+ pmjyefNyD; qufa&;zdkU
Page 1 of 13
1 2 3 11 ... LastLast
Results 1 to 10 of 123

Thread: [mm]aysmufuG,fysufpD;oGm;awmhrnfh a&S;a[mif;vuf&mrsm;[/mm]

  1. #1
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default aysmufuG,fysufpD;oGm;awmhrnfh a&S;a[mif;vuf&mrsm;

    ဒီတစ်ခေါက် မိဘတွေ ကန်တော့ဖို့ အလည်ပြန်သွားတဲ့ ခရီးစဉ်တစ်လျှောက် ဒီနေရာတွေ ရောက်ခဲ့တယ်။
    ၁။ ရန်ကုန်
    ၂။ မန္တလေး
    ၃။ ရွှေဘို
    ၄။ ပဲခူး
    ၂၁ ရက်ကြာတဲ့ ခရီးစဉ်တစ်လျှောက်မှာ ဘုရားပျက် ၊ စေတီပျက် ၊ ဘုရားခေါင်းချိုး ၊ အုတ်ကျောင်းပျက် ၊ ပျက်ဆီးနေတဲ့ နံရံဆေးရေးပန်းချီ ၊ ပြိုပျက်နေတဲ့ သာသနိက အဆောက်အုံ၊ ကျောက်စာ စတာတွေကို မြင်ရတဲ့အခါ မယုံကြည်နိုင်လောက်အောင် စိတ်ပျက်ရတယ်။ အထောက်အထား နှင့် ပြောလို့ရအောင် ဓာတ်ပုံရိုက်ယူလာတယ်။ ဒီခရီးစဉ်မှာ မြင်ခဲ့ရတဲ့ အရာတွေအားလုံးဟာ မထိန်းသိမ်းဘဲ ဒီလိုသာပစ်ထားမယ်ဆိုရင် နောက်သုံးနှစ်အကြာမှာ ထပ်ပြီးမြင်ရဖို့ မသေခြာတော့ပါ။ ဓာတ်ပုံပေါင်း နှစ်ထောင်ကျော် သုံးထောင် လောက်ရိုက်ယူလာခဲ့ပါတယ်။

    ရှေးဟောင်း အဆောက်ဦး ၊ ဘုရား ပုထိုး နှင့် ဘုရာဆင်းတုတွေရှိရာ ရွာတွေကို သွားပြီးလေ့လာတဲ့အခါ အရာရှိ တစ်ယောက်ကလိုက်ပို့လေ့ရှိလို့ ဓာတ်ပုံရိုက်ယူရမှာ အဆင်ပြေပါတယ်။ ကျောင်းထိုင် ဆရာတော်တွေကလည်း လိုလိုလားလား လိုက်ပြ ၊ ထုတ်ပြကြတော့ ပိုပြီးအဆင်ပြေပါတယ်။ အများလေ့လာဖို့ အခါအခွင့်သင့်သလို တင်ပါမယ်။

    ရောက်ခဲ့တဲ့ ဘုရားပုထိုးတွေရဲ့နေရာ အတိကျအသေးစိတ်ကို မဖော်ပြတော့ပါ။ ဘာဖြစ်လို့ဆိုတော့ တချို့ ဘုရားပျက်တွေဟာ လူသူအရောက်ပေါက်နည်းပြီး အတွင်းထဲမှာ အကောင်းပကတိအတိုင်းရှိနေသေးတဲ့ ရှေးဟောင်း ဘုရားဆင်းတုတော်တွေ ကျန်နေသေးလို့ ဖြစ်တယ်။ ကိုယ်ရေးလိုက်တဲ့ အချက်လက်တွေ ဘုရားခိုးဂိုဏ်း နှင့် သိုက်သမားတွေဆီရောက်သွားမှာမျိုး မလိုလားပါ။

    ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူအချို့ဟာ ဘုရားဖူးအဖြစ် လှည့်လည်နေပြီး ရောက်ရာအရပ်ကို သေချာမှတ်တယ်။ လိုချင်တဲ့ ဘုရားဆင်းတုတွေကို ဓာတ်ပုံရိုက်ယူလာလေ့ရှိတယ်။ နောက်ပြီးတော့မှ ဘုရားခိုးဂိုဏ်း တွေကို နေရာဒေသ နှင့် လိုချင်တဲ့ဘုရားဆင်းတုဓာတ်ပုံ အချက်လက်တွေပေးပြီး ခိုးယူခိုင်းလေ့ရှိတယ်။ တချို့ ဘုရားခိုးသူတွေဟာ ဘုရားဆင်းတုရှိရာ ဘုန်းကြီးကြောင်းတွေမှာ နှစ်ပေါက်တဲ့အထိ ဘုန်းကြီးဝတ်ပြီးအခွင့်ခါ စောင့်နေတတ်တယ်။

    ဘုရားခိုးသူတွေထဲမှာ ဘာသာခြား ပါသလို ဗုဒ္ဓဘာသာဝင်တွေ တွေလည်း ၊ ပါတယ်။ မြန်မာနိုင်ငံသားတွေပါသလို နိုင်ငံခြားသားတွေလည်းပါတယ်။ ပညာမဲ့သူတွေပါသလို ခေတ်ပညာတတ်တွေလည်းပါတယ်။ ရွာသားတွေ ပါသလို ရွာစားတွေလည်းပါတယ်။ ငမြောက်ငခြောက်တွေပါသလို ပေါက်ပေါက် ရောက်ရောက်တွေလည်းပါတယ်။

    ဒီလို ရှေးဟောင်းပစ္စည်းတွေနှင့် သာသနိက ဆိုင်ရာအဆောက်အုံတွေ ပျောက်ပျက်ရာမှာ ရှေးဟောင်းသုတေသန ဌာနကိုချည်း အပြစ်တင်နေမယ်ဆိုရင်တော့ မတရားပါ။ သာမန်လူတွေမှာလည်း ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ သာမန်လူဆိုရာမှာ ဗုဒ္ဓဘာသာဝင်တွေကိုချည်းပြောနေခြင်းမဟုတ်ပါ၊ ဘာသာခြားတွေလည်းပါ ပါတယ်။

    ဘယ်ဘာသာကိုဘဲ ကိုးကွယ်ကိုးကွယ် ၊ ဘယ်အရပ်မှာဘဲနေနေ ၊ ဘာလူမျိုးဘဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအားလုံးကို တလေးတစားထိန်းသိမ်းဖို့တာဝန်ရှိတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ ဆိုရာမှာ ဘာသာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ကိုကိုယ်စားပြုတယ်။ ငါ့ဘာသာ မဟုတ် ၊ ငါတို့ဒေသမဟုတ် ၊ ငါတို့လူမျိုးနှင့်မဆိုင် ဆိုပြီး ဖာသိဖာသာ နေမယ်ဆိုရင် ဒါဟာနိုင်ငံသားမပီသ လူသား မပီသတာပါဘဲ။

    ထိုင်းနိုင်ငံက ရုပ်ရှင်ကားတစ်ကားမှာ ဘုရားခိုးတဲ့သူတွေဟာ ဆင်းတုတော်တစ်ခုလုံး မသယ်နိုင်တဲ့အခါ ဦးခေါင်းချိုးယူသွားတာကြည့်ရတယ်။ မြန်မာပြည်မှာလည်းဒီအဖြစ်မျိုးရှိနိုင်တာပါဘဲ။ အားအားရှိ ဘုရားရေလောင်းတဲ့ လူတွေ ၊ ရောင်တော်ဖွင့်တဲ့လူတွေကြောင့် ရုပ်ပွါးတော်မှာ ရေးထားတဲ့စာတန်း ပျက်သွားတာမျိုး မတော်တဆ ထိခိုက်မိပြီး ပျက်ဆီးရတာမျိုးလည်းရှိတယ်။ အဖိုးတန် ရှေးလက်ရာ ရုပ်ပွါးတော်တွေကျိုးပျက်ရတဲ့ အခြားအကြောင်းရာတွေလည်းရှိပါသေးတယ်။

    စစ်ကိုင်းအထွက်နားက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုဝင်ဖြစ်တယ်။ ဘုရားဝင်းထဲလျှောက်ပတ်ကြည့်တဲ့အခါ ပစ္စည်း အကျိုးပဲ့တွေစုပုံထားတဲ့ နေရာကိုရှာတွေ့တယ်။ ဘုရားခေါင်းကျိုး ၄ ခုတွေ့ တယ်။ လက်အုပ်ချီနေဟန် ရဟန်းရုပ် တစ်စုံ တွေ့တယ်။ တစ်ခုက အကောင်းပကတိ၊ အခြားတစ်ရုပ်ကတော့ ခေါင်းကျိုးနေပါပြီ။ ကျောက်ဖြူသားနှင့် ထုဆစ်ထားတာမို့ ကျိုးလွယ်တယ်။ တစ်ခုခုနှင့် အတော်အတန် ထိခိုက်မိရင်ဘဲ လည်ပင်း ၊ လက်ချောင်း စတဲ့နေရာတွေဟာ အလွယ်တကူကျိုးပဲ့သွားနိုင်ပါတယ်။

    ရုပ်ပွါးဆင်းတုကို ဆေးကြောသန့်စင်ရင်း ဖြစ်ဖြစ် တစ်နေရာကနေ နောက်တစ်နေရာရွှေ့ရင်းဖြစ်ဖြစ် မတော်တဆ လွတ်ကျတဲ့အခါ ခုလိုအလွယ်တကူဘဲပျက်ဆီးသွားလေ့ရှိတယ်။ ထုံးစံအတိုင်း ဘုရားရုပ်ပွါးတော်မှာ အနာအဆာ အကျိုးပဲ့ဖြစ်နေရင် ဘယ်လောက်ရှေးကျတဲ့ ပစ္စည်းဖြစ်နေပါစေ အမြင်မသာဆိုပြီး ချောင်ထဲပစ်ထားလိုက်တော့တာပါဘဲ။

