ဟနွိုင်းမြို့ထဲမှာရှိတဲ့ ပြတိုက်တွေလိုက်ကြည့်ရင်း အပြန်မယ် တက်စီ သမားက ဒီလမ်းရှေ့က ဖြတ်ပြန်တယ်။ မြို့ထဲကလမ်းအတော်များများက ညနေဘက်ရုံးဆင်းချိန်ဆိုရင် ကြောက်စရာကောင်းလောက်အောင် ကြပ်သိပ်နေတတ်ပါတယ်။ ဒီလမ်းရောက်တော့ ဘိုလိုမတတ်တဲ့ တက်စီသမားက သူတို့ဘာသာစကားနဲ့ ကျနော့လှမ်းပြောတယ်။ နားမလည်ဘူးဆိုပြီး ကျနော်က ကျနော့ခေါင်းကို လက်ညှိုးထိုးပြီး လက်ဖဝါးခါ ပြတော့ သူက လက်နှစ်ဘက်ကိုသုံးပြီး တစ်ချောင်းထိုး အတတ်ပညာရဲ့ (ကျုပစ်ထဲက တစ်ချောင်းထိုးအတတ် နဲ့ဘာမှ မဆိုင်ပါ) အမှတ်သားကိုပြပြီး စပ်ဖြီးဖြီးနဲ့ ပြောလေရဲ့။ ဟီး ။
နိုးနိုး ဆိုပြီး ဟိုတယ်ကိုသာမောင်းခိုင်းလိုက်ရတယ်။ တော်ကြာ သတ်မှတ်ထားတဲ့ အချိန်ပြန်မရောက်ရင် မဒမ်လင်းရဲ့ တယောလက်သံကြားရပြန်မှာမို့။ ကျုပစ်က နောင်ကြီးများ တစ်ခါတစ်ခေါက်ရောက်ဖြစ်ရင်တော့ သီချင်းလေးဘာလေး ဝင်ဆိုပေါ့ဗျာ။ သိတယ်မို့လား သီချင်းနှင့် ဂီတဟာ လူကို နုပျိုစေတယ်တဲ့။ အဟက် ဟက်။ ဗီယက်နမ်ရေးရာ ကြွမ်းကျင်သူများ၏ ကွန်မန့်များကိုလည်း ကြားနာလိုပါ၏ခင်ဗျာ။