+ pmjyefNyD; qufa&;zdkU
Page 49 of 49
FirstFirst ... 39 47 48 49
Results 481 to 489 of 489

Thread: [mm]jrefrmhwyfrawmftaMumif; odaumif;p&m[/mm]

  1. #481
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default

    အချိန်က ၁၉၉၇……..ကွမ်လုံရက် -၄၀ -တိုက်ပွဲ(သို့)့ ကျွန်တော့ဘ၀၏နောက်ဆုံးနေ့ရက်များ
    ……………………………………………………………………………………………………..
    တိုက်ပွဲသည် ရက်ပေါင်းများစွာကြာခဲ့သည် ။နောက်တန်းမှစစ်ကူကားရောက်မလာသေး……
    တဖက်ရန်သူ ဗကပ ၏အင်အားကများလှသည် ။စခန်းမှာရိက္ခာ ကပြတ်နေပြီ။
    သောက်စရာရေကမရှိ။တကယ်ပြောရ လျှင် ကျွန်တော်တို့ လူအင်အား ၁၀ ယောက်မျှပင် မရှိတော့…
    ရန်သူအင်အားက များသထက်များလာသလိုခံစားလာရသည်.အဝေးမှလက်နက်ကြီးများ နဲ့ ကျွန်တော်တို့ကျင်းထဲကခေါင်မဖော်နိုင်လောက်အောင်ဖြစ် နေသည်။
    အာတွေလည်းခြောက်လှပြီ..
    သေနတ်ပြောင်းတွေပူလွန်းရ်ျ ဂျှန့် ဖြစ်ကုန်လို့ အပေါစွန့်ရ်ျအအေးခံနေရသည်။
    ခေါင်းကဂျပ်ခဲ ဖုန်က မျက်နှာထူထဲနေရထိုင်ရခက်လိုက်တာမပြောပါနဲတော့ ..ဒါဏ်ရာရဲဘော်တွေ..ညီးသံ..ကျွန်တော့်ရင်ထဲမှာ တလှပ်လှပ်………..န်ားတွေလည်း အူထူနေပြီ…..
    ဆရာကြီးမျက်နှာကြည့်တော့ စိုးရိမ်စိတ်တွေလွန်ကဲနေပြီ…ကျင်းပါတ်ချာလည်လည့် ပြီး ကြည်စစ်ဖို့လိုက်ပြောနေရသည်…
    ရန်သူက ဘယ်တောင်ပ်ံညာတောင်ပံနှစ်ဖက် ညပ်ထားခံရတာမဟုတ်လား..ဆရာကြီးတနေကုန်ကျင်းတောင်နဲမြောက်ကိုပြေးရင်းပစ်ရင်း လည့်နေရတာအခေါက်ပေါင်းမနည်းတော့…….ကျွန်တော်တို့အား လုံးကြောက်စိတ်တွေက မိုလိုမွှန်နေပြီမဟုတ်လား …

    ဒီလိုနှစ်ဖက်ညပ်တိုက်မှုကြောင့် မိုးလင်းထိတောင့်ခံနိုင်ပါ့မလား စိုးရိမ်မိပါသည်..ဒီအချိန်မှာ တပ်ကြပ်ကြီးညွန့်တင်က ကျွန်တော် တို့ ရဲ တဦးတည်းသောအားကိုးရာ…ကျွန်တော့်ကျင်းက တောင်ဘက်ခြမ်းမှာ..ဘားမှမစားရတာ ၆ ရက်ရှိပြီ ..နိုဆီကိုဘူးကို ဘက်နက်နဲ့ ထထိုး ပြီး ပုရွက်ဆိတ်တွေနဲ့လုစုပ် ဆန်အဆုပ်လိုက်ဝါးနေရတာ…ခုတော့ မြောချစရာ ရေမပြောနဲ့ ဘာဆိုဘားမှမရှိတော့..ဆန်ကြမ်းတွေ မမြိုနိုင်လို့ငုံပြီး..စုပ်နေရတာ…ဘေးကျင်းက ကိုသောင်းတင် ကိုကြည်တော့ လည်း ပါးစပ်က ဘုရားစာရွတ်လိုက်တစ်ချက်ထပြစ် လက်နက်ကြီးကျလာတော့ ပြန်ငုံ့သွားလိုက် …ဟူးးးးးမောလှပြီ……သေချင်စောလည်းနံနေပြီ..ပခုံးရိုး ကလည်းတစစ်စစ်နာလှပြီ..ကိုယ် စိတ်ကိုကိုယ်ပြန်အားမွေးအားပေးနေရတယ်လေ…သေတာမဆန်းပေမ ယ်…အိမ်က အမေအိုကြီးနဲ့ မောင်နှမတွေ …ကို သတိရစိတ်က စိုးရိမ်စိတ်တွေ နဲ့ရောမွန်နေတယ်…

    ဒီအချိန်ဆရာကြီး ကျွန်တော့်ဘေးနား ရောက်လာတယ်….အချိန်က ၁၈၀၀ နာရီ .သူဘားမှမေပြော ကျွန်တော်ကျင်းနှခမ်းက ပါတ်ခြာလည်သူကြည့် ပြီး..မင်းဘက် အတက်ကို တကောင်တစ်တောင့်ရအောင်ပစ်..ငသောင်းဘက်လည်း တချက်တချက် သွား ကူအုန်း။ပြောရင်းကျွန်တော့ပုခုံးပုတ်ပြီး ကိုသောင်းတင် ဘက် ကုန်းထွက်သွားတယ်….
    မနေ့ညတိုက်ပွဲ အပြင်းအထန်ဖြစ်နေချိန်က ဗိုလ်လေးစိုးနိုင်ကိုတွေ့ရတာပြန်စဉ်းစားနေမိတယ်…ရှေ့ ခံစစ်စခန်းတောင်ကုန်းမှာရှိတာ..ကိုယ်ပဲထင်ယောင်ထင်မှားမြင်မိတယ်ထင်ပါတယ်..
    ဒါပေမယ့် သူလမ်းရှောက်ပုံက ညာဘက်လက်ကပ်ပြီး ဘ်ာလက်သာလွဲလျှော်တတ်တဲ့သူအကျင့်ကရှိနေတာ့ ဝေခွဲရခက်နေပြန်တယ်…ဒီအချိန်ဆရာကြီးညွန့်တင်ကျွန်တော့်နားရောက်လာတော့ ဆရာကြီး ဗိုလ်လေးကိုကျွန်တော်တွေလိုက်သလိုပဲ..လို့ပြောလိုက်ရာ မင်းဘယ်တုန်းကတွေ့တာလည်းဟုပြန်မေးလေသည်…ုမနေကညကဆရာကြီး…အေးငါလည်းတွေလိုက်တာယ်..ငါစက်ပေါက်မေးခိုင်း ပြီး မနေ့ ည နေကဒီကောင်တွေ ထိုးစစ်မှာ ဗိုလ်လေးကျသွားပြီ..ရှေ့ခံစစ်ကြောင်း တခွဲလုံးနီးပါးကျသွားပြီ …"...ဗျာ."…ကျွန်တော်ထင်တဲ့အတိုင်းပါပဲ…..တို့ကိုစိတ်ပူလို့နေမှာပေါ့ကွာ..ပြောရင်းဒါတွေ တွေးမနေနဲ့ မနက်ဖြန် မှတို့လည်းစစ်ကူမရရင် ဗိုလ်လေးတို့နောက် လိုက်ရမှာပဲ…စစ်သားပဲ..ဘာဆန်းလဲ..တိုင်းပြည်အတွက်လို့  မင်းခေါင်းထဲထည့်ထား…ခုချိန်ထိ.ဆုတ်မိန့်မပါသေးဘူး…. .မင်းကြောက်နေရင် သစ္စာအဓီဌာန်တိုးတိုးလေးပြန်ရွှတ်နေ..ဒါမှမဟူတ်ဘုရားသာ အာရုံပြုထား…ဒါပေမယ့် မင်းပစ်ကွင်းထဲက တစ်ကောင်မှာ ကိုက်၅၀ ကျော်မလာစေနဲ…လို့ဆရာကြီးပြောပြီးကြည်နှစ်ကပ်ချ ပေး ရင်းထွက်သွားပြန်တယ်……

    ရှေ့ညတွေကလည်းကျသွားတဲ့ ရဲဘော်တွေသေနတ်စုထောင်ချည်ထားတာ.. ကျသွားကျွန်တော်တို့ညီအကိုတွေ ၀ိညာဉ်ဘ၀နဲ သေနတ်..လာလာဆွဲနေ လို့.။။။။ဆရာကြီးညွန့်တင်က''..ဟေ့ကောင်တွေဟေ့ကောင်တွေ မလုပ်ကြနဲ့ မင်းတို့အလုပ်မဟုတ်တော့ဘူး…လျှောက်မပြစ်ကြနဲ့''…'။ဆိုပြီးဟိန်းဟောက်ထားရတယ်လေ..

    ခုညလည်းဘယ်လိုလာအုန်းမည်မသိ…..ညီအကိုတွေ သေပြီးတာတောင်ကိုယ်ကိုကိုယ်မသိ..တိုင်းပြည်အတွ က် အသက်ဝိညဉ်က ဆက်နေတုန်း…ငါ ကော ဘယ်လိုဖြစ်မလည်း အတွေပေါင်း များစွာနဲ့ မျက်တောင်မခတ်ရန်သူအရိပ်အခြေကြည့်နေရလေသည်…မိမိန်ဲ့ေ သဖော်သေဖက် သူငယ်ချင်းမိတ်ဆွေ ညီအကိုတွေကိုမြင်မြင်တွေ့နေရတော့လည်းဝမ်းနည်းခြင်းအံ့ သြခြင်းဖြစ်ခဲ့ရလေသည်။။။။။။
    ။ကျွန်တော်တို့အကောင်းဆိုလို့ ၁၁ယောက် ဒါဏ်ရာအနည်းငယ်၂…ဒါဏ်ရာကြီး ၆ယောက် ပေါင်းမှ .၁၁ ယောက်ပစ်အားပဲရှိတော့တယ်…ဒီကောင်တွေ ဘာငြိမ်နေတာယ် မသိ ..ဒီအတိုင်းသာဆိုမနက်ဖြန်မနက်ဒီကောင်တွေထိုးစစ်ပြင် တော့်မယ်…ထိုးစစ်သာအလုံးအရင်းဝင်ရင် သေဖို့ သေခြားသွားပီ…ဒီနေ့ည ကိုယ့်ရဲ့ နောက်ဆုံးည ဆိုတော့ ဘုရားစာသာရွတ်နေမိတော့တယ်……အထက်အရာရှိအားလုံးကျကုန်ြ ပီဖြစ် လို့ တပ်စုတပ်ကြပ်ကြီးဆရာညွန့်တင်သာ နောက်ဆုံးအခရာ..စစ်ကူုလာပါစေလိုသာဆုတောင်နေမိတော့သည် …အားကိုရာဘုရားရှင်အစစ်သာဖြစ်ရ်ျ..လူတွေ မသတ်ချင်ပဲသတ်နေရသော်လည်း..နောက်ဆုံးသစ္စာအဖြစ်တိုင်တ ည်ဆုတောင်းနေမိသည်..
    ဆုတောင်းနေရင်းမှလည်း..သစ္စာဆိုမိသည်…သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များကူညီမစပါစေါင့်ရှောက်ပါ.တော့စေါင့်နတ်တောင်စေါင့်နတ်တွေ..ကိုပြုလုပ်ခဲ့တဲ့ ကုသိုတွေအမျှပေး..ကိုမလုပ်ချင်ပဲလူသတ်နေရတာကိုလည်းသစ္စာဆို.အမျိုးမျိုးတွေရွတ်ဖတ်ရင်းအချိန်တွေကုန်လွန်လာ ခဲ့လေသည်။
    (သစ္စာဆိုနည်းကားရှည်လွန်းရ်ျမရေးတောပါ.)

    အိပ်ရေပျက်သောညတွေများလှပြီဖြစ်သဖြင့် တစ်ချက်တစ်ချက်ငိုက်မိနေသည်..မငိုက်အောင်လည်းလက်နက်ြ ကီးတွေက တစ်ချက်တစ်ခက်ကျနေသည်ထင်ရသည် မျက်လုံ့းများကလည်း ကျိမ်းစပ်လျပြီ…နံနက်အာရုံတက်တွင် အိမ်မက်လိုလိုတကယ်လိုနဲ တောလဲသံများကြားရလေသည်..ဆင်သံများမြင်းသံများ ..တံပိုးမှုတ်သံများလည်းကြားလိုက်ရသည်..မိမိတစ်ယောက်ထ ည်းကြားသည်ထင်ရ်ျကိုသောင်းတင်ကို လှမ်းကြည်လိုက်ရာသူကလည်းဘာသံလည်းဆိုတဲ့ အသံနဲ့ ကျွန်တော်ကိုပြန်ကြည့်နေလေသည်..အမှန်တကယ်ဆို.ဒီကောင် တွေ တရုတ်ခရာ ၀ီစီ အမြဲ မှုတ်ထိုးစစ်ဝင်နေကြ..ခုတော့ ၀ီစီသံတစ်ချက်မှမကြား ကျားထိုးအော်သံမကြား…ပါတ်ဝန်းကျင်တစ်ခုလုံးတိပ်ဆိတ်ြ ငိမ်သက်လှသည်..အာရုဏ်က အလင်းမပြတပြ
    မနည်းဂရုစိုက်ကြည့်နေရသည်..တိတ်တဆိတ်တက်ပြီးကပ် မှ ကျားထိုးစစ်ဆင်တတ်သည်မဟုတ်လား….
    ဒီလို အထူးအဆန်းဖြစ်ပြီးမကြာဆရာကြီးညွန်တင် မှန်ပြောင်းတစ်လက်ဖြင့် ဘယ်ညာပါတ်ပြေးကြည့်နေသည်
    သေနတ်သံပင်တစ်ချက်မှမကြားရတော့…
    ……ထိုအဖြစ်ပျက်ဖြစ်ပြီးမကြာ ၂ရက်အတွင်းကျွန်တော်တိုဆီစစ်ကူရောက်လာခဲ့ပါတယ်..နောက်တန်းပြန်ရောက်တော့် ဆေးရုံမှာတပါတ်မျှတက်ပြီးနေခဲ့ လေတော့သည်…ကံကြီးလှပေစွဗျာ….
    ……..တစ်နှစ်ကျော်ခန့်ကြာသောအခါမှာကျွန်တော်တို့ ထိုအဖြစ်အပျက်များကို ပြန်လည်သိခွင့်ရလေသည်…
    အဖြစ်ကားထိုသိုကတည်း…မမျှော့်ထားတာတွေလောက မှာဖြစ်နေရှိနေတယ်ဆိုတာ…
    ၂နှစ်လောက်ကြာတော့တပ်ရင်းရုံးမှာ..သုံ့ပန်း၂ ဦးမိတယ်..စစ်ဆေးရေးဝင်တဲ့အခါ ..ကျွန်တော်တို့ကိုတိုက်တဲ့တိုက်ပွဲမှာပါတဲ့ ဗကပ တွေပေါ့…ဒါကို ဆရာကြီးညွန့်တင်က ဒီကောင်တွေကိုမေးတာ
    ကျွန်တော်တို့အားလုံးလည်းသိချင်တယ်လေ(….ခင်မျာ်းတို့ အဲ့ဒီမနက် ကျွန်တော်တို့ကုန်းကို ဘာလို့မသိမ်းတာလဲဘာ့ကြောက်ဆုတ်သွားတာလဲ)ဆရာညွန့်တင်ေ မးတော့
    သူလည်းတအားပြောပြချင်တဲ့ပုံနဲ့ပါပဲ(မပြေးလို့မရ ဘူး ဆရာကြီ်း..ဗမာရှေ့ခေတ်စစ်သားတွေ မောက်တိုမောက်ရှည်တွေ ဆင်တွေမြင်းတွေနည်းမှမနည်း။
    လူထောင်ကျော်လောက် လက်နက်မျိုးစုံ အလံမျိုးစုံကိုင်တက်လာတာ..ပီးတော့မိုးခြိမ်းသ့လိုပဲ ၀ိုင်းဟ တိုက်ဟ..သတ်ဟ…နဲ့..ကြောက်စရာကြီးဗျာ…
    လှံတွေဓါးတွေနဲ့ အော်ကြဟစ်ကြပြေးလာကြဆိုတောရှေးဘုရင်တွေ စစ်တိုက်တဲ့ပုံတွေထဲကလိုပဲ့ .ပထမ ၁ချက် ၂ချက်ပစ်ကြည့်သေးတယ်..ဘားမှမဖြစ်တော အများးလည်းပြေးကိုလည်းပြေးပေါဗျာ..အနီးရောက်ရင်ဘာဖြ စ်မယ်မှမသိဘဲကိုးဆရာကြီးရဲ့သေသွားတဲ့ အလောင်းတွေတောင်ဒီတိုင်းထားခဲ့ရတာ..ကြောက်မိတဲ့အထဲမှာတော့အကြောက်ဆုံးပဲ..ခွေပြေးကိုပြေးခဲ့ရတာဗျ……… .)ကဲ လိပ်ခဲတင်တင် မသိခဲ့ရတဲ့ အဖြေတာ့ သိပါပြီ…ကျွန်တော်တို့အားလုံ့းဝမ်းသာ အံ့သြခြင်းရှိရပါသည်………..
    ………………………………………………………………
    …………………………………………………………
    ………………………………………………………………………………………………………………
    စာဖတ်သူများကိုမေးချင်တာကတော့..
    ၁။မြန်မာ့စစ်သည်တော်များသည် ရှေ့ခောတ်မြန်မာတပ်မတော်နှင့် ပါတ်သက်နိုင်၏.မပါတ်နိုင်၏
    ၂။စစ်သားတို့၏ ၀ိညဉ်များသည်..မိမိတို့ သစ္စာ အဓိဌာန်အတိုင်း ၀ိညဉ်ဘ၀ဖြင့် တိုင်းပြည်ကိုဆက်လက်ကာကွယ်နေနိုင် ဖြစ်နိုင်၏် ..မဖြစ်နိုင်၏်
    ၃။စစ်သာတိုင်းလူ သတ်ချင်ရ်ျ စစ်ထဲ ၀င်၏..(၀)လူ မနုဿဿ``လူသားများ မသတ်ချင်ပါပဲ ပါနာတိပါတကံထိုက်ခံနေရပါ၏်
    ၄။မေးစရာမေးခွန်းတွေက များပါ၏…စာရေးသူအနေဖြင့် ၃ ခွန်းသာမေးပါမည်..ဖြေပေးစေလိုပါသည်။
    ဗိုလ်မှုးကြီးစောရွှေ …
    စာရေးဆရာဗိုလ်မှုး တင်သန်းဦး.
    (ကွှယ်လွန်)ဗိုလ်မှုးကြီးသူရမြင့်တိုး
    ။ဗိုလ်မှုး ကိုကိုကြီး.
    ဗိုလ်မှုး မင်းဟန်…….
    ရက်ပေါင်း ၄၀ တိုက်ပွဲကိုအတိကျ ဖြစ်အောင်စုစည်းရာမှ ရက်ပေါင်း ၄၀ စာပြောပြပေးခဲ့သော ဗိုလ်မှုးကြီးများကို ယခုဆောင်းပါးဖြင့် ဂါဝရ ပြုလိုက်ရပါကြောင်း ။

    မောင်မောင်(တုံကပူရိ)(ခ)သူတော်ငယ်ဧ
    Reply With Quote   

  2. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


  3. #482
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default




    (၁၉၁၉) ခုနှစ်သည် တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံအတွက် ထူးခြားသည့်နှစ်တနှစ်ပင်တည်း။ ထိုနှစ်တွင် မြန်မာအမျိုးသမီးကုမ္မာရီအသင်းကို စတင်ထူထောင်နိုင်ခဲ့သလို၊ (၁၉၁၉)ခုနှစ် မေလ (၁၈) တွင် ဝိုင်အမ်ဘီအေအသင်းချုပ် အထူးအစည်းအဝေးကျင်းပ၍ မြန်မာ ပြည်သူတို့လိုလားသောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန် ဆုံးဖြတ်ချက်နှင့်အတူ ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ (၁၉၁၉) ဇူလိုင်လ (၇) တွင် သင်္ဘောဖြင့်သွားရောက်ကာ အင်္ဂလန်ပြည်၊ လန်ဒန်မြို့တွင် ခုနစ်လကြာမျှနေထိုင်လျက် မြန်မာပြည်လွတ်လပ်ရေးအတွက် ရှေ့ပြေးနိမိတ်တဘောင်ကို အတိတ်ဆောင်ခဲ့သောနှစ်တနှစ်လည်း ဖြစ်ပေတော့သည်။ မြန်မာ့မြေ၊ မြန်မာ့ရေကို ကျွန်ပြုအုပ်စိုးထားသည့် အင်္ဂလိပ် အစိုးရက ဘုရား၊ ကျောင်းကန်များ တွင်”မည်သူမျှ ဖိနပ်မစီးရ“ အမိန့်ကို (၁၉၁၉) ခုနှစ် အောက်တိုဘာ (၂၉) ရက်တွင် ထုတ်ပြန်ပေးစေခဲ့သည်အထိ မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်အဟုန် မြင့်တက်လို့ လာခဲ့ချေပြီ။




    ထိုကဲ့သို့ အတိတ်ကောင်းနိမိတ်ကောင်းများဖြင့် မင်္ဂလာကျက်သရေရှိသည့် (၁၉၁၉) ခုနှစ်တွင် တောင်ဇလပ်ပန်းများဖူးပွင့်ရာ
    ချင်းတောင်တန်းမြေတွင် အနာဂတ်မြန်မာ့တပ်မတော်၏ သားကောင်းရတနာတဦးကို ဖွားမြင်သန့်စင်ခဲ့လေတော့သည်။ သူ၏
    အမည်နာမသည်ကား ဟရန်သီယို(Hrang Thio) ဟူ၍........။



    သူ့အား စစ်သွေးစစ်မာန် ပြင်းထန်ထက်မြက်လှသည့် တောင်ပိုင်ကြီး ဘွိုင်ကူလ်၏မျိုးရိုးမှ မီးရှူး သန့်စင်ခဲ့ကာ သမီး(၆) ယောက်အလယ်၌
    တယောက်သာ ထွန်းကားခဲ့သည့် သားရတနာလေးတဦး ဖြစ်လေ၏။ ဖလမ်းမြို့အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး (၁၉၃၉)ခုနှစ်၊ သူ့အသက် (၂၀)ပြည့်ချိန်တွင်မေမြို့ရှိ ဘားမားရိုင်ဖယ်တပ်ရင်း(၂)၌ သာမန်စစ်သည်ဘဝဖြင့် သူ၏ တပ်မတော်သားဘဝကို စတင်ခဲ့လေတော့သည်။

    (၁၉၄၁-၄၂) ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းဂျပန်တပ်များ မြန်မာပြည်သို့ဝင်ရောက်လာချိန်တွင် အသက် (၂၂) နှစ်ရှိ တပ်ကြပ်ကလေးဟရန်သီယိုအဖြစ်
    ဘားမားရိုင်ဖယ် တပ်သားများနှင့်အတူ အိန္ဒိပြည်သို့ လိုက်ပါသွားခဲ့၏။




    (၁၉၄၃) ခုနှစ်၊ ဖေဖော်ဝါရီလတွင်တော့ တပ်ကြပ်ကြီးဟရန်သီယို အား ၀င်းဂိတ်၏ ခြင်္သေ့တပ်ဖွဲ့ နှင့်အတူ မြန်မာပြည်သို့ခြေလျင်လိုက်ပါလျက်
    မြန်မာပြည်အလယ်ပိုင်းဒေသတလွှားတွင် ရဲရဲတောက်သတ္တိဖြင့် ဂျပန်တပ်များကို လိုက်လံတိုက်ခိုက်နေခြင်းကို တွေ့မြင်ကြရပြန်တော့သည်။ ကသာနယ်
    ကျောင်းကလေးရွာအနီးဝယ် ဂျပန်တပ်များ၏အဝိုင်းခံရစဉ်အချိန်တွင် အတင်းထိုးဖောက်တိုက်ခိုက်ထွက်ခဲ့ရုံမျှမက ဒဏ်ရာရရှိထားသည့် ရဲဘော်တဦးကိုပင်
    စွန့်စွန့်စားစား ထမ်းပိုးယူဆောင်လာခဲ့သည့် သူ၏စွန့်စားမှုကြောင့် ဘီဂျီအမ် (BGM) တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရ၏။ (Burma Gallentary Medal (BGM)

    (London Gazette 11 May, 1944)


    ရဲဝံ့စွန့်စားမှုကြောင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည့်  ဟရန်သီယို မှာ (၁၉၄၅) ခုနှစ်တွင်တော့ ဗိုလ်မှူးရာထူးအထိ ရောက်ရှိခဲ့လေပြီ။
    ထိုအချိန်တွင် သူ၏အသက်အရွယ်မှာ (၂၆) နှစ်သာသာမျှပင်ရှိသေးသည်။





    မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင်တော့ ဗိုလ်မှူးကြီးရာထူးဖြင့် ပြည်ထောင်စုတည်မြဲရေးအတွက်
    စွန့်စွန့်စားစား ဆက်လက်အမှုထမ်းရင်း အင်းစိန်တိုက်ပွဲ၌ အထူးနာမည်ကြီးခဲ့ပြန်တော့သည်။ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခြင်းခံရသူ

    ဗိုလ်တိုက်ချွန်းတည်းဟူသော သစ္စာရှိချင်းတိုင်းရင်းသားစစ်သည်ရဲမက်များနှင့်အတူတကွ အင်းစိန် ကျမ်းစာသင်ကျောင်းကုန်းတိုက်ပွဲ၌ ကျည်ဆန်များအကြား
    စွန့်စားခဲ့ပုံကို ထိုခေတ်ထိုကာလက အတူတကွတိုက်ပွဲဝင်ခဲ့ကြသူများအနေဖြင့် မည်သို့မျှမေ့ပျောက်နိုင်မည် မဟုတ်ပေ။
    သူ၏ သတ္တိနှင့် ဇွဲကားကြီးမားလှတော့၏။




    အင်းစိန်တိုက်ပွဲပြီးဆုံး၍ (၁၉၄၉) ခုနှစ်၊ သြဂုတ်လရောက်ချိန်တွင်တော့ ဗိုလ်မှူးကြီးဟရန်သီယို တပ်ရင်းမှူးအဖြစ်ဦးစီးကွပ်ကဲသော အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းသည် မှော်ဘီစစ်မျက်နှာတွင် သောင်းကျန်းသူများနှင့်အပြင်းအထန်တိုက်ခိုက်ကြရပြန်ေ တာ့သည်။သနက(၁) အမှတ်(၁) ချင်း
    သေနတ်ကိုင်တပ်ရင်းမှ အမှတ်(၂)တပ်ခွဲ (ခွဲ-၂)နှင့် အမှတ်(၃)တပ်ခွဲ (ခွဲ-၃)တို့သည် လှပဒါးကျေးရွာအနီး၌ အခိုင်အမာခြေကုပ်ရယူထားသော
    သောင်းကျန်းသူများနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နေ့လည်ခင်းမှစတင်ဖြစ်ပွားပြီး နောက်နေ့မနက်မိုးလင်းချိန်အထိ ဖြစ်ပွားသော တိုက်ပွဲအတွင်း
    ချင်းသေနတ်ကိုင်တပ်ရင်း(၁)မှ တပ်ကြပ်ကြီး(၁)ဦးနှင့် တပ်သား(၃)ဦးကျဆုံးကာ စစ်သည်(၄)ဦး ဒဏ်ရာရရှိခဲ့လေသည်။




    ဒဏ်ရာရစစ်သည်များကို အားပေးစကားပြောကြားရန်နှင့် စစ်မြေပြင်အခြေအနေကို မျက်မြင်ဒိဌတွေ့လိုလှသည့် တပ်ရင်းမှူးကြီးဟရန်သီယိုသည်
    တပ်ရင်းဆေးမှူး ဗိုလ်ကြီးဒွေး၊ ဗိုလ်ကြီးလှမုန်း၊ဒုဗိုလ်တိုက်ချွန်း(နောင်တွင် အောင်ဆန်းသူရိယဗိုလ်ကြီးတိုက်ချွန်း)ဒုတပ်ကြပ်ဟိုခါး တို့နှင့်အတူ စစ်သုံးဂျစ်ကား
    ဖြင့် လှပဒါးရွာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။



    ++++++++++++++++++++++++++++++++++++++++

    အရုဏ်ဦးချုံခိုတိုက်ပွဲ

    +++++++++++++



    တပ်ရင်းရုံးမှ စတင်ထွက်ခွာချိန်မှာ မိုးပင် မလင်းတတ်သေး။ သြဂုတ်လ၏ နံနက်ခင်းသည် တဖွဲဖွဲရွာသွန်းနေသည့်မိုးကြောင့် ပို၍ မှောင်နေသယောင်ယောင်။ စစ်သုံးဂျစ်ကားလေးကို ဗိုလ်တိုက်ချွန်းမောင်းနှင်လာခဲ့ပြီး ဗိုလ်မှူးကြီးဟရန်သီယိုက ယာဉ်၏ဦးခန်း ဗိုလ်တိုက်ချွန်း၏ဘေးမှ ထိုင်လျက်လိုက်ပါလာခဲ့သည်။ ယာဉ်နောက်ခန်း ဗိုလ်တိုက်ချွန်း၏နောက်ဘက်တည့်တည့်နေရာတွင်တော့ ဆေးကိရိယာအစုံအလင်ဖြင့် ဆေးမှူးဗိုလ်ကြီးဒွေး၊ သူ၏နံဘေးတွင် ဗိုလ်ကြီးလှမုန်းနှင့် ဒုတပ်ကြပ်ဟိုခါးတို့ နေရာယူလျက် လိုက်ပါလာကြသည်။ အမှောင်ထုအောက်တွင် ဂျစ်ကားကို ဂရုတစိုက်ထိန်းသိမ်းမောင်းနှင်လာရင်းမှ လမ်းအခြေအနေ၊ ရန်သူ့သတင်း၊ ရာသီဥတုနှင့် အချိန်ကာလကို သုံးသပ်ရင်း စိတ်ပူပင်လာသည့် ဗိုလ်တိုက်ချွန်းက သူ၏တပ်ရင်းမှူးအတွက် စိုးရိမ်စိတ်ဖြင့် ........ သူသုံးသပ်မိသော အခြေအနေကို တင်ပြကာ
    ပြန်လှည့်ရန် အကြံပြုမိချေရာ.... တပ်ရင်းမှူးကြီး ဟရန်သီယို ကသမိုင်းတွင်ကျန်ရစ်မည့် စကားတခွန်းဖြင့်သာ အဖြေပေးလိုက်လေသည်။ ထိုသည်ကား...


    " ဟေ့ ... တိုက်ချွန်း၊ ဘာဖြစ်လို့ ပြန်လှည့်ရမလဲ။လူဆိုတာ တသက်မှာ နှစ်ခါမသေဘူးကွ။မင်း သေရမှာကြောက်သလား။

    မင်းကို သတ္တိရှိတယ်ဆိုပြီး ငါ့အနားမှာ ခေါ်ထားတာ " ဟူ၍......။




    မှော်ဘီမြို့နယ်နိမိတ်၏အပြင်သို့ရောက်လာသည့်တို င် ဖြိုးဖြိုးဖျောက်ဖျောက်ရွာသွန်းနေသည့်မိုးက မရပ်တန့်သေးသလို အမှောင်ထုကလည်း အားကောင်းလို့နေဆဲ။
    မြို့အထွက် ဘုန်းကြီးကျောင်းအနီးသို့ သူတို့ဂျစ်ကားလေးရောက်လာချိန်မှာတော့ လမ်းဘေးဝဲယာတဖက်တချက်ရှိ သစ်ပင်ကြီးများအောက်မှ ရုတ်တရက်ဆိုသလို လက်ခနဲ...
    လက်ခနဲ မြင်တွေ့လိုက်ရသည့် မီးပွင့်အနီမြောက်များစွာနှင့်အတူ ဆူညံစွာပေါက်ကွဲထွက်လာသည့် သေနတ်သံများက သြဂုတ်လ (၆) ရက်နေ့၏ နံနက်ခင်းကို စတင်ဖြိုခွင်းလိုက်လေပြီ......။ အင်အား(၃၀)ဝန်းကျင်ခန့်ရှိသည့် သောင်းကျန်းသူများက ဗိုလ်မှူးကြီး ဟရန်သီယို တို့ စီးနင်းလိုက်ပါလာသောဂျစ်ကားကို ဘရင်း၊ ရိုင်ဖယ်၊ စက်သေနတ်များဖြင့် တရစပ်မရပ်မနားခြုံခိုတိုက်ခိုက်ကြခြင်းပင်...။




    ဘယ်ညာနှစ်ဖက်ညှပ်ကာ တရစပ်တိုက်ခိုက်လာသည့် ရန်သူ့ကျည်ဆန်များအကြားတွင် ဗိုလ်တိုက်ချွန်း၏ အနောက်ဘက်ထိုင်ခုံ၌လိုက်ပါလာသူ ဆေးမှူး ဗိုလ်ကြီးဒွေးမှာ ကားပေါ်မှဆင်းရန် အချိန်ပင်မရလိုက်တော့ရှာပဲ ဦးခေါင်းတွင်ရရှိသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်ပင်လျှင် ပွဲချင်းပြီး ကျဆုံးသွားရရှာသည်။ ရန်သူ့ကျည်သင့်သဖြင့် ဂျစ်ကား စတီယာရင်လက်ကိုင်ချို့ယွင်းသွားလေရာ နောက်ပြန်လှည့်ဖို့လည်း အခွင့်မသာတော့။ ကားရှေ့လေကာမှန်မှာလည်း ရန်သူ့ကျည်ဆံကြောင့် တစစီ ကြေမွလျက်....။ ဗိုလ်မှူးကြီး ဟရန်သီယို နှင့် ဗိုလ်ကြီးလှမုန်းတို့မှာလည်း တဒိန်းဒိန်း၊ တဒိုင်းဒိုင်းဖြင့်ဆူညံစွာ ပစ်ခတ်လျက်ရှိသော သေနတ်များကြားတွင် ကားပေါ်မှအမြန်ခုန်ဆင်း၍ အကာအကွယ်ယူရတော့သည်။ ကားပေါ်လိုက်ပါလာသူစုစုပေါင်း(၅)ယောက်အနက်မှ ဗိုလ်ကြီးဒွေးကျဆုံးသွားပြီဖြစ်သဖြင့် လက်ကျန်လူ (၄)ဦးဖြင့်
    ရန်သူ၏ ပစ်ခတ်မှုကို တုံ့ပြန်နေရသော်ငြား လက်နက်အင်အားနှင့် လူအင်အားမှာ အပြတ်အသတ်ကွာခြားလို့နေသည်။ ရန်သူ့ပစ်အားနှင့်ယှဉ်မည်ဆိုပါက ကျည်ပစ်အားအလွန်

    ကွာခြားလွန်းနေပေသည်။



    ရန်သူတို့ချုံခိုတိုက်ခိုက်ချိန်နှင့်တပြိုင်တည်း ကားကိုရပ်၊ ကားအောက်ဆင်း၍ နေရာယူ၊ ပြန်လည်ခုခံပစ်ခတ်မှုမှာ အချိန်အားဖြင့် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပေလိမ့်မည်။ ရန်သူ၏ ကြိုတင်နေရာယူပစ်ခတ်မှုကြောင့် ဗိုလ်ကြီးလှမုန်း ရန်သူ့ကျည်သင့်သွားသော်လည်း ဒဏ်ရာမပြင်းထန်ပါချေ။ ဗိုလ်မှူးကြီး ဟရန်သီယို
    မှာတော့ ပေါင်တွင်ကျည်ဆန်ထိမှန်သွားခြင်းကြောင့် နေရာမှမထနိုင်တော့.......။ဒဏ်ရာရထားပြီးသူ နှစ်ယောက်နှင့်အတူ ရန်သူအားရေရှည်ခုခံတိုက်ခိုက်ရန် ကျည်အင်အား၊ လက်နက်အင်အားလည်း မလုံလောက်ခြင်းကြောင့် ဗိုလ်တိုက်ချွန်းနှင့် တပ်ကြပ်ဟိုခါးတို့နှစ်ဦးမှာ တိုက်ပွဲဖြစ်ပွားရာနေရာမှ အတင်းဖောက်ထွက်လျက် နောက်တန်းတပ်ရင်းသို့
    အမြန်ဆုံးသွားရောက် အကြောင်းကြားရတော့သည်။ ရန်သူတို့၏ တရစပ်ပစ်ခတ်နေသည့် ကျည်ဆံများအကြားတွင် ဒဏ်ရာရရှိထားသည့် တပ်ရင်းမှူးနှင့် ဗိုလ်ကြီးလှမုန်းတို့၏ ကံကြမ္မာအဆုံးအဖြတ်မှာ ဗိုလ်တိုက်ချွန်းတို့နှစ်ဦးအပေါ်တွင် မူတည်၍နေလေပြီလော မပြောတတ်........။




    စစ်ကူလိုက်ကြပြီ

    +++++++++++++





    တပ်ရင်းသို့ပြန်ရောက်သည်နှင့်တပြိုင်နက် တပ်ရင်းတွင်ရှိနေသည့် တပ်စုတစုကို အမြန်ဆုံးတန်းစီစေပြီး လက်နက်ခဲယမ်းအပြည့်အစုံယူကာ ဗိုလ်တိုက်ချွန်းဦးဆောင်လျက် တိုက်ပွဲဖြစ်ပွားသည့် အရပ်ဆီသို့ အလျင်အမြန်ချီတက်သွားရတော့သည်။ တန်းစီ၊ လူစစ်ချိန်တွင် သတင်းပို့စဉ် နားထဲမှာ ကြားလိုက်ရသည့် တန်းစီစစ်သည်အင်အား စုစုပေါင်း (၃၀) ယောက် ။




    တိုက်ပွဲဖြစ်ပွားရာနေရာသို့ပြန်ရောက်သွားချိန်တွင်တော့ သေနတ်သံများတိတ်ဆိတ်လို့နေလေပြီ...... ။ နံနက်အာရုံကျင်းအလင်းမရောက်မီက တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်တွင် ဗိုလ်မှူးကြီး ဟရန်သီယို မှာ မြေပေါ်တွင်လှဲလျောင်းရင်း မှိန်းနေရရှာ၏....။ ပတ်ပတ်လည်တွင်တော့ (၂၇) ဦးမျှ အင်အားရှိသည့် သောင်းကျန်းသူတို့က လက်နက်ကိုယ်စီကိုင်ဆောင်လျက် ဗိုလ်မှူးကြီး ဟရန်သီယို တို့အား ဝိုင်းရံထားလေသည်။




    တိုက်ပွဲသတင်းကြားသဖြင့် စစ်ကူလိုက်လာသည့် တပ်ခွဲ(၁)နှင့် တပ်ခွဲ(၂) စုစုပေါင်းအင်အား(၃၀၀)ခန့် ရောက်ရှိလာချိန်တွင် အခြေအနေက ပြောင်းပြန်ဖြစ် သွားတော့သည်။ အလယ်ခေါင်တည့်တည့်တွင် ဒဏ်ရာရထားသည့် ဗိုလ်မှူးကြီး ဟရန်သီယို တို့၊ သူ့တို့အား ဝန်းရံထားသည်က လက်နက်ကိုင်သောင်းကျန်းသူ (၂၇) ဦး၊ထိုသောင်းကျန်းသူများအား တဖန်ပြန်လည်ဝိုင်းထားသည်က ချင်းသေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲ(၂)ခွဲနှင့် တပ်စု(၁)စု.....။ အင်အားချင်းမမျှတသည်ကို သတိပြုမိသဖြင့် သောင်းကျန်းသူများမှာ ဗိုလ်မှူးကြီး ဟရန်သီယို တို့အား အန္တရာယ်ပြုရန်မကြိုးစားတော့ပဲ ဆုတ်ခွာရန် ကြံစည်ဆုံးဖြတ်လိုက်တော့သည်။




    ရန်သူများဆုတ်ခွာသည်နှင့် ချက်ချင်းပင် ဗိုလ်မှူးကြီး ဟရန်သီယို အား စစ်သုံးအမ်းမတ်ကား (Armoured Car) ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့အမြန်ဆုံးပို့ဆောင် လိုက်ရသည်။ ဒဏ်ရာရထားပြီးချိန်ကတည်းက သွေးထွက်လည်းလွန်ထားပြီး၊ ဆေးလည်း ထည့်ခွင့်မရရှာသော ဗိုလ်မှူးကြီး ဟရန်သီယို ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်စွာနှင့်.......။ ဆေးရုံရောက်ပြီး သုံးရက်မြောက်နေ့ သြဂုတ်လ (၈)ရက်နေ့တွင် သေနတ်ဒဏ်ရာအခြေအနေမကောင်းသဖြင့် သူ၏ ပေါင်ကို အရင်းမှဖြတ်တောက်လိုက်ရလေသည်။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှ ဆေးမှူးကြီးများသည်လည်း ဗိုလ်မှူးကြီး ဟရန်သီယို ကို အထူးဂရုစိုက် ကုသကြသည်ပင်။ သို့သော်လည်း ပေါင်ဖြတ်တောက်ထားရသည့် ဗိုလ်မှူးကြီး၏ အခြေအနေမှာ အားရစရာတော့ သိပ်မရှိလှ........။ သို့သော်လည်း သတ္တိခဲ၊ ရဲရဲတောက်သည့် သူ့စိတ်ဓာတ်ကား
    အံ့သြရလောက်အောင်ပင် မာကြောလွန်းလှပေ၏...။ သူ့အား သတင်းလာမေးသည့် ရဲဘော်ရဲဘက်များကို ပတ်တီးစည်းထားသော သူ့ပေါင်ပြတ်အားပြသကာ ရယ်ရယ်မောမော ဖြင့်............


    " ငါတော့ ခွ(ဂွ)ကျတာပဲ...။ ဆေးရုံကဆင်းရင် ခြေထောက်တဖက်မရှိပဲနဲ့ .. ဘယ်လိုလုပ်ပြီး ဘောလုံးကန်မလဲကွ... " ဟူ၍ပင် ဟာသနှောလိုက်ပြန်လေသေးတော့သည်။





    ထိုကဲ့သို့ သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဗိုလ်မှူးကြီးဟရန်သီယို တယောက် ခဲဆိပ်တက်နေသော ပေါင်မှဒဏ်ရာကြောင့် ထိုနေ့ညနေ (၃)နာရီ(၅၀)မိနစ်အချိန်တွင် သူချစ်ခင်သော ရဲဘော်ရဲဘက်များနှင့် သူတွယ်တာခင်မင်ရာ တပ်မတော်ကြီးကို ကြေကွဲဝမ်းနည်းဖွယ် စွန့်ခွာလျက် သူရဲကောင်းစစ်သည်တို့၏ နားခိုရာဘုံဗိမ္မာန်သို့ ထွက်ခွာသွားလေတော့သည်။ သူကျဆုံးချိန်တွင် သူ၏အသက်မှာ (၃၀) ဝန်းကျင်မျှသာ.........။



    သူရဲကောင်းတဦး၏ နောက်ဆုံးခရီး
    +++++++++++++++++++++++++





    သူရဲကောင်းစစ်သည် ဗိုလ်မှူးကြီးဟရန်သီယို၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို သြဂုတ်လ (၁၅) ရက်နေ့တွင် မင်္ဂလာဒုံစစ်ဆေးရုံမှ
    မင်္ဂလာဒုံ - ပြည်လမ်းမကြီးဘေးရှိ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်းသို့ အခမ်းအနားဖြင့် ပို့ဆောင်ရာ လိုက်ပို့သည့်တပ်ပေါင်းစုံနှင့် လူထုပရိသတ်တို့ မှာ တမိုင်ခန့်ရှည်လျားခဲ့ပေသည်။ လိုက်ပါပို့ဆောင်သူများတွင် ကြည်း-ရေ-လေ တပ်ပေါင်းစုံမှ အရာရှိကြီးများ၊ ၀န်ကြီးများ ပါဝင်ခဲ့ကြ၏။ လမ်းတလျှောက်လုံးတွင် လက်နက်ကိုင်တပ်များ စောင့်ကြပ်လျက်ရှိ၏။ ချင်းတပ်ရင်း (၁) သို့ အရောက်တွင် ရုပ်အလောင်းကို တပ်မတော်အရာရှိများထမ်းဆောင်၍ မဏ္ဍပ်အတွင်းစင်မြင့်၌တင်ထားကာ ဗိုလ်မှူးကြီး၏ဂုဏ်ပုဒ်များကို ချီးကြူး စကားပြောကြားပြီးနောက်ပန်းခွေများတင်၍ (၅) မိနစ်ကြာ အလေးပြုခဲ့ကြလေသည်။ ထိုသို့ ဗိုလ်မှူးကြီး၏ရုပ်ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်၊ သြဂုတ်လ (၁၇) ရက်နေ့မှ အစပြု၍ နိုင်ငံတော် ဈာပန အခမ်းအနားအဖြစ် ချင်းတပ်ရင်း (၁) စည်းဝေးခန်းမကြီး၌ ရန်ကုန်အင်းစိန်နယ်လူထု၏ အလေးပြုခြင်းကို ခံယူရန် ထားရှိခဲ့လေသည်။




    တာဝန်ကိုဦးလည်မသုံထမ်းရွက်သွားသူ ဗိုလ်မှူးကြီး ဟရန်သီယိုသည် မတရားမှုကို အနည်းငယ်မျှပင်လျှင် မနှစ်သက်။ တပ်ထဲတွင် အဆင့်အတန်းမရွေးပဲရင်းနှီးဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်သဖြင့် အရာရှိ၊အရာခံ၊အကြပ်၊ တပ်သားအားလုံး၏ ချစ်ခင်လေးစားခြင်းကို ခံခဲ့ရသူတဦးပင်။ သူ၏ ရာထူး၊

    ဂုဏ်ရှိန်အတွက် မာနတက်မှုလည်း မရှိ၊ စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပြီး သတ္တိအရာ၌ ပြောင်မြောက်လှသူတဦးဖြစ်ပေသည်။ မဟုတ်မခံရာ၌လည်း မကြုံစဘူးထူးကဲအောင်ရှိသည်ဟူ၍ သူနဲ့အတူလက်တွဲလျက် တိုက်ပွဲဝင်ခဲ့ကြသည့်နီးစပ်သူများအားလုံးက မှတ်ချက်ချရသူတဦးလည်း ဖြစ်သည်။ သူရဲကောင်းပီသစွာဖြင့်
    ကျဆုံးခဲ့ရှာသော ဗိုလ်မှူးကြီး ဟရန်သီယို အတွက် သူ့မွေးရပ်မြေ ချင်းတောင်တန်းမှ ချင်းတိုင်းရင်းသားများအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးက
    သတိတရဖြင့် ဂုဏ်ယူနေကြမည်မှာ ဧကန်မလွဲပင်။ သူ့ဇာတိမြေမှ တောင်ဇလပ်ပန်းများ၏ မွှေးရနံ့နှင့်အတူ သူ၏ဂုဏ်သတင်းသည် ချင်းတောင်တန်းထက်တွင် မွှေးပျံ့လျက်ရှိနေပါလိမ့်ဦးမည်။ သူတွယ်တာရာ ချင်းတောင်တန်းများထက်မှ ဖလမ်းမြို့ကလေးတွင် ဟရန်သီယို အမည်ရှိသည့် ဘောလုံးကွင်းကြီးသည် နောင်အနာဂတ်တွင်မွေးဖွားလာကြမည့် ချင်းတိုင်းရင်းသားလူငယ်များအား အတိတ်ကာလများဆီက ဗိုလ်မှူးကြီး ဟရန်သီယို ဟု အမည်တွင်သည့် ချင်းသူရဲကောင်းတပ်မတော်သားတဦး၏ သမိုင်းကြောင်းကို လက်ဆင့်ကမ်းကာ ပြောပြနေပါလိမ့်ဦးမည်။




    နေ့ကို လစား၊ လကို နှစ်စားရင်း အချိန်ကာလ သက္ကရာဇ်မိုင်တိုင်များ မည်၍မည်မျှပင် ရွေ့လျားပြောင်းလဲခဲ့စေကာမူ " တောင်တန်းမြေမှ ကြယ်တပွင့်" သည်

    ဤနိုင်ငံ၏သမိုင်းစာမျက်နှာများထက်တွင် အစဉ်လင်းလက်တောက်ပနေမည်မှာ အသေအချာပင် ဖြစ်ပေတော့သည်။





    ဖြည့်စွက်ချက်။


    Burma Gallentary Medal (BGM)
    (London Gazette 11 May, 1944),No. 7920 Havildar Hrang Thio, The Burma Rifles


    ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ တွင် ဒု-ဗိုလ်ခန့်အပ်

    ကြည်း ၅ဝ၆၃ဒုတိယဗိုလ်မှုးကြီး ဟရန်သီယို (Hrang Thio) (ကျဆုံး၊ ၈-၈-၄၉) တပ်ရင်းမှုး၊ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း

    စည်သူ ဘွဲ့
    ၁၉၅၀ ခုနှစ်


    ကိုးကားသော အထောက်အထားများ
    ၁။(စစ်နှလုံးဂျာနယ် အတွဲ ၂၊ အမှတ် ၆ - ၁၉၄၉ ခုနှစ် စက်တင်ဘာလ)

    ၂။တက္ကသိုလ်တင်စိန် - အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း

    Credit to Khant Linn Htet from facebook
    Reply With Quote   

  4. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  5. #483
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default "မေယု နှစ်ပတ်လည်"




    အမည်နာမအားဖြင့် ကဗျာဆန်ဆန် လှပသော်လည်း တကယ်တမ်းတော့ မေယု ဟူသည်ကားဒုတိယကမ္ဘာစစ်အတွင်း ရေကြောင်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ(RIVER CLASS) အမျိုးအစား စစ်ရေယာဉ်တစ်စီးသာဖြစ်ပြီး မူလအမည်မှာ H.M.S FAL ဟူ၍......။ မေယုကို အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်လ် (NEW CASTLE) မြို့ ရှိ စမစ်(SMITH) သင်္ဘောကျင်းဝယ် ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဖွားမြင်သန့်စင်ခဲ့လေသည်။



    မူလတာဝန်အားဖြင့် ရေယာဉ်အုပ်စုများကို အစောင့်လိုက်တာဝန်ထမ်းဆောင်ရသည့် စစ်ရေယာဉ် H.M.S FAL သည်ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတိုက်တွင် ဂျာမနီနိုင်ငံ လက်နက်ချပြီးသည့်နောက် အာရှတိုက်တွင် ကျန်ရှိနေသေးသည့်ဖက်ဆစ်ဂျပန်တိုကို ဆက်လက်ချေမှုန်းတိုက်ခိုက်ရန် ဥရောပမှ စေလွှတ်ခဲ့သည့် မဟာမိတ်စစ်ရေယာဉ်များစာရင်းတွင် ပါဝင်ခဲ့လေသဖြင့် အာရှရေပြင်ဆီသို့ အဏ္ဏဝါခရီးကို ချီတက်ခဲ့လေတော့သည်။


    အာရှတိုက်စစ်မြေပြင်တွင် မြန်မာနိုင်ငံကို မဟာမိတ်တပ်များ ပြန်လည်ထိုးစစ်ဆင်နွှဲချိန်နှင့် ပြည်တွင်းမှ မြန်မာမျိုးချစ်များက ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ချိန်တွင်
    H.M.S FAL သည် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) မှ မြန်မာအမျိုးသား ရေတပ်သားများနှင့်အတူ
    ရခိုင်တိုက်ပွဲစဉ် မေယုမြစ်ဝှမ်းတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့လေသည်။


    "မေယု " တဖြစ်လည်း H.M.S FAL
    ------------------------------
    ------------------------------


    ၁၉၄၇ ခုနှစ် မေလ(၂၅)ရက် တနင်္ဂနွေနေ့ (၁၂၁၀) နာရီအချိန်တွင်တော့ H.M.S FAL သည် ဗြိတိသျှ တော်ဝင်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်နေရာမှ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) ထံသို့ အခမ်းအနားဖြင့် လွှဲပြောင်းရောက်ရှိလို့လာခဲ့ပါတော့သည်။ တနည်းအားဖြင့်တော့ ဖွားမြင်ရာအချိန်မှ (၆) နှစ်မျှအကြာတွင် ရောက်ရှိလာခဲ့ခြင်းပင်။ ရခိုင်စစ်မြေပြင် မေယုမြစ်ဝှမ်းတိုက်ပွဲများအတွင်း စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့မှုကို ဂုဏ်ပြုသည့်အားဖြင့် "မေယု " ဟု ခေါ်တွင် စေခဲ့လေသည်။ ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်း၊ ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လွှဲပြောင်းစဉ်က ဗြိတိသျှတော်ဝင် ရေတပ်မတော်မှ စစ်ရေယာဉ်မှူးမှာ
    ဗိုလ်မှူးမစ်ချယ်လ် (LIEUTENANT COMMANDER MITCHELL) ဆိုသူဖြစ်ပြီး ၊ မြန်မာနိုင်ငံမှ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို
    ဖြစ်လေသည်။



    ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်း သည် “ တစ်နှစ်အတွင်း လွတ်လပ်ရေး ရလျှင်ရ၊ မရလျှင်ချ ” ကြွေးကြော်လျှက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါသည်။ ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်၏ အလံဆောင် အဓိကစစ်ရေယာဉ် (FLAGSHIP) ဖြစ်လာသည့်နည်းတူ မြန်မာ့လွတ်လပ်ရေး၏ ရှေ့ ပြေးနမိတ်နှင့် အဘိတ်ဆောင်အောင်ပန်းတစ်ပွင့်လည်း ဖြစ်လာခဲ့ပါတော့သည်။



    "မေယု " နှင့် ပြည်တွင်းတိုက်ပွဲများ
    ------------------------------------------
    ------------------------------------------

    မေယု စစ်သင်္ဘောပါဝင်ဆင်နွှဲခဲ့ရသည့် သမိုင်းဝင် တိုက်ပွဲများသည်ကား--

    - အင်းစိန်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်

    - သန်လျင်ကျိုက်ခေါက်တိုက်ပွဲ (၁၉၄၈)ခုနှစ်

    - ပုသိမ်မြို့ သိမ်းတိုက်ပွဲ (၁၉၄၈)ခုနှစ်

    - ကျောက်ဖြူမြို့ သိမ်းတိုက်ပွဲ (၁၉၄၉)ခုနှစ်

    - မော်လမြိုင်မြို့ သိမ်းတိုက်ပွဲ (၁၉၅၀)ခုနှစ်

    တို့ ဖြစ်ကြလေသည်။

    အင်းစိန်မြို့ကို သိမ်းပိုက်ထားပြီး ရန်ကုန်မြို့ကို ဆက်လက်ထိုးစစ်ဆင်သိမ်းယူရန် အင်းအားစုစည်းကြိုးပမ်းလာသော KNDO တပ်များအား ဗမာ့တပ်မတော်မှ အောင်ပွဲခံခဲ့သော တိုက်ပွဲတွင် ရန်သူ၏ ထိုးစစ်အဟုန်ကြောင့် ကြည်းတပ်ခံစစ်ကြောင်းများ အဆင့်ဆင့် ဆုတ်ပေးနေရချိန်တွင် ဗမာ့ရေတပ်မတော်မှ စစ်ရေယာဉ်မေယုသည် မြစ်ကြောင်းမှ (၄)လက်မ အမြောက်ဖြင့်လည်းကောင်း၊ ရေတပ်ပိုင် ဘီးတပ်(၄၀)မမ အမြောက်တပ်ဖွဲ့များသည် ကုန်းပေါ်မှလည်းကောင်း ဆီးကြိုဖြတ်တောက် တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ အကျအဆုံးများစွာဖြင့် အရေးနိမ့်သွားခဲ့ပါသည်။ ၄င်းတိုက်ပွဲတွင် ရေတပ်အနေဖြင့် စစ်ရေယာဉ်များအပြင် ကုန်းပေါ်မှလည်း ဘီးတပ်အမြောက် တံမြက်စည်း၊ ရေဘီလူး ၊ ရေသူရဲ၊ ရေသဘက် စသည်တို့ဖြင့် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲခံနိုင်ခဲ့ပါသည်။



    ထိုကဲ့သို့ သမိုင်းဝင်၊ သမိုင်းတွင်သည့် နာမည်ကျော်တိုက်ပွဲများအပြင်
    (၁၉၅၈) ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရလက်ထက်နှင့်
    (၁၉၆၂) ခုနှစ် တော်လှန်ရေးကောင်စီ တက်လာချိန်တွင်လည်းကောင်း၊
    (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးနောက်တွင်လည်းကောင်း၊
    ပြည်တွင်းသောင်းကျန်းမှုကို အမြစ်ပြတ် ချေမှုန်းခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပိုင်နက်ပင်လယ်ပြင်
    ကာကွယ်စောင့်ရှောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။


    ချစ်ကြည်ရေးသံတမန် "မေယု "
    -----------------------------------------
    -----------------------------------------


    သမိုင်းကြောင်းက ပေးအပ်လာသည့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်လျက်ရှိနေသည့် စစ်ရေယာဉ် "မေယု " သည်
    စစ်ဆင်ရေးတာဝန်များဖြင့် မအားမလပ်သည့်အကြားမှ ပေးအပ်လာသည့်တာဝန်ကို ကျေပွန်စွာဖြင့်
    (၁၉၄၉) ခုနှစ်တွင် အရှေ့ ပါကစ္စတန်နိုင်ငံ (ယခုဘင်္ဂလားဒေ့ရှ်)သို့ ချစ်ကြည်ရေးခရီးစဉ် နှစ်ကြိမ်သွားခဲ့ပြီး
    သြစတြေလျနိုင်ငံနှင့် အိန္ဒိနိုင်ငံများသို့ တစ်ကြိမ်စီ သွားရောက်ခဲ့ပြန်ပါသေးသည်။

    ထို့ကြောင့် စစ်ရေယာဉ်-မေယု သည် တပ်မတော်ရေတပ်အတွက်သာမက နိုင်ငံအတွက်ပါ သမိုင်းဝင်စစ်ရေယာဉ်တစ်စီးအဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။



    "မေယု " ၏ နေဝင်ချိန်
    ----------------------------
    ----------------------------

    တပ်တော်ဝင်အဖြစ်မှ ရပ်စဲခြင်း


    လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်၊ ရာသီဥတုဒဏ် နှင့် လက်နက်ဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်အံတုရင်း ပေးအပ်လာသည့် တာဝန်တိုင်းကို
    မငြီးမငြူ ထမ်းဆောင်ခဲ့လေသည့် "မေယု " ၏ သက်တမ်းကာလမှာ အနှစ်(၄၀)ခန့် ရှိလာသည်နှင့်အမျှ ဇရာ၏ဖိစီးမှုတို့က စွဲကပ်လာတော့သည်။
    ကိုယ်ထည် ကုန်းပတ်များသာမက အတွင်းပိုင်းရှိ တကူများ၊ ကြွက်လျှောက်များ၊ ရေလုံခန်းများ စသည့် (STRENGTH MEMBERS)များ
    ဆွေးမြေ့ ပျက်စီးမှုများ ဖြစ်လာသဖြင့် ရာသီဥတုဆိုးရွားချိန်နှင့် ပင်လယ်ပြင်တွင် စိတ်ချလက်ချအသုံးပြုရန် သင့်လျော်မှုမရှိတော့သည်ကို
    တာဝန်ရှိသူများက စစ်ဆေးတွေ့ ရှိလာခဲ့သည်။ ထိုမျှသာမကသေးပဲ ရေယာဉ်၏ ကိုယ်ထည်သံပြားများကို ရှေးဟောင်းတည်ဆောက်မှုစနစ်ဖြစ်သော
    (RIVETTED CONSTRUCTION) နည်းဖြင့် တည်ဆောက်ထားသည့်အလျှောက် ရေလုံမှုအခြေအနေ (WATERTIGHT – INTEGRITY) သည်လည်း ကျဆင်းလျော့နည်းလာသည်ကိုလည်း တွေ့ရှိခဲ့ကြရပြန်တော့သည်။ တပ်ဆင်အသုံးပြုထားသော စက်အမျိုးအစားမှာလည်း ရေနွေးငွေ့သုံး
    စက်အမျိုးအစားဖြစ်သဖြင့် သက်တမ်းကန့်သတ်ချက်၊ စက်ကိရိယာ လျှပ်စစ်အပိုပစ္စည်းများ ရရှိမှုခက်ခဲလာသည့်အတွက် တိုက်စွမ်းရည် ကျဆင်းခဲ့ရပါသည်။
    "မေယု " ကား အိုမင်းချေပြီတည့်...........။

    ထိုကြောင့်လည်း ၁၉၇၉ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ကျင်းပသော (၂၆၂)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ
    "မေယု " ရေယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန် သဘောတူဆုံးဖြတ်ခဲ့ပါတော့သည်။ တို့နောက်တွင်တော့ "မေယု " ရေယာဉ်အား
    အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေး၍ ဖျက်သိမ်းမှုကိုဆောင်ရွက်ရန် စီမံခဲ့ပါသည်။ "မေယု " ကား သူပျော်မွေ့ရာ အဏ္ဏဝါရေပြင်နှင့်
    သူ့အားချစ်ခင်နေကြသူ ရဲဘော်ရဲဘက်များကို စွန့်ခွာလျက် အမှတ်(၁)စက်မှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သံရည်ကြိုရန် စီစဉ်ခြင်း ခံရပေတော့မည်။
    ဤအခြေအနေတွင် "မေယု " အတွက် မျှော်လင့်ချက် ရောင်ခြည်တချက် လင်းလက်လို့ လာခဲ့သည်။


    နိုင်ငံတော်ကောင်စီဥက္ကဌက စစ်ရေယာဉ်-မေယု သည် လွတ်လပ်ရေးနှင့်အတူ ပါရှိလာသော သမိုင်းဝင်စစ်ရေယာဉ်ဖြစ်၍ နောင်လာနောက်သားတို့ ကြည့်ရှူလေ့လာနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်အရ (၃၀-၉-၇၉)ရက်နေ့တွင် ကျင်းပခဲ့သော (၂၇၆)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ မှ သမိုင်းဝင် စစ်ရေယာဉ်တစ်စီးအဖြစ် ဆက်လက်ထိန်းသိမ်းထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ၊ တပ်မတော်(ရေ)မှ ပြန်လည်လက်ခံယူလျှက် သမိုင်းဝင်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ရန်နှင့် အဓွန့်ရှည်စွာ ထိန်းသိမ်းထားရှိနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်-
    (က)စစ်ရေယာဉ်အား ရေလုံသင်္ဘောကျင်း တည်ဆောက်၍ထားရန်။
    (ခ )စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ရန်တို့ ဖြစ်ပါသည်။
    အထက်ဖော်ပြပါ လုပ်ငန်းကြီး(၂)ရပ်ကို ကွပ်ကဲဆောင်ရွက်ရန်အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဦးစီးစက်မှုလက်မှုအရာရှိချုပ်(ရေ) ဥက္ကဌအဖြစ် ဆောင်ရွက်စေပြီး ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

    "မေယု " အတွက် ကွန်းခိုရာ
    ------------------------------
    ------------------------------

    လွန်းကျင်းတည်ဆောက်ပြီ

    "မေယု "စစ်ရေယာဉ်အား သမိုင်းဝင်အဖြစ် ထိန်းသိမ်းထားရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွန်းကျင်းတည်ဆောက်ရေးနှင့် ရေယာဉ်အား မူလပုံစံမပျက် အနီးစပ်ဆုံးတူညီမှုရှိစေရန် ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမည့် ပြည်တွင်း/ပြည်ပငွေများ သုံးစွဲခွင့်ရရှိရန်အတွက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့သို့ တွက်ချက်တင်ပြခဲ့ရာ (၂၅-၉-၈၀)ရက်နေ့တွင် ကျင်းပခဲ့သော (၃၁၁)ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

    ယင်းခွင့်ပြုချက်အရ စစ်ရေယာဉ်အား ထားရှိမည့် လွန်းကျင်းတည်ဆောက်ရန် မြေနေရာရှာဖွေကြရာ သန်လျင်မြို့ နယ်ရှိ အမှတ်(၁)ရေတပ်လေ့ကျင့်ရေးဌာနချုပ်နယ်မြေတွင် တည်ဆောက်ရန်သင့်တော်ကြောင်း ဆုံးဖြတ်၍ ရွေးချယ်ခဲ့ပါသည်။ ထိုသို့ ရေလုံကျင်းတည်ဆောက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍
    (HYDRO CIVIL WORKS) နှင့် (CIVIL WORKS) များ ဖြစ်သဖြင့် ယင်းလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အတွေ့အကြုံနှင့်
    လုပ်ငန်းကျွမ်းကျင်မှုရှိသော ဆိပ်ကမ်းကော်ပိုရေးရှင်း ဆည်မြောင်းဦးစီးဌာနတို့မှ အကူအညီများရယူ၍ လွန်းကျင်းတည်ဆောက်မှု၊
    မြေဖို့မှု၊ လွန်းကျင်းကြမ်းခင်း တည်ဆောက်မှု၊ လွန်းကျင်းနံရံများ တည်ဆောက်မှု၊ ရေနှုတ်မြောင်းနှင့် ရေနှုတ်ပိုက် တည်ဆောက်မှု
    လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

    စမအ(၉၅၄) ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) အနေဖြင့် အဆောက်အဦများ ဖျက်သိမ်းခြင်း၊ ပြောင်းရွှေ့ တည်ဆောက်ခြင်း၊
    လမ်းဖောက်လုပ်ခြင်း ၊ ရေမီးဆက်သွယ်မှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ခုနှစ်၊ အောက်တိုဘာလတွင်
    လွန်းကျင်းတည်ဆောက်ခဲ့ရာ ၁၉၈၁ ခုနှစ် ၊ မတ်လတွင် ရေယာဉ်အား လွန်းတင်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။
    ရေယာဉ်လွန်းတင်ပြီးနောက် လက်ကျန်လုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၁၉၈၁-၈၂) ဘဏ္ဍာရေးနှစ်ကုန်တွင် လုံးဝပြီးစီးခဲ့ပါသည်။
    လွန်းကျင်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ကုန်ကျ စရိတ်များမှာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
    အောက်ပါအတိုင်း ဖြစ်လေသည်။

    (က)ဆည်မြောင်းဦးစီးဌာန ၅၉,၉၄၆,၀၀၀
    (ခ )ဆိပ်ကမ်းကော်ပိုရေးရှင်း ၁၀၄,၈၆၅,၁၇၅
    (ဂ )အမှတ် (၉၅၄)ဆောက်လုပ်ရေး ၄၅,၂၉၈,၆၀၀
    ============================
    စုစုပေါင်းကုန်ကျငွေ ၂၁၀,၁၀၉,၇၇၅


    "မေယု " ကို မူလပုံစံမပျက် ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်း

    လွန်းကျင်းပေါ်သို့ "မေယု " ရောက်ရှိပြီးနောက် ၁၉၈၁-၈၂ နှင့် ၁၉၈၂-၈၃ ဘဏ္ဍာရေးနှစ်များတွင် "မေယု "အား မူလပုံစံနှင့် အနီးစပ်ဆုံးဖြစ်အောင် ပြန်လည်မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ လုပ်ငန်းရပ်များကို ( ၁၉၈၃) ခုနှစ် ၊ အောက်တိုဘာလတွင်
    အပြီးဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်ရေယာဉ်အား မူလပုံစံမပျက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုစုပေါင်းကုန်ကျငွေမှာ
    နိုင်ငံခြားငွေကျပ် (၄၈၆၄၀၀ိ/-) နှင့် ပြည်တွင်းငွေ ကျပ် (၉၇၀၈၂၅ိ - ၇၃ါး) နှစ်ရပ်ပေါင်း ငွေကျပ် (၁၄၅၇၂၂၅.၇၃ါး) ဖြစ်ပါသည်။ သို့ပါ၍
    လုပ်ငန်းကြီး (၂)ရပ်ဖြစ်သော ရေလုံသင်္ဘောကျင်းတည်ဆောက်ခြင်းနှင့် စစ်ရေယာဉ်အား မူလပုံစံမပျက်အောင် ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ရာတွင် ကုန်ကျငွေစုစုပေါင်းမှာ ကျပ် (၄၅၅၈၃၂ ၃ိ - ၅၆ါး) ဖြစ်ပါသည်။


    ရေရှည်ဆက်လက်ထိန်းသိမ်းထားရှိရေး

    စစ်ရေယာဉ်-မေယုအား သမိုင်းဝင်ရေယာဉ်အဖြစ် ထားရှိရန် လွန်းကျင်းတည်ဆောက်ခြင်းနှင့် ရေယာဉ်အား မူလပုံစံမပျက် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို တပ်မတော်(ရေ)အနေဖြင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လေပြီ။ ထို့ပြင် သမိုင်းဝင် စစ်ရေယာဉ်-မေယုအား ရေရှည် ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက်

    (၁) လွန်းကျင်းအား ပြုပြင်ထိန်းသိမ်းခြင်း၊
    (၂) ရေယာဉ်အား ပြုပြင်ထိန်းသိမ်းခြင်းနှင့်
    (၃) မြစ်ကမ်းပါးအား ထိန်းသိမ်းထားရှိခြင်း စသည့်လုပ်ငန်းရပ်ကြီး(၃)ရပ်အား
    တပ်မတော်(ရေ)အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပေသည်။ စစ်ရေယာဉ်"မေယု "အား သမိုင်းဝင် စစ်ရေယာဉ်ကြီးအဖြစ် ပြင်ဆင်ဖန်တီးထားရှိနိုင်မှုနှင့် လွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုတို့မှာ ပါဝင်ဆောင်ရွက်ကြသော ပညာသည်များ၏ အတတ်ပညာပိုင်းဆိုင်ရာ တတ်ကျွမ်းပြည့်ဝမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ကြသည့် တပ်ဖွဲ့အသီးသီး ၊ ဌာနအသီးသီးနှင့် ပုဂ္ဂိုလ်အားလုံးတို့၏ ညီညွတ်စွာ ပူးပေါင်းကြိုးစားအားထုတ်မှု၏ ရလဒ် ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။


    သမိုင်းဝင် စစ်ရေယာဉ်"မေယု " သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးချို့ ယွင်းမှုများကြောင့် မြင်ကွင်းမှ ကွယ်ပျောက်သွားရမည့်အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း ၄င်းစစ်ရေယာဉ်ကြီး၏ ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်မှုတို့မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်တွင် ထင်ဟပ်လျှက် အစဉ်အမြဲ ရှိနေတော့မည်သာ ဖြစ်ကြောင်း ရေးသားဖော်ပြရင်း သမိုင်းပေးတာဝန်
    ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် စစ်ရေယာဉ် "မေယု "၊၊ စစ်ရေယာဉ်မေယုတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရေယာဉ်အဖွဲ့သားများအားလုံးနှင့်
    တပ်မတော်(ရေ) တပ်သားများအား ယနေ့ကျရောက်သော
    စစ်ရေယာဉ် "မေယု " ၏ နှစ်ပတ်လည်နေ့တွင် ဤစာစုဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါသည်။


    "မေယု " ၏ ကိုယ်ရေးအချက်အလက်အကျဉ်းချုပ်


    - အလျား- ၃၀၁ ပေ ၇ ၃/၄ လက်မ (အချို့စာစောင်များတွင် အလျား ၂၈၃ ပေ ဟု ဖော်ပြသည်။)

    - ဗျက်- ၃၇ ပေ ၉ ၁/၄ လက်မ

    - တန်ချိန် (၂၂၀၅) တန်

    - တနာရီသွားနှုန်း ရေမိုင် (၂၀)မိုင်

    - ရေစူး- ၁၄ ပေ ၄ လက်မ (၀န်ပြည့်)

    တစ်နာရီ ရေမိုင် ၂၀ မိုင်နှုန်း သွားနိုင်သည်။

    - အလေးချိန်- ၁၆၁၄.၉၁ တန် (၀န်ပြည့်)

    - လူအင်အား- အရာရှိ (၈) ဦး ၊ အခြားအဆင့် (၁၃၅) ဦး (အချို့စာစောင်များတွင်
    အရာရှိ စစ်သည် ၈၅ဦး ဟု ဖော်ပြပါရှိ)

    တပ်ဆင်အသုံးပြုခဲ့သည့် လက်နက်များ

    -၁၀၀ မမ အမြောက် ၁လက်၊
    - ၄၀ မမ ဘော်ဖာ စက်အမြှောက်(၂) လက်၊
    -၂၀မမ အော်လီဂန်း ၂လက်တွဲ ၄လက်၊
    - ၄ လက်မ အမြှောက်(၁) လက် (အချို့စာစောင်များတွင် ၂ လက်ဟု ဖော်ပြသည်။)
    - Hedgehog ရေငုပ်သင်းဘောဖျက် မော်တာ
    -၊မိုင်းရှင်းကိရိယာ၊ မိုင်းချ စင်များ
    - ရေမြုပ်ဒုံး (HEDGE HOG)
    - ရေမြုပ်ဗုံး (DEPTH CHARGE)
    အထက်ဖော်ပြပါ လက်နက်များသည် ဝေဟင်ပစ်မှတ် ၊ ရေပြင်ပစ်မှတ် နှင့် ကမ်းခြေပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်ပါ အသုံးဝင်ပါသည်။

    ကိုးကားသော မှတ်တမ်းမှတ်ရာများ- သမိုင်းဝင် စစ်ရေယာဉ်-မေယု စာစောင်ဆရာဆောင်(Myanmar Navy)
    ဓါတ်ပုံ မှတ်တမ်း - ရေတပ်သမိုင်းဓါတ်ပုံများ ၊ လူသစ် ၊ Deparko

    Credit to Khant Linn Htet from facebook
    Reply With Quote   

  6. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 14 OD;rS aus;Zl;wif&SdMuygonf


  7. #484
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default "မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောƚ

    "မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ"




    မြန်မာ့တပ်မတော်(လေ)တွင် အသုံးပြုခဲ့သည့် ဆီးဖြူရီ (Sea Furies) တိုက်လေယာဉ် တစီး

    မြန်မာ့တပ်မတော်(လေ)ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့ချိန်မှစတင်ရေတွက်သော်.....( ၁၄)နှစ်အကြာ၊(၁၉၆၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့။ တိတိကျကျဆိုရပါလျှင် တပ်မတော်(လေ)၏သက်တမ်း (၁၄)နှစ်နှင့် (၃၀)ရက်ပြည့်မြောက်သည့်နေ့ရက်၏ နံနက်ခင်းအချိန်။သည်လို တပေါင်းလဆန်းကာလတွင် မိခင်လေတပ်စခန်းဌာနချုပ် တည်ရှိရာ မှော်ဘီလေတပ်စခန်းတွင်တော့ ဆောင်းရာသီ၏အရသာ ပျောက်ဆုံးလောက်ပြီဖြစ်သော်လည်း မြန်မာပြည်အရှေ့ပိုင်းမှ ကျိုင်းတုံမြို့လေးတည်ရာ ရှမ်းကုန်းပြင်မြင့်ထက်တွင်တော့ ဆောင်း၏အငွေ့အသက်များက မပျောက်ပျယ်သေးပါချေ...။ ဒယ်အိုးသဖွယ် တောင်ပတ်လည်ဝန်းရံထားသော ကျိုင်းတုံမြို့၏ရာသီဥတုမှာ နေချင့်စဖွယ်နွေးထွေးလျက် နေ့လည်ခင်းနာရီပြန် (၂)ချက်တီးသည့်တိုင် ခါတိုင်းနေ့ရက်များလိုပင် အေးဆေးငြိမ်သက်လို့နေခဲ့သည်။


    ထိုခေတ် ထိုကာလ၌ ကျိုင်းတုံလေတပ်ဆွယ်သို့ရောက်လာကြသည့် လေသူရဲများအတွက် တည်းခိုရာနေရာဖြစ်သည့် ကျိုင်းတုံလေယာဉ်ကွင်းအနီးရှိ ခြေလျင်တပ်ရင်း၏ အရာရှိရိပ်သာအတွင်းတွင် တပ်မတော်(လေ)မှ လေသူရဲနှစ်ဦးဖြစ်ကြသည့် ဗိုလ်ချစ်ခိုင်(လေ/၁၂၁၆) နှင့် ဒုဗိုလ်ပီတာ(လေ/၁၂၉၂) တို့နှစ်ဦးမှာ နေ့လည်စာထမင်းစားပြီးချိန်ကတည်းက စစ်တုရင်ကို သဲကြီးမဲကြီးထိုးနေကြသည်။ သူတို့နှစ်ဦးနှင့် မလှမ်းမကမ်းရှိပက်လက်ကုလားထိုင်ထက်တွင်လည်း မျက်နှာပေါ်တွင် စာအုပ်တအုပ်ကိုတင်လျက် အိပ်မောကျနေသူတဦးကို တွေ့မြင်ရပေသည်။ ထိုသူသည်ကား အမှတ်(၂)အုပ်မှ လေသူရဲ ဗိုလ်ကြီးခင်မောင်မြင့်ပေတည်း။ စစ်တုရင်ကစားနေသည့် လေသူရဲဗိုလ်ချစ်ခိုင်နှင့် ဒုဗိုလ်ပီတာတို့မှာ ဆီးဖြူရီအမျိုးအစား တိုက်လေယာဉ်မောင်းများ ဖြစ်ကြပြီး ဗိုလ်ကြီးခင်မောင်မြင့်မှာ ဒါကိုတာအမျိုးအစား လေယာဉ်ကို မောင်းနှင်သူဖြစ်လေသည်။ တပ်ပိတ်ရက်လည်း မဟုတ်၊ ရုံးဆင်းချိန်လည်း မဟုတ်သည့် သည်လိုအချိန်မျိုးတွင် အေးအေးလူလူရှိနေသည့် သူတို့သုံးဦးအား အပြစ်တင်မည်ဆိုပါက တက်တက်စင်အောင် မှားချေရော့မည်တည်း။ သေချာစွာကြည့်မည်ဆိုပါက သူတို့သုံးဦးစလုံး၏ ခန္ဓာကိုယ်ထက်တွင် လေယာဉ်မောင်းဝတ်စုံပြာများကို အရေးကြီးစစ်ဆင်ရေးတာဝန်ပေါ်ပေါက်လာလျှင် အဆင်သင့်ဖြစ်အောင် ဝတ်ဆင်ထားကြခြင်းကို မလွဲဧကန် မြင်ရပေလိမ့်မည်။


    ဗိုလ်ပီတာမာင်းနှင်ခဲ့သော UB-466 လေယာဉ် (လေကြောင်းတိုက်ပွဲမဖြစ်မီက)



    သူတို့သုံးဦးစလုံးသည် ဤကျိုင်းတုံလေယာဉ်ကွင်းသို့ရောက်ရှိနေသည်မှာ (၉)ရက်မျှသာလျှင် ရှိသေးသည်။ သူတို့တာဝန်ထမ်းဆောင်သည့် အမှတ်(၁) တိုက်လေယာဉ်အုပ်သည် ဇန်နဝါရီလ (၄)ရက်ကတည်းကစတင်၍ ရန်သူတရုတ်ဖြူ စခန်းများသို့ အကြိမ်ပေါင်းမြောက်မြားစွာ လေကြောင်းမှ သွားရောက် တိုက်ခိုက်ခဲ့ကြသည်။ အဓိကအားဖြင့် မြေပြင်ရှိရန်သူအခိုင်အမာတပ်စွဲထားရာ စခန်းများသို့ ဝေဟင်မှပစ်ခတ်တိုက်ခိုက်ခြင်းတာဝန်ကို ယူခဲ့ကြရသည်။ စစ်ဆင်ရေးစတင်ခဲ့ချိန်တွင် အမှတ်(၁) တိုက်လေယာဉ်အုပ်၏ တပ်စွဲထားရာနေရာမှာ နမ့်ဆန်လေယာဉ်ကွင်းတွင် ဖြစ်ပြီး ရန်သူများနယ်စပ်သို့ ဆုတ်ခွာသွားနေပြီဖြစ်သဖြင့် ရန်သူများတည်ရှိရာ နယ်စပ်နှင့်ပိုမိုနီးစပ်
    သော ကျိုင်းတုံမြို့သို့ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် လေတပ်ဆွယ်တခုလုံး ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြခြင်းပင်.....။




    စစ်တုရင်ကစားနေသည့် လေသူရဲနှစ်ဦးမှာ ရိပ်သာရှေ့သို့ ဂျစ်ကားတစီးဖြင့်ရောက်လာသည့် အမှတ်(၁)အုပ်မှလေသူရဲ ဗိုလ်စံမြင့်ကြောင့် သူတို့၏ကစားပွဲကို ရပ်နားလိုက်ကြကာ ဂျစ်ကားပေါ်သို့ အလျင်အမြန် တက်ရင်း ဗိုလ်စံမြင့်ခေါ်ဆောင်ရာ လေယာဉ်ကွင်းဆီသို့ အတွေးကိုယ်စီဖြင့် လိုက်ပါလာခဲ့ကြလေသည်။ ဗိုလ်စံမြင့်သည်လည်း ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ကဲ့သို့ တိုက်လေယာဉ်မောင်းနှင်ရသူလေသူရဲတဦးဖြစ်သော်လည်း ကျိုင်းတုံတပ်ဆွယ်၌ အပေါ့စားခရီးသည်တင်လေယာဉ်(ဆက်စနာ) လေယာဉ်မောင်းနှင်မည့်သူ မရှိခြင်းကြောင့် အာဂန္တုစက်စနာလေယာဉ်မှူးကလေး ဖြစ်နေရရှာသူပင်တည်း....။ ဆောင်းအကုန်နွေအကူးကာလမို့ ဖုန်အလူးလူးထနေသည့် ရိပ်သာနှင့် လေယာဉ်ကွင်းကို ဆက်သွယ်ဖောက်လုပ်ထားရာ မြေနီလမ်းကလေးထက်တွင် ဂျစ်ကားကလေးသည် ခုန်ပေါက်မောင်းနှင်ရင်း ကျိုင်းတုံလေယာဉ်ကွင်းဆီသို့ သူတို့ရောက်ခဲ့ပြန်လေပြီ.....။





    လေဆိပ်အဆောက်အအုံရှေ့တွင်တော့ ဆီဖြူရီတိုက်လေယာဉ်သုံးစီးက တိုက်ပွဲဝင်ရန်အသင့်အနေအထားဖြင့် လက်နက် အစုံအလင် တပ်ဆင်ကာ သူတို့အား စောင့်ကြိုလျက်နေပေပြီ။ အမှတ်(၅၀၁)လေတပ်စခန်း၏ တပ်မှူးတာဝန်နှင့် အမှတ်(၁)တိုက်လေယာဉ်အုပ်၏ အုပ်မှူးတာဝန်တို့ကို ပူးတွဲတာဝန်ယူထားသည့် ဗိုလ်မှူးတင်မောင်အေးကိုလည်း တိုက်လေယာဉ်တစီး၏နံဘေးတွင် ဗိုလ်မောင်သိန်း(လေ/၁၂၀၁) နှင့်အတူ ရပ်နေသည်ကိုတွေ့လိုက်ရသည်။ စစ်ဆင်ရေးဝတ်စုံကို အသင့်ဝတ်ထားသည့် ဗိုလ်မောင်သိန်း၏လက်ထဲတွင်တော့ လေကြောင်းသုံးမြေပုံတချပ်.....။ ယနေ့နံနက် (၀၉း၀၀)နာရီအချိန့်ခန့်ကပင် ဗိုလ်မှူးတင်မောင်အေး နှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦးသား ကျိုင်းတုံလေယာဉ်ကွင်းမှနေ၍ တာချီလိတ်သို့ ဆက်စနာလေယာဉ်တစီးဖြင့် ထွက်သွားခဲ့ကြသည်။ တာချီလိတ်လေယာဉ်ကွင်းအတွင်း၌ ခေတ္တ
    ဆင်းကာ တာချီလိတ်တွင်တပ်စွဲထားသော ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးကိုခေါ်ဆောင်ပြီး တာချီလိတ်မြို့နှင့်မနီးမဝေးအရပ်မှ ရန်သူ့မြေပြင်စခန်းများကို ကောင်းကင်ယံမှ ကင်းထောက်ပျံသန်းခဲ့ကြသည်။ ယခုနေမွန်းတိမ်းချိန်တွင် ကျိုင်းတုံသို့ပြန်ရောက်လာပြီး သူတို့ကိုခေါ်သည်ဆိုတော့ တခုခုတော့ အကြောင်းထူးရှိပေလိမ့်မည်။ သေချာသည်က
    သူတို့ယခု တိုက်ပွဲဝင်ရမည်ဆိုသည်သာတည်း။ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဒုဗိုလ်ပီတာတို့(၃)ဦးကို ဗိုလ်မှူးတင်မောင်အေး က သူတို့ထမ်းဆောင်ရမည့်တာဝန်ကို အကျဉ်းချုပ်ရှင်းပြသည်ကား ဤသို့တည်း...................။




    ဖြစ်စဉ်အဖွင့်
    xxxxxxxxxx




    မနက်ခင်းက ဗိုလ်မှူးတင်မောင်အေး နှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦး ကင်းထောက်ပျံသန်းနေစဉ် ရန်သူတရုတ်ဖြူတပ်များ တပ်စွဲထားရာတာချီလိတ်အနောက်တောင်ဘက်
    မလှမ်းမကမ်းတွင်ရှိသော ၀မ်းပန်ဆန်းဒေသကောင်းကင်တွင် ကင်းထောက်ပျံသန်းနေစဉ် မြေပြင်ရှိတရုတ်ဖြူတပ်စခန်းမှ
    DZ (DroppingZone= ဝေဟင်ပစ္စည်းချရန်အမှတ်အသား) အချက်ပြနေသည်ကို တွေ့ရှိခဲ့ရသည်။ ယခင် ခါတိုင်းနေ့များကလည်းပစ္စည်းချပေးခဲ့ပြီး ယနေ့တွင်လည်းပစ္စည်းချရန်အစီစဉ်ရှိ၍သာ DZ အမှတ်အသား ခင်းထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးသူရတင်မောင်အေးမှ သုံးသပ်လိုက်ပြီးကျိုင်းတုံသို့အမြန်ပြန်ခဲ့သည် ။ ခြေလျင်တပ်များထံမှလည်း မကြာခဏဆိုသလိုပင်
    မြန်မာပြည်နယ်နိမိတ်အတွင်းသို့ ဖြတ်ကျော်ပျံသန်းလာသည့်ရန်သူ့လေယာဉ်သတင်းများ ပေးပို့မှုကို လက်ခံရရှိထားသဖြင့် ယခုမြင်တွေ့လိုက်ရသည့် DZ အမှတ်အသား အရ
    ရန်သူ့လေယာဉ်အနည်းဆုံးတစီးသည် ယနေ့တွင် မြန်မာ့ဝေဟင်ပိုင်နက်ဆီသို့ ဝင်ရောက်လာမည်မှာ မလွဲဧကန်....။ မကြာသေးခင်ကာလများဆီကလည်း ဗိုလ်မောင်သိန်း နှင့် ဗိုလ်ချစ်ခိုင်တို့ နမ့်ဆန်တပ်ဆွယ်မှနေ၍ ကျိုင်းတုံသို့ခေတ္တရောက်စဉ်တွင် မဲခေါင်စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးထွန်းစိန်က ရန်သူ့လေယာဉ်များဝင်ရောက်နေသည့် သတင်းကို ထပ်မံအတည်ပြုခဲ့သဖြင့် ယနေ့ ဖေဖော်ဝါရီလ (၁၅)ရက်တွင် ရန်သူ့လေယာဉ်ဝင်ရောက်မည်မှာ သေချာနေပေပြီ။



    ဖြစ်စဉ်
    xxxxxx


    သုံးသပ်ချက်များအရ ရန်သူ့လေယာဉ်ပျံဝင်ရောက်မည်မှာ သေချာနေပြီမို့ ဆီးဖြူရီလေယာဉ်အမှတ် (UB464) မောင်းနှင်သော ဗိုလ်မောင်သိန်း ခေါင်းဆောင်ပြီး (UB466) မောင်းနှင်သော ဒုတိယဗိုလ်ပီတာ နှင့် (UB465) မောင်းနှင်သော ဗိုလ်ချစ်ခိုင်တို့ပါဝင်သည့် ဆီးဖြူရီတိုက်လေယာဉ်(၃)စီးပါအုပ်အား DZတွေ့ရှိခဲ့ရသောနယ်မြေသို့ စေလွတ်ခဲ့သည်။ ဗိုလ်မှူးသူရတင်မောင်အေးသည် သူကိုယ်တိုင်လိုက်ပါရန်ဖြစ်သော်လည်း သူဆောင်းနေကျလေသူရဲဦးထုပ် တပ်မဟာရုံးတွင် ကျန်ရစ်ခဲ့သဖြင့် သွားယူနေလျှင်နောက်ကျမည်ဖြစ်သဖြင့် ဗိုလ်မောင်သိန်းအားခေါင်းဆောင်စေကာ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဒါကိုတာလေယာဉ်ကဲ့သို့ ပြန်လည်ရန်ပြုတိုက်
    ခိုက်နိုင်ခြင်းမရှိသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်နေလျှင် ထိုလေယာဉ်အား ဝဲယာတဖက်တချက်မှညှပ်ကာ ခြောက်လှန့်ပျံသန်းပြီး ကျိုင်းတုံလေယာဉ်ကွင်းသို့ ဖမ်းဆီး
    ခေါ်ဆောင်လာရန်နှင့် တိုက်ခိုက်ရေးလေယာဉ်နှင့် ဗုံးကြဲလေယာဉ်များဖြစ်နေပါက အပြီးအပိုင်ပစ်ခတ်ချေမှုန်းခဲ့ရန်အတွက် အမိန့်ပေးလိုက်လေသည်။


    အချိန်အနည်းငယ်အတွင်းမှာပင် ဗိုလ်မောင်သိန်း ဦးဆောင်သည့်တိုက်လေယာဉ်သုံးစီးသည် ကျိုင်းတုံမြို့ကောင်းကင်ယံထက်ဆီသို့ ပျံတက်သွားကြလေပြီ။ အချိန်က
    ညနေ (၁၅း၁၅)နာရီအတိ။ ကျိုင်းတုံမြို့ပတ်ဝန်းကျင်ကောင်းကင်ထက်တွင် တိမ်ကင်းရှင်းလျက်ရာသီဥတုသာယာနေသော်လည်း ရိတ်သိမ်းပြီးစတောင်ယာများမှ ယာအကြွင်း
    အကျန်များ မီးရှို့ပြီးစအချိန်ဖြစ်နေခြင်းကြောင့် လေထုပတ်ဝန်းကျင်မှာ မီးခိုရိပ်များနှင့်ပြည့်လျက် Hazy Weather ခေါ် မြင်ကွင်းမကောင်းလှသည့် အခြေအနေဖြစ်နေသည်။
    ထို့ကြောင့်လည်း မြင်ကွင်းရှင်းလင်းသည့် ပေခုနစ်ထောင်အထက်ထိရောက်အောင် ပျံသန်းရင်း လွယ်မွေတောင်တန်းကြီးကိုကျော်ဖြတ်ကာ တာချီလိတ်မြို့ပေါ်သို့ တိုက်လေယာဉ်သုံးစီး ရောက်ရှိခဲ့လေပြီ။ ကျိုင်းတုံမှစတင်ထွက်ခွာခဲ့ပြီး ဆယ့်ငါးမိနစ်မျှအကြာတွင် ရန်သူ့စခန်းတည်ရှိရာ ဝမ်ပန်ဆန်းရွာအထက်ဝေဟင်ယံထက်သို့ ရောက်ခဲ့
    ကြပြီ....။




    ဝမ်ပန်းဆန်းရွာအထက်ကောင်းကင်ယံတွင် နာရီဝက်ကျော်မျှကြာအောင် ပျံဝဲနေကြရင်း ညနေ(၁၆း၀၅)နာရီတွင်တော့ အရှေ့အရပ်ဆီမှ အင်ဂျင်လေးလုံးတပ် အစိမ်းပုတ်ရောင် လေယာဉ်ပျံကြီးတစီးသည် ဝမ်ပန်ဆန်းရွာထက်ဆီသို့ ဦးတည်ပျံသန်းလာနေသည်ကို ဗိုလ်ပီတာ စတင်တွေ့မြင်လိုက်ရပြီး အုပ်ခေါင်းဆောင် ဗိုလ်မောင်သိန်းထံသို့ ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် သတင်းပို့လိုက်တော့သည်။ စောင့်ရကျိုး နပ်လေပြီ.........။




    ဗိုလ်ပီတာထံမှ သတင်းပေးပို့ချက်ကိုရရှိသည်နှင့် ဗိုလ်မောင်သိန်း၏မျက်လုံးများက ကျူးကျော်ဝင်ရောက်လာသည့် ရန်သူ့လေယာဉ်ကိုအလျင်အမြန်ရှာဖွေနေမိသည်။
    စက္ကန့်ပိုင်းအတွင်းမှာပင်လျှင် ရန်သူ့လေယာဉ်ကိုရှာဖွေတွေ့ရှိလိုက်သည်။ ဗိုလ်ချစ်ခိုင်သည် ဝင်ရောက်လာနေသည့် လေယာဉ်၏အမျိုးအစားကို သေချာတိကျစွာ မသိချေ။
    ထို့ကြောင့် အုပ်ခေါင်းဆောင်ဗိုလ်မောင်သိန်းထံသို့ ရေဒီယိုဆက်သွယ်ရေးမှတဆင့် လေယာဉ်၏အမျိုးအစားကို လှမ်းမေးပြန်တော့ ဗိုလ်မောင်သိန်းလည်း ထိုလေယာဉ်ကြီး၏
    အမျိုးအမည်ကို သေချာစွာမသိ။ လေတပ်ရဲညွန့်အဖြစ် အင်္ဂလန်နိုင်ငံတွင် ပညာတော်သင်သွားရောက်ခဲ့သည့် အင်္ဂလန်ပြန်ဗိုလ်ပီတာကို လှမ်းမေးပြန်တော့လည်း ဘာမှ မထူး။
    သူတို့အတွက် ဤလေယာဉ်၏အမျိုးအစားကို အဘယ်ကြောင့် ဤမျှအထိသိလိုစိတ် ပြင်းပြနေရပါသနည်း။ အဖြေကတော့ ရှင်းပါသည်။ ယခုကျူးကျော်လာသော လေယာဉ်သည်
    သယ်ယူပို့ဆောင်ရေးလေယာဉ်သာ ဖြစ်ငြားအံ့...။ ဗိုလ်မှူးခင်မောင်အေး မိန့်မှာလိုက်သည့်အတိုင်း ကျိုင်းတုံလေဆိပ်အထိ ထိုလေယာဉ်ပျံကို ဖမ်းခေါ်သွားရပေလိမ့်မည်။
    အကယ်၍ ဗုံးကြဲလေယာဉ်ဖြစ်နေလျှင်လည်း နိုင်ငံပိုင်နက်ဝေဟင်ထဲတွင် အပြီးသတ်ချေမှုန်းရပေလိမ့်မည်။ (တိုက်ပွဲပြီးဆုံးချိန်တွင် သိရသည်မှာ ထိုလေယာဉ်သည် B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်ကြီးဖြစ်လေသည်။အချို့စာစောင်များ၌ P4 Y2 Privateer လေယာဉ်ဟု ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။ မည်သည်က အမှန်ဟူ၍ မသိပါ။) ရန်သူ့လေယာဉ်ကြီးပုံသဏ္ဍာန်မှာ High Wings Single Fan with Defensive Armament ဖြစ်သည်။ လေယာဉ်ကြီးတွင် ဒဿမ၅၀ကျည်သုံး စက်သေနတ်ကြီး (ပွိုင့်ဖိုက်ပေါ့) ၁၂လက်ကို တပ်ဆင်ထားကြောင်း သိရသည်။




    လေသူရဲ(၃)ဦးစလုံး လေယာဉ်အသီးသီးပေါ်တွင် ထိုလေယာဉ်ကြီး၏အမျိုးအစားကို ကိုယ်စီကိုယ်ငှ ဝေခွဲမရဖြစ်နေကြချိန်တွင် ရန်သူ့လေယာဉ်ကိုယ်ထည် အလယ်ထိပ်တွင် တပ်ဆင်ထားသည့် စက်သေနတ်ကြောင့် ဗုံးကြဲလေယာဉ်ကြီးပင်ဖြစ်ကြောင်း ဗိုလ်ပီတာ ဦးစွာပထမမြင်တွေ့လိုက်ရပြီး အုပ်ခေါင်းဆောင် ဗိုလ်မောင်သိန်းထံသို့ အလျင်အမြန်သတင်းပို့လိုက်သည်။ ဗိုလ်မောင်သိန်းတယောက် မြင်ကွင်းအတွင်းမှ လေယာဉ်ထံသို့ အဖမ်းခံရန်အတွက် ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် အကြောင်းကြား
    ရာ ..... မလိုက်နာသည့်အတွက် အတူအုပ်စုဖွဲ့ပျံသန်းနေသည့် လေသူရဲဗိုလ်မောင်သိန်းနှင့် ဗိုလ်ပီတာတို့ထံသို့ ရန်သူ့လေယာဉ်အား ပစ်ခတ်ချေမှုန်းရန် အမိန့်ပေးလိုက်တော့သည်။ ဗိုလ်မောင်သိန်းတို့နေရာယူထားသည်က အမြင့်ပေ ခုနစ်ထောင်တွင်ဖြစ်ပြီး တဖက်မှ ရန်သူ့လေယာဉ်ကြီးမှာ ပေငါးထောင်အမြင့်တွင် ဖြစ်နေသဖြင့်
    ဗိုလ်မောင်သိန်းတို့ဖက်မှ အသာစီးရနေပေသည်။ ပထမဦးဆုံး ဗိုလ်မောင်သိန်း၏ တိုက်လေယာဉ်ထိုးဆင်းသွားပြီး လေယာဉ်တွင်တပ်ဆင်ထားသည့် ၂၀ မီလီမီတာ Hispano
    စက်သေနတ်ဖြင့် ရန်သူ့လေယာဉ်၏ ဘယ်ဘက်အင်ဂျင်နှစ်လုံးကို စတင်ကာ ပစ်ခတ်ခြင်းဖြင့် မြန်မာ့တပ်မတော်(လေ)၏ ပထမဦးဆုံးသော လေကြောင်းစီးချင်းထိုးမှုသမိုင်းကို စတင်ဖွင့်လှစ်လိုက်တော့သည်.......။




    Hispano နှင့်ပတ်သက်၍ ဗဟုသုတအနေဖြင့်ဆိုရသော် ၄င်းမှာ စက်သေနတ်လည်းမက၊ အမြှောက်လည်းမကျသည့် စက်အမြှောက်ဟုပင် ဆိုရချိမ့်မည်။ သာမန် စက်သေနတ်များကဲ့သို့ ရိုးရိုးဖောက်ထွင်းကျည်များသာမက တဆင့်ထပ်မံပေါက်ကွဲစေသည့်ကျည်များလည်းပါဝင်သဖြင့် ထိုလက်နက်ကို စက်အမြှောက်ဟု ခေါ်ခြင်းပင်။

    ထိုသို့သော ဟစ္စပါနိုစက်အမြှောက်များသည် ဆီဖြူရီလေယာဉ်တောင်ပံတဖက်လျှင် နှစ်လက်နှုန်းဖြင့် လေယာဉ်တစီးတွင် လေးလက်စီ တပ်ဆင်ထားလေသည်။ ပစ်ခတ်မှုကိုလျှပ်စစ်ဓာတ်အားဖြင့် ထိန်းချုပ်ထားပြီး စက်သေနတ်တလက်လျှင် ကျည်ဆန်အရေအတွက် (၁၂၅) တောင့်ပါရှိလေသည်။ ကျည်ဆန်သုံးတောင့် (သို့တည်းမဟုတ်) ငါးတောင့် ပစ်ခတ်ပြီးသည်နှင့် မီးလမ်းပြကျည် (Tracer) တတောင့်နှုန်း ထွက်စေရန် စီမံထားသဖြင့် လေသူရဲအနေဖြင့် ကျည်သွားလမ်းကြောင်းကို ကောင်းမွန်စွာမြင်တွေ့နိုင်လေသည်။




    ဗိုလ်မောင်သိန်းတယောက် ရန်သူ့လေယာဉ်နှင့်တိုက်မိလုနီးပါး အကွာအဝေးသို့ချဉ်းကပ်မိသည်အထိ တရစပ်ပစ်ခတ်တိုက်ခိုက်သော်လည်း လေယာဉ်၏အမြန်နှုန်း
    ကြောင့် ပစ်ခတ်ခွင့်ရသည့်အချိန်မှာ လေးစက္ကန့်ထက်ပင် မပိုပါချေ။ ဗိုလ်မောင်သိန်းလေယာဉ်ပြီးသည်နှင့် ဗိုလ်ပီတာအလှည့်သို့ရောက်လာသည်။ ဗိုလ်ပီတာလည်း သူ့လေယာဉ်မှ ဟစ္စပါနိုသေနတ်ဖြင့် ဆက်တိုက်ဆိုသလိုပင် ဝင်ရောက်ပစ်ခတ်တော့သည်။ သူ၏ ပစ်ခတ်ခွင့်ရချိန်မှာလည်း ဗိုလ်မောင်သိန်းကဲ့သို့ပင်။ ထူးခြားချက်အနေနှင့် ဗိုလ်မောင်သိန်းလေယာဉ်ဝင်အပစ်နှင့် ရှေ့ဆင့်နောက်ဆင့်တွင် ရန်သူ့လေယာဉ်မှအထုပ်နှစ်ထုပ် ပြုတ်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။ မြေပြင်ရှိ တရုတ်ဖြူစခန်းသို့ချပေးရန်အတွက် ယူဆောင်ခဲ့သည့် လက်နက်ပစ္စည်း (သို့မဟုတ်) ရိက္ခာထုပ်များပင် ဖြစ်ချေလိမ့်မည်။ ဗိုလ်ပီတာလေယာဉ် တိုက်ခိုက်မှုမစတင်မီတွင်လည်း
    လေထီးဖြင့်ရိက္ခာချသောတံခါးပေါက်ဆီမှ လူနှစ်ယောက် လေထီးအစိမ်းရောင်များဖြင့် ခုန်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ ဗိုလ်ပီတာ၏လေယာဉ်ထံမှ ပစ်ခတ်မှု
    ပြီးဆုံး၍ တကျော့ပြန်လည် မဝင်လာမီတွင် ဗိုလ်ချစ်ခိုင်၏လေယာဉ်လည်း ထိုးစိုက်ဝင်လာနေပေပြီ။ သည်တချီတွင်တော့ ရန်သူ့လေယာဉ်ထံမှ တုံ့ပြန်ပစ်ခတ်သည့် ကျည်ဆံများ
    က ဗိုလ်ချစ်ခိုင်၏လေယာဉ်အမိုးကို ချိန်သားမမှန်စွာဖြင့် ဖြတ်ကျော်သွားကြသည်။ ဗိုလ်ချစ်ခိုင်ပစ်ခတ်လိုက်သည့် ကျည်ဆန်များကမူ ရန်သူ့လေယာဉ်အင်ဂျင်ခန်းအောက် ကိုယ်
    ထည်ပိုင်းဆီသို့ တည့်မတ်စွာပြေးဝင်သွားကြောင်းကို မီးလမ်းပြကျည် (Tracer Bullet)များကြောင့် သိလိုက်ရသည်။ အပြီးသတ်ချေမှုန်းတော့မည့်အန္တရာယ်ကို ရိပ်စားမိသည့်
    တဖက်ရန်သူ့လေယာဉ်မှူးမှာလည်း သူ၏လေယာဉ်ကို ၁၈၀ ဒီဂရီလှည့်လျက် အိမ်နီးချင်းတဖက်နိုင်ငံနယ်နိမိတ်ဆီသို့ ဦးတည်ပျံသန်းရန် အားထုတ်လေတော့သည်။ ထိုသို့
    လေယာဉ်ကို တပတ်ပြန်လှည့်နေစဉ်မှာပင် ဗိုလ်မောင်သိန်း၏လေယာဉ်က ဒုတိယအကြော့အနေဖြင့် ထပ်မံထိုးနှက်တိုက်ခိုက်ပြန်၏။ ဗိုလ်မောင်သိန်း၏ ပစ်ခတ်မှု အပြီးတွင်တော့ ရန်သူလေယာဉ်ပျံကြီး၏ ဘယ်ဘက်တွင်တပ်ဆင်ထားသော အင်ဂျင်နှစ်လုံးနှင့် ညာဘက်အပြင်ခြမ်းအင်ဂျင်များ စတင်မီးတောက်လောက်ချေပြီ။ သို့သော်လည်း
    ရန်သူမှာ သူ့လေယာဉ်ကို လုံးဝ မလျှော့ချပဲ တဖက်အိမ်နီးချင်းနိုင်ငံနယ်နိမိတ်အတွင်းရောက်အောင် အရှိန်ပြင်းစွာနှင့် ဆက်လက်ပျံသန်းလို့နေသေးသည်။




    ရန်သူကို အလွတ်မပေးလိုသည့် ဗိုလ်ပီတာတယောက် ရန်သူ့လေယာဉ်ညာဘက်ခြမ်းဆီသို့ ပျံသန်းချဉ်းကပ်လျက် ထပ်မံတိုက်ခိုက်ပြန်တော့သည်။ သည်တချီတွင်တော့ တလုံးတည်းသာ အကောင်းပကတိကျန်ရှိနေသေးသည့် ရန်သူ့လေယာဉ်၏ညာတောင်ပံအတွင်းအင်ဂျင်လည်း စတင်ကာ မီးစွဲလောင်လေပြီ.....။
    အင်ဂျင်အားလုံးမီးလောင်နေပြီဖြစ်သော်လည်း လေယာဉ်ကြီးမှာမြေသို့ထိုးစိုက်ကျမသွားသေးပဲ အရှေ့တူရူအရပ်သို့ ဆက်လက်ပျံသန်းလျက်ရှိနေသေးသည်။
    ထိုအခိုက်မှာပင် ဗိုလ်ပီတာထံမှ သူ့အား ရန်သူ့ပစ်ခတ်မှုခံလိုက်ရခြင်း သတင်းပေးပို့ချက်ကို ဗိုလ်ချစ်ခိုင်တယောက် ဆက်သွယ်ရေးစက်မှတဆင့် ကြားလိုက်ရသည်။
    သို့သော် ရန်သူ့လေယာဉ်ထံမှ ပေါက်ကွဲသံကြောင့် ရန်သူအားအပြီးသတ်ချေမှုန်းရန်စိတ်အားထက်သန်နေသော ဗိုလ်ချစ်ခိုင်မှာ ဗိုလ်ပီတာလေယာဉ်ထံ ကြည့်ရန် အာရုံ
    မရလိုက်ပဲ ရန်သူ့လေယာဉ်ဦးခန်းဆီသို့ ကျည်ဆန်များ တသီတတန်းကြီး ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ သို့ရာတွင် ထိုအခေါက်သူပစ်သမျှကျည်ဆန်များက ရည်မှန်းချက်သို့
    မရောက်ပဲ အင်ဂျင်အနောက်ဖက်ခြမ်းမှ ကိုယ်ထည်ပိုင်းဆီသို့သာ စုပြုံတိုးဝှေ့လျက် ထိမှန်သွားကြသည်။ သည်တကြိမ်ပစ်ခတ်ရာတွင် ဗိုလ်ချစ်ခိုင်၏လေယာဉ်နှင့် ရန်သူ့
    လေယာဉ်မှာ ဆယ်ပေမျှပင်မကွာဝေးတော့သည့် အနေအထားရောက်သည်အထိ ပူးကပ်တိုက်ခိုက်မိသဖြင့် လေယာဉ်ချင်းဝင်ဆောင့်မည့်အန္တရာယ်ကို ရှောင်လွှဲနိုင်ရန်အတွက်
    ဗိုလ်ချစ်ခိုင်မှာ သူ့လေယာဉ်ကို အပေါ်သို့ဆွဲတင်ပျံသန်းလိုက်ရတော့သည်။ စက္ကန့်ဝက်မျှသာ နောက်ကျခဲ့လျှင် ဗိုလ်ချစ်ခိုင်သည်လည်း ရန်သူ့လေယာဉ်နှင့်တိုက်မိပြီး အသက်ဆုံးရှုံးရမည်မှာ အသေအချာတည့်.....။ ထိုသို့ ရန်သူ့လေယာဉ်နှင့်ကပ်လျက် အပေါ်မှ ပျံသန်းရင်းဗိုလ်ချစ်ခိုင်လေယာဉ်နောက်မြီးပိုင်းမှ ကျယ်လောင်သော အသံတခု ထွက်လာသည်။ ရန်သူ့ကျည်သင့်လေသလော၊ လေယာဉ်အမြီးပိုင်းနှင့် ရန်သူ့လေယာဉ်တိုက်မိလေသည်လော ဗိုလ်ချစ်ခိုင် မသိလိုက်ရ။ လေယာဉ်ကို ထိန်းသိမ်းမောင်းနှင်
    နေရသည်မှာ လေယာဉ်အမြီးပိုင်းမှ ခါသကဲ့သို့ဖြစ်လို့နေသည်။ ဗိုလ်ချစ်ခိုင်၏ တိုက်လေယာဉ်တွင် ကျည်ဆံလည်း ကုန်ချေပြီ.....။




    ဆက်လက်ပျံသန်းနေသည့် ရန်သူ့လေယာဉ်ထံသို့ ပေတရာခန့်အထိ နီးကပ်အောင်ပျံသန်းပြီးနောက် ဗိုလ်မောင်သိန်းတယောက် ဆက်လက်ပစ်ခတ်နေရင်းမှ
    ရန်သူ့လေယာဉ်ကြီးသည် အမြီးပိုင်းတခုလုံးပြုတ်ကျသွားကာ မြေပြင်ဆီသို့ တရှိန်ထိုး ပြုတ်ကျသွားသည်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့သည်။ရန်သူ့လေယာဉ်ကြီးပျက်ကျသွားသည့်နေရာမှာ အိမ်နီးချင်းတဖက်နိုင်ငံအတွင်းပင်ဖြစ်သည်။ ပေးအပ်လိုက်သည့်
    တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပြီ.....။ ငါးမိနစ်မျှသာကြာမြင့်ခဲ့သည့် ဤလေကြောင်းတိုက်ပွဲကြီးကို သူတို့အောင်မြင်ခဲ့လေပြီ။ စစ်ပွဲ၏သဘောသဘာဝအတိုင်း တိုက်ပွဲ
    ပြီးသည်နှင့် မိမိတပ်ကိုစနစ်တကျပြန်လည်စုဖွဲ့ကာ လေယာဉ်ကွင်းဆီသို့ ပြန်လည်ထွက်ခွာရန်အတွက် ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် မိမိလေယာဉ်အုပ်မှ လေသူရဲများကို
    ဆက်သွယ်လိုက်ချိန်တွင် ဗိုလ်ပီတာ၏လေယာဉ်မှ တုံ့ပြန်မှုကိုလုံးဝမကြားရတော့ချေ....။ ဗိုလ်ချစ်ခိုင်မောင်းနှင်သည့်လေယာဉ်မှာလည်း တိုက်ပွဲတွင် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် လေယာဉ်ကွင်းဆီသို့ အရေးပေါ်ပြန်လည်ဆင်းသက်ရပေတော့မည်။ ဗိုလ်ချစ်ခိုင်တဦးတည်းပျံသန်းရင်းမှ လမ်းတွင် တစုံတခု အန္တရာယ်ဖြစ်ပွားခဲ့သော် လေယာဉ်ပျက်ကျရာနေရာကို အကြောင်းကြားပေးနိုင်မည့်သူမရှိနိုင်မှန်းကို ခန့်မှန်းမိသဖြင့် ဗိုလ်ပီတာ၏လေယာဉ်ကို လိုက်လံရှာဖွေခြင်းမပြုပဲ ဗိုလ်ချစ်ခိုင်နှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦး ကျိုင်းတုံမြို့ဆီသို့ ဦးတည်လျက် သူတို့တိုက်လေယာဉ်များကို ပျံသန်းလာခဲ့ကြတော့သည်။




    ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၅၀၀၀)အမြင့်မှ ပျံသန်းလာခဲ့ကြရင်း ကျိုင်းတုံလေယာဉ်ကွင်းရှိ လေကြောင်းထိန်းမျှော်စင်သို့ အခြေအနေအကျဉ်းချုပ်ကို ဆက်သွယ်ရေးစက်မှတဆင့် သတင်းပို့ကာ ကွင်းဆင်းခွင့်တောင်းခံလိုက်ရတော့သည်။ ကွင်းဆင်းခွင့်ရပြီးသည်နှင့် ဗိုလ်ချစ်ခိုင်လေယာဉ်ကို ဦးစားပေးဆင်းသက်စေရတော့
    သည်။ ဗိုလ်ချစ်ခိုင်လေယာဉ်မှာ လေယာဉ်နောက်မြီးအောက်ပိုင်းတခုလုံး ကြေမွပျက်စီးသွားသည့်အပြင် ဘီးလည်းပြုတ်ထွက်သွားခဲ့သဖြင့် လေယာဉ်ဝမ်းဗိုက်ဖြင့် ရှပ်ဆင်းခဲ့ရ
    တော့သည်။ လေယာဉ်အရှေ့ဘက်ရှိ အင်ဂျင်တွင်တပ်ဆင်ထားသည့် ပန်ကာဒလက်လေးခုစလုံးမြေကြီးနှင့်ခုတ်မိသဖြင့် အတွင်းဘက်သို့ ကောက်ဝင်သွားကာ ကိုက်တရာ၊ နှစ်
    ရာခန့်အထိ ပွတ်တိုက်ပြေးပြီးမှ ဗိုလ်ချစ်ခိုင်လေယာဉ်မှာ ရပ်တန့်သွားလေတော့သည်။ သေကံမရောက် သက်မပျောက်သဖြင့် ဗိုလ်ချစ်ခိုင်တယောက် အသက်နှင့်ခန္ဓာ ဒွန်တွဲ လျက် လေယာဉ်အတွင်းမှ ထွက်လာနိုင်ခဲ့ပြီဖြစ်သော်ငြားလည်း စိတ်အေးလက်အေးမနေနိုင်သေး။ တောင်ကြီးသားကလေး အင်္ဂလန်ပြန် ဗိုလ်ပီတာအတွက် သူတို့လေတပ်စခန်းမှ စစ်သည် အားလုံး၏ ရင်တွင်တော့ စိုးထိတ်မှု ကိုယ်စီဖြင့်သာ.........။







    ဖြစ်စဉ်နိဂုံး
    xxxxxxxx


    ပွိုင့်(၃၁၁၅)နှင့် ဝင်းမနော်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး မိုင်းပါလျှိုတွင်တပ်စွဲထားသော အမှတ်(၃) သေနတ်ကိုင်တပ်ရင်း သနက(၃)ထံမှ နယ်မြေတာဝန်လွှဲပြောင်းလက်ခံထားသည့် တပ်မတော် ခြေမြန်တပ်ရင်းတရင်းသည် ထိုနေ့၏ ည (၂၀း၀၀)နာရီတွင်တော့ တပ်ရင်းတရင်းလုံး တာချီလိတ်မြို့သို့ အမြန်ဆုံးချီတက်ရန်ဟူသော ကြေးနန်းပေးပို့ချက်တခုကို လက်ခံရရှိခဲ့လေတော့သည်။ တပ်ရင်းမှ တပ်ခွဲများကို ကုန်းလမ်းအတိုင်း မိုင်းပါလျှိုမှ တာလေသို့ချီတက်စေ၍ တာလေမှ တာချီလိတ်သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့သည်။ ထိုတပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခင်မောင်သောင်းကို အော်တာ လေယာဉ်ဖြင် မိုင်းပါလျှိုးမှ တာချီလိတ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုတပ်ရင်း ထမ်းဆောင်ရမည့် အဓိကတာဝန်မှာ ညနေပိုင်းတွင်ဖြစ်ပွားခဲ့သော လေကြောင်းစစ်ပွဲတွင် ပျက်ကျသွားသည်ဟု ယူဆထားသည့် တပ်မတော်(လေ)မှ ဆီဖြူရီတိုက်လေယာဉ်နှင့် လေသူရဲဗိုလ်ပီတာ၊ ပစ်ချခံလိုက်ရသည့် ကျူးကျော်ဝင်ရောက်လာသော ရန်သူ့ဗုံးကြဲလေယာဉ်ကြီးတို့ကို ရှာဖွေရန်ပင် ဖြစ်လေတော့သည်။





    ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင်တော့ ထိုစဉ်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်နေေ သာ ဗိုလ်မှူးချုပ် အောင်ကြီး ကျိုင်းတုံမြို့သို့ ရောက်
    လာခဲ့ပေပြီ။ ထိုနေ့တွင်ပင် မြန်မာ အစိုးရက (KMT) တရုတ်ဖြူတို့၏ (B-24 LIBERATOR) အမျိုးအစား လေယာဉ်ကြီး တစ်စင်းကို တရုတ်ဖြူတပ်များအတွက် လေကြောင်းမှ လက်နက်နှင့် ရိက္ခာ၊ခဲယမ်းများ လာရောက် ချပေးစဉ် မြန်မာ့လေတပ် တိုက်လေယာဉ်များက ပစ်ချ လိုက်ကြောင်း ကြေညာ လိုက်သည်။ ထိုနေ့တနေ့တည်းတွင် တိုင်ပေ အခြေပြု (Free China Relief Association) လွတ်လပ်သော တရုတ်ပြည် ကယ်ဆယ်ရေး အသင်းအဖွဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်ရာတွင် မြန်မာ့ နယ်မြေပေါ်တွင် ပစ်ချခြင်း ခံရသော (B-24 LIBERATIOR) အမျိုးအစား လေယာဉ်ပျံမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ တရုတ်ဖြူ စစ်ပြေး ဒုက္ခသည်များနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော တရုတ်စစ်ပြေး ဒုက္ခသည်များကို သယ်ဆောင်ရေးအတွက် တရုတ်ဖြူ အစိုးရက စင်းလုံးငှားရမ်း ခဲ့သော လေယာဉ်ဖြစ်ကြောင်း ဖော်ပြခဲ့လေသည်။ ထိုနေ့၏ ညနေပိုင်းအရောက်တွင်တော့ ထိုင်းနိုင်ငံရှိ ကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်း တောထဲတွင် တွေ့ရှိကြောင်း သတင်း ပေးပို့ချက်ကိုရရှိသဖြင့် ဖေဖော်ဝါရီ (၁၇) ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင် ရှေ့တန်း တပ်မဟာ(၉)မှ အဖွဲ့တစ်ဖွဲ့ လေယာဉ် ပျက်ကျသည့် နေရာသို့ ထွက်ခွာခဲ့ကြသည်။ သတင်းရထားသည့် မြေပုံညွှန်းအရောက်တွင်ရှေ့ပိုင်း တစ်ခုလုံး မီးလောင်၍ ခါးလယ်မှ ကျိုးသွားသည့် လေသူရဲဗိုလ်ပီတာ၏ တိုက်လေယာဉ်ကို တွေ့ရှိရတော့သည်။ လေယာဉ်ပျံသည် ရန်သူ လေယာဉ်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး မြေပြင်ပေါ်သို့ အရှိန် ပြင်းစွာဖြင့် ရှပ်ဆင်းသွားသည့် စွတ်ကြောင်းကြီး တွေ့ရှိရပြီး ဗိုလ်ပီတာ၏ အလောင်းကိုမူ ကျိုးပဲ့နေသော လေယာဉ်ပျံ၏ အတောင်တစ်ခု ပေါ်တွင် တင်ထားသည်ကို တွေ့ရှိရသည်။ လေယာဉ် ကိုယ်ထည်တွင် ဒသမ ၅ မမ ကျည်တစ်ချက် မှန်ထားပြီး ထိုကျည်ဆန်က ဗိုလ်ပီတာကိုပါ ထိမှန်ကာ ၎င်း၏ နံရိုးငါးချောင်း ကျိုးသွားသည်ကို စစ်ဆေး တွေ့ရှိရသည်။ ထိုမြင်ကွင်း တစ်ခုလုံးကို လေ့လာ ဆန်းစစ်ချက်အရ လေယာဉ်ကို စစ်ဆေးသူ အားလုံးက လေယာဉ်သည် မြေပြင်သို့ ကောင်းမွန်စွာ ထိန်းကျောင်းပြီး ဆင်းသက်လာသည့် သဘော တွေ့ရသည့် အတွက် ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် လေယာဉ်ပျံကို နိုင်နင်းစွာ ထိန်းကျောင်း သက်ဆင်းခဲ့သူ ဗိုလ်ပီတာ၏ သက်လုံကောင်းမှု၊ သတ္တိရှိမှု၊ သတိ ကောင်းမွန်မှု များကို အံ့သြ ချီးမွမ်း ခဲ့ကြသည်။




    ထိုလေယာဉ်ပျံကြီး ပစ်ချခြင်း ခံခဲ့ရပြီးနောက် ရက်များ မကြာမီ ထိုကိစ္စနှင့် ပတ်သက်ပြီး အခြေအနေမှာ ပိုမိုဆိုးဝါး ပြင်းထန်လာပြီး ထိုစစ်ဆင်ရေး ဒေသတွင် ဖမ်းဆီးရမိသော လက်နက်များမှာ (KMT) တရုတ်ဖြူများ ထံသို့ ပေးပို့ခဲ့သော အင်အားကြီးနိုင်ငံတနိုင်ငံမှထုတ်လုပ်သည့် လက်နက်ခဲယမ်း များသာ ဖြစ်ကြောင်း မြန်မာ့ သတင်း မီဒီယာများက သက်သေ အထောက်အထားများနှင့် ဖော်ပြလိုက်သည်။ ဖေဖော်ဝါရီ (၁၈) ရက်တွင် မန္တလေးမြို့ရှိ ထိုအင်အားကြီးနိုင်ငံ၏ ကောင်စစ်ဝန်ရုံး ရှေ့တွင် ဆန္ဒပြ ကန့်ကွက်မှုများ စတင်ဖြစ်ပွားခဲ့ပါတော့သည်။ ထို့အတူ ဖေဖော်ဝါရီ (၂၁) ရက်တွင် ရန်ကုန်မြို့၌ လူထုအင်အား (၁ဝဝဝဝ) ခန့် စုရုံး၍ ကန့်ကွက်ကြကြောင်း မြန်မာ့သတင်း မီဒီယာများ၏ ရှေ့မျက်နှာ စာခေါင်းစီးများတွင် ဖော်ပြခဲ့ပါသည်။ ထိုသတင်းများတွင် ဆက်လက် ဖော်ပြခဲ့ရာ၌ ဆန္ဒပြသူ လူထုကြီးမှာ သံရုံးကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးပမ်း ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်းပြန် သေနတ်များကို မိုးပေါ် ထောင်ဖောက်၍ လူစုခွဲ ခဲ့ရကြောင်း၊ ထိုဆန္ဒပြပွဲတွင် လူပေါင်း ၄ဝ ခန့်နှင့်ရဲတပ်ဖွဲ့ သုံးယောက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။




    ထို့ကြောင့် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ရန်ကုန်ရှိ စစ်သံမှူးကို ကျိုင်းတုံသို့စေလွှတ်ခဲ့ပြီး စစ်ဆေးခဲ့သည်။ ထိုအရာရှိ များက (KMT) ထံမှ ဖမ်းဆီး
    ရမိသော လက်နက် ခဲယမ်းများကို စစ်ဆေးခဲ့ရာ အမေရိကန်လုပ် အမှတ်အသားများ ပါရှိကြောင်း တွေ့ရှိခဲ့ပြီး အချို့မှာ ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော လက်နက်ဟောင်းများ ဖြစ်ကြကြောင်း၊ တွေ့ရှိရသော လက်နက် အားလုံး အမေရိကန်လုပ် လက်နက်များ မဟုတ်သော်လည်း ယတိပြတ် ပြောရန် ခက်ခဲကြောင်း အမေရိကန် တို့က ဖော်ပြခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် အမေရိကန် သတင်း ထုတ်ပြန်ရေး ဌာနက ထုတ်ပြန်ခဲ့ရာ မြန်မာ့ လေတပ်က ပစ်ချခဲ့သော လေယာဉ်ပျံ အမျိုးအစားမှာ PB4Y- ရေတပ်သုံး ခရီးဝေး ပျံသန်းနိုင်သော (Liberator) အမျိုးအစား သယ်ယူ ပို့ဆောင်ရေးနှင့် ဗုံးကြဲ လေယာဉ် ဖြစ်ပြီး ထိုလေယာဉ်မှာ တရုတ် (တိုင်ပေ)မှ မြန်မာပြည် အထိ ခရီးဝေး ပျံသန်းနိုင်စွမ်း ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ အဆိုပါကိစ္စကြောင့် ကုလသမဂ္ဂတွင်တရုတ်ဖြူကျူးကျော်မှုကို တရားဝင်တိုင်တန်းပြီး အင်အားကြီးနိုင်ငံတခု၏ပါဝင် ပတ်သက်မှုကို မီးမောင်းထိုးပြနိုင်ခဲ့သည်။




    ထို့နောက် မြန်မာပြည်ရှိ (KMT)တရုတ်ဖြူ ပြဿနာမှာ ကုလသမဂ္ဂသို့တိုင် ရောက်ရှိ သွားပြီးနောက် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဗန်ကောက်မြို့တွင် လေးနိုင်ငံ စစ်ဘက် ကိုယ်စားလှယ်များ မျက်နှာစုံညီ ထိုင်၍ တရုတ်ဖြူ တပ်ကြွင်း တပ်ကျန်များ မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရေးကို ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်။ စောစောပိုင်းက (KMT) တရုတ်ဖြူများ ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာ လောကတွင် သတိ မမူမိကြဟန် တူပါသည်။ ထိုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်မှ ကမ္ဘာက စိတ်ဝင်စားကာ သိရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်အတွင်းမှာပင် (KMT) တရုတ်ဖြူများ ကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာ့သတင်း မီဒီယာ လောကတွင် သတိပြုကာ သတင်းစာ များတွင် ရေးလာကြသည်။ ထိုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင်မှ ကမ္ဘာက စိတ်ဝင်စားကာ သိရှိလာခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ထိုနှစ် အတွင်းမှာပင် (KMT) တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်တန်း ဒေသ များပေါ်တွင် နေရာအနှံ့ ဖြန့်ကြက် တပ်စွဲထားရာမှ တဖြည်းဖြည်း ရုပ်သိမ်းခဲ့သဖြင့် ရွှေတြိဂံ နယ်မြေ တောင်တန်းများ ပေါ်က စစ်ရေး လှုပ်ရှားမှုများလည်း နိဂုံးချုပ် ခဲ့ရသည်။




    ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်နေရာယူထားသည့် တရုတ်ဖြူတပ်များအား မြန်မာ့အချုပ်အခြာပိုင်မြေပေါ်မှ ဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် အထက်ဖော်ပြပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ကိုပဓါနမထားပဲ စွန့်လွှတ်စွန့်စားခဲ့ကြသည့် တိုက်လေယာဉ်အုပ်ခေါင်းဆောင်
    ဗိုလ်မောင်သိန်း( ပြန်တမ်းဝင်အမှတ် လေ/၁၂၀၁)၊ ဗိုလ်ချစ်ခိုင်( ပြန်တမ်းဝင်အမှတ် လေ/၁၂၁၆) နှင့် ဒုတိယဗိုလ် ပီတာ (လေ/၁၂၉၂) (ကျဆုံး) တို့အား
    နိုင်ငံတော်မှ“သူရဘွဲ့”ကို ချီးမြှင့်လျက် ထိုက်တန်စွာ ဂုဏ်ပြုခဲ့လေသည်။

    နိုင်ငံ၊လူမျိုး၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ရင်း အသက်စွန့်လွှတ်သွားခဲ့ရရှာသည့် အသက်(၂၆)နှစ်အရွယ်၊ ဒုတိယဗိုလ် ပီတာ၏ ဂုဏ်သတင်းကား မြန်မာပြည်တွင်း၌သာလျှင် မကပဲ ကမ္ဘာကပင်လျှင် ချီးကျူးဂုဏ်တင်ခဲ့ခြင်းကို ထိုခေတ်၊ ထိုကာလက ထုတ်ဝေခဲ့သော “The Times”
    စာစောင်တွင် အောက်ပါအတိုင်းတွေ့မြင်ရပေသည်။


    "Farewell to A HERO Pilot Noel Peters, 26-year old son of Mr. and Mrs. Peters, who died in action in an air engagement with a KMT supply plane on Feb 15, 1961. Leaving the university in 1953, Pilot Peters was admitted into the Burma Air Force (BAF) as a Hatton apprentice, and proceeded to England of that year for training with the Royal Air Force (RAF). He passed all subjects with flying colours and was awarded the Robinson gold medal for having stood first in the written examinations. He won his wings in the BAF in July 1959 and posted to the BAF no.501 Wing at Hmawbi. He was promoted pilot on Jan 25, 1960. Pilot Peters will be buried tomorrow (Tuesday) at the Dahnyingon Military Cemetery, following services at the Mingalardon Roman Catholic Church. Credited to uncle Richard Aung Myint, DSA 1st batch, BAF-1271 15th Feb 1961 The Hawker Sea Fury (Burma AF-UB 466), piloted by Noel Peters, was intercepting a CNAF P4Y-2 privateer which was dropping supplies to KMT forces in Northern, Burma. Peters shot down the P4Y-2 but was hit by return fire and crashed, losing his life." “The Times” Press Report



    ယနေ့ မျက်မှောက်ခေတ်ကာလတွင်လည်း တပ်မတော်စစ်သမိုင်းပြတိုက်အတွင်းရှိ တပ်မတော်(လေ)ပြခန်းအတွင်းဝယ် အနာဂတ်မြန်မာနိုင်ငံသားများအတွက် အသက်ပေးလှူသွားခဲ့လေသော လေသူရဲအရာရှိငယ် ဒုတိယဗိုလ်ပီတာအား အမှတ်ရစိမ့်သောငှာ အတိတ်ကာလဆီမှ လေကြောင်းစီးချင်းထိုးပွဲ ပုံစံတူရုပ်ပုံများ ပြုလုပ်ခင်းကျင်းပြသထားရှိပေသည်။ အချိန်နှင့်အမျှ သမိုင်းမှတ်တိုင်များ ကုန်ဆုံးကျော်လွန်ခဲ့သော်လည်း ဒညင်းကုန်းမြို့နယ်အတွင်းရှိ တပ်မတော်စစ်သချီင်္ုင်းတနေရာတွင်
    အေးချမ်းစွာ အိပ်စက်အနားယူနေသော လေသူရဲဗိုလ်ပီတာ၏ သမိုင်းမှတ်တမ်းသည်ကား ဤနိုင်ငံ၊ဤပြည်ထောင်စု၊ ကမ္ဘာပေါ်မှ မပျောက်ကွယ်သေးသရွေ့ ထာဝရ တည်တံ့နေမည်သာ ဖြစ်ပေတော့သည်။




    တိုင်းပြည်၊နိုင်ငံ၊ လူမျိုး၊ အချုပ်အခြာအာဏာ၊ အမျိုး၊ဘာသာ၊ သာသနာအတွက် ခေတ်အဆက်ဆက်တွင် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ရင်း ကျဆုံးကွယ်လွန်သွားကြ
    သော စစ်သည်ရဲမက်များအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိနိုင်ကြပါစေ။

    ကိုးကားသော စာအုပ်စာတမ်းများ
    ၁။ တပ်မတော်(လေ)သမိုင်း
    ၂။ ကိုကိုအေး - နမ့်တိန်းချောင်းမှသည် . . . . . မဲခေါင်သို့ . . . . .
    ၃။ တပ်မတော်မော်ကွန်းတိုက်မှတ်တမ်းများ
    ၄။ (၁၉၆၁)ခုနှစ်၊ဖေဖော်ဝါရီလထုတ် “The Times” စာစောင်


    Credit to ကိုKhant Linn Htet from facebook
    Last edited by KoYinAyeKyaw; 06-07-2014 at 02:29 PM.
    Reply With Quote   

  8. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 9 OD;rS aus;Zl;wif&SdMuygonf


  9. #485
    VIMC & Best member of the year Godly Cupid   koluchaw is on a distinguished road
    Join Date
    Feb 2008
    Posts
    3,854
    Thanks
    59,045
    Thanked 106,830 Times in 3,972 Posts

    Default

    Quote Originally Posted by KoYinAyeKyaw View Post

    jznfhpGufcsuf/

    Burma Gallentary Medal (BGM)
    (London Gazette 11 May, 1944),No. 7920 Havildar Hrang Thio, The Burma Rifles


    1948 ckESpf Zefe0g&Dv 4 &ufaeU wGif 'k-AdkvfcefUtyf

    Munf; 5063'kwd,AdkvfrSK;MuD; [&efoD,dk (Hrang Thio) (usqkH;? 8-8-49) wyf&if;rSK;? trSwf (1) csif;aoewfudkifwyf&if;

    pnfol bGJU
    1950 ckESpf


    udk;um;aom taxmuftxm;rsm;
    1/(ppfESvkH;*sme,f twGJ 2? trSwf 6 - 1949 ckESpf pufwifbmv)

    2/wuϊodkvfwifpdef - atmifqef;ol&d,AdkvfwdkufcsGef;

    Credit to Khant Linn Htet from facebook
    txufrS jznfhpGufcsuf udk b,fu &ygovJcifAsm/
    usL;ypfrSm uRefawmf 2010 ckESpfavmufuwnf;u
    pnfol bGJU udkwifxm;zl;ygw,f/ 1989 ckESpfu &efukefwuϊodkvf odyάHokawoeXmerSm wm0efxrf;aqmifaewkef; wuϊodkvfrsm;A[dkpmMunfhwdkufrSm pmMunfhwdkufrSL;awGeJUodvdkU jyefwrf;awGrS ul;,lcJhygw,f/ jrefrmqdkufbm rSmvnf; uRefawmf wifxm;ay;cJhw,f/

    London Gazette udkvJ uRefawmf tcsdeftukefcH&SmazGjyD; Burma Gallentary Medal (BGM) tygt0if jAdwdoQtpdk;&rS ay;tyfwJh bGJU? wHqdyfawG tawmfrsm;rsm;udk pm&if;vkyfxm;cJhwmudkvJ usL;ypf wpfa,mufudk ay;zl;w,f/

    London Gazette rS pm&if;rsm;/ vGwfvyfa&;&jyD;uwnf;u ay;tyfcJhwJh *kPfxl;aqmif bGJU? wHqdyf wdkU&JU pm&if;tjynfhtpkHudk pkaqmif;xm;wm ..... a[m'D usL;ypfu (udkvlacsm) wpfa,mufyJ &Sdygw,f/ usL;ypfrSm (udkvlacsm) qdkwm emrnfwvkH; eJUaecJhwmyg/

    cifAsm; txufu jznfhpGufcsufawGudk b,fu&ovJ
    Reply With Quote   

  10. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 7 OD;rS aus;Zl;wif&SdMuygonf


  11. #486
    VIMC & Best member of the year Godly Cupid   koluchaw is on a distinguished road
    Join Date
    Feb 2008
    Posts
    3,854
    Thanks
    59,045
    Thanked 106,830 Times in 3,972 Posts

    Default

    Quote Originally Posted by KoYinAyeKyaw View Post
    NrefrmppfwyfrSm xl;xl;qef;qef;..... t&m&Sdwa,mufwnf;rSmwif Nyefwrf;0iftrSwf(bDpDeHygwf) ESpfck? ouf&Sdxif&Sm; r,m;ESpfa,muf ,lcJhwJh vlxl;vlqef;wa,mufuawmh Nrefrmhppfordkif;wavSsmufrSm atmifqef;ol&d,bGJhudk touf&Sdxif&Sm; ,lcJhol atmifqef;ol&d, AdkvfMuD;wdkufcsGef;ygwJh cifAsm...../
    AdkvfMuD;wdkufcsGef;\ Nyefwrf;0iftrSwfrsm;uawmh bDpD-5747 eJh bDpD 7288 wdkhNzpfMuNyD; vufxyfxm;wJh ZeD;onfrsm;uvnf; rcsif;eJh r&Srf;wdkh NzpfygowJh/
    'Dhxufydkxl;qef;wmuawmh AdkvfwdkufcsGef;&Jhtrnfemruvnf; wdkufaumif; eJh wdkufcsGef; &,fvdkh ESpfrnfwGifaMumif;yg..../

    r,Hkbl;qdk&ifawmh wuϊodkvfpdefwifa&;wJh atmifqef;ol&d,AdkvfwdkufcsGef; pmtkyfudk &SmzwfMunfhEdkifygw,f/
    AdkvfMuD;wdkufcRef; wpfa,mufxJ bDpDeHygwf (2) ck&Sdwmr[kwfyg/

    1948 ckESpf pufwifbmv 20 &ufaeUrSm tjcm;tqifh (14) a,mufudk txl;oufwrf;wdk jyefwrf;0ift&m&Sd (Special Short Service Commission) 'k-AdkvftjzpfcefUtyfcJhygw,f/ (Munf;-5381 rS Munf;-5384 txd) aemufxyfvJ trsm;MuD; aumfr&Sifay;jyD; 'k-Adkvf tjzpfcefUtyfygao;w,f/ (Munf; - 5385 rS Munf; - 5460 txd)

    wdkif;jynftajctae at;aq;oGm;awmh
    (SSS Commission) rsm;udk Regular Commission jyefay;ygw,f/ 1957 ckESpf azaz:0g&Dv 1 &ufaeUwGif 'k-Adkvf tjzpf jyefvnf cefUxm;cJhygw,f/ (Munf; - 7285 rS Munf; - 7342 txd)
    Reply With Quote   

  12. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 8 OD;rS aus;Zl;wif&SdMuygonf


  13. #487
    Noble Contributor Godly Cupid Chasing My Dreams !   Yamarmoto is on a distinguished road Yamarmoto's Avatar
    Join Date
    Jun 2006
    Location
    Away from you
    Posts
    2,405
    Thanks
    29,900
    Thanked 37,003 Times in 2,387 Posts

    Default

    Quote Originally Posted by koluchaw View Post
    txufrS jznfhpGufcsuf udk b,fu &ygovJcifAsm/
    ....................


    cifAsm; txufu jznfhpGufcsufawGudk b,fu&ovJ

    OD;vlacsm . . . 'Du &w,fxifygw,f/
    ..............................

    tv,ftvwfvrf;uav; tpGef;rsm;vGwfatmif oGm;Mupkd.aemf
    Reply With Quote   

  14. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 4 OD;rS aus;Zl;wif&SdMuygonf


  15. #488
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default ဖြည့်စွက်ချက်အကြောင်း

    Quote Originally Posted by koluchaw View Post
    txufrS jznfhpGufcsuf udk b,fu &ygovJcifAsm/
    usL;ypfrSm uRefawmf 2010 ckESpfavmufuwnf;u
    pnfol bGJU udkwifxm;zl;ygw,f/ 1989 ckESpfu &efukefwuϊodkvf odyάHokawoeXmerSm wm0efxrf;aqmifaewkef; wuϊodkvfrsm;A[dkpmMunfhwdkufrSm pmMunfhwdkufrSL;awGeJUodvdkU jyefwrf;awGrS ul;,lcJhygw,f/ jrefrmqdkufbm rSmvnf; uRefawmf wifxm;ay;cJhw,f/

    London Gazette udkvJ uRefawmf tcsdeftukefcH&SmazGjyD; Burma Gallentary Medal (BGM) tygt0if jAdwdoQtpdk;&rS ay;tyfwJh bGJU? wHqdyfawG tawmfrsm;rsm;udk pm&if;vkyfxm;cJhwmudkvJ usL;ypf wpfa,mufudk ay;zl;w,f/

    London Gazette rS pm&if;rsm;/ vGwfvyfa&;&jyD;uwnf;u ay;tyfcJhwJh *kPfxl;aqmif bGJU? wHqdyf wdkU&JU pm&if;tjynfhtpkHudk pkaqmif;xm;wm ..... a[m'D usL;ypfu (udkvlacsm) wpfa,mufyJ &Sdygw,f/ usL;ypfrSm (udkvlacsm) qdkwm emrnfwvkH; eJUaecJhwmyg/

    cifAsm; txufu jznfhpGufcsufawGudk b,fu&ovJ
    ကျွန်တော်လည်း facebook မှာဖတ်ရတဲ့ ပို့စ်ကို ကော်ပီကူးပြီး တင်လိုက်တာမို့ ဖြေရှင်းချက် ပေးဖို့ မတတ်နိုင်ကြောင်းပါ ကိုလူချောခင်ဗျာ။ အပေါ်မှာ ကို ယာမာမိုတို ညွှန်းထားတဲ့ လင့်ကနေ ကော်ပီကူးပြီး ဒီမှာတင်ပေးလိုက်တာပါပဲ။ သူ့အကောင့်ကိုပဲ ခရက်ဒစ်ပေးပြီး တင်ပေးလိုက်တာမို့ မူရင်းပို့စ်ပိုင်ရှင်ကို မေးကြည့်ရင်တော့ သူ ဒီအထောက်အထားအကိုးအကားတွေ ဘယ်ကရလာတယ်ဆိုတာ သိရမှာပါ။
    တပ်မတော်ဆိုင်ရာ သမိုင်းအထောက်အထားတွေ တစုတစည်းတည်းရှိနေတဲ့ဒီနေရာလေးမှာ တတပ်တအားပါဝင်အားဖြည့်ချင်တဲ့ ကျွန်တော့်စေတနာက ကိုလူချောအတွက် ဝေဒနာဖြစ်သွားတယ်ဆိုရင်တော့
    ကျွန်တော်တင်ထားတဲ့ အဲ့ဒီပို့စ်ကို ပြန်ဖျက်ပေးရမယ်ဆိုလည်း ပြန်ဖျက်ပေးရန် အသင့်ရှိကြောင်းပါ ခင်ဗျာ။

    အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းပို့စ်မှာ ဖြည့်စွက်ရေးသားပေးတဲ့ ကိုလူချောကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။
    Reply With Quote   

  16. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 5 OD;rS aus;Zl;wif&SdMuygonf


  17. #489
      KoYinAyeKyaw is on a distinguished road
    Join Date
    Apr 2014
    Posts
    15
    Thanks
    3
    Thanked 133 Times in 15 Posts

    Default

    မဲသဝေါတိုက်ပွဲ ( အပိုင်း-၁ )


    (၁၉၈၈) ခုနှစ်ကာသည် မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းလုံခြုံမှုအားကောင်းပြီးဖြစ်နေခဲ့သော် လည်း မိမိတို့တာဝန်ကျရာ ကရင်ပြည်နယ်တွင်တော
့ သေနတ်သံ၊ အမြှောက်/စိန်ပြောင်း၊ ဗုံးသံတို့က ဟိုတစ၊ သည်တစဖြင့် ကြားနေရဆဲပင်...........။


    မိမိတို့တပ်ရင်းတရင်းလုံး စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမည့် ဤနေရာ၊ ဤဒေသတဝိုက်တွင်တော့ ပွိုင့်(၁၇၇၈) တောင်ကုန်းသည် ပထဝီအနေအထားအရ အမြင့်ဆုံးဖြစ်လေသည်။
    စစ်နည်းဗျူဟာအရ အရေးပါအရာရောက်သော ထိုတောင်ကုန်း၏ ထိပ်တွင် နေရာယူစိုးမိုးထားသည်က ဤဒေသမှ တိုက်ဖော်တိုက်ဖက် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြပြီး တောင်ထိပ်
    သို့ချီတက်ရာ လမ်းခုလတ်တွင်တော့ မိမိတို့ တပ်မတော်တပ်ရင်းမှာ တောင်ထိပ်မှ စိတ်ရှိတိုင်း ပစ်ခတ်နှုတ်ဆက်နေသည့် ရန်သူ့ လက်နက်ငယ်နှင့် လက်ပစ်ဗုံးဒဏ်ကို အလူးအလဲ ရင်ဆိုင်နေကြရသည်။
    တောင်ပေါ်စစ်ဆင်ရေးအသွင်သဏ္ဍာန်ဖြစ်နေသဖြင့် မိမိတို့အတွက် တပ်ဖြန့်ရန်ခက်ခဲသလို မြင်ကွင်းလည်း ကျဉ်းမြောင်းလို့နေပြန်သည်။ တောင်ထိပ်တွင် နေရာယူစိုးမိုးထားသည့် ရန်သူ့အတွက်တော့
    တောင်ခါးပန်း လမ်းခုလတ်မှ တပ်မတော်စစ်ကြောင်းကို စိမ်ပြေနပြေ အမှည့်ချွေပစ်ခတ်နိုင်သည့် အနေအထား။ အစုအဝေးလိုက်ရှိမည်ဟု ယူဆရသည့်နေရာများသို့ တောင်ထိပ်ပေါ်မှ လက်ပစ်ဗုံးဖြင့် လှမ်းပစ်ကြသည်။
    စစ်သည်များ တနေရာမှ တနေရာသို့ နေရာယူ ရွှေ့ပြောင်းမှု အရိပ်အယောင်ကို မြင်သည်နှင့် လက်ပစ်ဗုံးများက ရုတ်ခြည်း ကျရောက်လို့လာတတ်ပေသည်။ ထို့ကြောင့်လည်း လှုပ်ရှားစစ်ကစားမှုပြုလုပ်ရန်ထက်
    အသက်ခန္ဓာ အိုးစားမကွဲရန်အတွက် ဦးစားပေးကာကွယ်နေရသည်။ လှုပ်ရှားမှု အနည်းငယ်ပြုလုပ်သည်နှင့် မရှေးမနှောင်းမှာပင် လက်ပစ်ဗုံးများ ကျရောက်လာတတ်ပြီး မိမိတို့ဘက်မှ အနည်းနှင့်အများဆိုသလို
    ထိခိုက်ဒဏ်ရာ ရသွားတတ်သည်။


    တောင်ခြေမှတပ်မတော်စစ်ကြောင်း၏ လှုပ်ရှားမှုကိုမတွေ့ရလျှင် တောင်ထိပ်မှ ကျေးဇူးရှင်များက တနည်းတဖုံ ဒုက္ခပေးတတ်ကြပြန်ပါသေးသည်။ မိမိတို့စစ်ကြောင်း၊ စစ်သည်များ နေရာယူထားသည်ဟု
    ထင်မြင်ယူဆသည့်နေရာများသို့ ကျည်ခွံများ၊ ခဲလုံးများကို တောင်ထိပ်မှနေ၍ လှမ်းပစ်တတ်ကြသည်။ ပစ်နေကျ လက်ပစ်ဗုံးသံဟု ထင်မှတ်ကာ ရွှေ့ပြောင်းနေရာယူလိုက်မိသည့် စစ်သည်များ၏ လှုပ်ရှားမှုကို
    မြင်တွေ့လိုက်သည်နှင့်တပြိုင်တည်းမှာပင် ထိုနေရာသစ်ဆီသို့ လက်ပစ်ဗုံးများတဖွဲဖွဲ ကျရောက်လို့ လာပေတော့၏.....။ တခါတရံတွင်တော့ သူတို့၏ နှုတ်ဆက်ပုံ၊ နှုတ်ဆက်နည်းက ပို၍ ပြင်းထန်လှသည်။
    (၆၀)မမ ဗုံးသီး၏ ထိပ်မှ ကျည်ရိုက်တံပါသော အစိတ်အပိုင်းကို ဖြုတ်ကာ ယမ်းအပြည့်ပါသည့် ဗုံးကိုယ်ထည်တွင် စနက်ကြိုးကိုထည့်လျက် မီးရှို့ပြီး တောင်အောက်သို့ ပစ်ချသည့် အခါများလည်း ရှိပေသေးသည်။
    ထို(၆၀)မမ ဗုံးသီး၏ ပေါက်ကွဲမှုအရှိန်မှာ လက်ပစ်ဗုံးထက် အဆများစွာ ပြင်းထန်လွန်းလှသည်။ တောင်ထိပ်မှ ရန်သူ၏ ပစ်ခတ်မှုက သည်မှာတင်ရပ်တန့်သည်တော့ မဟုတ်။ လက်ပေါ်လျှင် လက်၊ ခြေထောက်တွေ့လျှင်
    ခြေထောက် ရရာ၊ မြင်ရာကို လှမ်းပစ်တတ်သည့် လက်ဖြောင့်ခေါ် စနိုက်ပါ (Sniper) တပ်သားများ၏ အန္တရာယ်ကလည်း မသေးလှ။


    ကျည်ကွယ်၊ မျက်ကွယ်နည်းပါးလွန်းပြီး ချွန်တက်တက်၊ အဖုအထစ်များ နေရာတကာ ကြီးစိုးထားသည့် ဤ ပွိုင့်(၁၇၇၈) ကျောက်တောင်ကုန်းတွင် ညီညာပြန့်ပြူးသော မြေပြင်ဟူသည် ဆယ်ပေပတ်လည်မျှပင် မရှိ။
    ရနိုင်သမျှသော ကျည်ကွယ်ရာ နေရာများတွင် ကျားကုတ်ကျားခဲနေရာယူထားကြရင်းမှပင် တောင်ထိပ်ဆီမှ ရန်သူ့ပစ်ခတ်တိုက်ခိုက်မှုများအောက်တွင် သေနတ်သံတချက်လျှင် တယောက်ခန့်မျှ၊ ဗုံးသံဝုန်းခနဲ တကြိမ်ကြား
    လိုက်ရလျှင် သုံးလေးယောက်ခန့်မျှ ထိခိုက်ရှနာမှုများ ပေါ်ပေါက်လာရသည်။ တပ်မတော်စစ်သင်တန်းကျောင်းများမှ သင်ကြားပို့ချလိုက်သော စစ်မြေပြင်လှုပ်ရှားသွားလာမှု နည်းစနစ်များက ဤသို့သော ပထဝီဝင်အနေအထား
    ဝယ် အနည်းငယ်မျှသာ အထောက်အကူပြုနိုင်သည်။


    နေ့လည်ခင်းအချိန်ကတည်းက ဤနေရာတွင် နေရာယူခဲ့ကြသည်မှာ ညနေစောင်းချိန်အရောက်တွင်တော့ မိမိတို့စစ်ကြောင်းတွင် စစ်သည်သုံးဦး ကျဆုံးခဲ့ရလေပြီ။ (ထိုသုံးဦးတွင် ရခိုင်လူမျိုးစစ်သည်တဦး သူရဘွဲ့ရရှိခဲ့သည်ကို
    အမှတ်ထင်ထင် ရှိနေပါသေးသည်။) ဒဏ်ရာ ရသည့် စစ်သည်က အယောက်လေးဆယ်ကျော်နေပြီ။ ကျသွားသူတွေကိုလည်း မြေမြှုပ်သင်္ဂြိုဟ်ရန်လည်း မဖြစ်နိုင်သေး။ အကြောင်းမှာ မြေမြှုပ်ရန်ကျင်းတူးသည့်အသံ ပေါ်ထွက်လာသည်နှင့်
    တောင်ထိပ်ပေါ်မှ တိုက်ရိုက်ပစ်လက်နက်များဖြစ်သည့် အာပီဂျီ(၂)၊ အာပီဂျီ(၇)/ ၃ဒဿမ၅ ဒုံးကျည်များနှင့် အခြားသော ပုခုံးထမ်းလောင်ချာများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုက မိုးသီးမိုးပေါက်များပမာ ကျရောက်လို့လာတတ်သည်။



    ပွိုင့်(၁၇၇၈) စခန်း၏ အနောက်ဖက်တဆက်တည်းတွင်တော့ တောင်ညီနောင်ဟု အမည်ရသည့် စခန်းတည်ရှိသည်။ တပ်မတော်စစ်သုံးမြေပုံထက်တွင် တောင်ညီနောင်ဟု အမည်သတ်မှတ်ထားသော်လည်း လက်တွေ့မြေပြင်တွင်
    အရွယ်အစားနှင့် အမြင့်ပေမတိမ်းမယိမ်းတူညီသည့် တောင်ချွန်နှစ်ခု ဆက်တိုက်ဖြဟ်ပေါ်နေကာ အမျိုးသမီးတဦး၏ သားမြတ်နှင့်တူလေသဖြင့် စစ်သည်များက နို့နှစ်လုံးကုန်းဟု ကင်ပွန်းတပ်ကြလေသည်။ အနှီ တောင်ညီနောင် တဖြစ်လည်း
    နို့နှစ်လုံးကုန်းနှင့် တဆက်တစပ်တည်းမှာပင် တောင်ချွန်နှစ်ခု ဆက်တိုက်တည်ရှိနေပြန်သဖြင့် ထိုကုန်းများကိုတော့ စစ်သည်များက အမျိုးသမီးများဝတ်သော အပေါ်အတွင်းခံ -Brassire နှင့် အလားသဏ္ဍာန်တူလေသဖြင့် ဘရာစီယာကုန်း
    ဟု အမည်မှည့်ကြပြန်တော့သည်။ အနှီ ဘရာစီယာကုန်းမှ အရှေ့အရပ်သို့ တောင်ကြောအတိုင်း ဆက်လက်ခရီးနှင်ပါလျှင် မဲသဝေါဒေသတခွင်တွင် လူသိများထင်ရှားလှသော အံ့ကျော်ကုန်းစခန်းသို့ ရောက်မည် အမှန်ပေတည်း။

    ထိုအံ့ကျော်ကုန်းစခန်းတည်ရာအရပ်သည် သောင်ရင်းမြစ်နှင့် ကပ်လျက်ရှိသဖြင့် ရိက္ခာ၊ ခဲယမ်း နှင့် အခြားသော အုပ်ချုပ်ထောက်ပံ့မှုများကို စက်လှေများအသုံးပြုကာ ပြုလုပ်နိုင်လေသည်။ ထိုအံ့ကျော်ကုန်းကို ဒေသခံတိုင်းရင်းသားတို့၏
    အခေါ်အဝေါ်အရ (ဘူးသောကျိုး) ဟု ခေါ်ကြသည်…( မတော်တဆ အမှတ်မှား၍ အခေါ်အဝေါ်လွဲခဲ့သော် ခွင့်လွှတ်ပေးနိုင်ပါရန် ကြိုတင် တောင်းပန်ပါသည်..။) ရန်သူ့ထံမှ ထိုတောင်ကုန်းကို သိမ်းပိုက်ခဲ့ချိန်တွင် ဦးဆောင်ခဲ့သော ဗိုလ်မှူး
    အံ့ကျော်၏ အမည်နာမကို အစွဲပြုကာ တပ်မတော်သားများက အံ့ကျော်ကုန်းဟု မြန်မာဘာသာဖြင့် အမည်သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။ အမှန်တကယ်တော့ ပွိုင့် (၁၇၇၈) စခန်းကုန်းနှင့် အံ့ကျော်ကုန်းတို့မှာ တဆက်တစပ်တည်း တည်ရှိနေကြပြီး

    ဆက်သွယ်ရေးမြောင်းများဖြင့် ချိတ်ဆက်ထားသည့် ထိုစခန်းကုန်းများမှာ မူလက တပ်မတော်တပ်ရင်းတပ်ဖွဲ့များ တပ်စွဲနေရာယူထားခဲ့ပြီး (၁၉၈၈)ခုနှစ် ၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရန်သူ့အင်အား(၂၀၀၀)ကျော်၏ ပြင်းထန်သော
    ထိုးစစ်ကြောင့် အင်အားချင်းမမျှတသဖြင့် စွန့်ခွာခဲ့ရခြင်း ဖြစ်ပေတော့သည်။



    ================================================== =======

    အပိုင်း (၂) ဆက်ရန်။

    အချက်အလက်များအားလုံးကို facebook နှင့် google မှ ရယူသည်။
    Reply With Quote   

  18. toHk;0ifvSaom ώpmydk'ftwGuf azmfjyyg rdwfaqG 5 OD;rS aus;Zl;wif&SdMuygonf


+ pmjyefNyD; qufa&;zdkU

Tags for this Thread

Posting Permissions

  • You may not post new threads
  • You may not post replies
  • You may not post attachments
  • You may not edit your posts