    ရွှေဘိုအနားက ရွာသုံးရွာရောက်ခဲ့တယ်။ လူသူအရောက်ပေါက်နည်းတဲ့နေရာတွေမှာ ကုန်းဘောင်ခေတ်ဦး ဗိသုကာလက်ရာဟန် စေတီပျက်တွေအတော်များများတွေ့တယ်။ ဘုရားပတ်လည်နှင့် အတွင်းမှာရှိတဲ့ ကျောက်ဖြူ ၊ ယွန်း နှင့် သစ်သား ရုပ်ပွါးတော် အတော်များများကို ခေါင်းကျိုးပြီး မြေပြင်ပေါ်ပြန့်ကြဲနေတာမြင်ခဲ့ရတယ်။

    အခြားရွာတစ်ရွာက ဂူဘုရားပျက်တစ်ခုရဲ့ မဲမှောင်နေတဲ့ ဂူထဲကိုဝင်ပြီး ဓာတ်မီးထိုးလိုက်တဲ့အခါမှာတော့ မယုံကြည်နိုင်လောက်အောင် ဘုရားခေါင်းကျိုးအတော်များများစုပုံထားတာကို မြင်လိုက်ရတယ်။ ပထမတော့ ဘုရားသူခိုးတွေက ခေါင်းတွေချည်း ရိုက်ချိုးယူသွားတယ်လို့ ထင်နေပေမယ့် ကျိုးနေတဲ့ခေါင်းတွေကို မြေပြင်ပေါ်မှာတွေ့လိုက်ရတော့ ဘာကြောင့် မှန်းစဉ်စားမရပါ။ ဘုရားခိုးတွေရဲ့လက်ချက်မဟုတ်ဘဲ ဘာသာခြား ဆိတ်ကျောင်းသား ၊ နွားကျောင်းသားတွေ ရန်လိုတတ်တဲ့ စိတ်နှင့် ရိုက်ချိုးဖျက်ဆီးပစ်လေ့ရှိကြောင်း အတူပါလာတဲ့ အရာရှိတစ်ဦးက ပြောပြတဲ့အခါ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။

    ကြေး၊ သံ ၊ခဲမဖြူ နှင့် အခြားသတ္တု တွေရောကျိုပြီး ပုံဖော်ထားတဲ့ ရွှံ့စေးမြေ ဒါမှာမဟုတ် ဖယောင်းခွက်ပေါ် သွင်းလောင်းပြီး လိုရာအရုပ်ကိုပုံဖော်ယူတဲ့အလေ့ အင်းဝခေတ်မှာတော့ လူကြိုက်များပါတယ်။ အဲဒီ ရုပ်ပွါးတော်တွေဟာ လက်ရာကြမ်းပြီး အရွယ်ငယ်တယ်။ တတ်နိုင်တဲ့လူတွေကြပြန်တော့ ဒီလိုသေးငယ်တဲ့ အရုပ်လေးတွေကို ရွှေရည်လူးတတ်ကြတယ်။ ဘုရားစေတီ ဆောက်လုပ်ပြီးတဲ့အခါ ရွှေငွေလက်ဝတ်ရတနာတွေနှင့်အတူ အထက်ဌာပနာတိုက်မှာ ထည့်သွင်းပူဇော်လိုက်လေ့ရှိတယ်။ ဒါကြောင့် တချို့ဘုရားခိုးသူတွေဟာ စေတီတွေရဲ့အထက် ဌာပနာတိုက်တွေကို အလွယ်တကူဖောက်ယူလေ့ရှိတယ်။

    အချို့ ဘုရားတွေကြပြန်တော့ နှစ်ပေါင်း အတော်ကြာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးလာတယ်။ ရာသီဥတုဒါဏ်ကြောင့် အထက်ဌာပနာတိုက်ရှိတဲ့ စေတီအထက်ပိုင်းက အုတ်ချပ်တွေဟာ တဖြေးဖြေးခြင်း ကျိုးပဲ့ပြီးနောက် ဌာပနာပစ္စည်းတွေလည်းမြေခရပါတော့တယ်။ အဖိုးတန်တဲ့ ရွှေ ၊ ငွေတွေကို တန်ဖိုးထားပေမယ့် လက်ရာကြမ်းတဲ့ သတ္တုရုပ်ကလေးတွေကိုတော့ဖြင့် အရေးတယူမရှိပါ။

    ရွှေဘို ကားလမ်းဘေးက ရွာတစ်ရွာမှာ ကုန်းဘောင်ခေတ်ဦးလက်ရာဟန် အုတ်ကျောင်းပျက်တစ်ခုတွေ့လို့ဝင်တယ်။ အလှူရှင်က အုတ်ကျောင်းနှင့် အတူ ခေါင်းလောင်းကိုပါလှူတယ်။ ရေအတွက် ကျောင်းဘေးမှာ ကန်တူးပြီးလှူတယ်လို့ ခေါင်းလောင်းစာမှာ ဖတ်ရတယ်။ အုတ်ကျောင်းဘေး ကပ်ရက် ဂူဘုရားနှစ်ဆူတွေ့တယ်။ အလှူရှင်ဘယ်သူမှန်းသေချာ မသိရ။ ဂူဘုရားနှစ်ခုစလုံး ပြိုကျနေပြီ။ ဂူအတွင်းမှာ ထိုင်တော်မူ ရုပ်ပွါးဆင်းတု ထုလုပ်ထားပေမယ့် တစ်ဂူမှာဘဲကျန်တော့တယ်။ သူ့အရင် ကျောင်းထိုင် ဆရာတော်ဟာ ကျောင်းဆောင်အသစ်ဆောက်ရာမှာ အုတ်လိုနေလို့ ပျက်နေပြီဖြစ်တဲ့ အုတ်ကျောင်းနံရံကို ဖြိုပြီး အုတ်ယူတယ်လို့လက်ရှိ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ ရှေးဟောင်းအဆောက်ဦးကို တတ်နိုင်သလောက်မပြင်ဘဲ အုတ်လိုချင်လို့ ဖျက်ပြီးယူတာတော့မကောင်းပါ။ လက်ကျန် နံရံကို ဓာတ်ပုံရိုက်ယူလာတယ်။

    ရွှေဘိုအနီးတဝိုက်က ရွာတွေမှာ ပျက်ဆီးနေတဲ့ ရှေးဟောင်း ဘုရားစေတီ ၊ ဂူဘုရား ၊ ကျောင်း စတဲ့ သာသနိက အဆောက်အုံတွေ အရေတွက်အတော်များများတွေ့ရတယ်။ ဒါတွေအကုန်လိုက်ပြင်မယ်ဆိုရင်လည်း သိန်းထောင်ပေါင်းများစွာကုန်ပါမယ်။ အနီးနားမှာနေကြတဲ့ ရွာသူ ရွာသား ၊ မြို့သူ မြို့သားတွေကတော့ အဟောင်းကို ပြုပြင်ဖို့ထက် အသစ်တည်ပြီးလှူဖို့သာ စိတ်အားသန်ကြတယ်။ သူတို့ အမြဲလုပ်ဖြစ်တာက နှစ်စဉ် နှစ်တိုင်း ဂူဘုရားတွေရဲ့အတွင်းအပြင်ကို ထုံးသုတ်ပစ်တာပါဘဲ။ ထုံးသုတ်တဲ့ရက်စွဲကို နံရံမှာရေးခဲ့လို့ နှစ်တိုင်းသုတ်မှန်း သိရတယ်။ အတွင်းဂူ နံရံမှာ ရေးထားခဲ့တဲ့ ဆေးရေးပန်းချီတွေ ဘာမှမမြင်ရတော့ပါ။ စုတ်တံ မရောက်နိုင်တဲ့ နံရံခပ်မြင့်မြင့်တွေမှာ ရေးရေးမြင်နေရသေးတဲ့အတွက် အရင်က ဒီနံရံမှာဆေးရေးတွေရှိပါလားဆိုပြီးသိရတယ်။

    နောက်တစ်ရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကတော့ အနီးနား ဘုရားပျက်တွေ ရုပ်ပွါးဆင်းတုတော်တွေ ဂရုတစိုက် ကောက်ယူထိန်းသိမ်းထားတယ်။ သို့သော် ပေစာ ၊ ပုရပိုဒ်စာတွေကိုတော့ဖြင့် စိတ်ဝင်စားဟန်မတူပါ။ သေတ္တာကြီးတစ်လုံးထဲမှာ ပိုးကိုက်ပျက်ဆီးတဲ့အထိ စုပုံထည့်ထားတယ်။ ဖြစ်သလို ထည့်ထားတဲ့အတွက် စာတွေအားလုံးဟာ ရှေ့နောက်အစီစဉ်တကျမရှိတော့ပါ။ ဖောက်ဖွင့်ပြီး ဖတ်ကြည့်တော့ ဆက်စပ်လို့ မရနိုင်တဲ့ ဗေဒင် ကျမ်း ၊ အင်းကျမ်း တချို့နှင့် ပိဋကတ်စာတွေ တွေ့တယ်။ ကျောင်းထိုင်ဆရာတော်ကို မေးလျှောက်ကြည့်တော့ အရင်ကတော့အများကြီး ၊ သို့ပေမယ့် တချို့ စာတွေကို လူတွေက ငှါးပြီးပြန်မပို့လို့ ဒါဘဲကျန်တော့တယ်လို့ မိန့်တယ်။ ဒီလိုစာတွေဟာ ပြတိုက်မှာရှိနေမယ်ဆိုရင် လေ့လာလိုသူတွေအတွက်အကျိုးများပါမယ်။

    ကျောက်ပြားပေါ် မြတ်စွာဘုရား ခြေတော်ရာအသေးစိတ်ကို ထွန်းထုထားတဲ့ ကျောက်စစ်လက်ရာတစ်ခုကို ဘုန်းကြီးကျောင်း ဝင်းထဲက သရက်ပင်ခြေရင်းမှာ ထောင်ထားတာတွေ့တယ်။ ကုန်းဘောင် ခေတ်ဦးပိုင်းလက်ရာဟန်ဖြစ်ပြီး သုံးပိုင်းကျိုးသွားတာဖြစ်နိုင်တယ်။ အကျိုးနှစ်ပိုင်း ထောင်ထားတာတွေ့ပြီး ကျန်တစ်ပိုင်း ဘယ်ရောက်သွားလဲမသိပါ။ သဲကျောက်အမျိုးစားဖြစ်တဲ့အတွက် ဓားသွေးကျောက် လုပ်လိုက်လားမပြောတတ်ပါ။ ဒါဟာလည်း တန်ဖိုးကြီး ရှေးလက်ရာဖြစ်လို့ ကျန်နေသေးတဲ့ အကျိုးနှစ်ခုဟာ သရက်ပင်ခြေရင်းမှာမဟုတ်ဘဲ ပြတိုက်မှာသာရှိနေသင့်တယ်။

    ကုန်းဘောင် ခေတ်ဦးပိုင်းမှာ တည်ထားလှူဒါန်းခဲ့တဲ့ ဘုရားတွေကို ချုံပြောရရင် ဂူဘုရား နှင့် စေတီ ဆိုပြီး နှစ်မျိုး ရှိတယ်။ စေတီက အောက်ခြေမှာ ဂူ မပါ။ ဂူဘုရားက အောက်ခြေမှာ ဂူပါပြီး ဝင်ပေါက် သုံးပေါက်ရှိတယ်။ ဂူတွင်းမှာ အများအားဖြင့် ထိုင်တော်မူ ရုပ်ပွါးဆင်းတုတွေကို သစ်စေးမံ ဘုရား ၊ သစ်သား သစ်စေးသုတ် ၊ စကျင်ကျောက် စတာတွေနဲ့ ထွင်းထုပူဇော်လေ့ရှိတယ်။ ရုပ်ပွါးဆင်းတု မျက်နှာမူရာ ရှေ့တည့်တည့်ဟာ အဓိကဝင်ပေါက်ဖြစ်ပြီး ဘေးနှစ်ဘက်ဝင်ပေါက်တွေထက် ကျယ်ဝန်းပြီး ဂူအတွင်းပိုင်းကို လေဝင်လေထွက်ကောင်းစေတယ်။ အလင်းရောင်ရစေတယ်။

    စေတီ ဘုရားတွေရဲ့ အပြင်ပိုင်းကိုယ်ထည်ဟာ အများအားဖြင့် ရိုးရှင်းပြီး ထောင့်ချိုး နေရာတွေမှာသာ အင်္ဂတေ ကနုတ်ပန်း ပုံဖော်တာကိုတွေ့ရတယ်။ စေတီ ဘုရား ထောင့်လေးထောင့်မှာဘဲဖြစ်ဖြစ် ၊ အဝင်ပေါက် ဘေးတဘက်တချက်စီမှာဘဲဖြစ်ဖြစ် ခြင်္သေ့ ရုပ်ထားလေ့ရှိတယ်။ စေတီ ဘုရား တစ်ခုလုံး အတွင်းပြင် တည်ဆောက်ပြီးချိန်မှာတော့ ဘေးပတ်ပတ်လည်မှာ အုတ်နှင့် အရန် တံတိုင်း ခတ်လေ့ရှိတယ်။ ခပ်လှမ်းလှမ်း နေရာမှာတော့ ရေ အဆင်ပြေစေဖို့ရာ ကန် လည်းတူးခဲ့သေးတယ်။ ခုတော့ အနီးနားက လူတစ်ချို့ ဘုရားမြေ ၊ ဘုရားတံတိုင်း အတွင်းကိုပါ ကျူးကျော်တာမျိုးလည်း တွေ့ ခဲ့ရတယ်။

    ရှိခိုးဆောင်ကို ကျွန်းလုံးတိုင်တွေနဲ့ဆောက်ပြီး တိုင်ခြေကနေ လူမြင် သာလောက်တဲ့အမြင့် လောက်မှာ သစ်စေးနှင့် ရုပ်ကြွပုံဖော်ပြီး ရွှေရည်သုတ်ထားတဲ့ လက်ရာတွေကို ရွှေဘို ရွှေတန်ဆာဘုရား မှာတွေ့တယ်။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် ဇာတ်နိပါတ်တော်တွေကို အသေးစိတ်ပုံဖော်ထားတာဖြစ်လို့ အနုစိတ်ပြီး လက်ရာသိပ်ကောင်းတယ်။ ဒီလိုအနုပညာလက်ရာမျိုး နေရာတိုင်းမှာမတွေ့နိုင်ပါ။ စိတ်ပျက်စရာကောင်းတာက အဲဒိမှာရှိတဲ့ ဘုရားဂေါပက။ ခန့်မှန်း နှစ်တစ်ရာလောက်ရှိပြီဖြစ်တဲ့ သစ်စေးရုပ်ကြွလက်ရာတွေရှိတဲ့ တိုင်းလုံး ပတ်ပတ်လည်ကို ပစ္စည်းပေါင်းစုံချိပ်ဖို့ ၊ ခြင်ထောင် ထောင်ဖို့ ၊ ကြိုးတန်းဖို့ သံရိုက်ပြီး ချိတ်လုပ်တယ်။ ကြော်ငြာစာရွက်ကပ်တယ်။ အဲဒါမျိုးမလုပ်ရဘူး ရှေးလက်ရာတွေကို ဖျက်ဆီးမိရက်သား ဖြစ်တတ်တယ်လို့ ပြောတဲ့အခါ မကြားဟန်ပြုတယ်။ လိုက်ပို့တဲ့အရာရှိမျက်နှာကြောင့် ပစ္စည်းစုံအောင်လိုက်ပြတာရယ်။ တိုင်လုံးတွေကို ဓာတ်ပုံရိုက်တဲ့အခါ ချိတ်ထားတဲ့ ပစ္စည်းဖြုတ်ပေးတာရယ်ကြောင့် အဲဒိဂေါပကကို ကျေးဇူးတင်ရပါမယ်။

    မောင်လင်း ( ရှေးမြန်မာ )
    ဒီစာနဲ့ အတူတင်ထားတဲ့ ပုံတွေကြည့်ချင်ရင်တော့ http://ancientmyanmar.blogspot.com/ သွားကြည့်လိုက်ပါဗျာ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  2. #2
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us


    လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ရှေးဟောင်းသုတေသန နှင့် ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာဖြစ်တယ်။ အင်္ဂလန်၊ ပြင်သစ် ၊ ဂျာမနီ ၊ အမေရိကား စတဲ့ပြတိုက်တွေက ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာစဉ်ကတည်းက မြန်မာစဥ့်ထည်တွေကို မကြာခဏတွေ့ရလေ့ရှိတယ်။ နိုင်ငံတကာက ပြတိုက်တွေမှာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ထည်တွေအကြောင်းကတော့ဖြင့် လူပြောသူပြောများသလို လူသိလည်းများပါတယ်။

    ၁၅ ရာစု မွန်လက်ရာဟန် စဥ့်ထည်တွေအကြောင်းပြောတဲ့အခါ ပဲခူး ရွှေဂူကြီးဘုရားတည်ဆောက်စဉ် စေတီပတ်လည်ကို စဥ့်ထည်တွေ နှင့်အလှဆင်ထားကြောင်းဖတ်ရလေ့ရှိသော်လည်း ဘုရား ပန္နက်ပုံ အကြောင်းပြောလေ့မရှိပါ။ ပဲခူး ရွှေဂူကြီး ဘုရားကို ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံ မဟာဗောဓိ ပုံစံကိုယူထားတာဖြစ်တယ်။ အလှူရှင် ဓမ္မစေတီမင်း ကိုယ်တိုင် ပုဂံကိုသွားရောက်လေ့လာပြီးမှ သတ္တဌာန အပါဝင် မဟာဗောဓိ ပုံစံတူကို ကိုယ်တိုင်ကြီးကျပ်တည်ဆောက်စေတာဖြစ်တယ်။ တချိန်တည်းမှာဘဲ ခေတ်ပြိုင် ယိုးဒယား ချင်းမိုင်ဘုရင် တိလောကရာဇာ(၁၄၄၁-၁၄၈၉) ကလည်း မဟာဗောဓိ ပုံစံတူ (Wat Cet Yot) ကို ချင်းမိုင်မှာ တည်ဆောက်ခဲ့တယ်လို့ ပြည်ပမှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန် တက္ကသိုလ် စာတမ်းတစ်စောင်မှာ ဘုရားတည်တဲ့ ခုနှစ်ကို ၁၄၇၉ လို့တွေ့တယ်။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာ မှာတော့ ၁၄၇၉ ခုနှစ်ကို သတ္တဌာနစတင်တည်ဆောက်တဲ့ခုနှစ်အဖြစ်တွေ့ရတယ်။ ကျောက်စာကိုအတည်ယူပြီးပြောမယ်ဆိုရင် မူလ မဟာဗောဓိ ပုံစံတူ ဘုရားပြီးမြှောက်မှသာ သား သမီး ချွေးမ သမက် အမတ် တွေကို သတ္တဌာနအရံတည်ဆောက်စေတာဖြစ်လို့ မူလဘုရား ဟာ ၁၄၇၉ မတိုင်ခင်တည်ပြီးဖြစ်ဖို့များမယ်။ ပိုင်ပိုင် နိုင်နိုင်မပြောရဲသေးပါ။

    ရှင်းရှင်းပြောရရင် ပဲခူးရွှေဂူကြီးအကြောင်း ဘာမှသေချာမသိပါ။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာကို လေ့လာတဲ့အခါ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ဘုရားတွေထဲမှာ ရွှေဂူကြီး ဆိုတဲ့ ဘွဲ့အမည်မပါ။ ၁၉၃၉-၄၀ ရှေးဟောင်းသုတေသနဌာနခွဲ နှစ်ချုပ်အစီရင်ခံစာထဲမှာပါတဲ့ မဟာဗောဓိကျောက်စာကို ဒီရွှေဂူကြီးဘုရားဝင်း အနောက်တောင်ထောင့်မှာတွေ့ရတယ်။ အနီးနားပတ်ဝန်းကျင်မှာတော့ သတ္တဌာန လို့ယူဆနိုင်ဆရာရှိတဲ့ မုစလိန္ဒာ စေတီအပါဝင် အပျက်စီးပုံတွေတွေ့တယ်။


    ပြည်ပမှာလူပြောသူပြောများလွန်းတဲ့အတွက် ပျက်စီးပြိုကျနေတဲ့ အုတ်ပုံကြီးအဖြစ်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါ။ ၁၉၃၀ ပဲခူးငလျှင်ဒါဏ်ခံလိုက်ရတဲ့ သာသနိက အဆောက်အုံတွေထဲမှာ ရွှေဂူကြီးဘုရားလည်းလွတ်မယ်မထင်ပါ။ ငလျှင်ဒါဏ်ခံပြီးကတည်းက နောက်ပိုင်းဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားတယ်ထင်တာဘဲ။ မဟာဗောဓိကျောက်စာ အပါဝင်အခြားကျောက်စာတွေကို ကျောက်စာရုံငယ် ဆောက်လုပ်ပေးထားပေမယ့် မိုးကောင်းတဲ့ဒေသဖြစ်တဲ့အတွက် မိုးတော့ လုံမယ်မဟုတ်ပါ။ ကျောက်စာမျက်နှာပြင်ဟာ ရာသီဥတုဒါဏ်ကြောင့် ရေးထားတဲ့စာဟာ မပီပြင်တော့ဘဲ အချို့နေရာမှာ ခပ်ဝါးဝါးသာကျန်ပါတော့တယ်။ ပြတိုက်လိုနေရာမျိုးမှာ ရွှေ့ပြောင်းမထားနိုင်ရင်တော့ သမိုင်းဝင်ကျောက်စာဟာ ရေးထားတဲ့စာတွေပျောက်ပြီး သာမန်ကျောက်ပြား အကြီးစားတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ကျောက်စာပါ မှတ်တမ်းစာတွေဟာ ပုံနှိပ်စာအုပ်အဖြစ်ရှိပြီးဖြစ်ပေမယ့် သုတေသန မူလရင်းမြစ် ( Primary Source ) အဖြစ် အင်မတန်အရေးပါပါတယ်။

    ရွှေဂူကြီးကျောက်စာရုံထဲမှာ ထိန်းသိမ်းထားတဲ့ အရွယ်စားကြီးမားတဲ့ မြန်မာကျောက်စာတိုင်တွေ အပါဝင် အင်္ဂလိပ် ၊ ပြင်သစ် ၊ ပေါ်တူကီဘာသာ ကျောက်စာတချို့တွေ့တယ်။ ဘုရားခေါင်းကျိုး ၃-၄ ခုတွေ့တယ်။ သစ်သားလှေနှစ်စင်းတွေ့တယ်။ စိတ်ဝင်စားစရာဖြစ်ပေမယ့် အချိန်မလောက်တာကတစ်ကြောင်း ၊ ကျောက်စာရုံသော့ကိုင်ကို အနီးနားမှာရှာမရတာကတစ်ကြောင်း လေ့လာဖို့အခွင့်မသာခဲ့ပါ။

    ပဲခူး ရွှေဂူကြီးဘုရား ပန္နက်ပုံ ရှေးမှတ်တမ်းနှင့် ဓာတ်ပုံတွေရှိရင် ဝေမျှကြပါဦး။

    =============================

    စောရီး ။ အခုမှပုံတွေ စမ်းတင်ကြည့်နေတာ ။ မနေ့က ပုံကြီးဘဲ ပိုစ်တက်သွားမှန်း မသိလိုက်ဘူး ။
    Last edited by mrlynn; 12-11-2010 at 03:08 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  3. #3
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ပဲခူး ရွှေဂူကြီးဘုရားဝင်းအတွင်းက ကျောက်စာရုံငယ်တွေပါ။ ကျောက်စာတွေကို အနီးကပ်ကြည့်တဲ့အခါ ဖတ်မရတာကများတယ်။



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  4. #4
    VIMC r[m;',m; Cupid   mokenlay is on a distinguished road mokenlay's Avatar
    Join Date
    Feb 2007
    Location
    Thailand
    Posts
    6,307
    Thanks
    112,475
    Thanked 215,631 Times in 6,320 Posts

    Default

    ကိုလင်းရဲ့ သရဒ်ထဲမှာ ၀င်ရှုပ်တာတော့မဟုတ်ပါဘူး၊ နှမြောစရာကောင်းအောင် ပြိုပျက်နေတဲ့ နာမည်ကျော် ပဲခူးရွှေဂူကြီးဘုရားအကြောင်း ဖတ်ရင်း တစ်ခုကို သွားသတိထားမိလို့ပါ။

    ပဲခူး ရွှေဂူကြီး ဘုရားကို ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံ မဟာဗောဓိ ပုံစံကိုယူထားတာဖြစ်တယ်။ အလှူရှင် ဓမ္မစေတီမင်း ကိုယ်တိုင် ပုဂံကိုသွားရောက်လေ့လာပြီးမှ သတ္တဌာန အပါဝင် မဟာဗောဓိ ပုံစံတူကို ကိုယ်တိုင်ကြီးကြပ် တည်ဆောက်စေတာဖြစ်တယ် လို့ရှိလေတော့ ဓမ္မစေတီမင်း ပုဂံရောက်ခဲ့သလားဆိုတဲ့ မေးခွန်းလေး ခေါင်းထဲပေါ်လာတယ်။

    ပုဂံဟာ အင်းဝရဲ့ ပိုင်နက်ပါ။ သရက်ကိုနယ်ခြားဆိုပြီး ခွဲလေ့ရှိတဲ့ ဟံသာဝတီ-အင်းဝ နယ်စပ်ကနေ ပုဂံဟာ သိသိသာသာကြီး မြောက်ဘက်က အလွန်ဝေးတဲ့ အရပ်မှာရှိပါတယ်။

    ကျွန်တော်ဖတ်ဖူးတဲ့ သမိုင်းစာအုပ်တွေ အားလုံးလိုလိုမှာ ဆိုထားကြတာက ဟံသာဝတီခေတ် မွန်ဘုရင်တွေထဲက ရှင်စောပုကလွဲရင် ပုဂံရောက်ဖူးတဲ့ သူဆိုလို့ ရာဇာဓိရာဇ်နဲ့ ဒုတိယဗညားရံ ပဲရှိတယ်လို့ ဆိုထားပါတယ်။ ဓမ္မစေတီမင်းဟာ တောင်ဘက်ကို ပဲခူးကနေ အတော်ဝေးတဲ့ နေရာအထိရောက်အောင် သွားရောက်ခဲ့တယ်လို့ ဆိုထားပေမဲ့ မြောက်ဘက်ကို ဆန်ပြီး အင်းဝနယ်ထဲဝင်ခဲ့တယ်လို့ မရေးထားကြပါဘူး။ ဒါပေမဲ့ သူ့သား ဒုတိယဗညားရံကတော့ ကြီးမားများပြားတဲ့ ရေတပ်ကြီးကို စုစည်းပြီး ဧရာဝတီမြောက်ဘက်ကိုဆန်လို့ ပုဂံကိုသွားပြီး ဘုရားဖူးခဲ့တယ်လို့ ရေးထားကြပါတယ်။

    ဒါပေမဲ့ ရွှေဂူကြီးရဲ့ ရာဇ၀င်အရ ဓမ္မစေတီမင်းဟာ ပုဂံရောက်ဖူးတယ်ဆိုတာ ထင်ရှားနေပြန်တယ်။

    ပထမတော့ တခုခုတော့ လွဲနေပြီလို့ ထင်ခဲ့မိပေမဲ့ ဓမ္မစေတီမင်းရဲ့ ကိုယ်ရေးအချက်အလက်တွေအရ သူဟာ တစ်ချိန်က အင်းဝဒေသ ပုဂံဒေသမှာ စာသင်သား ရဟန်းတစ်ပါးအဖြစ်နဲ့ ဘာသာရေးစာပေတွေ သင်ကြားခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို ပြန်သတိရသွားတော့ ပုဂံမဟာဗောဓိဘုရားပုံကို စာသင်သားဘ၀က ဓမ္မစေတီမင်း လေ့လာခဲ့တာ ဖြစ်ရမယ်လို့ တွေးမိပါတော့တယ်။

    ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ခရစ်နှစ် ၁၂၁၆ လောက်မှာ နားတောင်းများမင်း တည်ခဲ့တယ်ဆိုတဲ့ ပုဂံက မဟာဗောဓိစေတီတော်က အခုအချိန်အထိ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေပေမဲ့ သူ့အနောက် နှစ်ပေါင်း ၃၀၀ လောက် နောက်ကျပြီးမှ တည်ခဲ့တဲ့ ဓမ္မစေတီမင်းရဲ့ ကောင်းမှု ပဲခူးမဟာဗောဓိ စေတီကကတော့ အုတ်ပြိုပုံကြီးအဖြစ်သာ မြင်ရတာ ရင်ထဲမှာ မကောင်းပါဘူး။

    ရာသီဥတုချင်းက ကွာလို့လား၊ ဒါမှမဟုတ် ဆောက်လုပ်တဲ့နည်းပညာကွာလို့လား၊ ဒါမှမဟုတ် အလှူရှင်မင်းတွေရဲ့ သြဇာအာဏာချင်းက ကွာလို့လား၊ ဒါမှမဟုတ် လူမျိုးရေးကို အခြေပြုတဲ့ နိုင်ငံရေးကြောင့်လား၊ စသဖြင့် စသဖြင့် အတွေးတွေ လားတွေက ကျွန်တော်ရင်ထဲမှာ အများကြီးကျန်ရစ်လို့ ....
    Reply With Quote   


  5. #5
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    Quote Originally Posted by mokenlay View Post
    ကိုလင်းရဲ့ သရဒ်ထဲမှာ ၀င်ရှုပ်တာတော့မဟုတ်ပါဘူး၊ နှမြောစရာကောင်းအောင် ပြိုပျက်နေတဲ့ နာမည်ကျော် ပဲခူးရွှေဂူကြီးဘုရားအကြောင်း ဖတ်ရင်း တစ်ခုကို သွားသတိထားမိလို့ပါ။

    ပဲခူး ရွှေဂူကြီး ဘုရားကို ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံ မဟာဗောဓိ ပုံစံကိုယူထားတာဖြစ်တယ်။ အလှူရှင် ဓမ္မစေတီမင်း ကိုယ်တိုင် ပုဂံကိုသွားရောက်လေ့လာပြီးမှ သတ္တဌာန အပါဝင် မဟာဗောဓိ ပုံစံတူကို ကိုယ်တိုင်ကြီးကြပ် တည်ဆောက်စေတာဖြစ်တယ် လို့ရှိလေတော့ ဓမ္မစေတီမင်း ပုဂံရောက်ခဲ့သလားဆိုတဲ့ မေးခွန်းလေး ခေါင်းထဲပေါ်လာတယ်။....
    ကိုလင်း သရက်မဟုတ်ပါဘူဗျာ ၊ စိတ်ကြိုက်သာရေးကြတင်ကြပါ။ ဒီသရက်ကို ဖန်တီးတဲ့ ရည်ရွယ်ချက်က မြန်မာပြည်အရပ်ရပ်က ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှေးလက်ရာတွေကို လူသိများစေချင်လို့ရယ် ၊ လူသိများတော့ ထိန်းသိမ်းဖို့ ပိုပြီးအသိပညာပေးနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရခိုင်ဘက်ကို ကျွန်တော်မရောက်ဖူးပါ။ ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေ ရိုက်ထားတဲ့ ပုံတွေကို ( Flickr ) မှာ ကြည့်ရတော့ အဲဒိဘက် ခရီးထွက်ဖို့ အချိန်ရယ် ၊ ကုန်ကျမယ့် သိန်းဂဏန်း ရှိတဲ့စရိတ် မကုန်ဘဲ သိလိုက်ရတဲ့အတွက် ကျွန်တော့အတွက်အတော်လေး အဖိုးတန်တယ်။ သူတို့ရိုက်ထားတဲ့ပုံတွေကို နှစ်အလိုက်သိမ်းပြီးလေ့လာတဲ့အခါ ဘယ်နှခုနှစ်က ဘယ်လို ၊ ဘယ်နှစ်ရောက်တော့ ဘယ်အထိပျက်စီးသွားပြီးဆိုပြီးလေ့လာခွင့်ရတယ်။ အဲလိုစိတ်ကူးရလို့ စာဖတ်သူများတဲ့ ကျုပစ် ဖိုရမ်မှာ ဒီသရက်စမိတာပါ။

    ကျွန်တော်လည်းအဲဒါ သိပ်သဘောမတွေ့ဘူး။ အဲဒိ အဆိုကို ထောက်ခံဖို့ရော ၊ ငြင်းဖို့ပါ ကျွန်တော့မှာအထောက်ထားမရှိလို့ပါ။ စာတမ်းရေးတဲ့ လူက မီချီကန်တက္ကသိုလ်က ဂျပန် လူမျိုးတစ်ယောက် ပါ။ စာတမ်းကို လေ့လာလိုရင် ဒီမှာ (http://www.burmalibrary.org/show.php?cat=496 ) သွားကြည့်လို့ရတယ်။ သူ့စာတမ်းပါ အခြားအချက်လက်တွေကိုလည်းသိပ်သဘောမတွေ့ပါ။

    ကလျာဏီကျောက်စာအရ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) လက်ထက်မှာ ဟံသာဝတီဟာ အဓိကဆိပ်ကမ်းမြို့ ဖြစ်တဲ့ " ကုသိမ် " ပုသိမ် ကြောင့် ပြည်တွင်း ပြည်ပ နှင့် စီးပွါးရေး အဆင်ပြေ သလို နိုင်ငံခြားဆက်ဆံရေးအတော်များများလုပ်ခဲ့တယ်။ အထူးသဖြင့် သီဟိုဠ် ( သီရိလင်ကာ ) ကိုရဟန်းတော် အတော်များများလွတ်ခဲ့တယ်။ သီဟိုဠ် မှာ မဟာဗောဓိပုံစံတူမရှိ။ ဗုဒ္ဓဂါယာကို လွတ်တဲ့အထောက်ထားမတွေ့။ ဒါကြောင့် စာတမ်းရှင်က ပုဂံ မဟာဗောဓိပုံစံကိုယူတယ်လို့ ကောက်ချက်ချဟန်တူတယ်။

    ကျွန်တော်ကတော့ ရှေ့မှာပြောပြီးဖြစ်တဲ့အတိုင်း ရှင်းရှင်းပြောတော့ ပဲခူးရွှေဂူကြီးအကြောင်း ဘာမှအသေချာမသိပါ။ ဘာကြောင့် ပျက်စီးတာမြန်လဲဆိုတာကို မှန်းဆပြောရရင် ပုဂံမှာလိုမဟုတ်ဘဲ မိုးများတဲ့ဒေသမှာဖြစ်တာရယ် ၊ ငလျှင်ဒါဏ်ကြောင့်ရယ် ၊ လူတွေကြောင့်ရယ်လို့ ဖြေရင်ရနိုင်ကောင်းရဲ့။
    Last edited by mrlynn; 12-12-2010 at 05:13 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  6. #6
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ဘုရားကြီးတောင်ဘက် မုဂ်ကပျက်စီးနေပြီဖြစ်တဲ့ နံရံဆေးရေးပန်းချီ


    မန်းလေးရောက်တဲ့ မနက်ပိုင်း ကားဆရာကို ရတနာပုံဈေးဘက်ပို့ခိုင်းမိတယ်။ ဟိုရောက်မှ ဈေးကြီးမီးလောင်ပြီး ပြန်ဆောက်ထားမှန်းသတိရတယ်။ ဒါပေမယ့် အနီးနားဖြစ်တဲ့ လမ်းထောင့်က ရှမ်းစာရောင်းတဲ့ဆိုင်မှာဘဲ နံနက်စာ စားဖြစ်တယ်။ လမ်းနာမည်မမှတ်မိ။ ပြီးတော့မှ ကျွန်တော့အိမ်သူ ပူစာလွန်းတဲ့ ဘုရားကြီး အချဉ်ပေါင်း ကြောင့် မဟာမြတ်မုနိဘက် ဆက်တယ်။ ဘုရားရှေ့က တိုက်ဟောင်းတွေငေးနေတုန်း အရှေ့မုဂ်မှာ ကားရပ်တာအဆင်မပြေလို့ဆိုပြီး တောင်ဘက်မုဂ်မှာ ရပ်ပေးတယ်။ ဘုရားရောက်တိုင်း အကျိုအကြားနဲ့ မျက်နှာကျက်တွေကို လိုက်ကြည့်တာအကျင့်ပါနေတယ်။ ဝင်ဝင်ခြင်း မထင်မှတ်ဘဲ ဒီနံရံဆေးရေးပန်းချီကို တွေ့တယ်။ ဗဟုသုတနည်းလိုက်ပုံများ ဘုရားကြီးမှာဒီလို နံရံဆေးရေးပန်းချီတွေရှိမှန်း အရင်ကမသိခဲ့ရိုးအမှန်။



    Uploaded with ImageShack.us

    ဆေးရေးရှိတဲ့နေရာတွေဟာ ညစ်ပတ်ပေရေနေပြီး အနံ့သက်တွေက မကောင်းပါ။ နံရံဆေးရေးတချို့ အင်္ဂတေကွာစပြုနေပါပြီ။တချို့နေရာတွေက ကွာပြီးလို့ ဆေးအသစ်တောင် သုတ်ပြီးသွားပြီ။ တချို့နေရာတွေကတော့ မထူးပါဘူဆိုပြီး နံရံတစ်ခုလုံး သုတ်ထားတာတွေ့ရတယ်။ နံရံဆေးရေးတွေရဲ့ အောက်မှာ ဇာတ်အမည် ၊ အလှူရှင်အမည်နှင့် လှူတဲ့ခုနှစ်တွေရေးထားလေ့ရှိပေမယ့် ဆေးသုတ်တဲ့အခါ သတိထားပြီးမသုတ်တဲ့အတွက် ဆေးစာမိသွားပါပြီ။ အဲဒိစာဖတ်မရတဲ့အတွက် အဖိုးတန် အချက်လက်တွေပျောက်သွားပါတယ်။ ဘာနှင့် မှအစားထိုးလို့မရ ဝယ်လို့မရတဲ့ မှတ်တမ်းစာတွေပါ။ သာမန်ဇာတ်အမည်ရေးတာမျိုးက ဖြေလို့ရပေမယ့် အလှူရှင်အမည် နဲ့ ခုနှစ်ပါတဲ့ စာတွေကို နမော်နမဲ့ လုပ်ပစ်တာတော့ နည်းနည်းလေးမှမကောင်းပါ။



    Uploaded with ImageShack.us




    Uploaded with ImageShack.us

    ဘုရားတန်ဆောင်းမှာ ပန်းပုထုရောင်းတဲ့လူတွေက နံရံဆေးရေးတွေရှိတဲ့ နားမှာသူတို့ လုပ်လက်စ ပျဉ်တို ပျဉ်စတွေ ရွေဘော်ထိုးတဲ့ခုံတွေထားတယ်။ အလုပ်ရုံ လိုဖြစ်နေတယ်။ ပျဉ်တစ်ချောင်းကို နံရံဆေးရေးရှိတဲ့ နံရံပေါ်မှီပြီးထောင်ထားတာတွေ့ခဲ့တယ်။ ဘယ်တုန်းကတည်းက ဒီလိုလုပ်နေပြီလဲဆိုတာမပြောတတ်ပါ။ ခရီးပန်နေတာက တစ်ကြောင်းမို့ ၂ နာရီလောက်ကြာအောင် ဓာတ်ပုံရိုက်ပြီးချိန်မှာတော့ ရွှေဘိုဘက် ခရီးဆက်ခဲ့တယ်။ အပြန်ကျရင်တော့ တစ်နေကုန်ရိုက်မယ်လို့ တေးထားခဲ့တယ်။



    Uploaded with ImageShack.us

    နံရံဆေးရေး ပန်းချီအောက်မှာ ကဗျည်းစာရေးထားတာတွေ့ရပေမယ့် ခုနှစ် ရေးတဲ့နေရာ ကွက်ပြီး ပျက်နေတဲ့အတွက် အရေးကြီးဆုံးနေရာမှ ဖြစ်ရလေတယ်လို့ စိတ်ထဲမဝင်မကျဖြစ်မိတယ်။

    ၁။ မြန်မာ့ ရိုးရာ ရာသီခွင်များ
    ၂။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ဝတ်စားဆင်ယဉ်မှု
    ၃။ ကုန်းရှိင်ခေတ်နှောင်းပိုင်း နိုင်ငံခြား ဆက်ဆံမှု နဲ့ နိုင်ငံခြားသား ပုံ
    ၄။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ဗိသုကာဟန်
    ၅။ မြန်မာဘုရင် နဲ့ ခေတ်သစ် မီးရထား
    ၆။ ကုန်းဘောင်ခေတ်နှောင်းပိုင်းဟန် အောင်ခြင်းရှစ်ပါး
    ၇။ ကုန်းဘောင်ခေတ်နှောင်းပိုင်းဟန် ဇာတ်နိပါတ်တော်များ


    စတဲ့အချက်တွေကို လေ့လာခွင့်ရပါမယ်။ ဒီနံရံဆေးရေးတွေနှင့် ပတ်သက်ပြီး ဘာမှ ၁၉ ရာစုမှာရေးဆွဲခဲ့တာလား ၊ ၂၀ ရာစုလက်ရာလားဆိုတာ သေချာမသိလို့ ဘာမှမပြောတတ်ပါ။ ၁၉ ရာစုမြန်မာနန်းတွင်း ပန်ချီကျော် ဆရာချုံရဲ့ လက်ရာတွေကို အမှတ်ရစေတာအမှန်ဘဲ။ မန်းလေးက ကျုပစ်တွေကို တိုက်တွန်းချင်တယ် အဲဒိလက်ရာတွေ မပျက်ဆီးခင် မှတ်တမ်းဓာတ်ပုံကောင်းကောင်းရအောင် ရိုက်ထားပေးကြပါဦး။ ရှေးမှတ်တမ်းစာ ၊ ဓာတ်ပုံ တွေရှိရင် ဝေမျှပါဦး။ တတ်နိုင်သလောက်ပညာပေးကြပါဦး။ ကိုမော်ကင်းလေး ( မော်ကင်းကြီး ) ရေ ၊ မှတ်တမ်းလေးဘာလေး ရထားတာရှိရင် လုပ်ပါဦး။



    Uploaded with ImageShack.us
    Last edited by mrlynn; 12-15-2010 at 12:14 PM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  7. #7
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    သက်တမ်းရာကျော်နေပြီ ဖြစ်တဲ့ ပဲခူး အစ္စလာမ်သုဿန် ကိုဒေသခံ အာဏာပိုင်တွေက ဖြိုဖျက်စေတယ်လို့ ဗီအိုအေ မှာ သတင်းတက်လာတယ်။ စိတ်မကောင်းပါ။ ခုလို ရှေးဟောင်း ဘာသာရေးဆိုင်ရာ မြေနေရာနဲ့ အဆောက်ဦးတွေကို သိမ်းယူဖျက်ဆီးတာမျိုးဟာ လုပ်ကောင်းတဲ့အရာမဟုတ်လို့ ယုံကြည်တယ်။

    မူလသတင်း
    ပဲခူးမြို့ ရှေးဟောင်းအစ္စလာမ်သုသာန် ဖျက်ခံရ By ကိုမိုးဇော် သောကြာ, 17 ဒီဇင်ဘာ 2010


    ပဲခူးမြို့က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ အစ္စလာမ် သုသာန်ဟောင်းတခုကို အာဏာပိုင်တွေက ဖျက်သိမ်းဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံမူစလင် ဘာသာသာဝင်တွေဟာ မကျေမနပ်ဖြစ်ပြီး ဘာသာရေးဖိနှိပ်မှုအဖြစ် ဒါကို ရှုမြင်နေကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ဘိုးဘွားတွေရဲ့ သုသာန်ဟာ အထွဋ်အမြတ်ပြုရာ နေရာတခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းခွင့်ရထားတာလို့ ယုံကြည်တာကြောင့် သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မဖျက်သိမ်းဖို့အတွက် ပန်ကြားထားပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
    အခုလို ဖျက်သိမ်းဖို့ဆောင်ရွက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်းသုသာန်ကတော့ ပဲခူးမြို့ မြို့သစ် (၈) ရပ်ကွက်က ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရှိတာဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့က မြို့နယ်အေးချမ်းသာယာရေးနဲ့ ဖံွ့ဖြိုးရေးကောင်စီ ဥက္ကဌက ဒီသုသာန်နေရာမှာ အဆောက်အဦး ဆောက်လုပ်မှာ ဖြစ်တာကြောင့် သုသာန်ဟောင်း တံခါးသော့ကို လာရောက်အပ်နှံဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် မနေ့က စတင် ဖျက်သိမ်းတာဖြစ်တယ်လို့ ဒေသခံ မူစလင်ဘာသာဝင်တဦးက အခုလို ပြောပါတယ်။
    ပဲခူးမြို့ မန္တလေးအထွက်မှာရှိတဲ့ မူစလင် သုသာန် အဟောင်းပေါ့ဗျာ။ ဒီသုသာန်က နှစ်ပေါင်း ၁၀၀ ကျော်လောက်ရှိပြီ။ သာသနာမြေ အစိမ်းရောင် ချထားတဲ့နေရာ။ အစိုးရက တရားဝင် သတ်မှတ်ထားပြီးသား မြေနေရာပေါ့ဗျာ။ အဲဒီသုသာန်အဟောင်းကို မနေ့က ညနေ ၃ နာရီထိုးမှာ မြေတူးစက်နဲ့ လာတူးကြတယ်။ မြေတူးစက်နဲ့ လာတူးတယ်ဆိုတာက ကျနော်တို့ ဘာမှမသိရဘဲ ဖျက်ပြီးတော့မှသိရတာပေါ့။ ဒီမှာ တာဝန်ရှိတဲ့ သာသနာရေး အဖွဲ့အစည်းက ဘာမှအကြောင်းကြားခြင်းမရှိဘဲနဲ့ သူတို့သဘောနဲ့သူတို့ အောက်ခြေအာဏာပိုင်တွေက ဖျက်လိုက်တာပေါ့နော်။
    အစ္စလာမ်ဘာသာဝင်တွေအတွက် ကွယ်လွန်သူတွေကို ရည်စူးပြီး သချိုင်္င်းမြေမှာ သွားရောက် ၀တ်ပြုဆုတောင်းခြင်းဟာ အရေးပါတဲ့ အချက်တခု ဖြစ်သလို တချိန်မှာ ကွယ်လွန်သွားသူတွေဟာ သူတို့ သင်းချိုင်္င်းမြေက ပြန်လည်ရှင်ပြန် ထမြောက်မှာဖြစ်တယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။ ဒီလို ဘူဒိုဇာတွေ ထိုးချဖျက်ဆီးတာကြောင့် ပဲခူးမြို့မှာရှိတဲ့ မူစလင် ဘာသာဝင်အများစုက မကျေမနပ် ဖြစ်နေတယ်လို့ ပဲခူးမြို့က မူစလင်ဘာသာဝင်က အခုလိုဆက်ပြောပါတယ်။
    မူစလင်အများစုကတော့ မကျေနပ်ဘူးပေါ့ဗျာ။ ကျနော်အပါအ၀င်ပေါ့။ ဒါက ကျနော်တို့ကို notice စာပေးပြီးတော့မှ ၁၅ ရက်တပတ် ကြိုတင်ပြောတယ်ဆိုရင် ကျနော်တို့က တမျိုးလေ။ အခုက ကျနော်တို့ကို ဒီသော့ကို မ.ယ.က က တောင်းတယ်။ တောင်းတာမပေးတော့ သော့ကို ရိုက်ဖျက်မယ်။ ခင်ဗျားတို့မပေးလည်း ရိုက်ဖျက်မယ်တို့ ဘာတို့ ဒီလို ဥပဒေမဲ့ စကားတွေ သူတို့ ပြောဆိုတာရှိတယ်။ နောက်ပြီးတော့ အခုလို လုပ်တဲ့အခါမှာလည်း ကျနော်တို့ကို အကြောင်းကြားခြင်းလည်း မရှိဘူးပေါ့။ သူတို့သဘောနဲ့ သူတို့ လုပ်ချလိုက်တဲ့အခါကျတော့ မူဆလင်အများစုက မကျေနပ်ဘူးဖြစ် နေတာပေါ့။
    ပဲခူးမြို့မှာ ခန့်မှန်းခြေအရဆိုရင် မူစလင်ဘာသာဝင် ၂ သောင်းလောက် ရှိပါတယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေရဲ့ သချိုင်္င်းဟောင်းကို ဖျက်ဆီးတာဟာ ဒေသခံအာဏာပိုင်တွေအနေနဲ့ ဥပဒေ ချိုးဖောက်တာ ဖြစ်သလို ဘာသာရေးဖိနှိပ်မှု တခုဖြစ်တယ်လို့ သူက ပြောပါတယ်။
    ဒီမြေက စက်ရှင်တရားသူကြီး ဆူဘတ်ဆိုတဲ့သူ သူက လှုဒါန်းခဲ့တာဗျ။ ၁၈၈၆ ခုနှစ်တည်းက။ အဲဒီကတည်းကနေ နိုင်ငံတော်အစိုးရက အသိအမှတ် ပြုထားတဲ့ စာရွက်စာတမ်းတွေ ကျနော်တို့ဆီမှာ အကုန်ရှိတယ်။ နောက်တခုက ဒီနိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ထုတ်ပြန်ထားတဲ့ ၉/၉၈ အရ ရှေးဟောင်း အဆောက်အဦး တခုအဖြစ် ပါဝင်တယ်ပေါ့ဗျာ။ ပါဝင်တဲ့အတွက်ကြောင့်ကို ဥပဒေပုဒ်မ (၂) အပိုဒ်ခွဲ ခ-၄ အရ သူက ဖယ်ရှားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်း မပြုလုပ်နိုင်ဘူးဆိုတာ အစိုးရကိုယ်တိုင် သတ်မှတ်ထားတဲ့ကိစ္စ၊ သို့ပေမဲ့ ဒီနေ့အချိန်ခါမှာ ဒီလိုမျိုး ဖျက်မယ်ပြုမယ် ဖြစ်လာတဲ့အခါကျ ဒါက အစ္စလာမ် ဘာသာဝင်တွေအပေါ်မှာ ရှိတယ်ဆိုတာ ပေါ်ပေါက်နေပြီ။
    ဒီလိုဖျက်သိမ်းနေတာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သာသနာရေးဦးစီးဌာနနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးဆီကို ဒီသုသာန်ဟောင်းကို မဖျက်ဖို့အတွက် ပန့်ကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ သုသာန်မြေအတွင်းမှာ မြေတူးစက်ကို ဆက်လက် ထားရှိထားပေမဲ့ သချိုင်္င်းဂူတွေ ဖျက်တာကိုတော့ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒီသုသာန်ဟောင်းကို ၁၉၈၇ ခုနှစ်က စတင်ပြီး ကွယ်လွန်သူတွေ ထပ်မံမမြှုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ခဲ့သလို ၂၀၀၅ ခုနှစ်မှာတော့ ဒီသုသာန်တွင်းကို ၀င်ရောက်ပြီး ၀တ်ပြုဆုတောင်းတာ၊ ပုတီးစိတ်တာ၊ တရားအားထုတ်တာတွေ မလုပ်ဖို့ ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  8. #8
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖျာပုံမြို့မှာ အကြောင်းကြောင်းကြောင့် ပန်းချီမရေးတော့တဲ့ ပန်းချီဆရာတစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့တယ်။ သူရေးထားတဲ့ ရွှေစာရံ ဘုရားပွဲ ၃ချပ်ဆက်ပန်းချီကားကြီးကို လက်ဖက်ရည်ဆိုင်မှာတွေ့လို့ ဆိုင်ပိုင်ရှင်ကို ပန်းချီပညာရှင်ဘယ်သူပါလဲလို့ မေးတော့ ဆိုင်ရှင်က ပန်းချီဆရာကိုဖိုးသျှားအိမ်ထိ သွားခေါ်ပြီးမိတ်ဆက်ပေးတယ်။ လက်ဖက်ရည်သောက်ရင်း ပန်းချီကားအကြောင်းပြောဖြစ်တယ်။ မန်းလေး ရွှေစာရံ ဘုရားပွဲမှာတွေ့ခဲ့မြင်ခဲ့ရတဲ့ ပွဲဈေးမြင်ကွင်းတွေထဲက တစ်ခုကိုဆွဲခဲ့တာဖြစ်ကြောင်းပြောပြတဲ့အချိန်ကတည်းက " ရွှေစာရံ " ဘုရား ကိုစိတ်ဝင်စားခဲ့တယ်။ နောက်ပိုင်း မန်းလေးကို မကြာခဏရောက်ပေမယ့် ကိုဖိုးသျှားရဲ့ အခင်ဆုံးမိတ်ဆွေဖြစ်သူ ဆရာ ဦးမာလာ နဲ့သာတွေ့ဖြစ်ပြီး ရွှေစာရံကိုတော့ မရောက်ဖြစ်ခဲ့ပါ။ ( ပေရှည်နေတာနဲ့ လိုရင်းမရောက်တော့ )

    ရွှေဘိုကနေ မန်းလေးရောက်တဲ့ နေ့မှာဘဲ ရွှေစာရံဘုရားဘက် ခရီးဆက်တယ်။ တကယ်သွားတော့ မန်းလေးနဲ့အတော်လှမ်းသဗျ။ မေမြို့ မရောက်ခင် အကျဉ်းဦးစီးဌာန ( အကျဉ်းစခန်းဖြစ်မယ်ထင်တယ် ) မျက်နှာချင်းဆိုင်လမ်းကဝင်ရတယ်။ ဘုရားရောက်တော့ ပန္နနက်ပုံကိုလေ့လာရင်း မှန်စီလက်ရာတွေကိုသာ စိတ်ဝင်စားနေမိတယ်။ နောက်တော့ ကျနော့အိမ်သူ က ခေါ်မှ ဘုရားနောက်ဘက်မှာ ရှေးဟောင်းဂူဘုရားနှစ်ဆူကပ်လျှက်တွေ့တယ်။ ဖိုးပေါ်ဘုရား နှင့် မောင်ကုလားဘုရား။

    ဖိုးပေါ်ဘုရား အခြေနေ


    Uploaded with ImageShack.us

    ထုံးစံအတိုင်း ပန္နနက်ပုံကိုလေ့လာရင်း ဒုံပါတ်ရိုက်တယ်။ အပြင်ပတ်ပတ်လယ်ကို လိုက်ကြည့်တော့ ဂူဘုရားဟာ ရာခိုင်နှုန်းအတော်များများပြင်ပြီးသားဖြစ်နေတယ် ။ ရှင်းရှင်းပြောတော့ ဒါဟာ ရှေးလက်ရာမပျက်ပြင်ထားတာမျိုးမဟုတ်ပါ။ ရှိပါစေတော့ ။ အတွင်းပိုင်းမှာတော့ မူလလက်ရာတွေ ကျန်ကောင်းပါရဲ့ဆိုပြီး ဂူထဲဝင်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် မှန်းထားသမျှအရာမထင်။



    Uploaded with ImageShack.us

    ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ် ။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။


    Uploaded with ImageShack.us


    Uploaded with ImageShack.us

    အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။ ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။



    Uploaded with ImageShack.us



    Uploaded with ImageShack.us



    Uploaded with ImageShack.us

    အကြောင်းကြောင်းကြောင့် အရင်ကရှိခဲ့တဲ့ ရှေးလက်ရာဆေးရေးတွေ ပျက်စီးခဲ့ပြီးပါပြီ။ သို့သော် ကျန်နေသေးတဲ့ မူလအဆောက်ဦးကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဓာတ်ပုံဟောင်း ၊ ပေစာ ၊ ပုရပိုဒ်စာဟောင်း စတဲ့မှတ်တမ်းဟောင်းတွေကိုလေ့လာပြီး ပြန်လည်ဖော်ထုတ်လို့ရနိုင်ပါသေးတယ်။ သို့သော် မူလအဆောက်ဦး မြေခပြီး အုတ်ပုံကြီးဖြစ်သွားပြီဆိုရင်ဖြင့် သက်ဆိုင်ရာကရော ၊ အနီးပါးက ရဟန်းရှင်လူတွေကပါ ပြန်လည်ဖော်ထုတ်ဖို့ စဉ်းပင်စဉ်းစားတော့မည်မဟုတ်ပါ။ ယဉ်ကျေးမှုအမြင် သမိုင်းအမြင်နှင့်ကြည့်မိတဲ့အခါ သခါင်္ရ တရားပါဘဲလေဆိုပြီး ဖြေဖို့မလွယ်တာအမှန်ဘဲ။

    မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။ ဆက်ရန်ပေါ့ဗျာ ။
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  9. #9
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ဟိုမေး ဒီမေးလုပ် စစ်တမ်းတချို့ယူပြီး ၂၀၀၉ တုန်းက တစ်နေရာမှာရေးခဲ့တဲ့စာပါ။ ခုဒီမှာပြန်တင်တယ်။ ပိုတာ လိုတာဝိုင်းဖြည့်နိုင်တယ်။ အခြေနေအရ အင်းဗွိုက် ၊ ဆိုင်နာမည် ၊ လုပ်ငန်းနာမည် ၊ လူအမည်တွေ ချန်ခဲ့တယ်။ အိမ်ပြန်ရင် ဒုက္ခရောက်မှာကြောက်လို့။

    ထိုင်းနိုင်ငံ ချင်းမိုင် နှင့် မဲဆောက် ဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်းဖြစ်တယ်။ ရှေးဟောင်းဘုရားအများစု ဒီလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို ဝင်တယ်။ ထိုင်းကမှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ဆင့်ကာ ဆင့်ကာ ပြန့်သွားပါတယ်။ ဒီလိုနှင့် မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်း တွေ ပျောက်ပျက်ရတယ်။

    ရှေးဟောင်းပစ္စည်းလို့ဆိုရင် လူအများစု မျက်လုံးထဲပြေးမြင်မှာက ဘုရားဆင်းတု ကြီး၊ သေး ၊ငယ် ၊ ရွယ်။ ဒါပေသိ ဘုရားဆင်းတုတင် မကပါဘူး။ တခြား ရှေးဟောင်းပစ္စည်း တွေပါ မကျန်အကုန် ခိုးထုတ်ပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းတွေကို အခြေခံပြီး မှတ်မိသလောက် စာရင်းလုပ်ထားပါတယ်။

    ရွှေ ၊ ငွေ ၊ ကျောက်သံ ပတ္တမြား ၊ ကျောက်စိမ်း စသဖြင့် တန်ဖိုးကြီးအရာ
    ၁။ ဘုရားဆင်းတု
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
    ၃။ သာသနိက ဆိုင်ရာ အသုံးဆောင်ပစ္စည်းများ ( ဘုရားထီး ၊ စေတီ ပုံစံငယ် ၊ သပိတ် စသဖြင့် )
    ၄။ လူ့အသုံးဆောင် လက်ဝတ်တန်ဆာ ( ပုတီး ၊ လယ်ဆွဲ ၊ နားတောင်း စသဖြင့် )
    ၄။ ဒင်္ဂါး ၊ ပိုက်ဆံ
    ၅။ လက်နက်ပစ္စည်းမျိုးစုံ
    ၆။ ရွှေပြား ပုရပိုဒ်စာ
    ၇။ ရွှေပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

    ဆင်စွယ်
    ၁။ ဘုရားဆင်းတုငယ်
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်တု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ သစ်ပင် စသဖြင့် အရုပ်စုံ )
    ၃။ လက်နက် မျိုးစုံ
    ၄။ လူ့အသုံးဆောင် ပစ္စည်းများ

