှာဘယ်နှစ်ယောက်ရှိမလဲ။ ဒီလိုဘဲ လူမသိ သူမသိ မှတ်တမ်းမရှိဘဲပျောက်ပျက်ကုန်ပါတယ်။

    တို့ များအသက်ကြီးလာတဲ့အခါ ဒီနေရာဟာ ဟိုအရင်က ဘာတွေရှိခဲ့တာပေါ့ ဆိုပြီး တောင်ပြောမြောက်ပြောလောက်နဲ့ ကျေနပ်နေမယ့်အစား မှတ်တမ်းမှတ်ရာလေးတွေဖြစ်လာဖို့ အတွက်ဝိုင်းဝန်းကူညီကြပါခင်ဗျာ။

    လေးစားခင်မင်လျှက်
    ငလင်း ( ရှေးမြန်မာ )
    Last edited by mrlynn; 03-07-2011 at 02:35 PM. Reason: as usual
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  11. #29
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ပြီးခဲ့တဲ့နှစ် ရွာပြန်တုန်းက ရတဲ့အချိန်ကလေးမှာ မန်းလေး ကုသိုလ်တော်ဘုရားဝင်းထဲရောက်ဖြစ်တယ်။ ခုမြင်နေရတဲ့အတိုင်းပါဘဲ။ ကျောက်စာချပ်တွေ မြေပြင်ပေါ်မှာ ဘာလုပ်ထားမှန်းမသိပါ။ မူလ အမိုးအကာအောက်ကနေ နှုတ်ယူလာခဲ့ပုံပေါ်တယ်။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ ကျောက်စာရုံလို့ ယူဆတဲ့ အုတ်တိုက်ဆောင်လေးတွေကို အနီးနားတင်တွေ့ရတယ်။ အရင်က ကျောက်စာစိုက်ထားခဲ့ဟန်တူတဲ့ အုတ်တိုက်ဆောင်အောက်မှာတော့ " ကြာ ပလ္လင်ခံထားတဲ့အပေါ်မှာ လက်နှစ်ဖက်ယှက်ထားတဲ့ ရဟန်းတပါးရဲ့ ရုပ်ပွါးတော်တွေ့ပါတယ်။ အသစ်ဖြစ်ဟန်တူပါတယ်။ ကျောက်စာနေရာမှာ ဒီရဟန်းရုပ်ပွါးတော်တွေနှင့် အစားထိုးခဲ့တယ်လို့ထင်ပါတယ်။ အသေချာတော့မပြောရဲပါ။ ခုမြင်နေရတဲ့ တုံးလုံးပက်လက် ကျောက်စာတွေဟာ တခြားနေရာကသယ်လာပြီး ပစ်ထားတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပါဘဲ။ အသေချာသိတဲ့လူများက အတည်ပြုပေးကြပါ။

    ကျောက်စာ ချပ်တွေကို ဘာလုပ်ပစ်မယ်ဆိုတာမသိပါ။ သက်ဆိုင်ရာက နေရာပြောင်းပစ်မယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က သတင်းသဲ့သဲ့ကြားမိပါတယ်။ ခုတော့ မြေပြင်ပေါ်တုံးလုံးပက်လက်ရယ်။ ကလေးတွေက ကျောက်စာတွေပေါ်တက်ဆော့၊ တက်ထိုင်နေကြတာလည်းတွေ့ရတယ်။ မကြာကင် ပျောက်ပျက်သွားတော့မယ့် အရာတွေပါလားလို့တွေးမိတယ်။ ဒါတွေဟာ သင်္ခါရ တရားပါဘဲလေဆိုပြီးဖြေလို့မရပါ။ ကျောက်စာချပ်တွေက အရေးကြီးတာလား ရဟန်းရုပ်ပွါးတော်တွေက အရေးကြီးတာလားဆိုတာ ကျနော်မပြောလိုတော့ပါ။


















    Last edited by mrlynn; 03-13-2011 at 09:04 AM. Reason: ( ကောင်းမှုတော်က စစ်ကိုင်းမှာပါ )
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  12. #30
    Wannabe Cupid   shwethitsar is on a distinguished road
    Join Date
    Jul 2010
    Posts
    55
    Thanks
    259
    Thanked 713 Times in 51 Posts

    Default

    ကျွန်မတို့နယ်အခေါ်င၇င်နဲ၊(ငါး၇ာနဲ)ကျမ်းက
    ကျွန်မတို့်ငယ်ငယ်ကအ၇မ်းနာမည်ကြီးပါတယ်။
    အမူကိတ်စတခုဖြစ်၇င်င၇င်နဲကျမ်းကိုင်ကြတယ်။
    အဲဒီတုန်းကကျွန်မတို့ဆီမှာပုလိပ်ပဲ၇ှိတာ။ေ၇ှ့ေ နတို့
    ဘာတို့၊တရားရုံးတို့ခရိုင်မှာပဲရှိတာလေ။ခလေးဘ၀က
    မောင်နှမတတွေငါမှန်သူမှန်ငြင်းခုန်နေကြရင်လူကြီးတွေက
    ငရင်နဲကျမ်းသွားကိုင်ကြဆိုပီးအဆူခဏခဏခံရတယ်။
    လူကြီးတွေများငရင်နဲကျမ်းကိုင်တဲ့အကြောင်းပြောေ နရင်
    ကြက်သီးတဖြမ်းဖြမ်းနဲ့မထတမ်းနားထောင်ခဲ့ရတာ။
    ဒါပေမဲ့သေသေချာချာတော့နားမလည်ခဲ့ပါဖူး။
    ကျမ်းနာမည်ကြီးသလိုငရငိနဲသူတွေက
    အညာသူတွေပေမဲ့အသားတော်တော်ဖြူ
    ပီးချြော့ကတာကတော့သေချာတယ်။



    Reply With Quote   

  13. toHk;0ifvSaom pmydk'ftwGuf azmfjyyg rdwfaqG 11 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts