ငါးရာနဲမြို့ ရွှေဥမင်ကျောင်းတိုက်
သူခိုး ခိုးယူပင့်ဆောင်
ဘိုးတော်ဘ မြတ်စွာဘုရား
အထုတ္တိ စာတမ်း
ချောင်းရေနဒီ ကမ်းယံတစ်ဘက် သောင်းမြေမဟီ နန်းဟန်မပျက်ဘဲ ကြငှန်းဆံလျှက် ဂရို့စီစစ်၍မြို့တည် သက္ကရာဇ်က ပန်းပဲဖို တနဲအဆို စကားချယ်လှယ်၍ ငါးရာ့ ငါးဆယ် ငါးခုနှစ်တွင် ကြားသူချစ်ဖို့အသွားအလာ မချွဲလိုက်ဘဲ ငါးရာနဲမြို့တည်ပဋ္ဌမ သမတအရှိ သတင်းမညှိုးရန် ဘဝအတိကမယွင်းမချို့ပြန် နရပတိမင်းစိုးစံရော့ ပလ္လင်စမုဒ်မူ ရှေးပဋ္ဌမ ဂူလေးဝနှင့် စိမ့်လေးတန် အရှိန်တွေလျှံတာက မှန်၎ဆင့် ဘေးရန်လွင့်တဲ့မြို့အခြေ တိုးအသရေ အမည်တဂုဏ်သာဘို့ ဆီဆုံရွာမစ္ဆိမရပ်တွင် ခေတ်ရှည်မပြတ် ဆိုခါသုံးကြသော ဘိုးဘကုန်း ပေမြထဗျာတွင် စေတနာတရား အထူးမျှော်လို့မို့ ပရမေဘဂဝါဘုရား စစ်ဆူပေါ်ရော့ အများပူဇော်ဖို့အသီးသီးပင့် ချီးမြှင့်ဘို့အကြောင်းမဆိုက်တာနှင့် သောင်းထိုက်သုံး သမ္ဘာအမြဲကြို့ရသော ငါးရာနဲမြို့ဒကာများ၏ သဒ္ဓါတရား အခွင့်ထောက်ပြီးတော့ ပင့်လျှောက်တိုင်းအကျဉ်းရုံး၍ သီးတင်းသုံးတော်မူပါကြောင်း လူကံကောင်း၍ ဋ္ဌာနစည် နာဂရာပြည်ကိုအသုံးရောက် ဘုန်းထောက်သည့် ဘဂဝါတရား ရတနာအသား အခြေအရင်းပြု ရွှေဆင်းတုကဲ့သို့အများထင် ပတ္တမြားရောင်လျံ ဘုရားဆောင်ရန် အကျယ်မသွင်းဘဲ အထက်စာရင်း ပရပိုက်မူ အထိုက်ယူတာက အသပြာထောင်သောင်း ရတနာကျောက်ကောင်း (၈၄) ခေတ်တကယ်မှေး၍ သာသနာညိုးပြန်တော့ ဘုရားသူခိုး ရေရွတ်သော် ရှေးဝတ်သော်က သည်တွင်ဆိုက် ချစ်ရှင်မကိုဋ် ဘုရားပရမေသကလကာယေ ဒါးနှင့်မွှန်း အားအစွန်းရှိသမျှ မသိရအောင် အတင်းပင့် လင်းခွင့်ကိုမရခင် တရားရှင်ညဏ်ယူမျှော်၍ ရန်သူတော်မို့တနည်းကြံ သီးခံတော်မူရှာရသည့် ဤကာလ သက္ကရာဇ် ထွက်စစ်ခါအကြောင်းပြအရလျှင် ၁၂၉၃-ခု၊ ဥတုဟေမန္တ သိသီရ ရတုအစဉ် အတ္တရယဉ်ပြောင်းစ မကာရရာသီ ပင်စည်ရေလျှမ်းတက် မရမ်း သရက်ငုံကင်း ထုံသင်းတဲ့ ပန်းတလီ သာယာအညီ စာဆိုရလျှင် မာလာအညီ ခွါညိုစသည့် ပြာသိုလကွယ်အဖိတ်တွင် တကယ်ဆိပ်တဲ့ညအခါ မယားဗလချာဆွဲကြိုးဆင်ဖို့ထင့် နဲမြို့တွင် တန်ခိုးနော် ကြွပေသော ဘိုးတော်ဘဘုရား ရွှေခိုးကြရော့ သိကြားပြေတရိုး အထက်ဗြဟ္မာ မသက်သာ၍ငလျှင်ဟီး မဲတင်ကြီးတစ်ခါတုံ ကမ္ဘာဘုံတွင် မကြားစဖူး ကုလားအထူးအမိုက်ကောင်တို့ကို တိုက်ဘောင်တွင် အကဲမချို့လင်းပေသော နဲမြို့မင်း (ဦးဘိုးမြိုင်) သူကိုယ်တိုင် အစဉ်းအစား တပည့်သားချွေရံနှင့် ဧကံဘဲယူဆ၍ အကုသလဓမ္မကျမ်းဖြင့် ယခုခဏ အရဘမ်း၍ ကုလားသရမ်းအယုတ်ကောင်တို့ကို အချုပ်ထောင်သို့ပို့ရပါသည် ဤကဲ့သို့စကားအစဉ်များဖြင့် အဟုတ်အမှန်သိဘို့ အတ္တုပ္ပတ္တိအကျိုးနော်ပြရလျှင် ဘိုးတော်ဘမြတ်စွာဘုရား တန်ခိုးတော်က အထက်ပါကလား မိုယ်းပေါ်ကနတ်ဗြဟ္မာကြားလို့မို့ မှတ်ခါထားဘို့ တမျိုးညီညာ မိုယ်းကြီးရွာ၍ အသင့်ထား တမင်သွားသည့် သူခိုးခြေရာ အသေအခြာ ဟင်းလင်းမြင်ဘို့ ဒေဝါအသင်ပြင်လိုက်တာ မြေပထာဗျာအကွင်းကွင်းထင်ရော့ မလင်းခင် သဒ္ဓါကြီးမြတ်၍ အတွင်းအပြင် ဓာတ်မီး တလျှပ်လျှပ်နှင့်ဘုရားဆည်းကပ်ဘို့ မှန်းကာကြည့် ဂန္ဓကုဋီတိုက်အတွင်း အမိုက်လင်းဘို့ မီးအရောင်ဖြာလိုက်တော့ ခိုးကာက ကုလားငတိ မိုယ်းမာဃသိကြားအသိ အလို ဘိုးတော်ဘဘုရား မရှိပါတကား တပါးကဝိ ( ဦးကုသလ ) အရှင် ပုထုဇနအစဉ်ဘဝသေးတာကြောင့် တခဏကလေး ပီတိဖရဏာနှင့် သတိမသာ မေ့သလိုဖြစ်ပြီးတော့ ငိုဟစ်၍ ရှိုက်ကာအော် မိုက်စွာနော် အများရန်သူတို့ ဘုရားကြံယူ၍ ယခုသွားကြပေါ့ အမှုများ မချို့မယွင်းရအောင် မြို့မင်းကိုအကြောင်းပြန် ကပြောင်းကပြန် အူအသဲ လူဆွဲ၍ တုတ်ခါယူသလို ဗုဒ္ဓါတဆူဘုရားသူခိုး ကုလားအမျိုး ဧကန္တဟု တွေးပြန်ကြည့်၍ အများအထင် မကြာခင် စဉ်းစားတုံးကို ဒင်းကုလားအသုံး အတတ်သိဘို့ ဘိနပ်စီးတဲ့ခြေရာတွေ ဝိဟာရေ ကျောင်းအတွင်း သိသာလေပေါင်းအသင်းတို့ အကြောင်းရင်း ဇိနပရမေရဲ့နှယ် ရှိရလေ ကံတော်နည်းသည်ဟု လွမ်းမျှော်ဆဲ မျက်ရေသုတ်ပြီးတော့ ခက်ပြီးအဟုတ် ဘုရားပျောက်ထာ အများထောက်ခါ စုံစမ်းချက် ထုံးထမ်းမပျက် ရည်စူးကာဖြင့် ခက်ပြီးအဟုတ် ဘုရားပျောက်ထာ အများထောက်ခါ စုံစမ်းချက် ထုံးထမ်း မပျက်ရည်စူးကာဖြင့် ကျီးကုန်းရွာအများအခွင့် ဘုရားပင့်သည့် အခါပွဲတွင် လာတာလဲအများရိပ်မိ ဘာသာကွဲကုလားတိတ္ထိ စကားချိတ်သည့် သူ့နည်း နှင့် ဘူးကြီးသား ငလွန်းမောင် တကျွန်းထောင် မျက်စပြစ် အထက်ကတရစ် နဖူးတော် အထူးပေါ်သည့် စိန် ကျောက် အရှိန်တောက်၍ အကောင်းမှန်ရောင်လျှံက ပတ္တမြားအစစ် ဘုရားစနစ် အခြေမတိမ်ရအောင် ရွှေချိန်ကို အကျယ်ထောက်၍ ဘယ်လောက်များ ရှိလိမ့် မတုန်း စီးစိမ်နှုန်းပြိုင်တာလို့ မဆိုင်ရာသူမေး ခုအရေး ဒိဋ္ဌဓမ္မ စိတ်သာချတော့ ယူမိရာ သူကြည့်တာအစွန်းအရောင်နှင့် ငလွန်းမောင်က အကြောင်းရင်းအပေါင်းအသင်းက ဘိုးရှိန်း ခိုးကိန်းသဟဲ့ပြု တဲစုကမောင်တင် နောင်အစဉ်အကျိတ်အခဲနှင့် အရိတ်မလွဲ ထင်ချက်ပါသောကြောင့် စဉ်လျှက်သာ (၃) တရားခံတို့ကို မုန်းမာန်အမျက်မရှိ ထုံးစံနှင့်အချက်ကြည့်လို့မို့ အဆက်သိ၍ဖွေရှာ ခြေရာကိုမှန်းဆဒေဝါ လမ်းပြ၍ စခန်းချယူမိတာ ဘူးကြီးရွာ အခြေမှန်သောကြောင့် တဧကန်ခရီးအကြား ရေကန်၏အနီးအပါး ပရမေအရဟံ အပြီးနားရော့ထင် အသီးအခြားမမြင် မညှိုးရအောင် ပလ္လင်ကျိုးနှင့်ရွှေခဲစ မြေထဲက ယူပါခေါ်သလို ဤမှာနော်တွေ့ပြန်ကြ၍ ရေကန်ကအကြီးအကျယ် တနည်းသွယ်သည့် အဆင်းအတက် အကွင်းအကွက် ခြေရာထင်သော်လည်း ရေမှာပင်ဘုရားမတွေ့ ရွာအရှေ့က မြောက်တံကား အနောက်သွားတော့ တမျိုးကြုံ ကောက်ရိုးပုံ တံခါးအတွင်းမှာ ရရားသေဋ္ဌ်နင်း အရောင်တမျိုးမထွက်ရအောင် ကောက်ရိုးမြက်တမင်ဖုံး၍ သီတင်းသုံးတော်မူနေရာကို ရှေးဦးစွာ ဘုရားမြင်ကြတော့ အများပင် ဆိုအော်ကြတာက သနားမကြင် ကိုယ်တော်ကြွပေရရဲ့ သူခိုးခေါ်မှလိုက်တော်မူ မိုက်သောသူ ကုလားအရုပ်ကို တရားအဟုတ် တနည်းကြံ၍ သီးခံတော်မူလေခြင်းလို့ ပူပြင်းသည့်သောက ဒေါမနစေတနာနှင့် ပူဇော်တာဖရိုဖရဲ ဖူးမျှော်ခါတို့မစဲ သူတော်စွာငိုပွဲမို့ ဖိုအသဲ နေမရွှင် ဘဂဝါအရှင် ဘုရားမကိုဋ်ကို မသမာတွင် ကုလားအမိုက်တို့ အားစိုက်၍ဖျက်ထာနော် လက်မတော်အဖျားဆစ် ဒါးရစ်၍ ရွှေကိုယူ နေလိုတစ်ဆူ ဘုရားဘဂဝါမို့ ရွှေကိုယ်မူသနားစာရာပ ဒါးရာချင်း ထွေးလျှက် နက်ရာနက် တိမ်ရာတိမ် ပြတ်ရာပြတ် ထပ်ခါမလပ်ရွှေယူတာမို့ ပွေ့ထူတာ ဒါယကေတို့ မွေးကြူစွာ နံ့သာရေနှင့် မဟာပရမေ သွန်းကာချိုး ဂျွမ်းသာတစ်မျိုး လှိမ့်သူလှိမ့် ပတ္တယားအငြိမ့် ဘင်ခရာ အမော်နှင့် သံဃာတော် လူရှင်အများတို့ ပူပင်တရားဖြေဆည်၍ နေခြည်ရောင် မတိုးဝေ့ရအောင် မိုးသ၍အချက်မှန် ကနက္ကဒါဏ် ထီးဖြူကာလျှက် ပင့်ယူတာအံ့စလောက် ပန်းပေါက်ပေါက် ပြင်ကြဲ ငါးရာနဲ သပြေသာ မင်းဘာ နှင့် လက်ခုပ်ကုန်း ရင်ဂါတ်ကုန်း သပိတ်မောက် စိတ်ရောက်တိုင်းဆက်သွယ် လက်ဆည် နှင့် ဇီးကုန်း ကျီကုန်း နှင့် ညောင်ပင်ဆိပ် ခေါင်းခြင်းငြိမ့်၍မခံနိုင် ဖလံကြိုင် သရက်ကောင်း လူအပေါင်း အမျိုးမျိုး သိုးပိုးရွာကို အဆုံးထား၍ အားလုံးဘုရားပင့်ယူခါ ကုဏ္ဍလာ ရေပန်းထသလို မကြေချမ်းသမျှ ကုလားအဟုတ်တမာ ဘုရားဗုဒ္ဓါ ဖျက်ဆီးကြ၍ မျက်ရည်ကနှစ်သွယ်ပြိုင် မဆယ်နိုင်အောင် ရှိကြပြန်သဖြင့် ဇိန အရဟံ အဆုံးလိုက်၍ ရုံးစိုက်သည့် ကန့်ဘလူ မတရားသူ ခင်ပွေရန်ကြောင့် သက်သေခံ ကြွတော်မူပါကြောင်း သတ္တဝါအပေါင်း ညာဏ်ယူမျှော်၍ ရန်သူတော်အစွန်းအရောင် ငလွန်းမောင် နှင့် ကုလားငရှိန်း မတရားကိန်းအစွဲပြု တဲစုက မောင်တင် နောင်အစဉ်ကြငှန်း အနေမချို့ပါသော မန်းရွှေမြို့ အမြောက်ဗုံးတန်း နောက်ဆုံးဘမ်းသည့်ဒူရဟင် ယူချင်ရာယူကောက်ဘို့ လူတယောက်အမည် ၂- ရပ် ပလီတတ်၍ စကားဆောင် ကုလားငမောင် တစ်မျိုးခေါ်သတဲ့ ရန်သူတော် ၄-ယောက် ကုလားကို ရှေ့နောက်စကား သူ့အခြေကြည့်ပြီးတော့ ဥပဒေရှိ တရားရုံးတော်က သွားအုံးနော် မောင်းတို့ ထောင်သွင်းဘို့ အပြစ်ညီ ၃-နှစ်ခံစေတဲ့ အကြံ အနေသဘောမှာမခြားဘဲ စောရကုလား ငါးယောက်အနက် စကားပျောက်ပျက်ဘို့ တညဏ်ပွေ ကြံလေသည့်ကုလားဟာမွတ် တရားရာဇဝတ် အချက်သေးရအောင် ထွက်ပြေးခါတိမ်းရှောင်၍ အရိပ်အရောင်အပြစ်မရသေးသဖြင့် ယခင်ပဋ္ဌမရေးသည့်မူဟောင်းစာ သူ့အကြောင်းပါအောင် မထည့်မသွင်း အတိအလင်း ယခုသိရဘို့ ဒုတိယပြင်ဆင်ဟန် အလျှင်အမြန်ဖမ်းခါမိသဖြင့် တငြမ်းသာသည့် ကုလားဟာမွတ် တရားရာဇဝတ် ရှေ့နောက်အတူ လေးယောက်သူလို ရုံးစနစ်မလွဲသဖြင့် သုံးနှစ်ဘဲခံရမည် အမိန့်ဒီဂရီ အစဉ်ယူ၍ ယခင်ပဋ္ဌမအပေါင်းအသင်း ထောင်တွင်းကအကုန်ထွက် တမျိုးအဆက် မကြံမစည်အောင် ကမ္ဘာတည်ပုံ ဗြဟ္မာအစ မဟာသမတအနွယ်အဆက် တကယ်မပျက်မျိုးနွယ်အလာ ကိုးကွယ်တာက အမျိုးကောင်းအစစ် ကျိုးကျောင်းစနစ် ဘုရားဝဋ်တော် နားမချွတ်ချော်ဘို့ အကြောင်းပြန် နောက်တဖန် မဖျက်ဆီးရအောင် ဖွဲ့ယှက်အသီး အခန့်အခိုင် သံချိုင့်သံတိုင် ရံခရှိသည့် ဂန္ဓကုဋိနှင့် တံခါးမင်းတုံး ဘုရားသီတင်းသုံးဘို့ စံကျောင်းတော် မြန်အပေါင်းအဖော် မိတ်ဆွေများတို့ စိတ်နေတရား ယခုလိုမျှော်၍ ကုသိုလ်တော်အပြီးရောက်ပါပြီ ချီးမြှောင်ရန်တဆင့်တိုးပြီးလျှင် တင့်ဖြိုးခါ သဒ္ဓါသန်လျှက် ရတနာဖလ်မှန်စီချယ်ကာဖြင့် တကယ်ကြည်စရာ နတ်ဖန်သ, သလို မြတ်အရဟံသန အမူကိုရော်၍ ကုသိုလ်ပျော်ပျော်ပါဝင်ကြပါမည်ကြောင်းသဘောကောင်းအညီ လဇ္ဇိပေသလ သိက္ခာကာမ ဖြစ်တော်မူပါသော ငါးရာနဲမြို့အရှေ့ပြင် ရွှေဥမင်ဆရာတော် " ဦးကုသလ " က ဒုတိယပြင်ဆင်ချက် မိန့်မြွက်စေခိုင်းတော်မူသည့်အလျောက် သပိတ်မောက်ဆရာတစ်ဦးက မသိဘူးသူတို့ နည်းလည်ရအောင် ကြားသိသမျှ အများချမ်းသာဘို့ နားတန်ဆာပြုလိုက်ပါသည်။
( ရှေးမူအတိုင်း )
ပါးစပ်စာစီ - ဆရာထယ်
သပိတ်မောက်ရွာ
===============================
မူရင်းစာရွက်ထဲကတိုင်း ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ စကင်ဖတ်ထားတဲ့ ပုံနှစ်ပုံအပြည့် မပါဘူးဖြစ်နေတယ်။ နောက်မှပြန်တင်လိုက်ပါ့မယ်။ သမိုင်းကြောင်း ၊ အကြောင်းရာ ၊ ရေးဖွဲ့မှုအပေါ် ဘာထင်မြင်ချက်မှမပေးလိုသေးပါ။ ရေးထားတဲ့စာဟာ လေးချိုးလား ၊ သံပေါက်လားဆိုတာတောင် သေချာမသိပါ။ ရှင်းရှင်းပြောတော့ အဲဒိဘက်မှာအားနည်းတယ်။ စကားပြေအဖြစ်ပြန်ရေးဖို့ လောလောဆယ်တော့ စိတ်မပါသေးဘူးဖြစ်နေတယ်။
ခိုးယူခံရပြီးနောက် တွေ့ရတဲ့ ဘိုးတော်ဘ မြတ်စွာဘုရား ရုပ်ပွါးတော်
အဖိုးတန်ကျောက်မျက်ရတနာ တစ်ခုမှမကျန်တော့သလို သေချာကြည့်တဲ့အခါ အက်ကွဲကြောင်းတစ်ခုတွေ့ရပါတယ်။
![]()