    ကျောက်သား
    ၁။ ဘုရားဆင်းတု
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
    ၃။ ကျောက်စာ
    ၄။ ကျောက်သား နံရံ
    ၅။ ကျောက်သား ဆုံ
    ၆။ ကျောက်အိုး ၊ ကျောက်ခွက် ၊ ကျောက်တံ ၊ ကျောက်လုံး
    ၇။ ကျောက်ဖြစ်ရုပ်ကြွင်း

    ကြေး၊ သံ ၊ သတ္တု
    ၁။ ဘုရားဆင်းတု
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
    ၃။ ကြေးပြား ပုရပိုဒ်စာ
    ၄။ ကြေးပြား ပိုက်ဆံ
    ၅။ ကြေးသွင်း လူ့အသုံးဆောင်ပစ္စည်းအားလုံး ( အိုး၊ ခွက် အစ ဆေးတံ ၊ စုတ်တံ အပါဝင် ပစ္စည်းများ )
    ၆။ ကြေးသွင်း လက်နက်မျိုးစုံ ( ဓား ၊ လှံ ၊ လှေး၊ မြှား စသဖြင့် ပစ္စည်း အစုစု )
    ၇။ ခေါင်းလောင်း
    ၈။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
    ၉။ ကြေးပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

    သစ်သား
    ၁။ ဘုရားဆင်းတု
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
    ၃။ သာသနိက ဆိုင်ရာ အလှဆင်ပစ္စည်းများ
    ၄။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
    ၅။ အိမ်ထောင် ပရိဘောဂ ပစ္စည်းအားလုံး
    ၆။ လက်နက် ပစ္စည်းမျိုးစုံ
    ၇။ လူ့အသုံးဆောင် ပစ္စည်းအားလုံး
    ၈။ မနောတိုင် ၊ ကဗျည်းတိုင် ၊ အိမ်တိုင် ၊ ခြံတိုင် ၊ လှေကားတက် ၊ စပါးထောင်း ဆုံ ၊ လှည်းဘီး စသဖြင့် ပစ္စည်းအားလုံး

    မြေထယ်
    ၁။ ဘုရား
    ၂။ မြေပုံဘုရား
    ၃။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ စသဖြင့် အရုပ်စုံ )
    ၄။ မြေသားပုံစံ ခွက်
    ၅။ အိုး ၊ ပုကံ ၊ ခွက် ၊ မြူတာ စသဖြင့် လူ့အသုံးအဆောင် ပစ္စည်းအားလုံး
    ၆။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ အုတ်

    ယွန်းထယ် ၊ ကြိမ် ၊ ဝါး နှင့် အခြား
    ၁။ ဘုရားဆင်းတု
    ၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
    ၃။ ဆွမ်းအုပ် ၊ ဒေါင်းလန်း ၊ လင်ပန်း၊ ပုကံ ၊ ခွက် ၊ ယောက် ၊ မြူတာ စသဖြင့် လူ့အသုံးဆောင်ပစ္စည်းအားလုံး
    ၄။ ပေစာ ၊ ပုရပိုဒ်စာ ၊ မင်စာ
    ၅။ ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

    မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ ဒီလောက်များတယ် ဆိုတာ မြန်မာပြည်အပြင်ဘက်ရောက်မှ သိရ၊ မြင်ရတယ်။ ဒီလိုယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်း ၊ သာသနိက ဆိုင်ရာပစ္စည်းတွေကို ဖျက်စီးရာမှာ သဘာဝဘေးဒဏ် ထက်လူက ပိုပြီး ကြောက်စရာကောင်းပါတယ်။ သဘာဝဘေးဒဏ်က ဖျက်ရုံသာ ဖျက်၊ လူကတော့ ခိုးရင်းနှင့် ဖျက် ၊ ဖျက်ရင်းနှင့် ခိုး ဆိုတော့ ပိုပြီး ရက်စက်ပါတယ်။

    ဒီလို ခိုးယူလာတဲ့ ရှေးဟောင်းပစ္စည်းတွေကို ယဉ်မျိုးစုံ ၊ နည်းမျိုးစုံ နှင့် နယ်စပ်တွေကို သယ်လာမယ်။ တဘက် နိုင်ငံဘက်ရောက်တဲ့အခါမှာ ထိုင်းရှေးဟောင်းပစ္စည်း ကုန်သည်တွေ ပေးတဲ့ ရသလောက်ဈေးနှင့် ရောင်းတယ်။ ထိုင်းကုန်သည်တွေက အဲဒိ စ္စည်းတွေကို ချင်းမိုင်နှင့် ဘန်ကောက်ဈေးကွက်မှာ ပြန်ရောင်းတဲ့ အခါ တန်းမြင့်ဈေးတွေဖြစ်သွားပါပြီ။

    ရှေးဟောင်းပစ္စည်းတွေ ခုလိုခိုးထုတ်မှုတွေက ကာကွယ်ဖို့ဆိုပြီး ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ အတော်များများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ခုလို သမိုင်းဝင် ရှေးဟောင်းပစ္စည်းတွေခိုးထုတ်တင်သွင်းလာတာမျိုး ဖမ်းဆီး နှိမ်နှင်းပြီး ရှေးဟောင်းပစ္စည်းတွေကို နေရင်း နိုင်ငံတွေဆီ ပြန်ပို့ပေးဖို့ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အာရှရဲ့ အရေးပါအရာရောက်ဆုံး ရှေးဟောင်းပစ္စည်း ဈေးကွက်တစ်ခုဖြစ်နေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ ကမ္ဘောဒီယား၊ လာအို သာမက အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ် ၊ နီပေါ ၊ တရုတ် နိုင်ငံတွေက ရှေးဟောင်းပစ္စည်းတွေ ခိုးယူရောင်းချရာ နေရာဖြစ်နေပါပြီ။ အဲဒိ ရှေးဟောင်းပစ္စည်းဟာ စာရွက် စာတမ်းအတုတွေအပါဝင် နည်းမျိုးစုံ၊ လမ်းကြောင်းမျိုးစုံ ယဉ်မျိုးစုံ နှင့် ကမ္ဘာအနှံ့ ခရီးဆက်တယ်။

    ထိုင်းနိုင်ငံပြီး နောက်ထပ် သတိထားထားရမယ့် နှစ်နိုင်ငံ အနီးအနားမှာတင် ရှိပါသေးတယ်။ ဟောင်ကောင် နှင့် စင်္ကာပူ။ ဟောင်ကောင်အကြောင်း သိပ်မသိပါ။ စင်္ကာပူ ရှေးဟောင်းပစ္စည်းဈေးကွက်ဟာ ဘန်ကောက်ထက် ဈေးပိုပေးရသော်လည်း ကမ္ဘာ့ရေပေါ်ဆီ လူ့ချမ်းသာတွေရဲ့ ယုံကြည်မှုပိုရပါတယ်။ စင်္ကာပူ ရှေးဟောင်းပစ္စည်းရောင်းကုန်သည်တွေက " Buy Back Guarantee " ( ရှေးဟောင်းပစ္စည်း စစ်တယ်၊ မစစ်ရင် ပြန်လှဲ ) ပေးပြီးရောင်းပါတယ်။ ဒီနေရာမှာ ပြောချင်တာက စင်္ကာပူ အစိုးရရဲ့ တာဝန်မဲ့တဲ့ ရပ်တည်ချက်ပါ။ ဘယ်နိုင်ငံက သမိုင်းဝင် ရှေးဟောင်းပစ္စည်းမဆို GST 7 % ပေးပြီး စင်္ကာပူနိုင်ငံကို/ကနေ လွတ်လွတ်လပ်လပ် တင်သွင်း/ပို့ လို့ရပါတယ်။

    ရှေးဟောင်းပစ္စည်း အပြည့်ထည့်ထားတဲ့ ပေ ၄၀ ကွန်တိန်နာ ( 40 Foot Container ) တစ်လုံး ရန်ကုန် ဆိပ်ကမ်းကနေ စင်္ကာပူ နိုင်ငံ Dempsey Road ကိုအတားဆီမရှိ ရောက်လာတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါကြောင်း။
    Last edited by mrlynn; 12-28-2010 at 04:33 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


  10. #10
    VIMC Wizard Cupid Done   mrlynn is on a distinguished road mrlynn's Avatar
    Join Date
    Apr 2010
    Posts
    1,864
    Thanks
    28,201
    Thanked 39,607 Times in 1,862 Posts

    Default

    ရထားလမ်း ဖောက်လုပ်ရာမှာ ရခိုင်ရှေးဟောင်းအမွေနှစ် စေတီပုထိုးနဲ့ မြို့ဟောင်းနေရာတွေ ပျက်ဆီးကုန်တဲ့ သတင်းကို ဗီအိုအေ ကနေ အဆက်မပြတ်ကြားရပါတယ်။ နောက်ဆုံးသတင်းအရ ဘင်္ဂလားဒေစ်အခြေစိုက် ရခိုင်အမျိုးသမီးအသင်းက unhcr ကိုတိုင်ကြားတယ်လို့သိရပါတယ်။ အဲဒိဘက်က ဒေသခံ ဝါသနာရှင် ပညာရှင်တွေဟာ မီဒီယာအသုံးချတတ်မှုအားနည်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ ဓာတ်ပုံအနေနဲ့ကတော့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေမှာတောင် မတွေ့ရပါ။ ကျနော့အနေနဲ့ ရခိုင်ဘက်ကို ဘယ်လိုမှ လက်လှမ်းမမှီဘူးဖြစ်နေပါတယ်။ ကျုပစ် မောင်/မယ်တွေထဲမှာ အဲဒိဘက်လက်လှမ်းမှီတဲ့လူများရှိရင် လုပ်ပါဦး။ x_x
    ===========

    ရခိုင် သတင်းဌာန နိရဉ္စရာ မှာတော့ ပုံတချို့တွေ့တယ် ၊ မူပိုင်ခွင့် တွေဘာတွေနဲ့ဆိုတော့ ယူပြီးမတင်ရဲပါ။x_x
    Last edited by mrlynn; 12-30-2010 at 04:27 AM.
    MudKvifhawmh &mZ0ifrsm;&JUowdkYorD; .... NynfawmfNyefc&D; ra0;awmhNyD...
    Reply With Quote   


+ pmjyefNyD; qufa&;zdkU

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts